《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-19
Advertisement
အပိုင်း-19
အခန်းထဲ မီးအိမ်မထွန်းထားဘူး။ အားနည်းတဲ့အလင်းရောင် မီးအိမ် သာရှိတယ်။ လင်းဖေးလု သူ့ဒူးပေါ် ထိုင်နေ၏။ ကိုယ်လုပ်တော် ရူ နိုးတာ မြင်တော့ ဖြေးညှင်းစွာ သူ့နားနားယိုင်ကျလာပြီး တီးတိုး "ကိုယ်လုပ်တော် ရူ သူမက ပြောတာ ရှင့် ကိုစောင့်နေတယ်တဲ့ "
ကိုယ်လုပ်တော် ရူ မျက်ဝန်း အကြောက်တလန့် ပြူးကျယ်သွားကာ နဖူးက ချွေးများကျဆင်းလာတယ်။
လင်းဖေးလု ပြုံးပြီး အိပ်ရာပေါ် ခုန်ဆင်းလိုက်တယ်။ လှည့်လာကာ တွေးတွေးဆဆနဲ့မေးတယ်။
"သခင်မ ကြောက်နေလား? ကြောက်နေရင် သခင်မ အတွက် မီးအိမ် ထွန်းဖို့ ကူညီပေးမယ်"
ကိုယ်လုပ်တော် ရူ ဆိုးဝါးတဲ့အသံနဲ့ "ဟောင်ရူ!! ဟောင်ရူ!!"
မနေ့ညက အဖြစ်အပျက်ကြောင့် ဟောင်ရူ မေ့လဲသွားပြီး ကိုယ်လုပ်တော် ရူထက် တောင် အခြေအနေဆိုး၏။ ဒါပေမဲ့ ကိုယ်လုပ်တော် ရူ အော်ခေါ် တာ ကြားတော့သူ့ကိုယ်သူဖိအားပေးပြီး လျှောက်လာတယ်။
ကိုယ်လုပ်တော် ရူ အားနည်းစွာ " သူ့ကို အပြင်ခေါ် ထုတ်သွား!! ထွက်သွားခိုင်း!!"
ဟောင်ရူ ချက်ချင်း " မင်းသမီး ၅ ကြွပါ"
လင်းဖေးလု လည်း အခန်းထဲက တလှမ်းချင်းထွက်သွားတယ်။
ကိုယ်လုပ်တော် ရူ လင်းဖေးလု ပြောတဲ့ စကားကိုပြန်ကြားယောင်ပြီး အကြောက်တလန့် "ဟောင်ဇီ !! မီးအိမ်ထွန်း!!"
ဟောင်ရူ မီးအိမ်ထွန်းညှိတော့အခန်းထဲ တဖြေးဖြေးလင်းထိန်လာ၏။ ကိုယ်လုပ်တော် ရဲ့ အကြောက်တရားအနည်းငယ်ပြေသွား၏။ ဟောင်ရူ သူ့သခင်ချွေးများကို ရေနွေးပူနဲ့ သုတ်ပေးဖို့ ရေနွေးပူ နဲ့ဆေး သွားယူတယ်။ ကိုယ်လုပ်တော် ရူ အိပ်ရာပေါ် ပြန်လှဲနေပြီး ရုတ်တရက် မီးအိမ်ပေါ်ဆီ မရည်ရွယ်ပဲ မျက်လုံး ကရောက်သွား၏။
သန့်ရှင်းပြီး ဘာမှမရှိတဲ့ မီးအိမ်ပေါ် တဖြေးဖြေးချင်း စကားလုံးများ စတင်ထွက်ပေါ် လာတယ်။
