《Sour Candy》part 18💔/2/
Advertisement
*Unicode*
တသုန်သုန်တိုက်ခတ်လာတဲ့ လေရူးများက ရယ်သံသဲ့သဲ့လေးကို သယ်ဆောင်လာခဲ့သည်။ ဖြတ်သွားဖြတ်လာလူများက ကွက်ကြည့်ကွက်ကြည့်ဖြင့်။
လူတေွများကိုယ့်စောက်ကြောင်းမဟုတ်ပဲ သိပ်စပ်စုကြတာပဲ။
ခေါင်းငံုကာ တခြားသို့အကြည့်လွဲရင်း တသွင်သွင်တောင်းပန်နေသည့်မျက်စိရှေ့က လူသားကဂျွန့်မျက်ရည်တေွမတွေ့ပါဘူး။ တပေါက်ပေါက်ယိုဖိတ်နေတဲ့ နှလုံးကနာကျင်မှုဒဏ်က မျက်ရည်အဖြစ်လိမ့်ဆင်းနေခြင်းကို။
ချစ်မိတော့လည်း နာကျင်ရတာသဘာဝတရားပဲဖြစ်နေတော့တာလား။
"တောင်းပန်ပါတယ်...ကိုယ္တောင်းပန်ပါတယ်ကူးငယ်"
"ဘာကိုတောင်းပန်ရတာလဲ Darling"
နီဆွေးဆွေးဖြင့်တည်ငြိမ်မှုမရှိသော ထယ်ယောင်းမျက်ဝန်းအိမ်အား မှုိင်ထွေထွေစိုက်ကြည့်ရင်း အမေးသတ်လိုက်သည့် ဂျွန််အသံဟာ အက်ကွဲ၍နေသည်။
လေအေးတိုးဝေ့ခြင်းနဲ့အတူ Darling ဂျွန့်အနားတိုးလာခဲ့သည်။ ဂျွန့်ပါးပြင်ထက်က မျက်ရည်စီးကြောင်းကို အပြစ်မဆိုပဲဖွဖွလေးသုတ်ပေးလာပြီး ဝဲကျနေသည့် ဆံနွယ်နုနုအား နားနောက်အသာပို့ရင်း သေသပ်သပ်နှုတ်ခမ်းပါးမှ ဩရှရှအသံဟာ အထစ်ထစ်အငေါ့ငေါ့။
"ကိုယ်...ကိုယ်ဒေစီနဲ့အိမ်ထောင်ပြု..ပြု"
"အွန်း သိပြီ သိပြီ...ငါသိပြီမို့ဆက်မပြောနဲ့တော့"
နည်းနည်းလေးတောင်ဟန်ဆောင်ပြီး ဂျွန့်ကိုမရွေးချယ်ခဲ့ဘူး။ အမြဲလိုလို ဘယ်တော့မှ ဘယ်သောအခါကမှ Darling ဟာကူးငယ်ကိုမရွေးချယ်ခဲ့ပါဘူး။ ဘယ်မှာလဲ မင်းပြောတဲ့ချစ်ချင်တယ်ဆိုတဲ့ စိတ်ဆန္ဒ!
ငါ့ချစ်ခြင်းကကြီးမားလွန်းလို့ထင်တယ် မင်းနဲ့မထိုက်တန်ဘူး! အထက်ထပ်အခါခါစော်ကားခံရတဲ့ ချစ်ခြင်းတေကလည်း ထပ်ချစ်နိုင်စွမ်းမဲ့လောက်တဲ့အထိ ပင်ပန်းနေပြီ။
"ကိုယ့်ကိုမချစ်ပါတော့နဲ့..."
