《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-126
Advertisement
အပိုင်း-126
သူရဲ့ သေးသေးလေး မင်းသမီး ၅ ကိုကြည့်ပြီး မတက်နိုင်ပဲ မေးတယ်။ " ကြည့်ရတာ မင်းသမီး ၅က နောက်ထပ်အမွှေးအိတ်လေး လုပ်ပေးပြီး သီးသန့်အနေနဲ့ ဒီမင်းသားဆီ လာပို့တာ များလား?"
လင်းဖေးလု ခေါင်းခါယမ်းပြီး ကြွတ်ဆတ်သည့်လေသံလေးနဲ့ " တခြားတစ်ယောက် အိတ်ကို ထပ်ယူသွားရင်ကော?" ချိုမြိန်စွာပြုံးပြီး "ဒီတခေါက် ညီမတော် ၅ လေးက အရှင့်သားအတွက် လက်ဆောင် ပြင်ထားတယ်။ လုံးဝအဝေးယူသွားလို့မရဘူး!"
သူမ လင်းချင်းကို "နှင်းလျှောစီးသည့်နေရာ" သို့ခေါ် သွားတယ်။
မကြာသေးခင်က နှင်းကျတာရပ်သွားတာကြောင့် နှင်းများတဖြေးဖြေး အရည်ပျော်လာပေမဲ့လည်း ကုန်းစောင်း၌ နှင်းတစ်ချို့ ကျန်သေးသည်။ လင်းဖေးလု နောက်ဆုံးဆောင်းတွင်းလက်ကျန်၌ အပျော်ရွှင်ဆုံးအရာမျိုးလုပ်ချင်တယ်.
လင်းချင်း လင်းဖေးလု သူ့ကို နန်းဆောင်ကနေ ဆွဲထုတ်လာတော့ စိတ်ရူပ်သွားပြီး ဒီနေရာကိုရောက်တော့ ပိုစိတ်ရူပ်သွားသည်။ သူ့ညီမတော် ကုန်းစောင်းပေါ် သို့တက်သွားတာစောင့်ကြည့်နေ၏။
နှင်းတော ထဲ လမ်းလျှောက်ရတာ ဟန်ချက်ထိန်းရပြီး အခု ကုန်းစောင်းပေါ် တက်သွားတာက ပိုပြီးခက်ခဲသည်။ လင်းချင်း ကုန်းစောင်းပေါ် သို့ ခြေလှမ်းများထိန်းရင်း တွန့်ဆုတ်စွာပါဝင်လာသည်။ အကွာအဝေးတစ်ခုကနေ မေးလိုက်တယ်။ "ညီမတော် ၅ ဘာလုပ်ဖို့ စီစဉ်နေတာလဲ?"
လင်းဖေးလု ကုန်းစောင်းထိပ်၌ မတ်တပ်ရပ်နေပြီး လက်ခါယမ်းပြကာ "အရှင့်သား ဒီကိုမြန်မြန်လာခဲ့"
လင်းချင်း တွန့်ဆုတ်နေပြီး "ဒါ.."
လင်းဖေးလု လက်နှစ်ဖက် ပါးစပ်နားကပ်ကာ အော်လိုက်တယ်. " လုလေးက အရှင့်သားကိုဒီမှာလက်ဆောင်ပေးဖို့ အရှင့်သားတက်လာမှ သိမှာ"
လင်းချင် ဘေးပတ်လည်ကိုကြည့်လိုက်သည်။ ဆောင်းတွင်း ဒီနေရာက လေထန်ပြီးမြေအနေအထားမညီချေ။ ပွဲကြည့်စင်တစ်ခုလုံးနှင်းများဖုံးလွှမ်းနေပြီး လာလည်ပတ်သူမရှိ။ ကုန်းစောင်းပေါ် က ထိုမိန်းကလေးကို ကြည့်ပြီး သွားတင်းတင်းကြိတ်ကာ နောက်ဆုံး ပါဝင်ဖို့ ဆုံးဖြတ်လိုက်သည်။
တခြားသူများမမြင်စေချင်တာကြောင့် မြန်မြန်တက်ကာ ထိပ်ဆုံးကိုရောက်အောင် တက်လာသည်။ ကုန်းစောင်းပေါ် ၌ ကြီးမားသည့် ဘေစင် နှစ်ခုရှိပြီး လိုက်ဖက်စွာ နေရာယူထားသည်။
မတက်နိုင်ပဲမေးတယ်။ " ဒါ မင်း ပေးတဲ့လက်ဆောင်လား?"
လင်းဖေးလု ပြုံးပြီး ခေါင်းခါယမ်းကာ ကြီးမားသည့် ဘေစင်ကို ကုန်းစောင်းနား ထားလိုက်ပြီး နူးညံ့တဲ့အသံလေးနဲ့ "အရှင့်သားထိုင်လိုက်"
လင်းချင်း လန့်သွားသည်။
ကုန်းစောင်း ပေါ် တက်လာတည်းက သူ့ကျင့်ဝတ်ကိုအရမ်းကြီးထိခိုက်စေပြီ။ ရိုးရှင်းစွာ အခြားမသင့်တော် သည့်အပြုအမူဖော် ပြမည်မဟုတ်။
တုန့် ဆိုင်းနေတာမြင်တော့ လင်းဖေးလု နှုတ်ခမ်းဖိကိုင်ပြီး ညင်သာစွာ " ဒီမှာ ဘယ်သူမှ အရှင့်သားကိုမမြင်ဘူး"
လင်းချင်း ဖီဆန်နေပြီး မျက်နှာပေါ် မကျေ မနပ်ဖြစ်နေ၏။ " ညီမတော် ၅ ဘာများပေးတော့မှာပါလိမ့်?"