သူ့မျက်လုံး မကောင်းတာလို့ထင်မိတယ်။ မျက်လုံးမှိတ်ပြီး မျက်လုံးပွတ်ကာ ပြန်ကြည့်တယ်။ လက်ရေးများစတင်ထွက်ပေါ် လာပြီး ထိုစကားလုံးများ ဖတ်လို့ရနေပြီ။
ပုံပျက်ပန်းပျက် စကားလုံးလေးလုံး က "ငါစောင့်နေတယ်"
ထိုအခိုက်အတန့် ကိုယ်လုပ်တော် ရူ လုံးဝမအော်တော့။ မျက်ဖြူလန်ကျသွား၏။ ဟောင်ရူ ပြန်လာတော့ ပင်မနန်းဆောင် ဇောက်ထိုးမိုးမျှော်ဖြစ်နေပြန်၏။ ထိုအခိုက်အတန့်င်းဖေးလု သူမရဲ့အခန်းထဲ လျှောက်လာပြီး အင်္ကျီလက်ထဲက စုတ်တံ ကိုထုတ်လိုက်၏။
ပြတင်းပေါက် နား စားပွဲခုံပေါ် မနေ့က ကောက်ခဲ့တဲ့ ချဉ်စုပ်စုပ်လိမ္မော်သီးချဉ်အရည်များရှိနေတဲ့ ခွက်တစ်ခုရှိနေ၏။
လင်းကျန့်ယွမ် လင်းဖေးလုအခန်းထဲ ပြေးဝင်လာတယ်။ လိမ္မော်သီးကို ယူကာ အနည်းငယ်ကိုက်ကြည့်တယ်။ ချက်ချင်းမျက်နှာ ရွံ့တွ သွားပြီး "ချဉ်တယ်..ဝူး..ဝူး.!!"
လင်းဖေးလု သူ့ခေါင်းပုတ်ကာ "အဲ ဒါစားဖို့မဟုတ်ဘူး"
သိချင်တဲ့ရုပ်လေးနဲ့ " စားဖို့မဟုတ်ရင် ဘာအတွက်လဲ?"
လင်းဖေးလု အဖြူရောင်စာရွက် အပိုင်းအစ ယူပြီး လိမ္မော်ရည် ခွက်ထဲ စုတ်တံ နှစ်ကာ ပြုံးနေတဲ့မျက်နှာလေး စာရွက်ပေါ် ဆွဲလိုက်တယ်။ အဖြူရောင်စာရွက်ပေါ် ဆွဲလိုက်ပေမဲ့ ဘာမှမမြင်ရပေ။ လင်းကျန့်ယွမ်လည်း စိတ်အားထန်သန်စွာ ကြည့်တယ်။ လင်းဖေးလု အဖြူရောင်စာရွက်ကို ဖယောင်းတိုင်မီးအောက် ယူကာ လက်ဝေ့ယမ်းပြီး "လာခဲ့ ..စိတ်ဝင်စားစရာတစ်ခုခုပြမယ်"
လင်းကျန့်ယွမ် ပျော်ရွှင်စွာပြေးလာပြီး ဖယောင်းတိုင်မီးအောက် တဖြေးဖြေးထွက်ပေါ် လာတဲ့ စာရွက်နားအနီးကပ်လာကြည့်တယ်။
ဘာမှမရှိတဲ့ စာရွက်ပေါ် ပြုံးနေတဲ့ မျက်နှာလေး တဖြေးဖြေး ထွက်ပေါ် လာတယ်။
ပျော်ရွှင်စွာလက်ခုပ်လက်ဝါးတီးပြီး "ပန်းချီ!! ဒါ ပန်းချီ!!"
