《Sour Candy》part 11💔
Advertisement
*Unicode *
9လပိုင်း 2ရက်နေ့။
7ရက်ပြည့်ရန် 6ရက်အလို (ပထမဆံုးသောနေ့)
"မင်းငါ့ကို မချစ်နဲ့ Darling!"
"ချစ်ဖို႔လဲစိတ်ကူးမရှိပါဘူး ဟက်။"
နက်ဆွေးစွာဝတ်ထားတဲ့ ကောင်လေးက အပြုံးသဲ့သဲ့လေးနှင့်ဆိုသော်ငြား ချစ်ရသူစကားသံအဆံုး အက်ကွဲစွာအော်ရယ်မိပြန်သည်။
"ဟားးးးးဟားးး အဲ့တာအကောင်းဆံုးပဲ....."
အတန်ကြာသည်အထိ တိတ်ဆိတ်သွားကာ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေမိကြသည်။
နာကျင်မှု မြတ်နိုးမှု ချစ်ခြင်းမေတ္တာတရားတို့ ပြည့်နက်စွာ ထယ်ယောင်းအားကြည့်နေသော ဂျောင်ဂု၏မျက်ဝန်းများက အရင်ကလို ကြည်လင်လန်းဆန်းမနေဘဲ ဆွေးမြည့်လွန်းသည့်ခပ်ဆွေးဆွေးရယ်သာ။
ထယ်ယောင်းသည်တော့ မနှစ်မြို့သော မျက်ဝန်းများဖြစ် စက်ဆုတ်စွာကြည့်လို့နေသည်။
အော်.....ဘဝ ဘယ်နေရာက ဘယ်လိုစမှားခဲ့လို့ မြတ်နိုးရတဲ့လူသားက သေတော့မည့်ဒီလူကို မုန်းတီးနေရသလဲ။ နာလိုက်တာမှ မျက်ရည်ထွက်ဖို့ပင်မေ့လျော့သည်အထိ။
အေးစက်ဆိတ်ငြိမ်နေသောလေထုကိုဖြိုခွဲလိုက်သူကား သူ.....။
"ငါတို့ Namsan Tower သွားရအောင် "
"မင်းအခုပံုစံနဲ့ သွားချင်သေးတာလား"
ခန္ဓာကိုယ်လူမမြင်အပ်သောနေရာသာမက မြင်အပ်သောနေရာပါမကျန် ကိုက်အရာအကွင်းလိုက်ဟာ ခရမ်းရောင်အသွင်သို့ကူးပြောင်းနေလေပြီ။
ထိုအရာတေမှ တစ်ဆစ်ဆစ်သော ကိုက်ခဲကာစပ်ဖျင်းဖျင်း ခံစားရသောဝေသနာဟာခံရခက်လွန်းသည်။
ခြေလှမ်းတစ်လှမ်းတိုင်း နင့်နေအောင်နာကျင်သည်ကိုလည်း အသည်းခိုက်အောင်ခံစားရတယ် Darling ရယ္။
တစ်ရက်ဆိုတစ်ရက် တစ်စက္ကန့်ဆိုတစ်စက္ကန့် အချိန်အလွတ်မခံပဲ မင်းနဲ့ငါအမှတ်တရတေဖန်တီးထားမှဖြစ်မှာ။
နာကျင်မှာကိုဂျောင်ထဲခဏထိုးပြီး သည်လူဟာ အစွန်းဆံုထိအချစ်အပေါ် ရူးမုိ်က်ဖို့ဆံုးဖြတ်ပြီးသား။
"သွားနိုင်တာမသွားနိုင်တာငါ့အပိုင်း လိုက်ကိုလိုက်ရမှာမင်းတာဝန်.....ဒီကိုက်ရာတေအတွက်စိတ်မပူနဲ့ တစ်စက်ကလေးမှမပေါ်စေရဘူး!"
