《Sour Candy》part 12 💔
Advertisement
*Unicode*
နှာဖျားထက်တိုးဝေ့ကျီစယ်လာသော ပိုးသတ်ဆေးနံ့စူးစူးကြောင့် အားနည်းကာမှိတ်ကျနေသော မျက်ဝန်းအား ဖြည်းဖြည်းခြင်းဖွင့်လိုက်လေတော့ အဖြူရောင်မျက်နှာကျက်ကဆီးကြိုသည်။
လက်ကောက်ဝတ်ထက် တစ်စိမ့်စိမ့်စီးဝင်နေသော ဆေးပိုက်က လှောင်ပြောင်နေသယောင်။ ဧကန ဆေးရံုရောက်နေတာလား။
"ဟက် ငါမသေသေးဘူးပဲ "
နောက်ဆုံးမှတ်မိသည်က Tower အပြင်ဘက် နေအပူချိန် ကိုယ်အပူချိန် စိတ်ပင်ပန်းမှုတို့ပေါင်းမိပြီး လှဲကျသွားခဲ့တာ။ သတိမမေ့ခင်အချိန်ထိ Darling ကိုတောင်းတနေမိတာ။
Darling ငါ့ကိုခေါ်လာတာများလား။
ခပ်ဖွဖွရည်ရွတ်ပြီး ထထိုင်လိုက်တော့ အနားကိုအပြေးရောက်လာသည့် အကိုမင်ဟိုဂီ။
အကိုက ဘယ်လိုများရောက်နေတာပါလိမ့်။ Darling ခေါ်ထားတာလား။ မဖြစ်နိုင်တာ အကို့ကို Darling ကမှမကြည်ဖြူပဲ။
"ဂျွန်ငယ် ဖြည်းဖြည်းထပါကွာ.....ခေါင်းမူးသေးလား ခဏနော် အကိုဆရာဝန်ခေါ်ပေးမယ်"
ပြာယာခတ်ကာ ဂျွန့်အားသိပ်စိတ်ပူရှာသော အကို့နေရာမှာ Darling ဖြစ်နေရင်သိပ်ကောင်းမှာပဲ။ ဒါနဲ့ Darling ရော ဂျွန်နိုးလာပြီလေ Darling ဘယ်ရောက်နေလဲ။
"အကို......."
"ပြောဂျွန်....အကိုနားထောင်နေတယ်"
အခန်းထဲဝေ့ဝဲကြည့်ကာ တစ်ခုခုရှာနေဟန်ရှိသော ကလေးငယ်ရဲ့ စကားသံအဆံုး ဟိုဂီအသဲတေကွဲရပါရဲ့။
"Darling ရောအကို......ဂျွန်ကို Darling က ဆေးရံုခေါ်လာပေးတာမဟုတ်လား"
မျှော်လင့်ချက်တို့စံုစည်းရာ မျက်ဝန်းဝိုင်းတေဖြင့် ဂျွန်ငယ့်ကို ဘယ်လိုများပြောထွက်ရက်ပါ့မလဲ။ အားနည်းကာ သတိလစ်သွားနေတဲ့ကောင်လေးကို ခရီးသွားတစ်ဦးကအမြင်မတော်၍ ဆေးရုံကိုဖုန်းဆက်ခဲ့သည်ဆိုတာကို။
တော်သေးသည်ဆိုရမလား။ အီဆောင်းကို သူစောင့်သည့်ရက်နှင့်တိုက်နေလို့ပင် သည်ကလေးငယ်ကို သူဂရုစိုက်လို့ရတာ။
"ထယ်ယောင်း?......ဂျွန်ကို အကိုခေါ်လာခဲ့တာ"
"ဟင်.....ဒါ....ဒါဆို Darling ကရော "
"အဲ့တာတော့ အကိုလဲမသိဘူး....ဂျွန်ငယ့်ကိုတွေ့တုန်းက ထယ်ယောင်းရှိနေဘူး!"
ပြိုကျလာပါသော မျက်ရည်ဟာ လက်ဖမိုးပေါ်က ခရမ်းရောင်ကိုက်ရာပေါ်သို့။
Darling အကြောင်းသိရက် မျှော်လင့်ချက်တေထားမိတဲ့သူကသာ အရူး။
"အရမ်းအားနည်းနေတာကို မငိုပါနဲ့ဂျွန်ငယ်ရာ....တစ်ကိုယ်လံုးဆေးထည့်ပြီးပြီမို့ သက်သာသွားလိမ့်မယ် ခဏအနားယူလိုက်ဦးနော်ဂျွန်"
"ဟင့်အင်း.....အကို အခုဂျွန်ဘယ်ဆေးရံုကိုရောက်နေတာလဲဟင်"
"အော်...ဆိုးလ်ဆေးရံုကြီးမှာလေ!"