ရှောင်လန် ရေနွေးနဲ့အတူ ဝင်လာပြီး ပြုံးပြီး "ဖေးလု မီး နဲ့မဆော့နဲ့"
လင်းဖေးလု နာခံစွာခေါင်းညိတ်တယ်။ အဖြူရောင်စာရွက်နဲ့ လိမ္မော်သီးများအတူလွင့်ပစ်လိုက်တယ်။
နောက်တနေ့ ကိုယ်လုပ်တော် ရူ အိပ်ရာထဲ လဲနေဆဲပဲ။ အစေခံများနှင့်ကုန်းကုန်းများ တဖြေးဖြေးကောင်းမွန်လာပေမဲ့ ကိုယ်လုပ်တော် ရူ ကယောင်ကတမ်းပြောပြီးမတိုးတက်ချေ။ အထက်တန်းလွှာ ကြင်ယာတော် အကာအကွယ်မရှိတော့တာကြောင့် ဒီအခြေအနေကနေ ကယ်တင်မဲ့သူမရှိဘူး။
အင်ပါယာနန်းဆောင် က လူတိုင်း ကိုယ်လုပ်တော် ရူ မရေမတွက်နိုင်တဲ့အပြစ်များကျုးလွန်ခဲ့တယ် ဆိုတယ်။ အထက်တန်းလွှာ ကြင်ယာတော်ရွမ်လည်း ရူပ်ထွေးကြောက်လန့်နေပြီး ဘုရားခန်းမှာ တိတ်တဆိတ် ဆုတောင်းနေမိတယ်။
ကိုယ်လုပ်တော် ရူ သူတို့ကို ပြသာနာလာမရှာတော့ လင်းဖေးလု နေ့ရက်တိုင်းက နောက်ဆုံး တိုးတက်လာတယ်။ အနည်းဆုံး သူတို့ရသင့်တဲ့ ခံစားခွင့်နဲ့ အထောက်အပံ့များ လက်ခံရတယ်။ နေ့တိုင်း လင်းဖေးလု အသားစားရတဲ့နေ့ နေထိုင်ရတဲ့ ဘဝကို ရရှိတယ်။ ဒီမတော်တဆ ဖြစ်သွားတော့ လူတိုင်း မင်ယွဲ့ နန်းဆောင် နဲ့ ဝေးဝေးနေကြတယ်။ ဒါ့ကြောင့် မင်ယွဲ့ နန်းဆောင် အင်ပါယာနန်းဆောင် နဲ့ ပိုပိုပြီး တသီးတခြားဆန်လာတယ်။
ယုရူ လည်း စိုးရိမ်နေတယ်။ လူတိုင်းက မင်ယွဲ့နန်းဆောင် ကျိန်စာမိနေတာလို့ ပြောကြတယ်။ သူလည်း မမြင်ရပေမဲ့ ကြောက်တယ်။
Advertisement
ရှောင်လန်က ဒီလိုမတွေးဘူး။ သူ့အစေခံတွေကို "မင်းတို့ ဘာမှအမှားမလုပ်ထားဘူး။ သရဲက မင်းတို့ တံခါးကိုလာခေါက်မှာစိုးမနေနဲ့။ ဒီကိစ္စ မစိုးရိမ်နဲ့ "
သူက အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်း တိတ်တဆိတ်နေရတာ နှစ်သက်တယ်။ တောင့်တစိတ်နဲ့ လောဘမရှိဘူး။ သူလိုချင်တာ က သူ့ကလေးနှစ်ယောက် လုံလုံခြုံခြုံကြီးပြင်းဖို့ပဲ။ အခု အခြေအနေ က သူလိုချင်တာနဲ့ ကွက်တိပဲ။
လင်းဖေးလု အတွက် ကတော့ ဒီဇာတ်ကောင်သေးသေးလေးကို သတ်လိုက်တာက နွေးထွေးသွားအောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ။
သူမ ပစ်မှတ်ထဲက တစ်ခုက သဘောကျနှစ်သက်မှု 30 % ရောက်နေပြီ ။အရမ်းမကြာခင် သူမ ဆီလာလည်လိမ့်မယ်။
သေချာပေါက် ရက်နည်းနည်ကြာတော့ တိတ်တဆိတ်နေ့လည်ခင်း ခြံဝန်းထဲ လင်းကျန့်ယွမ် နဲ့ကစားနေတုန်း အပြင်ဘက် နံရံကနေ ခြေလှမ်းသံများ နီးကပ်လာတယ်။ စိတ်စောစွာအော်သံ ထွက်လာတယ်။
"မင်းသား ၄ !! အရှင်မင်းသား!! မပြေးပါနဲ့ !! ကျွန်တော် မျိုးတို့ကိုစောင့်ပါဉီး!! အဲနေရာက သွားလို့ ရတဲ့နေရာမဟုတ်ဘူး!!"
