《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-25
Advertisement
အပိုင်း-25
လင်းဂျင်းယွမ် အင်ပါယာစာသင်ကျောင်းမှာ တက်ရောက်နေပြီး ဆောင်းဂျင်းလန်က ဆရာများချီးကျုးတာ အမြဲတမ်းခံရသူဖြစ်တယ်။ လင်းဂျင်းယွမ်က စာလေ့လာရတာကို သိပ်မကြိုက်ဘူး ဒါ့ကြောင့် သဘာဝကျစွာ ဆောင်းဂျင်းလန်ကိုလည်း မကြိုက်ဘူး။ သူ့အဝတ်အစားအပေါ် မင်နဲ့ပက်တယ် ပြီးတော့ တခြားမင်းသားတွေနဲ့အတူ လှောင်ပြောင်တယ်။
သို့ပေမဲ့ ဆောင်းဂျင်းလန် ဘယ်တော့မှ စိတ်မပျက်ဘူး။ ပြုံးနေပြီး တခြားသူများကို ကောင်းမွန်တဲ့အပြုအမူနဲ့ ပြန်တုန့်ပြန်လေ့ရှိတယ်။ သဘာဝကျစွာ သူ့အပြုအမူ ကို လင်းဂျင်းယွမ် ပျင်းလာပြီး သူ့ကိုစော်ကားပြောဆိုတ တော်တော် ရှားသွားပြီ။ ဖြစ်တောင့်ဖြစ်ခဲပဲ။
လင်းဖေးလု ဒီအကြောင်းကြားတော့ ချောမောတဲ့ကောင်လေးကို နည်းနည်းသနားမိတယ်။
မျှော်လင့်ထားသည်အတိုင်း နတ်ဘုရားတွေမျှတတယ်။ ချောမောမှုကို ပေးသနားပေမဲ့လည်း အဲလူဆီက တစ်ခုခုကို အဝေးကိုယူဆောင်သွားတယ်။ ဒါ့ကြောင့် ကံကြမ္မာက သူ့ကိုလွယ်ကူချောမွေ့တဲ့ဘဝမျိုးခွင့်ပြုမှာမဟုတ်ဘူး။
ဒါမျိုး ခံစားဖူးသူမှ တစ်ယောက်နဲ့တစ်ယောက်စာနာပေးနိုင်တာ ဆိုတဲ့စကား တကယ်မှန်တယ်။
တကယ်တမ်းပြောရရင် ဆောင်းအင်ပါယာက သန်မာတဲ့အနေအထားရှိခဲ့ရင် ကြီးမြတ်တဲ့ အင်ပါယာလင်းက ငြိမ်းချမ်းရေးလက်ထပ်ပွဲခေါင်းစဉ်အောက် အင်ပါယာမင်းသမီးကို ပေးဖို့လိုအပ်လာမယ်။ သံသယဖြစ်စရာကိုမလိုတာ အဲလိုဖြစ်လာရင် သူမပဲဖြစ်လာလိမ့်မယ်။
တွေးရင်းအနည်းငယ်ခေါင်းမူးလာတယ်။သို့ပေမဲ့ လင်းဂျင်းယွမ်ကို သိခွင့်မပေးပဲ ဂရုစိုက်တယ်။ နေ့လည်ခင်း ပျော်ရွှင်စွာငါးဖမ်းကြတယ်။ကုန်းကုန်း သူတို့ကိုဉီးဆောင် သေချာဂရုတစိုက်ခေါ် သွားတယ်။နောက်ဆုံး သူတို့ ငါးဖမ်းပြီးနောက် ငါးများကို ကုန်းကုန်းလက်ထဲပေးပြီး ငါးများကို သူတို့နေရာဆီ ပို့ပေးဖို့ ညွန်ကြားလိုက်တယ်။
