《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-78
Advertisement
အပိုင်း-78
လင်းဖေးလု ရုတ်တရက် လန့်နိုးလာ၏။
တစ်ယောက်ယောက် သူ့ပြတင်းပေါက် တံခါးကိုခေါက်နေတယ်။
ထိုအသံက ပြတင်းပေါက်ကို ကျောက်တုံးများနဲ့ ပေါက်နေသံ ဖြစ်တယ်။ အစက အိမ်မက်လို့ တွေးမိတယ်။ မျက်လုံးဖွင့်လာပြီး အံ့ဩသွားသည်။ အခန်းက မှောင်မဲနေပြီး လက်ချောင်းများတောင်ပြန်မမြင်ရဘူး။ ဒါပေမဲ့ ပြတင်းပေါက်ကို ကျောက်တုံးနဲ့ပေါက်နေသံက ရှင်းလင်းပြီး အလျင်စလိုမဟုတ်ပဲ စည်းချက်ညီညီဖြစ်သည်။
သူမ လှိမ့်နေရင်း ထထိုင်လိုက်သည်။ တစ်စုံတစ်ယောက် ခေါ် တာလို့ တွေးမိတယ်။ ဒါပေမဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် သူမ ကို အပြင်ထွက်လာချင်ပုံရတယ်။
အိပ်ရာပေါ် ကဆင်းပြီး ဖိနပ်စီးလိုက်ကာ ပြတင်းပေါက်ကိုအမှောင်ထဲကနေ ဖွင့်ဖို့ ပြတင်းပေါက် နားလျှောက်လာတော့ အသံရပ်တန့်သွား၏။ နောက်ဆုံး တံခါးလာဖွင့်တော့ သူမ အခန်းထဲတစ်ခုခု ကျလာသည်။
အပြင်ဘက်အေးစက်စက်လရောင် သာလျက်ရှိသည်။ ပုံရိပ်တစ်ခု သစ်ပင်များနှင့်ရောနှောလျက်ရှိသည်။ ကျဆင်းလျက်နှင်းများကြောင့် သူမ အသက်ရူတိုင်းတုန်တက်လာသည်။
ဘာမှမမြင်ပေမဲ့အသံက ရှင်းလင်းသည်။ခေါင်းလှည့်ကြည့်လိုက်၏။ ညရောင်အကူအညီနဲ့ အခန်းထဲ က ကြမ်းပြင်ပေါ် ကျောက်တုံး ကြည့်လိုက်၏။
လင်းဖေးလု တိတ်တဆိတ် ပြတင်းပေါက် ပိတ်ပြီးကျောက်တုံးကိုကောက်လိုက်သည်။ ထိုကျောက်တုံးကိုအဖြူရောင်အဝတ်စလေးနဲ့ဖုံးလွှမ်းထား၏။ မီးအိမ်မထွန်းထားတာကြောင့် သူမ အခန်းထဲက မီးသွေးများနဲ့ဆက်လက်လောင်ကျွမ်းနေသည့် မီးဖိုနား စာများဖတ်ရူဖို့ လျှောက်လာသည်။
ရှင်းရှင်းလင်းလင်းဖတ် ဖို့ မှောင်လွန်းနေပြီး လက်ရေးက ကောက်ကွေးနေတာကြောင့် စာကိုအဆုံးထိဖတ်ဖို့ အတော် ကြာ၏။
တိတ်ဆိတ်လျက်ရှိပြီး ကွဲအက်နေသည့် မီးပွားများရံဖန်ရံခါ မီးဖိုမှတောက်လောင်လျက်ရှိသည်။ စာကို ဖတ်ပြီးနောက် လင်းဖေးလု ကျောက်တုံးကိုယူကာ ပြတင်းပေါက်တံခါးကိုဖွင့်လိုက်သည်။
အပြင်မှာ ဘာမှမရှိချေ။
သူမ တီးတိုး " ဟေး...ကြားရလား?"
အေးစက်စက်လေများက သူမကိုပြန်ဖြေကြားတယ်။
ညဘက်ကြီး ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ ဘယ်သူမှမကြားလောက်ဘူးလို့ သတ်မှတ်လိုက်ပြီး ညင်သာစွာ " ကျေးဇူးတင်ပါတယ်"
လင်းဖေးလု ကျောက်တုံးကို ပြန်ပစ်ပြီး ပြတင်းပေါက်ပိတ်ပြီး မီးဖိုဆီလျှောက်လာကာ လက်ရေးပါသည့်အဖြူရောင်အဝတ်စကို မီးထဲ ထည့်လိုက်သည်။မီးများနှင့်အတူ အဖြူရောင်အဝတ် လျင်မြန်စွာလောင်ကျွမ်းသွား၏။ ငြိမ်သက်စွာလောင်ကျွမ်းနေပြီး တိတ်တဆိတ် မီးအရောင်မျက်နှာပေါ် ဖျာကျလာ၏။
နောက်တနေ့ မနက် လင်းဖေးလု အိပ်ပျော်နေဆဲ ရုတ်တရက် အခန်းအပြင်ဘက်က ယုရူ သန့်ရှင်းနေသံကိုကြားရတယ်။ အံ့ဩစွာပြောဆိုသံလည်း
ကြားရတယ်။ "ဘာကြောင့်ကျောက်စရစ်ခဲတွေ အပြင်ဘက်မှာအများကြီးရှိနေတာလဲ?"