မကျေမနပ် အထက်စီးဆန်တဲ့အသံကို သူမကြားလိုက်ရတယ်။
"ဒီမင်းသား သွားလို့မရတဲ့နေရာ ရှိသေးလို့လား?"
သာသာမှ
ဒါလေး paid ရှိပါတယ်။အပိုင်း150 ကျော်ရောက်နေပါပြီနော်။
Zawgyi
အပိုင္း-19
အခန္းထဲ မီးအိမ္မထြန္းထားဘူး။ အားနည္းတဲ့အလင္းေရာင္ မီးအိမ္ သာရွိတယ္။ လင္းေဖးလု သူ႕ဒူးေပၚ ထိုင္ေန၏။ ကိုယ္လုပ္ေတာ္ ႐ူ နိုးတာ ျမင္ေတာ့ ေျဖးညွင္းစြာ သူ႕နားနားယိုင္က်လာၿပီး တီးတိုး "ကိုယ္လုပ္ေတာ္ ႐ူ သူမက ေျပာတာ ရွင့္ ကိုေစာင့္ေနတယ္တဲ့ "
ကိုယ္လုပ္ေတာ္ ႐ူ မ်က္ဝန္း အေၾကာက္တလန႔္ ျပဴးက်ယ္သြားကာ နဖူးက ေခြၽးမ်ားက်ဆင္းလာတယ္။
လင္းေဖးလု ၿပဳံးၿပီး အိပ္ရာေပၚ ခုန္ဆင္းလိုက္တယ္။ လွည့္လာကာ ေတြးေတြးဆဆနဲ႕ေမးတယ္။
"သခင္မ ေၾကာက္ေနလား? ေၾကာက္ေနရင္ သခင္မ အတြက္ မီးအိမ္ ထြန္းဖို႔ ကူညီေပးမယ္"
ကိုယ္လုပ္ေတာ္ ႐ူ ဆိုးဝါးတဲ့အသံနဲ႕ "ေဟာင္႐ူ!! ေဟာင္႐ူ!!"
မေန႕ညက အျဖစ္အပ်က္ေၾကာင့္ ေဟာင္႐ူ ေမ့လဲသြားၿပီး ကိုယ္လုပ္ေတာ္ ႐ူထက္ ေတာင္ အေျခအေနဆိုး၏။ ဒါေပမဲ့ ကိုယ္လုပ္ေတာ္ ႐ူ ေအာ္ေခၚ တာ ၾကားေတာ့သူ႕ကိုယ္သူဖိအားေပးၿပီး ေလွ်ာက္လာတယ္။
ကိုယ္လုပ္ေတာ္ ႐ူ အားနည္းစြာ " သူ႕ကို အျပင္ေခၚ ထုတ္သြား!! ထြက္သြားခိုင္း!!"
ေဟာင္႐ူ ခ်က္ခ်င္း " မင္းသမီး ၅ ႂကြပါ"
လင္းေဖးလု လည္း အခန္းထဲက တလွမ္းခ်င္းထြက္သြားတယ္။
ကိုယ္လုပ္ေတာ္ ႐ူ လင္းေဖးလု ေျပာတဲ့ စကားကိုျပန္ၾကားေယာင္ၿပီး အေၾကာက္တလန႔္ "ေဟာင္ဇီ !! မီးအိမ္ထြန္း!!"
