《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-68
Advertisement
အပိုင်း-68
ပဲစေ့လေး ပေါက်ကွဲထွက်မတက် သူ့ကို ခက်ထန်စွာအတော်ကြာစိုက်ကြည့်နေ၏။ရုတ်တရက် တစ်ခုခုတွေးမိတယ်. ချစ်ဖို့ကောင်းစွာ မှားယွင်းပြောဆိုခံရတဲ့မျက်နှာလေးနဲ့ အပြစ်တင်တယ်။ "လုလေးတို့သူငယ်ချင်းတွေလို့မပြောခဲ့ဘူးလား? ကိုယ့် သူငယ်ချင်းကို ဘာလို့ ဒီလိုအနိုင်ကျင့်နိုင်ရတာလဲ?"
"အခု ငါတို့ သူငယ်ချင်းဆိုတာ မှတ်မိပြီလား? မင်းအစ်မတော် ငါ့ ကိုအနိုင်ကျင့်တုန်းက မင်းကူညီပြီး ဘာလို့ မပြောပေးတာလဲ?"
ပဲစေ့လေးရဲ့ ခေါင်းငုံ့ကျသွားပြီး ခေါင်းသေးသေးလေးခါယမ်းကာ "အိုက်ယား အဲတုန်းက လုလေး တကယ့်တကယ်ကိုမေ့သွားတာ"
ရှီရှင်းဂျန် "..."
ငါတောင့်မခံနိုင်တော့ဘူး။အဲကလေးမ သေလောက်အောင် ချစ်ဖို့ကောင်းတယ်.
ဆောင့်ဆောင့်ထပ်ထိုင်ချပြီး ခေါင်းငုံ့ကာ သူမ ခါးပေါ် အိတ်သေးသေးလေး ပြန်ချိတ်ပေးလိုက်သည်။
"ပဲစေ့လေး မင်းနာမည် ဘယ်လိုခေါ် လဲ? အရင်တခေါက်က ငါ့ ကို မင်းနာမည်မပြောခဲ့ဘူး"
"လိမ်နေတာ။ လုလေး မင်းသမီး ၅ ဆိုတာ သိထားပြီးသားပဲ။ ဘယ်လိုလုပ်မသိတာ ဖြစ်နိုင်မှာ လဲ?"
ရှီရှင်းဂျန် အိတ်လေး ပြီးအောင်ကြိုးစားပြီးနောက် လက်နှစ်ဖက် ခါချသည်။ သူ့မျက်နှာပေါ် ရက်ရောတဲ့အပြုံးနဲ့ "ဒီအကြောင်း တခြားသူကပြောတာ ပဲဆိုဆို ငါမင်းဆီက ကိုယ်တိုင်ပြောတာကြားချင်တာ"
လင်းဖေးလု မေးမော့ပြီး ယုံကြည်ချက်ရှိရှိ "ဒီမင်းသမီးလေး နာမည်က လုလေး"
"လုလေး" ရှီရှင်းဂျန် နာမည်ကိုအထပ်ထပ်ခေါ် ရင်း ခေါင်းပုတ်ပေးကာ ပြုံးပြီး "ဘယ်လိုတောင်ချစ်ဖို့ကောင်းတဲ့နာမည်လေးလဲ"
ကောင်းကင်ကြီးကို ဆက်ကြည့်ပြီး မျက်နှာပေါ် က အပြုံးများနှင့်စနောက်ဖို့ ကြိုးစားတယ်။
"အခု ငါ ပြန်လိုက်ဉီးမယ်။ ဒါ ပထဆုံးတွေ့ဆုံတဲ့အနေနဲ့ လက်ဆောင်ပေးတာ ယူထားလိုက်"
အိုး..MY..ပထမဆုံးတွေ့ဆုံလက်ဆောင်တဲ့ ဘယ်လိုတောင်အရမ်းရိုမက်တစ်ဆန်လိုက်သလဲ။
လင်းဖေးလု စိတ်ထဲမှာပြောဆိုနေပေမဲ့ မျက်နှာပေါ် အပြုံးအပြည့်နဲ့လောက်လေးခွကိုလက်ခံလိုက်သည်။ ရှီရှင်းဂျန် ဆက်ပြောတယ်။ "ငါမင်းကိုလက်ဆောင်ပေးတယ်။ မင်း ငါ့ ကိုဘာပေးမှာလဲ?"
လင်းဖေးလုခေါင်းမော့ကြည့်ပြီး ခဏတွေးလိုက်တယ်။အောက်နှုတ်ခမ်းကိုက်ဖိပြီး ခါးပေါ် က အိတ်အသေးလေး တလှုပ်လှုပ်ပြပြီး " လက်လိမ်းဖို့ အဖြူရောင်ဇီးပန်းပွင့် ခရင်လုပ်ဖို့ စီစဉ်နေတာ။ လုပ်ပြီးရင် သေတ္တာတစ်ခုပေးမယ်"
"လက်လိမ်းခရင်? ဘာများလဲ?"
သူ့ပဲစေ့လေး စိတ်ပျက်သွား၏။ မျက်နှာပေါ် အထင်သေးတဲ့အကြည့်နဲ့ "အိုက်ယား...အချိန်ကျရင် သိလိမ့်မယ်။အခုတော့ သွားတော့ .."