"ဆိုးလ်ဆေးရံုကြီး........"
မမဒေစီရှိနေမှာပေါ့......ကိုယ့်အစ်မတစ်ယောက်လံုးအရေးပေါ်ဖြစ်တာဆိုတော့ သွားသင့်တယ်ဂျောင်ဂု.....တစ်ခါလောက်လေး Darling သဘောကျတဲ့မိန်းကလေးကိုသွားလေ့လာသင့်တယ်မဟုတ်လား။
"ဒေါက်တာအီဆောင်းက ဒီဆေးရံုမှာတာဝန်ကျတာဆိုတော့လေ ဟို.....အစ်မဒေစီယာ အခန်းနံပါတ်သိလောက်တယ်မလားဟင်"
"ဒေစီယာက အီဆောင်းရဲ့လူနာလေဂျွန်ငယ်ရဲ့။ အခန်းနံပါတ်က 030 ဆိုလားပဲ"
"030......အ့!"
"ဂျွန်ငယ်!"
လက်မှ ဆေးပိုက်အားဆွဲဖြုတ်ကာ အခန်းပြင်ပြေးထွက်သွားတဲ့ ဂျောင်ဂုဟာ တတောက်တောက်စီးကျနေသော လက်ကောက်ဝတ်ထက်က ပျစ်ချွဲချွဲသွေးစက်တို့အား လျစ်လျူရှူထားသလို ဟိုဂီ၏တားဆီးသံတို့အားလည်း နားထဲမရောက်။
ဆေးရံု ကော်ရစ်တာတလျှောက် ဂျွန်သွေးစက်တို့ဟာ ဟိုတစ်စက်ဒီတစ်စက် ရဲရဲနီဖြင့်။
"ဂျွန်ငယ်......မင်းရပ်လိုက် သွေးတေထွက်နေပြီ!! ဂျွန်ငယ်!!"
ဂျွန်ဟာ လက်ကသွေးလောက်ကိုမမူတော့တာ အကိုမှမသိလေဘဲ။ ပြောပြလိုက်ချင်သား နှလုံးသားကသွေးစိမ်းထွက်အောင် တစ်ဆစ်ဆစ်နာကျင်မှုတေ အသက်ရှူရပ်မတက်ခံစားနေရသူက ကိုယ်ခန္ဓာပေါ်က နာကျင်မှုကို နာသည်လို့မခံစားမိတော့ဘူးဆိုတာကို။
နောက်ဆုံးသူရောက်ခဲ့ပြီ 030 ဆိုသည့် ဆေးရုံအတွင်းအကောင်းဆံုးလူနာခန်း ရှေ့ကို။
တံခါးလက်ကိုင်ဖုထစ်လေးကို လှည့်ဖို့ရာဝန်လေးနေသော ဂျွန်ဟာ 030 ဆိုတဲ့နံပါတ်ပြားလေးကိုသာ တွေတွေလေးငေးနေမိသည်။
ဘယ်လိုမျက်နှာပြရမည်လဲ မမရယ် ဂျွန်လေမမကိုမျက်နှာမပြရဲဘူး။ မမကျန်းမာရေးကိုအခွင့်ကောင်းယူပြီး မမရဲ့သတို့သားလောင်းကို ခဏတာအပိုင်ယူထားမိတာ ဂျွန်စိတ်မလံုလိုက်တာ။
ယိုဖိတ်လာတဲ့ မျက်ရည်ဟာအတိုင်းအဆမဲ့။
မမရဲ့သက်ဆိုင်သူနဲ့အတူနေခဲ့ပြီး Darling ပေးတဲ့အမှတ်အသားတေနဲ့ မမစီလာတဲ့ ဂျွန်ကမျက်နှာပြောင်တိုက်သလိုများဖြစ်သွားသလားဟင်။ ထပ်ပြီးတောင်းပန်ပါတယ်။
*ချောက်*
ပွင့်လာတဲ့တံခါးကြောင့် ဂျွန်ကိုယ်ငယ်လေတုန်တက်သွားကာ အနောက်သို့ဆုတ်လိုက်သည်မို့ ဟိုဂီရင်ခွင်ထဲအံ့ကျရောက်လို့သွားသည်။
"ဂျောင်ဂုဘယ်လိုဖြစ်ပြီး..........ဟိုဂီရား မင်းကလေးကို အနားယူခိုင်းဖို့ငါမှာထားတယ်မဟုတ်လား။"
သူနာပြုတချို့ဖြင့် လူနာအခန်းမှထွက်လာသောအီဆောင်းက ဂျွန်ကိုတေွ့တော့အံ့ဩသွားရသည်။ အရမ်းအားနည်းနေတာကြောင့် ဆေးသွင်းထားရသူက ချွေးစက်တချို့ဖြင့် ရပ်စောင့်နေသည်ကြောင့် ဆရာဝန်ပီပီဂရုဏာဒေါသလေးကထွက်မိသား။
"ကျွန်တော်ဘာမှမဖြစ်တော့ပါဘူး....အကို့ကိုမဆူပါနဲ့ဒေါက်တာ ဟို ဟိုလေ မမဒေစီယာအခြေအနေဘယ်လိုရှိလဲဟင် ကျွန်တော်ကိုပြောပြပေးနိုင်မလား!"