ေဟာင္႐ူ မီးအိမ္ထြန္းညွိေတာ့အခန္းထဲ တေျဖးေျဖးလင္းထိန္လာ၏။ ကိုယ္လုပ္ေတာ္ ရဲ႕ အေၾကာက္တရားအနည္းငယ္ေျပသြား၏။ ေဟာင္႐ူ သူ႕သခင္ေခြၽးမ်ားကို ေရႏြေးပူနဲ႕ သုတ္ေပးဖို႔ ေရႏြေးပူ နဲ႕ေဆး သြားယူတယ္။ ကိုယ္လုပ္ေတာ္ ႐ူ အိပ္ရာေပၚ ျပန္လွဲေနၿပီး ႐ုတ္တရက္ မီးအိမ္ေပၚဆီ မရည္႐ြယ္ပဲ မ်က္လုံး ကေရာက္သြား၏။
သန႔္ရွင္းၿပီး ဘာမွမရွိတဲ့ မီးအိမ္ေပၚ တေျဖးေျဖးခ်င္း စကားလုံးမ်ား စတင္ထြက္ေပၚ လာတယ္။
သူ႕မ်က္လုံး မေကာင္းတာလို႔ထင္မိတယ္။ မ်က္လုံးမွိတ္ၿပီး မ်က္လုံးပြတ္ကာ ျပန္ၾကည့္တယ္။ လက္ေရးမ်ားစတင္ထြက္ေပၚ လာၿပီး ထိုစကားလုံးမ်ား ဖတ္လို႔ရေနၿပီ။
ပုံပ်က္ပန္းပ်က္ စကားလုံးေလးလုံး က "ငါေစာင့္ေနတယ္"
ထိုအခိုက္အတန႔္ ကိုယ္လုပ္ေတာ္ ႐ူ လုံးဝမေအာ္ေတာ့။ မ်က္ျဖဴလန္က်သြား၏။ ေဟာင္႐ူ ျပန္လာေတာ့ ပင္မနန္းေဆာင္ ေဇာက္ထိုးမိုးေမွ်ာ္ျဖစ္ေနျပန္၏။ ထိုအခိုက္အတန့္င္းေဖးလု သူမရဲ႕အခန္းထဲ ေလွ်ာက္လာၿပီး အကၤ်ီလက္ထဲက စုတ္တံ ကိုထုတ္လိုက္၏။
ျပတင္းေပါက္ နား စားပြဲခုံေပၚ မေန႕က ေကာက္ခဲ့တဲ့ ခ်ဥ္စုပ္စုပ္လိေမၼာ္သီးခ်ဥ္အရည္မ်ားရွိေနတဲ့ ခြက္တစ္ခုရွိေန၏။
လင္းက်န႔္ယြမ္ လင္းေဖးလုအခန္းထဲ ေျပးဝင္လာတယ္။ လိေမၼာ္သီးကို ယူကာ အနည္းငယ္ကိုက္ၾကည့္တယ္။ ခ်က္ခ်င္းမ်က္ႏွာ ႐ြံ႕တြ သြားၿပီး "ခ်ဥ္တယ္..ဝူး..ဝူး.!!"
လင္းေဖးလု သူ႕ေခါင္းပုတ္ကာ "အဲ ဒါစားဖို႔မဟုတ္ဘူး"
သိခ်င္တဲ့႐ုပ္ေလးနဲ႕ " စားဖို႔မဟုတ္ရင္ ဘာအတြက္လဲ?"
