《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch- 44
Advertisement
ပထမက မင်းသား ၄ ရဲ့ မယ်တော် ကြင်ယာတော်ရွမ်။ နောက်တော့ မင်းသား ၁ နောက်တော့ မင်းသမီး ၁။ မြင့်မားတဲ့ ပုံရိပ်တွေ အကြောင်း ထပ်မတွေးဝံချေ။ ရုတ်တရက် လမ်းကြောင်း ချော်ပြီး တဖြေးဖြေး သူ့ဘဝပြောင်းလဲလာသည်။
ဒါအားလုံးတိုက်ဆိုင်မှုပဲလား? ဒါမှမဟုတ် လုအာက သူတို့ကိုလွမ်းမိုးခဲ့ပြီး ဒါတွေပြောင်းလဲအောင် ဉီးဆောင်ခဲ့သည်လား?
ဒါနဲ့ပတ်သက်ပြီး ရှောင်လန် ရဲ့ အတွေးရူပ်ထွေးနေ၏။
ကြာပြီ..သူဘာမှမလိုချင်တာ ကြာပြီ။ အမှန်ပြောရရင် ဒီလိုကိစ္စ တွေ အရမ်းတွေးတော ရပြီးစိုးရိမ်နေရတာရပ်ချင်တယ်။ အင်ပါယာသမားတော် ဖန် သူ့ကိုစကားပြောဆိုကာ ထွက်သွားတော့ အခန်းထဲ တစ်ယောက်တည်းထိုင်နေ၏။ နောက်ဆုံး လုအာ လင်းရှင်းပွဲကြည့်စင်က ရေကန်ထဲ ပြုတ်ကျပြီးနောက်ပိုင်း အပြုအမူပြောင်းလဲသွားတာ မှတ်မိလာတယ်။
အစက ဒီပြောင်းလဲမှုမသိမသာကို အာရုံမစိုက်ခဲ့ဘူး အခုတွေးကြည့်ရရင် သူတို့အခြေအနေမတူညီတော့ဘူး. မဖြစ်နိုင်တဲ့အတွေးတစ်ခု သူ့အတွေးထဲ တဖြေးဖြေးနှစ်ဝင်လျက်..ဒီဖြစ်နိုင်ချေကို ကိုယ်တိုင်ငြင်းဆိုဖို့ရာမဖြစ်နိုင်ပြန်ဘူး။
ဒီလိုဉပဒ် တွေ လုံးဝမဖြစ်နိုင်ဘူး။ငါ လုံးဝ အတွေးမှားနေတာဖြစ်ရမယ်!!
သို့ပေမဲ့ သံသယအစပျိုးပြီဆိုမှတော့ လုံးဝ အတွေးထဲနှစ်မြုပ်နေပြီး ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဖယ်ရှားဖို့မဖြစ်နိုင်ဘူး။ ညဘက် ရှောင်လန် လင်းဖေးလု ကိုဆေးတိုက်ပြီးနောက် တစ်ခုခုမှားနေတာ သတိထားမိသွား၏.
လုအာက သူ့ ကိုယ်သူ အကဲဖြတ်နေတက်တယ်။တစ်ခါတစ်လေ အတွေးထဲနှစ်မြုပ်နေ၏။ သူ့မျက်လုံးထဲကဖော်ပြချက်က အမြဲတမ်းပြောင်းလဲနေ၏။တစ်ခါတစ်လေ ဝမ်းနည်းနေတယ်။တစ်ခါတစ်လေ မူးဝေတက်တယ်။တစ်ခါတစ်လေ စိတ်ရူပ်နေတက်တယ်။ ကြည့်နေရင်း မတူညီတဲ့လူတစ်ယောက်ကိုမြင်နေရသလိုပင်။
ဆေးပြီးအောင် သောက်ပြီး လင်းဖေးလု ညင်သာစွာ "အမေ ဘာတွေတွေးနေတာလဲ?"