"အဲ့တာက........"
လူနာက သာမာန်တန်းစားထဲကမဟုတ်။ ဒိတ်ဒိတ်ကျဲ Company ရဲ့ CEO တစ်ယောက်မဟုတ်ပါလား။ မနာလိုသူ တိုက်ခိုက်ချင်သူပေါသည့်အတွက်လံုခြုံရေးအရ တာဝန်ကျဆရာဝန်ဖြစ်တဲ့သူ့အတွက် ပြောပြဖို့မဖြစ်နိုင်။
သို့သော် မျက်ဝန်းဝိုင်းဝိုင်းကြီးတေဖြင့် တောင်းဆိုနေသောကလေးကြောင့် အီဆောင်းအခက်တွေ့ရပါသည်။
"ကျွန်တော်က ဒေစီယာရဲ့မောင် ဝူလီထယ်။ အဲ့တာကြောင့်ပြောပြလို့ဖြစ်တယ်"
"ဟင်......"
"ဘယ်လို! ဂျွန်ငယ် မလိမ်ကောင်းဘူးနော်!"
"ဂျွန်ကဘာလို့လိမ်ရမှာလဲ! "
"ဟုတ်ပါပြီ လူနာကိုသွားကြည့်ခွင့်ပြုတယ် မင်းသွားကြည့်ပါဂျောင်ဂု!"
"ကျေးဇူးပါ"
ထွက်သွားသော အီဆောင်းကိုခါးညွတ်ပြီး ကျေးဇူးတင်ကြောင်းပြောကာ မရဲသောခြေလှမ်းတို့ဖြင့်။
"တော်သေးတာပေါ့ တော်သေးတာပေါ့ နှလုံးပြန်ခုန်လို့.....ဟင့်"
"ဂျီမင်ရား မငိုနဲ့လေကွာ "
Darling နှင့် ဂျီမင်ရှိနေသည်ကြောင့် နံရံကိုမှီကာ မမြင်အောင် ဂျွန်ပုန်းကွယ်လိုက်မိသည်။
Darling က ဂျွန့်ကို......ဂျွန့်ကိုမရှာပဲ မမစီရောက်နေတာပဲ။ ဘာလို့ ဝမ်းနည်းလာရပြန်တာလဲ ဂျောင်ဂုရာ။
"ထယ်ယောင်း ဒေစီယာကိုမြန်မြန်ခွဲစိတ်လို့မရဘူးလား! ခဏကလုိ ထပ်နှလုံးဖောက်ရင် ငါ ငါမကြည့်ရက်ဘူး။ ဒေစီယာအများကြီးနာကျင်နေတာမင်းသိလား ထယ်ယောင်း ဟင့်......"
