《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၄၈] ထျန်းဝမ်ချန့်ဖုန်|ထ်န္းဝမ္ခ်န့္ဖုန္
Advertisement
!unicode!
ကျင်းဖေးထုန်မျက်လွှာအသာချကာ သူ့မျက်ဝန်းကိုဖုံးကာလိုက်ပြီး သေရည်ဝိုင်ကရားကိုထပ်မကာ သူ့ကိုယ်သူအတွက်တစ်ခွက်ထည့်၍ ဖြည်းဖြည်းချင်းသောက်လိုက်သည်။
အေးမြသောသေရည်ကသူ့လည်ချောင်စထဲစီးဝင်သွားကာ အဆုတ်ထဲနစ်မြုပ်သွားပြီး ဒေါသကိုငြိမ်းသတ်လိုက်သည်။
ကျင်းဖေးထုန်စိတ်ငြိမ်ငြိမ်ထားကာပြောလိုက်သည်။
"အဲ့ဒါကိုထားလိုက်တော့။ မင်းရဲ့ချီဇုန်ကကျင့်စဥ်နည်းလမ်းမှာသိပ်ကိုအရေးကြီးတဲ့နေရာမှာပါဝင်နေတယ်၊ ပြီးတော့မင်းရဲ့ဓားချီထိန်းချုပ်မှုနဲ့တိုက်ကွက်တွေကလည်းထိပ်ဆုံးရောက်နေပြီးသား။ ရှင်းဇုန်ကမင်းရဲ့နှလုံးသားကိုအရေးပေးတာ။ ပြောရမယ်ဆိုရင် တစ်နေ့ကျမင်းရဲ့စိတ်ခံစားချက်တွေကိုရင်ဆိုင်နိုင်လို့ရှိရင် ဓားရေးကျင့်စဥ်တစ်ခုလုံးကလိုက်ဖက်ညီသွားလိမ့်မယ်။"
ရှုလင်ကျားပြောမိသည်။
"ခင်ဗျားဘာတွေစဥ်းစားနေတာလဲ။ တစ်ခါတလေကျရင် ခင်ဗျားဘာပြောနေလဲခင်ဗျားနားမလည်လောက်ဘူး။ တကယ်လို့ခင်ဗျားသာအရာရာတိုင်းကိုတကယ်ရင်ဆိုင်နိုင်လို့ရှိရင် ခင်ဗျားထိန်းချုပ်နိုင်အုံးမှာတဲ့လား။"
ကျင်းဖေးထုန်ကပြုံးသည်။
"အဲ့ဒါကပြောရခက်တယ်၊ အနည်းဆုံးတော့ကိုယ်မလုပ်နိုင်ဘူး။ ဒီတော့ဒါကသိပ်ကိုအလွန်အကျူးဖြစ်လွန်းတယ်။ အစထဲကလူတွေအပြစ်တင်တာခံနေရပြီးသားပဲလေ။"
ရှုလင်ကျားခေါင်းစောင်းကာ သူ့ကိုကြည့်မိသည်။ သူပြောလိုက်သည်။
"အရမ်းရိုးသားပွင့်လင်းတာပဲ၊ ခင်ဗျားအများကြီးသောက်နိုင်လားဆိုတာ ကျွန်တော်သိချင်မိတယ်။"
သူပြောလို့ပြီးသော် သူကကျင်းဖေးထုန်ရှေ့ရှိခွက်ကိုတွန်းကာပြောလိုက်သည်။
"လာပါ၊ သေရည်ငှဲ့လိုက်တော့!"
ကျင်းဖေးထုန်ကနာနာခံခံဖြင့် သေရည်ကရားအိုးကိုကောက်မလိုက်သည်။ သူ့အတွက်တစ်ခွက်ငှဲ့ပေးလိုက်ပြီး ကျန်တာကိုသူ့ခွက်ထဲသူငှဲ့လိုက်သည်။
သူလက်မြှောက်ကာ ရှုလင်ကျားနှင့်ခွက်ချင်းတိုက်လိုက်ပြီး သိမ်မွေ့သောကိုယ်နေဟန်ထားဖြင့်ပြောလာသည်။
"မနက်ဖြန် မင်းပြိုင်ပွဲပြီးသွားရင် ကိုယ်တို့ကောင်းကောင်းသောက်ကြမယ်။"
ရှုလင်ကျားပြုံးကာပြောလိုက်သည်။
"ဟုတ်ပါပြီ။ ကျွန်တော်ခဏလေညှင်းခံပြီးရင် ကျန်းရွေ့အတွက်အမုန်းတရားနဲ့အတူသွားအိပ်တော့မယ်။"
ကျင်းဖေးထုန်ဘာမှမဆိုဘဲပြုံးလိုက်သည်။
သူ့သေရည်ခွက်ကိုအောက်ချကာထွက်သွားရင်း သူ့ကျောပြင်ကိုရှုလင်ကျားကြည့်နေသည်။ သူသည်ပိန်သွယ်ကာအရပ်ရှည်ပြီး သူ၏လက်ကျယ်ဝတ်ရုံရှည်မှာလေထဲတွင်မသိမသာဝေ့ဝဲနေကာ ကြီးမားသောအနက်ရောင်ကန့်လန့်ကာကညအမှောင်ထဲတွင်ပျံ့နှံ့သွားသည်။ ကျင်းဖေးထုန်ကကောင်းကင်အောက်ရှိနှင်းမှုန်နှင့်ပန်းပွင့်များထဲတဖြည်းဖြည်းချင်းလျှောက်ဝင်သွားခဲ့သည်။
ဤမြင်ကွင်းကားအိပ်မက်ပမာ။
ရှုလင်ကျား၏စိတ်မှာတစ်အောင့်မျှ ပုံရိပ်တို့ပြည့်နေခဲ့သည်။ ထိုညတုန်းကတစ္ဆေခြောက်အိမ်ကြီးထဲတွင် ကြယ်ရောင်အောက်တွင် ခေါက်ယပ်တောင်တစ်ချောင်းကိုင်ကာရပ်နေသည့်ပုံရိပ်၊ လှေပေါ်တွင်ဝါးခမောက်ဆောင်းလျက် ပျင်းရိပျင်းတွဲပလွေမှုတ်နေသည့်ပုံရိပ်၊ လွန်ခဲ့သောအချိန်ကာလတွင် သူ့ထံအလျင်စလိုပြေးလာကာ လေနှင့်နှင်းတို့ဖုံးလွှမ်းနေခဲ့သည့်လူငယ်တစ်ဦး..
