Advertisement
!unicode!
ကျန်းရွေ့ထိုလှုပ်ရှားမှုကိုလုပ်လိုက်သော် ကောင်းကင်တစ်ဝက်မှာမီးလျှံတို့ကြောင့်သွေးနီရောင်ပြောင်းသွားသည့်အလား ပတ်ပတ်လည်ရှိနှင်းစက်များမှာ ချက်ချင်းဆိုသလိုမြူခိုးဖြူများအဖြစ်အသွင်ပြောင်းသွားသည်။
"အာ-"
လူတိုင်းအာမေဋိတ်သံပြုမိကြသည်။
ကောင်းကင်ဘုံကိုလောင်ကျွမ်းစေခြင်းသိုင်းဟာလေ့ကျင့်ရမလွယ်ပေ၊ ကျန်းရွေ့ကဒီတစ်ခေါက်တွင်ရှည်ကြာသောတိုက်ပွဲကိုကြုံတွေ့နေရသည်။ သူသည်မောပန်းနေသော်လည်း သူ့တွင်ထိုလှုပ်ရှားမှုလုပ်ဖို့စွမ်းအင်ရှိနေသေးသည်ကပြောဖို့ရာကျိုးကြောင်းသင့်သည်။
ဤရှုထောင့်မှနေ၍ သူဟာရှုလင်ကျားနှင့်တိုက်ခိုက်နေစဥ် သူ့ခွန်အားကိုပင်ပြန်လည်ရရှိလာသည်လား။
ထိုသို့ဆိုလျှင် ဤလူကားသိပ်ကိုနက်နဲလှသည်။
တောက်လောင်နေသောမီးလျှံထဲတွင် ရှုလင်ကျား၏အသက်ရှုနှုန်းမြန်လာကာ နားထင်နှစ်ဖက်စလုံးတွင်တစစီဆွဲဖြဲခံရသကဲ့သို့နာကျင်မှုတစ်ခုရှိနေသည်။
သူထိုနေ့ကိုသတိရသွားပြန်သည်။
ထိုနေ့မှစ၍ ပြီးမြောက်စွာမလေ့ကျင့်ရသေးသည့်ကောင်းကင်ဘုံကိုလောင်ကျွမ်းစေခြင်းသိုင်းကျင့်စဥ်အတွဲဟာ သူ့ဓားရေးလမ်းစဥ်ကိုအဆုံးသတ်သွားစေလုမတတ်ဖြစ်သွားသည်မို့ သူထိုဓားရေးကျင့်စဥ်ကိုလုံးဝမသုံးတော့ပေ။
မထင်မှတ်ထားစွာဖြင့် ကျန်းရွေ့ကဒါကိုလေ့ကျင့်ခဲ့သည်!
ထို့အပြင် အနေအထား၊ ရှုထောင့်၊ ခွန်အားနှင့်သူ့မျက်နှာထက်ရှိမျက်နှာထားပင် ရှုလင်ကျားနှင့်ဆင်တူနေပေသည်။
ဓားစွမ်းအင်ကိုခံစားမိရာ သူဟာနောက်ထပ်သူကိုယ်တိုင်နှင့်တိုက်ခိုက်နေသည်ဟုရှုလင်ကျားရုတ်ခြည်းခံစားလိုက်ရကာ ထိုကြက်သီးထဖွယ်ကောင်းကာခွန်အားမဲ့သောစိတ်ခံစားချက်တစ်မျိုးကသူ့နှလုံးသားထဲထပ်မံဝင်ရောက်လာခဲ့သည်။
ရှုလင်ကျားအလျင်စလိုဖြင့်ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်မိသည်။ ထိုအခိုက် သူရှောင်သင့်ကြောင်းသိသော်လည်း စွမ်းအင်လှိုင်းတစ်လှိုင်းကသူ့ရင်ထဲတဟုန်ထိုးတိုးဝင်လာပေသည်။
"ဘွန်း---"
နှစ်ဦးသား၏စိတ်ဝိညာဥ်စွမ်းအားချင်းပေါင်းဆုံသွားကာ မမြင်နိုင်သောဓားချီစွမ်းအင်ကပတ်ဝန်းကျင်ထဲတည့်တိုးပစ်ခွင်းလာသည်။ လေထုကားလောင်ကျွမ်းတော့မည့်နှယ်၊ မီးပွားများကမိုးစက်ပမာမိုးကောင်းကင်ပေါ်မှကျဆင်းလာသည်။
ရှုလင်ကျားကဓားရှည်ကိုလွှတ်ပေးကာ အလျင်စလိုတစ်ပတ်လှည့်လိုက်ပြီး လေထဲတွင်အရှိန်အချို့လျှော့လိုက်ပြီးနောက် ဆယ်ပေထက်ပိုသောအမြင့်မှတည့်တည့်မတ်မတ်ထိုးကျလာကာ သွေးတစ်လုတ်ပန်းထွက်သွားသည်။
ကျင်းဖေးထုန်သည်သူ့လက်အောက်ငယ်သားများကိုညွှန်ကြားပြီးနောက်တွင် ထိုမြင်ကွင်းကိုမြင်လိုက်ရကာ သူခြောက်ခြားသွားရပြီး လွှတ်ခနဲခေါ်မိသည်။
"ရှောင်ကျား!"
သူ၏အသံကားဆူညံသောလူသားဘာသာစကားထဲတွင်နစ်မြုပ်သွားကာ ရုတ်တရက်ပြောင်းလဲမှုကိုမြင်လိုက်ရရာ ပတ်ဝန်းကျင်မှာဖရိုဖရဲဖြစ်နေပြီးသားပင်။
တကယ်လို့ ကျန်းရွေ့၏ဓားကအခြားသူအပေါ်မှာဆိုရင် သူ့ကိုချက်ချင်းသတ်ဖို့ဖြစ်နိုင်သည်။ ရှုလင်ကျားသာမထနိုင်လို့ရှိရင် ပြိုင်ပွဲကဒီနေရာမှာအဆုံးသတ်သွားလိမ့်မည်ပင်။
သို့သော် ကျန်းရွေ့ကတိုက်ခိုက်ချက်တစ်ခုဖြင့်အောင်မြင်သွားရာ သူ့နှလုံးသားမှာကျေနပ်အားရနေခဲ့သည်။ သဘာဝကျကျပင် သူဟာဒီအခွင့်အရေးကိုအလွဲခံလိမ့်မည်မဟုတ်။ ရှုလင်ကျားမထနိုင်ခင် သူ့ဓားကိုဆွဲကာ တတိယမြောက်တိုက်ကွက်"ဝမ်ထျန်း"ကပေါ်လာပြီးသားဖြစ်သည်!
