《Sour Candy》part 14 💔
Advertisement
*Unicode*
၉လပိုင်း၃ရက်နေ့။
ဒီနေ့နိုးထလာရခြင်းက ဂျွန်အတွက်ကြည်နူးစရာသိပ်ကောင်းနေသည်မှာ Darling ကြောင့်။ အနမ်းတစ်ပွင့်ဖြင့် လာနှိုးပြီး မနက်စာပါပြင်ပေးသည့် Darling မှာ ဂျွန်သဘောကျရပါသော အပြုံးလေးကိုချိတ်ဆွဲ၍ထားသည်။ ဩရှသောအသံမှ ချိုသာသောစကားကို ညင်သာစွာဆိုရင်း Darling ဟာကြွေပြီးသား သူကိုတသဲ့သဲ့ခြွေယူပြန်ပါသည်။
"Darling မင်းပျော်စရာများရှိနေလို့လား"
"ဘာလို့လဲ"
"ငါ့ကိုကောင်းကောင်းဆက်ဆံနေလို့ဆိုတာထက် မင်းပြုံးနေလို့"
"ဒီတိုင်းစိတ်ကြည်နေလို့"
"မင်းပြုံးရင်သဘောကျတယ် Darling....ငါအတွက်ပြုံးပြရင်ပိုသဘောကျတယ်....ဒါမဲ့ မင်းက မင်းအချစ်တင်မဟုတ်ဘူး အပြုံးလေးတောင်ငါ့ကိုမစွန့်ကျဲဘူး...မင်းသိပ်ဆိုးတာပဲ Darling"
"ဟဟ ဟုတ်ပြီ....ဒီနေ့ကိုယ်ကမင်းအတွက်အများကြီးပြုံးပေးမယ်"
ပြွတ်စ့်
"စူနေတဲ့နှုတ်ခမ်းကရဲနေလို့ အပြစ်ပေးတာ"
အသံမြည်အောင်အနမ်းခံလိုက်ရသော နှုတ်ခမ်းအား လက်ဖြင့်အုပ်ရင်း ကြောင်အကာ နေရသူမှာ ဒီလူပါ။ လူကိုခြေစခေါင်းဆံုးစိုက်ကြည့်နေသော Darling ကြောင့်မွှေးညင်းများထောင်လာရသည်။
ရူးစေချင်တာလား Darling ရယ်။ ရင်ခုန်မြန်ပြီးအနုနည်းနဲ့ သေအောင်သတ်နေတော့တာလား။
"ဟိတ်!..."
Darling လက် မျက်လံုးရှေ့ဝေ့ရမ်းပြလာမှသတိကပ်လာသည့် ဂျောင်ဂုဟာ ရင်ဘတ်ကိုလက်လေးဖိထားလျက်။
"ကိုယ္ဒီနေ့ Company သွားမှဖြစ်မယ္! အဲ့ဒါမင်း...မင်း"
"အွန်း ပြောလေ ငါနားထောင်နေတယ် Darling"
မျက်ဆံတို့လှုပ်လှုပ်ရှားရှားဖြင့်ပြောရခက်နေသည့် Darling ကို စကားစထောက်ပေးသော်လည်း Darling ကတော့ပြောဖို႔ခက်ခဲနေပံု။
"ဟို မင်းလိုက်......."
