《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-103
Advertisement
အပိုင်း-103
မမျှော်လင့်စွာ သူတို့အရင်ရောက်ပေမဲ့ သူ့ထက်နှစ်ဆင့်မြင့်သည့် ကိုယ်လုပ်တော် လင်းနဲ့တိုက်မိခဲ့သည်။ နန်းတော် ထဲ က လူတိုင်း အနီရောင်ဇီးပန်းပွင့်ဉယျာဉ်ထဲက ကိစ္စကိုသိထားပြီး လူရယ်စရာဖြစ်လာခဲ့သည်။ ရှောင်လန် မျက်နှာသာပေးမခံရတာ ကြာပြီ ဆိုတာ လူတိုင်းသိတာကြောင့် တစ်စုံတစ်ယောက် ကျဆင်းသွားသည့်အခါ ကန်ရတာ ကြိုက်သူကြီးပဲလေ။
ရှောင်လန် သူ့သမီးကိုအနောက်၌ ထားလိုက်သည်။ ဒါပေမဲ့ လင်းဖေးလု အရှေ့မှာ နေလိုတယ် ။ သူမ သေးငယ်ပေမဲ့လည်း လက်နှစ်ဖက် ဖြန့်ကာ သူ့အမေကိုကာကွယ်ထား ပြီး ပြိုင်ဖက်ကို ဒေါသတကြီးစိုက်ကြည့်လိုက်တယ်။
ကိုယ်လုပ်တော် လင်း အော်ဟစ်နေပြီး အကူအညီတောင်းခံနေ၏။ သူ့အသံ စူးရှပြီး အမြင့်သံ ဖြစ်တယ်။
"အဲကြွက်စုတ်လေး မိုက်မိုက်မဲမဲပြုမူနေတာ မမြင်ကြဘူးလား?"
ထိုစကားဆုံးသည်နှင့် အနောက်ကနေ တင်းကျပ်သည့်အသံထွက်လာတယ်။ "ဒီမှာမိုက်မိုက်မဲမဲပြုမူနေတဲ့ သူက မင်းပဲ!!"
လူတိုင်းလှည့်ကြည့်လိုက်တော့ အိမ်ရှေ့စံ နဲ့ မင်းသား ၄ !! သူတို့ အလျင်စလို အရိုအသေပေးကြတယ်။
လင်းချင်းက ငယ်ရွယ်တဲ့ကောင်ငယ်လေးဆိုပေမဲ့လည်း အရှေ့နန်းဆောင် ရဲ့ သခင်ဖြစ်ပြီး အာဏာတစ်ချို့ရှိသည်။ သူ့ဒေါသက ဧကရာဇ် လင်းရဲ့ဒေါသနဲ့တူပြီး ဆက်ပြောတယ်။
"အင်ပါယာမင်းသမီး ကို နှိမ့်ချတာ ကိုယ်လုပ်တော် ကိုအနိုင်ကျင့်တာ အင်ပါယာမောင်းမဆောင် ကိုအနှောက်အယှက်ဖြစ်စေတယ်။!! ဧကရီရဲ့ သင်ကြားမှုကို မကြားရအောင် နားကန်းနေလား?"
