《If you believe (Complete)》5
Advertisement
Unicode
Zawgyi
~~~~~~
ဥက္ကာ သွားစိုက်လိုက်ရသည်။ သွားက ယခင်သွားနဲ့အရောင်တူရှိသော်ငြား
သူ ရွှေရောင်ကိုပဲရွေးချယ်ခဲ့သည်။
လင်းဆယူပေးတဲ့ဒဏ်ရာကြောင့်ဖြစ်ခဲ့မှန်း
အမြဲတမ်းအမှတ်ရနေရအောင်။အံဆုံးကသွားနဲနီးသည့်သွားဖြစ်သဖြင့်ဘယ်သူမှ
မြင်ပါမဟုတ်ပေ။
သူ့၏ကွန်ဒိုတိုက်ကြီးက်ိုပြန်ရောက်သည့်အခါ ဦးဉာဏ်က လှောင်သလိုအပြုံးလေးနဲ့သူ့ကိုကြိုနေသည်။
"ကဲ ဘယ်လိုလဲ အခုရော ယူ ချင်သေးလား မင်းကအားတိုင်းယူချင်နေတာကို
ဟိုကပေးလိုက်တာပေါ့''
"ဦးဉာဏ် အခုကျွန်တော့်ကိုလှောင်နေတာလား ''
ဥက္ကာဘက်က မျက်မှောင်ကြုတ်ကြီးနဲ့
စိတ်ဆိုးသလိုမေးတော့ ဦးဉာဏ်က မပြုံးတော့ဘဲ မျက်နှာသာဖြီးရင်းပြောင်ပြနေသည်။ ကိုယ်ရံတော်ခေါင်းဆောင်သည်ကား တူစရီးနှစ်ယောက်ကိုကြည့်ရင်း
နှစ်လိုဖွယ်ပြုံးသည်။
"မနက်ဖြန်ဘယ်သွားဖို့ရှိသေးလဲ ဥက္ကာ''
ဉာဏ်က တူဖြစ်သူအခန်းထဲဝင်လာရင်းမေးခြင်း။
"ယူ့ဆီသွားဖို့ရှိတယ်''
"ထပ်ပြီးတော့ယူပဲလား မင်းသွားကျိုးတာတောင်မမှတ်သေးဘူးပေါ့''
"မမှတ်သေးဘူး''
"ပြီးတာပဲ''
အချစ်ကလူကိုမျက်ကန်းစေတယ်ဆိုတာ
ဒါအမှန်ပဲ။ ဟိုးကသွားကျိုးအောင်လုပ်ခဲ့တာကို ဒီက မမှတ်ဘူး ရူးသွပ်နေတုန်း။
ဉာဏ်ကတော့ စိတ်မရှည်ပါ။တစ်ခါမှ
မချစ်ဖူးတဲ့လူပျိုကြီးမို့လို့ အချစ်ကြောင့်ရူးနေသူတွေကိုတွေ့ရင် အလိုလိုလှောင်နေမိတော့တာ။
ဥက္ကာသည်ကား ရေချိုးခန်းထဲကကိုယ်တစ်ဝက်ပေါ်မှန်ကြည့်ရပ်ရင်း သူစိုက်ခဲ့
သည့် ရွှေသွားကို ဖြဲကြည့်နေသည်။သွားကအခုပဲကျိုးအခုပဲစိုက်သည့်အခါ သွားဖုံးတွေနီပြီးရောင်နေသည်။ဆရာဝန်ကတစ်ရက်နှစ်ရက်စောင့်ဖို့ပြောခဲ့ပေမယ့်
သူလက်မခံ။ ထိုးဆေးရောသောက်ဆေးပါတစ်ခါတည်းယူခဲ့ပြီး သွားလည်းတစ်ခါတည်းစိုက်ခဲ့သည်။
သူတို့ဆီမှာရှိတဲ့ဆရာဝန်ကအထွေထွေဆိုပေမယ့် သွားကုသရေးနဲ့သက်ဆိုင်တဲ့ကိရိယာတွေမရှိ။ဒါ့ကြောင့် ကိစ္စပြိီးအောင် သူဆေးရုံကိုပဲတစ်ခါတည်းသွားလိုက်ခြင်း။ စိုက်ခဲ့တဲ့သွားကိုကြည့်လေ ဆတ်ဆတ်အထိမခံ လင်းဆယူကိုသူမြင်ယောင်လာလေပဲ။ အသည်းနှလုံးကဘာနဲ့လုပ်ထားလို့ဒီလောက်တောင်မာနေရတာလဲ။
သွားဖုံးရောင်နေတဲ့ဒဏ်ရာကြောင့် ဒီည
သူအိပ်ပျော်မယ်မထင်။ရာသီကညဆိုအေးသည့်အခါ အနာကပိုအဆိပ်တက်သည်။ သူအိပ်ဆေးသောက်ရမည့်ပုံပဲ။
ဒါမှ လင်းဆယူမျက်နှာလှလှလေးရဲ့နှိပ်စက်မှုကိုသူမခံရမှာ။
"မျက်နှာကဘယ်လိုတွေဖြစ်နေတာလဲ
ဥက္ကာ ညကအိပ်မပျော်လို့ပါ''
မနက်၉နာရီ မနက်စာ စားချိန် စွပ်ပြုတ်ကိုတစ်ချိန်လုံးမွှေနေတဲ့ ဥက္ကာကြောင့်ဉာဏ်မပြောချင်ဘဲပြောလိုက်ရခြင်း။တကတဲ
စွပ်ပြုတ်ကမွှေစရာမလိုတာကိုဆက်တိုက်မွှေနေပြီး မျက်လုံးက ဦးတည်ရာမရှိ ရောက်လေရာကိုအကုန်ငေးနေသည်။
"ဥက္ကာ''
"ကျွန်တော်အခုထိ ယူ သတင်းမကြားရသေးလို့''
"လာပြန်ပြီ ယူ ယူပဲယူနော် မရူးနဲ့ဦး''
ဦးဉာဏ်ဘာတွေပြောနေပါစေ ဥက္ကာတုံ့ပြန်ဖို့စိတ်မကူးမိ။ တုံ့ပြန်ဖို့အားမရှိတာဆိုပုံမှန်လိမ့်မည်။ မနက်နိုးကတည်းယခုထိ လင်းဆယူသတင်းသူမကြားရသေး။