ရှုလင်ကျားပင်အရင်တုန်းကထိုတိုက်ကွက်ကိုမလေ့ကျင့်ခဲ့ဖူးပေ။
တောက်လောင်နေသည့်မီးလျှံတို့ဖြင့်လောကကြီးကိုလောင်ကျွမ်းစေကာ တစ်ဖက်လူကိုမိုင်ပေါင်း၉၀၀၀၀အကွာသို့လေဖြင့်တွန်းပို့ကာ နောက်ဆုံးတွင်ကောင်းကင်ကိုလွှဲခုတ်ရင်း ဝိညာဥ်ကိုတုန်လှုပ်စေကာ အသက်ကိုခြိမ်းခြောက်လျက်ရှိသည်!
အနက်ရောင်တိမ်တိုက်များကခေါင်းထက်တွင်စုဝေးနေကာ မိုးကြိုးများပစ်နေပြီး ဓားကအသင့်မဖြစ်သေးဘဲ လေပြင်းကနေရာပေါင်းစုံမှတိုက်ခတ်နေပြီး တဝေါဝေါဟိန်းလျက် ဓားပေါ်တွင်မီးညှိကာ လူကိုကြာပွတ်ပမာရိုက်ခတ်သွားသည်။
သူလဲကျသွားသည့်အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ထဲရှိအရိုးနှင့်ကြွက်သားများအားလုံးအစိတ်စိတ်အမွှာမွှာဖျက်ဆီးခံလိုက်ရသည်ဟုသာ ရှုလင်ကျားခံစားလိုက်ရသည်။ ကြီးမားသောနာကျင်မှုအောက်တွင် ၎င်းဟာသူဒဏ်ရာအပြင်းအထန်ရသွားခဲ့သည့်အချိန်ကိုပြန်ရောက်သွားသည့်အလား။ သူ၏အာရုံငါးပါးမှာအလုပ်မလုပ်တော့ဘဲ သူ့နားမှာတဝီဝီမြည်လာကာ အမှောင်ထုကိုသာမြင်နေရသည်။
သူ့နံရိုးကျိုးသွားလားမသိပေ။ နီးသထက်နီးကပ်လာသည့်ဓားချီစွမ်းအင်၏ဖိအားအောက်၌ အရိုး၏တစ်လက်မချင်းစီတိုင်းဟာ ပုရွက်ဆိတ်ထောင်ပေါင်းများစွာကစားသောက်နေသည့်အလား နာကျင်နေပေသည်။ သူမျက်စိမှိတ်ကာ လှဲချ၍သေလိုက်ချင်တော့သည်။
သို့သော် သူသေသွားရင်တောင်မှ သူမတ်တပ်ရပ်ကာသေမှရမည်။
သူ့ဓားရိုးကိုတင်းကြပ်စွာဆုပ်ကိုင်ထားကာ သူ့နှဖူးထက်မှချွေးများစီးကျလျက်ရှိပြီး နာကျင်မှုမှတစ်ပါး၊ လက်ရှိတွင်ကျန်ရစ်သည့်တစ်ခုတည်းသောခံစားချက်မှာ ကျန်းရွေ့၏ဂုဏ်ယူဝံ့ကြွားကာ အထင်သေးသောမျက်လုံးများဖြစ်သည်။
"မင်းကျန်းရွေ့ကိုမုန်းလား။"
လရောင်အောက်၌ ကျင်းဖေးထုန်ကသူ့ကိုမေးလာခဲ့သည်။
"စိတ်ခံစားချက်က လူတစ်ယောက်ဓားကိုင်ချင်ရတဲ့အကြောင်းရင်းပဲ။ စိတ်ခံစားချက်ကဓားရဲ့နှလုံးသား။ စိတ်ခံစားချက်ကခက်ထန်မှုကိုပေါက်ဖွားစေတယ်။"
ထို့နောက် သူဟာသူ့ကိုယ်သူဖေးဖရန်တကယ်ဘဲအမုန်းတရားအချို့လိုအပ်သည်ဟုရှုလင်ကျားခံစားမိသည်။ ဒီလူဆိုးကသူ့ကိုအနိုင်ယူသွားလို့ရှိရင် သူအရင်အတိုင်းပြန်ဖြစ်လာမည်မဟုတ်။
ကံကြမ္မာဆိုတာကဘာလဲ။ အရောင်အဝါကဘာလဲ။ အဓိကဇာတ်ဆောင်ကဘာလဲ။
ထိုအရာများကြောင့် သူဟာဆွေမျိုးသားချင်းတို့ဖြင့်ကွဲကွာသွားရတာမဟုတ်လား။ နေရာတစ်ခုမှာနေဖို့ကအဲ့လောက်ခက်လား။
ထိုအရာတွေကြောင့် ကျန်းရွေ့ကဒါတွေကိုလုပ်ခဲ့ပြီး အခုဆိုရင်သူဟာဒီပြိုင်ပွဲစင်မြင့်ပေါ်တွင်သူနှင့်မျက်နှာချင်းဆိုင်ရပ်နေရတယ်မလား။
ဤ"ဘဝကဒီလိုဖြစ်သင့်တယ်"ဆိုသောအရာကို သူမယုံကြည်ပေ!