သူ့မျက်ဝန်းထဲတွင်ကြင်နာမှု၊ သူ့နှုတ်ခမ်းထက်ရှိအပြုံး။
၎င်းမှာကျင်းဖေးထုန်ဖြစ်ပေမဲ့ အလွန်မရင်းနှီးပုံပေါက်သည်။ အမျိုးမျိုးသောပုံရိပ်များကရောယှက်ကာထပ်လျက်ဖြစ်သွားပြီး အရင်ကလုံးဝမမြင်ဖူးခဲ့သည့်တချို့သောမရင်းနှီးသည့်မြင်ကွင်းများဖြစ်ပုံရပေမဲ့ ရှင်းရှင်းလင်းလင်းမြင်ရန်ခက်ခဲလှသည်။
ရှုလင်ကျားသည်သေရည်ခွက်အလွတ်ကိုခါကာပြောမိ၏။
"ငါအရက်မူးနေတာလား။"
သူသေရည်ခွက်ကိုလွှတ်ပစ်ကာ သူ့နှဖူးပေါ်ထောက်လျက် တစ်ခဏမျှနှုတ်ဆိတ်စွာထိုင်နေမိသည်။ ထို့နောက်သူကမြေခွေးဖြူလေးအဖြစ်ပြောင်းသွားကာ နဂိုကျောက်ခုံတန်းရှည်ထက်တွင်ပေါ်လာသည်။
မြေခွေးလေးမှာမူးဝေစွာဖြင့်နှစ်ကြိမ်မျှခေါင်းလှည့်လိုက်ပြီးနောက် ကျောက်ခုံတန်းရှည်ပေါ်ကခုန်ဆင်းကာ သူ့ဘေးရှိပန်းကိုသူ့မျက်နှာဖြင့်ပွတ်လိုက်သည်။ ပန်းပွင့်ပေါ်ရှိနှင်းစက်မှာ ရေခဲတမျှအေးစက်လျက်ရှိပြီး သူ့ကိုအမူးနည်းနည်းပြေသွားစေသည်။
ရှုလင်ကျားသည်ကိုယ်ပေါ်ရှိအမွှေးစိုများကိုခါကာ ကျင်းဖေးထုန်ကိုသွားပြေးရှာလိုက်၏။
အဆုံးတွင် မည်မျှပင်အနားယူပါစေ ဗီလိန်အကြီးစားအတွက်အသုံးမဝင်ပေ။
ရှုလင်ကျားကအမြန်ရောက်လာပြီး ကျင်းဖေးထုန်မှာသူ့အခန်းထဲကိုရောက်ရုံသာရှိသေးသည်။ သူသည်ခုတင်ခေါင်းရင်းကိုကျောမှီလျက်သားဖြင့် ဓားကျင့်စဥ်စာအုပ်များကိုလှန်လှောနေချိန်တွင် သူ့ဘေးရှိပြတင်းပေါက်မှာဆောင့်ခနဲပွင့်သွားကာ သူ့မျက်နှာကိုရိုက်မိလုမတတ်ဖြစ်သွားရသည်။
ကျင်းဖေးထုန်မျက်တောင်ပင်မခတ်ဘဲ စာအုပ်ကိုတည်ငြိမ်စွာမြှောက်ကာ သူ့မျက်နှာရှေ့ကာလိုက်ပြီး သူ့နောက်တစ်ဖက်ကိုကျွမ်းကျင်စွာဆန့်လိုက်ရာ မြေခွေးလေးကပြတင်းပေါက်ဘောင်မှသူ့လက်ဖဝါးထဲခုန်ဆင်းလာပြီး အမြှီးခါလိုက်သည်။
ရှုလင်ကျားကသူတို့တွေ့ပြီးနောက်မှာ ဤမျှမြန်မြန်ရောက်လာလိမ့်မည်ဟု ကျင်းဖေးထုန်မထင်ထားမိပေရာ သူအနည်းငယ်အံ့သြသွားမိပြီး ပြောလိုက်သည်။
"ယို့၊ မင်းဘာလို့ဒီရောက်လာပြန်တာတုန်း။"
ရှုလင်ကျားကကျင်းဖေးထုန်လက်ဖဝါးထဲတွင်ရပ်လျက် သူ့ကိုမော့ကြည့်လာသည်။
ဒီကနေ့၏သိမ်မွေ့သောခံစားချက်များဟာ ကျင်းဖေးထုန်တွင်အလွန်ရင်းနှီးသောခံစားချက်ရှိသည်ဟု သူ့အားခံစားသွားရစေသည်။ ရှုလင်ကျားအနီးကပ်ကြည့်ချင်ပေမဲ့ အခုလုပ်ဖို့မလွယ်ပေ။
သူဆောင့်ကြောင့်ထိုင်ကာ ကျင်းဖေးထုန်လက်ဖဝါးပေါ်တွင်တစ်အောင့်မျှတွေးကြည့်လိုက်ပြီး ဟိုဘက်လှည့်ကာအိပ်ရာပေါ်ခုန်ဆင်း၍ သူ့လက်ဖဝါးများကိုဆန့်ထုတ်ကာ ကျင်းဖေးထုန်ခေါင်းအုံးဘေးရှိခေါင်းအုံးသေးသေးလေးပေါ်ဖိချပြီး ထိုအပေါ်တွင်လှဲချကာ ကျင်းဖေးထုန်ကိုကျောပေးထားပြီး မလှုပ်မယှက်နေလိုက်သည်။
ကျင်းဖေးထုန်ကရှုလင်ကျား၏ကျောပြင်ကိုလက်နှင့်တို့လိုက်ရာ ရှုလင်ကျားခန္ဓာကိုယ်ကိုအနည်းငယ်မြှောက်လိုက်မိပေမဲ့ သူ့ကိုယ်သူအမြှီးဖြင့်ပတ်ကာမျက်စိမှိတ်လိုက်သည်။
သူကခန္ဓာကိုယ်ဘာသာစကားဖြင့်ပြောလိုက်ခြင်းပင်၊ ကျွန်တော်ဘာမှမလုပ်ချင်ဘူး၊ ဒီအတိုင်းလာအိပ်တာ၊ စိတ်မပူနဲ့။
တစ်စုံတစ်ယောက်၏အိပ်ရာခုတင်ပေါ်တွင်လှဲနေတာက သိပ်ကိုနိုင်ထက်စီးနင်းဆန်လွန်းလှသည်၊ ကမ္ဘာပေါ်တွင်ဤကဲ့သို့သောမြေခွေးတစ်ကောင်သာရှိသည်။
ကျင်းဖေးထုန်ကသူ့ကိုတစ်ခဏမျှစိုက်ကြည့်နေပြီးနောက် ရုတ်တရက်ပြုံးကာပြောလိုက်သည်။
"ကောင်းပြီလေ၊ အိပ်ရာဝင်ကြတာပေါ့၊ ကိုယ်လည်းပင်ပန်းနေတာ။"
သူသည်ရှုလင်ကျား၏အမွှေးကိုပွတ်သပ်ကာ သူ့လက်ထဲကစာအုပ်ကိုအောက်ချလိုက်ပြီး လက်ဖြောက်တစ်ချက်တီး၍ အိပ်ရာပေါ်ရှိမီးအိမ်ကိုမှိတ်လိုက်ပြီး အိပ်ရာအပြင်ဘက်ခြမ်းတွင်လှဲချ၍ မျက်စိမှိတ်ကာအိပ်လိုက်၏။
