《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-2
Advertisement
ဒါပေမဲ့ နောက်ဘဝက ဒီလောက်မြန်မြန်ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး။ အိပ်ချိန်လို့ ခံစားရပြီး မျက်လုံးပြန်ဖွင့်လာတော့ ဘဝကို ပြန်ရောက်လာတယ်။
လင်းဖေးလု သုံးစက္ကန့်လောက်အေးစက်တောင့်ခဲနေပြီး လက်မောင်းသေးသေးလေးကို မြှောက်ကြည့်ကာ ခဏကြည့်နေရင်း ပတ်ဝန်းကျင်ကို ကြည့်မိတယ်.
နန်းတော် အဝတ်အစား ပုံစံနဲ့ မိန်းမတစ်ယောက်ထိုင်နေ၏။ သူ့အသွင်အပြင်ကအရမ်းလှပတယ် ဒါပေမဲ့ မျက်နှာဖျော့တော့နေ၏။ ပန်းထိုးပိုးထည်ကိုဝတ်ဆင်ထား၏။
တိတ်တဆိတ်ခိုးကြောင်ခိုးဝှက်ဆက်ကြည့်နေရင်း နန်းတွင်းအမျိုးသမီး တံခါးကနေ လျှောက်လာတယ်။
"မယ်မယ် ဆေးယူလာပါတယ်"
ထိုအမျိုးသမီး မတ်တပ်ရပ်ပြီး " အင်ပါယာသမားတော် ကော?"
"ဒီနေ့ လီမိန် မွေးနေ့ပါ။ အင်ပါယာသမားတော် စောင့်ဆိုင်းဖို့ အမိန့်ကျတယ်။ဒီအစေခံ မင်းသမီးလေးအခြေအနေကို အင်ပါယာဆေးရုံမှာ သွားတင်ပြခဲ့တယ်။အင်ပါယာဆေးရုံက ဆေးညွန်းပေးလိုက်တယ်"
ထိုအမျိုးသမီး ပိုးထည်စကို တင်းကျပ်စွာ ကိုင်ထားရင်း မျက်နှာပေါ် ကံကြမ္မာကို ဝန်ခံလိုက်သည့်မျက်နှာနဲ့ "ရတယ်။ ဆေးသွားကြို ပြီးရင် စွတ်ပြုတ်လေး ပါ ယူခဲ့"
နန်းတွင်းအပျိုတော် အမိန့်အတိုင်းထွက်သွားတယ်။ ထိုအမျိုးသမီး လှည့်ကြည့်ပြီး အိပ်ရာပေါ် က အသေးလေး နိုးနေတာ မြင်တော့ သူမရဲ့နက်မှောင်နေသည့်မျက်ဝန်းကိုကြည့်ရင်း ဆုပ်ကိုင်ထားတဲ့ပိုးထည်ကို ချကာ ယိုင်ကျပြီး သူမကိုချီလိုက်သည်။
လင်းဖေးလု ပေါ့ပေါ့ပါးပါးနဲ့ ထိုအမျိုးသမီးခန္ဓာကိုယ်ထွက်တဲ့ သင်းပျံ့တဲ့ရနံ့ နှာခေါင်းထဲဝင်လာတယ်။ ခြောက်သွေ့သွေ့ခန္ဓာကိုယ်က ထိုအမျိုးသမီးလက်ထဲမှာရှိနေတာ တကယ်မဟုတ်သလိုပဲ။
"လိမ္မာနော် သမင်မလေး။ ဘယ်နေရာ မသက်မသာဖြစ်နေလား?"