"ကောင်းပြီ"
နှစ်ယောက်သားပြင်ဆင်ကာ ထွက်လာကြသည့်လမ်းတစ်လျှောက် အေးစက်သောလေထုက ကြားခံနယ်ဖြစ်နေခဲ့သည်။ Darling ဘက်ကစကားမဆိုသလို သူ့ဘက်ကလည်းမဆိုမိ။
Tower ကိုရောက်သည်အထိ တိတ်ဆိတ်ဆဲပင်။
ချစ်သူရည်းစား မိသားစု တကိုယ်တော်ခရီးသွားများနိုင်ငံခြားသားများ သူငယ်ချင်းစုဖွဲ့ကာ စသည်ဖြင့်လာရောက်လည်ပတ်သောသူတေနှင့် Tower အတွင်းပိုင်းရော အပြင်ပိုင်းပါစည်ကားလျက်။ ညဘက်ဆိုလူပိုပေါလောက်မည်ထင်ပါရဲ့။
"အသားမထိနဲ့! "
ဂျွန်ကဒီအတိုင်းလေး သာမာန်အတွဲတေလို ကိုယ့်ချစ်သူလက်ကိုတွဲပြီး Tower ထဲဝင်ဖို့ကြိုးစားမိတာပါ။ Darling ကတော့သူ့လက်ကိုရှောင်ပြီး ရွံ့ရှာသလို ပြောကာ အရှေ့မှထွက်သွားနှင့်ပြီ။
Darling ဟာသိပ်ဆိုးပါရဲ့။ ငါ့ကိုကြ တစ်ကိုယ်လံုး ကိုက်ထားပြီး လက်လေးတောင်အကိုင်မခံဘူး။
ထွက်သွားတဲ့ ကျောပြင်ကိုငေးနေရာမှ ဟိုးအပေါ်ထပ်မှ တာဝါထိပ်စီမော့ကြည့်လိုက်လေတော့ စူးနေသောနေသောနေမင်းရဲ့အလင်းရောင်ကြောင့် မျက်ဝန်းတို့ကျိန်းခနဲ။
အင်း.....ဒီလိုပါပဲ သဘောကျလို့ငေးကြည့်မိတဲ့အရာတေက တစ်ခါတစ်လေ ကိုယ်ကိုနာကျင်စေသလို တစ်ခါတစ်လေကျတော့လဲ နေမင်းရဲ့အလင်းရောင်စူးစူးကို စိုက်ကြည့်နေသလို မျက်ဝန်းကိုကျိန်းစပ်စေတယ်။
ဥပမာ- ခဏက အရှေ့ကထွက်သွားတဲ့ Darling ရဲ့ကျောပြင်ကို ဒီအရူး ငေးကြည့်လိုက်သလိုပေါ့။ ဟက်.......
"Tower ထိပ်ပေါ်ကခုန်ချဖို့တွေးနေတာဆိုရင်လဲ အမြန်ဆံုးအကောင်းအထည်ဖော်.....နေပူထဲရပ်ပြီးငေးမနေနဲ့!"
"No, Darling! ငါက မင်းနှလုံးသားထဲပဲခုန်ဝင်ချင်တာ"
ထပ်ပြီး စိတ်ပျက်သလိုကြည့်ကာ ခြေလှမ်းကျဲများဖြင့်အရှေ့ထွက်သွားပြန်တယ်။
အရောင်ပါအဝတ်အစားများသာ ဝတ်စားထားကြသောလူများကြား black couple ဝတ်ထားသော ကောင်လေးနှစ်ယောက်ဟာ ထင်း၍ နေသည်။
ခန့်ညားစွာလမ်းလျှောက်နေသော ကောင်လေးနောက်မှ ယုန်လေးတစ်ကောင်လိုခုန်စွခုန်စွ လိုက်နေတဲ့ကောင်လေးက အများအမြင်မှာ ချစ်စဖွယ်အတိ။
တချက်လှမ်းတိုင်း ကျောရိုးတစ်လျှောက် ကျင်တက်သွားတဲ့နာကျင်မှုကိုတော့သိမည်မထင်။ မျက်ရည် ဝေ့တက်နေတဲ့မျက်ဝန်းဝိုင်းကြီးကိုလည်းတွေ့ကြမည်မဟုတ်။
"Darling!........ Taehyung Ahh!! "
"ဘာလဲ!"