မင်းကိုငိုအောင်ပဲစွမ်းဆောင်နိုင်တဲ့ ဒီကောင့်ကိုမချစ်ပါတော့နဲ့။ ပျော်အောင္ထားပါ့မယ္ ပြောပြီးမျက်ရည်ကျအောင်လုပ်နေမိတဲ့ ကိုယ်ကမင်းကိုသိပ်သဘောကျလွန်းလို့ အနားမှာထားချင်ခဲ့တာ တကယ်တမ်းအတ္တကြီးနေခဲ့တာကိုယ်ပါ။
တောင်းပန်ပါတယ်ဆိုတဲ့စရာကလွဲ ပြောစရာမရှိတော့ဘူးကူး။ ခွင့်လွတ်ပါလို့လဲမတောင်းခံဝံ့ဘူး။
ကိုယ့်ရဲ့ခံစားချက်အမှန်က မင်းကို.....။
"အမိန့်တေမပေးစမ်းနဲ့ Darling! "
ထယ်ယောင်းလက်ဖဝါးအား တဒုန်ဒုန်ခုန်နေသော နှလုံးရှိရာ ရင်ဘတ်ဝဲအံုပေါ်သို့တင်ပေးလိုက်လေတော့ နားမလည်ဟန်ကြည့်လာသည့် Darling ကို မျက်ရည်များကြားဂျွန်ပြုံးပြမိသည်။
"ခုန်နေတဲ့နှလုံးကို ခံစားမိတယ္မဟုတ်လား။ ငါသေသွားခဲ့ပြီဆိုရင်တောင် ဒီနှလုံးခုန်နေသ၍ ဂျွန်ဂျောင်ဂုရဲ့ ရင်ခုန်သံသည် ကင်မ်ထယ်ယောင်းပဲ။
ဒီနှလုံးခုန်တာမရပ်မခြင်း ဂျွန်ဂျောင်ဂုအချစ်က ကင်မ်ထယ်ယောင်းတစ်ယောက်ကိုပဲ မပြောင်းမလဲချစ်နေမှာ။ မင်းလိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ငါ့အချစ်တေမင်းပေါ်သက်ရောက်နေမှာ Darling..."
ထွက်သွားရမဲ့အခြေအနေမှာ မင်းကိုယ်သင်းနံ့ကိုတဝကြီးရှူပစ်ချင်တယ် မင်းမျက်နှာလေးကိုတရိပ်ရိပ်ထိုင်ကြည့်ချင်တယ် မင်းအသံဩရှရှကိုသိမ်းယူသွားချင်တယ်။ မင်းရဲ့မျက်ဝန်း မျက်တောင် မျက်ခံုး ကုန်ကုန်ပြောရရင် ဆံချည်မျှင်အစ ခြေသည်းခွံလေးအဆံုး မင်းကိုဒီကအရူးကသိပ်ချစ်တာ။
မင်းအစားဝမ်းနည်းမိတယ် Darling။
မင်းကို အစအဆံုးမဲ့ချစ်ပေးနေတဲ့ လူတစ်ယောက်ကို ဆုံးရှုံးရတော့မှာ။
"တစ်ခုပဲ မှတ်ထားေပး ဒီဘဝမပေးနိုင်ခဲ့တဲ့မင်းရဲ့ ချစ်ခြင်း ဦးစားပေးမှု ဂရုစိုက်ခြင်းအားလုံး နောက်တဖန်ငါမွေးဖွားလာရင် ငါ့အတွက်ပဲ"
ငါကတော့ လျစ်လျူရှုနိုင်ပါရစေ။
တင်းကြပ်ကြပ်ဖက်တွယ်လာသည့် ခန္ဓာကိုယ်ကြီးအားဂျွန်ပြန်၍ဖက်တွယ်ခဲ့သည်။ မြင်နိုင်မယ်ဆို နှစ်ယောက်လံုးဟာ မျက်ရည်ကြည်တေဖြင့်။
ချစ်လျက်သားမပေါင်းဖက်နိုင်တဲ့ အခြေအနေရဲ့အမှားဦးတည်ရာသည် ကင်မ်ထယ်ယောင်း။
ကင်မ်ထယ်ယောင်းသာ မိခင်စကားထက် ဂျွန်ဂျောင်ဂုကိုရွေးချယ်ရင်။
ကင်မ်ထယ်ယောင်းသာ ဒေစီနှင့်တွယ်ငြိထားသည့်သံယောဇဥ်ထက် ဂျွန်ဂျောင်ဂုအပေါ်ထားနေမိတဲ့ အချစ်ဆိုတဲ့အရာကို လျစ်လျူရှုမနေခဲ့ရင်။
ကင်မ်ထယ်ယောင်းသာ ဂျွန်ဂျောင်ဂုယုံကြည်ပေးရင်။