Tower မှာထွက်သွားတဲ့ဂျောင်ဂုနောက်လိုက်ဖို့လုပ်ချိန် ဝင်လာတဲ့ phone call က ဒေစီယာအမောဖောက်ပြီး နှလုံးရပ်သွားသည်တဲ့။
ထူပူနေတဲ့စိတ်အစံုက ထိုစကားတေမှာနားထဲသံရည်ပူလောင်းချလိုက်သလို။ ဂျောင်ဂုအားပြစ်ထားခဲ့မိပြီး ဆေးရံုရောက်တော့ ကုတင်ထက်လှဲလှောင်းနေသူအား heart shock တိုက်နေသည့်ဆရာဝန်အပေါင်းကစီးကြိုလျက်။ ဘေးမှဂျီမင်သည်လည်း ငို၍နေသည်။
Advertisement
ဂျီမင်ပြောသည့်စကားအရ ဒေစီယာသတိရလာပြီး လီထယ့်အကြောင်းမေးရာကနေ ဖြစ်သည်တဲ့။ နာကျင်လို့ငိုသံတေကြောင့် ဘေးမှသန်မာပါသည်ဆိုတဲ့ဂျီမင်ပါငိုရသည်အထိ ဒေစီယာ့ဝေသနာဟာသိပ်ဆိုးခဲ့တာ။
"ငါလည်း ကိုယ့်ဇနီးလောင်းအခုလိုဖြစ်နေတာကြည့်ရက်တယ်ထင်လို့လား.....မင်းသိလားဂျီမင် လီထယ်ကလေ တစ်ပတ်ပြည့်မှတဲ့ တစ်ပတ်ပြည့်မှငါတို့ဒေစီခွဲစိတ်လို့ရမှာ။"
"ဒေစီယာကိုအခုလိုမမြင်ချင်တော့ဘူး"
"ဒေစီယာကံကြမ္မာက လီထယ်လက်ထဲမှာဂျီမင်...သူချယ်လှယ်သလိုငါတို့လိုက်ကမှ ဖြစ်မဲ့ဘဝကြီးလေ ဟက်!"
ထယ်ယောင်းရဲ့ ခပ်အက်အက်ကြေကွဲသံအဆံုး နံရံအကွယ်မှဂျောင်ကု မျက်ရည်တို့အသွင်သွင်စီးကျကာ ရှုိက်သံထွက်မည်စိုး၍ လက်ကောက်ဝတ်ကိုကိုက်ကာ အသံမထွက်အောင်ထိန်းထားကာ ခေါင်းအသွင်သွင်ခါရမ်းနေမိပါရဲ့။
မဟုတ်ပါဘူး ငါချယ်လှယ်နေတာမဟုတ်ရပါဘူး Darling ရယ်။ မဟုတ်ရပါဘူး။
ကုတင်ပေါ်မှ မမအား တစ်ချက်ကြည့်ပြီး ဂျွန္ဟာ ထိုအခန်းမှထွက်လာလိုက်တော့သည်။ ဆူးတေနှင့်တူသော Darling စကားတေက ဂျွန့်ကိုယိုင်နှဲ့သွားအောင်ထိစွမ်းဆောင်နိုင်သည်။
ဘယ်လိုရှင်းပြရှင်းပြ အပြစ်သာဆိုနေသော Darling ကို ထပ်ပြီးအမောခံမရှင်းပြချင်တော့။
ထင်ပါထင်ချင်ရာကို။ စွပ်စွဲပါ ကြိုက်သလောက်။ ဂျွန်ဂျောင်ဂုက တန်ရာတန်ကြေးအနေနဲ့ Darling ကိုအနားခေါ်ထားတာမို့ လိပ်ပြသန့်တယ်။ နာကျင်ရတာတစ်ခုပဲ။
"ဂျွန်ငယ်!......တွေ့ခဲ့ပြီလားဒေစီယာနဲ့..ဟင် ငိုနေပြန်ပြီလားကွာ"
အနားရောက်လာကာ ငွေ့ရည်စီးဆင်းပါးပြင်ထက် ဖွဖွလေးသုတ်ပေးတဲ့ဟိုဂီဟာ ဂျွန်ငယ်ဆိုတဲ့လူသားငယ်ကိုသိပ်ချစ်ပါရန်ကောလား။
ဂျွန် အကို့လက်သန်သန်ကြားမှအနည်းငယ်ရုန်းကာ ခေါင်းအသာခါပြရင်း သဲ့သဲ့လေးပြုံးပြနေရှာသည်။
"ဂျွန်အဆင်ပြေပါတယ်အကို"
"ဒါမဲ့ အရင်ဆေးထည့်ရမယ်လေဂျွန်"