ချလပ်
တွန့်ချိုးနေတဲ့ချောမောပြေပျစ်သောမျက်နှာလေးကို အမိအရမှတ်တမ်းတင်ထားလိုက်နိုင်သည့် ကင်မရာလေးနဲ့ဂျွန်ဟာ ကျေနပ်လို့သွားရသည်။
နှုတ်ခမ်းကပိစိလေးပြုံးလိုက်ရင်ကောင်းမှာကုိ။
"အမြန်ရိုက်တာတောင် Darling ချောမောမှုက မလျော့သွားဘူး မင်းပြော ဘာလဲအဲ့လောက်ချောနေရတာလဲ"
"အခု ခွင့်မတောင်းပဲ ချောင်းရိုက်လိုက်တာလား"
"ပေါ်တင်ရိုက်တာ ဘာလဲ ဘာလဲ မကျေနပ်တာလား"
ကင်မရာအား နောက်ပစ်၍ မျက်ခံုးလေးပင့်ပြကာ နှုတ်ခမ်းတထော်ထော်နဲ့ရန်တွေ့ပံုက ထယ်ယောင်းအတွက် အသဲယားဖွယ်ကောင်းနေ၏။
ကျစ်! ချစ်ဖို့ကောင်းတဲ့ပံုစံက လူကြားထဲပဲဖြစ်ပေါ်တာလား။
"အွန်း! မကျေနပ်ဘူး ဖြတ်ပေး!!"
"ဖြတ်ဘူး!"
"ဖြတ်လို့!ဂျောင်ကု"
"No, Darling! ဖြတ်ပါဘူးဆို!!"
"ဂျွန်ဂျောင်ဂု!"
"ကင်မ်ထယ်ယောင်း!!"
ဒေါသထွက်နေသည့်ထယ်ယောင်းပံုစံနှင့် တထပ်တည်းလုပ်ကာ ချစ်ဖွယ်နှာခေါင်းရှုံ့၍စိတ်ဆိုးပြနေခြင်းမှာ စွာတေးလန်လေးလို့မှတ်ချက်လိုက်သည်။
ထယ်ယောင်းမမြင်ခဲ့ဖူးသော ဂျွန်ဂျောင်ဂုရဲ့ တစ်ခြားတစ်ဘက်ဖြစ်ကောင်းဖြစ်နိုင်သည်။ အရင်ချိန်များက ထယ်ယောင်းစိတ်ပျက်သွားမည်လားစိုးရိမ်နေသောစိတ်သည်သာ ကြီးစိုးနေခြင်းကြောင့် အရာရာ Darling သဘော Darling ဆန္ဒ ဟူ၍သာနေခဲ့တာ။ အခုတော့ စိတ်ထဲရှိသည့်အတိုင်းနေမည်။ Darling စိတ်ပျက်လဲ အနားကထွက်သွားလို့မရဘူးမဟုတ်လား။
"မင်း! ဘယ်ပြေးတာလဲဂျောင်ကု ပံုဖြတ်လို့!"
"မဖြတ်ဘူး ဘာလာဘာလာ!"
ထယ်ယောင်းနှင့်အနဲငယ်အလှမ်းဝေးသောနေရာသို့ပြေးသွားပြီး လျှာရဲရဲလေးထုတ်ကာပြောင်နေသူကြောင့် တည်တင်းနေသောထယ်ယောင်းနှုတ်ခမ်းတို့အနည်းငယ်ကော့ညွန့်သွားရသည်။
ဘယ်လိုတောင်ကလေးဆန်လိုက်တာလဲ။
အပေါ်သို့ပြေးတက်နေသောအနက်ရောင်လံုးလံုးလေးကြောင့် မတ်တပ်ကြီးအသဲယားကာရပ်နေရာမှ အသိဝင်ပြေးလိုက်ရပေသည်။
ဓာတ်ပုံခိုးရိုက်တဲ့ ကူးငယ်ကို ဒေါသမမည်တဲ့ဒေါသဖြင့် ပြောဆိုမိခြင်းရဲ့အကျိုးက သူမမြင်ခဲ့ဖူးသော ကူးငယ်ရဲ့ပံုရိပ်လေးကိုမြင်လိုက်ရခြင်း။
မေ့ထားပစ်ချင်သည်။ ဆေးရံုပေါ်ကဒေစီယာအကြောင်း ကူးငယ်အပေါ်မုန်းတီးနေရခြင်းရဲ့အကြောင်း ဒီအတိုင်း ကင်မ်ထယ်ယောင်းဟာ ကင်မ်ထယ်ယောင်း အတိုင်းနေထိုင်ချင်မိသား။
စိတ်ထဲဖြစ်ပေါ်လာတဲ့ခံစားချက်အတိုင်း ပြုမူလိုက်ရရင် ပြေးနေတဲ့အနက်ရောင်လံုးလံုးလေးကို နောက်ကနေပြေးဖက်ပစ်လိုက်ပြီလေ။
"Darling မြန်မြန်! သော့ဝယ်ရအောင်"
"သော့?...."