ကိုယ်လုပ်တော် လင်း တုန်ယင်သွားသည်။ မျှတအောင်လုပ်ဆောင်ပေးဖို့ပြောချင်ပေမဲ့ မင်းသား ၄ သွားတင်းတင်းကြိတ်ပြီးစိုက်ကြည့်နေတာ မြင်ရသည်။ မင်းသား ၄ အပြုအမူက သူ့ဆီအလျင်စလိုအကြမ်းပတမ်းရောက်ချလာပြီ ပါးရိုက်ချချင်ပုံရသည်။ကိုယ်လုပ်တော် လင်း ကြောက်လန့်စွာချက်ချင်းအရိုအသေပေးလိုက်သည်။
လင်းချင်း တင်းကျပ်တဲ့အသံ နဲ့ ခပ်တင်းတင်း "ဧကရာဇ် နိုင်ငံရေးကိစ္စတွေနဲ့အလုပ်များနေချိန် ဧကရီလည်း အင်ပါယာမောင်းမဆောင်က အသေးအဖွဲ့ကိစ္စတွေကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေချိန် ကိုယ်လုပ်တော် တစ်ယောက် အနေနဲ့ မင်းက စည်းမျဉ်းသိပြီး ငြိမ်းချမ်းရေးအောင် တော် ဝင်နန်းတော်တွေနဲ့စံနှုန်းနဲ့အညီ နန်းတော် ကိုစောင့်ရှောက်သင့်တာ။ မင်း ဒီလိုပြုမူနေတာ ဉပဒေအထက်မှာမင်း ရှိတယ်လို့ထင်နေသလား?"
များစွာသောကိုယ်လုပ်တော် များခွင့်လွှတ်ပေးဖို့တောင်းခံကြတယ်။ "တော်ဝင်မင်းသား ကျေးဇူးပြုပြီးခွင့်လွှတ်ပေးတော် မူပါ!"
လင်းချင်းအေးစက်စက်အော်ငေါက်လိုက်တယ်။ " ဒီကိစ္စ ဧကရီကိုတင်ပြလိုက်မယ်။ သူ မင်းတို့ကို အကဲဖြတ်လိမ့်မယ်။!"
ကိုယ်လုပ်တော် များနှင့်အစေခံများထွက်သွားတော့ လင်းဖေးလု မျက်ရည်များနှင့် ရှောင်လန် လက်ကိုယူကာ လေမှုတ်ပေးပြီး "မယ်တော် လက်ဘယ်လိုနေသေးလဲ? နာသေးလား? "
လင်းဂျင်းယွမ်လည်းအပြေးရောက်လာပြီး နှစ်ကြိမ်စိုက်ကြည့်ပြီး စိုးရိမ်စွာ " ပြန်ပြီး သမားတော် ပြရမယ်။!!"
ရှောင်လန် တည်ငြိမ်စွာ သူ့သမီးကိုပြုံးပြီး" မယ်တော် အဆင်ပြေတယ်။မနာဘူး"
လင်းဂျင်းယွမ်နဲ့ လင်းချင်းတို့ကို နှုတ်ဆက်တယ်။ "ကျေးဇူးတင်ပါတယ်။ အရှင့်မင်းသား။ကျေးဇူးတင်ပါတယ်။မင်းသား ၄"
လင်းချင်း ခေါင်းအနည်းငယ်ညိတ်ပြီးလက်ခံသည်။ ခံညားထည်ဝါသည့် အသွင်အပြင်ပြောင်းလဲသွားပြီးရို့ ကျိုးသည့်ကလေး အဖြစ်ပြောင်းလဲသွားသည်။
လင်းဖေးလုကို "ညီမတော် ၅ ကျက်သရေရှိအမျိုးသမီးလန်ကို မင်ယွဲ့နန်းဆောင် ဆီလိုက်ပို့လိုက်ပါ။ အင်ပါယာသမားတော်ပင့်ပီး သေချာအောင် ပြကြည့်"
လင်းဖေးလု ခေါင်းညိတ်တုန့်ပြန်ကာ မျက်ရည်များအပြည့်ဝေ့သီလျက်ရှိသည်
လင်းချင်း ထွက်မသွားခင် သက်သာစေမည့်စကားအနည်းငယ်ပြောကာ ထွက်သွားသည်။ လင်းဂျင်းယွမ် အိမ်အပြန်လမ်း၌တစ်ခုခုဖြစ်မည်စိုးတာကြောင့် သူတို့အပြန်လမ်းကိုလိုက်ပို့ဖို့ ဆုံးဖြတ်လိုက်တယ်.