လင်းဖေးလု နိုးလာတော့ ခေါင်းခါယမ်းတယ်။ ထိုအမျိုးသမီး သူမကိုပွေ့ဖက်ပြီး အပြင်ထွက်လမ်းလျှောက်တယ်။ နန်းတွင်းက အပျိုတော် ခြံဝန်းထဲ ချိုမြိန်တဲ့ osmanthus ပန်းပင်အောက် ပန်းပွင့်များကောက်နေကြတယ်။
ထိုအမျိုးသမီးက "သမင်မလေးအတွက် သက်သာတဲ့အချိန်ထိစောင့်။ဒီအမေက မင်းကြိုက်တဲ့အစားစာ လုပ်ပေးမယ်။ osmanthus ကိတ်ဆိုရင်ကော ဘယ်လိုလဲ? "
ထိုမြင်ကွင်းအတော်လေးကျယ်တယ်။ အနီရောင် နံရံနဲ့ အပြာရောင် ကြွေပြားများ ။ ခြံဝန်းထဲက ကျောက်စားပွဲ နဲ့ ချောက်ကမ်းပါးက အကွာအဝေးတစ်ခုမှာရှိတယ်။ ခြံဝန်းရှေ့ကျောက်တုံး ပုံစံ က အစိမ်းရောင်နဲ့ ကြာပန်းပုံစံ လလေးများနှင့်ကွေးတက်နေ၏။ ကျောက်တုံးစားပွဲ ၂ ခု သို့၃ ခုရှိပြီး ခြံဝန်းထဲ ခုံများလည်းရှိတယ်။ အရှေ့မြောက်အရပ်မှာ ရေကန်ကြီးရှိ၏။ အခန်းလေး ခန်းရှိပြီး သစ်ပင်များလည်းရှိသည်။ ခြံဝန်းက ခန်းနားမထည်ဝါပဲ အေးစက်နေပုံရတယ်။
လင်းဖေးလု ထိုအမျိုးသမီးကို လှည့်ကြည့်တယ်။ တည်ငြိမ်စွာမေးလိုက်တယ်။
"ဘာဖြစ်သွားတာလဲဟင်?"
ထိုအသံ နူးညံ့ပြီး ကလေးတစ်ယောက်အသံလို ညင်သာတယ်။
ထိုအမျိုးသမီး နွေးထွေးစွာပြုံးပြီး "လုအာ မနက်ကျတော့ လင်းရှင်းပွဲကြည့်စင်မှာ သွားကစားတယ်။ ရေထဲပြုတ်ကျပြီးအအေးမိတာ။ ဒါပေမဲ့ ခဏနေဆေးသောက်ရင် ပြသာနာမဖြစ်တော့ဘူး"
လင်းဖေးလု လျှာကိုက်မိတယ်။ ဒါ နာတယ်ဟ။
ခဏကြာတော့ အပျိုတော် ဆေးခွက်ယူလာတယ်။ ထိုအမျိုးသမီး သူမကို ဆေးတိုက်ပြီးတာနဲ့ ချိုမြိန်တဲ့ သကြားလုံးလေး ပါးစပ်ထဲထည့်ပေးလာတယ်။ ထိုခြံဝန်းက အပျိုတော် ဘေးကပြုံးရင်း " မင်းသမီးလေး အရမ်းလိမ္မာတာပဲ"
လင်းဖေးလု ခေါင်းကိုက်လာပြီး တီးတိုး "အိပ်ချင်တယ်"
ထိုအမျိုးသမီး သူမပါးကိုနမ်းပြီး ပွေ့ဖက်ကာ အိပ်ရာဆီ ပြန်လာတယ်။လင်းဖေးလု မျက်လုံးမှိတ်ထား၏။ ထိုအမျိုးသမီး ရှင်းပြပြောဆိုသံလည်းကြားနေရတယ်။
"မနက်ဖြန် မင်း လီမိန်အတွက် မွေးနေ့လက်ဆောင် ကျောက်စိမ်းလည်ဆွဲတစ်စုံပို့လိုက်။ ငါနေမကောင်းလို့ လာမလည်တာလို့ ပြောလိုက်ပါ"
"ဒီအစေခံ ကိုင်တွယ်လိုက်ပါမယ်"