လွှတ်ထားတဲ့လူတွေကလည်း မနေ့က သူနဲ့လင်းဆယူပြသနာဖြစ်ပြီးနောက်ပိုင်း
လင်းဆယူအရိပ်ကိုလုံးဝရှာမတွေ့တော့တာတဲ့။
တကယ်ပဲ ယူကဘယ်လိုလူစားလဲ။
ပြန်သွားတာတော့မဖြစ်နိုင်။လမ်းမကြီးသာမက လမ်းကြားတွေမှာပါသူ့လူတွေအချိန်ပြည့်ရှိနေတာ။ ယူနေတဲ့လိပ်စာအတိအကျကိုတော့သူ မသိရ။ လွှတ်ထားတဲ့ကိုယ်ရံတော်တွေရဲ့အပြောအရ
လင်းဆယူ က လမ်းကြားရောက်ရင်
ခြေရာဖျောက် ဖျောက်သွားတာတဲ့။ ဘာကြောင့်များပါလဲ။ သူလိုက်ပြီးနှောင့်ယှက်မှာစိုးရိမ်နေလို့များလား။
မနက် ၁၁နာရီ ထိရောက်လည်း
ဘာသတင်းမှမရသေး။ ဒါ့ကြောင့်လည်း
လူကဆောက်တည်ရာမရ။ အခန်းထဲကိုခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတာအကြိမ်ကြိမ်။ စိတ်ထဲကဖုန်းဆော့ဖို့စိတ်ကူးရလာသော်ငြား တကယ်တမ်းဖုန်းကိုင်လိုက်သည့်အခါ စိတ်ကမပါပြန်။
ဘာအလုပ်မှလည်းမလုပ်ချင်။
လွမ်းတာပဲသိသည်။သတိရတာပဲသိသည်။ပြေးတွေ့ချင်တာပဲသိသည်။
ကြာရင်ရူးတော့မယ်ထင်။
မွန်းလွဲ ၁ နာရီ ရှိသွားသည်။ ဒါလည်းဘာသတင်းမှမရသေး။စိတ်မရှည်လာသဖြင့်
လွှတ်ထားတဲ့ကောင်တွေကို သေချာစောင့်မကြည့်ဘူးလားဆိုပြီး အတော်ကြာအောင်
သူကြိမ်းမောင်းလိုက်သေးသည်။တွေး
ကြည့်လိုက်မှ သူဟာအရူးထက်ပိုဆိုးနေတာပဲ။
၃နာရီခွဲအကျော်မှာတော့ စိတ်ငြိမ်သွားအောင် သူရေချိုးဖို့သာလုပ်လိုက်ပါသည်။
မိမိနိုင်ငံကြီးက နွေလည်းပူ မိုးလည်းပူ
ဆောင်းလည်းပူ။ ယခုလိုရင်ပါပူနေရ
သည့်အခါ သူအမှန်တကယ်ရူးချင်သွားသည်။ရေချိုးပြီးသွားသည့်အခါမှ သူနေရအနည်းငယ်သက်သာသွားသည်။ သို့သော်
တောင့်တနေရသူကိုမမြင်ရသေးတဲ့ စိတ်ကဘယ်လိုမှမကျေနပ်ပါ။
"ကျွန်တော်တို့ပစ်မှတ်တွေ့ပါပြီ ကိုဥက္ကာ''
တစ်ကိုယ်လုံးပြင်ဆင်ပြီးချိန်ကြားလိုက်ရသည့်သတင်းကြောင့် သူ စားပွဲပေါ်က
ကားသော့ကိုချက်ချင်းကောက်ယူလိုက်သည်။
"သေချာစောင့်ကြည့်ထား ငါလာနေပြီ''
ဟန်မဆောင်နိုင်ပါ။ အရင်လိုအငယ်သားတွေရှေ့ တည်ငြိမ်ပုံမဖားနိုင်တော့ပါ။
လင်းဆယူကသူ့အတွက်ခြွင်းချက်မလို့။
ဒါ့ကြောင့် ပျာယာခတ်နေတဲ့သူ့ကိုယ်သူလည်းမရှက်နိုင်ပါ။
~~~~
လက်ကောက်ဝတ်ကနာရီကိုကြည့်ရင်း
လင်းဆယူ စိတ််ပျက်စွာသက်ပြင်းရှိုက်လိုက်သည်။ ၄နာရီခွဲမှ အစည်းအဝေးဆင်းရတာ။ အစည်းဝေးချိန်ကပြောင်းသွားသည်။၅ရက်နဲ့အပြီးဖြတ်ချင်လို့တဲ့။ မနက်
၉နာရီမှစပြီး ညနေ၄ခွဲမှဆင်းရသည်။
ကျောင်းချိန်အတိုင်းဖြစ်နေသဖြင့် ၅ရက်
မပြောနှင့် ယခုနဲ့တင်သူငြီးငွေ့နေပြီ။သူ
ပျင်းရိပျင်းတွဲနဲ့လှမ်းလျှောက်နေတော့
တခြားတပ်ရင်းတစ်ခုမှလာသည့်
တစ်ယောက်က သူ့ကိုပြုံးလျက်ကြည့်သည်။ မတတ်န်ိုင်။ဟန်မဆောင်နိုင်ဘူး။
ဘယ်သူဘာပြောပြောပျင်းတာကပျင်းတာပဲ။
စိတ်ပြေလက်ပျောက်ဖြစ်အောင်မသွားစဖူး စတိုးဆိုင်ထဲဝင်ရင်း လေးထောင့်ကော်ခွက်ကြီးနဲ့ယိုးဒယားရေခဲမုန့်တစ်ခွက်ကို ယူပြီး ကော်တာ ငွေရှင်းသည့်
ကောင်လေးကို ပိုက်ဆံ တစ်သောင်းပေးလိုက်သည်။
"ခဏလေးပါအစ်ကို ကျွန်တော်ငွေပြန်အမ်းပေးရဦးမယ်လေဗျ''