လင်းဂျင်းယွမ် က သူ့ ညီမကို လိုက်ပို့ချင်တာ။သို့ပေမဲ့ လမ်းတစ်ဝက်မှာ ကြင်ယာတော် ရွမ် ဆီက စကားပါးသူရောက်လာခဲ့တယ်။ ဧကရာဇ်က သူလေ့လာသင်ယူနေတာစစ်ဆေးဖို့ ချန်းမင်းနန်းဆောင် သွားတဲ့ လမ်းကြောင်းရောက်နေပြီ။ ဒါ့ကြောင့် သေချာပေါက် အလျင်စလိုပြန်မှဖြစ်မယ်။ဒါ ကိုကြားတော့ လင်းဂျင်းယွမ်လည်းကြောက်လန့်သွားကာချက်ချင်းပြေးထွက်သွားတယ်။
လင်းဖေးယု သူတို့အပြန်လမ်းကိုဉီးဆောင်သွားတဲ့ ကုန်းကုန်းအနောက်က ဖြေးညှင်းစွာလိုက်ပါလာတယ်။
သူတို့ လျိုဇု ဗီလာက ဖြတ်တော့ နေရောင်ဖြာကျလျက်ဝါးသစ်တောကို ကောင်းမွန်တဲ့အပြုအမူနဲ့အရိပ်လေး ကိုတွေးမိတယ်။
ခဏတွေးပြီး အိတ်ထဲက ငါး၂ ကောင်မကာ ကုန်းကုန်းကို " ငါ့ ကို ဒီနေရာက စောင့်နေ"
ကုန်းကုန်းအရိုအသေပေးတယ်။လင်းဖေးလု လျိုဇုဗီလာဆီ ငါးနှစ်ကောင်နဲ့အတူလျှောက်လာတယ်။
တွေးကြည့်ရရင် သူတို့မင်ယွဲ့နန်းဆောင်က ဖယ်ရှားခံထားရတာ လို့တွေးလို့ရတယ်။ လျိုဇု ဗီလာ က မင်ယွဲ့နန်းဆောင် ထက်တောင်ပိုပြီး တစ်သီးတခြားခွဲခြားခံထားရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဂိတ်တံခါးတွန်းဖွင့်ပြီး ဆေးကွာကျနေသည့် သစ်သားတံခါးကျယ်လောင်တဲ့အသံနဲ့အတူပွင့်သွား၏။ ဒါသူတို့လစ်လျုရူခံထားရတာ ရှင်းလင်းတယ်။
အဲထဲမှာ ဆောင်းဂျင်းလန်ရဲ့အစေခံကောင်လေး ဆေးခွက်ကိုင်ထား၏။ တစ်စုံတစ်ယောက်ဝင်လာတာမြင်တော့ သူ့တင်းကျပ်တဲ့မျက်နှာထား စတင်ထိတ်လန့်သွား၏။
ဒီနေ့လည်က မင်းသား ၄ နဲ့အတူ ဒီကလေးမလေး ပါလာတာ မြင်တယ်။ မင်းသား ၄က သူ့သခင်ကို အနိုင်ကျင်ခဲ့တယ်။ဒါ့ကြောင့် ဒီကလေးမလေးလည်း မကောင်းတဲ့လူ ဖြစ်ရမယ်။
မမျှော်လင့်ထားစွာ သူမ ကျေနပ်စွာပြုံးရင်းလျှောက်လာတယ်။ ငါးကိုပေးပြီး ရှင်းလင်းတဲ့အသံနဲ့ "နင့်အတွက် "
ထိုအစေခံ ကောင်လေး တောင့်ခဲသွား၏။ မတုန့်ပြန်ရဲချေ။
လင်းဖေးယု ဆက်ပြောတယ်။ " နင့်သခင် ဖျားနာနေတယ်လို့ ငါကြားခဲ့တယ်လေ? ဒါ့ကြောင့် ငါးစွပ်ပြုတ်လုပ်ဖို့ ဒါက အရမ်းအာဟာရပြည့်တာ"
ထိုကောင်လေး ငါးကို ကြည့်ပြီး ကလေးမကိုပြန်ကြည့်တယ်။ အဆုံးမှာ သူ့ကိုယ်သူ တွေးမိတယ်။ ဒီငါးကိုအဆိပ်ခတ်ထားလား?
လင်းဖေးလု သူဘာတွေးနေသလဲ အတိအကျသိတယ်။ ရီပြီး စနောက်တယ်။ "မလိုချင်ဘူးလား?"