ချင်းရန်က " ကြွက်တွေများလား? ဟေး..လက်မသုံးနဲ့ ။ အဲကျောက်တုံးတွေ ညစ်ပတ်တယ်။ မြန်မြန်သန့်ရှင်းလိုက်တော့ "
လင်းဖေးလု စောင် ကိုခါချလိုက်သည်။
နေ့လည်ခင်း အင်ပါယာပန်းထိုးရုံက ဆောင်းတွင်းဝတ်စုံအသစ်ပို့ပေး၏။ လင်းနန်းရှီ လင်းဖေးလု အတွက်တောင်းဆိုချုပ်ခိုင်းထားတဲ့အဝတ်အစားအားလုံးဖြစ်သည်။ အစက အကြီးဆုံးအင်ပါယာမင်းသမီးအတွက်ချုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်တာကြောင့် အရောင်နဲ့ ပိတ်သားက အကောင်းဆုံးဖြစ်သည်။ သူတို့အခု မင်းသမီး ၅ အတွက်ချုပ်ရတာဖြစ်ဖို့ ဒီဇိုင်းက သာမန်ထက်ပိုသာသည်။
နှင်းမြေခွေးသားမွေးကို လင်းဖေးလုအတွက် ဝတ်ရုံအဖြစ်ချုပ်ပေးပြီး မင်ယွဲ့နန်းဆောင်ကိုပို့ပေးခဲ့သည်။
ထိုဝတ်ရုံကို ဇီးပန်းပွင့်အနီ ဖြင့် ပန်းထိုးထားသည်။ မြေခွေးဖြူသားမွေးက ဖြူစွတ်လွန်းတာကြောင့် နွေးထွေးပြီး လှပတဲ့ဝတ်ရုံလည်းဖြစ်သည်။
ရှောင်လန် ထိုဝတ်ရုံကို မြင်မြင်ချင်းသဘောကျသွား၏။ ချက်ချင်း လင်းဖေးလုကို စမ်းဝတ်ကြည့်ခိုင်းသည်။ကလေးလေး ဖြစ်သေးတာကြောင့် အထူးသဖြင့် အနီရောင်နဲ့လိုက်သည်။ အနီရောင်ဝတ်ရုံနှင်းထဲလျှောက်လာတော့ ပတ်ဝန်းကျင်နဲ့ ဆန့်ကျင်ဘက်စွာ တောက်ပနေ၏။
ယုရူ မတက်နိုင်ပဲ "မင်းသမီးလေးက မွေးလာတည်းက အရမ်းလှပတယ်။ ဘာလို့ နှစ်ကုန်ပွဲတော် မှာ ဘာလို့မဝတ်တာလဲ"
ရှောင်လန် အစက ပြုံးနေသေးသည်။ ဒါပေမဲ့ ထိုစကားကြားတော့ အပြုံးလျော့သွားကာ တီးတိုး"ငါတို့တောက်တောက်ပပ နေရာမဲ့နေရာမဟုတ်ဘူး"
ယုရူ ချက်ချင်း ပြန်ဖြေတယ်။ "သခင်မ ပြောတာမှန်တယ်"
Advertisement
- In Serial50 Chapters
Cloud Sailor
Rhys is an Artificer who has always dreamed of owning a Cloudship and sailing out beyond his home spire. An opportunity dropped into his lap to do just that, but the consequences of his choice might very well be too much for him to deal with. Fantasy with some light litrpg elements, trading and growing the ship. Some slice of life elements as Rhys learns the ropes of being a Cloudship captain. Artwork is by Bogdan - https://www.artstation.com/bogdanantoci - I can't recommend him highly enough.
8 271 - In Serial54 Chapters
Something Unimaginable (Niall Horan Fanfic) Book 3
Break-ups, make-ups, marriage and kids. The lives of One Direction and their families have gotten crazy but they're still trying to keep it all together. Especially Kiersten and Niall. Please read books 1 and 2 before
8 88 - In Serial26 Chapters
Man's Best Friend (Max)
"He left and forgot to tell my heart how to go on without him"-Unknown-----------------------------------------------------------------Justin and Jenna Wincott. Twins who are very much alike. When there older brother Kyle gets killed how do they handle it? What happens when they get the mutt he trained? Jenna thinks of the dog as the last thing she had left of her brother but Justin is another story.[ started 4-1-17][ completed 5-19-18][100 views 8-20-17][1k views 3/3/18][#1 in dogtags 5/11/18][10k views 9-18-19][#1 in Fourth of July 02/7/2022]
8 220 - In Serial26 Chapters
Legends of Ninjago Book 1: Brotherhood (Ninjago AU, Cole, Jay, Zane, Kai)
War and destruction plague Ninjago. Lord Garmadon has united himself with the Skulken Empire and the only things that can stop him are four mystical weapons, but who can wield their power?
8 147 - In Serial44 Chapters
Consumed; ʜᴀʏʟᴇʏ. ᴍ
"She's been through more hell then you'll ever Know. But, thats what gives her edge... You can't touch a woman who wears pain like the grandest of diamonds around her Neck"-Alfa (C)The OriginalsS1-•Slow Burn, Hayley Marshall X Fem!OC•Best Ratings:#1 Hayley Marshall#9 Heretic#11 Rebekah Mikaelson #5 theoriginals{started- 14.4.2022}
8 434 - In Serial6 Chapters
[BHTT][QT] Nương tử giá đáo - Phúc Khí Ngận Đại
Văn án:Tám tuổi Vũ Văn Thanh thay thế ca ca cưới hạ tẩu tẩu, không ngờ đến Đông Phương Lam hồng khăn voan không thiên vị bị gió thổi ở nàng trên đầu...Nội dung nhãn: cải trang, luyến caMấu chốt tự: Vũ Văn Thanh, Đông Phương LamWords (QT): ~ 365473Văn kết thúc: 04-2014Văn chương tích phân: 24,581,302Nguồn: https://wtulip01.wordpress.com/2014/12/15/nuong-tu-gia-dao-phuc-khi-ngan-dai/
8 101