ထိုအခိုက်အတန့် လင်းဖေးလု ဘယ်လောက်တောင် မူးဝေပြီး ဘယ်လိုတုန့်ပြန်ရမည်လဲ။နည်းနည်းတော့ရီရတယ်။
ဒါပေမဲ့ သူမ အမြဲတမ်းလိုက်လျောညီထွေရှိတဲ့သူ။ ဆေးသောက် အိပ်ပြီးနောက် ဒီကံကြမ္မာကိုလုံးဝ လက်ခံလိုက်တယ်။အိပ်နေရင်း အရင်ကလေးမလေး ရေကန်ထဲ ပြုတ်ကျတဲ့မှတ်ဉာဏ်များ ပေါ် လာခဲ့တယ်။
ငါးနှစ်အရွယ် ကလေးလေး ဘာမှသိပ်မသိသေးဘူး။
သူမ သိတာ အားလုံးက ဒီနေရာက ဒလင်းမင်းဆက် သူမ အမေကိုယ်လုပ်တော် က လန်ကုရင်။ သူမမှာ သူ့ထက် ၂ နှစ်ကြီးတဲ့အစ်ကို ရှိတယ်။ သူ့အစ်ကိုက တခြားသူနဲ့မတူဘူး။ တခြားသူများက သူ့ကိုအရူးလို့ခေါ် တယ်။
သူမက ပဉ္စမ မင်းသမီးလေး ဒါပေမဲ့ သူ့အဖေကိုတွေ့တဲ့အချိန်လက်ချိုးရေလို့ရတယ်။
တခြားစကားအရပြောရရင် သူ့မယ်တော် ကိုယ်လုပ်တော် ကချစ်မြတ်နိုးခြင်းမခံရတော့ သူလည်း ချစ်မြတ်နိုးခြင်းမခံရဘူး။
မနေ့က အပြင်မှာ စွန်လွှတ်နေတုန်း စွန်ကြိုးပြတ်သွားပြီး ယာယီခဏ ပွဲကြည့်စင်နားရောက်လာခဲ့တယ်။ ကလေးမ ထိုစွန်ကို လိုက်ကောက်ခဲ့ပေမဲ့ တတိယမင်းသမီး လင်းရှီ နဲ့တွေ့ဆုံခဲ့တယ်။
လင်းရှီ သူမ စွန်ကိုမကြိုက်ဘူး ဒါပေမဲ့ သူမကိုအနိုင်ကျင့်ရတာကြိုက်တယ်။ သူတို့ စွန်အတွက် တိုက်ခိုက်နေရင်း လင်းရှီ က သူမကိုရေကန်ထဲတွန်းချလိုက်တာ။ ကယ်ဆယ်ခံရပြီးနောက် အဖျားကြောင့် သတိလစ်သွားခဲ့တယ်.
လင်းဖေးလု ထပ်နိုးလာတယ်။
မာစတာtop ကျောင်းသားဖြစ်တဲ့ သူမ မှတ်ဉာဏ်များ ပြန်ခေါ် တယ်။ဒီဒလင်းမင်းဆက်က လွန်ခဲ့တဲ့ နှစ် ၅၀၀၀ က မရှိဘူး။
ဒီနေရာက ကြည့်မကောင်းဘူး ဒါပမဲ့ ကားအက်စီးဒန့် ဖြစ်ခဲ့တာ ပြန်တွေ့ကြည့်ရင်း သူမ မှာ ခြေထောက် နဲ့လက်သေးသေးလေး ကိုကြည့်ရင်း အခု နဂိုအတိုင်း အားလုံးအကောင်းတိုင်းပဲ။ လင်းဖေးလု ကြီးမားတဲ့အားသာချက် ရတယ်လို့ခံစားရတယ်.
Advertisement
သူမ ခေါင်းထဲက ထိုကလေးမ ပုံရိပ်လေးတဖြေးဖြေး ပျောက်ကွယ်သွား၏။
လင်းဖေးယု နှလုံးသားထဲကပြောမိတယ်။
"ငါက ငါ မကျေနပ်ရင်တောင် တခြားသူ ဆီက အချည်းအနှီး အကျိုးအမြတ်ဘယ်တော့မှမယူဘူး။ ဒီခန္ဓာကိုယ်ထဲ ရှင်သန်လာမှတော့ တခြားဘာမှမပြောနိုင်ပေမဲ့ ငါ မင်းကိုလက်စားချေပေးမယ်"
ကတိသစ္စာပြုလိုက်သည်.