လင်းဖေးလု တောက်ပတဲ့မျက်ဝန်းလေးနဲ့ အင်္ကျီစလေးဆွဲကာ ချိုမြန်သည့်အသံလေးနဲ့ "လုလေးက မင်းသားကို အရူးမလုပ်ဘူး"
လင်းချင်း ရူပ်ထွေးသွားသည်။ ဘေစင်ကိုကြည့်ပြီး လင်းဖေးလုကိုကြည့်လိုက်သည်။ တွေးမိသည်က ရောက်ပြီဆိုမှတော့ မင်းသမီး ၅ ကို ကိုးရိုးကားယားမဖြစ်စေချင်ဘူး။ သူမ ငယ်ရွယ်သေးသော်လည်း အလွန်ထက်မြက်ပြီး သူလည်း တကယ်ကို သူမ နဲ့ရင်းနှီးချင်သည်။ ဘယ်သူမှမရှိတာကြောင့် လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
သွားတင်းတင်းကြိတ်ပြီးမျက်လုံး မှိတ် ကာ ထိုင်ချလိုက်သည်။
လင်းဖေးလု အနောက်၌ မတ်တပ်ရပ်နေသည်။ သူထိုင်ချပြီးနောက် ဘေးနှစ်ဖက်ကို ကိုင်ထားဖို့ အမိန့်ပေးလိုက်ပြီး ပျော်ရွှင်စွာ "အရှင့်သား ညီမတော် ၅ အခု မင်းသားကို တွန်းချပြီနော် !!"
ဘေစင်ထဲ ထိုင်နေသည့် လင်းချင်း ကုန်းစောင်းကိုမြင်တော့ နောက်ဆုံး ဘာလုပ်မယ်ဆိုတာနားလည်လိုက်သည်။ ချက်ချင်း ထိတ်လန့်စွာအော် တယ်။ "နေဉီး!!"
Advertisement
- In Serial11 Chapters
SCP: The Colours of the Rainbow
A series of colourful tales from the SCP Foundation.
8 152 - In Serial15 Chapters
State of Flow
Palton gloom is the picture of the average gamer, so unsurprisingly when the first true vr console came out he could not afford it. Luckily for him the console could be rented for a fraction of the costs to purchase and with the gaming pod having everything required to sustain life inside the machine Palton collected his meager savings in order to afford 3 months in the pod where he will attempt to progress fast enough to be able to afford to keep playing. I'll be uploading daily for a bit should slow down a bit after participant announcement list is released
8 174 - In Serial20 Chapters
Spies of the Republic of C
An ordinary civil servant, coincidence returned to 1936, looking for underground organizations, trace Japanese spies, in the magnificent era for the motherland, the liberation and rejuvenation of the nation to contribute their own strength, began his legendary spy sea career
8 177 - In Serial62 Chapters
ASTRO || S E L C A || book 1 || ✅
"Smile. And think of me" Where a normal high school meets an uzzlang through selca. Start: 23-02-16 End: 12-11-16
8 62 - In Serial16 Chapters
Irresponsible Former God of War Renox
20 years ago monsters from myths appeared all around the world and brought great destruction. Gods who saw that, gave people powers to fight back the monsters.Today people with powers are called "Blessed". People who are blessed get an invitation on a man made Island A.M.I where they will learn how to use their powers and fight back monsters in a school.__________Renox the MC of this story is a son of God of War Ares and Goddess of Love, Wisdom, War, Fertility and Lust Inanna. He was one of the strongest gods at the age of ten and he could easily beat other War Gods, but never acted like one himself. He was a battle maniac and had an uncontrollable lust. He did stupid things and wasn't a stable god so he was thrown out of Olympus on to the Earth by Zeus. Follow his life on earth as he continues his lifestyle: killing, getting laid and getting wasted.Warning! This fiction contains: gore, strong language, sex, dark humor and stuff that can offend some people, because everything offends people nowadays.
8 155 - In Serial14 Chapters
The General's Manor Young Concubine Survival Report/將軍府小妾生存報告
Автор - Фэн дэ Линдан/風的鈴鐺Оригинал - http://www.jjwxc.net/onebook.php?novelid=2575677Анлейт (разрешение получено) - https://spicychickentranslations.wordpress.com/novel-translations/tgmycsr/Я думала, что я буду императрицей! Мне оставалось лишь схватить свою удачу за хвост и стать его истинной любовью. После этого мы бы поженились, завели бы детей. Обязательно мальчика! А потом бы мы жили долго и счастливо. Разве не все подобные истории заканчиваются так?!Но вышло так, что я застряла в самом начале, ведь моя удача это...Ах, генерал! _(:з"∠)_ Авторская заметка: Эта работа имеет альтернативное название "Га-га-га" (нет).П/п: авторская заметка отсылает нас к поэме Ло Биньвана "Воспеваю гуся".
8 188