*Just like the day that I met you,
The day I thought forever
Said that you love me, but that'll lost for never...... *
မြည်တီးလာသော စားပွဲပေါ်ကဂျွန့်ရဲ့ဖုန်း။
"ခဏနော် Darling"
ဖုန်းကောက်ယူကာ သူမကြားနိုင်တဲ့ဘက်ကိုထွက်သွားသော ဂျောင်ဂုကိုအဆံုးမဲ့ကြည့်နေမိသည်မှာ ရှုပ်ထွေးသောခံစားချက်များစွာဖြင့်။ မည်မျှလောက်အရေးကြီးသည့်ဖုန်းဖြစ်စေ သူ့ရှေ့ စပီကာဖွင့်ပြီး ပြောတက်သူက အခုအဝေးကိုသြားပြောသည်တဲ့ အဲ့တာထားပါ ဘာမှမဖြစ်ဘူး ဒါမဲ့ မြင်လိုက်ရသည့် ကြောင် emoji နှင့် အနီရောင်အသဲပံု emoji တွဲလျက်(🐈❤) မှတ်ထားသည့် contact ကြောင့်အလိုမကျတာတော့အမှန်။
ကူးရယ်မောနေတာ...ဖုန်းပြောရင်းရယ်မောနေခဲ့တာမျက်ဝန်းတေမှေးဆင်းသွားသည်အထိကို။ တစ်ဖက်လူက မင်းကိုပျော်အောင်လုပ်နိုင်တာပဲ ဘယ်သူများလဲ။
"Darling....sorry နော်"
"ရပါတယ္"
"ခဏကစကားလေးဆက်ဦးလေ"
"အော် မင်းလိုက်ခဲ့ချင်လား"
"ဟင်"
"ကိုယ့် Company ကိုမင်းလိုက်ခဲ့ချင်လားလို့"
ဂျွန့်လက်နှစ်ဖက်ကို အုပ်ကိုင်ကာ ဆိုလာတဲ့ Darling မျက်ဝန်းနက်နက်တေမှာ နူးညံ့မှုတို့အထင်းသား။ အစစ်အမှန်လား ဟန်ဆောင်မှုလား မသဲကွဲသော်ငြား ဒီအရူးကလေသိပ်သဘောကျတာပဲ။ မင်းနူးညံ့ပြရင် မင်းရှေ့အလိုလိုဒူးထောက်လျက်သားဖြစ်နေတဲ့ နှလုံးသားကလေ နည်းနည်းလေးတောင်မမူနိုင်ဘူး။
"လိုက်ခဲ့မှာ! Darling မခေါ်ရင်တောင် အတင်းလိုက်ဖို့ဆံုးဖြတ်ထားပြီးသား။"
မင်းနဲ့ ဝေးနေလို့မှမဖြစ်တာ။
"ဟဟ.....လှလှလေးပြင်ဆင်ခဲ့ ကိုယ့်ကောင်လေးကအလှလေးဆိုပြီးကြွားချင်လို့"
"Darling! မင်းနော်...."
*လှတယ္*ပြောရင်သိပ်ကြိုက်တဲ့ ဂျွန်ဟာပါးမို့မို့လေးရဲတက်ကာ ရှက်သွေးကြွယ်ပြ၍ပိုလှကြောင်းပြသနေပြန်သည်။
ဆောင်းဝင်လာ၍ Hoodie အနက်ရောင်အကြီးကြီးကြား မြုပ်နေသည့် ဂျွန်က ဦးထုတ်အနက်ရောင်အဝိုင်းလေးကိုပါ ခပ်ငိုက်ငိုက်ဆောင်းထားရင်း suit အပြည့်ဝတ်ထားသော ကင်မ်ထယ်ယောင်းလက်မောင်းအား အသာချိတ်ကိုင်ကာ Company ထဲဝင်လာပံုက အဖိုးတန်မြင်ကွင်းလေးပမာ လိုက်ဖက်လွန်းလှသည်။