"အွန်းလေ.....လာပါမြန်မြန်!"
တွေဝေတုံ့ဆိုင်းနေတဲ့ Darling ပံုရိပ်က သူအားထပ်ပြီး နာကျင်စေပြန်သည်။ Namsan Tower မှာ love lockလေးတေခတ်ထားလိုက်ခြင်းက တစ်ဦးပေါ်တစ်ဦးချစ်မြတ်နိုးလွန်းကြသည်ကြောင့် နှစ်ယောက်မခွဲအတူရှိနေရစေရန် သဘောဆောင်သည်မလား။
ဂျွန်ကသာ Darling နဲ့မခွဲအတူရှိချင်နေတာ Darling ကတော့သေစေချင်နေသည်မဟုတ်လား။ ဒါမဲ့ ငါ့အမိန့်မို့ Darling လက်ခံကိုလက်ခံရမယ်။
Advertisement
"ရူးနေလား ဂျွန်ဂျောင်ဂု!! ငါမင်းကိုမချစ်ဘူး "
"ငါကချစ်တယ် ငါကရူးနေအောင်ချစ်တာမို့ မင်းနဲ့သော့ခတ်ချင်တယ်!!! နားလည်လား......လာ!"
ခက်ထန်သောစကားလံုးများဖြင့် နှိက်စက်လာသော Darling အား အော်လိုက်ကာ လက်မောင်းရင်းမှဆွဲခေါ်ပြီး ဝင်လာမိတဲ့သော့ဆိုင်လေးရဲ့နာမည်က BEAR ♡ BUNNY တဲ့လေ။
Lock keys များသိပ်လှနေ၍ အများကြီးလျှောက်ကြည့်ကာရွေးချင်သေးသော်ငြား မှုန်ကုတ်၍ပါလာသော တုတ်တုတ်ပင်မလှုပ်တဲ့ Darling ကြောင့် အမြန်ပင်ရွေးလိုက်ရသည်။
မျက်စိရှေ့ရောက်နေသော အစိမ်းရောင်သော့တစ်လံုး နှင့် အနက်ရောင်သော့တစ်လံုးကအာရုံဖမ်းစားသွားသည်။
ထိုသော့လေးတေအားဝယ်ကာ Lock keys လေးများရှိရာ တန်းလေးတေဘက်သို့။ များစွာသောသော့များက သူ့အားလှောင်ပြောင်နေသယောင်။
Love Lock လာခတ်ကြတဲ့လူပေါင်းများစွာက ချစ်ရသူနှင့်ပြုံးပျော်ကာ ချစ်တီတူးရင်း မေတ္တာသစ္စာတို့ကတိထူခဲ့ကြသည်တဲ့လေ။
ရက်စက်စိမ်းကားလွန်းတဲ့ Darling ရဲ့ဘဝကရှေ့လျှောက် သော့အစိမ်းလေးလို မမနှင့် မိသားစုတစ်ခုထူထောင်ပြီး စိုစိုပြေပြေလေးဖြစ်နေဖို့ ရည်ရွယ်ပါတယ် Darling။
ဒီအနက်ရောင်သော့လေးကတော့ တစ်ပတ်ပြည့်တာနဲ့ တမာန်လွန်ဆိုတဲ့အမှောင်ထုထဲသွားရတော့ငါ့ကိုရည်ညွှန်းတယ်။
နေရာအနဲငယ်လွတ်နေသော ထောင့်အစွန်းဘက်မှ ဘောင်တန်းလေးမှာ ခတ်လိုက်ပြီဖြစ်တဲ့ သော့စိမ်းလေး၏အတံလေးထံ အနက်ရောင်သော့မှ လျှိုဝင်ကာခတ်ထားလိုက်ခြင်းသည် ဂျွန့်အားမလိုအပ်သော Darling ထံသေဆုံးတော့မည့်သူမှ ကပ်တွယ်နေခြင်းဟုအဓိပ္ပါယ်ရသည်လေ။
လှလိုက်တဲ့အဓိပ္ပါယ်လေး။ ငါ့အသဲတေကြေမွနေပါရောလား။
ယိုဖိတ်လာတဲ့မျက်ရည်ကို လက်ခံနှင့်ဖိသုတ်ပစ်ကာ အပြုံးလေးတစ်ခုဖန်ဆင်းပြီး။
"Darling ဒီမှာကြည့် သော့လေးခတ်ပြီးသွားပြီ! လှတယ်မဟုတ်လား"
"မလှဘူး! အရောင်ကိုက အစကျက်သရေမရှိတာ!!"