ကျင်းဖေးထုန်စာဖတ်တာရပ်သွားသည်ကိုမြင်လိုက်ရရာ ရှုလင်ကျားသူ့ဘက်လှည့်၍ အိပ်ရာပေါ်လှဲလျက်သားဖြင့် လရောင်ကိုသုံးကာ ကျင်းဖေးထုန်၏မျက်နှာကိုတိတ်တိတ်လေးကြည့်မိသည်။
တစ်အောင့်မျှသေချာကြည့်ပြီးသော် သူ့လက်ဖဝါးလေးကိုကျင်းဖေးထုန်၏မျက်ခုံးနှစ်ဖက်ကြားတွင်ဖိလိုက်သည်။
ကျင်းဖေးထုန်ကအမြဲတစေသူ့နောက်လိုက်နေခဲ့ပေမဲ့ ဒီတစ်ကြိမ်တွင်သူဟာခုခံခြင်းမရှိဘဲ မြေခွေးလေးအားသူ့နှာတံတစ်လျှောက်ပွတ်သပ်ခွင့်၊ သူ့အောက်နှုတ်ခမ်းကိုပွတ်သပ်ခွင့်၊ သူ့မေးရိုးကောက်ကြောင်းကိုကိုင်တွယ်ခွင့်ပေးထားလေသည်။
သူ၏ရုပ်ရည်သွင်ပြင်ကား အလွန်တရာချောမောခန့်ညားကာ သူရဲကောင်းဆန်ခြင်းနှင့်သိမ်မွေ့နူးညံ့တို့ပေါင်းစပ်ထားသည်။ ရှုလင်ကျားဒါကိုမြင်ရတာအသားကျနေပေမဲ့ သူ့ကိုစထိလိုက်ချိန်တွင် အမြင်ထက်ခံစားချက်ကပိုမိုကောင်းမွန်သည်။
သူအရင်ကအကြိမ်ပေါင်းများစွာထိခဲ့ဖူးသည့်အလား...သူဆက်ထိနေမိသည်။
မြေခွေးဖြစ်နေသည်ကိုအမှီပြုကာ သူဟာလုပ်ချင်းသည့်အတိုင်းလုပ်နေပြီး သူ့နှလုံးသားနောက်လိုက်၍ သူ့လက်ဖဝါးလေးမှာကျင်းဖေးထုန်၏သွယ်လျလျလည်တိုင်ကိုပွတ်သပ်ကာ သူ့လက်ဖဝါးမှာကျင်းဖေးထုန်၏လည်တိုင်တစ်လျှောက်ဆက်တိုက်လျှောဆင်းသွားကာ ကျင်းဖေးထုန်၏ဝတ်ရုံကိုဆွဲချလိုက်သည်။
ကျင်းဖေးထုန်: "...."
သူနောက်ဆုံးတွင်သည်းမခံနိုင်တော့ဘဲ ရှုလင်ကျား၏လက်ဖဝါးကိုဆုပ်ကိုင်ကာ သူ့ကိုလှည့်ကြည့်လိုက်သည်။
ရှုလင်ကျားကဖြူစင်စွာပြန်ကြည့်သည်။
သူကဒီအတိုင်းမြေခွေးလေးတစ်ကောင်ပါ၊ ကျင်းဖေးထုန်ကလူကြီးတစ်ယောက်ဖြစ်သည်မို့ သူ့ကိုဆွဲရင်တောင်ကိစ္စကြီးမဟုတ်ပေ။
ကျင်းဖေးထုန်၏ဝတ်ရုံကော်လာအောက်တွင်သဲလွန်စတစ်ခုခုရှိသည်ဟု သူအမြဲခံစားမိကာ သူအတည်ပြုရဖို့ခြေတစ်လှမ်းသာကွာတော့သည်။
ကျင်းဖေးထုန်ကရှုလင်ကျား၏လက်ဖဝါးကိုသူ့ဝတ်ရုံကော်လာမှဆွဲယူလိုက်ပြီး သူ့ပေါ်စောင်ခြုံပေးကာ ရှုလင်ကျားကိုကြည့်၍ပြောမိသည်။
"ပြဿနာမရှာနဲ့၊ မင်းဘာလုပ်နေတာလဲ။"
ရှုလင်ကျားကကျင်းဖေးထုန်၏ပုခုံးပေါ်တွင်ဆောင့်ကြောင့်ထိုင်ကာ စောင်အောက်တွင်သူ့အမြှီးကိုယမ်း၍ သူ့ကိုစိုက်ကြည့်ရုံသာစိုက်ကြည့်လိုက်သည်။
ကျင်းဖေးထုန်ကသူ့လက်ကိုလွှတ်ပေးလာချိန်တွင် သူချက်ချင်းပင်သူ့ကိုယ်ပေါ်ကစောင်ကိုပစ်ထုတ်ကာ သူ့လက်ဖဝါးများကိုမြှောက်၍ တစ်ဖက်လူ၏ဝတ်ရုံကော်လာပေါ်တင်လိုက်သည်။
သူ့ဝတ်ရုံကိုချွတ်ပစ်ဖို့မဖြစ်နိုင်ပေ၊ ဒါကိုဘဲကြည့်လေ! ကျင်းဖေးထုန်ငယ်ငယ်ကတည်းအဝတ်မချွတ်ဘဲနေဖူးသည်ဟု သူလုံးဝမယုံပါပေ။
ကျင်းဖေးထုန်ကရှုလင်ကျား၏လက်ဖဝါးများကိုဆွဲယူသည်။ သူလွှတ်ပေးလိုက်သည်နှင့် ရှုလင်ကျားကပြန်တင်သည်။ အကြိမ်အနည်းငယ်မျှဆွဲလိုက်တင်လိုက်လုပ်နေပြီးနောက်တွင် ကျင်းဖေးထုန်နောက်ဆုံးအော်ရယ်လိုက်မိသည်။
သူအနောက်လှန်ကာ အိပ်ရာပေါ်ပြန်လှဲချ၍ ပြောလိုက်သည်။
"အင်းပါ၊ မင်းလုပ်ချင်တာလုပ်တော့။"
ရှုလင်ကျားကျေနပ်သွားကာ ကျင်းဖေးထုန်၏ပုခုံးပေါ်ပုတ်၍ ကျင်းဖေးထုန်၏ဝတ်ရုံကော်လာကိုအောက်ဆွဲချကာ အထဲကိုတစ်ချက်ကြည့်လိုက်သည်။
ကျင်းဖေးထုန်၏ညှပ်ရိုးပေါ်တွင် ငှက်သဏ္ဍာန်အမှတ်အသားတစ်ခု တကယ်ရှိနေသည်ကိုသူမြင်လိုက်ရသည်။ အရောင်မှာသိပ်မမည်းနက်ပေ။
----သူ့ခံစားချက်မှန်သည်၊ လောကကြီးထဲမှာ ဤကဲ့သို့တိုက်ဆိုင်မှုမျိုးမရှိသင့်ပေ။
ရှုလင်ကျား၏နှလုံးသားအခုန်မြန်သွားရသည်။
ဟယ်ဇီကျိုးနောက်လိုက်ကာတောင်ထွတ်ပေါ်မတက်ခင်တုန်းက ဘာဖြစ်ခဲ့မှန်းသူတကယ်မမှတ်မိပေ။ သူ့တွင်သူ့မိဘနှစ်ပါး၏ဝိုးတိုးဝါးဝါးပုံရိပ်သာရှိပေမဲ့ ရှုလင်ကျားလုံးဝအမှုမထားခဲ့ပေ။ သူဟာအချိန်တစ်ခုစာအသွင်မပြောင်းခဲ့သောကြောင့် သူ့မှာကြည်လင်သောမှတ်ဉာဏ်မရှိတာကပုံမှန်ဟုထင်ခဲ့သည်။