ကင်မ်ထယ်ယောင်းသာ ဂျွန်ဂျောင်ဂုအချစ်နဲ့ စိတ်ကို အတ္တတေမထားပဲ နားလည်နေရင် ဂျွန်ဂျောင်ဂုဟာ ကျိန်းသေပေါက် သည်းသည်းလှုပ်အချစ်ခံရတယ်။
ကင်မ်နီဝန်းရဲ့မိခင်တစ်ယောက်အတ္တ
ကင်မ်ထယ်ယောင်းရဲ့ ငါထင်တာငါမြင်တာအမှန်ဆိုတဲ့ အတ္တ
ဂျွန်ဂျောင်ဂုရဲ့ နာကျင်ရလွန်းသော ခံစားချက်အားတိုက်ရိုက်မဖြေရှင်းပဲ တမာန်လွန်ဟူသောနေရာသို့သာ ကိုယ်လွတ်ရုန်းထွက်ချင်တဲ့အတ္တ၊ ချစ်ရသူခိုင်းရင်ဘာမှဆိုလုပ်ရမှာဆိုတဲ့ လွဲမှားနေတဲ့ ချစ်ခြင်းအယူအဆအမှား။
ဒီဇာတ်မှာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ္ မရှိဘဲ အတ္တတေကြောင့်မီးလောင်တိုက်သွင်းခံရသည့်နှယ် ပူလောင်လွန်းတဲ့ဝေသနာကို ခံစားရကြမှာဧကန်မလွဲ။
သံုးစားမရတဲ့အတ္တ၊ချစ်ခြင်းအယူအမှားတေသာ ဘေးဖယ်နိုင်ကြရင် Sour Candy ကနေ Sweet Candy လိုဇာတ်လမ်းလှလှလေးကတည်ရှိနေမှာ။
ချစ်ခြင်းရဲ့ အလျော့အတင်းသဘောသဘာဝကို ဂျွန်ဂျောင်ဂုနားလည်ရင် ထွေထွေထူးထူးဝမ်းနည်းစရာမျှမလိုဘဲ။ ကြီးမားလွန်းမိတဲ့ချစ်ခြင်းကို *သိပ်ချစ်ပေးတက်တာ*ဆိုတာကလွဲ အထိန်းအကွပ်မလုပ်နိုင်တဲ့ ဂျွန်ဂျောင်ဂုဟာလဲ မှန်နေတာမဟုတ်။
တကယ်တမ်းလက်ရှိ ကင်မ်ထယ်ယောင်းရင်ဆိုင်ရဲတဲ့သတ္တိသာရှိရင် ဂျွန်ဂျောင်ဂုရော ဒေစီယာရော အသက်ရှည်တယ်။
"ကူး...မငိုနဲ့တော့ ကိုယ့်ကိုကြည့်"
မငိုနဲ့တော့သာပြောရတာကိုယ်တိုင်လည်း မျက်ရည်လည်ရွဲ။ ရင်ခွင်ထဲကထွက်လာတဲ့ ပိန်ကျနေပြီး ဖောင်းကားသည့်ပါးပျောက်သွားသော မျက်နှာလေးကြောင့် ကိုယ့်ဟာကိုယ်မလံုမလဲ။ သေချာဂရုမစိုက်နိုင်ခဲ့တာကို။ မျက်ရည်ရာအားအသာသုတ်ပေးရင်း လက်နှစ်ဘက်ကြား မြုပ်သွားသည့်မ မျက်နှာသေးသေးလေးကြောင့် သဘောကျတကျ ရယ်သံလေးထွက်သွားမိသည်။
"သူများငိုနေတာကို ဘာလို့ရယ် ရယ်နေရတာလဲ..."
"ချစ်ဖို့ကောင်းလို့!"
"ဟင့်...ရွတ်"
"မငိုနဲ့တော့နဲ့ဆိုကွာ...ကိုယ်တောင်းဆိုတာ"
ထိုအခါမှ နှာတံရဲရဲနှင့်လက်ဝါးနှစ်ဖက်ကြားက မျက်နှာလေးကခေါင်းတဆတ်ဆတ်ငြိမ့်လာသည်။ ဒီလောက်ချစ်ဖို့ကောင်းပြီး ဖြူစင်တဲ့ကလေးကို ကိုယ်အရောင်တေဆိုးခဲ့မိတာပဲ...ထပ်ပြီးတောင်းပန်ပါတယ်။ ကိုယ့်ကြောင့် ကိုယ်သာမင်းကိုတွဲဖို့မပြောခဲ့ရင် အခုချိန္မင်းပျော်နေရမှာ
ရှုိက်သံသဲ့သဲ့အစား ရယ်သံလွင်လွင်လေးတေထွက်လွတ်နေမှာ။
တကယ်ပဲ ကိုယ်ကမေမေပြောသလို ဂြိုဟ်ကောင်ပဲကို။
"ကိုယ်တို့အခုပြတ်သားရမဲ့ အချိန်ရောက်ပြီ ကူးငယ်..."