အစေခံကောင်လေး အရူံးနဲ့တွေ့လိုက်ရသလိုပဲ။ သူ့နောက်က တခါးဖွင့်သံကြားရတယ်။ဆောင်းဂျင်းလန် တံခါးနားရပ်နေပြီးသူ့ခန္ဓာကိုယ်ပေါ် ဝတ်ရုံ ခြုံထား၏။ ညင်သာစွာစကားပြောတယ်။ "တန်ဒေါင် လက်ခံလိုက်။ " ထို့နောက်လင်းဖေးလု ဘက်လှည့်ပြီး"ကျေးဇူးတင်ပါတယ်။ မင်းသမီး "
လင်းဖေးလု အနည်းငယ်အံ့ဩသွားတယ်။ "ဘယ်လိုလုပ်ဖေးလေးကို သိနေတာလဲ?"
ခေါင်းညိတ်ပြီးအပြုံးလေးနဲ့ "မင်းသမီးအကြောင်း အများကြီး ကြားဖူးတယ်"
အိပ်ရာပေါ် က ထလာပုံရပြီးဆံပင်အနည်းငယ် ရူပ်ပွနေ၏။မျက်နှာဖျော့တော့ အားနည်းနေပေမဲ့ သူ့အပြုအမူက လုံးဝမပျက်ယွင်းချေ။ သူမ သူ့ကိုအကြာကြီး ကြည့်နေရင်း ပိုကျေနပ်လာတယ်။ လင်းဖေးလု လှပတဲ့ သူ့ပုံစံလေးကြည့်ရင်းအရမ်းကျေနပ်တယ်။ ငါး ပေးပြီးနောက် ခြေလှမ်းအတိုင်းထွက်သွား၏။
သူမနောက်မှာ ဂိတ်တံခါးနီးကပ်စွာရှိနေ၏။
သူမ ထွက်သွားတော့ တန်ဒေါင်က ချက်ချင်းပြောတယ်။ "အရှင့်သား အခု ဒီငါးကို သွားပစ်လိုက်မယ်.."
ဆောင်းဂျင်းလန် အားနည်းဖျော့စွာလက်ခါတယ်။ "အဲလိုလုပ်ဖို့မလိုဘူး။ စားဖို့ ချက်လိုက်..."
တန်ဒေါင် တုန့်ဆိုင်းစွာ "ဒါပေမဲ့ ဒါ အဆိပ်ရှိရင်.."
သူပြုံးပြိး "မင်းသမီးကိုယ်တိုင် သူ့လက်နဲ့လာပို့တာ။ ဘယ်သူမှ မဆင်မခြင်လုပ်မှာမဟုတ်ဘူး။ စိတ်အေးအေးထား"
Zawgyi
အပိုင္း-25
လင္းဂ်င္းယြမ္ အင္ပါယာစာသင္ေက်ာင္းမွာ တက္ေရာက္ေနၿပီး ေဆာင္းဂ်င္းလန္က ဆရာမ်ားခ်ီးက်ဳးတာ အၿမဲတမ္းခံရသူျဖစ္တယ္။ လင္းဂ်င္းယြမ္က စာေလ့လာရတာကို သိပ္မႀကိဳက္ဘူး ဒါ့ေၾကာင့္ သဘာဝက်စြာ ေဆာင္းဂ်င္းလန္ကိုလည္း မႀကိဳက္ဘူး။ သူ႕အဝတ္အစားအေပၚ မင္နဲ႕ပက္တယ္ ၿပီးေတာ့ တျခားမင္းသားေတြနဲ႕အတူ ေလွာင္ေျပာင္တယ္။
သို႔ေပမဲ့ ေဆာင္းဂ်င္းလန္ ဘယ္ေတာ့မွ စိတ္မပ်က္ဘူး။ ၿပဳံးေနၿပီး တျခားသူမ်ားကို ေကာင္းမြန္တဲ့အျပဳအမူနဲ႕ ျပန္တုန႔္ျပန္ေလ့ရွိတယ္။ သဘာဝက်စြာ သူ႕အျပဳအမူ ကို လင္းဂ်င္းယြမ္ ပ်င္းလာၿပီး သူ႕ကိုေစာ္ကားေျပာဆိုတ ေတာ္ေတာ္ ရွားသြားၿပီ။ ျဖစ္ေတာင့္ျဖစ္ခဲပဲ။