"ဟား....ဟား.....အဓိပ္ပါယ်ကတော့လှတယ် Darling ရဲ့! ခဏနော် ငါသော့ပေါ်စာရေးလိုက်ဦးမယ်"
"တော်ပြီဒီလောက်ဆို ပြန်မယ်"
"ပြန်ဘူး! အား....ရား......ဘာလုပ်တာလဲ ချပေး! စာရေးရမယ်ဆို!"
ဘောပင်လေးထုတ်ကာ စာရေးဖို့ပြင်သော်လည်း ခါးမှပွေ့ယူပြီး ပုခံုးပေါ်ထမ်းတင်ကာ ခေါ်သွားသူကြောင့် ဂျောင်ဂုမှာ ရုန်းကန်နေရသည်။
"ငြိမ်ငြိမ်နေ အကုန်ပြုတ်ကြပြီးသေကုန်မယ်"
ထိုအခါမှငြိမ်ကုတ်သွားသူသည် စာမရေးလိုက်ရ၍ အလိုမကျသော်လည်း လူအများကြားထမ်းတင်သွားသော Darling ကြောင့် ရင်ဖိုရပြန်သည်။
ဝင်လာကတည်းက black couple မို့ကွတ်ကြည်ကွတ်ကြည့်ဖြစ်ကသော်ငြား အခုမှာမူ တီးတိုးပြောကြတဲ့ကောင်မလေးများပါအစစ်ပါလာသည်မို့ ဂျွန်ဂျောင်ဂုဟာဂုဏ်ဆာလိုက်ချင်သား။
ရှက်ဝဲဝဲလေးပြုံးကာ သည်အမျိုးသားဟာငါ့အပိုင်ဆိုပြီး မျက်နှာချီထားပစ်လိုက်သည်။
ဟီး....ကလေးကလား။
"Darling ရား မလေးဘူးလား ငါအောက်ဆင်းမယ်ချပေး"
ချပေးလို့မဖြစ်မှန်းထယ်ယောင်းသိသည်။ မနေ့ညကကိစ္စမှာ ဘယ်လောက်ထိဆိုးရွားခဲ့သလဲ ပြုလုပ်သူ သူကိုယ်တိုင်အသိဆံုး။ ဘာမှမဖြစ်သလိုဟန်ဆောင်ကောင်းလှသည့် ဒီကောင်လေးအသည်းမာနေရောသလား။
*ဖြောင်း*
"အ့!.....s**t! နာတယ် မရိုက်နဲ့"
မက်မွန်သီးထက် လက်ဝါးကျရောက်ချိန် အသံပင်တုန်သည်အထိ နာသည်။ နာကျင်စေဖို့များ ရည်ရွယ်ပြီး ဒီလောက်အားနဲ့ရိုက်ချလိုက်သည်လား Darling ရယ်။
"နာတယ်မလား.....ပါးစပ်လေးပိတ်ပြီးငြိမ်ငြိမ်လေးနေ"
"အမိန့်မပေးနဲ့ ငါကကူးငယ်မဟုတ်ဘူး......ဂျွန်ဂျောင်ဂု!!မှတ်ထား ငါကဂျွန်ဂျောင်ဂု "
"ဟင့်အင်း! မင်းက မောင်နှမစိတ်ဓာတ်မရှိတဲ့ ဝူလီထယ်ပါ ကိုယ့်အစ်မအသက်ရှင်ဖို့နှလုံးကြည်ကြည်ဖြူဖြူပေးဖို့ တွန့်ဆုတ်နေတဲ့ ဝူလီထယ်"
"ဟဟ အပြစ်တေတင်တာလား Darling! တစ်ပတ်လေးအချိန်ယူမိတာနဲ့အပြစ်တေဖြစ်ကုန်တာလား!!"