သူမ နောင်တရပြီးပြန်လည်ထူထောင်ဖို့အခွင့်အရေးပဲထင်သည်။
လူကောင်းက လက်စားချေ ရမယ် ဒါပေမဲ့ ၁၀ နှစ်ကြာမှ လက်စားချေလည်း မနောက်ကျသေးဘူး။ သူမ အလျင်မလိုဘူး။ အခုလက်ရှိအခြေအနေကိုသိအောင်ရှာရမယ်။ မောင်းမဆောင် အမိုက်စားမလို့ သူမ သတိထားရမယ်။
အိမ်အပြင်ဘက်ကောင်းကင် တောက်ပလာသည်နှင့် ထိုအမျိုးသမီးလန် သူမအဖျားကျတာမြင်မှ သက်သာရာရသွား၏။ ထို့နောက်အပြင်ထွက်ပြီး အစေခံကို စွတ်ပြုတ်ယူလာခိုင်းတယ်။
လင်းဖေးလု အိပ်ရာပေါ် လှဲနေရင်း ဘဝအသစ်ကိုတွေးမိတယ်။ အသံနဲ့အတူ တံခါးတွန်းဖွင့်ဝင်လာပြီးသေးငယ်တဲ့ပုံရိပ်ဝင်လာသည်.
အိပ်ရာနားလျှောက်လာပြီး ထိုင်ချကာ အိပ်ရာခင်းကိုင်ထားရင်းအော်ပြောတယ်။
"ညီမလေး ။ ညီမငယ်လေး"
လင်းလေးလုလှည့်ကြည့်တော့ ခေါင်းစောင်းပြီး ရူးကြောင်ကြောင်ပြုံးနေတဲ့ ချောမောတဲ့ကောင်လေးကို တွေ့ရတယ်။
ဒါ သူ့ရူးကြောင်ကြောင် အစ်ကိုလင်းကျန့်ယွမ်။
လင်းကျန့်ယွမ်က မင်းသား ၆။ မင်းသား ၆ ဆိုပေမဲ့ စွန့်ပစ်ခံ မင်းသား။
စဉ်းစားကြည့်သလောက် ဧကရာဇ်က ကိုယ်လုပ်တော် လန် နဲ့ပတ်သက်တဲ့အရာတိုင်းကို ကြိုက်ပုံမရဘူး။ စစ်မှန်တဲ့နဂါး ဧကရာဇ် မှာ ရူးကြောင်ကြောင်သားရှိနေတာ သူ့ဘဝရဲ့အစွန်းအထင်းတစ်ခုပဲ။
လင်းကျန့်ယွမ် အသက် ၃ နှစ် သို့ ၄ နှစ်လောက်မှာ ဉာဏ်ရည်ကတစ်ခုခုဖြစ်လောက်တယ်. စကားနည်းနည်းပဲ ပြောတယ်။လင်းဖေးလု နိုးလာတာမြင်တော့ ပျော်ရွှင်စွာ သူမ ခေါင်းပုတ်ပြီး "ငါ့ ညီမလေး ကောင်းတယ်။ ငါ့ ညီမလေး မနာကျင်ဘူး"
သူကထူးဆန်းပြီးချစ်ဖို့ကောင်းတယ်လို့ ထင်တယ်။
မိသားစုထဲ ဒီလိုပဲကြီးပြင်လာတာ။ ဘယ်တော့မှအချစ်မခံရဘူး။ ဘယ်လိုချစ်ရမလဲ ဘယ်သူမှမသင်ပေးဘူး။ အလွန်အတ္တကြီးတဲ့စိတ်နေစိတ်ထားနဲ့ ကြီးပြင်းခဲ့တာ။ သူ ကမ္ဘာကြီးကို ကစားတယ် ဒါပေမဲ့ အမှန်က သူမ မတူခြားနားစွာ စာနာပေးဖို့ ခက်ခဲနေတာ။
ပြုံးပြီး ပြန်ဖြေတယ်။ "မနာဘူး"
လင်းကျန့်ယွမ် နားလည်သွားပြီးပျော် ရွှင်သွား၏။ လက်မောင်းထဲ သကြားလုံးထုတ်ပြီး ရီရင်း ရတနာများတဖွယ်ထုတ်ကာ "စား ..ညီမလေးအတွက် ..စား အရသာရှိတယ်!!"