မျက်နှာထက်မှ လက်အားရုတ်ကာ လက်ဖဝါးပြည့်ပြည့်ဖောင်းဖောင်းလေးအား စုတ်ကိုင်ရင်း လေသံခပ်အေးအေးဖြင့် တည်ငြိမ်စွာဆိုလာသည်။
ကိုယ့် Honey လက်တေအေးစက်နေတာပဲ နောက်မှတစ်ဝကြီးအနွေးဓာတ်ပေးပါ့မယ်။ မတည်နိုင်တဲ့ကတိတေ ဒီလူကြီးပေးပြန်ပြီလို့မင်းလှောင်ရယ်နေလေမလား...ဒါမှမဟုတ် Darling ကဂရုစိုက်ပေးတာလား ဆိုပြီး ယုန်သွားလေးပေါ်တဲ့အထိ ပြုံးပျော်နေမလား ကိုယ်မမှန်းတက်ဘူး။
4 နှစ်တောင်အချိန်တေအတူကုန်ဆံုးပြီးပြီကို ကိုယ်ကမင်းစိတ်ကိုမသိသေးဘူး...လွန်တယ်မဟုတ်လား။
"ကိုယ့်ကိုခွင့်ပြုပါဦး..."
လက်နုထွေးထွေးအား ဖြုတ်ချပြီးလှည့်အထွက် အနောက်မှဖက်တွယ်လာသည့်ကိုယ်ငယ်လေးကြောင့် အကြောင်းမဲ့စွာ မုန်းလှပါသည်ဆိုတဲ့မျက်ရည်က ပြိုကျလာသည်။
ချစ်ရသူနဲ့ပတ်သတ်ရင် အသေးအမွှားကအစမျက်ရည်လွယ်တယ်ဆိုတဲ့ အချက်ကိုကိုယ်နားလည်ပါပြီ...မင်းငိုတိုင်း စိတ်ပျက်စရာလို့မြင်ခဲ့တဲ့ ကိုယ်ကသာစိတ်ပျက်စရာကြီးမဟုတ်လား။
အသက်ရှူသံ ပြင်းလျလျကငိုချင်သည်အား ထိန်းထားမှန်း ထယ်ယောင်းသိပါသည်။ ခါးသို့ တင်းကြပ်ကြပ်ဖက်တွယ်ထားသည့် လက်ထိပ်နီရဲရဲ နှင့်ဖြူသွယ်သွယ်လက်ချောင်းများပေါ်ထပ်လျက်အုပ်ကိုင်ရင်း အသံလေးအားနားစွင့်နေမိသည်။
"ဘယ် ဘယ်သွားမို့လဲ...ဒီ ဒီနေ့ငါ ငါ့ကိုအချိန်ပေးမယ်ထင် ထင်နေတာ Dar..Darling"
"သူမစီ..."
Advertisement
ပြတ်ပြတ်သားသား ကြည်လင်နေသည့်အသံက အေးစက်နေသည့်ရာသီဥတုနဲ့အတူ ဂျွန့်ကိုဓားဒဏ်ရာအား ဆားသိပ်သည့်နှယ် ကျဥ်တက်သွားရသည်။
"တားမှာလား ကူး"
မင်းတားရင် ကိုယ်မသွားဘူးကူးငယ်။
သက်ဆိုင်သူစီသွားမဲ့လမ်း ဘာမဟုတ်တဲ့ငါကမတားရက်ပါဘူး။ ဆွဲထားနိုင်သလောက်ဆွဲထားပြီးပြီပဲ လက်လွတ်သင့်ပြီလေ...။
"ဟင့်အင်း...မင်းသွားပါ ငါ့ကိုပြန်လှည့်မကြည့်ပဲသွားပါတော့"
"အင်း..."