သို့သော် ဂျွန့်အားရှုံ့ချသောအကြည့်တေဖြင့်သာ ဆီးကြိုနေသော Darling ဝန်ထမ်းတေကြောင့် ဂျွန်ခေါင်းခါရင်းသာ ရယ်ချမိသည်။
သူတို့သတ်မှတ်ထားသော CEO ကတော် ဒေစီယာအစား သူ့မောင်ဝူလီထယ်က CEO KIM TAEHYUNG ရဲ့လက်ချိတ်ကာ လာတော့လည်းအမြင်မကြည်တာမဆန်း။ မကြည်လည်းမတက်နိုင်ဘူး ဂျွန်ဂျောင်ဂုက ကင်မ်ထယ်ယောင်းမှမဟုတ်ရင် ဘယ်ခွေးမှလူမထင်တော့ခက်သား။
"CEO လချုပ်စာရင်းတေ ဒီနေ့အပြီးစစ်မှဖြစ်လိမ့်မယ် ဖိုင်တွဲအချို့လက်မှတ်ထိုးဖို့လည်းကြံသေးတယ် "
"ကောင်းပြီ"
စာရွက်စာတမ်းတချို့စားပွဲပေါ်တင်ကာ ထယ်ယောင်းအားအရိုအသေပြုရင်အပြင်ထွက်သွားသည့် ဝန်ထမ်းကောင်မလေးက သူ့အား လှည့်ကြည့်ကာနှာခေါင်းရှုံ့သွားသည်ဖို့ ဂျောင်ဂုမျက်ခံုးတို့မြင့်တက်လိုက်မိသည်။
"အိုက်ရိုး.....ငါတော်တော်အောင်မြင်နေပါရောလား.....ငါမသိတဲ့သူတေက ငါ့ကိုသိနေပြီးမုန်းနေတာဆိုတော့ အဟွန်း....ဘဝင်တောင်မြင့်ချင်သွားပြီ Darling ရယ်"
ခပ်ဟဟလှောင်ရယ်နေသည့် နှုတ်ခမ်းပါးက မျက်ဝန်းထက်ကဝေ့ဝဲနေသောမျက်ရည်ကြည်အချို့ကိုမဖံုးဖိနိုင်။ နာကျင်နေတာမဟုတ်ပဲ မွန်းကြပ်စေတာ ဘာမှမဆိုင်တဲ့ဘေးလူတေရဲ့ ရွံ့ရှာတဲ့အကြည့်တေက ဘာလို့ဂျွန်ပေါ်ကျရောက်နေရတာလဲ။
ဂျွန်ဘဝတစ်လျှောက်ဘယ်သူ့ကိုမှ မထိပါးခဲ့ဖူးပါရက်နဲ့ ဂျွန်ကိုအသားလွတ်ရွံ့ရှာနေကြတော့ ခံရခက်သည်မှာအရမ်း အရမ်းပင်။ ဝဋ်ကြွေးလို့သတ်မှတ်ပြီးပေးဆပ်ခဲ့မယ္။ နောက်ဘဝ နောက်ဘဝတေများမှာ ဂျွန်က ချစ်ရသူမဟုတ်ဘဲ အချစ်ခံရသူသာဖြစ်ချင်တယ်။ ဝဋ်ကြွေးတေကတော့ ဒီဘဝဒီမျှလောက်ဆိုတော်ရောပေါ့။
စတေးခံနေရတာနှလံုးသားလေ နာကျင်တက်တယ် ခံစားတက်တယ်။ ပြောပြီးသားပါ ဂျွန်ဟာ အရုပ်မဟုတ်တဲ့အတွက် ထိလွယ်ရှလွယ်တယ္။
စာရင်းစစ်နေသော Darling ကိုဂျွန်စိုက်ကြည့်နေရတာ သဘောကျသလောက် နှလုံးသားကနာပြန်ရော။ အထင်လွဲမှုတေနဲ့ ဟန်ဆောင်ကြင်နာပြမှုမှာ ဂျွန့် Darling ကသရုပ်ဆောင်ပီပြင်ပါရဲ့။
"Darling...."