ရှောင်လန် စိတ်ပြန်လည်လာတယ်။အားတင်းပြုံးပြ ရင်း "ဘာမှမဟုတ်ဘူး။ခေါင်းနည်းနည်းမူးနေလို့။ " လက်ဆန့်ထုတ်ပြီး စောင်ခြုံပေးကာ သူ့သမီးနဖူးကိုနမ်းလိုက်သည်။
"လုအာ ကောင်းကောင်းမွန်မွန်နေ။စောစောအိပ်"
ရှောင်လန် မတ်တပ်ထရပ်တော့ လင်းဖေးလု သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထား၏။ ရှောင်လန် ကြည့်လိုက်တော့ လုအာ မျက်လုံးထဲ အကြောက်တလန့်နဲ့ရူပ်ထွေးနေ၏။ သူ့သမီးဘာအကြောင်းပြောချင်တာလဲ တွေးကြောက်မိပြီး ခန္ဓာကိုယ်တုန်ယင်လာ၏.
လင်းဖေးလု အစက အမှန်တိုင်းပြောချင်တာ ရုတ်တရက် သူမကိုယ်တိုင် ဘယ်ကစရမယ်မသိချေ။
ကလေးဘဝတည်းက အမေတစ်ယောက်ရဲ့ချစ်ခြင်ကို လုံးဝလက်မခံရဖူးဘူး. သူမမိသားစုက အိမ်ထောင်ကွဲမိသားစု ထို အရာက သူမရဲ့ နေထိုင်မှုစရိုက်ကိုပြောင်းလဲသက်ရောက်ခဲ့တယ်။ကလေး ဘဝတည်းက အတန်းဖော် တွေ ရဲ့မိဘတွေကိုကြည့်ရင်း လုံးဝမနာလိုဖြစ်ခဲ့ရတယ်။
သူမ ဖတ်ဖူးတဲ့စာအုပ်ထဲမှာရေးထားတာက ဒီကမ္ဘာပေါ် မှာ သူတို့ကလေးကိုမချစ်တဲ့မိဘရယ်လို့မရှိကြဘူးတဲ့လေ။
ထိုအချိန်မှာ သူမ မယုံနိုင်ဖွယ်ခေါင်းခါယမ်းမိတယ်.
သူ့နှလုံးသား တီးတိုးပြောမိတယ်။မဟုတ်ဘူး..မမှန်ဘူး။ သူတို့ရှိတယ်။အများကြီးပဲ တစ်ချို့လူတွေက မိဘဖြစ်ဖို့မထိုက်တန်ကြတဲ့လူတွေရှိတယ်။
မိဘအရင်းတွေ သူမကို လုံးဝမနမ်းဖူးဘူး။ ဘယ်တော့မှမပွေ့ဖက်ဖူးဘူး။ အိမ်ပြန်လာပီး အဆင့်ကောင်းကောင်း အမှတ်စာရင်းကိုထုတ်ပြတိုင်းလည်း သူတို့ဂုဏ်မယူကြဘူး။
သူတို့ သူမကို ငွေပေးတာ တစ်ခုတည်းရှိတယ်။
ဒါပေမဲ့ လင်းဖေးလု သူတို့ကိုစိတ်မပျက်ဘူး။ သူတွေက သူတို့ကိုယ်သူတို့ အားကိုးဖို့ရည်ရွယ်ထားတာကြောင့် သူမ အပေါ် ကောင်းပေးဖို့ ရည်ရွယ်ချက်မရှိဘူး။ပြောရရင် သူမကလည်း သူတို့ကိုမချစ်ဘူး။ ချစ်တယ်ဆိုတဲ့ခံစားချက်ရှိခဲ့ရင်တောင် သူတို့ဆီက ရတဲ့တုန့်ပြန်ချက်တွေကြောင့် ပျောက်ကွယ်သွားတာကြာပြီ။
သူမ ဒီကိုရောက်တာတော့ ပထမဆုံးအကြိမ် အိမ် ဆိုတဲ့နွေးထွေးမှုကို ခံစားရတယ်။
မရင်းနှီးတဲ့ ကြီးမြတ်တဲ့လင်းအင်ပါယာထဲ ဒီမောင်းမဆောင်က မင်ယွဲ့ ဘေးနန်းဆောင်လေးမှာ စားသောက်တာ အဝတ်အစား သိပ်စိတ်မချရပေမဲ့လည်း သူ့အစ်ကိုက သူမကိုချစ်တယ။ အမေ ရှောင်လန်က သူမကိုချစ်တယ်။
တစ်ယောက် ကအရူး တစ်ယောက်က ဆိတ်ဆိတ်နေသူဆိုပေမဲ့ သူတို့က သူတို့အချစ်တွေအားလုံး သူမအပေါ် ပုံချပေးတယ်။
သာသာမှ
ဒါလေး Paid ရှိပါတယ်နော်။ လက်ရှိ ၃၂၀ ကျော်ရောက်နေပါပြီ။
Zawgyi။
အပိုင်း-44
.
Advertisement
- In Serial30 Chapters
Our Shattered Realms
*This is a learning experience for me so please keep in mind that I am attempting to work on some of the issues brought to my attention early on. However I haven't yet gone back to redo the early chapters.* Less than two days ago every piece of electronics in the world stopped working for more than two hours. The death toll was immense. Hospital equipment failed, cars stopped in the middle of the street, planes fell from the sky, and homework was lost at the worst possible moment. We found out that it was just the flicker and hum of The System warming up. Now we see the true cost of our new world. A Dark comedy that focuses on a few of the many people who aren't stuck in a high level dungeon when our world is translated and joined to Our Shattered Realms. This is my first story that I have published. I welcome any criticism that you have for me. Thank you for reading and I hope you enjoy!