သို့သော် သူမယုံကြည်ရင်တောင်မှ ခွန်အားကနောက်ဆုံးအဆုံးသတ်ကိုရောက်လာပေရာ ဘယ်လမ်းကအမှန်ဖြစ်မည်နည်း။
ဤလောကကြီးထဲတွင် စစ်မှန်သောတရားမျှတမှုသာရှိလို့ရှိရင် အဘယ်ကြောင့်လူဆိုးတွေကိုစွမ်းအားရစေကာ သူရဲကောင်းတွေကိုဖုန်တက်စေရသနည်း။
နှစ်ပေါင်းများစွာကြာအောင် သူဟာဓားရေးကိုကြိုးစားပမ်းစားလေ့ကျင့်ကာ မိစ္ဆာများကိုသုတ်သင်ပြီး တောက်ဓမ္မပညာကိုကာကွယ်ကာ အခြားသူတို့၏ချီးကျူးလေးစားမှုများကိုလက်ခံခဲ့ရပေမဲ့ တစ်ခါတည်းအကုန်ပျောက်သွားသည်။
ဘာကြောင့်လဲ။
ဆုံးဖြတ်ချက်ပြတ်သားပြီး နောင်တမရှိတာကအမှားလား။
နှလုံးသားထဲမှာကြင်နာမှုရှိတာမှားလား။
သူသာဘာမှမမှားလို့ရှိရင် သူ့ဆွေမျိုးများကခွဲခွာသွားကာ သူဟာလည်းဒီလိုအခြေအနေမျိုးထဲဘာလို့ကျရောက်သွားလိမ့်မည်နည်း။
ဟုတ်တာပေါ့၊ သူမုန်းသည်၊ သို့သော် ဤအမုန်းတရားဟာသူ၏ကျရှုံးမှုကြောင့်ဖြစ်ပေါ်လာရခြင်းပင်။ သူလုံးဝရင်မဆိုင်ရဲခဲ့သည်မှာ ၎င်းဟာဆုံးရှုံးမှုဟုဆိုလိုကြောင်းဝန်ခံနေသည့်နှယ်။
သူမှတ်မိပါသေးသည်၊ ဓားစကိုင်သည့်အချိန်တုန်းက သူဟာလူငယ်တစ်ဦး၊ ကောင်းကင်ဘုံ၏ဂုဏ်ယူရသောသားတော်တစ်ပါးဖြစ်ကာ စိတ်ဓာတ်တက်ကြွပြီး အနာဂတ်ကိုစဥ်းစားရင်းဖြင့် သူဟာမိုင်ပေါင်းများစွာကိုခရီးထွက်ကာ လောကကြီးထဲတွင်လွှမ်းမိုးနိုင်စွမ်းရှိလာလိမ့်မည်။
ပါရမီစွမ်းရည်ကားကံကြမ္မာ၏အလျို့ဝှက်ဆုံးသောလက်ဆောင်တစ်ခုသာဖြစ်သည်ကိုလူတိုင်းသိကြသည်။ ပါရမီစွမ်းရည်အပြီးတွင် စမ်းသပ်မှုနှင့်ဒုက္ခပြဿနာများရှိနေဆဲဖြစ်ကာ နှလုံးသားမှာအေးစက်ကာ ရဲတင်းလာပြီး နက်ရှိုင်းစွာချစ်တတ်လာသည်။
ဓား၏နှလုံးသားကား သံမဏိအဖြစ်သန့်စင်၍ရနိုင်သည်ပင်။
တမဟုတ်ချင်းပင်၊ ရှုလင်ကျားသည်မှာအရိုင်းဆန်မှုကိုဖြတ်၍တိုက်ခတ်လာသောလေပြင်း၏အသံကိုကြားလိုက်ရပုံပေါ်ကာ ထိုအသံထဲတွင်မရေတွက်နိုင်သည့်တီးတိုးပြောသံများရှိနေပြီး သီချင်းဆိုကာငိုယိုကာဖြင့် ဟိန်းဟောက်ကာရယ်မောလျက်ရှိသည်။
ယင်းကား နန်ဇီတောင်ထွတ်ထဲတွင် နှစ်ထောင်ပေါင်းများစွာကျန်ရစ်ခဲ့သည့်ဓားဝိညာဥ်၏နှလုံးသားအသံဖြစ်သည်။
သူ့ရင်ထဲတွင်မာကျောသောတစ်စုံတစ်ရာရှိနေပြီး ၎င်းမှာဒီရေ၏ရိုက်ခတ်မှုအောက်ရှိသဲရဲတိုက်ပမာတစစီပြိုကွဲသွားသည်။
သိခြင်း၊ မိမိကိုယ်ကိုသိခြင်း၊ သံယောဇဥ်ကိုမေ့ဖျောက်ခြင်းနှင့် မရှိခြင်း၊ ဓားထဲတွင်အကြောက်တရားမရှိဘဲချစ်ခြင်းမေတ္တာနှင့်နှလုံးသား၏ထိုက်တန်မှုတို့ရှိနိုင်သည်။
လေပြင်းမှာပိုမိုခက်ထန်လာပြီး ကျန်းရွေ့၏ဓားဖျားသူ့ခန္ဓာကိုယ်ထံရောက်နေပြီးဖြစ်ကာ ဓား၏အဓိပ္ပါယ်ကား ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၏ပိုက်ကွန်ပမာ၊ အသက်ဓာတ်မရှိတော့ပေ။ ကျန်းရွေ့ကအောင်မြင်ချင်ပြီး ဓားကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လျက် ရှိသမျှခွန်အားအကုန်လုံးသုံးကာ ရှုလင်ကျားကိုထိုးစိုက်လိုက်သည်။
သူသည်ရှုလင်ကျားအားသတ်လိုက်ခြင်း၏နောက်ဆက်တွဲအကျိုးဆက်ကိုမစဥ်းစားတော့ပေ၊ အဘယ်ကြောင့်ဆိုသော် ရှုလင်ကျားသေသွားသည်နှင့် မည်သူကမျှသူလက်ရှိပိုင်ဆိုင်ထားသည့်အရာရာတိုင်းကိုမလုယူသွားနိုင်ပေ။ ရှုလင်ကျား၏ကံကြမ္မာ၊ ပါရမီစွမ်းရည်နှင့်ဂုဏ်ကျက်သရေအားလုံးကသူ့အပိုင်ပင်။ ဘယ်သူကမှသူ့ကိုနည်းနည်းလေးတောင်အပြစ်တင်လို့မရနိုင်!