လင္းေဖးလု အျဖဴေရာင္စာ႐ြက္ အပိုင္းအစ ယူၿပီး လိေမၼာ္ရည္ ခြက္ထဲ စုတ္တံ ႏွစ္ကာ ၿပဳံးေနတဲ့မ်က္ႏွာေလး စာ႐ြက္ေပၚ ဆြဲလိုက္တယ္။ အျဖဴေရာင္စာ႐ြက္ေပၚ ဆြဲလိုက္ေပမဲ့ ဘာမွမျမင္ရေပ။ လင္းက်န႔္ယြမ္လည္း စိတ္အားထန္သန္စြာ ၾကည့္တယ္။ လင္းေဖးလု အျဖဴေရာင္စာ႐ြက္ကို ဖေယာင္းတိုင္မီးေအာက္ ယူကာ လက္ေဝ့ယမ္းၿပီး "လာခဲ့ ..စိတ္ဝင္စားစရာတစ္ခုခုျပမယ္"
လင္းက်န႔္ယြမ္ ေပ်ာ္႐ႊင္စြာေျပးလာၿပီး ဖေယာင္းတိုင္မီးေအာက္ တေျဖးေျဖးထြက္ေပၚ လာတဲ့ စာ႐ြက္နားအနီးကပ္လာၾကည့္တယ္။
ဘာမွမရွိတဲ့ စာ႐ြက္ေပၚ ၿပဳံးေနတဲ့ မ်က္ႏွာေလး တေျဖးေျဖး ထြက္ေပၚ လာတယ္။
ေပ်ာ္႐ႊင္စြာလက္ခုပ္လက္ဝါးတီးၿပီး "ပန္းခ်ီ!! ဒါ ပန္းခ်ီ!!"
ေရွာင္လန္ ေရႏြေးနဲ႕အတူ ဝင္လာၿပီး ၿပဳံးၿပီး "ေဖးလု မီး နဲ႕မေဆာ့နဲ႕"
လင္းေဖးလု နာခံစြာေခါင္းညိတ္တယ္။ အျဖဴေရာင္စာ႐ြက္နဲ႕ လိေမၼာ္သီးမ်ားအတူလြင့္ပစ္လိုက္တယ္။
ေနာက္တေန႕ ကိုယ္လုပ္ေတာ္ ႐ူ အိပ္ရာထဲ လဲေနဆဲပဲ။ အေစခံမ်ားႏွင့္ကုန္းကုန္းမ်ား တေျဖးေျဖးေကာင္းမြန္လာေပမဲ့ ကိုယ္လုပ္ေတာ္ ႐ူ ကေယာင္ကတမ္းေျပာၿပီးမတိုးတက္ေခ်။ အထက္တန္းလႊာ ၾကင္ယာေတာ္ အကာအကြယ္မရွိေတာ့တာေၾကာင့္ ဒီအေျခအေနကေန ကယ္တင္မဲ့သူမရွိဘူး။
အင္ပါယာနန္းေဆာင္ က လူတိုင္း ကိုယ္လုပ္ေတာ္ ႐ူ မေရမတြက္နိုင္တဲ့အျပစ္မ်ားက်ဳးလြန္ခဲ့တယ္ ဆိုတယ္။ အထက္တန္းလႊာ ၾကင္ယာေတာ္႐ြမ္လည္း ႐ူပ္ေထြးေၾကာက္လန႔္ေနၿပီး ဘုရားခန္းမွာ တိတ္တဆိတ္ ဆုေတာင္းေနမိတယ္။
ကိုယ္လုပ္ေတာ္ ႐ူ သူတို႔ကို ျပသာနာလာမရွာေတာ့ လင္းေဖးလု ေန႕ရက္တိုင္းက ေနာက္ဆုံး တိုးတက္လာတယ္။ အနည္းဆုံး သူတို႔ရသင့္တဲ့ ခံစားခြင့္နဲ႕ အေထာက္အပံ့မ်ား လက္ခံရတယ္။ ေန႕တိုင္း လင္းေဖးလု အသားစားရတဲ့ေန႕ ေနထိုင္ရတဲ့ ဘဝကို ရရွိတယ္။ ဒီမေတာ္တဆ ျဖစ္သြားေတာ့ လူတိုင္း မင္ယြဲ႕ နန္းေဆာင္ နဲ႕ ေဝးေဝးေနၾကတယ္။ ဒါ့ေၾကာင့္ မင္ယြဲ႕ နန္းေဆာင္ အင္ပါယာနန္းေဆာင္ နဲ႕ ပိုပိုၿပီး တသီးတျခားဆန္လာတယ္။
ယု႐ူ လည္း စိုးရိမ္ေနတယ္။ လူတိုင္းက မင္ယြဲ႕နန္းေဆာင္ က်ိန္စာမိေနတာလို႔ ေျပာၾကတယ္။ သူလည္း မျမင္ရေပမဲ့ ေၾကာက္တယ္။
ေရွာင္လန္က ဒီလိုမေတြးဘူး။ သူ႕အေစခံေတြကို "မင္းတို႔ ဘာမွအမွားမလုပ္ထားဘူး။ သရဲက မင္းတို႔ တံခါးကိုလာေခါက္မွာစိုးမေနနဲ႕။ ဒီကိစၥ မစိုးရိမ္နဲ႕ "