သို့သော် ယခုတွင်ဒါဟာပုံမှန်ဖြစ်ပုံမပေါ်။
အရင်ကကြားခဲ့သည်ကို သူပြန်အမှတ်ရသွားသည်။ နန်ဇီတောင်ထွတ်ထိပ်ရှိလျို့ဝှက်ဂူထဲကရေတံခွန်အနောက်တွင် မှန်ပမာချောမွေ့သည့်ကျောက်တုံးရှိ၏။ လူတစ်ယောက်ကထိုရှေ့တွင်မတ်တပ်ရပ်လိုက်လျှင် သူ့တွင်ကြိုတင်နိမိတ်ဖတ်ထားသောဆက်ဆံရေးရှိလို့ရှိရင် သူ၏အတိတ်နှင့်ပစ္စုပ္ပန်ဘဝကိုမြင်နိုင်သည်။
သူသည်ကံကြမ္မာကဖန်တီးသည့်လူတစ်ယောက်ဟုတ်မဟုတ်မသိပေ၊ သို့သော် ထုတ်ဖော်ခံရမည့်အဖြေပေါင်းများစွာစောင့်နေသည်မို့ ဤခရီးမှာအတပ်သိရမည်ပင်။
ရှုလင်ကျားကကျင်းဖေးထုန်၏ဝတ်ရုံကော်လာကိုပြန်ဆွဲတင်ပေးကာ အကြိမ်အနည်းငယ်မျှလက်ဖဝါးဖြင့်ဖိပေးလိုက်ပြီး ၎င်းကိုပြားသွားစေသည်။ သူ့တွင်ဒီမှာဆက်လက်အိပ်ချင်ယောင်ဆောင်ရန်နှလုံးသားမရှိတော့ပေရာ သူ့အမြှီးကိုတစ်ချက်ခါ၍ ပြတင်းပေါက်မှခုန်ထွက်သွားလိုက်သည်။
ကျင်းဖေးထုန်ထထိုင်ကာ မြေခွေးလေး၏အရိပ်ကညအမှောင်ထဲပျောက်ကွယ်သွားသည်ကိုကြည့်နေရင်းဖြင့် သူ့ဝတ်ရုံကော်လာကိုအတွေးအပြည့်ဖြင့်ထိလိုက်မိသည်။
နောက်တစ်နေ့တွင် ဓားစမ်းသပ်ရေးညီလာခံ၏နောက်ဆုံးပွဲစဥ်ဖြစ်ကာ နေလုံးကားတောက်ပနေပြီး မိုးကောင်းကင်မှာကြည်လင်နေကာ လေထုမှာလည်းပုံမှန်မဟုတ်စွာတိတ်ဆိတ်လျက်ရှိသည်။
အရင်တုန်းက ဖွင့်ပွဲမတိုင်ခင်တွင် ယှဥ်ပြိုင်သူများကပြိုင်ပွဲစင်မြင့်ပေါ်တွင်ရပ်ကာ သူတို့၏ဆွေမျိုးနှင့်မိတ်ဆွေသူငယ်ချင်းများထံမှအားပေးစကားများအနည်းငယ်ရယူလေ့ရှိပေမဲ့ ဤနောက်ဆုံးပြိုင်ပွဲတွင် ပထမနာမည်ကကျန်းရွေ့နှင့်ရှုလင်ကျားကြားတွင်ထွက်ပေါ်လာတော့မည်ပင်။ အသံတစ်သံမျှမရှိသည်မို့ လေထုမှာအနည်းငယ်ကျောချမ်းဖွယ်ကောင်းသည်။
လင်ရှောင်းဂိုဏ်းသားများမှာ သူတို့၏ဂိုဏ်းအရ ကျန်းရွေ့ဘက်မှာရပ်တည်သင့်သော်လည်း သူတို့၏စိတ်ခံစားချက်အရဆိုလျှင် သူတို့ကရှုလင်ကျားကိုမရှုံးစေချင်ပေရာ တိတ်တိတ်လေးနှုတ်ဆိတ်နေမိကြသည်မို့ အခြားသူများမှာအော်ဟစ်အားပေးဖို့ရန်ပိုမိုခဲယဥ်းလျက်ရှိသည်။
ကျန်းရွေ့မှာသူနှင့်ဆန့်ကျင်ဘက်တွင်ရပ်နေသည့်ရှုလင်ကျားကိုကြည့်ကာ မနေနိုင်ဘဲသူ့လက်များကိုခါးပေါ်တင်မိသည်။
ဓားရိုးကိုဆုပ်ကိုင်ထားခြင်းကသာလျှင် သူ့ကိုစိတ်အနည်းငယ်ငြိမ်းချမ်းစေပြီး တစ်ချိန်တည်း၌ သူ့နှလုံးသားမှာအေးစက်သွားသည်။
ယင်းကားသူရှုလင်ကျားကိုဤကဲ့သို့တိုက်ရိုက်စိုက်ကြည့်ရဲသည့်ပထမဆုံးအကြိမ်ဖြစ်သယောင်။
တကယ်တော့ ကျန်းရွေ့သူ့ကိုအမြဲတမ်းကြောက်နေခဲ့ရသည်၊ ရှုလင်ကျားပိုင်သည့်အရာများကိုသူယူခဲ့သည်မို့ အပြစ်ရှိစိတ်ခံစားခြင်းကြောင့်မဟုတ်ဘဲ သူနှင့်ရှုလင်ကျားအတူရပ်လိုက်တိုင်းမှာ သူ့နဂိုပုံစံကိုပြန်လည်ရိုက်ချခံရသည့်ခံစားချက်ရနေသောကြောင့်ဖြစ်သည်။
သူဟာလည်းနာကျင်မှုကိုခံစားခဲ့ရဖူးသည်၊ ရုန်းကန်လှုပ်ရှားမှုကိုတွေ့ကြုံခဲ့ရဖူးသည်၊ ဤလောကကြီးထဲရှိလူတိုင်းမှာတိုက်ခိုက်နေကြပေရာ ကောင်းမွန်သောဘဝတစ်ခုရချင်တာကလုံးဝမမှားပေ။ အရာရာတိုင်းဟာစွမ်းဆောင်မှုကြောင့်သာရရှိနိုင်ပြီး ကံတရားမှာလည်းအတူတူပင်ဖြစ်သည်။ မင်းမထိန်းသိမ်းနိုင်လို့ရှိရင် ၎င်းကအသုံးမဝင်ဘူးဟုသာမင်းပြောနိုင်သည်။
ဤအရာအားလုံးဟာအစကတည်းကသူ့ဟာမဟုတ်ဘူးဟု ရှုလင်ကျား၏တည်ရှိမှုကကျန်းရွေ့ကိုဆက်တိုက်သတိပေးနေရုံသာ။ သူသည်လက်ခုပ်သံ၊ ကြင်နာမှုနှင့်ချီးကျူးဂုဏ်ပြုမှုရရှိခဲ့လျှင်ပင် ထိုဂုဏ်ကျက်သရေမှာ မျက်နှာဖုံးအောက်ရှိကျန်းရွေ့အစစ်ကလုံးဝမပိုင်။