လင်းဆယူကသူ့အကျင့်အတိုင်းပိုက်ဆံကို
ချပေးပြီးနောက်ပြန်မကြည့်ဘဲထွက်သွားသဖြင့် ဆိုင်ထဲကကောင်လေးခမျာ ပျာပျာသလဲပြောနေရသည်။
"ပိုတာကိုညီလေးပဲယူလိုက်ပါ''
လင်းဆယူဆိုတာ သုံးမနိုင်ဖြုန်းမနိုင်တဲ့
သူဋ္ဌေးမျိုးဆက်ကဆင်းသက်လာတာ။
အိမ်သေးပေမယ့်အထင်မသေးနဲ့တဲ့။
ဓားပြရန်ကလွတ်အောင်အရင်ခေတ်လူကြီးတွေက အိမ်ကိုတမင်ရည်ရွယ်ချက်ရှိရှိနဲ့ဆောက်ခဲ့တာ။ ကြည့်လိုက်ရင်သာ
သာမန်ထင်ရပေမယ့် ဥက္ကာစံလုပ်နေတဲ့ကားလုပ်ငန်းလိုလုပ်ငန်းကြီးမျိုးကို၁၀ခုမက ချက်ချင်းဝယ်နိုင်သည်။
ဥက္ကာစံကိုတွေးမိသွားသည့်တဒင်္ဂ
လင်းဆယူ နှာရှုံ့လာသည်။ ထပ်မတွေ့ရရင်ကောင်းမယ် သက်သက်လူကို
နှောင့်ယှက်တာ။
"အဟမ်း ထပ်တွေ့ကြပါပြီ''
လမ်းကြားအရောက်မှာထွက်လာတဲ့အသံကြောင့် လင်းဆယူမျက်မှောင်ကြုတ်သွား၏။ အသံပိုင်ရှင်က သူ့ရှေ့တည့်တည့်လျှောက်လာနေတာ။ မတွေ့ချင်ပါဘူးဆိုမှ
ချက်ချင်းပေါ်လာရတယ်လို့။
"ထပ်တွေ့တာလား! ငါ့ကိုတွေ့ချင်လို့တမင်လာချောင်းတာလား''
"ဟုတ်တယ် ယူကိုတွေ့ချင်လို့တမင်လာချောင်းတာ''
ရန်မူတဲ့မေးခွန်းကို ဥက္ကာခပ်ပြတ်ပြတ်ပဲပြန်ဖြေပေးလိုက်၏။ ဒီလိုကျပြန်တော့
မျက်ခုံးတန်းနှစ်ဖက်ကိုတွန့်ချိုးပစ်လာသည်။
"ဘာလဲ မနေ့ကကိစ္စကြောင့်လား''
"ဟုတ်တယ် ဒီမှာ ယူသေချာကြည့် ယူကြောင့် ကျွန်တော်သွားတစ်ချောင်းဆုံးရှုံးလိုက်ရတယ် ''
ဥက္ကာပြောရင်း စိုက်ထားသည့်ရွှေသွားကိုမြင်အောင်ဖြဲပြလိုက်သည်။ထိုအခါ
လင်းဆယူက သူခိုးလူမိသလို မျက်လုံးကိုဟိုဝှေ့ဒီဝှေ့လုပ်ပြီး ရေခဲမုန့်တစ်ဇွန်းကိုစိမ်ပြေနပြေခပ်စားသည်။
"အဲ့တော့ငါကလျော်ကြေးပေးရမယ်ဆိုတဲ့သဘောပေါ့ ရတယ်လေ ဘယ်လောက်လိုချင်လဲပြော ''
တောင်းပန်ရမည့်အစား လူကိုအရေးမပါသလိုလုပ်နေသည့် လင်းဆယူအနား ဥက္ကာ
ခါးထောက်ရင်းတဖြည်းဖြည်းတိုးသွားလိုက်သည်။ လမ်းကြားကလူရှင်းသည့်အပြင် ချောင်လည်းကျနေသည်။
"ကျွန်တော်လျော်ကြေးကိုတခြားတစ်ခုနဲ့တောင်းဆိုမယ်ဆိုရင်ရော ယူ ဘာပြော
မလဲ''
"ပြောသာပြော ''
စိန်ခေါ်သည့်သဘောမေးဆတ်ပြနေသဖြင့်
ဥက္ကာ အဓိပ္ပါယ်ပါပါပြုံးလိုက်၏။
"ယူထိုးခဲ့တဲ့ကျွန်တော့်ပါးကို ယူ အခု
ပြန်နမ်း ဒါဆို ကျေအေးပေးမယ်''
ထိုစကားကြောင့် ရေခဲမုန့်စားဖို့ခပ်နေ
သည့် လင်းဆယူ၏လက်တစ်ဖက်ဟာ
ကျောက်ရုပ်အလားဖြစ်သွားနေသည်။
ဘယ်လိုတောင်မဆီလျော်လိုက်တာလဲ။
လင်းဆယူ ချက်ချင်းပါပဲ သူအနည်းငယ်သာစားရသေးသောရေခဲမုန့်ကိုလမ်းဘေးကအမှိုက်ပုံထဲပစ်ထည့်လိုက်သည်။
"လူကိုအားနေလာ လာဆွရတာတော်တော်ကြိုက်နေလား ဟမ် ငါတော့စိတ်ရှုပ်တယ်
မင်းကိုနမ်းမဲ့အစား ဟိုကခွေးကိုပဲနမ်းလိုက်မယ်''
လင်းဆယူက သူ့အနောက်ကို မျက်စပစ်ပြနေသဖြင့် ဥက္ကာလှည့်ကြည့်လိုက်သည်။
Advertisement
အမွေးပွပွနှင့်ခွေးအဖြူတစ်ကောင်က
သူ့သူခင်နဲ့အတူတိုက်ခန်းကထွက်လာသည်။ ဥက္ကာ ခံပြင်းသွားသည်။လင်းဆယူက သူ့ကိုတိရိစ္ဆာန်နဲ့ယှဥ်နေတာပဲ။
"ယူ ဒါတော့အရမ်းလွန်သွားပြီမထင်ဘူးလား''
"မလွန်ပါဘူး မင်းနဲ့တန်တာပဲ''
"ခင်ဗျား!''
