《Sour Candy》part 19💔
Advertisement
*Unicode*
လူရှုပ်သည့်လမ်း လူခြေတိတ်သည့်လမ်း အသိမရှိသောလူပမာ ခြေဦးတည့်ရာလျှောက်သွားနေသည့် ဂျွန့်ဟာ ကျိန်းစပ်နေသည့်မျက်ဝန်းတွေနှင့်အတူ လက်မလွတ်ချင်သော်ငြား မပိုင်ဆိုင်ထားသည့်အသိကြောင့် ရင်အစံုကိုင်လှုပ်ခံရသည့်နှယ် အောင့်တက် တင်းကြပ်နေသည့်ဝေဒနာကိုလည်းအလူးအလဲခံနေရသည်။
မသေခင် ထိကွဲရှနာစပ်ပြင်းခါးသက်ချိုချဥ် အချစ်ရဲ့အရသာပေါင်းမျိုးစံုကို ခံစားဖူးသွားတော့ ဂျွန်ဂျောင်ဂုတို့ လူဖြစ်မရှုံးတော့ဘူးပေါ့ ဟားးးဟားး။
ဂျွန်ဂျောင်ဂုဘယ်လောက်ထိ အသိလွတ်နေသလဲဆို အနောက်မှတရိပ်ရိပ်လိုက်လာသည့်အနက်ရောင်ကားကိုပင်သတိမမူမိသည်အထိ။ တရွေ့ရွေ့သွားနေသောခြေလှမ်းတို့သည် မျက်စိရှေ့မြန်ဆန်သောအရှိန်ဖြင့်အစီအရီဖြတ်ပြေးနေသည့် ကားလမ်းမကိုမျက်နှာမူ၍ရပ်တန့်သွားခဲ့သည်။
"Darling...တစ်ပတ်မပြည့်သေးပဲ နှလုံးပေးခဲ့တော့မဲ့ငါကလေလိမ္မာတယ္ မဟုတ်လား...ငါ ငါက ငါကလေ ကတိတည် တည်ပေးခဲ့ပြီ..."
မျက်ရည်ပေါက်လေးနှင့်အတူ မိုးရည်ပေါက်တေဟာ ပလက်ေဖာင်းပေါ်သို့တပေါက်ခြင်းကြွေကြ၍လာခဲ့သည်။ အချိန်အခါမဟုတ်ရွာလာသောမိုးဟာ ဂျွန့်မျက်ရည်အားဖံုးကွယ်ရန် ရောက်လာခဲ့သည်များလား။
ဂျွန့်ဆံုးဖြတ်ချက်ကို မြောင်ကြားရင် ဂျွန့်ကိုစိတ်အကြီးကြီးဆိုးနေတော့မှာ...မေမေ နဲ့ ဖေဖေ တောင်းပန်ပါတယ် မွေးရကျိုးမနပ်ခဲ့တဲ့ဒီသားကို ခွင့်မလွှတ်လိုက်ပါနဲ့။ အကိုဟိုဂီ...အကုိ့ကိုမပြောပဲလုပ်ချင်ရာလုပ်နေတဲ့ ဂျွန့်ကိုအလိုမကျစွာဆူတော့မယ်မဟုတ်လား...တောင်းပန်ပါတယ် ဂျွန်ခံနိုင်ရည်မရှိတော့လို့ပါ ဟင့်....။
Darling ရဲ့ပစ်ပယ်မှုတေက ဂျွန့်စိတ်ကို လက်နက်မလိုပဲအသေသတ်စေတယ္။ ရှင်သန်မှုမရှိတော့တဲ့ အသိနဲ့ သေဆုံးသွားတဲ့စိတ်ကြောင့် ရှင်သန်နေလည်း ဂျွန်ဘဝအဓိပ္ပါယ်ရှိတော့မှာမဟုတ်ဘူး။ သေပေးလိုက်ခြင်းကသာ အကောင်းဆံုး ဂျွန့်ခန္ဓာအစိတ်အပိုင်းနဲ့အသံုးပြုပြီး ရှင်သန်ကြမဲ့လူသားတချို့အကြောင်းတွေးရင် ပီတိဖြစ်မိတယ်...