ဒါကိုတိတ်တိတ်လေး ဖုံးထားသင့်တယ်။ သကြားလုံးတွေအားလုံးက ကြည့်ရတာ ညစ်ပတ်နေ၏။ လင်းဖေးလုက ကျန်းမာရေးလိုက်စားတယ် သေချာပေါက် မစားနိုင်ဘူး။သူ့ကိုချောမော့တယ်။
"ညီမလေးမစားဘူး။ အစ်ကိုပဲ စား ဒါအားလုံးအစ့်ကိုအတွက်"
သူမအသံ ချိုမြိန်နူးညံ့ပြီး ကြားရတာ အတော််လေးကောင်းတယ်။
လင်းကျန့်ယွမ်က သူ့အမေ ပုံစံထွင်းထုထားတဲ့အတိုင်းပဲ။ သူကအရူးဆိုရင်တောင်း သူ့ရုပ်ရည်ကိုဖုံးထားလို့မရပေဘူး။ လင်းကျန့်ယွမ် ပျော်ရွှင်စွာခေါင်းညိတ်ပြီး သကြားလုံးအားလုံးကို သူ့ပါးစပ်ထဲထည့်လိုက်တယ်။
လင်းလေးလု ထိုအခွင့်အရေးယူပြီး အိပ်ရာပေါ် ဆင်းကာ မှန်ရှာလို့လုပ်တယ်.
မျှော်လင့်ထားသည်အတိုင်း ဒီကလေး ကြေးမံထဲမှာ အရမ်းလှပပြီးထက်မြက်တယ်။ ပြုံးတိုင်း ပါးနှစ်ဖက် ပေါက်ဆီလို လုံးနေ၏။ သူမ အရမ်းချစ်ဖို့ကောင်းတယ်။ ကြီးလာရင် မျက်နှာ ဆုံးရူံးမှာမုတ်ဘူး။
လင်းလေးလု အရမ်းကျေနပ်သွားပြီး မျက်နှာထားကိုထိန်းချုပ်တယ်။
ရှောင်လန် ဝင်လာချိန် သကြားလုံးနဲ့ မျက်နှာပေကျန်နေသည့် လင်းကျန့်ယွမ်ကိုမြင်တော့ ကူရာမဲ့စွာ "ညီမလေး နေမကောင်းဘူးလို့ အမေ မပြောဘူးလား? ညီမလေးကို ပြသာနာရှာလို့မရဘူးလေ"
ကျန့်ယွမ်လည်း မကျေမနပ်" ညီမလေးကိုလွမ်းတယ်။ ညီမလေး နဲ့အတူဆော့ ချင်တယ်"
ရှောင်လန် ရူးကြောင်ကြောင် သူ့သားကိုမကြိုက်တဲ့ပုံမရချေ။ မောင်းမဆောင်ထဲက အမေတိုင်းနဲ့ကလေးတိုင်းကတန်ဖိုးမြင့်တယ်။ လင်းကျန့်ယွမ်တည်ရှိမှုက သူ့နောက်ကျောကိုဖြတ်တောက်သလို ဆိုပေမဲ့လည်း ဒီကလေးနှစ်ယောက်ကို အချစ်တွေနဲ့ ကာကွယ်ထားတယ်။
လင်းဖေးလု မနက်စာစားနေရင်း ဒီအခြေအနေကို သိလိုက်တယ်။
ရှောင်လန် နေတဲ့ နန်းဆောင်က မင်းယွဲ့လို့ခေါ် တယ်။ သူမက အကြီးအကဲခန်းမ မှာနေပြီး မိန်းခန်းမမှာ သူ့ထက်မြင်တဲ့ ရူကိမ်ရင် ဆိုတဲ့တစ်ယောက်ရှိတယ်။