"မင်း!.....''
ဥက္ကာ လင်းဆယူ၏တစ်ကိုယ်လုံးကိုသိမ်းကျုံးဖက်ပစ်ရင်း လင်းဆယူ၏
နှုတ်ခမ်းကိုအပိုင်သိမ်းနေသည်။ စစချင်းလင်းဆယူကရုန်းသည်။သို့သော် ဥက္ကာက
လုံးဝအလွှတ်မပေးတော့ လင်းဆယူငြိမ်သွားသည်။ သူက ဥက္ကာကျေနပ်သွားမည့်အချိန်ထိကို သည်းခံကာနေပေးသည်။
ဥက္ကာအဖို့ကျေနပ်ဖို့ရာမလွယ်ပါ။
လင်းဆယူစကားက သူ့ကိုမျက်ရည်ဝိုင်းစေတဲ့အထိဒေါသထွက်စေခိုင်းတာ။လူကိုဘယ်သောအခါမှစကားကောင်းကောင်း
မပြောတတ်တဲ့နှုတ်ခမ်းကို သူဒီထက်ပိုပြီး နမ်းပစ်ချင်သေးတာ။လင်းဆယူဘက်က တုတ်တုတ်မျှမလှုပ်တာကြောင့် သူ
ခဏလေးနဲ့ဖိနမ်းထားတဲ့နှုတ်ခမ်းကို
ကွာပေးလိုက်ရသည်။
လင်းဆယူက မျက်မှောင်ကြုတ်ရင်းမျက်လုံးကိုတင်းတင်းမှိတ်ထားသည်။
ပြီးနောက် မျက်လုံးဖွင့်လာပြီးဥက္ကာကိုအေးစက်စက်နှင့်ကြည့်လာသည်။
"မင်းပြီးပြီမှတ်လား''
လင်းဆယူကပြောပြီး ဥက္ကာ၏ပေါင်ကြားကို တံတောင်ဒူးနဲ့တိုက်နေသည်။
"အာ့!''
အားနဲ့တိုက်ခိုက်ခံရသဖြင့် ဥက္ကာအီသွားသည်။ သူခါးပါကုန်းလိုက်ရသည်အထိ။
ထိုစဥ် ဝမ်းဗိုက်ကခြေထောက်နဲ့အကန်ခံလိုက်ရပြန်တော့ သူပြိုကျသွားတော့သည်။
လင်းဆယူကတော့ နှုတ်ခမ်းတစ်ဖက်တွန့်လျက် ခပ်မဲ့မဲ့ပြုံးသည်။ ထို့နောက် သူက
ဥက္ကာကိုတစ်ချက်မှမကြည့်တော့ဘဲ ကျောခိုင်းသွားသည်။
ဥက္ကာကား လင်းဆယူထွက်သွားသည်နှင့်
သူ့လူတွေကို headphones နဲ့လှမ်းခေါ်နေသည်။ သူ့လူတွေကလည်းချက်ချင်းပြေးရောက်လာသည်။ ဥက္ကာဘယ်လိုမှ
မထနိုင်တာကြောင့် သူ့လူတွေသူ့ကိုတွဲထနေရသည်။
"ကိုဥက္ကာ အဆင်ပြေရဲ့လား ဆေးရုံသွား
မလားဗျ''
ဥက္ကာတော်တော်လေးအီနေတာ။အောက်ပိုင်းကစူးနေအောင် အောင့်သဖြင့် သူစကားပြောဖို့တောင်အဆင်မပြေ။ ဝမ်းဗိုက်ကလည်းအောင့်နေသည်။
"ပြန်မယ် အမြန်''
"ဟုတ်ကဲ့''
ကားတွေကအနားကိုအသင့်ရောက်နေပြီမို့
သူ့လူတွေ သူ့ကိုကားပေါ်အမြန်တွဲတင်ပြီးကားကိုအမြန်မောင်းထွက်သွားတော့သည်။
ပြန်ရောက်သည့်အခါ ဦးဉာဏ်နဲ့ဒေါက်တာကသူ့ကိုစိုးရိမ်တကြီးနဲ့ကြိုနေသည်။ သူဘာဖြစ်နေသလဲကို လူယုံ မင်းသိုက်က
ဦးဉာဏ်ကိုအချိန်နဲ့တပြေးညီသတင်းပို့နေတာ။ဒါ့ကြောင့် သူပြန်မရောက်ခင်ကတည်းက ဦးဉာဏ်က သူဘာဖြစ်နေသလဲ သိနှင့်ပြီးသား။
ပြန်ရောက်သည်နှင့်အထူးကုခန်းထဲသူတန်းသွားရသည်။သူလမ်းတော့မလျှောက်န်ိုင်ပါ။ သူကားပေါ်မှဆင်းကတည်းက
ကိုယ်ရံတော်တွေက ဘီးပါတဲ့ကုတင်နဲ့
စောင့်နေတာ။
"ဒေါက်တာရေ သေချာလေးကြည့်ပေးပါဦး ကြည့်ရတာအတော်နာနေတဲ့ပုံပဲ''
ဉာဏ်က စိုးရိမ်တကြီးနဲ့ပြောရင်း တူ
ဖြစ်သူအနားခုန်ဆွခုန်ဆွဖြစ်နေသည်။
သူယခုနေ ဥက္ကာပြောသည့် ယူကိုဖမ်းဖို့လူလွှတ်လိုက်ချင်သည်။ဘယ်လိုတောင်
အသည်းနှလုံးမဲ့ရတာလဲ။ပြန်မချစ်ချင်နေပေါ့ ဒီလောက်ထိလုပ်သင့်သလား။ တွေးရင် ဥက္ကာပြောတဲ့ ယူကို သူအစိတ်စိတ်အမြွှာမြွှာပိုင်းခုတ်ချင်လာသည်။