Advertisement
လင္းေဖးလု ဒီအေၾကာင္းၾကားေတာ့ ေခ်ာေမာတဲ့ေကာင္ေလးကို နည္းနည္းသနားမိတယ္။
ေမွ်ာ္လင့္ထားသည္အတိုင္း နတ္ဘုရားေတြမွ်တတယ္။ ေခ်ာေမာမႈကို ေပးသနားေပမဲ့လည္း အဲလူဆီက တစ္ခုခုကို အေဝးကိုယူေဆာင္သြားတယ္။ ဒါ့ေၾကာင့္ ကံၾကမၼာက သူ႕ကိုလြယ္ကူေခ်ာေမြ႕တဲ့ဘဝမ်ိဳးခြင့္ျပဳမွာမဟုတ္ဘူး။
ဒါမ်ိဳး ခံစားဖူးသူမွ တစ္ေယာက္နဲ႕တစ္ေယာက္စာနာေပးနိုင္တာ ဆိုတဲ့စကား တကယ္မွန္တယ္။
တကယ္တမ္းေျပာရရင္ ေဆာင္းအင္ပါယာက သန္မာတဲ့အေနအထားရွိခဲ့ရင္ ႀကီးျမတ္တဲ့ အင္ပါယာလင္းက ၿငိမ္းခ်မ္းေရးလက္ထပ္ပြဲေခါင္းစဥ္ေအာက္ အင္ပါယာမင္းသမီးကို ေပးဖို႔လိုအပ္လာမယ္။ သံသယျဖစ္စရာကိုမလိုတာ အဲလိုျဖစ္လာရင္ သူမပဲျဖစ္လာလိမ့္မယ္။
ေတြးရင္းအနည္းငယ္ေခါင္းမူးလာတယ္။သို႔ေပမဲ့ လင္းဂ်င္းယြမ္ကို သိခြင့္မေပးပဲ ဂ႐ုစိုက္တယ္။ ေန႕လည္ခင္း ေပ်ာ္႐ႊင္စြာငါးဖမ္းၾကတယ္။ကုန္းကုန္း သူတို႔ကိုဉီးေဆာင္ ေသခ်ာဂ႐ုတစိုက္ေခၚ သြားတယ္။ေနာက္ဆုံး သူတို႔ ငါးဖမ္းၿပီးေနာက္ ငါးမ်ားကို ကုန္းကုန္းလက္ထဲေပးၿပီး ငါးမ်ားကို သူတို႔ေနရာဆီ ပို႔ေပးဖို႔ ၫြန္ၾကားလိုက္တယ္။
လင္းဂ်င္းယြမ္ က သူ႕ ညီမကို လိုက္ပို႔ခ်င္တာ။သို႔ေပမဲ့ လမ္းတစ္ဝက္မွာ ၾကင္ယာေတာ္ ႐ြမ္ ဆီက စကားပါးသူေရာက္လာခဲ့တယ္။ ဧကရာဇ္က သူေလ့လာသင္ယူေနတာစစ္ေဆးဖို႔ ခ်န္းမင္းနန္းေဆာင္ သြားတဲ့ လမ္းေၾကာင္းေရာက္ေနၿပီ။ ဒါ့ေၾကာင့္ ေသခ်ာေပါက္ အလ်င္စလိုျပန္မွျဖစ္မယ္။ဒါ ကိုၾကားေတာ့ လင္းဂ်င္းယြမ္လည္းေၾကာက္လန႔္သြားကာခ်က္ခ်င္းေျပးထြက္သြားတယ္။
လင္းေဖးယု သူတို႔အျပန္လမ္းကိုဉီးေဆာင္သြားတဲ့ ကုန္းကုန္းအေနာက္က ေျဖးညွင္းစြာလိုက္ပါလာတယ္။
သူတို႔ လ်ိဳဇု ဗီလာက ျဖတ္ေတာ့ ေနေရာင္ျဖာက်လ်က္ဝါးသစ္ေတာကို ေကာင္းမြန္တဲ့အျပဳအမူနဲ႕အရိပ္ေလး ကိုေတြးမိတယ္။