ဒီဝဋ်ကို ဒီနေရာမှာချွတ်ခဲ့ပြီ နှုတ်ဆတ်ခဲ့ပါတယ် ဆိုးလ်မြို့ကြီး....။
ဝေ့ခနဲတိုက်လာသည့်မိုးမှုန်အမွှားတို့ပါဝင်နေသောလေတစ်ချက်က တိုးဝေ့လာပြီး လမ်းမထက်ခြေချလိုက်သည်နှင့် မည်သည့်အချိန်ကတည်းကချောင်းနေမှန်းမသိသော ကားဟာအရှိန်ပြင်းထန်စွာမောင်းနှင်ပြီး အငြိုးကြီးစွာဂျွန့်ထံတည်မတ်မတ်။
နောက်ဆုံးပြုံးခဲ့သည့်အပြုံးနုနုဟာ ဟန်ဆောင်ခြင်းကင်းမဲ့နေသည်။ ကြီးမားသောကျယ်လောင်သံနှင့်အတူ ခန္ဓာကိုယ်၏ကြေမွပျက်စီးသည့်နာကျင်ခြင်းရောယှက်လာသော အနက်ရောင်ကိုယ်လေး တော်တော်ဝေးဝေးသို့လွင့်ထွက်သွားလေပြီ။
ကြွေရုပ်ပမာ ဖူးကြွကြွမျက်နှာလှလှလေးနှင့် နူးညံ့နွဲ့နှောင်းသော တစ်စံုတစ်ယောက်အမြတ်တနိုးနမ်းရှုိက်ဖူးသည့်ဆံနွယ် တို့၌ အကျဥ်းတန်လွန်းသော အနီရောင်ပျစ်ချွဲချွဲအရည်များက ရွဲနစ်နစ်။ ဖူးရဲရဲနှုတ်ခမ်းနှစ်လွှာကြားမှ အံ့ကျလာသော ဝမ်းဗိုက်အတွင်းမှအသားစတစ်ချို့နှင့် နီတောက်တောက်သွေးများ။
အ့ဟ့ နာလိုက်တာ Darling ရယ်။ ငါလွှတ်မြောက်တော့မယ်ထင်ပါရဲ့...။
ဝိုးတဝါးစကားသံ ကားဟွန်းတီးသံ ဖွင့်မရတော့သည့်မျက်ဝန်း...သွေးများအိုင်နေသည့် ဂျွန်ဟာနောက်ဆုံးလက်သီးဆုတ်လေးပြေလျော့သွားခဲ့ပြီး အမှောင်ထုစီထာဝရထွက်ခွာသွားခဲ့လေပြီ။
မိုးရည်နှင့်သွေး ချင်းချင်းနီနေကာအိုင်ပေါက်နေသည့် လမ်းမထက်ဆေးရံုကားဘီးများဖြတ်မောင်းကာ လှုပ်ရှားမှုကင်းမဲ့လေသော ခန္ဓာငယ်အား စုရံုးစုရံုးဝိုင်းအံုကြည့်နေသည့်လူတေကြားမှ အရေးပေါ်ခေါ်ဆောင်သွားကြသည်မှာ အလောတကြီး။ မေ့နေကြတာ တိုက်သွားသောကားနောက်လိုက်ဖို့ထိ ဘေးလူတေဟာမော့လျောနေကြတာ။
ချစ် ချစ်တယ်...င..ငါ့ရဲ့ Darling။
"အ့...ရှ်း...!"
"ထယ်ယောင်း!!!ထယ်ယောင်း!!သတိထားဦးလေ...ကင်မ်ထယ်!!"
