《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-35
Advertisement
အပိုင်း-35
"ဒီယုန်လေး လုလေးကိုပေးလိုက်။ လုလေး ရဲ့ နန်းဆောင်ကို ပြန်သယ်သွားလိုက်မယ်။ ကောင်းကောင်းမွေးပေးထားမယ်။ ဒါဆို အစ်ကိုတော် လည်းဖြစ်ချင်တာမြင်ရပြီ။ ဘယ်လိုလဲ?"
ထိုကောင်လေး မျက်လုံးလှန်ကြည့်လာတယ်။ ကိုးရိုးကားယားအသံနဲ့ "ဒါဆို..ငါ့ မယ်တော် ကို ဘယ်လိုရှင်းပြရမလဲ? အလောင်းကို ပြန်သယ်လာဖို့ ပြောရင်ကော?"
လင်းဖေးလု"..."
ဘယ်လိုလုပ် ဧကရီက ဒီလောက်ရက်စက်မှာလဲ? သူတို့သားကို ဒီရက်စက်တဲ့အရာတွေ သယ်လာခိုင်းမှာတဲ့လား?"
ဧကရီ အနေနဲ့ သူ့နေရာကိုလုံလုံခြုံခြုံ ထိန်းသိမ်းထားနိုင်တာ မအံ့ဩတော့ဘူး။
လင်းဖေးလု ခဏဟန်ဆောင်တွေးတောပြီးထပ်အကြံပြုတယ်။
"ဒါကို မလုပ်နိုင်လို့ ဘယ်သူမှမသိတဲ့နေရာမှာ ထားခဲ့တယ်လို့ပြောလိုက်။ အင်ပါယာမောင်းမဆောင်ထဲ ပိုင်ရှင်မရှိတဲ့ယုန်လေးက မရှင်သန်နိုင်ဘူး။ ဒါ တိုက်ရိုက်သတ်မဟုတ်ပေမဲ့လည်း အစ်ကိုတော်ရဲ့ မယ်တော် စကားကို မနာခံတာမှမဟုတ်ပဲ။ ဒီနည်းလမ်း နဲ့ဆိုရင် အစ်ကိုတော် ကိုပေးတဲ့တာဝန် လုံးဝ ပြီးမြောက်တယ်လေ။ ပြီးတော့ အစ်ကိုတော် ရဲ့မယ်တော် က အစ်ကို့အကြောင်းကောင်းကောင်းနားလည်တာပဲ ယုန်လေးအလောင်းကိုယူသွားရင် သေချာပေါက် အစ်ကိုတော် ကို သံသဝင်မှာ"
ထိုကောင်လေး ဒါကိုကြားတော့ ကျိုးကြောင်းသင့်တယ်လို့ခံစားရတယ်။ ဝမ်းနည်းနေသည့်မျက်နှာ တဖြေးဖြေး တောက်ပတဲ့အပြုံးအဖြစ်ပြောင်းလဲသွား၏.
ဧကရာဇ် လင်းနဲ့ သူ့ဇနီးများက ချောမောလှပတဲ့သားတော် အများကြီးမွေးထားတာ အထင်ကြီးဖို့ကောင်းလိုက်တာ။ သူ့မျက်နှာပေါ် က အပြုံးကနွေးထွေးပြီးနွေဉီးအလင်းရောင်လေးလိုနွေးထွေးကာ ပွင့်ချပ်လေးလိုတောက်ပတယ်။
အာ..ဒီကောင်လေးကိုမချစ်ပဲ နေနိုင်မှာတုန်း။
ရက်ရက်စက်စက်အမေက ဒီလို နူးညံ့ ညင်သာတဲ့နှလုံးသား ရှိတဲ့ သားမျိုးမွေးထုတ်ထားတာ. ကောင်းကင်ကြီးက သူတို့ကိုရက်ရက်စက်စက် စနောက်လိုက်တာပဲ။
လင်းဖေးလု သူ့မျက်နှာပေါ် က မျက်ရည်တွေ ကို သူ့လက်ချောင်သေးသေးလေးနဲ့ သုတ်ပေးပြီး နှစ်သိမ့်ပေးတယ်။
"ဝမ်းနည်းမနေနဲ့. ပြသာနာရှိတိုင်း အမြဲတမ်းဖြေရှင်းဖို့ နည်းလမ်း ရှိတယ်။ အနာဂတ်မှာ အစ်ကို တစ်ခုခု မဖြေရှင်းနိုင်တိုင်း မငိုနဲ့ အဲဒီအစား လုလေးဆီလာခဲ့. လုလေး ဖြေရှင်းဖို့နည်းလမ်းရှာ ကူညီပေးမယ်!!"