ဥက္ကာက ယူ ကိုလက်ဖျားနဲ့တောင်မထိရဘူးပြောထားလို့သာပေါ့။
"ပြောရရင်ဒီနေရာကအမျိုးသားတွေအတွက်အထိခိုက်မခံန်ိုင်တဲ့နေရာတစ်ခုပဲ
အဲ့ဒါကြောင့်တမင်သက်သက်အဲ့နေရာကိုရွေးပြီးတိုက်ခိုက်ခဲ့တာဆိုတော့ ကိုဥက္ကာ
နှစ်ရက်သုံးရက်လောက်လမ််းသေချာလျှောက်နိုင်မှာမဟုတ်ဘူး တခြားလိုအပ်တာတွေလည်းကျွန်တော်တို့သေချာလုပ်ပေးသွားမှာပါ''
"အင်း''
ကြားရတာစိတ်မကောင်း။တမင်တိုက်ခိုက်တာက ဥက္ကာကို သေစေချင်နေလို့များလား။ကြည့်ရတာ ဥက္ကာဘက်က
နှောင့်ယှက်တာများလို့ဖြစ်မယ်။ဘယ်သူမဆိုနှောင့်ယှက်ခံရတာများရင်ဒေါသဖြစ်မှာပဲလေ။
ဒီလိုလည်းတွေးမိပြန်ရော တူဖြစ်သူကို
ဉာဏ်သနားလာသည်။ဥက္ကာက ငယ်ကတည်းက မေတ္တာငတ်ခဲ့တဲ့ကလေး။
သူပေးတဲ့မေတ္တာကလွဲတခြားဘယ်သူ့မေတ္တာမှမရခဲ့။ ရခဲ့ရင်တောင်အတုအယောင်တွေချည်းမို့ ဥက္ကာဘက်ကလည်းလိုချင်ခဲ့ပုံမပေါ်။
သို့သော် ယခုမှ ဒီတစ်ယောက်ကိုမှဥက္ကာကအရူးတစ်ပိုင်းဖြစ်အောင်စွဲလမ်းနေတာ။
ဒီအတွက်လည်း ဒီတစ်ယောက်ရဲ့မေတ္တာကို လိုချင်မှာပဲလေ။ဒါကိုဒီလိုဖြစ်ရတော့
ဥက္ကာဘယ်လောက်ဝမ်းနည်းနေမလဲ။
ဉာဏ် ဆရာဝန်ကိုလက်တို့ပြီးအခန်းပြင်ခေါ်လိုက်သည်။
"ငါတော့ ဥက္ကာကိုအိပ်ဆေးသောက်စေချင်တယ် ဒေါက်တာရောဘယ်လိုသဘောရလဲ''
"အိပ်ဆေးကသောက်ရမှာပါ အောက်ပိုင်းက ၂ရက်၃ရက်အတွင်း အောင့်နေဦးမှာ
၃ရက်မဟုတ်ရင်တော့၂ရက်ကမလွတ်ဘူး''
"အင်း ဂရုစ်ိုက်ပေးပါဦး''
ထိုည ဥက္ကာအိပ်မက်လှမနေပါ။ အနာကြောင့်ရော အိပ်ဆေးကြောင့်ပါ တစ်ညလုံး အိပ်တော့တာ။ သူ့လိုနားပါးသည့်လူကယခုအခါမှာတော့ ဆင်တက်နင်းရင်တောင် နိုးမှာမဟုတ်တဲ့အထိ
အပူအပင်ကင်းကင်းအိပ်နေနိုင်သည်။
မနက်ကိုတော့ သူ၁၀နာရီမှနိုးသည်။
အိပ်ခဲ့တဲ့ရက်တွေထဲ အနောက်ကျဆုံးထခဲ့ဖူးတဲ့ရက်ပါပဲ။ သူနှိူးသည်နှင့်ဒေါက်တာကသူ့ကိုဆေးစစ်ပေးသည်။အောင့်သေးလားမေးသည့်အခါ သူအောင့်ကြောင်းဖြေလိုက်သည်။
ဒီကိစ္စအတွက် လင်းဆယူကိုသူဗွေမယူ။
လင်းဆယူ ဘာကြောင့်သူ့အပေါ်ဒီလိုလုပ်ရသလဲသူနားလည်သည်။ အမှန်ဆို သူပဲမှားခဲ့တာ။လင်းဆယူလိုမာနကြီးသည့်
လူက ယောက်ျားတစ်ယောက်ရဲ့ဖက်နမ်းတာကိုခံရတော့ အတော်တင်းနေမှာပဲ။
အေးစက်စက်မျက်ဝန်းအစုံကိုမြင်ယောင်ရင်း သူလင်းဆယူကိုတောင်းပန်ချင်စိတ်တွေတဖွဖွပေါ်လာသည်။
"ဖြည်းဖြည်းယူလာမယ် ဖြည်းဖြည်း''
ဦးဉာဏ်အသံကြားသဖြင့် သူကြည့်လိုက်တော့ ဦးဉာဏ် က သူ့အတွက်မနက်စာ
ပို့ပေးလာတဲ့လူတွေအားဦးဆောင်ရင်းပြောခြင်း။ ဥက္ကာရဲ့မနက်စာဟာ ဦးဉာဏ်ရဲ့စီစဥ်မှုအတိုင်း အမြဲများပြီးအကုန်စုံအောင်ပါသည်။
"ဘယ်လိုပဲ ဥက္ကာ''
"နည်းနည်းသက်သာပါတယ်''
"အင်းကွာ မင်းယူကအတော်နှလုံးသားမဲ့တာပဲ မင်းသူ့ကိုအတင်းလိုက်နှောင့်ယှက်နေလို့များလား''
မေးစေ့ကိုပွတ်ရင်းစဥ်းစားနေသော
ဦးဉာဏ်ကို ဥက္ကာဘာမှမပြောဖြစ်။အကယ်၍ ဖက်နမ်းလိုက်တဲ့အကြောင်းပြောလိုက်တယ်ထား 'ခံရတာနည်းသေးတယ်'ဆိုပြီး ဦးဉာဏ်ကပြောနေမှာ။