ခဏေတြးၿပီး အိတ္ထဲက ငါး၂ ေကာင္မကာ ကုန္းကုန္းကို " ငါ့ ကို ဒီေနရာက ေစာင့္ေန"
ကုန္းကုန္းအရိုအေသေပးတယ္။လင္းေဖးလု လ်ိဳဇုဗီလာဆီ ငါးႏွစ္ေကာင္နဲ႕အတူေလွ်ာက္လာတယ္။
ေတြးၾကည့္ရရင္ သူတို႔မင္ယြဲ႕နန္းေဆာင္က ဖယ္ရွားခံထားရတာ လို႔ေတြးလို႔ရတယ္။ လ်ိဳဇု ဗီလာ က မင္ယြဲ႕နန္းေဆာင္ ထက္ေတာင္ပိုၿပီး တစ္သီးတျခားခြဲျခားခံထားရလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားဘူး။ ဂိတ္တံခါးတြန္းဖြင့္ၿပီး ေဆးကြာက်ေနသည့္ သစ္သားတံခါးက်ယ္ေလာင္တဲ့အသံနဲ႕အတူပြင့္သြား၏။ ဒါသူတို႔လစ္လ်ဳ႐ူခံထားရတာ ရွင္းလင္းတယ္။
အဲထဲမွာ ေဆာင္းဂ်င္းလန္ရဲ႕အေစခံေကာင္ေလး ေဆးခြက္ကိုင္ထား၏။ တစ္စုံတစ္ေယာက္ဝင္လာတာျမင္ေတာ့ သူ႕တင္းက်ပ္တဲ့မ်က္ႏွာထား စတင္ထိတ္လန႔္သြား၏။
ဒီေန႕လည္က မင္းသား ၄ နဲ႕အတူ ဒီကေလးမေလး ပါလာတာ ျမင္တယ္။ မင္းသား ၄က သူ႕သခင္ကို အနိုင္က်င္ခဲ့တယ္။ဒါ့ေၾကာင့္ ဒီကေလးမေလးလည္း မေကာင္းတဲ့လူ ျဖစ္ရမယ္။
မေမွ်ာ္လင့္ထားစြာ သူမ ေက်နပ္စြာၿပဳံးရင္းေလွ်ာက္လာတယ္။ ငါးကိုေပးၿပီး ရွင္းလင္းတဲ့အသံနဲ႕ "နင့္အတြက္ "
ထိုအေစခံ ေကာင္ေလး ေတာင့္ခဲသြား၏။ မတုန႔္ျပန္ရဲေခ်။
လင္းေဖးယု ဆက္ေျပာတယ္။ " နင့္သခင္ ဖ်ားနာေနတယ္လို႔ ငါၾကားခဲ့တယ္ေလ? ဒါ့ေၾကာင့္ ငါးစြပ္ျပဳတ္လုပ္ဖို႔ ဒါက အရမ္းအာဟာရျပည့္တာ"
ထိုေကာင္ေလး ငါးကို ၾကည့္ၿပီး ကေလးမကိုျပန္ၾကည့္တယ္။ အဆုံးမွာ သူ႕ကိုယ္သူ ေတြးမိတယ္။ ဒီငါးကိုအဆိပ္ခတ္ထားလား?
လင္းေဖးလု သူဘာေတြးေနသလဲ အတိအက်သိတယ္။ ရီၿပီး စေနာက္တယ္။ "မလိုခ်င္ဘူးလား?"
အေစခံေကာင္ေလး အ႐ူံးနဲ႕ေတြ႕လိုက္ရသလိုပဲ။ သူ႕ေနာက္က တခါးဖြင့္သံၾကားရတယ္။ေဆာင္းဂ်င္းလန္ တံခါးနားရပ္ေနၿပီးသူ႕ခႏၶာကိုယ္ေပၚ ဝတ္႐ုံ ၿခဳံထား၏။ ညင္သာစြာစကားေျပာတယ္။ "တန္ေဒါင္ လက္ခံလိုက္။ " ထို႔ေနာက္လင္းေဖးလု ဘက္လွည့္ၿပီး"ေက်းဇူးတင္ပါတယ္။ မင္းသမီး "
လင္းေဖးလု အနည္းငယ္အံ့ဩသြားတယ္။ "ဘယ္လိုလုပ္ေဖးေလးကို သိေနတာလဲ?"