ကျင်းဖေးထုန်တုံ့ဆိုင်းသွားမိသည်၊ အကြောင်းမှာသူဝင်ကူညီလိုက်သည်နှင့် ၎င်းဟာရှုလင်ကျား၏အရှုံးကိုကိုယ်စားပြုသွားလိမ့်မည်ပင်။
သို့သော် ဒီတစ်ခေါက်တွင် အခြေအနေမှာသေရေးရှင်ရေးဖြစ်နေပေရာ သူသည်းညည်းမခံနိုင်တော့ပေ။
ထိုအခိုက် အပြာရှောင်အလင်းကရုတ်ခြည်းမြောက်တက်လာကာ ရှုလင်ကျားကမြေပြင်ပေါ်လဲလျောင်းလျက်သားဖြင့် သူ့ဓားကိုမြှောက်၍ ကျန်းရွေ့၏ဓားကိုပင်လေထဲမှာအတင်းဟန့်ထားလိုက်သည်။
ကျန်းရွေ့၏အပြုံးမှာမဖြစ်လာသေးဘဲ သူ့နှုတ်ခမ်းထက်တွင်တောင့်ခဲသွားရသည်။
နှစ်ဦးအနက်တစ်ဦးဟာ ဆယ်ပေထက်ပိုစွာတဟုန်ထိုးပြေးလာပြီး လေထဲတည့်တည့်ခုန်ဆင်းသွားကာ လက်နှစ်ဖက်ဖြင့်ဓားကိုဆုပ်ကိုင်ထားစဥ် အခြားတစ်ဦးကလှဲလျက်သားဖြင့် ဓားမြှောက်ကာဟန့်တားလာပြီး ဒဏ်ရာဟောင်းပြန်ဖြစ်လာရာ မည်သူ့တွင်အခွင့်ကောင်းပိုများမှန်း အကြည့်တစ်ချက်တည်းဖြင့်ရှင်းလင်းနေပေသည်။
ဒီတစ်ခေါက်ရှုလင်ကျား၏ခံနိုင်ရည်မှာ ကားတစ်စီးကိုလက်မောင်းတစ်ဖက်ဖြင့်တားဆီးလိုက်ခြင်းနှင့်ညီမျှသည်။
သို့သော် လူတိုင်းစိတ်ပူစွာကြည့်နေရင်းဖြင့် ရှုလင်ကျားဟာမြေပြင်ပေါ်တွင်လက်တစ်ဖက်ဖြင့်ထောက်၍ သူ့ကိုယ်သူထောက်မကာ နောက်တစ်ဖက်ကဓားကိုကိုင်ထားသည်။ သူ့လက်အနောက်ရှိသွေးကြောများမှာပေါက်ထွက်မတတ်ထောင်နေပြီး သူဟာကျန်းရွေ့၏ဓားကိုတစ်လက်မချင်းစီပြန်ပင်ကိုင်လိုက်သေးသည်။
နှစ်ဦးကြားရှိပြိုင်ပွဲအတွင်းတွင် ဓားဖျားကရွှေရောင်အလင်းတန်းကိုပွတ်တိုက်သွားကာ ကျန်းရွေ့၏လွှမ်းခြုံနေသည့်ဓားစွမ်းအင်ကပတ်ပတ်လည်တွင်ပျောက်ကွယ်သွားစဥ် ရှုလင်ကျား၏ဓားမှာပိုမိုစူးရှတောက်ပလာပေသည်။
ရုတ်ခြည်းပင် ဓားသံတဝီဝီမြည်လာကာ ကျန်းရွေ့ဓားမှာရှုလင်ကျား၏ပစ်ထုတ်ခြင်းခံလိုက်ရပြီး ကျန်းရွေ့ထိတ်လန့်တကြားဖြူဖျော့သွားကာ ရုတ်တရက်နောက်ဆုတ်မိသည်!
သူ့ကိုယ်ပေါ်ရှိဖိအားရုတ်ခြည်းပေါ့ပါးသွားသည်ကိုသာရှုလင်ကျားခံစားမိလိုက်ပြီး မြေပြင်ပေါ်လက်ထောက်ကာ အပေါ်ပျံသန်းသွားလိုက်သည်။
သူသည်ကိုယ်ပေါ်ရှိဒဏ်ရာများကိုလုံးဝမေ့ထားကာ ရှိသမျှအားအင်တို့ဖြင့်လှုပ်ရှားမှုတစ်ကွက်လုပ်လိုက်ရာ သူ့လက်ထဲရှိဓားရှည်မှာဆောင်းဦးရေပမာ ကောင်းကင်တစ်ခြမ်းကိုမီးကဲ့သို့လွှဲခုတ်သွားသည်။
လေပြင်းတဝှီးဝှီးမြည်လာကာ ဓားပေါ်ရှိအစစ်အမှန်အနှစ်သာရမှာ ကျောချမ်းဖွယ်ကောင်းစွာအပြင်ဘက်ပျံ့သွားပြီး မြူခိုးကလေထဲတွင်ကြီးမားသောဓားအသွင်ဖြစ်သွားသည်။
ကျန်းရွေ့၏ရင်ဘတ်မှာလေးလံသောတူကဲ့သို့ခံစားနေရပြီး သူအလျင်စလိုနောက်ဆုတ်ကာ သွေးတစ်လုတ်ပင်အန်လိုက်မိသည်။
သူ့ရင်ဘတ်ကိုကာဖို့ သူ့လက်ကိုမြှောက်ရန်ပြင်လိုက်သည်နှင့် သူ့ရင်ထဲတွင်သတိပေးခေါင်းလောင်းရုတ်တရက်မြည်လာကာ သူရုတ်ခြည်းနောက်လှည့်၍ သူ့လက်ထဲရှိဓားရှည်ကိုအရှေ့တိုးလိုက်သည်။ အဟုတ်ပင်၊ ရှုလင်ကျားကသူ့နောက်တွင်တစ္ဆေတစ်ကောင်ပမာရှောင်လိုက်သည်ကိုသူမြင်လိုက်ရသည်။
ကျန်းရွေ့ခပ်မြန်မြန်ခုခံလိုက်ရသည်။
ခုနက ကျန်းရွေ့ဟာပြိုင်ပွဲကိုအသာစီးရနေပေမဲ့ ထို့နောက်ရှုလင်ကျားကတန်ပြန်တိုက်စစ်ဆင်ရာတွင်အောင်မြင်သွားကာ အရှိန်ပြန်ရလာသည်။ သူ၏တစ်ခုတည်းသောအားသာချက်မှာမသိသာတော့ပေ။
ဒါမဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ်ပြီးဒီလိုဖြစ်နိုင်မှာလဲ။
အခုဆိုရင်ကျန်းရွေ့၏လုပ်ဆောင်ချက်ကပုံမှန်ဖြစ်နေပြီး သူလုယူထားသည့်ကံကြမ္မာကသူနှင့်အတူရှိနေဆဲဟုညွှန်ပြနေသည်မို့ ရှုလင်ကျားကိုယ်ပေါ်ကဒဏ်ရာမှာသိပ်မကောင်းပေရာ သူ၏စိတ်ဝိညာဥ်စွမ်းအားကိုအများအပြားသုံး၍မရသေးသည်မှာခိုင်လုံမှုရှိသည်။ ဒီလိုဓားရေးကရော?
ရှုလင်ကျားအသုံးပြုသည့်အရာကိုကျန်းရွေ့နားမလည်သည်မို့ သူထိတ်လန့်သွားကာ ချက်ချင်းကြောက်ရွံ့သွားရသည်။
ဒီအချိန်တွင်သူ့တွင်စဥ်းစားဖို့အချိန်သိပ်အများကြီးမရှိ၊ သူ့ခြေဖဝါးကိုခပ်မြန်မြန်အနောက်ဆုတ်လိုက်သည်။ ရှုလင်ကျား၏တိုက်ခိုက်ချက်ကိုရှောင်လွှဲရင်း ပုတီးစေ့ဝိညာဥ်ကိုအလျင်စလိုပြောမိသည်။
"ဘာတွေဖြစ်နေတာလဲ။ သူ့ဓားကိုဖိနှိပ်ဖို့ကျွန်တော့်ကိုကူညီပေးအုံး၊ မဟုတ်ရင်ကျွန်တော်ရှင်းနိုင်မှာမဟုတ်ဘူး။"
သို့သော် ပုတီးစေ့ထဲရှိဝိညာဥ်ကလည်းမသေချာမှုနှင့်ထိတ်လန့်မှုအရိပ်အယောင်ကိုဖော်ပြကာပြောလာသည်။
"ဘာဖြစ်သွားတာလဲ။ မင်းသူ့ကိုထိခိုက်အောင်လုပ်လိုက်တယ်မလား။ သူဘာလို့မတ်တပ်ပြန်ရပ်နိုင်တာလဲ။"
ကျန်းရွေ့မှာဒေါသအရမ်းထွက်လွန်းလို့ ဆဲမိလုမတတ်ဖြစ်သွားရသည်။
"ကျွန်တော်မေးရမှာကို ခင်ဗျားကပြန်မေးနေတာလား။ မြန်မြန်လုပ်လေ!"