အောင့်တက်စို့နင့်သွားသောခံစားချက်နဲ့အတူ ထယ်ယောင်းဟာ ကြမ်းပြင်ပေါ်သို့မေ့မျောကျသွားသည်ကြောင့် အတူရှိနေသောဂျီမင်ဟာထိပ်ထိပ်ပြာပြာ။
ဂျွန်ငယ် နဲ့ ဒေစီ့အခြေအနေဘာမှန်းမသိေသးခင် မင်းဘာမှမဖြစ်ရဘူးကင်မ်ထယ်...မင်းကွာ။
လဲကျတာအရှိန်ပါသည်ကတစ်ကြောင်း ကြမ်းပြင်ကကြွေပြားခင်းထားသည်ကတစ်ကြောင်း ခေါင်းမှသွေးစသို့ယိုဖိတ်လာသည်။ လှဲနေသောကိုယ်ကြီးအား အတင်းလှုပ်နိုးနေသောဂျီမင်ကြောင့် သူနာပြုတချို့နှင့်အလုပ်သင်ဆရာဝန်တချို့ အနားသို့ရောက်လာကြသည်။
"လုပ်ပါဦး ကင်မ်ထယ်...ကင်မ်ထယ်"
"လူနာရှင်စိတ်အေးအေးထားပါ အားနည်းလို့မေ့လဲတာမျိုးဖြစ်နိုင်ပါတယ်...အသက်ကိုဖြည်းဖြည်းခြင်းရှူကြည့်ပါအကို...တော်တယ္"
တုန်တုန်လှုပ်လှုပ်ဖြစ်နေသောဂျီမင်၌ ဖိအားတေများလွန်းနေတာကြောင့် စိတ်တည်ငြိမ်အောင် သူနာပြုတစ်ဦးမှ လုပ်ဆောင်ချေသည်။
ဒေစီယာခွဲစိတ်မည့်ခွဲခန်းရှေ့ဖြစ်တာကြောင့် ထယ်ယောင်းအား လူနာတင်လှည်းဖြင့် ဒေစီနေခဲ့သော လူနာခန်းသို့ခေါ်သွားစေသည်။
စင်္ကြာလမ်းမှခွဲခန်းဘက်သို့ကွေ့လာသော ပိတ်ဖြူအုပ်ကာသယ်လာသော လူနာတင်လှည်းပေါ်မှ သွေးစကပ်ညိနေသည့် လက်ချောင်းလေးသည် ပိတ်ဖြူအောက်မှလျိုကျလာကာ ဘေးမှဖြတ်သွားသောထယ်ယောင်း၏ လက်နှင့်ထိတွေ့သွားသည်မှာ ရုပ်ရှင်သိပ်ဆန်သည်မဟုတ်လေလား။
ထိုတစ်ခဏအတွင်း လေလံုသည့်ထိုအထပ်၌ လေပြည်လေးတိုက်ခတ်သွားခြင်းသည် ကြေကွဲမှုအားဖော်ကြူးနေသည်များလား။
ခွဲစိတ်ခန်းသို့ မျက်စိတစ်မှိတ်အတွင်းရောက်ရှိသွားပြီဖြစ်သော အဖြူပိတ်အုပ်ထားသည့် တွန်းလှည်းသည် ဒေစီယာနှင့် ဘေးကပ်ရပ်တွင်နေရာယူလို့သွားသည်။
တစ်ဦးအတွက် အလင်းစ တစ်ဦးအတွက်အမှောင်စ...ကံကြမ္မာဆိုတာရက်စက်လေသော နိယာမ။ အေးစိမ့်စိမ့်အခန်းအတွင်း အကာအကွယ်ဝတ်စံုအပြည့်နှင့် ခွဲစိတ်ကြမည့်ဆရာဝန် သူနာပြု 8 ယောက်ကြား အီဆောင်း၏ အမိန့်သံသာအဓိကပေမို့ မှုိင်ဝေနေသောအီဆောင်းထံမှ စကားအားစောင့်နေကြသည်။
ဟိုဂီရားး မင်းရဲ့ဂျွန်ငယ်ကရက်စက်တယ်...ခန္ဓာတစ်ခုလံုးလှူသွားတော့ မင်းကြည့်ခွင့်တောင်မရတော့ပေဘူး။
"ခွဲ ခွဲစိတ်မှုစမယ်...4 ယောက်ကကောင်လေးရဲ့ရင်ကိုဖွင့်ပြီး နှလုံးထုတ်...ကျန်တဲ့သူတေ လူနာရဲ့ချုပ်ရိုးဖြည်ပြီး ဇာပေါက်နှလုံးကို ထုတ်ဖို့ကျွန်တော်ကိုကူညီ..."
"ကောင်းပြီ" (7)
.
.
.
"ခစ်ခစ်...."
"ကူး"
"Darling...ဘယ်လိုရောက်လာတာလဲ"
မိုးရွာထဲလက်နှစ်ဖက်ဆန့်တန်းကာ ကခုန်နေရတာသဘောကျသည့် ကူးကရယ်သံလွင်လွင်လေးတေပင်ထွက်ပေါ်လျက်။
ဒီရယ်သံချိုချိုလွင်လွင် ဒီအပြုံးလှလှ မမြင်ရတော့တာဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ မြင်နေကြအနက်ရောင်တေဖြင့်မဟုတ်ပဲ အဖြူရောင်အင်္ကျီပါးလေးနှင့် မိုးရည်နှင့်အပြိုင်လှရက်နေသည့် မြင်ရခဲသည့်ပံုစံလေးအား ထယ်ယောင်းမှာ အမြတ်တနိုးငေးလိုက်ရတာ။ ထိုပံုရိပ်လေးကို မျက်ဝန်းတေထဲမှတ်မိသည်အထိ မှတ်တမ်းတင်ထားရန္ တစ်ဝကြီးငေးကြည့်နေမိသည်။
"ကူးတော်ပြီလေ မိုးစိုပြီးအအေးပတ်ကုန်မယ်...Darling စိတ်ပူတယ်"
"ဟီး...မမစီသွားဘူးလား"
ဆံနွယ်အားနားနောက်ညှပ်ရင်း ပြုံးကာဆိုလာသည့်ကလေးငယ်။ အမြင်မမှားဘူးဆိုရင် ကူးဟာမိုးရွာထဲရပ်နေသော်လည်း မိုးရည်မရွဲနေခဲ့။
လျှောက်မတွေးတော့ဘဲ အလှမ်းဝေးဝေးကကူးထံလျှောက်သွားရင်း...