ခြေလှမ်းကျဲဖြင့်မြင်ကွင်းရဲ့အဝေးကို တရိပ်ရိပ်ထွက်ခွာနေသည့် အညိုရောင်ကျောပြင်ကြီးအား ကြည့်ရင်း အရူးတစ်ယောက်ပမာ ဒူးထောက်ချမိရင်း တဟားဟားအော်ရယ်ရင်း မျက်ရည်တို့အတိုင်းအဆမဲ့ ပြိုပျက်စေခဲ့သည်။
"အဟားးးးဟားးး...ဟားးဟားးးး...ဟင့်...ချစ်တယ်!!!!!ကင်မ်ထယ်ယောင်း မင်းကိုဒီအရူးကသိပ်ချစ်တာလို့!!!!!!"
အာခေါင်ခြစ်အော်သံကြောင့် ထယ်ယောင်း၏ခြေလှမ်းတို့ရပ်တန့်သွားသလို ကော်ဖီဆိုင်လေးအတွင်းမှ လူများကလည်း ဆိုင်ရှေ့လူလျှောက်လမ်းထက် ဒူးထောက်ငိုနေသည့် ဂျောင်ကုထံ အကြည့်တို့စုပံုလျက်။
ရင်ကွဲနာကျတယ်ဆိုတာလား...ငါ့့ရင်ဘတ်တေွဆူးနင့်နေအောင် နာနေလိုက်တာ...ကျောခိုင်းသွားတဲ့မင်းကျောပြင်ကြီးကြည့်ရတာ ငါမှာရူးတော့မတက်။ တကယ်ဆိုငါပဲကျောခိုင်းချင်တာ!..
မတရားလိုက်တာ အမြဲ အမြဲမင်းပေးတဲ့နာကျင်မှုတေွသာထွေးပိုက်ပြီး ထွက်သွားတဲ့မင်းရဲ့ကျောပြင်ကို မျက်ရည်စတေွနာကျင်ခြင်းတေွနဲ့ ငေးကြည့်နေရတာ ဘာလို့ငါပဲလဲ...အသဲနာလိုက်တာ Darling ရာ။
အညိုရောင်ကော်ဖီဆိုင်ရှေ့ ထွက်ခွာသွားသော အညိုရောင်ကျောပြင်ကြီးရယ် ထိုကျောပြင်အာငေးရင်း လမ်းမထက် ပံုပံုလေးထိုင်ကျကာ ရင်ထုငိုကြွေးနေသည့် အနက်ရောင်ပံုရိပ်လေးရယ် အေးစိမ့်စိမ့်တိုက်ခတ်သည့် လေရူးရယ်...မျက်ရည်စတေရယ် အင်း...နာကျင်ခြင်းတေွကလှပပါလေရောလား။
နေ့လည်မွန်းလွဲချိန် အံု့ထူမဲမှောင်နေသော ကောင်းကင်အား မော့ကြည့်ပြီးထိုင်နေရာမှ အသာထကာ ပါးထက်မျက်ရည်အားအကြမ်းပတမ်း ဆွဲသုတ်ကာ ထယ်ယောင်းသွားသည့်လမ်းနှင့် ဆန့်ကျင်ဘက်သို့ ထုံထိုင်းနေသော ခြေထောက်နဲ့အတူ မျက်နှာမူထွက်ခွာခဲ့သည်။
ဒီနေ့ဒီနေရာမှာ မင်းနဲ့ငါကျောခိုင်းသွားခဲ့ပြီ။
မမဒေစီယာနဲ့ ထူထောင်မဲ့အိမ်ထောင်ရေးသာယာပါစေ Darling...။
/////////////////////
ပန်းဆိုင်တချို့၌ဒေစီပန်း ပြတ်လပ်နေ၍ လိုက်ရှာနေတာနဲ့ ညနေအတော်စောင်းသွားသည်။ နောက်ဆုံးစိုက်ခင်းခြံမှရလာသော ဒေစီပန်းတေွွအား ကိုယ်တိုင်စည်းပြီး ထယ်ယောင်းဟာ မလုပ်ဖူးတာတေွလုပ်နေမိသည်။
ဒေစီ့အား ပြောမည့်စကားတို့အား လမ်းတစ်လျှောက်လံုးကြိုးစား ရည်ရွတ်လာရသည်မှာအမော။ ခံစားချက်ဦးစားပေးရမယ်မဟုတ်လား မင်းလက်ခံမှာကြိုသိပေမဲ့ မျက်နှာပူမိနေတယ် ဒေစီ။
ဒေစီကြိုက်သည့် အမျိုးသမီးလေးအတွက် ဒေစီပန်းစည်းလေးကိုင်ကာ ဆေးရံုလျှောက်လမ်း၌ တက်ကြွစွာလျှောက်လမ်းလာသည့်ခြေလှမ်းများက 030 အခန်းရှေ့ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည့် ဂျီမင်ကြောင့် ပို၍မြန်ဆန်သွားခဲ့သည်။
"ဂျီမင်..."