ရှီရှင်းဂျန် ပြုံးဖြဲဖြဲ နဲ့လက်ပြနှုတ်ဆက်ကာ နောက်ဆုံးလှည့်ထွက်သွား၏။ လင်းဖေးလု လက်တစ်ဖက် က လောက်လေးခွ ကိုင်ထားပြီး ကြိုးကို ဆွဲကာ သူ့နောက်ကျော ခေါင်းကိုချိန်ထားပြီး ပစ်လိုက်ရာ "ဝှစ်" ဆိုသည့်အသံ ထွက်သွား၏။
ချင်းရန် ဘေးကကြည့်နေရင်း တုန်လှုပ်သွားပေမဲ့ မင်းသမီးလေးကို နှလုံးသားထဲက ပိုပြီးသဘောကျသွား၏။
မင်းသမီးလေး ထိန်းမနိုင်သိမ်းမနိုင်ပဲ။ အထူးသဖြင့် မာနကြီးတဲ့ မင်းသားငယ်များကိုပြုပြင်ပြောင်းလဲတာကျွမ်းကျင်တယ်။
ချင်းရန် အိတ်သေးသေးလေးကို စိတ်ဝင်တစားကြည့်ပြီး "မင်းသမီး လက်လိမ်းခရင်ခ်က ဘာလဲ?"
လင်းဖေးလု လမ်းလျှောက်လာရင်း ပြောပြတယ်။ "ပိုးသတ်ဆေးတစ်မျိုး။လိမ်းပြီးရင် လက် ခြောက်သွေ့ ကွဲအက်တာ ကာကွယ်ပေးတယ်"
ချင်းရန် အံ့ဩသွားကာ "မင်းသမီးအရမ်းထက်မြက်တာပဲ။အရာရာကို သိတယ် ။ ဒီငယ်သား ပထမဆုံးအကြိမ်ကြားဖူးတာပဲ"
လင်းဖေးလု ပြုံးပြီး "ကြင်ယာတော်အမေ စာအုပ်ဖတ်နေတုန်းက တိုက်ဆိုင်ပြီးသိသွားတာ။ "
အရင်ဘဝက သူမ လက်မှုပညာကိုနှစ်သက်တဲ့အချိန်ကာလတစ်ခုရှိခဲ့သည်။ဆပ်ပြာအမျိုးမျိုး၊ မရှိမဖြစ်လိုအပ်တဲ့အဆီများ၊လက်လိမ်းခရင်များ၊ လုပ်ထုံးလုပ်နည်းကို သိတာကြောင့် ကိုယ်တိုင်ပြုလုပ်နိုင်တယ်။ ပစ္စည်းအချို့ ဒီမှာမရှိပေမဲ့ ဒီပြသာနာကိုဖြေရှင်းဖို့ ပျားဖယောင်းကို သုံးပြီး လက်လိမ်းခရင်ကိုဖန်တီးလို့ရတယ်။
Advertisement
- In Serial6 Chapters
Woman Vs A.I Future
Like most love stories this one takes place in the not so distant future.
8 182 - In Serial52 Chapters
The Beautiful People
A weekend getaway meant to get away from the stresses of life is anything but, as troubled pasts boil to the surface...
8 221 - In Serial41 Chapters
Patient Twelve
Diana wakes up in pain, tied to a bed and unable to escape. She's been trapped by a group of surgeons with a twisted passion and she's their next victim. ***** Diana Slater, a typical University student, wakes up in pain, tied to a bed and unable to see. After a mysterious figure, known only as Dr. Sweeney, nurses her back to health she finds out the truth. The Doctor has kidnapped her and given her a cat's eyes as part of a larger ploy to turn humans into collectibles. Now she's being trained by Ben, another patient, with the skin of a snake, on how to behave. Diana and Ben are forced to work together to try to escape the murderous doctors - until she discovers Ben might not be the victim he makes himself out to be. The only person Diana can trust is herself, and if she fails, her eyes won't give her another nine lives.[[Winner of the 2018 Fiction Awards for Best Horror Story]][[word count: 80,000-90,000 words]]
8 112 - In Serial6 Chapters
My immortal life
Misli, son of a goddess of academics and a god of games, has finally reached the age of 18. It is time to form a domain. May he have a great immortal life. Expect a slower more slice of life type of story. My posting schedule is not fixed.
8 86 - In Serial79 Chapters
Letting Go...
The first story is about imperfect love and forgiveness. This is a collection of short pieces, poetry, prose and visual images.
8 214 - In Serial8 Chapters
Soul of ether/ Another frontier
People's dreams might never end, but they can be chained. True freedom is to seek your dreams and seize them. Thus the voyagers set their quest aside to pursue a new frontier in hopes of freeing their friend. Beyond the horizon awaits a glistening white beach with its distracting lights and towering hotels, yet with the goal nowhere to be found. The Voyagers will have to unite and try to force their way through Eden's gate, the city of magic in the far reaches of the earth. Nothing will stand in their way, yet that might be different if one abandons their dreams.
8 153