"ဟင့်အင်း...ကိုယ်ဒေစီကိုခွင့်တောင်းပြီး မင်းနဲ့လက်ထက်မယ်ကူး...ကိုယ်မင်းကိုရွေးချယ်ထားပြီးပြီ"
နားမလည်ဟန် လက်လေးပိုက်ကာနှုတ်ခမ်းလေးစူရင်း မျက်ဆံနက်လေးထောင့်ကပ်၍ စဥ်းစားခန်းဖွင့်ပြနေသည့် ကြွေရုပ်လေးကချစ်စရာကောင်းလိုက်သည်မှာ အသဲတယားယားဖြစ်စေသည်အထိ။
"ဒေစီယာနဲ့လက်ထက်ပွဲဖြတ်ဖို့ ကိုယ်သွားပြောတာ ဒေစီခွဲခန်းဝင်သွားတယ်...စိတ်ချဒေစီကျန်းမာတာနဲ့ ကိုယ်ကကူးကိုပဲလက်ထက်မဲ့အကြောင်း သေချာပြောလိုက်မယ်"
"မမစိတ်မကောင်းဖြစ်တော့မှာပေါ့..."
"မသိဘူး ကိုယ်ကကူးကိုပဲချစ်..."
"မပြောနဲ့!!"
နားပိတ်ကာ တားလာသည်ကြောင့် ထယ်ယောင်းခြေလှမ်းတို့ရပ်တန့်သွားရသည်။ နားမလည်သည့်မျက်ဝန်းစိမ်းဖြင့် နူးညံ့ညံ့ထိုလူသားငယ်ထံ အကြည့်စွန့်မိသည်။
ဖွင့်ဟခွင့်ပြုပါဦးလား ကလေးငယ်ရယ္...ခါးခါးသီးသီးမတားပါနဲ့
ချစ်တယ် ကိုယ်ခံစားချက်ကိုယ်သိခွင့်ရချိန် Darling ကမင်းကိုချစ်တယ်တဲ့။
"ကူးကို..."
"မရဘူး...မလာနဲ့ မင်းမလာနဲ့.."
"ကူး မပြေးနဲ့လေ!!..ကူးး"
ခြေဖလာဖြင့် သူနှင့်ဝေးရာပြေးထွက်သွားသည့် ကိုယ်ငယ်လေကြောင့် ရင်ထဲစူးအောင့်စွာ နေရခက်လာ၍ ရင်ဘတ်အားလက်ထုကာဒူးထောက်လျက်ကျထိုက်ချမိသွားသည်။
Advertisement
အဝေးကြီးပြေးထွက်သွားမှာစိုးသည့်စိတ်ကြောင့် ပြန်ထရန်အားအယူ ပံုရိပ်ငယ်အားလှမ်းကြည့်မိရာ ဒီကောင်အသည်းတို့ကြွေမွရသည်ကော။
"အားးးးးမဖြစ်ဘူး!!!ကူး.....!"
တဖြည်းဖြည်းမြူမှုန်ဖြင့် လွင့်ပြယ်နေသော ပြေးနေသည့်အရိပ်လေးကဝိုးတဝါးသာကျန်တော့သည်။
"မထားခဲ့ပါနဲ့!! ကိုယ်တောင်းပန်ပါတယ်ကွာ...ကူး!!!!!!"
ကျိန်းစပ်သည့်မျက်ဝန်းများအားယူဖွင့်ချကာ ခတ်ခနဲထထိုင်မိတော့ ခေါင်းကဒဏ်ရာကြောင့်မိုက်ခနဲ ပြာဝေသွားရသည်။
"သတိရလာပြီပဲ..."