Advertisement
ဤနေရာတွင်တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်မျက်နှာချင်းဆိုင်ရပ်နေနိုင်စွမ်းရှိသည်ကနောက်ဆုံးအခွင့်အရေးဖြစ်နေပြီးသားပင်။
ဒီတစ်ခေါက် သူနိုင်ကိုနိုင်ရမည်၊ ဘယ်သူကနောက်ဆုံးအနိုင်ရသူလဲ၊ ထိုအရာများကိုဘယ်သူကတကယ်ပိုင်ဆိုင်လဲဆိုသည်အား ထိုလူများကိုပြသရန်အနိုင်ရရမည်။
ကျန်းရွေ့၏စိတ်ပူမှုနှင့်ယှဥ်လျှင် ရှုလင်ကျား၏ကိုယ်နေဟန်ထားမှာအနည်းငယ်ပို၍သက်တောင့်သက်တာရှိနေသည်။ သူကတစ်ဖက်လူကိုပေါ့ပါးစွာကြည့်လိုက်ပြီးနောက် ကျင်းဖေးထုန်ပြောတာမှန်သည်ကိုဝန်ခံရလိမ့်မည်၊ သူတကယ်ကျန်းရွေ့ကိုအရမ်းအရမ်းအများကြီးမုန်းသည်။
သူ့ဘဝကိုရှုပ်ယှက်ခတ်အောင်လုပ်သွားခဲ့သည့်သူခိုး။
ပြိုင်ပွဲအစကိုကြေငြာရန်တာဝန်ကျသည့်နန်ဇီဂိုဏ်းသားမှာတစ်အောင့်မျှတန့်သွားရသည်၊ အကြောင်းမှာ ပုံမှန်ဆိုရင်ပြိုင်ပွဲဝင်နှစ်ဦးဟာ စင်မြင့်ပေါ်တက်ပြီးနောက်တွင်စကားအနည်းငယ်ပြောလိမ့်မည်ဖြစ်သောကြောင့်။ ထုံးစံအရ အရင်ဆုံးတောင်းပန်စကားပြောရသည်၊ သင်သာသင့်ပြိုင်ဘက်ကိုစမ်းသပ်(သို့)တိုက်ခိုက်ချင်လို့ရှိရင် အတုအယောင်စကားအနည်းငယ်ပြောလိုက်ရုံသာ။
သို့သော် ကျန်းရွေ့နှင့်ရှုလင်ကျားဟာအချင်းချင်းခပ်တည်တည်မျက်နှာများဖြင့်စိုက်ကြည့်နေကြကာ မည်သူကမျှစကားမပြောချင်ကြောင်းသူတွေ့လိုက်ရသည်။
ထို့ကြောင့် ပြိုင်ပွဲအစကိုကိုယ်စားပြုသည့်ဗုံသံပေးလိုက်သည်။
လူတိုင်း၏အံ့အားသင့်မှုအောက်တွင် ကျန်းရွေ့ကအရင်ဆုံးတိုက်ခိုက်လာသည်။
သူသည်လင်ရှောင်းဂိုဏ်း၏"တွယ်တက်ခြင်းနှင့်လိုက်ဖမ်းခြင်း"တိုက်ကွက်ကိုသုံးကာ အပေါ်ခုန်၍ သူ့ခန္ဓာကိုယ်ကိုအရှေ့ကိုင်းပြီး ရှုလင်ကျား၏ညာဘက်ကိုလွှဲခုတ်လိုက်၏။
ထိုလှုပ်ရှားမှုတိုက်ကွက်မှာ အကြောက်တရားအချို့နှင့် စမ်းသပ်လိုသည့်အဓိပ္ပါယ်ဖြင့်အတော်လေးကျေနပ်စရာကောင်းလှသည်။ ရှုလင်ကျားကဓားဆွဲမထုတ်ဘဲ အနောက်လှည့်ကာရှောင်လိုက်သည်။
လူအုပ်ထဲတွင်အော်သံများထွက်ပေါ်လာသည်။
ရှုလင်ကျားနှင့်ကျန်းရွေ့၏အဆင့်နှင့်ယှဥ်လျှင် ဤအစကတကယ့်ကိုအနည်းငယ်စိတ်ပျက်စရာကောင်းသည်ဟုပြောရပေမည်။
သူလုပ်ခဲ့သည့်တိုက်ကွက်နှင့်ရှုလင်ကျား၏ပင်ကိုယ်စရိုက်အရ ၎င်းမှာသူ့ဓားကိုမြှောက်လိုက်ချိန်တွင်လွှဲခုတ်သည့်အခြေခံပုံစံကို ကျန်းရွေ့ကိုယ်တိုင်ပင်ခံစားမိသည်။ ခြေနှစ်လှမ်းနောက်ဆုတ်ကာ သူအခြားတစ်ဖက်ကိုစူးစိုက်ကြည့်လိုက်မိသည်။
သူအနီးကပ်မတိုက်ခိုက်ရဲပေ။ "ယန်ကွမ်းအလွှာသုံးလွှာ"တိုက်ကွက်ကိုသုံးလိုက်ရာ ဓားအရိပ်မှာဗလာနတ္တိဖြစ်ကာ အစစ်အမှန်ပုံပေါက်ပြီး အလွှာသုံးလွှာခွဲထွက်သွားကာ ဆယ်ပေထက်ပိုသောအကွာအဝေးတွင်ရှိသည့်ပြိုင်ဘက်ထံချဥ်းကပ်သွားသည်။
ရှုလင်ကျားလက်နောက်ပစ်ကာ ခြေဖျားထောက်၍ အနောက်လှည့်လိုက်ပြီး လူတစ်ကိုယ်လုံးကအရှိန်အဟုန်ကိုအခွင့်ကောင်းယူ၍ ခက်ထန်သောဓားများကြားရှိနေရာအဟမှလွင့်မျောထွက်လာလိုက်သည်။
သူ၏ခြေဖဝါးသိုင်းကွက်မှာ "လွင့်မျောနေသောတိမ်တိုက်များ"ဟုခေါ်ဆိုသည်။ သူထိုတိုက်ကွက်ကိုသုံးလိုက်သည်နှင့် သူ့တစ်ကိုယ်လုံးမှာပျံသန်းနေသောတိမ်တိုက်ပမာ သစ်ရွက်နှင့်ပန်းပွင့်များကဲ့သို့လွင့်မျောသွားသည်။ သူ၏ကိုယ်နေဟန်ထားမှာအထိန်းအကွပ်မဲ့ကာ သူ၏စိတ်ကူးယဥ်ဆန်သောပုံစံကိုဖော်ညွှန်းဖို့ခက်သည်။
ဤတစ်ကြိမ်တွင် လူအများစု၏မျက်လုံးများတောက်ပသွားကာ သူတို့ကအားပေးလာကြပြီး တစ်ပြိုင်နက်တည်း၌ လူအချို့ကစိတ်မရှည်ဖြစ်လာကာ အော်ဟစ်၍တိုက်တွန်းကြသည်။
"ပြန်တိုက်ခိုက်လေ! ဘာလို့ဓားဆွဲမထုတ်တာလဲ!"