ဒီတစ်ခေါက်ပုတီးစေ့ဝိညာဥ်က သူ၏ရိုင်းပြမှုကိုရှားရှားပါးပါးလျစ်လျူရှုလိုက်ပြီး အလင်းတန်းတစ်တန်းပေါက်ထွက်လာကာ ကျန်းရွေ့၏ဓားပေါ်တွင်စုဝေးသွားသည်။
Advertisement
သူ၏ဓားစွမ်းအင်တက်ကြွလာသည်ကို ကျန်းရွေ့ခံစားမိလိုက်ပြီး ရှုလင်ကျားဟာလည်းသူ့အနားချဥ်းကပ်လာပြီဖြစ်သည်။
ရှုလင်ကျားလှည့်ကာရှောင်လိုက်ပြီး ဓားရှည်ကသူ့ရှေ့တွင်စက်ဝန်းပြတ်သဏ္ဍန်ဖြတ်သွားကာ ခြေရာချန်ရစ်ခဲ့သည်၊ ၎င်းဟာ"လရောင်အောက်ရှိပန်းပွင့်များ"တိုက်ကွက်ဖြစ်သည်။
ဤအခိုက်အတန့်မှသာလျှင် စိတ်ဝိညာဥ်စွမ်းအား၏တည်ငြိမ်သောစီးကြောင်းဟာ ရှုလင်ကျား၏ချီသွေးကြောထံမှစီးဆင်းလာခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်လေထုထဲမှစီးဆင်းလာကာ သူ့ဓားစွမ်းအင်ထဲပေါင်းဆုံသွားသည်။
ဓားထဲတွင် ညအရိပ်ကြားရှိအလင်းနှင့်အမှောင်ပြောင်းလဲမှုများ၊ တောင်တန်းနှင့်ရေစီးကြောင်းတို့၏တဟုန်ထိုးစီးဆင်းမှု၊ လေထဲရှိပန်းပွင့်နှင့်သစ်ရွက်တို့၏လှုပ်ခါမှု၊ ဂူထဲရှိတိရစ္ဆာန်ငယ်လေးတို့၏ခပ်ဖွဖွအိပ်ပျော်နေသံတို့ရှိသည်...
လောကကြီးထဲရှိအရာရာတိုင်းတွင်ခံစားချက်များရှိပေရာ လူတစ်ယောက်၏ခွန်အားကဘယ်လိုလုပ်ပျက်ဆီးသွားနိုင်မည်နည်း။
ကျန်းရွေ့ရင်ထဲတွင်ပြာယာခတ်လျက်ရှိပြီး သူ့မှာထိုအကြောင်းစဥ်းစားဖို့အချိန်မရှိပေ။ သူဟာ"ထျန်းကွမ်ယွင်ရင်း"တိုက်ကွက်ဖြင့်တုံ့ပြန်လိုက်သည်၊ သို့သော် ဓားနှစ်လက်ထိခတ်သွားတော့မည့်အချိန်တွင် ရှုလင်ကျား၏ဓားဖျားကမသိမသာမြောက်တက်သွားသည်။
ကျန်းရွေ့ရုတ်ခြည်းတောင့်ခဲသွားရကာ "မကောင်းတော့ဘူး"ဟုလွှတ်ခနဲပြောမိသည်။
ယင်းကားချိုးရွှေရှန်ယွဲ့မဟုတ်ပေ၊ ယင်းကား ဝမ်ထျန်းဖြစ်သည်ပင်!
(*ဝမ်ထျန်း = ကောင်းကင်ဘုံကိုမေးမြန်းခြင်း။)
လွန်ခဲ့သောနှစ်နှစ် ရှုလင်ကျားဒဏ်ရာအပြင်းအထန်ရသွားတုန်းက ကောင်းကင်ဘုံကိုလောင်ကျွမ်းစေခြင်းသိုင်းကျင့်စဥ်ထဲရှိနောက်ဆုံးတိုက်ကွက်"ဝမ်ထျန်း"ကိုမလေ့ကျင့်ရသေးပေ။ ကျန်းရွေ့ကထိုတိုက်ကွက်ကိုသုံးရန်ကြိုးစားခဲ့ပေမဲ့ အလယ်တွင်နှောင့်ယှက်ခံလိုက်ရသည်။ ဤတစ်ကြိမ်၌ အရင်တိုက်ကွက်နှစ်ခုနှင့်ကွာခြားမှုမရှိပေ။ ရှုလင်ကျားကထိုတိုက်ကွက်ကိုထုတ်သုံးဖို့တကယ်ကြီးရွေးချယ်လိုက်သည်!
ဓားချီစွမ်းအင်အပြည့်အဝမဖြစ်လာခင် သူ့လက်ကောက်ဝတ်ပေါ်ကပုတီးစေ့များအက်ကွဲသွားသည့်အသံကို ကျန်းရွေ့ခပ်ဖျော့ဖျော့ကြားလိုက်ရသည်။ ကျန်းရွေ့ခြောက်ခြားသွားကာ စိတ်ထဲတွင်အလျင်စလိုခေါ်မိသည်။
"ချန်ပေ့? ချန်ပေ့?"
ပြတ်တောင်းပြတ်တောင်းအသံများရှိနေပေမဲ့ အလွန်တိုးလျကာဝိုးတိုးဝါးဖြစ်နေ သည်မို့ ဘာပြောလဲကြားရဖို့ရာမဖြစ်နိုင်ပေ။
ထို့နောက်ချက်ချင်းပင်၊ ပုတီးစေ့လက်ကောက်တစ်ခုလုံးပေါ်ရှိအလင်းရောင်အကုန်လုံးမှိန်ဖျော့သွားကာ ပုတီးစေ့အက်ကွဲသွားပြီး မြေပြင်ပေါ်ပျက်ကျသွားသည်။
ပုတီးစေ့ဝိညာဥ်ပင်ဒီတိုက်ကွက်ကိုတားဖို့ရာသူ့ကိုကူညီမပေးနိုင်!