"ကျွန်တော်ဘာလိုဆိုပြီး ဒီမှာရောက်နေရတာလဲ...ကူး ကူးရော"
ခဏကမှ ကူးနဲ့မိုးရည်ထဲမှမဟုတ်လား...ဘယ်လိုဖြစ်ပြီး ဒေစီလူနာခန်းထဲရောက်နေရတာလဲ။ လက်ကဆေးအပ်တေကရောဘာတေလဲ...ကျစ်!
"အားနည်းပြီးမူးလဲသွားရံုပါ...ခေါင်းကအပေါ်ယံပေါက်သွားရံုပဲမို့စိုးရိမ်စရာမရှိပါဘူး"
"ဘယ်လို...မဟုတ်ပါဘူး ခဏကမှကူးနဲ့စကားပြောနေသေးတာ...ကူးကိုခေါ်ပေး...!"
"အိမ်မက်မက်တာဖြစ်ပါလိမ့်မယ် လူနာ မေ့မျောနေတာ 2 ရက်ရှိနေပြီ!"
စကားပင်မပြောနိုင်အောင်စွံ့အ မိသည်အမှန်...ကူး ကူးရော ထယ်ယောင်းတစ်ခုခုဖြစ်ရင်အပြေးလာတက်တဲ့ ကူးကအခုရောက်မလာသေး။
ဆေးအပ်တို့ဖြုတ်ပေးရင်း မှာစရာတေမှာနေသည့်သူနာပြုစကားတေလည်းနားထဲမဝင်ခဲ့။ ကူးကိုယ့်ကိုစိတ်ပျက်သွားပြီလား...။
"အော် မစ္စတာကင်မ်ရဲ့ဇနီးလောင်း နှလုံးခွဲစိတ်မှုအောင်မြင်သွားပါတယ်...ထပ်တူဝမ်းသာရပါတယ်"
"ဟင်...ဒေစီ...အခုဘယ်မှာလဲ"
"ဘေးခန်းမှာပါ မစ္စတာ!"
သူနာပြုထွက်သွားတော့မှ ကုတင်ပေါ်မှအသာဆင်းကာ ထံုနေသည့်ခြေအားအသုံးပြုကာ ဒေစီထံသွားမည်။ ကူးကိုမတွေ့ရသေးလို့ထင်ပါရဲ့ ရင်ထဲအောင်သက်သက်နဲ့ တစ်ခုခုလစ်ဟာနေသလို တစ်ခုခုပျောက်ဆုံးသွားသလိုနေရခက်ပါကောလား။
"ကင်မ်ထယ်ယောင်း မင်းကိုသတ်မှာ!!"
ခွပ်!ခွပ်'
"အ့...ကျစ်!"
အခန်းထဲဒုန်းဆိုင်းဝင်လာကာ မျက်နှာအားနှစ်ဆင့်ချက်ထိုးလာသည့် အနက်ရောင်ဝတ်ထားသောလူကြောင့် ကြမ်းပြင်ထက်လဲသွား၍ ဒေါသဟာထောင်းခနဲ။ မော့ကြည့်မိတော့ စူးစိုက်စိုက်ကြည့် နေသည့်ထိုလူမျက်ဝန်းထဲ စိတ်ပြတ်မှုပေါင်းတစ်သိန်းခညောင်းလျက်။
ဒီလူ ဟိုတစ်ခေါက်ကကူးနဲ့ Hotel room မှာတွေ့တဲ့တစ်ယောက်။
"မင်း..."
"ပိတ်ထား!! မင်း$ပေါက်ပိတ်ထား!!! မင်းကြောင့် မင်းကြောင့်...!"
လက်ညိုးငေါက်ငေါက်ထိုးကာ ဒေါသထွက်ပြနေသည့်သူကြောင့် ကြောင်အမိသည်အမှန်။
ဘာကိုလဲ သူ့ဘာလုပ်မိလို့လဲ..ဆိုသောအတွေးသာခေါင်းထဲရောက်လာသည်။
"မင်းဘာတေလာပြောနေတာလဲ ကျုပ်ဘာမှမသိဘူး..."