ကျန်းရွေ့တိုက်ခိုက်ချိန်တွင် သူဟာနောက်တစ်ကွက်ကိုကြိုတွေးထားပြီးသားဖြစ်သည်။
ယခင်တိုက်ကွက်ပြီးသည့်နောက် ဒီတစ်ခေါက်တွင် ရှုလင်ကျားပြန်တိုက်ခိုက်တာပဲဖြစ်ဖြစ်၊ ရှောင်တာပဲဖြစ်ဖြစ် ဂရုစိုက်စရာမလိုတော့ပေ။ သူကလေပေါ်ခြေလှမ်းလှမ်းလိုက်ပြီး ဓားဖျားမှာပင်လယ်ပြင်နှင့်ရေလှိုင်းများကိုဖြိုခွင်းသွားသည့်နှယ် ရှုလင်ကျားထံရင်ဘတ်ထံခုတ်လိုက်သည်။
ထိုဓား၏ခွန်အားမှာအလွန်ကြီးမားလှသည်။ ခုနကဒုတိယမြောက်တိုက်ကွက်ဟာ ရှုလင်ကျားအနောက်တွင်လားရာအားလုံးမှာပိတ်ဆို့ခံလိုက်ရပြီး ဓားချီစွမ်းအားမှာမပျောက်သွားသေးပေ။ ဒီတစ်ခေါက် သူ၏ထိပ်တိုက်ရင်ဆိုင်သည့်တိုက်ကွက်ဟာ ရှုလင်ကျားကိုသူ့ရှေ့တွင်ကာဆီးထားလိုက်သည်။
ယင်းကားသူထွင်ထားသည့်တိုက်ကွက်ဖြစ်သည်။
ရှုလင်ကျားကဓားဆွဲမထုတ်ရာ ၎င်းကသူ့ကိိုထိသွားမှာမလွဲဧကန်ပင်!
လျှပ်တပြက်အတွင်း၌ ရှုလင်ကျားချက်ချင်းဆိုသလိုကိုယ်ကိုဘေးရို့ကာ လက်ချောင်းများကိုမဆိုစလောက်ကွေးလိုက်ပြီး ကျန်းရွေ့၏ဓားဖျားကိုသုံးလက်မစာရိုက်ခတ်လိုက်သည်။
ဤအနေအထားမှာအတိအကျကို ကျန်းရွေ့၏ကုန်ဆုံးသွားခဲ့သောဓားစွမ်းအင်ဟောင်းနှင့် ထွက်မလာသေးသည့်ဓားစွမ်းအင်သစ်တို့ဆက်နွယ်နေသည့်နေရာဖြစ်သည်။
ရှုလင်ကျား၏ခန့်မှန်းချက်မှာအလွန်အမင်းမှန်ကန်တိကျပေမဲ့ အလွန်လည်းအန္တရာယ်များလှသည်။ သူသည်တစ်ဖက်လူ၏တိုက်ခိုက်ချက်ထဲကိုထိုလှုပ်ရှားမှုနှင့်ဝင်ရောက်ကာ အနည်းငယ်မှားသွားသည်နှင့် သူ့ကိုဝန်းရံထားသည့်ဓားချီကြောင့်သူနှောင့်နှေးသွားလိမ့်ပင်။
ရှုလင်ကျား၏ညွှန်ကြားချက်နောက်လိုက်၍ ပတ်ပတ်လည်ရှိဓားစွမ်းအင်မှာကျဆင်းသွားသည့်ဒီရေပမာ ရုတ်ခြည်းပျက်ပြယ်သွားပေမဲ့ သူ့နှုတ်ခမ်းမှာလည်းအက်ကွဲသွားကာ သူ့လက်ကောက်ဝတ်မှသွေးများစီးကျလာသည်။
ရှုလင်ကျားနှင့်ကျန်းရွေ့တို့ဟာတစ်ပြိုင်နက်တည်းနောက်ပြန်ခုန်ကာ စင်မြင့်၏ဆန့်ကျင်ဘက်အစွန်းတစ်ဖက်စီတွင်ရပ်၍ အချင်းချင်းစိုက်ကြည့်နေကြသည်။
ရှုလင်ကျား၏သွေးကမြေပြင်ပေါ်တစ်စက်ကျသွားသည်။ ရှုလင်ကျားခေါင်းငုံ့ကာတစ်ချက်စိုက်ကြည့်လိုက်သည်။ သူအရေးမစိုက်ပေ။
ရှုလင်ကျားအသံမြှင့်ကာပြောလိုက်သည်။
"ကျန်းရွေ့! ဒီကနေ့တိုက်ပွဲမှာ ငါကလင်ရှောင်းမှာမွေးလာပြီးတော့ မင်းကလင်ရှောင်းကိုကိုယ်စားပြုတာမို့ လေးစားမှုကိုပြသတဲ့အနေနဲ့ ငါမင်းကိုတိုက်ကွက်သုံးကွက်လုပ်ခွင့်ပေးလိုက်တယ်။ အခုကစပြီး ငါဒီတိုက်ပွဲမှာသနားညှာတာမှုထားမှာမဟုတ်တော့ဘူး၊ သေခြင်းနဲ့ရှင်ခြင်းဆိုပိုဆိုးပေါ့။"
သူထိုသို့ပြောပြီးနောက် လက်မထောင်လိုက်ရာ အပြာရောင်ဓားရှည်ကဓားအိမ်ထဲမှထွက်လာကာ စူးရှရှတောက်ပပြီးသတ်ဖြတ်လိုစိတ်အပြည့်နှင့်ပင်။
ထိုစကားကိုနားထောင်ပြီးသော် သူအချိန်အကြာကြီးဓားဆွဲမထုတ်ရသည့်အကြောင်းရင်းကိုလူတိုင်းသိသွားကြကာ ကျန်းရွေ့တစ်ယောက်နောင်တမရဘဲမနေနိုင်ပေ။
ရှုလင်ကျားတွင်အကြံတချို့ရှိနေသည်ဟုထင်မိသည်မို့ သူသတိကပ်ကာတိုက်ခိုက်ခဲ့သည်။ တစ်ဖက်လူကသူ့ကိုတကယ်အကျောပေးတာကိုသူသိလို့ရှိရင် သူမိုက်ကန်းကန်းတိုက်ခိုက်လိုက်သည်နှင့် သူအလွယ်လေးအသာစီးရသွားနိုင်သည်။
သို့သော် ဤအခြေအနေတွင်သူထိုသို့ပြုမူလိမ့်မည်ဟုမည်သူတွေးမိမည်နည်း။ ကျန်းရွေ့တစ်ခဏတာအခွင့်အရေးကိုလွဲချော်လို့မရပေ။
သူစိတ်ငြိမ်ငြိမ်ထားကာပြောမိသည်။
"ရှစ်ရှုန်းပြောတာမှန်တယ်၊ သေသေရှင်ရှင်ကိစ္စမရှိမှတော့ ကျွန်တော်ဘာသိက္ခာမှစောင့်ထိန်းမနေတော့ပါဘူး။"
သူပြောပြီးနောက်တွင် ဓားတဝီဝီမြည်သံစတင်ထွက်ပေါ်လာကာ "ကျန်း-----"ခနဲငိုသံကျယ်ကြီးကိုသာကြားလိုက်ရသည်။
ဆယ်ပေထက်ပိုကွာသောလူနှစ်ဦး၏ဓားရှည်မှာထိခတ်သွားပြီးဖြစ်ကာ တစ်အောင့်ကြာသော် ၎င်းမှာမိုးကြိုးပေါက်ကွဲသံပမာ လေထဲတွင်ပဲ့တင်သံထပ်သွားသည်။
မျက်စိကျိန်းလောက်ဖွယ်အလင်းဖြူကသူတို့ကြားတွင်ပေါက်ထွက်လာသည်။ ရှုလင်ကျားကသုံးဆပိုမြန်ပေမဲ့ ကျန်းရွေ့၏ခွန်အားကပိုပိုပြင်းထန်ကြောင်းသိသာလှသည်။
သူတို့နှစ်ဦးစလုံးမှာပါရမီဉာဏ်ကြီးရှင်အဖြစ်လူသိများကြပြီး သူတို့ဟာလည်းတူညီသောဂိုဏ်းကျောင်းတော်ကဖြစ်သည်။ ကျန်းရွေ့ကစကျင့်ကြံသည့်အချိန်တိုသည့်တိုင် ရှုလင်ကျားဟာလည်းဒဏ်ရာရသွားခဲ့သည်ပင်။
သူတို့၏ယခင်ကအောင်မြင်မှုများမှာသိသာလှပေရာ ဒီတစ်ခေါက်တွင်ဘယ်သူကအနိုင်ရဖို့အခွင့်အရေးပိုများမှန်းမည်သူမျှအကဲမဖြတ်နိုင်ကြပေ။ ဒီကနေ့၏ပြိုင်ပွဲအခြေအနေက အဆုံးမဲ့အခြေအနေဖြစ်နေမှာစိုးသည်။
ရှုလင်ကျားကဓားကိုလက်တစ်ဖက်ဖြင့်ကိုင်ကာ အခြားတစ်ဖက်ကဓားတိုက်ကွက်ပုံဖော်ပြီး အရင်တစ်ခေါက်လင်းယွဲ့နှင့်တိုက်ခိုက်တုန်းကသူသုံးခဲ့သည့်တူညီသောဓားရေးကိုထုတ်သုံးလိုက်သည်။ စိတ်ဝိညာဥ်ဆန်ကာ နူးညံ့ပျော့ပြောင်းပြီးလျင်မြန်ဖျတ်လတ်ကာ ကြည်လင်သောဓားတိုက်ကွက်ထဲတွင်အရိပ်တစ်ခုထက်ပိုရှိနေကာ ၎င်းကိုပို၍အကျိုးရှိသည်။
သို့သော်လည်း မေ့ရင်ဂိုဏ်းနှင့်ယခင်ပြိုင်ပွဲပြီးကတည်းက ကျန်းရွေ့ဟာယခင်ဓားရေးကိုပြောင်းပြန်လှန်ပြီးသားဖြစ်သည်။ ဒီတစ်ခေါက်တွင် သူကလင်ရှောင်းဂိုဏ်းမှအခြားဓားရေးကျင့်စဥ်ဖြစ်သည့်ကောင်းကင်ဘုံကိုလောင်ကျွမ်းစေခြင်းသိုင်းကိုသုံးလိုက်သည်။