"ထယ်ယောင်း ဒေစီနှလုံး...နှလုံးအခြေအနေအရမ်းဆိုးနေပြီ...အခု ဒေါက်တာ ရှော့တိုက်နေရတယ်.!"
"ဘယ်လို!"
ဒေစီပန်းစည်းအဖြူလေးအား ကြမ်းပြင်ထက် *ဘုတ်*ခနဲ ခစားသွားရသည်။ ကာထားသည့်မှန်များမှ အတွင်းသို့လှမ်းကြည့်သည့်အခါ တုန့်ပြန်မှုမရှိတဲ့ကိုယ်ခန္ဓာဟာ ရှော့တိုက်သည်အလိုက် မြောက်တက်လာပြီး ဆရာဝန် သူနာပြုများဟာပြာပြာသလဲ။
"ချက်ချင်းခွဲစိတ်မှဖြစ်မယ်...နှလုံးကသွေးကြောမျှင်လေးတေ ဇကာပေါက်ကြောင့် ပြတ်ထွက်ကုန်တော့မယ္!"
သူနာပြုတစ်ယောက်၏ စိုးရမ်ဖွယ်အသံကြောင့် အီဆောင်း၏အသံကထင်းခနဲထွက်ပေါ်လာသည်။ ဆရာဝန်တစ်ယောက်ဖြစ်သည့် သူတို့အတွက် လူ့အသက်တစ်ချောင်းအား မရ ရတဲ့နည်းဖြင့်ကယ်တင်ရမည်။
"လူနာကိုခွဲခန်းကိုအရင်ပို့!!..အစားထိုးစရာနှလုံးမရှိသေးပေမဲ့..."
"ဟို ဆရာအီဆောင်း!! ယာဥ်တိုက်မှုဖြစ်ပွားလာတဲ့လူနာက နှလုံးလှူသွားတယ်!!"
အလောတကြီးပြေးဝင်လာသည့် အလုပ်သင်ဆရာလေးစကားကြောင့် အီဆောင်းနားမလည်ဟန်ရှိသွားသည်။
"အဲ့ကောင်လေးမိဘတွေကို သေချာအောင်မေး.."
"မိဘမဲ့...အသက်မျော့မျော့ပဲကျန်တယ်ဆရာ လူနာက ဒီဆေးရံုကို အပြင်းအထန်ဆံုးဝေဒနာနဲ့ရောက်လာခဲ့ရင် အသက်ကယ်ဆေးသံုးဖို့ ပိတ်ပင်ထားခဲ့တယ်...ခန္ဓာအစိတ်အပိုင်းအားလုံး ဒီဆေးရံုမှာလှူထားတဲ့ မှတ်တမ်းစာရွက်တေွရွိတယ်ဆရာ"
"ဟုတ်ပြီ နှလုံးအသင့်ရပြီ...ကြိုးစားကြမယ္!"
မေ့မျောဆဲဒေစီယာအား ဆေးပိုက်များသေချာစွဖြင့် လူနာတွန်းလှဲပေါ်သို့တင်ကာ ရွေးပြောင်းကြသည့် အချိန်၌ အီဆောင်းလူနာရှင်ရှိရာဘက်ထွက်လာသည်။
"အကောင်းဆံုးကုသပေးမှာပါ...တအားကြီးမစိုးရိမ်ပါနဲ့"
"ဆရာ နှလုံး...အစားထိုးစရာနှလုံး "
"ကိုက်ညီတဲ့နှလံုးအလှူရှင်က အချိန်ကိုက်ရောက်လာတယ် "
"ဗျာ....အလှူရှင်နာ နာမည်က သူ သူမဟုတ်ဘူးမလားဟင်..."