ကံကောင်းတာက လင်းဖေးလု အချိန်ကိုက် ကြားဖြတ်ဝင်မှုကြောင့် ကိုယ်လုပ်တော် လင်း ရှောင်လန်ကို ထိခိုက်အောင်လုပ်ဖို့ အချိန်မလုံလောက်သွားဘူး.ရှောင်လန် ရဲ့ လက်ချောင်းများ ဒဏ်ရာရသွားပေမဲ့ ပြင်းထန်တာမျိုးမဟုတ်တာကြောင့် အင်ပါယာသမားတော် က ဆေးအလုပ်သမ ကို သွေးလည်ပတ်စေသည့်ဆေးနဲ့ လက်ချောင်းထဲက သွေးခဲများကိုဖယ်ရှားပေးတဲ့ဆေးညွန်းပေးခဲ့သည်။
လင်းဂျင်းယွမ် သက်သာရာသွား၏။ လင်းကျန့်ယွမ်၊ ယုန်လေး နဲ့အတူ ကစားပြီးနောက် ပြန်သွားခဲ့တယ်။
မပြန်ခင် ညီမတော် ၅ ကို သူ့အတွက်ပါ အမွှေးအိတ်လေး လုပ်ပေးခိုင်းဖို့ တွေးကြည့်တယ်။ စကားထစ်ငေါ့စွာ "..ငါ.. လုလေး ပေးတာ (စာအုပ်) ..မကြိုက်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ဒါပေမဲ့ တခြားအဓိပ္ပာယ်ပါ ဆိုလိုတဲ့လုလေးပေးတဲ့ လက်လုပ်ပစ္စည်းတွေ အစ်ကိုတော် လက်ဆောင်အနေနဲ့ လိုချင်တာပေါ့ .."
လင်းဖေးလု တုန့်ပြန်တယ်။ "အင်း ..လုလေး အစ်ကိုတော် ကိုတစ်ခုခု လုပ်ပေးမယ်။!!"
လင်းဂျင်းယွမ် ဝမ်းသာအားရပြန်သွားခဲ့သည်။
Advertisement
- In Serial296 Chapters
The Urban Dao Child.
Yang Dao is an orphan. He does not speak much. He is so introverted that if not for his grades no one would have even known about him.
8 1727 - In Serial37 Chapters
The Encroaching Rift [Dropped]
This is a story about a young teenager named Colm that had his whole life flipped upside down. On one random day, rifts began appearing across earth. Monsters that were once thought just to be myths began appearing, slaughtering anything in their sights. However all hope was not lost. With the opening of the rifts came a power that would enable humanity to survive. A power that was similar to a game.I took some elements from rpgs and incorporated them into the story.
8 139 - In Serial16 Chapters
Agnes' Journey to Become an Archimage
The balance in the magical world of Tyrain is shifting. The monster menace grows stronger, the bureaucracy of the ancient empire grows corrupt and the nations engage in constant warfare. Change is coming, will Agnes be able to adapt to a world in chaos, becoming a true mage, or will she fall.
8 159 - In Serial9 Chapters
River of Creation
The universe is contantly corroded by the void. So, I must expand my universe faster than the void corrodes it. But is that our destiny? To fight against the void until we fall? No. There has to be a way. I must escape the void. But how does one escape from nothingness?
8 204 - In Serial15 Chapters
Perseus Jackson: A New Purpose
He's betrayed, hurt, lost and alone. Where will he go what will he do?He gets recruited by a Primordial and made their champion. He now has a new family, one that cares for him, loves him and treats him as an equal.Read on to know more about the life on Perseus, the former son of Posiedon.
8 107 - In Serial30 Chapters
Hunters
[1885; England] Lecia Harper can hardly accept her fate: marriage. When her father seemingly pawns her off to a Duke, horror and abandonment are only half of what she feels. She had been able to dismiss nearly every suitor before, but now she's bound to one man for ever. Freedom was all she wanted, but what happens when she begins to realize that that is exactly what she got?
8 168