ထိုလူငယ်လေး ပါးနှစ်ဖက် ရဲတက်သွားကာ ရှက်ကိုးရှက်ကန်း တစ်ဖက်ကိုလှည့်သွား၏။နှာခေါင်းသံ နဲ့ "အင်း!!"
လင်းဖေးလု အိတ်ကပ်ထဲက ဂျုဘယ်သီးအချို့ထုတ်ပြီး သူ့လက်ထဲထည့်ပေးလိုက်တယ်။ မျက်နှာအပြုံးလေးနဲ့ " ရော့ ..!!"
သူမအသံ ညင်သာနူးညံ့ပေမဲ့ အခိုင်အမာ တီးတိုး" မကြောက်နဲ့ လုလေး ကာကွယ်ပေးမယ်!!"
ထိုကောင်လေး ဆံပင်နှစ်ဖက်ထုံးထားတဲ့ကလေးမကိုကြည့်လိုက်သည်။ ဂျုဘယ်သီးယူကာ ရီမောရင်း ယုန်လေးကို သူမလက်ထဲထည့်ပေးလိုက်တယ်။ "ဒါဆိုလည်း ပြသာနာပေးမိပြီ။ အခုကစပြီး ယုန်လေးကို ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါ"
လင်းဖေးလု ရင်ဘတ်ပုတ်ပြီး ဂုဏ်ယူစွာ ယုံကြည်ချက်ရှိရှိ " လုလေး လက်ထဲ အပ်ထားလိုက်!!"
ထိုကောင်လေး ထပ်မေးလာတယ်။ " မင်း ဘယ်နန်းဆောင်ကလဲ?"
လင်းဖေးလု မျက်တောင်တခတ်ခတ် နဲ့ "မင်ယွဲ့ နန်းဆောင် မှာ လုလေး နေတာ"
"မင်ယွဲ့ နန်းဆောင်?"
ထိုကောင်လေးမျက်နှာပေါ် အံ့ဩသွားတဲ့ သဲလွန်စကျန်ခဲ့တယ်။ သူမ ကိုအကြာကြီးကြည့်ရင်းတစ်ခုခုပြန်တွေးနေ၏. တုန့်ဆိုင်းစွာ "လုလေး မင်းက..မင်းသမီး ၅ လင်းဖေးလုလား?"
"ဟုတ်တယ်!!"