"ကူးငယ်ပျင်းနေပြီလား....ခဏပဲကွာ ကိုယ်ပြီးတော့မယ် ပြီးရင် မင်းသွားချင်တဲ့နေရာသွားကြမယ်နော်"
အသံရှည်စွဲက ညုတုတုခေါ်သံအဆံုးအနားရောက်လာကာ ပါးမို့မို့ထက်လက်ဝါးပြင်ကျယ်ကြီးထိကပ်လာပြီး နူးညံ့စွာချော့မြူသောလေသံဖြင့် ဖြောင်းဖျလာသူဟာ သူ့အတွက်နှစ်ယောက်မရှိသည့် Darling။ ဟန်ဆောင်ခြင်းတေလား အတုအယောင်တေလားမသဲကွဲခင် ထိုအပြုအမူတေမှာဂျွန်ဟာယိုင်နဲ့နေပြီ။
ခေါင်းအသာခါပြရင်း
"ငါတစ်ခုခုသောက်ချင်နေတယ် Darling"
"ပြောပါဦး....ဘာသောက်ချင်တာလဲ ကိုယ်မှာလိုက်မယ္"
"ဟင့်အင်း...Darling အလုပ်ဆက်လုပ်ပါ ငါသောက်ချင်တာ စီးကရက်မုိ့ အပြင်ထွက်သောက်လိုက်မယ္"
"အပြင်? ဖြစ်ရဲ့လား....ကူးတစ်ယောက်ထဲစိတ်မချ.."
Advertisement
"အရင်ကလည်း တစ်ယောက်ထဲပါ...အခုမှ စိတ်မပူပြပါနဲ့ ကျေးဇူးပြုပြီး ထွက်မသွားနိုင်အောင်မလုပ်ပါနဲ့! အရင်ကလိုပဲ ငါ့အပေါ်ဖာသိဖာသာပဲဆက်ဆံပေးနေပါ!!! တကယ်တောင်းပန်ပါတယ် ကင်မ်ထယ်ယောင်းရှီး!!!!"
မပြေးရံုတမယ် ထွက်သွားသူ ပြောသွားသောစကားလံုးအချို့ကို အဓိပ္ပါယ်မဖော်တက်သော်ငြားမျက်ဝန်းတည့်တည့်စိုက်ကြည့်ကာ ဆိုသွားခြင်းတေ၌ ဂျွန့်စိတ်ပိုင်းဆိုင်ရာအခက်အခဲများပါဝင်သည်မှာမလွဲ။
"ဒီလမ်းကမင်းရွေးချယ်မှုလေ ကူးငယ်!....မင်းဖြစ်ချင်တာမင်းလိုချင်တာ ငါ့စီကအခုလိုဂရုစိုက်မှုမျိုးမဟုတ်လား....အခုဘာလို့ လူကိုစိတ်ရှုပ်အောင် ဝမ်းနည်းပြနေရတာလဲ ကျစ်"
ထွက်သွားသူကောင်ငယ်လေးနောက် လိုက်ခြင်းအမှုကိုတစ်ခါမျှ မပြုလုပ်တဲ့ ကင်မ်ထယ်ယောင်းဟာ အခုလည်း လိုက်မသွားပေ။ CEO KIM TAEHYUNG ဟူသော ကဒ်ပြားလေးရှိရာစားပွဲတွင်သာ အေးရာအေးကြောင်း စာရင်းထိုင်စစ်နေပံုက ခံစားချက်ကင်းမဲ့နေသော အေးစက်စက်မျက်နှာထားဖြင့်သာ။
Toilet တံခါးချပ်ကိုမှီ၍ စီးကရက်ဖွာနေသော ဂျွန်ဟာမျက်ရည်များဖြင့်။ သန်မာတော့မည်ဟု ကျိန်ဆိုပြီးတိုင်း မင်းဟာပျော့ညံ့ပါသေးတယ် ဆိုတဲ့ဟန်ဆောင်အပြုအမူတေနဲ့ လာလာသတ်ချတက်သည့် Darling ကသိပ်သိပ်ကြောက်ဖို့ကောင်း။
မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တေထဲ မင်းကိုချစ်တဲ့ချစ်ခြင်းတေပါသွားရင်ကောင်းမယ်
"ငါ့အချစ်ကကြီးမားများပြားလွန်းတော့ မှုတ်ထုတ်လို့ရရင်တောင်ကုန်မယ်မထင်ပါဘူး Darling ရယ်....ဟဟ"
Toilet ထဲရောက်နေတာကြာပြီဖြစ်တာကြောင့် စီးကရက်သောက်ခြင်းကိုပြီးဆံုးစေပြီး အပြင်ထွက်မည်အလုပ် တံခါးဖွင့်ကာဝင်ရောက်လာသူ ဂျွန့်လက်တေချုပ်ကိုင်ကာ နံရံကိုကပ်စေပြီး ပြင်းရှရှအနမ်းတေစွန့်ကျဲသည်။
အွတ့် ပြွတ်စ့်
အားမရသည့်သူက နက်ခ်တိုင်ကို ဆွဲဖြုတ်လိုက်ပြီး ဂျွန်လက်တို့အားစုချည်ကာ လည်တိုင်တို့အား တတိတိကိုက်ဆွဲလိုက် စုပ်ယူလိုက်ဖြင့် စိတ်ကြိုက်ချယ်လှယ်၍နေသည်။
တစ်ဖန်နှုတ်ခမ်းထပ်ရောက်လာပြန်သော အနမ်းများ။ မွန်းသိပ်ဖွယ်ကောင်းတယ် တစ်ချက်တစ်ချက်စုပ်ယူသွားခြင်းတေမှာ ဂျွန်ဟာခြေမခိုင်ချင်တော့သည်ထိ ပျော့ခွေကာ လာရသည်။ လျှာဖျားကိုလှည့်ပတ်ကစားနေသည့် Darling ကအနမ်းမှာဆရာတစ်ဆူ။
Darling အနမ်းကိုတမြတ်တနိုးတံု့ပြန်တက်သည့် ဂျွန်ဟာ ငြိမ်သက်၍နေသည်ကြောင့် Darling အားမလိုမရဖြစ်နေခဲ့သည်ထင်ပါတယ်။ အသက်ရှူကြပ်လာ၍ ကြယ်သီးအနည်းငယ်ပြုတ်နေသော ရင်ဘတ်ကြီးအား ချည်နှောင်ခံထားရသော လက်ဖြင့်အသာတွန်းလိုက်တော့ ဖယ်ခွာသွားသော နှုတ်ခမ်းပါး။ သွယ်တန်းနေသော ငွေရောင်မျှင်တန်းလေးက နှုတ်ခမ်းခုကြား ပေါင်းကူးတံတားပမာ။
အသက်လုရှူနေပါသော ဂျွန့်နှင့်နဖူးခြင်းတေ့ကာ
ရီဝေဝေအကြည့်များက စိုရွှမ်းနီရဲနေသော ဂျွန့်နှုတ်ခမ်းပေါက်ရာတေထံသာ။
"အ့.....Darling!"
လည်တိုင်ထံမျက်နှာကပ်သွားပြီး မပြီးပျက်နိုင်သောအမှတ်အသားပေးခြင်းကို ဆက်လက်လှုပ်ဆောင်သည်။ ဖြူဖွေးဖွေးလည်တိုင်ထက် အနီရောင်အမှတ်အသားတို့ကထင်းသား။ ဆီးနှင်းဖွေးဖွေးကြား ချယ်ရီသီးတင်ထားသလိုပေါ့။
"Darling!"