ဦးဉာဏ်က ဥက္ကာကိုလူသူမတူအောင်ချစ်သလိုတစ်ခါတလေ စကားနိုင်လုရင်းဖြင့်
မပျင်းရအောင်စကားများပြီးရန်ဖြစ်ပေးသည်။
"ဒီ၂ရက်အတွင်းတော့မင်းဘယ်မှသွားလို့မရဘူး အိမ်မှာပဲနေရမယ် အကောင်းဆုံးကုသမှုခံယူရမယ် အလုပ်တွေမင်းကိုမျှော်နေတာကိုလည်းသတိရဦး မင်းအရင်လိုပြန်ကောင်းမှ မင်းကာကွယ်ရမှာတွေကိုဆက်ပြီးကာကွယ်နိုင်မှာ''
ဦးဉာဏ်စကားကို ဒီတစ်ခါသူအထွန့်
မတက်တော့။ သူသာဒီလိုမဖြစ်ပါက 'ယူကိုသွားတွေ့ရဦးမှာ'ဆိုပြီးချက်ချင်း
ဦးဉာဏ်ကို ပြန်ပက်မှာ။ ယခုကအဆင်
မပြေသလို သူ့စ်ိတ်ကလည်းအဆင်မပြေ။
ယူ စိတ်ဆိုးမပြေသေးမှာကိုလည်းသူစိုးရိမ်မိသဖြင့် မနေ့တစ်နေ့ကလိုသွား သွားမတွေ့ရဲ။ အိမ်မှာနှစ်ရက်နားရင်းဖြင့်
ယူကို နှစ်ရက်တိတိရှောင်ပေးလိုက်မည်။
ဒါမှထပ်တွေ့တဲ့အခါ လင်းဆယူဘက်က
တင်းတာတွေလျှော့န်ိုင်မှာ။
~~~~
အိမ်မှာချည်းနေ နေရသည့်နှစ်ရက်အတွင်း
ဥက္ကာလင်းဆယူသတင်းကိုအမြဲနားစွင့်သည်။လင်းဆယူက ညနေစောင်းလောက်မှပေါ် ပေါ်လာတာ။ လွှတ်ထားတဲ့လူတွေရဲ့စောင့်ကြည့်မှုကနေ လင်းဆယူ ပေါ်လာချိန်ကိုသူသိလိုက်ရခြင်း။
အနာကတော့သက်သာနေပါပြီ။ အိမ်မှာနေ
နေတဲ့နှစ်ရက်အတွင်း သူလမ်းလျှောက်လေ့ကျင့်သည်။ တခြားကာယလေ့ကျင့်ခန်းတွေကိုလည်းသူလုပ်သည်။ဒါကြောင့်လည်းသူအမြန်ဆုံးပြန်ကောင်းခြင်း။
"ဥက္ကာအပြင်သွားဦးမလို့လား''
ဦးဉာဏ်ကသေသေချာချာဝတ်စားထားတဲ့သူ့ကိုကြည့်ရင်းပြောခြင်း။ ဥက္ကာက နဂိုကြယ်သီးနှစ်လုံးစာရင်ဘတ်ဟပြဲတဲ့
ခရမ်းရောင်ရှပ်လက်ရှည်နဲ့ အနက်နဲ့အဖြူကွက်စပ်ပုံဖော်ထားတဲ့အပေါ်ကုတ်ကိုဝတ်ထားသည်။ ပြောရရင် ဥက္ကာယခုဝတ်စားထားပုံက ဥက္ကာကိုများစွာပိုခန့်ချောစေ
သဖြင့် ကမ္ဘာကျော်မင်းသားပင်အရှုံးပေးရလောက်သည်။
"ကျွန်တော်အရင်လိုပြန်ဖြစ်နေပါပြီ
ပြီးတော့ ယူကိုသွားတွေ့မလို့ ဘာဖြစ်လို့လဲ''
"ဖြစ်တယ် မင်း မင်းရဲ့ယူရှိတဲ့ဘက်လုပ်ငန်းတိုးချဲ့ချင်တယ်မှတ်လား အဲ့ဒါ
ငါတစ်ယောက်နဲ့အဆက်သွယ်ရထားတယ်
သူ့စိုက်ခင်းကိုပြန်ရောင်းချင်လို့တဲ့ စိုက်ခင်းကတောအုပ်ထဲရှိနေတာ ဘယ်သူမှအလွယ်တကူနဲ့ရှာမတွေ့ဘူး မင်းကြိုက်တာမကြိုက်တာကတော့သူနဲ့အရင်ပြောကြည့်ပေါ့'
"ဒါဆိုအဲ့လူရဲ့ ဖုန်းနံပါတ်
ကျွန်တော့်ကိုပေး''
သူ့ဖုန်းကိုဦးဉာဏ်ဆီကမ်းပေးလိုက်တော့
ဦးဉာဏ်ကယူပြီးနံပါတ်တစ်ခုရိုက်ထည့်ပေးလာသည်။ နာရီက ၄နာရီ။ ဒါ
လင်းဆယူ ပေါ်လာခါနီးဖြစ်တဲ့အချိန်။
လင်းဆယူ ကဘယ်လိုတွေဖြစ်လို့ခြေရာဖျောက်တဲ့နေရာမှာတော်နေရတာ။သူလူတွေဘယ်လောက်ပဲလွှတ်လွှတ် လင်းဆယူ နေသည့်လိပ်စာအတိအကျကိုမရ။
နာရီလည်းနီးနေပြီဖြစ်သဖြင့် သူစတင်ထွက်ခွာတော့သည်။ကိုယ်ရံတော်တွေကတော့ထုံးစံအတိုင်းသူ့နောက်အမြဲကား၂စီးနဲ့လိုက်သည်။ သူ့အနားမှာအမြဲရှိနေတတ်တဲ့အနီးကပ်ဆုံးလူယုံကား