အကိုဟာဂျွန်လက်ဆွဲယူကာ ဂျွန်ကိုက်ထားသောကိုက်ရာလောလောလတ်လတ်နှင့် ဆေးပိုက်ဆွဲပြုတ်ထား၍ တစိမ့်စိမ့်ထွက်နေသောသွေးတချို့ ခြောက်ကပ်ရာ နေရာကို ကြည့်ရင်းပြောလာသည်။
အခုလိုအသေးအဖွဲကအစဂရုစိုက်ခံရရင် ဂျွန်ကျေနပ်သည်။အကို့မဟုတ်ပဲ Darling စီကဖြစ်နေစေချင်တာတစ်ခုပဲ။
"အကိုပြန်လိုက်တော့ ဂျွန်ဒေါက်တာအီဆောင်းစဝင်ပြီးဆေးထည့်ခဲ့မယ် မမအကြောင်းမေးချင်လို့"
"တစ်ယောက်ထဲဖြစ်ရဲ့လား အကိုစိတ်မချဘူးဂျွန်ငယ်"
"ဖြစ်တယ်အကို....မွေးကတည်းကတစ်ယောက်ထဲပဲနေလာရတာဒီလောက်ကအေးဆေး"
"ဟဟ......အကို့ကလေးက လူကြီးပေါက်လေးဖြစ်လာပြီပဲ အကိုစိတ်ချမယ်နော် "
"ဟုတ်"
ခေါင်းထက်ဆံနွယ်တို့အားထိုးဖွပေးကာ အကိုကပါးချိုင့်လေးပေါ်သည်ထိပြုံးပြပြီး ထွက်သွားခဲ့ပြီ။
ဂျွန်သည်လဲ 030 ဆိုတဲ့အခန်းကိုတစ်ချက်ကြည့်ကာ မမရဲ့တာဝန်ကျဆရာဝန်လီအီဆောင်းထံသို့။
.
.
.
.
.
.
"ဂျောင်ဂု!"
"ဟာဗျာ စမ်းသပ်မှုအမြန်လုပ်ပါဗျာ မကိုက်ညီခဲ့ရင်အချိန်မှီရှာနိုင်အောင်"
"ကိုက်ညီခဲ့ရင်မင်းပေးမှာလို့တော့ မပြောနဲ့ဂျောင်ဂု!"
ဒေစီယာနှလုံးနှင့် သူ့နှလုံးကိုက်ညီ မညီစမ်းသပ်ခိုင်းသောဂျောင်ဂုကြောင့် အီဆောင်းတုန်လှုပ်မိသည်အမှန်။သွေးသားတော်စပ်သူတေဟာ ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းတေဟာ 98℅ ကိုက်ညီကြသည်လေ။
(ကိုယ့်အတွေးနဲ့ကိုယ်ရေးထားတာမို့မှားယွင်းနိုင်သည်။)
"ဟ ဟ.....ဒေါက်တာကလဲဘာလို့လဲ"
"မင်းအသက်ဆံုးရှုံးသွားလိမ့်မယ်"
"အင်း.....သိတယ်လေ လူပိုတစ်ယောက်သေရမှာပဲလေ လောကကြီးအလေးချိန်လျော့တာပေါ့ ဟက်"
ဂျောင်ဂုပြောသော စကားတေအကြား အီဆောင်းပြေးမြင်သည်ကား မင်ဟိုဂီကိုပင်။ ဟိုဂီသာကြားရင် ရင်ကွဲတော့မှာပဲ ဂျောင်ဂုရာ။
"ဒေါက်တာ တစ်ပတ်အတွင်းကျွန်တော် ဒီဆေးရံုကိုအကြောင်းတစ်ခုခုဖြင့် လူနာအနေနဲ့ရောက်လာခဲ့ရင် မတွေဝေမဆိုင်းတွပဲ ကျွန်တော်နှလုံးကိုယူပြီး မမကိုအစားထိုးပေးလိုက်ပါ"
"မဖြစ်ဘူးဂျွန်ဂျောင်ဂုရှီး!! တစ်ယောက်အသက်ရှင်ဖို့ တစ်ယောက်အသက်စတေးပေးတာမျိိုး လက်မခံနိုင်ဘူး။"
"အာ.....အဲ့တာအတွက်စိတ်မပူပါနဲ့ ကျွန်တော်လူနာအဖြစ်လာရင် သေခါနီးအခြေအနေနဲ့ပဲ လာမှာမို့ ဒေါက်တာသာ ဒီကိစ္စလျှို့ဝှက်ထားပေးပါ"
တောင်းဆိုနေသောဂျောင်ကုမျက်ဝန်းတေထဲ ခန့်မှန်းမရသောနာကျင်ခြင်းတို့ဖြင့်ပြည့်နေကာ မျက်ခမ်းစပ်တို့ရဲ၍နေသည်။ ခပ်ရဲ့ရဲ့အပြုံးတို့ဟာလည်းအသက်ဝင်မနေခဲ့။