တစ်အောင့်ကြာသော် ဓားသံမှာမိုးပမာမြည်ဟည်းလာပြီး ရွှေရောင်အလင်းကနေရာအနှံ့လျှံထွက်သွားသည်။ ထိုလူနှစ်ဦး၏ခန္ဓာကိုယ်ပုံရိပ်ကြားတွင် ဝတ်ရုံများမှာတဖျတ်ဖျတ်ခါနေပြီး ဝတ်ရုံလက်များမှာလွင့်မျောလျက်ရှိသည်။ အသေးစိတ်တိုက်ကွက်ကိုမြင်ရဖို့ခက်သည်၊ အနိုင်ရသူကိုပြောဖို့ခက်သည်။
လေပြင်းမှာပတ်ပတ်လည်တွင်တိုက်ခတ်သွားပြီး ပြိုင်ပွဲကွင်းပြင်နှင့်နီးကပ်နေသည့်ကြည့်ရှုသူများမှာ စိတ်ဝိညာဥ်စွမ်းအားသုံးကာသူတို့ကိုယ်သူတို့ကာကွယ်လိုက်ရသည်၊ ထိုမှသာသူတို့မြဲမြံစွာထိုင်နိုင်မည်ပင်။
မျက်စိတစ်မှိတ်အတွင်းတွင် တစ်နာရီနီးပါးကုန်ဆုံးသွားကာ ထိုနှစ်ယောက်ထဲတွင်အနိုင်ရသူကိုမဆုံးဖြတ်ရသေးပေ။ လူအုပ်ထဲရှိလူများမှာအနည်းငယ်စိတ်မရှည်ဖြစ်လာကာ ရှင်းဇုန်ဂိုဏ်းသားတစ်ဦးကကျိုးချင်းချန်ကိုတိုးတိုးပြောလာသည်။
"ရှစ်စွင်း၊ ကြည့်ပါအုံး၊ ဘယ်သူ့မှာနိုင်ဖို့အခွင့်အရေးပိုများလဲဟင်။"
ကျိုးချင်းချန်ကပြိုင်ပွဲအခြေအနေကိုစိုက်ကြည့်နေပြီး ထိုစကားကိုကြားသော်"ဟမ့်"ခနဲလုပ်ကာ ခေါင်းမလှည့်ဘဲမေးလိုက်သည်။
"မင်းတောင်ခြေကလောင်းကစားရုံမှာပိုက်ဆံဘယ်လောက်လောင်းခဲ့လဲ။ မင်းပိုက်ဆံဆုံးပြီး ဆရာ့ခေါင်းပေါ်ပုံချလာမှာစိုးတယ်။"
ထိုဂိုဏ်းသားကဆိုသည်။
"အိုက်ယား၊ ကျွန်တော်ကရှုရှစ်ရှုန်းကိုစိတ်ပူနေတာပါဗျ။ ရှစ်စွင်း၊ ရှစ်စွင်းကကျွန်တော့်ကို တစ်လကိုငွေနှစ်တုံးပေးတယ်ဆိုတော့ ကျွန်တော့်ဘောင်းဘီတွေကိုသွားလောင်းလိုက်သင့်လားလို့။"
ကျိုးချင်းချန်ကပြောလာသည်။
"ဘိုးဘေးလေး၊ မင်းချီဇုန်နိုင်မယ်မထင်ထားရင်လည်း သိပ်မကျယ်နဲ့လေ၊ မင်းထပ်ပြီးတိုက်ခိုက်ချင်လို့လား။"
သူတစ်အောင့်မျှတန့်သွားရပေမဲ့ပြောလိုက်သည်။
"သူတို့နှစ်ယောက်လုံးကတကယ့်ကိုဓားရေးအရာမှာထူးချွန်ကြတယ်။ အချိန်အရဆိုရင် သူတို့ကကြီးမားတဲ့လက်နက်တွေဖြစ်လာသင့်ပေမဲ့ အခုသူတို့ကိုကြည့်ရတာခွဲခြားလို့မရနိုင်ဘူး။ ပြီးတော့ ကျန်းရွေ့ကအကြာကြီးတိုက်ခိုက်နေပေမဲ့ သူ့စိတ်ဝိညာဥ်စွမ်းအားကမကုန်သွားရုံတင်မကဘဲ ပိုပိုပြီးများလာတယ်။ လင်ကျားရဲ့ဓားရေးကအရင်ကထက်နည်းနည်းနှေးသွားတယ်။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် မင်းရဲ့ဆုတောင်း...အမှန်ဖြစ်မလာမှာစိုးတယ်။"
သူသည်အမှန်ပြောနေခြင်းပင်၊ နှစ်ဦးစလုံး၏ခွန်အားထဲရှိထိုကဲ့သို့နက်နဲသိမ်မွေ့သောပြောင်းလဲမှုကို ကျိုးချင်းချန်နှင့်မျက်စိလျှင်သောကျွမ်းကျင်ရှင်များမှအပ သာမန်လူတို့မမြင်နိုင်ပေ၊ သို့သော် ကျန်းရွေ့၏တိုက်ခိုက်ချက်မှာပြင်းထန်ကာ သူ၏စိတ်ဝိညာဥ်စွမ်းအားမှာအလျှံအပယ်ရှိသည်။ သူသာပြိုင်ပွဲကိုအချိန်ဆွဲ၍တိုက်ခိုက်ချင်လို့ရှိရင် ရှုလင်ကျားမှာအလွန်ကံဆိုးသွားလိမ့်မည်ပင်။
အခြားတစ်ဖက်ရှိ ကျင်းဖေးထုန်ဟာလည်းသဲလွန်စကိုမြင်သွားသည်။ သူ၏အာရုံစိုက်ရာမှာ ကျန်းရွေ့၏နက်နဲသောစိတ်ဝိညာဥ်စွမ်းအားမဟုတ်ဘဲ ပြိုင်ပွဲအစကတည်းက ကျန်းရွေ့၏ခွန်အားမှာသိသိသာသာကိုထိုမျှမသန်မာပေ။
Advertisement
- In Serial109 Chapters
Transcendence?
Author's Comment: I was asked about reading my work on other sites. The answer is simple: Currently I am not active in any other networks than royalroadl.com. Only here, I correct mistakes and errors. If you read it anywhere else and have to pay for it, or have to deal with an annoying amount of advertisement, You Are Being Betrayed. You would do good if you make other people in that network aware of it. This is a free project of mine for the purpose of having fun. And if people try to make money with it you shouldn't bother visiting their website. The only one whom I actually allowed to have my work on his website is Armaell who invested the time to compile them into pdf. (http://armaell-library.net/author/andur) ——————————————————————————————— Reading Order of the Multiverse-Books ——————————————————————————————— Transcendence? is a novel about reincarnation, love, hate and war. And everything else that's included. It follows the main characters, as they climb to the top of their society. And lose their humanity in the process to become something beyond human. It's settled in the same universe as Until death?. It can be seen as a prequel. But I plan for it to be a stand alone book. Nobody has to read Until death? in order to enjoy Transcendence?. There will be cool chapters, sad chapters, romantic chapters and funny chapters. Of course there will be boring chapters too. I believe that some explanation is necessary in every novel. Though I hope that there will be more funny chapters. How a chapter turns out always depends on my mood.
8 226 - In Serial58 Chapters