Hoodie အနက်ကြီးအားလှန်တင်ကာ ခေါင်းလျှိုဝင်လာပြီး အထိမခံ ပန်းရောင်အသီးအားငံုထွေးလာသည့် ထယ်ယောင်းကြောင့် ဂျောင်ဂုမှာအလန့်တကြား။ တားမည်ကြံသော် နှုတ်ခမ်းနှစ်လွှာကြား ဝင်ရောက်လာသော လက်သွယ်သွယ်နှစ်ချောင်းကြောင့် စကားလံုးတို့ဟာလည်ချောင်းတွင်သာ တစ်နေခဲ့ရသည်။
တကယ်ပဲ မင်းဘာဖြစ်ချင်နေတာလဲ Darling။ အများသံုး Toilet ထဲမှာ ငါ့သိက္ခာကိုအခုလိုချနင်းမှဖြစ်မှာလား။ မချစ်မှန်းလဲသိပါတယ် တန်ဖိုးမထားရင်တောင် ဈေးပေါတဲ့အပြုအမူတေနဲ့ တန်ဖိုးမချပါနဲ့။ မာနရှိတယ် လူမပြောနဲ့ လမ်းဘေးကခွေးတစ်ကောင်မှာတောင် မာနရှိတယ် Darling။
ကျဆင်းနေသောမျက်ရည်တေကို အင်္ကျီတွင်းဝင်ကာ ရင်ဘတ်တစ်ခုလံုးစိတ်ကြိုက်ပြုလုပ်နေသူက မြင်မည်မထင်။
ချစ်လို့ ချစ်လို့သည်းခံနေတာ ချစ်လို့ ဈေးပေါမိရံု တန်ဖိုးမဲ့နေခဲ့တာမဟုတ်ဘူး Darling ရယ္။ မင်းသူမကို တန်ဖိုးထားသလို ငါ့မှာလဲ တန်ဖိုးတေရှိတာမင်းမြင်ရင်သိပ်ကောင်းမှာ။
ရင်ဘတ်တစ်ခုလံုး တသိပ်သိပ်တုန်အောင် ဝမ်းနည်းမိပြီ။ မိန်းကလေးတစ်ယောက်ထက် တန်ဖိုးထားမခံရတဲ့ ယောက်ျားသားတစ်ယောက်ဖြစ်နေရတာ ဝဋ်ပဲလား။
ဖရိုဖရဲလေး သူ့လက်ထဲသူပြုသမျှ မတံုပြန်သလို ငြင်းဆန်၍လဲမနေသည့် ကူးငယ်ကဖရိုဖရဲလေးဖြစ်သွားပုံ ထယ်ယောင်းသိပ်သဘောကျတာ။ မျက်ရည်ကြည်လေးပါဝေ့နေသည့်အခါ ရင်ဖိုဖွယ်သိပ်ကောင်းအောင်လှရက်တာ။
"အပြစ်ပေးတာ....ဒီနှုတ်ခမ်းကကိုယ့်နှုတ်ခမ်းအစား ဆေးလိပ်ကိုစုပ်ယူနေလို့"
ငံုနေသောခေါင်းလေးအား ဆွဲမေ့စေပြီး မျက်ရည်ကြောင်းလေးအား သုတ်ပေးကာ အပြုံးနုနုလေးပြုံးပြလာသည့် Darling။
"မငိုပါနဲ့ကွာ.....ကိုယ် ကိုယ်စိတ်မထိန်းနိုင်လို့ ဖြစ်သွားတာ ခွင့်လွှတ်တယ်မဟုတ်လား။"
ပံုပျက်နေသော အဝတ်အစားကိုသေချာပြန်ပြင်ပေးရင်း တောင်းပန်စကားမဆိုပဲ ခွင့်လွှတ်မှုတောင်းခံနေသည့် Darling ကသိပ်လည်လွန်းပါရဲ့။
"စိတ်ဆိုးနေတာလား....စကားပြောပါဦး ကိုယ့်ကို"
ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာ ကြင်နာပြပြန်သည်။
စိတ်ဆိုးရက်ပါ့မလား။ အသက်သေပေးဖို့တောင်းဆိုရင်တောင် စိတ်မဆိုးတာ အခုလောက်နဲ့စိတ်ဆိုးရက်ပါ့မလား Darling ရယ်။ ဒီတိုင်း..ဒီတိုင်း ဝမ်းနည်းမိရံု။
"ဟင့်အင်း....မင်းအလုပ်ပြီးပြီလား"
"အလုပ်လား..."
"အွန်း"
"လုပ်ဖို့ကြံတုန်း..."
"Darling!"