"အတွေးများနေတာလားဒေါက်တာ.....မတွေးပါနဲ့ ကျွန်တော်ဘာဖြစ်နေလဲဆိုတာ ဒေါက်တာတွေးရမှာက ကျွန်တော့်နှလုံး မမစီမရောက်ခင်ထိ မမကိုသေချာဂရုစိုက်ပေးပါ......မမကလေ Darling သဘောကျတဲ့မိန်းမသားမို့တစ်ခုခုအမှားအယွင်းမဖြစ်စေနဲ့။"
တွေတွေကြီးငိုင်ကာ သူ့အားကြည့်ေနဆဲဒေါက်တာကြောင့် ဂျွန်သက်ပြင်းချမိသည်မှာအကြိမ်ကြိမ်။ လက်ခံလိုက်ရင်ဖြစ်ပြီကို......။
"ကျွန်တော့်ခန္ဓာကိုယ်အစိတ်အပိုင်းတေကို ဒီဆေးရံုမှာလှူထားပြီးသားဒေါက်တာ ကျွန်တော်အရေးပေါ်ဖြစ်တာနဲ့ မမအတွက်နှလုံးယူပြီး ကျန်တဲ့အစိတ်အပိုင်းတေကို လိုအပ်တဲ့နေရာတေမှာအသံုးပြုလိုက်ပါ။ အင်း.....အရှင်းဆံုးပြောရရင် မီးသဂြိုလ်စရာမကျန်အောင်ကိုအသံုးပြုပေးပါ။ ကုသိုလ်ယူတာဖြစ်လို့ ဒေါက်တာမတားကောင်းဘူး"
အတန်တန်မှာနေသော ဂျောင်ဂုကအေးစက်စက်ပဲဆိုသော်ငြား အီဆောင်းမှာမျက်ရည်ဝဲသည်အထိ စို့နင့်ရပါသည်။ သည်ကလေး သည်ကလေးကစိတ်ထားသိပ်ဖြူစင်တာကို ဘာကြောင့်များ ကံကြမ္မာကြီးကရက်စက်ရသည်လဲ။
အရာရာကိုရယူဖို့ထက် ပေးဆပ်ဖို့သာတွေးထားသူ နာကျင်စရာတေသိပ်များခဲ့သည်ဆိုတာသက်သေပြနေသယောင်။
"ကျွန်တော်စကားကိုလျစ်လျူရှုကြတဲ့လူတေထဲ ဒေါက်တာတော့အလေးထားပေးမယ်မဟုတ်လားဟင်......"
"ကောင်းပြီ ဂျောင်ဂု"
ထိုအခါမှ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလာသည့်ဂျောင်ဂုကြောင့် အီဆောင်းထံအပြုံးတို့ကူးစက်လာရသည်။
"ဟီး.....ဒါဆို ဂျွန်တို့ နှလုံးစစ်ကြည့်ကြမလားဒေါက်တာ!"
တစ်ခုခုအားလေးလေးနက်နက်ဖြင့် ပြောရင် *ကျွန်တော်* လို့သံုးတက်ပြီး လိုချင်တာရသွားရင် သူ့ကိုယ်သူ *ဂျွန်* လို့ပြောင်းသံုးကာ ကလေးဆန္ပြတက်သူကို အီဆောင်းသံယောဇဥ်မရှိဘူးပြောရင်လိမ်ရာကျမှာပေါ့။
ဟိုဂီနှင့်ပတ်သက်ပြီး သိခွင့်ရတဲ့ကောင်လေး
ံိဟိုဂီအချစ်ကို သိမ်းပိုက်ထားတဲ့ကောင်လေး။
သည်ကလေးက အီဆောင်းညီလေးလိုပါပဲ။
အချစ်
လူတေဟာနှလုံးသားဦးတည်ရာကိုလိုက်နေသည့်တစ်လျှောက် ကိုယ့်ကိုချစ်တဲ့လူတေကိုမမြင်နိုင်တော့တာ ဓမ္မတာများလား။
Love you all❤
Thanks for your fackback
ခင်ဗျားတို့ရဲ့ fackback တေကအားဆေးလေးပါ
*************
*Zawgyi*
"ဟက် ငါမသေသေးဘူးပဲ "
"အကို......."