Ribbon — Bleach AU
Grayson Carter. Legally blind, early twenties, Asian-Caucasian, adopted. Grayson’s life could be boiled down in such a way. When his life was destroyed all too suddenly, thrust from the comfort of home, he was forced to make a move. So where else would he move but his ancestral home of Japan? This is the story of Grayson and what he learns about himself, the world, and the others around him in a little-known place that just so happens to be the most spiritually active place in all of Japan. Karakura Town. This story is a Bleach fan fiction, one set may decades after the main plot for the story has ended. The main character is an original character, as well as many of the main group. Old characters will show up again, in altered states due to time passing!
8 198 - In Serial8 Chapters
Bone Dungeon: Book 1 in the Elemental Dungeon Series
Ryan doesn't remember much about his life before becoming a dungeon core. Only that he had a bit of a disagreement with the church -- something to do with a beheading? Now reborn, Ryan begins to arm his darkness dungeon with devious traps, bestial zombies and ill-named skeletal creations, without doing anything too evil. Well, mostly. Some adventurers just deserve a stalactite to the head. But Ryan quickly learns being a darkness dungeon isn't all loot and bone puns. With a necromancer on the rise and the Adventurer's Guild watching his every move, he must prove that not all darkness dungeons are malevolent... even if they do have a few skeletons in their caverns. Sadly, all of these issues keep distracting him from his own guilty pleasure, skeletal fight club. But don't tell his fairy about that. **** I have recieved permission from the publisher to share the first 8 chatpers of the story, as a sample (I am the author of this book) **** If you like what you've read, feel free to hop over to Amazon and check out the full story! Available for free on KU, and as an ebook, and paperback! US: https://amzn.to/2U099wG UK: https://amzn.to/2UK3rfj Rest of World: https://viewbook.at/BoneDungeon
8 192 - In Serial9 Chapters
Risen
Using a strange, powerful mindweave, a fledgling necromancer creates a revenant deep within the Kriloris dungeon. Forged in Necronum runes and death magic, the monster is born with a mind more capable than anyone would imagine. Meet Risen. He's that monster—blessed with intelligence, strength, and unfortunately, necromantic reanimation. Risen won’t have it easy in the world of Sorcel. People don't like necromancers, and they really don't like the undead. Adventuring groups are out to murder him, trouble keeps following his master around—and the worst thing is that nobody wants to be friends.
8 183 - In Serial64 Chapters
Tiffany
Some demons yawn at human affairs and others are outright mischievous. And then there’s Tiffany. Out of goodness or maybe just when her interest is piqued, she occasionally interferes in the fate of some poor soul. She usually shows up as a dark-haired woman in her middle 30s. Her eyes are black and blazing and she radiates authority… The world is ours but the sky above has been mysteriously replaced by eye-bending Chaos. A storyteller stumbles onto a secret of the Planners and a fearless little girl named Jasmine explores secret tunnels that lead into the demon world.
8 201 - In Serial44 Chapters
Tales of New World : The Magus
'What it feels like to be free from every shackle that holding you?'That's a question given to Volya Portar after someone rescued him from slavery in the past after he separated from his sister. As he grows older, he knows that he also could help everyone free themselves from their shackle even if they are a convict or something worse. And his opportunity arrives as he encounters several knights ambushed by bandits in the forest where he lives.And thus, his story begins
8 82