မင်းသိုက်ပင်။ မင်းသိုက်ကစကားနည်းပြီးအေးသည်။
လင်းဆယူကိုတွေ့ တွေ့နေကျနေရာကိုရောက်သည့်အခါ လင်းဆယူနဲ့တူတဲ့အရိပ်
သူတစ်ခုမှရှာမတွေ့။ ထို့ကြောင့်သူကားထဲမှာသာရှိနေပြီး လင်းဆယူပေါ်လာမည့်အချိန်ကိုစောင့်နေလိုက်သည်။ သူ့ကိုယ်ရံတော်တွေကတော့ သာမန်အရပ်သားပုံစံနှင့်ဖြစ်ပြီး အယောက်တ်ိုင်း
လင်းဆယူ ကိုလိုက်ရှာသည်။
၅နာရီထိုးသည့်တိုင် လင်းဆယူကိုသူမတွေ့ရသဖြင့် သူစတင်စိုးရိမ်လာသည်။ မဟုတ်မှ ပြန်သွားတာများလား။ မနေ့ညနေကတောင် ဒီနေရာတစ်ဝိုက်မှာရှိနေသေးတာ။ သူ မလာခဲ့ရပေမယ့်
စောင့်ကြည့်နေသည့်ကိုယ်ရံတော်တွေကလင်းဆယူ ပုံတွေကိိုခိုးရိုက်ပြီးသူ့ကိုပို့ပေးခဲ့သည်။
တိန်း!
မက်ဆေ့ဝင်သံကြောင့် သူအပြင်ကိုငေးရာမှ အင်္ကျီအိတ်ထောင်ထဲကဖုန်းကိိုထုတ်လိုက်သည်။
💬သူအခုဒီရောက်နေတာနော် အရင်တွေ့ကြည့်လိုက်💬
ဦးဉာဏ်မှ မက်ဆေ့ပို့လာခြင်း။ ဦးဉာဏ်ပြောတဲ့သူဆိုတာ သူထံစိုက်ခင်းရောင်း
မည့်တစ်ယောက်ကိုပြောတာ။ လင်းဆယူ ကိုဘယ်လိုမှမတွေ့ရသည့်အဆုံး ဒီ
တစ်ယောက်နဲ့တွေ့ဖို့ပဲသူဆုံးဖြတ်လိုက်ပါသည်။
သို့သော် လင်းဆယူ ကိုစောင့်ကြည့်ဖို့လွှတ်ထားတဲ့ကိုယ်ရံတော်တွေကိုတော့သူပြန်
မသိမ်း။ လင်းဆယူ သတင်းသူကြားချင်သေးသည်။ လင်းဆယူ ထွက်လာရင်သူသိရအောင်အတွက် ကိုယ်ရံတော်တွေကိုသူပြန်မရုတ်ခြင်းဖြစ်၏။
ထိုလူကိုတော့ လင်းဆယူရှိနေတတ်သည့်အနီးနားတစ်ဝိုက်က barမှာပဲသူချိန်းလိုက်သည်။ သူချိန်းလိုက်သည်နှင့်ထိုလူက ၅မိနစ်အတွင်းရောက်ချလာသည်။Barက
အဆင်မြင့်မဟုတ်သဖြင့် vipအခန်းတို့မရှိ။
ဒါ့ကြောင့် လူအများရှိသည့်ကြားမှ
ထောင့်တစ်နေရာကိုပဲ သူရွေးချယ်လိုက်သည်။ ကိုယ်ရံတော်တွေက လုံခြုံရေး
ပြည့်ပြည့်ဝဝယူပေးတာကြောင့်အဆင်ပြေသည်။ ရောင်စုံမီးများနှင့် သီချင်းသံတွေကြောင့်သာအာရုံနောက်ရတာ။
"တခြားမေးထားတဲ့လူတွေလည်းရှိတယ်
ကိုဥက္ကာမယူလည်း ယူမဲ့လူကအများကြီးရှိတာမလို့ ကိုဥက္ကာအနေနဲ့ယူမယ်မယူဘူးဆိုတာပဲပြောပေးပါ''
"အဲ့ဒါနောက်မှထား ငါအခုသိချင်တာက
မင်းဘာလို့မင်းပင်ပင်ပန်းပန်းနဲ့စိုက်ထားတဲ့စိုက်ခင်းကိုပြန်ရောက်ချင်တာလဲ
မင်းလူတွေရောဘယ်ရောက်ကုန်တာလဲ
ဘာကြောင့်အကုန်လိုလုပ်ရတာလဲ''
"ကျွန်တော့်အသက်အတွက် အန္တရာယ်များနေလို့ပါ ကျွန်တော်ကကိုဥက္ကာလိုလူအင်အားလက်နက်အင်အား
မလုံလောက်ဘူးလေ ပြီးတော့ ကျွန်တော့်လူတွေကလည်း ကျွန်တော့်ကိုသစ္စာဖောက်သွားတာတွေချည်းပဲ''
"အဲ့ဒါတွေကြောင့်ဆိုရင်တော့မလိုပါဘူး
မင်းနဲ့ငါကမတူဘူး ငါကအလုပ်ကို
နည်းနည်းလေးမှအမှားမခံတဲ့လူ
လွယ်လွယ်နဲ့ပြိုမလဲဘူး''
"ဘာပဲဖြစ်ဖြစ် သတိအကြီးကြီးထားစေချင်တယ်''
ထိုလူက စိုးရိမ်ကြီးစွာပြောနေသဖြင့် ဥက္ကာမျက်ခုံးပင့်သွား၏။
"ဘာဖြစ်လို့''