ဤကြောက်မက်ဖွယ်ရာအချက်ကိုသဘောပေါက်သွားပြီးနောက် ကျန်းရွေ့ခြောက်ခြားသွားရကာ ရှုလင်ကျားနှင့်ဆက်မတိုက်ရဲတော့ဘဲ အနောက်လှည့်ကာပြေးမိသည်။
သူထိုသို့ပြုမူခြင်းကိုမြင်လိုက်ရရာ လူအုပ်ထဲရှိလူအချို့မှာမနေနိုင်ဘဲအော်ဟစ်မိကြသည်။
ရှုံးခြင်းကားရှက်စရာမဟုတ်ပေမဲ့ ကျန်းရွေ့ဟာထိုအခိုက်အတန့်တွင်မည်မျှနစ်နာကြောင်းမပြသခဲ့ပေ။ ရှုလင်ကျားစတိုက်သည်ကိုမြင်လိုက်ရချိန်တွင် သူကားထိတ်လန့်ကာပြေးသွားသည်မှာ တကယ့်ကိုအရုပ်ဆိုးလှသည်။
ကျန်းရွေ့ဘာကိုမှဂရုမစိုက်ဘဲ သူ့အနောက်ကိုအဆောင်၃ရွက်တစ်ဆက်တည်းပစ်ကာ တစ်ချိန်တည်းမှာပင် သူ့ခေါင်းကိုအနောက်မလှည့်ရဲဘဲအော်ပြောလိုက်သည်။
"ရှစ်ရှုန်း! ကျေးဇူးပြုပြီးညှာတာထောက်ထားပေးပါဗျ၊ ကျွန်တော်အရှုံးကိုဝန်ခံပါတယ်!"
ရှုလင်ကျားမှာသူ့ကိုစကားတစ်လုံးပင်မပြောချင်ပေ။ အပြာရောင်အလင်းဖျတ်ခနဲလက်သွားကာ ကြီးမားသောဓားအရိပ်ကလွင့်မျောနေသည့်တိမ်တိုက်ထောင်ပေါင်းများစွာကိုထိုးဖောက်၍ လေထဲမှထိုးဆင်းလာသည်။
ဓားတဝီဝီမြည်သံကားကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးအကြားတွင်ဝေ့ဝဲသွားပုံမှာ ကံကြမ္မာနှင့်ပြန်လည်ဝင်စားခြင်း၏မတည်မြဲခြင်းကိုကျယ်လောင်စွာမေးမြန်းနေသည့်အလား။
ကျန်းရွေ့ကဓားတစ်လက်ကိုင်လျက်ပြေးနေပြီး တစ်လမ်းလုံးချွေးများတဒီးဒီးကျနေပေမဲ့ ရှုလင်ကျား၏ပုံရိပ်ကားဓားဖျားမှစီးဆင်းလာသည့်ကြည်လင်သောအလင်းတန်းထဲသို့ပေါင်းဆုံသွားပုံရကာ အံ့သြစရာကောင်းလောက်အောင်လျင်မြန်လျက်ရှိသည်။
သူ့အနောက်တွင်အငွေ့နှင့်တိမ်တိုက်တို့၏လမ်းကြောင်းရှိသည်။ ဓားစွမ်းအင်ကားဘယ်ကမှန်းမသိထွက်ပေါ်လာပြီး ရေခဲအက်ကွဲစေသည့်နွေဦးပမာ အညှောက်သစ်များကမြေကြီးထဲမှဖောက်ထွက်လာကာ မိုးကောင်းကင်ပေါ်ဆန့်တက်၍ တောင်တန်းများကပြန်ပေါင်းဆုံသင့်ပေသည်။
ချက်ချင်းပင်၊ နန်ဇီတောင်ထွတ်၏အမြင့်ဆုံးထိပ်ဖျားမှ ကျယ်လောင်သောဆူညံသံထွက်ပေါ်လာကာ ကျောက်တုံးဂိတ်ဝအက်ကွဲသွားပြီး ညမှာတင့်တယ်မှုတို့ဖြင့်ပြည့်နှက်သွားသည်!
ကျန်းရွေ့မှာပြေးနေရင်းဖြင့် ခုခံဖို့ပင်အချိန်မရှိလိုက်သည်မို့ ပြိုင်ပွဲစင်မြင့်ပေါ်မှကန်ထုတ်ခံလိုက်ရကာ ပြိုင်ပွဲကွင်းပြင်၏အပြင်ဘက်သို့တိုက်ရိုက်ကျသွားသည်။
သို့သော် တစ်အောင့်ကြာအောင် မည်သူကမျှသူ့ကိုအရေးမစိုက်ကြပေ။
ရှုလင်ကျားကဓားကိုင်လျက်သားဖြင့် ခေါင်းလှည့်ကြည့်သည်။ ထို့နောက်မှသာလျှင် နှစ်ရာချီကြာပိတ်ထားသည့်နန်ဇီတောင်ထွတ်ထိပ်ရှိလျို့ဝှက်ဂူဟာ သူ့ဓားကြောင့်အလိုအလျောက်ပွင့်လာသည်ကို သူသဘောပေါက်သွားသည်။
ကောင်းကင်ဘုံကိုမေးမြန်းလိုက်သည်နှင့် နောက်ဆုံးတွင်အဖြေတစ်ခုရလာမည်ပင်။
ဓားစမ်းသပ်ရေးညီလာခံပြီးဆုံးသွား၏။
ကျန်းရွေ့မှာနောက်ဆုံးတွင် ရှုလင်ကျားဓားကြောင့်စင်မြင့်ပေါ်မှကန်ထုတ်ခံလိုက်ရကာ သူ့အတွက်မကောင်းသောအရာမဟုတ်ပေ။
ဤအခြင်းအရာကြောင့် ရှုလင်ကျားအတွက်လူအုပ်နောက်လိုက်ကာသူ့ကိုသတ်ရန်မလွယ်တော့ပေ။ သို့သော် သူနောက်လာမည့်ရိုက်ချက်များထံမှလွတ်မြောက်အောင်လုပ်ရမည်။
သို့သော်လည်း လက်ကောက်ပေါ်ကပုတီးစေ့တစ်ဝက်မျှကွဲသွားကာ ကျန်းရွေ့၏လက်ကောက်ဝတ်ပေါ်မှလျှောကျသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ့ဝိညာဥ်လွင့်သွားသည့်အလား ကျန်းရွေ့ခံစားလိုက်ရသည်မှာ သူ့ကိုယ်ထဲရှိစွမ်းအားတစ်မျိုးကသူ့ကိုထားသွားတော့မည့်အလား။
သူအလွန်အမင်းကြောက်လန့်သွားရကာ သူ့မျက်လုံးများမှာသွေးချင်းနီရဲလျက်ရှိသည်။ သူမတ်တပ်ပင်ထမရပ်နိုင်ဘဲ မြေပြင်ပေါ်တွင်လိုက်စမ်းကာ ပြုတ်ကျသွားသည့်ပုတီးစေ့လက်ကောက်ကိုရှာနေမိသည်။
သူကောက်မလို့ပြင်လိုက်ချိန်တွင် လက်တစ်ဖက်ကသူ့ဘေးတွင်ဆန့်လာကာ သူ့လက်ချောင်းထိပ်နှင့်ထိသွားသည်။