ဘုရားရေ...မဟုတ်ဘူး မဟုတ်ရဘူး !!။
ဂျီမင်အမေးသည် အီဆောင်းထံမှထွက်လာသည့်နာမ်စားကြောင့် မျက်ရည်ဝဲတက်သည်အထိ အံအားသင့္သွားရသည်။
"လူနာဒေစီယာနှင့်ကိုက်ညီတဲ့နှလံုးအလှူရှင်
ဂျွန် ဂျောင် ဂု တဲ့"
တွန်းလှဲနောက်စီသာအာရံုအစံု ကပ်ပါသွားသည့်ထယ်ယောင်းဟာ မည်သည့်အသံမျှမကြားရသည့်နှယ် စိတ်အစံုဟာပြန့်လွင့်ဆဲ။ ခွဲစိတ်မှုအောင်မြင်ရမယ် ဒေစီ မင်းကိုပြောပြစရာတေအများကြီးရှိတယ်။
ဒေစီယာနဲ့ ထယ်ယောင်းတော်စပ်ပံုနည်းနည်းရှုပ်နေမှန်းသိပါတယ် နောက်အပိုင်းမှာဖြေရှင်းပေးပါ့မယ္။
ဒီအပိုင်း ကူးနဲ့ Darling ရဲ့ခံစားချက်ပေါ်လွင်အောင်မရေးသားနိုင်ခဲ့ရင် ထယ်ယောင်းကိုလွှတ်လိုက်ပါ။
မန့်ပေးနေကြသူတေပျောက်သွားရင်လေ အသဲကွဲတဲ့ခံစားချက်ကြီးလိုပဲ
ကိုယ်မကောင်းလို့ ထားခဲ့ခံရတဲ့ ကြေကွဲလူငယ်လေးလို အီမိုတေအတောင့်လိုက်ဝင်တယ် ကျွန်တော့်မှာ။
Thanks for your vote
Love you all❤
**********
*Zawgyi*
လူတေွများကိုယ့်စောက်ကြောင်းမဟုတ်ပဲ သိပ္စပ္စုၾကတာပဲ။
Advertisement
မင်းကို အစအဆုံးမဲ့ခဈြပေးနတေဲ့ လူတစ်ယောက်ကို ဆုံးရှုံးရတော့မှာ။
"တစ်ခုပဲ မှတျထားပေး ဒီဘဝမပေးနိုင်ခဲ့တဲ့မင်းရဲ့ ချစ်ခြင်း ဦးစားပေးမှု ဂရုစိုက်ခြင်းအားလုံး နောက်တဖန်ငါမွေးဖွားလာရင် ငါ့အတွက်ပဲ"
ဒီဇာတ်မှာ ဘယ်သူမှန်တယ် ဘယျသူမှားတယ် မရှိဘဲ အတ္တတေကြောင့်မီးလောင်တိုက်သွင်းခံရသည့်နှယ် ပူလောင်လွန်းတဲ့ဝေသနာကို ခံစားရကြမှာဧကန်မလွဲ။
"ချစ်ဖို့ကောင်းလို့!"
"ဟင့်...ရွတ်"
ရှိုကျသံသဲ့သဲ့အစား ရယ်သံလွင်လွင်လေးတေထွက်လွတ်နေမှာ။
"သူမစီ..."
"တားမှာလား ကူး"
"အင်း..."
/////////////////////
"ဂျီမင်..."
"ဘယ်လို!"