တင်ပါးကိုလာညစ်ကာ ညစ်ထေးထေးအပြုံး၊အကြည့်တေကိုယ်ပေါ်စွန့်ကျဲလာသူ Darling ကြောင့် ကိုယ်လေးကြုံ့သွားကာ အလန့်တကြားအော်လိုက်မိသည်။ ထိုအခါ Darling ကခပ်ဟဟ ရယ်လာသည်။ လှောင်တာလား Darling။ မင်းကိုကြောက်တဲ့ငါ့ပံုကို လှောင်တာလား။
"ဟဟ ကိုယ်စတာပါကွာ...လန့်သွားတာလား "
"အွန်း! အင့်"
ဆွဲဖက်ပြန်သူကြောင့် ရင်ခွင်ကျယ်ထဲ အလှဲလှဲအပြိုပြို။
"ဖက်ထားပြီ မလန့်တော့နဲ့ ကိုယ့် Honey လေး...ကိုယ့်အလုပ်ကပြီးပြီ အခုဗိုက်ဆာပြီလား"
"နည်းနည်း....ဟင်...ဘာ ဘာလုပ်တာလဲ"
"တစ်ခုခုသွားစားကြမယ်လေ"
"အောက်ချပေး....အမြင်မတော်ဘူး Darling"
"ဘာလို့"
"Darling ကမမနဲ့ တရားဝင်စေ့စပ်ထားကြောင်းချပြထားတာ...ငါနဲ့ဆိုအခုလိုလုပ်တာ တေွ့ရင် Darling ဝန်ထမ်းတေ ကဲ့ရဲ့ကြလိမ့်မယ်"
ကဲ့ရဲ့ကြတာ မခံချင်တာထက် မနာကျင်ချင်တာ။ ပိုင်ရှင်ရှိသူကို လုယူထားတဲ့ မလံုမလဲခံစားချက်ကို ထိုလူတေကြည့်တဲ့အကြည့်တေကြောင့် အပြည့်အဝရစေသည်။ မွန်းကြပ်တယ်။ အသက်ရှူပင်ကြပ်ချင်စရာ Darling ရယ်။
"ဟက် အရှက်ရှိသေးတာပဲ"
"ဟင်...."
"အရှက်သည်း တက်လိုက်တာလို့ပြောတာပါဗျာ...သွားကြမလား"
"အွန်း"
"ဒီနေ့ကျန်တဲ့အချိန် အားလုံး မင်းအတွက် အပိုင်ပေးမယ် ယူမယ်မလား"
"ဟီး ယူမယ္"
ကိုယ့်ဘစိက ဂျွန်ဂျောင်ဂုရှီးပေမဲ့
Fic တေထဲမှာဆို ကင်မ်ထယ်ယောင်း Team ပါ။
Advertisement
ကင်မ်ထယ်ဘာလုပ်လုပ်မှန်တယ်ဆိုတဲ့ အဖွဲ့ဝင်ပါ။(◍•ᴗ•◍)
ဒီအပိုင်း အချိုမမြည်တဲ့အချိုလာမို့ပဲ Sour Candy ဆိုတဲ့ အတိုင်း ချဥ်ချဥ်လေးပဲကောင်းပါတယ်
Thanks for your fackback💔
Love you all❤
************
*Zawgyi*
၉လပိုင်း၃ရက်နေ့။
"ဘာလို့လဲ"
ပြွတ်စ့်
"ဟိတ်!..."
"ကိုယ္ဒီနေ့ Company သှားမှဖွဈမယ်! အဲ့ဒါမင်း...မင်း"
မျက်ဆံတို့လှုပ်လှုပ်ရှားရှားဖြင့်ပြောရခက်နေသည့် Darling ကို စကားစထောက်ပေးသော်လည်း Darling ကတော့ပွောဖို့ခကျခဲနပေုံ။
"ဟို မင်းလိုက်......."
"ခဏနော် Darling"
"Darling....sorry နော်"
"ရပါတယ်"
"ခဏကစကားလေးဆက်ဦးလေ"
"ဟင်"
"Darling! မင်းနော်...."