"ဘာ!..ဟားး ဘာမှမသိသလိုပဲသိပ်ဟန်ဆောင်ကောင်းနေတာပဲ!! ဒီအခြေအနေမှာတောင် အေးဆေးနေနိုင်တဲ့မင်းကို သိပ်ရွံ့တာပဲ"
"ဖယ်ပါ...ရန်မရှာနဲ့ ဒေစီကိုသွားတွေ့ရဦးမယ်...အစ်..အ့"
လည်ပင်းသို့အားပြင်းပြင်းလာညစ်သည့် လက်တစ်စံုကြောင့် အားနည်းနေသည့်ထယ်ယောင်းမှာ ပြန်မခုခံနိုင်။
"ကလေးကိုသေခိုင်းပြီး အဲ့ကောင်မကိုအသက်ရှင်ခိုင်းတာ တရားလား...ဟမ်...နောက်ဆုံးဂျွန်ငယ့်ဈာပနာကိုလာတွေ့ဖို့ထက် အဲ့ကောင်မကိုသွားတွေ့ဖို့ကအရေးကြီးတာလား ကင်မ်ထယ်ယောင်း!!တောက်စ့်!!..မင်းလိုလူက ဂျွန်ဂျောင်ဂုအချစ်နဲ့မတန်လိုက်တာ"
အံ့ကြိတ်သံဖြင့် တိုးလျလျဆိုသည့်စကားတေမှာ နားမလည်နိုင်လောက်အောင်ပင်...။ သိတယ္ ကူးအချစ်က ဒီကကောင်နဲ့မတန်မှန်း ဒေစီကိုတွေ့ဖို့ကအရေးကြီးတာပေါ့ လက်ထက်ပွဲဖြတ်သိမ်းပေးဖို့ တောင်းဆိုရဦးမှာလေ ဒါမှကူးနဲ့လွတ်လွတ်လပ်လပ် တွဲသွားတွဲလာလုပ်နိုင်မှာ။
"အ့ ဈာပ နာ...ဘာ ဘာကိုလဲ"
"မရှိတော့...ငါ့ဂျွန်ငယ်မရှိတော့ဘူး!!ကင်မ်ထယ်ယောင်း..."
"ကူး...အွတ်..အ့!"
"ဟုတ်တယ္ မင်းတို့သားအမိတေကြောင့် ဒဏ်ရာပလပွ သွေးအိုင်ထဲရက်ရက်စက်စက်ခံစားသွားရတာ!! သေစမ်း..ထယ်ယောင်း မင်းသေစမ်း!!"
လက်နှစ်ဖက်ဖြင့် အငြိုးကြီးစွာလည်ပင်းညစ်နေသည့်ယွန်းဂီဟာ မျက်အိမ်တို့ရဲလျက် ငိုကြွေးနေသည့်မျက်ရည်ဟာလည်း အများအပြား။
"ယွန်းဂီ!! တော်တော့လက်လွန်ကုန်မယ်"
"ခင်ဗျားဖယ်နေ ဟိုဂီ!!"
"မင်ယွန်းဂီ မင်းဒီလိုလုပ်နေတာဂျွန်ငယ်သိရင် ကြိုက်မယ်ထင်လား လွတ်ပေးလိုက်"
ဟိုဂီဆွဲဖြည်နေသော ထယ်ယောင်းလည်တိုင်ပေါ်မှ ယွန်းဂီလက်တေဟာ ဂျွန်ငယ်ဆိုတဲ့နာမ်စားလေးမှပြေလျော့သွားပြီး ထယ်ယောင်းအား လက်ညိုးထိုးကာ တောက်စ်တစ်ချက်ခေါက်၍ အပြင်ပြေးထွက်၍သွားသည်။
"ကူး...ကူးဘာဖြစ်လို့လဲ...ဘာ ဘာတေလဲ!!!"
"ဆံုးပြီ...Car accident ကြောင့်ထက် မင်းအမေတောင်းထားတဲ့နှလံုးကို ဒေစီယာအတွက်ပေးပြီး ဂျွန်ငယ် လူ့လောကကထွက်သွားပြီ..."
"မ မဖြစ်နိုင်တာ"
"ပျော်လိုက်တော့ ဖြစ်နိုင်လို့ဖြစ်သွားပြီ...မင်းလက်ထဲကဂျွန့်ကိုမဆွဲထုတ်နိုင်ခဲ့တာ ငါနောင်တသိပ်ရတာပဲ ကင်မ်ထယ်ယောင်း...နောက်ဆုံးအချိန်တောင်မချိမဆန့်ခံစားသွားရရှာတဲ့ ကူးငယ်စီကနှလံုးနဲ့ ဒေစီယာကိုအသက်သွင်းပြီး ပျော်စရာအိမ်ထောင်ရေးဖန်တီးလိုက်ပါ! ရှေ့လျှောက်အသက်ရှင်မဲ့မင်းတို့လမ်းမှာ လိပ်ပြာလံုနိုင်ပါစေ ဟက်"
ထယ်ယောင်းအားတစ်ချက်မျှမကြည့်ပဲ ဟိုဂီဆိုသွားသော စကားတေဟာသိပ်အထိနာရသည်။ မျက်ရည်တသွင်သွင်ယိုဖိတ်ကာ ထဖို့ပင်အားမရှိတော့။
Darling ကိုကူးစိတ်ပြတ်နေမှာသိတယ် ဒါ ဒါမျိုးကမနောက်ကောင်းဘူး ကူး...ကူးနဲ့ခဏကမှတွေ့ခဲ့သေးတာကို လိမ်နေတာ သူတို့လိမ်နေတာ!!