သူက အၿမဲတမ္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္း တိတ္တဆိတ္ေနရတာ ႏွစ္သက္တယ္။ ေတာင့္တစိတ္နဲ႕ ေလာဘမရွိဘူး။ သူလိုခ်င္တာ က သူ႕ကေလးႏွစ္ေယာက္ လုံလုံၿခဳံၿခဳံႀကီးျပင္းဖို႔ပဲ။ အခု အေျခအေန က သူလိုခ်င္တာနဲ႕ ကြက္တိပဲ။
လင္းေဖးလု အတြက္ ကေတာ့ ဒီဇာတ္ေကာင္ေသးေသးေလးကို သတ္လိုက္တာက ႏြေးေထြးသြားေအာင္ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာ။
သူမ ပစ္မွတ္ထဲက တစ္ခုက သေဘာက်ႏွစ္သက္မႈ 30 % ေရာက္ေနၿပီ ။အရမ္းမၾကာခင္ သူမ ဆီလာလည္လိမ့္မယ္။
ေသခ်ာေပါက္ ရက္နည္းနည္ၾကာေတာ့ တိတ္တဆိတ္ေန႕လည္ခင္း ၿခံဝန္းထဲ လင္းက်န႔္ယြမ္ နဲ႕ကစားေနတုန္း အျပင္ဘက္ နံရံကေန ေျခလွမ္းသံမ်ား နီးကပ္လာတယ္။ စိတ္ေစာစြာေအာ္သံ ထြက္လာတယ္။
"မင္းသား ၄ !! အရွင္မင္းသား!! မေျပးပါနဲ႕ !! ကြၽန္ေတာ္ မ်ိဳးတို႔ကိုေစာင့္ပါဉီး!! အဲေနရာက သြားလို႔ ရတဲ့ေနရာမဟုတ္ဘူး!!"
မေက်မနပ္ အထက္စီးဆန္တဲ့အသံကို သူမၾကားလိုက္ရတယ္။
"ဒီမင္းသား သြားလို႔မရတဲ့ေနရာ ရွိေသးလို႔လား?"
သာသာမွ
ဒါေလး paid ရွိပါတယ္။အပိုင္း150 ေက်ာ္ေရာက္ေနပါၿပီေနာ္။
Advertisement
- In Serial32 Chapters
The 13th Essence
In the Tower of Metris, a babe is delivered on the doorstep of an orphanage. This is an all too common tale in the Towers of Kahlea. As Adventurers die braving the dungeons of the Towers, the children left behind are stripped of their home, their possesions and their name. What might seem cruel will sometimes be the only way that the orphans may survive. Dante is such a child. His thirteenth year is upon him and he must now leave the orphanage to become a student of the Academy, where the skills of an Adventurer are taught. Dante, his class and all others in their thirteenth year, will be entering a new life. From their new affinities of magic to the political power plays of the upper tier citizens, will Dante and his friends even survive before they make it to the dungeons?