ဒီမှာအစေခံနှစ်ယောက်ရှိပြီး တစ်ယောက် ယုလု နဲ့နောက်တစ်ယောက်က မနေ့ ကလင်းဖေးလု နိုးလာတော့ မြင်တဲ့တစ်ယောက်ဖြစ်တယ်။ မိသားစုအစေခံဖြစ်ပြီးရှောင်လန်း နဲ့အတူလိုက်ပါစောင့်ရှောက်တဲ့သူများဖြစ်ကြတယ်။ ချင်းရန်ဖြစ်ပြီး တခြားသူများ မျက်နှာသာပေးမခံရတဲ့နေရာက ထွက်သွားချိန်နေဖို့ ကျန်ခဲ့သူဖြစ်တယ်။
ထပ်ပေါင်းပြောရရင် အမေတစ်ယောက်တည်းကို နှစ်အကြာကြီးခံစားတယ်။ သူမ အရမ်းအိုနေပြီး ရှောင်လန်းက သူ့ကို မခေါ်တက်ဘူး။ လင်းဖေးလု ညစားစားချိန် နှစ်ဖက်လုံး အရမ်းယဉ်ကျေးတယ်။
ဒီမှာ မျက်နှာသာမပေးခံရရင် ဘာမှမကောင်းဘူး။ အနည်းဆုံး ငါ့ ကိုစောင့်ကြည့်နေသူမရှိဘူး။ အဆုံးမရှိတဲ့နည်းလမ်းတွေနဲ့ သဘောတူပြောဆိုစရာမရှိဘူး။ ကောင်းကောင်းမွန်မွန်နေချင်ရင် တိတ်တဆိတ် အနောက်က တံခါးပိတ်ရမယ်။
အားလုံးခြုံငုံပြောရရင် ပတ်ဝန်းကျင်အသစ်နဲ့လိုက်လျောညီထွေနေဖို့ အချိန်လိုတယ်။အရင်ဆုံးစောင့်ကြည့် ရမယ်။
ပြသာနာမရှာနဲ့ လိမ်လိမ်မာမာနေ။
အိုကေ။
နေ့လည်ကျတော့ ရှောင်လန် ပန်းထိုးနေချိန် လင်းဖေးလု လှဲနေချိန် ချင်းရန် အထိန့်တလန်ပြေးလာတယ်။
"မယ်မယ် ဂျင်းလီမယ်မယ် ရောက်နေတယ်။ !! ဟုတ်တယ်!! မင်းသမီးကိုလာရှာတာ!!"
ရှောင်လန် မျက်မှောင်ကြုံ့သွားပြီး"ဘာကိစ္စလဲ?"
ချင်းရန်လည်းမစိုးရိမ်ပဲ "မနေ့ညက တတိယမင်းသမီး အဖျားကြီးတယ်။ မင်းသမီးငယ်လေး သူ့တံခါးနားဆက်တိုက်ရပ်နေတာမြင်တယ်ဆိုပြီး အော်နေတာ။ သမားတော် ကြည့်ပေးပေမဲ့ မကောင်းလှဘူး။ မယ်ယမဂျင်းရီက ပြောတာ။ မနေ့ က တတိယမင်းသမီးလေးဆီ မင်းသမီးငယ်လေး ပြေးသွာတာ။ ဒါ့ကြောင့် မင်းသမီးငယ်ကိုလာခေါ် တာ"
Advertisement
လင်းဖေးလု အချိန်အတော်ကြာနေပြီးနောက် ဒီဆက်ဆံရေးကိုအသေအချာသိတယ်။
တတိယမင်းသမီးလင်းရှီ က သူ့ကိုမနေ့က ကန်ထဲတွေးချတာ ။ ဂျင်းမယ်မယ်ဆိုတာ လင်းရီရဲ့မယ်တော်. ။
လူသတ်မိလို့ သူ့ဟာသူ လန့်နေတာ ကို ခံရသူ သားကောင်က သူ့ကိုသွားတောင်းပန်ရမယ်ပေါ့?