Darling ကူးကိုရွေးချယ်ကြောင်းပြောရဦးမှာ...ဒေစီယာနဲ့အိမ်ထောင်မပြုမဲ့အကြောင်းရော...Darling မင်းကို မင်းကို ချစ်တယ္ဆိုတဲ့အကြောင်း နားထောင်ရမယ်လေ အခုပုန်းခိုေနတာ မဟုတ်လား။ Darling ကိုပစ်ထားရက်ခဲ့ပြီလား...
"အော် မင်းသိချင်မယ်ထင်လို့လာပြောတာ
နှလုံးအလိုရှိသူလူနာနာမည် ဒေစီယာ
နှလုံးအလှူရှင်နာမည် ဂျွန်ဂျောင်ဂု
ဂျွန်ဂျောင်ဂု သေဆုံးချိန် ၉လပိုင်း ၄ရက်နေ့ စံတော်ချိ်န် ညနေ ၅နာရီ ၅၅မိနစ်။ "
အဲ့ဒီနေ့ ပျက်ယွင်းနေသောရာသီဥတုက ဝမ်းနည်းကြေကွဲခြင်းကိုဖော်ဆောင်နေခဲ့တာ။
တသုန်သုန်တိုက်ခတ်သည့်လေရူး
တသောင်းသောင်းရွာကျသည့် မုိး
တဖြည်းဖြည်းကြွေလွင့်သွားသည့် ချစ်ခြင်းမေတ္တာတရား။
လွင့်အမြောက်သွားသည့် လိပ်ပြာငယ်။
ကံကြမ္မာကတကယ်တမ်း ဂျွန့်ကိုလွတ်မြောက်ခွင့်မပေးခဲ့ဘူးဆိုရင်ရော...။
(A/Nအစိမ်းရောင်မျဥ်းက ထယ်ယောင်းကိုတင်ထားသော လူနာတင်လှည်းရဲ့သွားလမ်း၊ ခရမ်းရောင်မျဥ်းက ကူးရဲ့ လာလမ်း ၊ဝိုင်းထားသည့်နေရာက လက်ချောင်းလေးတေထိတွေ့သွားသောနေရာလေးပေါ့ မြင်သာအောင်ဆွဲပြတာ ဟဲ)
ကတိတည်ပါတယ်နော် အဟွန်း။
love you all ❤
**********
*Zawgyi*
Advertisement
"Darling...တစ်ပတ်မပြည့်သေးပဲ နှလုံးပေးခဲ့တော့မဲ့ငါကလလေိမ်မာတယ် မဟုတ်လား...ငါ ငါက ငါကလေ ကတိတည် တည်ပေးခဲ့ပြီ..."
"အ့...ရှ်း...!"
ဂျွန်ငယ် နဲ့ ဒစေီ့အခွအေနဘောမှနျးမသိသေးခငျ မင်းဘာမှမဖြစ်ရဘူးကင်မ်ထယ်...မင်းကွာ။
"လူနာရှင်စိတ်အေးအေးထားပါ အားနည်းလို့မေ့လဲတာမျိုးဖြစ်နိုင်ပါတယ်...အသက်ကိုဖြည်းဖြည်းခြင်းရှူကြည့်ပါအကို...တျောတယ်"
ထိုတစ်ခဏအတွင်း လလေုံသညျ့ထိုအထပျ၌ လေပြည်လေးတိုက်ခတ်သွားခြင်းသည် ကြေကွဲမှုအားဖော်ကြူးနေသည်များလား။
"ကောင်းပြီ" (7)
.
.
.
"ခစ်ခစ်...."
"ကူး"
"ဟီး...မမစီသွားဘူးလား"
"မပြောနဲ့!!"
ဖွင့်ဟခွင့်ပြုပါဦးလား ကလေးငယျရယ်...ခါးခါးသီးသီးမတားပါနဲ့
"ကူးကို..."