ချက်ချင်းပင်၊ ထိုလက်ကကျန်းရွေ့၏ပုတီးစေ့လက်ကောက်ကိုကောက်ကာ သူ့ကိုကမ်းပေးလာသည်။ တစ်ချိန်တည်း၌ သူ့ကိုဆွဲထူကာ သတိရှိရှိမေးလာသည်။
"ကျန်းသခင်လေး၊ အဆင်ပြေရဲ့လားဗျ။"
ကျန်းရွေ့၏နားမှာတဝီဝီမြည်နေပြီး သူ့ကိုတစ်ယောက်ယောက်စကားပြောသည်ကိုတစ်အောင့်မျှမကြားရပေ။ သူ့လက်များကိုအလျင်စလိုစုကာ သူ့လက်ကောက်ဝတ်ပေါ်တွင်ပုတီးစေ့လက်ကောက်ကိုဝတ်လိုက်သည်။ ထို့နောက်မှသာလျှင် သူမတ်မတ်ထိုင်ကာမော့ကြည့်လိုက်သည်။
ထို့နောက်သူတောင့်ခဲသွားရသည်။
နှင်းထဲရှိဒီအကူအညီကြောင့် သူ့ကိုလက်ဦးမှုရယူကာလာကူညီပေးသည့်လူမှာ မင်ရှောင်းဖြစ်နေပေသည်။
သို့သော် ဒီတစ်ခေါက်တွင် မင်ရှောင်း၏မျက်နှာထားမှာ အရင်ကကျန်းရွေ့ကြိမ်ဖန်များစွာမြင်ဖူးသည်နှင့်အနည်းငယ်ကွဲပြားလျက်ရှိသည်။ အသံထဲတွင်စိုးရိမ်ပူပင်မှုရှိနေပြီး သူကြည့်လိုက်မိချိန်တွင်အနည်းငယ်လန့်သွားရသည်။
သူကဆိုသည်။
"ကျွန်တော်ဘာလုပ်ပေးရမလဲ။ ခင်ဗျားကိုကြည့်ရတာဒဏ်ရာအပြင်းအထန်ရထားပုံမပေါ်ဘူး။ အို့၊ ဒီမှာဘာဆေးမှမရှိ..."
မင်ရှောင်းစကားပြောလို့မပြီးသေးခင် ပန်းရောင်ဝတ်ရုံနှင့်မိန်းကလေးတစ်ယောက်က ရှင်းဇုန်၏လက်စွဲဓားကိုင်ထားကာရောက်လာသည်၊ ၎င်းမှာမုန့်ရှန်ဖြစ်သည်။
မင်ရှောင်းကကျန်းရွေ့ကိုစကားပြောနေသည်ကိုမြင်လိုက်ရရာ သူမကချက်ချင်းနှုတ်ခမ်းဆူ၍ မင်ရှောင်းလက်မောင်းကိုဆွဲကာ သူ့ကိုသူမဘက်လှမ်းဆွဲ၍ မပျော်မရွှင်ပြောလာသည်။
"ရှင်ဘာလို့ကိုယ့်ဂိုဏ်းကလူကိုဒုက္ခပေးတဲ့ဒီလိုလူဆိုးလူမိုက်ကိုအရေးစိုက်နေတာလဲ။ သူကရှုရှစ်ရှုန်းကိုနာကျင်အောင်လုပ်ခဲ့တာ၊ ရှုရှစ်ရှုန်းကကျွန်မတို့ကိုကူညီပေးခဲ့တာမို့ ကျွန််မတို့သူ့ဘက်ကရပ်တည်ရမယ်လေ! ကျွန်မနဲ့လိုက်ခဲ့။"
မင်ရှောင်းပြောမိသည်။
"အားရှန်ရ၊ ဘာပဲဖြစ်ဖြစ် သူကဒဏ်ရာရထားတာကို..."
မုန့်ရှန်ကျစ်ခနဲစုတ်သပ်ကာပြောလိုက်သည်။
"ဘယ်သူမှမထိခိုက်ဖူးတာကျနေတာပဲ၊ သွားမယ်!"
မင်ရှောင်းမှာသူမကိုလုံးဝမခုခံနိုင်သည်မို့ သူမဆွဲခေါ်သွားတာခံလိုက်ရပေမဲ့ ကျန်းရွေ့ကိုပြန်လှည့်ကြည့်မို့မမေ့ဘဲ တောင်းတောင်းပန်ပန်ပြုံးပြမိသည်။
မင်ရှောင်းသည်ရှင်းဇုန်ဘက်သို့ မုန့်ရှန်၏ဆက်တိုက်ဆွဲခေါ်သွားခြင်းခံခဲ့ရကာ သူမကသူ့ကိုအတင်းထိုင်ခိုင်းကာ ပြောလာသည်။
"ရှင်ကနေကောင်းသေးတာမဟုတ်ဘူး၊ ဟိုဟိုဒီဒီလျှောက်ပြေးမနေနဲ့။ အထူးသဖြင့် အဲ့ဒီ့ကျန်းရွေ့ဆိုတဲ့တစ်ယောက်နဲ့ဝေးဝေးနေ၊ သူကအရမ်းကောက်ကျစ်တယ်။"
သူမပြောလို့ပြီးသွားသော် မင်ရှောင်းတစ်ယောက်ခေါင်းငုံ့ကာ သူ့လက်များကိုလိမ်နေရင်း သူ့မျက်နှာထက်တွင်သူ၏ပုံမှန်သွင်ပြင်နှင့်အနည်းငယ်မအပ်စပ်သည့်အပြုံးတစ်ပွင့်ရှိနေသည်ကိုမြင်လိုက်ရရာ သူမမနေနိုင်ဘဲသူ့ကိုတွန်းကာမေးမိသည်။
"ဟေ့၊ ရှင်ဘာဖြစ်နေတာလဲ။ ဘာတွေစဥ်းစားနေတာလဲ။"
ထိုအခါမှသာလျှင် မင်ရှောင်းအသိစိတ်ပြန်ဝင်လာပြီး သူ့လက်များကိုအောက်ချကာပြောမိသည်။
"ဘာမှမဟုတ်ပါဘူး။ ဒီအချိန်အတောအတွင်းမှာ ကိုယ်နဲ့အားရှန်နဲ့ ကျမ်းစာကူးရေးဖို့ ရှစ်စွင်းအပြစ်ပေးတာခံခဲ့ရတာကိုစဥ်းစားနေတာ။ ရှုသခင်လေးနဲ့ဟောခန်းမအရှင်ကျင်းက ကိုယ့်ကိုအရင်ကကယ်ခဲ့ဖူးပေမဲ့ အခုတော့နာကျည်းမှုတွေပြည့်နေပြီး ကြီးမားတဲ့လုပ်ရပ်ကိုလုပ်ခဲ့တဲ့ကျန်းရွေ့ကိုကိုယ်မြင်လိုက်ရတယ်။"
မုန့်ရှန်မျက်နှာမသိမသာနီသွားကာ သူမပြောမိသည်။
"ကျွန်မအဲ့အချိန်တုန်းကလုပ်နိုင်တာရှိလို့လား။ ကျွန်မကိုကူညီမဲ့သူ့ကိုတကယ်ရှာမရခဲ့ဘူးလေ။ ပြီးတော့ သူတို့အစွမ်းအစကိုကျွန်မသိတယ်၊ သူတို့ရှင့်ကိုမကယ်နိုင်ရင်တောင်မှ သူတို့အန္တရာယ်ဖြစ်မှာမဟုတ်ဘူး။ ကျန်းရွေ့ကသူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုကြောင့် သူများတွေကိုထိခိုက်စေခဲ့တာလေ၊ တူမလား။ ပြီးတော့ ကျွန်မကိုယ်ကျွန်မပြောင်းလဲလိုက်ပြီးပြီ!"