Advertisement
- In Serial11 Chapters
The Descent of a Star | Xing Xue Jiang Shi
Danmei // Xianxia The Descent of a Star || Xing Xue Jiang Shi Lai XingXue was the unfavored second prince of Laixu. He was considered a stain on the name of the prestigious royal family. Shoved into the darkness of the palace, he became a useless bastard synonymous with bad luck. But everything changed when he met his Master. Shen QuanLi had been a half step to immortality, lofty and frigid, but he was the only person in the entire world who would spare the second prince a shred of kindness. Lai XingXue was ready to give Shen QuanLi everything he could. He won martial competitions to win his Master the glory he deserved, he cleared his name and became a prince his Master could be proud of. As he cultivated closer to immortality, Lai XingXue believed: maybe one day, once he was powerful enough, competent enough, he could confess his unfilial thoughts to his Master. But then Shen QuanLi died. Lai XingXue had once decided to give his everything to his Master, the one person who had brought him out of the darkness. Thus, even if it meant cutting off his own future, Lai XingXue will defy the fates to bring Shen QuanLi back! Disclaimer: - This novel is a slow-burn original fiction, you're in for the long-haul if you're expecting proper romance... - This novel was written intended as a BL / Boy's Love / Danmei. (LXX is the top, don't get on the wrong boatヾ(_ _。)) - I actively take valid critique and criticism and to an extreme will even rewrite scenes if the draft posted was not up to standard! I would like to present a story that I'm proud of. * More tags will be added as the relevant chapters and plot points are included in the story * Gratefully thanking all my friends for proofreading, editing, and revision suggestions~ HIATUS
8 252 - In Serial6 Chapters
Heroes Die First
It was after World War Two ended; rumors spread of people wielding amazing powers or mutating into horrifying monsters. Seventy years later, heroes and villains dominate the news and battle in the streets, discrimination drives mutants into the criminal lifestyle, and the governments of the world are struggling to handle the rapidly shifting paradigm. Maxmillian Grants, like any sixteen year old boy, wants to be a hero and he has a secret: he has the power to do it! Except, when he actually looks into the risks and the rewards he discovers that being a hero is not really worth it. Being a villain, on the other hand, certainly pays well. If you don't mind risking being sent to prison and being hunted by heroes and other villains. Max, not being an idiot, does mind both of those things. Instead of being a hero or being a villain, Max decides to take the third option, to be a vigilante! His plan? To hit the criminals in the gut and run off with their money, making the world a bit brighter at the same time by taking down the bad guys. But how long can he actually manage alone? Can he really navigate through the dangerous world of supers and capes without declaring for either heroes or villains? Or will he be sucked into the web of plots and drama that is the life of those with superpowers? (Cover photo by Sebastiaan Stam, downloaded from Unsplash)
8 140 - In Serial8 Chapters
Djinn
Adam was a normal human until his mother introduced him to the secrets of magic. Once he discovered his True Name and revealed it to her, she revealed what he really was - A Djinn, the child of a Demon and Human woman - and promptly imprisoned him in a magic lamp. A decade later Adam's lamp is stolen by a thief, affording him a chance at freedom and revenge. -=-=-=-=-=- This is an Urban Fantasy, uncensored and unvarnished. It may contain bad words, bad things happening to good people, bad things happening to bad people, bad spelling, bad puncutation, bad grammar, and bad writing in general.
8 71 - In Serial11 Chapters
The Silence in the Crowd
A sunny Saturday is a good day. A bored teenager decided to walk for almost nine kilometers all by himself for his reasons. One of those is wanting to buy a new book. As he goes walking to his route, more is revealed by himself to himself; lessons, memories, and pain. As time goes by, he gets closer and closer to his destination and soon, he'll finally understand the real reason why he wanted to buy a book and walk a nine-kilometer road under the blazing sun.
8 66 - In Serial36 Chapters
Performance
Sanders Sides Human/Highschool AUCreativitwinsWhen the world's a stage, you learn how to act.Edit- This kinda turned into an angst story for Logan, Janus, and Roman. So, yeah. Patton angst is probs gonna come into detail later.General trigger warnings for this story;-Abuse/mentions of abuse (Physical, mental)-Drinking-Self deprecation-Depression-Suicidal thoughts -Gaslighting-Possible sexual abuse/harassment, I haven't decided if I'll add that to the angst list, yet-Terrible parenting-Homo/TransphobiaPOV- 3rd person omniscient I don't have the full direction of this story planned outCover is drawn by me
8 95 - In Serial7 Chapters
A changed fate. (Sephiroth X Tifa)
Author's note: NOBODY CAN STOP MEEEEEEEEEEEE HAHA! And it's based off a RP I had with my friend.Lightning, Bartz, Terra, Tifa, Barret and Marlene have been a happy bunch. Yes Cloud haven't been around lately but they still manage. But finally, Cloud Strife comes back. The Cloud Strife! Tifa is ecstatic that she finally gets to see her friend again. But she's not the only one who feels happy.
8 206