"ကူး မပြေးနဲ့လေ!!..ကူးး"
"အားးးးးမဖြစ်ဘူး!!!ကူး.....!"
"သတိရလာပြီပဲ..."
"အားနည်းပြီးမူးလဲသွားရံုပါ...ခေါင်းကအပေါ်ယံပေါက်သွားရံုပဲမို့စိုးရိမ်စရာမရှိပါဘူး"
Advertisement
- In Serial10 Chapters
Insanely Lucky
Some Call her Mother nature.Some call her God. Some call her Life, and by extension "A Bitch". Lady Luck is all these things and more. After a Botched attempt to exterminate sapient life from Earth she inadvertently caused one of the worst species in the galaxy to come into existnece. Humans Cover provided by Jack0fHeart
8 69 - In Serial20 Chapters
Super Realm
The old man shook his head. “Thinking a single human can accomplish more than a nation, what do they teach these kids in school?”The corner of Luo Si’s mouth hooked up a bit. “Like an archer that sees a fire lance for the first time. Ignorant towards the inevitable, since he has never witnessed its true might. A new era is about to begin...as well as the end.”
8 241 - In Serial52 Chapters
Dear Diary, I Have a Mate
Arrabella Middletin hasn't spoken a word since she was eight years old. The only thing she shares her thoughts with is her diary. She lives with her abusive father and is starting a new school. With a dad that freaks out when she makes a friend or even associates with others what will he do when Arrabella discovers that werewolves exist and she finds her mate; her alpha mate. How will she react when her mate has a hard time controlling his anger and Aria won't talk to him? What will he do when he finds out she can talk? Will Aria shut him out or let him in? Will Tyson be okay with her being mute? Will he leave or will he be just what Aria needs?
8 396 - In Serial32 Chapters
Pixane OTP!!
Just Pixane. I will write a story and yeahh... u know how this work. Requests r open And I will run out of ideas!! PLEEEAAASSSE!b~~hi, this story is now concluded.~~
8 94 - In Serial31 Chapters
✔️ʟᴏᴠᴇ ᴀᴅᴠɪᴄᴇ | ᴊᴇᴏɴ ʜᴇᴇᴊɪɴ [ ʙᴏᴏᴋ 1 ]
[ ʙᴏᴏᴋ ᴏɴᴇ ꜰʀᴏᴍ ʟᴏᴠᴇ ᴀᴅᴠɪᴄᴇ ꜱᴇʀɪᴇꜱ ]ʜᴡᴀɴɢ ʏ/ɴ, ꜱᴜᴅᴅᴇɴʟʏ ᴅɪꜱᴀᴘᴘᴇᴀʀᴇᴅ ꜰʀᴏᴍ ʜᴇᴇᴊɪɴ'ꜱ ʟɪꜰᴇ. ɴᴏᴡ ᴛʜᴇʏ ᴍᴏᴠᴇ ʙᴀᴄᴋ ᴛᴏ ꜱᴏᴜᴛʜ ᴋᴏʀᴇᴀ ꜰᴏʀ ᴀ ꜱᴇᴄᴏɴᴅ ᴄʜᴀɴᴄᴇ, ᴡɪʟʟ ᴛʜᴇʏ ꜱᴛɪʟʟ ʙᴇ ᴀᴄᴄᴇᴘᴛᴇᴅ ʙᴀᴄᴋ ɪɴᴛᴏ ʜᴇʀ ʟɪꜰᴇ?ꜱᴛᴀʀᴛᴇᴅ: 02/16/20ꜰɪɴɪꜱʜᴇᴅ: 05/01/20ᴀᴜᴛʜᴏʀ: _ᴇᴜɴᴋᴏᴏᴋᴇᴅ- ᴄʀᴇᴅɪᴛꜱ ᴛᴏ ᴛʜᴇ ᴏʀɪɢɪɴᴀʟ ᴏᴡɴᴇʀꜱ ᴏꜰ ᴛʜᴇ ɢɪꜰꜱ ᴀɴᴅ ᴘɪᴄᴛᴜʀᴇꜱ ᴜꜱᴇᴅ ɪɴ ᴛʜɪꜱ ʙᴏᴏᴋ -
8 214 - In Serial11 Chapters
SUN AND MOON | ziggy berman
❝for once in your life.. can you just not be so.. so mean?❞ y/n asked ziggy.❝for once in your life could you just stop pretending?❞ziggy threw the shirt at y/n aggressively. ❝you're shadyside. incase you forgot.❞in which two opposites attractedziggy berman x fem! reader
8 155