ပုခံုးထက်ကလူကိုအောက်ဆင်းစေကာ မျက်နှာခြင်းဆိုင်စေသည်။
"အပြစ်ပေါ့!"
"အခကြေးငွေမယူပဲ အချိန်အတိုင်းအတာတစ်ခုနဲ့ တန်ဖိုးဖြတ်ထားရတဲ့ နှလုံးကလေ တန်ဖိုးမမဲ့ဘူး Darling ရဲ့။ တစ်ဦးအသက်ရှင်ဖို့ တစ်ဦးသေပေးရမဲ့ ဒီကုထံုးမှာ တန်ရာတန်ကြေးအနေနဲ့ အချိန်စောင့်ပေးသင့်တာ။ တစ်ပတ်ပဲစောင့်နိုင်တယ် ဆိုတဲ့စကားမှာတင် အတော်တရားလွန်နေခဲ့ပြီ Darling ! ထပ်ပြီး ဈေးမဆစ်ပါနဲ့တော့ လူ့နှလုံးကလေ ဟင်းရွက်ကန်စွန်းလို တန်ဖိုးမဲ့မနေဘူး"
ထိုမျှထိုလောက်သာပြောပြီး အရင်ထွက်လာမိတယ်။ ဆက်နေ နေရင် သူ့မျက်ရည်တေ Darling ရှေ့ကျမိတော့မှာ။ ပျော့ညံ့နေကြောင်းပြနေမိဦးမှာ။
ဘာလို့များခဏခဏ နာနေတဲ့ဒဏ်ရာကို ဓားလေးနဲ့လာလာထိုးဖောက်နေရတာလဲ Darling ရယ်။ အသက်အသေခံပြီး နှလုံးပေးရသည်အထိချစ်ပြနေတာတောင်ဗျာ။ လူကိုတန်ဖိုးမထားချင်နေပါ ငါပေးတဲ့စေတရာကိုတော့မစော်ကားလိုက်ပါနဲ့ နာလွန်းလို့ပါ။
ပြည့်နက်လာတဲ့မျက်ဝန်းထဲက မျက်ရည်စတို့ကြောင့် မြင်ကွင်းဟာဝေဝါးလာကာ မူးနှောက်လာသောခေါင်း တစ်ကိုယ်လံုးရိုက်ချိုးခံရသလို နာကျင်မှုကအစပြန်ပေါ်ကာ ဒူးပင်မခိုင်လာတော့။
ဒီချိန်ငါသေသွားရင် ပျော်နေမလား Darling။
လှဲကျသွားသောကိုယ်ငယ်လေး ဝိုင်းအံုလာသောလူများရဲ့စကားသံကို ကြားတစ်ချက်မကြားတစ်ချက် အသိစိတ်လွတ်ထွက်ချင်သည့်စိတ်ကိုတောင့်ခံရင် တစ်ယောက်သောသူအားမျှော်နေမိသည်။
မလာဘူး Darling ဟာသူ့နောက်လိုက်လာခဲ့ဘူးပဲ။ ပိတ်ချနေသောမျက်ဝန်းထံမှ မျက်ရည်စီးကြောင်းဟာပြိုပျက်ကာ ချလာမိသည်။
Darling ဦးစားပေးမှုက မမဒေစီမဟုတ်ပဲ ငါသာဆိုရင် ဒီချိန္ Darling ငါ့နားအပြေးရောက်လာမှာ။ မျှော်လင့်မိပြန်ပြီ ဂျွန်ဂျောင်ဂုရာ။
အမှောင်ထုထဲဝင်ရောက်သွားပြီဖြစ်တဲ့ ကောင်လေး။ တောင့်တနေတဲ့ သူတစ်ယောက်ဟာတော့ ရောက်လာမည်လား။
နေမကောင်းရက်ရေးတာကို မနေ့ညက မ save လိုက်မိလို့အများကြီးပျက်သွားတယ်
ခေါင်းမူးနေတာမို့ စာလုံးပေါင်းမစစ်ထားဘူးနော်
သည်းခံဖတ်ပေးထားကြပါဗျာ
Love you all❤
**********
*Zawgyi*
9လပိုင်း 2ရက်နေ့။
7ရက်ပြည့်ရန် 6ရက်အလို (ပထမဆုံးသောနေ့)
"ခဈြဖို့လဲစိတျကူးမရှိပါဘူး ဟက်။"
နက်ဆွေးစွာဝတ်ထားတဲ့ ကောင်လေးက အပြုံးသဲ့သဲ့လေးနှင့်ဆိုသော်ငြား ခဈြရသူစကားသံအဆုံး အက်ကွဲစွာအော်ရယ်မိပြန်သည်။
"ဟားးးးးဟားးး အဲ့တာအကောင်းဆံုးပဲ....."