ေခါင္းညိတ္ၿပီးအၿပဳံးေလးနဲ႕ "မင္းသမီးအေၾကာင္း အမ်ားႀကီး ၾကားဖူးတယ္"
အိပ္ရာေပၚ က ထလာပုံရၿပီးဆံပင္အနည္းငယ္ ႐ူပ္ပြေန၏။မ်က္ႏွာေဖ်ာ့ေတာ့ အားနည္းေနေပမဲ့ သူ႕အျပဳအမူက လုံးဝမပ်က္ယြင္းေခ်။ သူမ သူ႕ကိုအၾကာႀကီး ၾကည့္ေနရင္း ပိုေက်နပ္လာတယ္။ လင္းေဖးလု လွပတဲ့ သူ႕ပုံစံေလးၾကည့္ရင္းအရမ္းေက်နပ္တယ္။ ငါး ေပးၿပီးေနာက္ ေျခလွမ္းအတိုင္းထြက္သြား၏။
သူမေနာက္မွာ ဂိတ္တံခါးနီးကပ္စြာရွိေန၏။
သူမ ထြက္သြားေတာ့ တန္ေဒါင္က ခ်က္ခ်င္းေျပာတယ္။ "အရွင့္သား အခု ဒီငါးကို သြားပစ္လိုက္မယ္.."
ေဆာင္းဂ်င္းလန္ အားနည္းေဖ်ာ့စြာလက္ခါတယ္။ "အဲလိုလုပ္ဖို႔မလိုဘူး။ စားဖို႔ ခ်က္လိုက္..."
တန္ေဒါင္ တုန့္ဆိုင္းစြာ "ဒါေပမဲ့ ဒါ အဆိပ္ရွိရင္.."
သူၿပဳံးၿပိး "မင္းသမီးကိုယ္တိုင္ သူ႕လက္နဲ႕လာပို႔တာ။ ဘယ္သူမွ မဆင္မျခင္လုပ္မွာမဟုတ္ဘူး။ စိတ္ေအးေအးထား"
Advertisement
- In Serial45 Chapters
The Natural
Leo's first order of business when he is dropped unceremoniously into the pokemon world is to survive. Seeing as he is in the middle of the wild with only a small pocketknife, some papers, and a backpack, and with no signs of civilization in sight, that is setting up to be quite the task.
8 56 - In Serial20 Chapters
Ekalius Online
[This web-novel has been rewritten as of the 27th of May 2019 and reviews, ratings and followers may not reflect the current novel (both positive and negative).] Leo found himself thrown out of the Guild he helped elevate to the top in the popular VRMMORPG Garius Online. His contract forced him to reset his character back to level 0. He had worked on a questline for 8 years to earn his spot in the Saint Trials, yet this sudden development forced him to give up his spot. As if that wasn’t enough, he even managed to get himself murdered. Leo awoke seemingly 15 years in the past. The game he knew was no more, yet another had taken its place. He did not know why he was still alive but became determined to seek out the truth behind his murder and compete in the Saint Trials. With the game and the world itself so similar, yet still so different, how will he use his second chance at life?
8 87 - In Serial6 Chapters
chimera
it's a book about a man with a mission. James Majiouse is a chimera master watch his daily life
8 111 - In Serial6 Chapters
Hattoran Chronicle
There is a hostile sky above me. Man will never conquer space. He may live in it, but he will never conquer it. The sky above is void, and very black, and very hostile. -- Joseph Kittinger A pair of extragalactic supersoldiers are betrayed and stranded in the Milky Way at the end of the 29th century, potentially shaking the balance of power within the galaxy, but there's far more going on than anyone realizes. Allies are few in a galaxy eager to learn their secrets, and their ancient enemy continues to threaten the existence of the entire universe. The two Hattorans are forced to rely on each other and a few unlikely allies to solve a problem they for once can't simply fight their way out of.(Technically Star Trek fanfic but outside of existing storylines and I'm considering how easily the serial numbers could be filed off) This is all in progress and constructive feedback is strongly encouraged! I've got a lot in the air as I bring this all together.
8 192 - In Serial123 Chapters
The Goose, the golden egg and the end of the world
After excreting golden eggs for a number of months, Robert is visited by a talking goose who informs him that he's been selected to go on a pilgrimage to awaken the earth's Guardians and stop the machinations of the Raven. A novel about the nature, manifestations and dangers of belief set against the backdrop of environmental apocalypse and global political turmoil.
8 207 - In Serial21 Chapters
Electrosilver
In the year 2450 on planet Earth at a time when technology was at its peak and humanity was thriving, a secret research organization was carrying out an experiment on a young boy who had lost the will to live. Just as the experiment was on its final stages and on the brink of success, a miscalculation resulted in everything going haywire. The young boy,Luke, having resigned himself to death, closed his eyes and waited. Only to open them at a place entirely new to him and with changes to his body that he would have never imagined.
8 199