ထိုကောင်လေး မထိန်းနိုင်ပဲ ပြုံးပြီး "အဲဒါ မင်းပေါ့။ ကောလဟာလအတိုင်းလည်းမဟုတ်ဘူး။ အခု သူတို့တွေ လိမ်ပြောနေတာ သေသေချာချာမြင်ရတယ်"
လင်းဖေးလု မျက်နှာပေါ် "အစ်ကိုတော် ပြောတာ လုလေးနားမလည်ဘူး" ပုံစံမျိုးရှိနေ၏။
ထိုကောင်လေး မတ်တပ်ထရပ်ပြီး ဂျုဘယ်သီးများ အင်္ကျီလက်ထဲထည့်ကာ ညင်သာစွာ "ဖေးလု ကျေးဇူးပြုပြီး ယုန်လေးကို ဂရုစိုက်ပေးပါ။ အချိန်ရှိရင် မင်းယွဲ့နန်းဆောင်ကိုလာလည်မယ်"
လင်းဖေးလု အထပ်ထပ်ခေါင်းညိတ်တယ်။ ထိုယုန်လေးကို ဝတ်ရုံထဲထွေးပိုက်ပြိး ခေါင်းသေးသေးလေးပဲ ဖော်ပေးထား၏. ထိုကောင်လေးကို လက်ပြနှုတ်ဆက် ထွက်လာခဲ့တယ်။
သာသာမှ။
ဒါလေး paid ရှိပါတယ်။ အပိုင်း 256 ပိုင်းရောက်ပါပြီနော်။ အစအဆုံး 3000 သတ်မှတ်လိုက်ပါတယ်နော်။
Zawgyi
အပိုင်း-35
လင်းဖေးလု"..."
Advertisement
"မင်ယွဲ့ နန်းဆောင်?"
"ဟုတ်တယ်!!"
သာသာမှ။
Advertisement
- In Serial16 Chapters
The Good Mother System
How does an unmarried woman suddenly have an abundance of offspring everywhere? Female lead Dan Jingqiu suddenly dies from a heart attack. Her soul was taken away by ‘The Good Mother System’, 008, and brought into the world of novels. Aiming to fulfill the final wishes of mother characters and to release their souls from their regretful attachments to their respective world, The female lead travels through different novels to save various children from their pain and misfortune. In the process, she undergoes personal growth and change, Ultimately becoming the admirable good mother of her wards.
8 277 - In Serial59 Chapters
Multiversal Vanguard Into The Dark
Expect well written power systems, intrigue, world building and fiction with little comparison with others. Hope to see you in the latest chapters! * “Time is the fifth dimension, I tell you. Length, height, width, spirituality then time. I know it’s hard to believe but we didn’t believe in the Nexus at first either but it’s not that big of a leap in logic now, is it?” *** As billions of humans slept on **/**/2030, our dormant spiritual power finally reached the tipping point and established connection with the Nexus. A separate galaxy and the gathering point of countless dimensions similar or alien to ours. It just so happens that we are beneath underdeveloped spiritually and equate to a tribe to them. I who was fated to die a quiet and quaint 60 year life, choose to resist. Not for humanity’s salvation but for my own pride. I’ll face the terrors and become the Multiversal Vanguard Into The Dark.
8 217 - In Serial18 Chapters
Sandhailer
The deserts of Yalmae are relentless: its sands are scorching by day and freezing by night, ready to consume any unprepared travellers.A nameless man, known only as 'Sandhailer', sets out across the unforgiving dunes. His sole purpose is to deliver a message, and he has never failed to do so in time.But when he finds a wounded soldier, he has to choose between his mission, and his morals.
8 167 - In Serial17 Chapters
Jade Immortal
(Experimental story)Six people stood in line for reincarnation and went to the same world. One person broke the rule of Six and followed them to the xianxia world they selected. Tricking a mortal bent on vengeance, an evil jade spirit was freed. It has a body at last and will do all it can to protect its freedom.
8 157 - In Serial11 Chapters
Re: Progenitor
A famous mountain climber with skills untold dies due to a massive avalanche. Follow this man as he is reincarnated as a beast who is more than meets the eye.
8 179 - In Serial66 Chapters
LITTLE FURY ( fairy tail. )
( Completed )━━━𝐋𝐈𝐓𝐓𝐋𝐄 𝐅𝐔𝐑𝐘❝With her tiny fists she'll bring a mighty wrath.❞[ BOOK ONE OF DEALANA KA'INO ]⤷ Fem!OC x Fairy Tail⤷ Includes added lore,additional OCs, & more⤷ Based on the Anime⤷ Plans to rewrite soon
8 179