လင်းဖေးလု ဒီမောင်းမဆောင် စိတ်ဝင်စားဖို့ကောင်းတာပဲလို့တွေးမိတယ်။
သာသာမှ
ဒါလေး paid ရှိပါတယ်။
Zawgyi
"မယ်မယ် ဆေးယူလာပါတယ်"
"ဘာဖြစ်သွားတာလဲဟင်?"
ကတိသစ္စာပြုလိုက်သည်.
"ညီမလေး ။ ညီမငယ်လေး"
ပြုံးပြီး ပြန်ဖြေတယ်။ "မနာဘူး"
သူမအသံ ချိုမြိန်နူးညံ့ပြီး ကြားရတာ အတော်လေးကောင်းတယ်။
အိုကေ။
Advertisement
-
End1620 Chapters
I Shall Seal the Heavens
I Shall Seal the Heavens is the story of the young scholar Meng Hao, who gets forcibly recruited into a sect of immortal cultivators. In the cultivation world, the strong prey on the weak, and the law of the jungle prevails. Meng Hao must adapt to survive. Filled with both comedy and drama, I Shall Seal the Heavens remains one of the most beloved xianxia stories ever translated. What does it mean to “Seal the Heavens?” This is a secret that you will have to uncover along with Meng Hao!
8 223 -
In Serial19 Chapters
Liana in between Worlds
17 year old Liana is not as surprised as most people would be when she meets Inaya, coming from another world searching for a mysterious danger that could be disastrous for both worlds. She's always seen things others could not see, and she often finds it easier to befriend strange creatures from dreamworlds than her classmates. But now she's involved in a possible plot to eradicate our whole species, which makes her travel through a dead alien city and the oak wood of the Nummerfa who believe that our species are dangerous demons from hell, and other places in several different worlds. All she actually wanted was read her Tolkien book, or sit and watch the stars without being bothered by the existential problems of the Flying Spaghetti Monster. And how is she going to even explain her absence at school? 'Liana in Between Words' is a weird genre-defying mix of portal fantasy and scifi in a tale of friendship, loneliness, and the role of humans in the multiverse. This one contains absolutely no romance and no serious trigger warnings for sex, excessive violence, bad words or heavily traumatising content if you can handle the idea that there are people somewhere who think -maybe not completely without reason- that our species are destructive demons that should be eradicated.
8 192 -
In Serial106 Chapters
Necromancer by Halosty
A somewhat spoiled rich kid enters Royal Road to stalk his crush. Instead, he finds himself on a dark (read: fun) path that will inevitably lead him to becoming a Necromancer.
8 177 -
In Serial13 Chapters
Spiritual guardian
After dying in his previous work our mc finds himself in a new world as a spiritual being tasked by a higher power in training and safe guarding this new land. Blessed with interesting new powers and a brief description of his duties our hero must find a way to strengthen the people's hearts, mind and souls for the dangers that lurk out in the Browder universe.
8 200 -
In Serial18 Chapters
mcyt smutshots
i think you know what you clicked on. smut, yeah yeah but i will only do people that are comfortable with doing so.karlnapdreamnotfoundx readersstuff like that!requests are on!<>^^
8 109 -
In Serial14 Chapters
Perfect Child| Platonic Yandere Vampire Father x Reader
Luis is a vampire who can't have children, however, a human girl, you, happens to fit his description of the perfect child of his dreams, so he (kidnaps) adopts you.(Don't own pictures)
8 89