မင်ရှောင်းကဆိုသည်။
"စိတ်မပျက်ပါနဲ့၊ ကိုယ်ကနောက်နေတာပါကွာ။ မင်းကိုယ့်အတွက်လုပ်ခဲ့မှန်းကိုယ်သိတာမို့ ကိုယ်မင်းကိုအပြစ်မတင်ပါဘူး။"
သူသည်ခုနကလားရာကိုတစ်ချက်စိုက်ကြည့်ကာ သက်ပြင်းအသာချမိ၏။
"ဒါပေမဲ့ ကျန်းရွေ့၊ သူပင်ပန်းနေပြီ။"
မုန့်ရှန်ကပြောလာသည်။
"မလုံလောက်သေးဘူး၊ သူရှုံးသွားရင်တောင်မှ သူကဓားစမ်းသပ်ရေးညီလာခံမှာဒုတိယဖြစ်နေတုန်းပဲ။ ဒီလောက်ကြီးမားတဲ့မှတ်တမ်းက ကမ္ဘာတစ်ဝှမ်းလုံးမှာကျော်ကြားလာဖို့လုံလောက်တယ်။ ရှင်မမောသေးဘူးလား။"
မင်ရှောင်းပြောမိသည်။
"အာ၊ ကိုယ်ဆိုလိုတာက၊ ရှုသခင်လေးနဲ့ကျန်းသခင်လေးတို့နှစ်ယောက်လုံးက လင်ရှောင်းဂိုဏ်းကပဲလေ။ ကျန်းသခင်လေးဆက်ခံသူအနေနဲ့ပေါ်လာတာ၊ ခပ်ဆိုးဆိုးပြောရရင် လူစားထိုးအနေနဲ့ပေါ့ကွာ။ သူဘယ်သူ့ကိုမဆိုရှုံးလို့ရပေမဲ့ ရှုသခင်လေးကိုတော့မရဘူး။ အဲ့ဒါကတကယ်မကောင်းလောက်ဘူး။"
ဒီတစ်ခေါက်ဓားစမ်းသပ်ရေးညီလာခံကအဆုံးသတ်ကိုရောက်လာပြီး အံ့သြစရာအကောင်းဆုံးပြိုင်ပွဲဟာလည်း နောက်ဆုံးဗိုလ်လုပွဲဖြစ်ပေသည်။
ရှုလင်ကျားကဓားတစ်လက်ဖြင့်ကောင်းကင်ကိုမေးမြန်းခဲ့ပြီး ဓားစွမ်းအင်ဟာ နှစ်ရာချီပိတ်နေခဲ့သည့်နန်ဇီတောင်ထွတ်ထိပ်ရှိလျိို့ဝှက်ဂူကို တကယ်ကြီးပြန်ပွင့်သွားစေသည်။
Advertisement
- In Serial37 Chapters
Cry of the Mer
Katherine Waters has several goals on her list. Graduate high school, get accepted into an advanced photography course, add another ten meters to her personal free-diving and deep-water diving records respectively. Waking up in the stark, sterile environment of an underground lab, part of a secret and illegal experiment definitely didn't make the list. Nor did discovering not only were mermaids not the stories of legends people thought they were, but advanced genetic manipulation had slotted her for an extreme physical transformation. Faced with an unknown future in captivity, forced to adjust to a new body and lifestyle completely alien to her, with only a psychologically damaged young Mer for company, Katie's life has taken a dramatic turn and she'd do anything to escape it, return home, and regain any sense of the normalcy she lost the moment she opened her eyes.
8 227 - In Serial6 Chapters
Cosmic Progenitor
The first in all existance the cosmic progenitor comes into existance. The progenitor must follow through creation and the thrilling experience that comes with it. Please Note: I do not upload frequently and majority of tags have not come into effect.
8 55 - In Serial14 Chapters
Witch Academy
Sometimes being in the right place at the wrong time will change your world. At least it does, for Alexis. In one night, her eyes are opened the unseen world around her and she finds herself delivered to an academy deep in the heart of England, an academy where young witches learn to control their power. Not only will she have to come to terms with a power she never knew she had, but she will find herself once again reliving the hell that was school. One thing soon becomes certain to her, no matter how powerful a witch she might be, there's nothing more dangerous than the school bullies, and as the young witches each vie for a coveted place in one of England's powerful Witches Covens, they can soon become deadly too.
8 189 - In Serial14 Chapters
The hidden truth
This Is a story about a girl who is from Arizona, but soon has to leave everything behind to go to some school in London. While in London she makes a shocking discovery about her family. What secrets have her parents be keeping from her?
8 172 - In Serial12 Chapters
Toshiro x reader one shot (Discontinued)
i don't have any to say in here but!!! ill wait for your requestwelp Toshiro fan girl time for you to imagine yourself with handsome Toshiro!!😄😄 just to say i don't own bleach!
8 94 - In Serial7 Chapters
Got7 Smuts
Got7 x Reader smutIt's oneshot's so enjoyWARNING: MATURE CONTENT AHEAD
8 87