*လှတယ်*ပြောရင်သိပ်ကြိုက်တဲ့ ဂျွန်ဟာပါးမို့မို့လေးရဲတက်ကာ ရှက်သွေးကြွယ်ပြ၍ပိုလှကြောင်းပြသနေပြန်သည်။
ဆောင်းဝင်လာ၍ Hoodie အနက်ရောင်အကြီးကြီးကြား မြုပ်နေသည့် ဂျွန်က ဦးထုတ်အနက်ရောင်အဝိုင်းလေးကိုပါ ခပ်ငိုက်ငိုက်ဆောင်းထားရင်း suit အပြည့်ဝတ်ထားသော ကင်မ်ထယ်ယောင်းလက်မောင်းအား အသာချိတ်ကိုင်ကာ Company ထဲဝငျလာပုံက အဖိုးတန်မြင်ကွင်းလေးပမာ လိုက်ဖက်လွန်းလှသည်။
"ကောင်းပြီ"
"Darling...."
ခေါင်းအသာခါပြရင်း
"ပြောပါဦး....ဘာသောက်ချင်တာလဲ ကိုယျမှာလိုကျမယ်"
"ဟင့်အင်း...Darling အလုပ်ဆက်လုပ်ပါ ငါသောက်ချင်တာ စီးကရကျမို့ အပွငျထှကျသောကျလိုကျမယ်"
အွတ့် ပြွတ်စ့်
"အ့.....Darling!"
"Darling!"
Advertisement
- In Serial111 Chapters
One Piece: Path To Power
His family, his home, his future; it was all robbed by those with power and authority.
8 3386 - In Serial7 Chapters
Deals & Destiny
(A/N)I discovered that I can post fanfictions on this site so I decided to post the Familiar of Zero fanfic I made. Walking home from a friends house after watching the FoZ anime, our hero suddenly finds himself in a familiar summoning situation... only something interferes and he gets a few new advantages. Now, follow along as he breaks the show, builds a harem, and builds an empire all the while doing humorous, badass, and other Gary Stu stuff. Contains elements from both the anime and manga. Also yes, the MC is a bit OP, but it's okay because it's funny.
8 106 - In Serial11 Chapters
Wading Through The Dark
There are things in the dark that we do not wish to acknowledge, truths that we wish will go unsaid. But when the moon is out and the veil of night covers the horizon, these things have a habit of seeping out. Do you dare go wading through the darkness to find whatever twisted nightmare lies in wait beneath the fog, or do you wish to sleep tonight?
8 201 - In Serial10 Chapters
Choice: An Important Thing
Choice. An important thing is it not? We always make choices. Every day of every week of every month (of every year), we do “choices”. I want to show you how important it is and I would gladly welcome the attention. I heard somewhere that the best way to make someone understand is to just let them experience it, so, here’s your first choice. CHOICE 01 Would you play this game, or not? Take your time, I’m not waiting for the people who chooses the latter anyways.
8 244 - In Serial13 Chapters
I was reincarnated into a yandere otome game as a side character
Synopsis: Shiki Morgan was a man that was known for having terrible luck his entire life, at the age of six he lost his mother to a horrible accident, then one year later his father abandoned him due to his depression, because of this he was forced to move in with his aunt and uncle, but his cousin didn't make his life any easier, if anything because of her he got in a freak accident that made him lost his legs, because of this he was forced to leash off his aunt and uncle, and since the freak accident he has completely given up on society as he spends the next 16 years lock-up in his room playing nothing but Otome games. One day he suddenly die in yet another freak accident, and because he was helpless, and no one bothered to save him he fell into despair, and in that depressive state he loath the fact that he couldn't live a normal life, for once all he wants was to be happy. Those were his last words during his death, but he knew he was foolish to wish for such an impossible future, but right after he died something miraculous happen, in his sinking misery he heard the voice of a woman play in his head. "The conditions have been met, darling, I now have say over your existence, now by the power and authority of the witch of guarantee I Bridget the first which among all other witches, shall now grant you three wishes with all the negative karma you have accumulated over your life, please state what you desire and I shall guarantee that it so." [participant in the Royal Road Writathon challenge]
8 149 - In Serial13 Chapters
Girls Like Me (BENNY RODRIGUEZ)
Eliza has been living in the Valley for two years now. She has two best friends . Eliza has always been like the duff of her two friends. Lola and Sabrina. She has always had a crush on Benny Rodriguez.what happens Lola befriend the sandlot boys .What happens when girls like her don't get the guy.
8 153