အခန်းထဲဝေ့ဝဲကြည့်ကာ တစ်ခုခုရှာနေဟန်ရှိသော ကလေးငယ်ရဲ့ စကားသံအဆုံး ဟိုဂီအသဲတေကွဲရပါရဲ့။
"ဟင့်အင်း.....အကို အခုဂျွန်ဘယ်ဆေးရံုကိုရောက်နေတာလဲဟင်"
"ေအာ္...ဆိုးလ်ဆေးရံုကြီးမှာလေ!"
"ဆိုးလ်ဆေးရံုကြီး........"
"030......အ့!"
"ဂျွန်ငယ်!"
Advertisement
- In Serial27 Chapters
Shatter the Heavens; Slaughter the Gods
Arminius of the ancient era stood over mankind with the ability to perform magic. His ability allowed him to triumph over mortal armies and carve a domain for himself. Then, the martialists attacked. Their individual strength was lower than that of magicians, but the sheer number of them made them an unstoppable force. In the wake of tens of thousands of martialists and hundreds of thousands of mortal warriors, one lone magician was unable to stand against the tide. But, the powers of a magician allowed Arminius to escape the cycle of reincarnation, landing him an eon into the future. In the new age, magicians are entirely extinct, and the martialists from the old era have perfected their martial way, allowing them to attain godly powers that far surpass what Arminius was ever capable of. So, what else should Arminius do except learn their method and use it against them?! Reincarnated as Andric, he seeks to gain the powers of the martialists and reclaim his position at the throne of the world! A fossil of a bygone age where magic was rampant and he ruled with an iron fist, Arminius is reborn into a world in which magic is fading. The non-magical revolution successful and his rule long over, he must master the new ways of martial arts to rule anew.
8 153 - In Serial186 Chapters
The Strength of Duality (Newly Edited)
There is nothing especially grand about the main character. He only wanted to live happily with his family, but this kind of life was taken away from him twice. So, with a heart set on cultivating and growing as strong as possible as fast as possible he will grow to unimaginable heights take revenge and then continue growing stronger while protecting those dear to him. Here is the link to the discord I made https://discord.gg/3zwyj97Phj Cover provided by gej302.
8 206 - In Serial8 Chapters
Readers Make Their Choice as a SPACE COP
Yes, you read the title right. You are the MC of this story. Aliens have invaded your planet and you are in the mood to fight them off. Get ready to become an intergalactic cop, fight in different dimensions, get to know aliens from different planets, kick the buts of bad aliens, become an intergalactic mafia, create a space empire, destroy it and do all sorts of things. But one wrong choice and you may never come back.
8 134 - In Serial124 Chapters
Let's Play: Chronicles of Zurefgar
"Fight on, live on...."Those were the words of the mysterious girl that had saved Pras from his downfall after his tragic dispute and betrayal on the hands of his e-sport teammates. Three years had passed since then. Now, to fulfill his promise and break the chains of his past, Pras helped his current friends to achieve the maximum level in a VRMMORPG titled Chronicles of Zurefgar in order to enable them to enter a multi game PvP event named The Clashing Realms.Conflicts and meetings that Pras had with people from his past in the game had opened up old wounds. Yet, he received a helping hand from a person he would never have imagined. Slowly, he learned that it was not only about him helping others, but it was him that was being saved.Note: New episode every Tuesday, Thursday, and Saturday (12 PM UTC +00) cover by Konnyapon
8 87 - In Serial16 Chapters
Angel and Wolf: The Fury
The Public has caught the eye of fast, strong men engaging in running gun battles and devastating fights in broad daylight. A war has been ignited. Unnatural things are occuring. Michael has been pushed into a journey into himself, and an inner darkness in him might be a bigger issue for those around him. Lani has only one purpose in her heart, and that is to protect Michael at all costs. Something dangerous is jeopardizing that end, and she is finding that it will not be easy to serve her directive while keeping Michael from objecting to her ways.
8 161 - In Serial7 Chapters
Justin bebir x hisoka smut
Look at the titl
8 202