8 229 - In Serial30 Chapters
Im a Kobold, So what
Crimson is a rare red Kobold who longs to leave the cave and explore the world, however, he needs to manage to not only survive the harsh world but also the humans who shun him if not attempt to take his life. (You can follow me on Twitter @Madgekko1 For future novel updates as well as vote on book ideas I write)
8 194 - In Serial47 Chapters
Legend of the immortal robot
Imagine what would happen if a robot that has cultivated to the immortal realm fell onto planet earth in its current state.As the war between the Farrons and the Celestial gods reached the peak on planet Khami, the Farrons created a robot and passed their knowledge of cultivation into a device called the matrix. The robot is made with a dantian such that it can absorb sun ki and cultivate until it reaches the immortal realm. It is then tasked with protecting the matrix until a successor has been found, but then tragedy strikes as the robot is ambushed by some Celestial gods, the fight leading to its fall from Khami to earth. After the fall, a fifteen year old named Ryan Avariz discovers the matrix and it attaches itself to his arm.
8 164 - In Serial12 Chapters
Buried With Secrets
12 year old boy Hiruka Sakai is a very curious person and when he found out that 98% of the worlds population was gone 400 years ago, he really was thinking about finding the unknown man who did it. while Hiruka is looking for this unknown man, he has to go through some other things like helping out friends, becoming a threat to society to gain recognition from the unknown man, and getting more powerful. While Hiruka is on his journey, he finds some disturbing, traumatizing things that he can't even explain. This book is all about mysteries, and plot twists. Enjoy reading Buried With Secrets!
8 159 - In Serial13 Chapters
The Road Of A Myth
Shun and his class are sent into another world to become heroes, or so they were told Would they follow the path set for them wor would they forge their own path
8 164 - In Serial16 Chapters
Record Of Ragnarok Hermes x Reader
I don't see any Record Of Ragnarok Hermes x reader fanfics so i decided to make one srry if it ends up being trash.
8 229