8 785 - In Serial120 Chapters
Once Human, Now a Parasite
Arthur, a Rich businessman was kidnapped and tortured for months by men his wife hired. After months of this hell, he was given a second chance, a new life in a different world and, of course, Arthur would rather start a new life than stay and continue to be tortured, so he accepted the deal that was proposed by a mysterious individual, but when he finally was reincarnated, Arthur discovered he was a..... parasite? PS: This is not a novel about a kind MC, so read AT YOUR OWN RISK. .
8 212 - In Serial9 Chapters
Summoning India: Bhaarat Samman
Give Me Blood, and I Will Give You Freedom. Surrounded by the ruthless and communist foes, there exists a tale of a tiger known to be the world's fourth largest economy, and home to 1 Billion people. Now situated in a position which is considered impossible, India once more has a challenge to unravel the mystery of why the nation and it's people have been brought in a new world. Fortresses and Strongholds will fall beneath their power, none of the mountains and the seas can impede their path for they bring justice to a new world. By their hands, Nations will fall while new ones are born. What lies left is their story to be witnessed. Summoning India: An NHS inspired Fanfiction, where we follow the story of India from an Alternate History world. Cover art: CallMePlez (Daichi Suzuki) Also available in Royal Road, Scribblehub, Webnovel and Fanfic.net
8 225 - In Serial8 Chapters
The Change
Evan may seem like your ordinary man, but deep down he harbours a secret that may very well cost him his humanity and reduce him to a beast. After he comes home from a holiday in China, he discoveres he has been infected with something that is slowly peeling away his humanity and replacing with something that should not exist: A Dragon.
8 169 - In Serial8 Chapters
Trùng Sinh Mạnh Nhất Thần Côn - Thôi Xán Lão Cao
Thể loại : ngôn tình, trọng sinh, hiện đại, dị năng, huyền huyễn, báo thù, nữ cường, hoàn.Sơ lược :Kỳ Nhiễm bởi vì thần bí mai rùa bị hại cửa nát nhà tan, chỉ nàng dư một người.Trải qua gian khổ lại phát hiện cừu nhân dĩ nhiên là cha ruột.Nằm gai nếm mật cừu nhân gia, lại bị thân tỷ muội buộc nhảy vách núi.Không nghĩ tới lại mở mắt, lại trở lại mười năm trước, trở lại mụ mụ ba ba muội muội còn sống mười năm trước.Để cho nàng khiếp sợ chính là, mai rùa hóa thành hư vô, nhưng là một phần vô cùng cường đại thiên sư truyền thừa lại xuất hiện ở trong đầu của nàng.Bấm ngón tay sao biết được họa phúc sớm chiều, một cái nhìn hết kiếp trước kiếp này, kỳ môn độn giáp vì ta sử dụng, ngưu quỷ xà thần cúi đầu nghe lệnh! Chém chết Thượng Quan gia, lại dính dáng ra càng lớn cừu gia, đúng là mỗ hoa hạ lớn nhất dị năng tổ chức nhất.Thiên môn? Liệt Hỏa Bang? Ma La Cốc? Ẩn Sát Đường?Không có vấn đề gì!Quản ngươi là danh môn thế gia hào môn vọng tộc, quản ngươi là thiên đế hỏa vương sát thủ hoàng, trốn không thoát năm ngón tay trong lúc đó!
8 303 - In Serial33 Chapters
My Innocent Flower ( Jasper Hale x Maleoc)
Bella has a brother though no one knew about him; only because he had been in the hospital because of his asthma(it's really bad and he needs to have an air tank with him constantly). Bella doesn't like talking about him and brining him up what so ever. So what happens when he comes to forks Washington to be with his dad and sister that doesn't like him. I obviously don't own the twilight series all rights reserved to the rightful owners
8 295