Advertisement
"မငျးအခုပုံစံနဲ့ သွားချင်သေးတာလား"
ခြေလှမ်းတစ်လှမ်းတိုင်း နင့်နေအောင်နာကျင်သည်ကိုလည်း အသည်းခိုက်အောင်ခံစားရတယ် Darling ရယ်။
"ကောင်းပြီ"
"အသားမထိနဲ့! "
"Darling!........ Taehyung Ahh!! "
"ဘာလဲ!"
ချလပ်
နှုတ်ခမ်းကပိစိလေးပြုံးလိုက်ရင်ကောင်းမှာကုိ။
"ဖြတ်ဘူး!"
"ဖြတ်လို့!ဂျောင်ကု"
"ဂျွန်ဂျောင်ဂု!"
"ကင်မ်ထယ်ယောင်း!!"
"မင်း! ဘယ်ပြေးတာလဲဂျောင်ကု ပုံဖွတျလို့!"
"မဖြတ်ဘူး ဘာလာဘာလာ!"
"သော့?...."
"အွန်းလေ.....လာပါမြန်မြန်!"
ဟီး....ကလေးကလား။
*ဖြောင်း*
"အ့!.....s**t! နာတယ် မရိုက်နဲ့"
ပုခုံးထကျကလူကိုအောကျဆငျးစကော မျက်နှာခြင်းဆိုင်စေသည်။
"အပြစ်ပေါ့!"
Advertisement
- In Serial81 Chapters
The Battle Mage
A man died on a certain day after getting betrayed by the love of his life. Filled with regret he went to the underworld only to meet a reaper with the same circumstance, so the reaper gave him an offer, an offer for another chance a chance at reincarnation. Now reborn will he finally live his life without regret? or will he fall before the challenges?
8 185 - In Serial16 Chapters
Virtual God Zu
I am the God of my world, Zu. Are you the God of your world? I was born a noble in the southern region of Chaos, made a slave only to buy my freedom. However i remember none of this. My past does not define who I will be, even if I do not remember does not mean others don't. I will learn, I will master, I will become a God. This world that the 'Jumpers' call a Virtual World is my home, and the continent I'm on is called Azure. I may be called a 'Noob' but my name shall shake the world! My legend continues, and those who know me call me the Virtual God Zu.[Warning] - Cussing, sexual situations, violence
8 132 - In Serial62 Chapters
bad boy | jjk ✔️
A bad boy with a miserable reputation. A good girl with a haunting past.Yet they are more similar than they think.So, what happens when a bad boy and a broken girl come colliding?↳ disclaimer: i wrote this around the age of 12-13 , so it's a little.. cringe , but i really appreciate you for reading !!↳ highest ;#1 in maknae#1 in jjk#5 in jungkook#6 in bts#3 in fanfiction #7 in jeonjungkook
8 241 - In Serial38 Chapters
Heralds of the Dark Age: Hound of Sorrow
When a man, accused of a horrid act he did not commit, dies, a flawed goddess's mercy becomes the worst curse. Unable to stay dead, a man struggles to find peace in a world where an ancient prophecy claims he will help bring about the dark age. With powerful forces beyond imagining seeking to enact ancient plans, he struggles to find a way to deny them for the sake of his own wants. When the immovable forces of fate meet the man who can never truly be stopped, the world shall bend.
8 205 - In Serial40 Chapters
Invasion, Part One, Chapter One
This book follows directly on from "Return." We are now at the palace of the Dark Lord and he is beginning the process of asserting his rule of the empire. The Palace staff have all been summoned and many are in turmoil. They are not the only ones, insurrection is in the air.
8 245 - In Serial38 Chapters
quick add ❕ ( byler & elmax ) st gc!
idk 💀 there's alot of cussing in this so warningbyler & elmax i update this whenever lolHighest ranking: #1 in byler 😈if you see any spelling errors, no you didn'tthe first few chapters of this suck 💀💀
8 98