"တရားမဝင်လုပ်ငန်းတွေကိုဖိနှိပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ တစ်ယောက်ရှိတယ် သူက နည်းနည်းလေးမှငဲ့ညှာမပေးတတ်ဘူး သူ့ကိုအားလုံးက ဗိုလ်လင်းလို့ခေါ်ကြတယ် ကိုဥက္ကာဟိုရောက်ရင်သိမှာသာ
ဗိုလ်လင်းဆိုတာနာမည်ကြီးပဲ''
"ဗိုလ်လင်း''
ဥက္ကာကထိုလူပြောသည့်တစ်ယောက်၏
နာမည်ကိုရွတ်ကြည့်ရင်းပခုံးနှစ်ဖက်ကိုပင့်နေသည်။အဓိပ္ပါယ်မှာ သူဂရုမစိုက်သည့်သဘော။
"ငါ့လိုလူအတွက်အကြောက်တရားဆိုတာမရှိဘူး ဒါပဲမှတ်လား ရော့ ဒီကတ်မှာ
မင်းရောင်းတဲ့စျေးထက်ပိုနေတဲ့ပမာဏတွေရှိတယ်''
ဥက္ကာက သူ့အပေါ်ကုတ်အောက်က ယောက်ျားသုံးပိုက်ဆံအိတ်အခေါက်လေးကိုထုတ်ပြီး ထိုထဲမှ ကတ် တစ်ကတ်အား
စိုက်ခင်းရောင်းသည့်လူကိုသူပေးလိုက်သည်။ ထိုလူက ပိုက်ဆံကိုမျှော်နေသူမို့
ရတာနဲ့ချက်ချင်းထွက်သွားသည်။
"ကိုဥက္ကာဘာသောက်ချင်လဲဗျ ''
ထိုလူထွက်သွားပြီးနောက် တစ်ယောက်တည်းအဖော်မဲ့သယောင်ဖြစ်နေသော သူ့ကို မင်းသိုက်ကမေးလာခြင်း။
ဥက္ကာတကယ်အဖော်မဲ့နေတာ။မျှော်နေတဲ့သတင်းအခုထိမကြားရသေးလို့ပါပဲ။
"အင်း အဆင်ပြေတာသာယူခဲ့''
"ဟုတ်ကဲ့ ကိုဥက္ကာ ''
လုံခြုံရေးအတွက်အထူးသတိထားရတာကြောင့်ဥက္ကာဆိုင်ထဲသွားရင်တောင် သူ့လူတွေကပဲအစားအသောက်ကို ပြင်ဆင်ပေးသည်။ စားပွဲထိုးလည်းလက်မခံသလိုဆိုင်ရှင်လည်း ဥက္ကာအစားအသောက်နားကပ်ခွင့်မရှိ။
"ဒီမှာပါ ကိုဥက္ကာ''
မင်းသိုက်က သူ့အတွက်အနီရောင် စပျစ်ဝိုင်ယူလာပေးသည်။ ဥက္ကာ လက်ကိုင်သေးသေးသာရှိနေတဲ့ဝိုင်ခွက်အဝိုင်းကို
ကောက်ယူပြီး ဒီအတိုင်းလှည့်နေလိုက်၏။
သူယခုရောက်နေတဲ့barက နည်းနည်း
ပျင်းစရာကောင်းသည်။ ကခုန်သူသိပ်
မများသလို သီချင်းသံတွေကလည်းတိုးနေသည်။
"ဘာ ဘာဖြစ်လို့လဲ ကိုဥက္ကာ''
သူကိုင်ထားသည့်ခွက်ထဲကဝိုင်ကိုအကြောင်းအရင်းမရှိကြည့်နေသည့်အခါ
မင်းသိုက်က ထိတ်ထိတ်လန့်လန့်နဲ့မေးလာသည်။သူခေါင်းသာယမ်းပြလိုက်သည်။
တကယ်လည်းဘာမှမဖြစ်ပါ။ မင်းသိုက်ဘက်က ဝိုင်ထဲအမှိုက်ပါနေမှာစိုးပုံပဲ။
အရင်ခေါက်က သူဖျော်ပေးလာတဲ့ ကော်ဖီထဲ ပုရွက်ဆိတ်သေးသေးတစ်ကောင်ပါနေတာကြောင့် အပြစ်ပေးခံခဲ့ရတာ။ဒါကို မင်းသိုက်က နောက်တစ်ခါထပ်ဖြစ်မှာစိုးနေတာဖြစ်မည်။
ခြွမ်း!!
ဥက္ကာ ဝိုင်မော့သောက်ဖို့လုပ်စဥ် လူ
တစ်ယောက်ကသူ့ကိုအရှိန်နဲ့ဝင်တိုက်ခြင်း။ ခွက်ကကြမ်းပေါ်ပြုတ်ကျသွား
သဖြင့်ဝိုင်တွေလည်းဖိတ်ကျကုန်သည်။
ဥက္ကာ စိတ်ဆောင်လာသဖြင့်မျက်လုံးကိုခပ်တင်းတင်းမှိတ်ရင်းလက်သီးဆုပ်သည်။သူထိုင်နေတာက လူအသွားအလာမရှိတဲ့ ရှင်းတဲ့ထောင့်တစ်နေရာ။ဒါ သူ့ကိုတမင်သက်သက်ရန်စတာပဲ။
"မင်း စောက်လုံး...''
ဆွဲထိုးဖို့ပါရည်ရွယ်တာကြောင့် ဥက္ကာဆတ်ခနဲရပ်လိုက်သေးသည်။သို့သော်
မြင်လိုက်ရသည့်မျက်ဝန်းအစုံကြောင့်
သူပြီးအောင်တောင်မဆဲရက်။ ယူ!
သူအရူးတစ်ပိုင်းရှာနေမိတဲ့ လင်းဆယူကသူရှေ့တည့်တည့်ရောက်ချလာတာ။
ဘာကြောင့်သူ့ကိုယ်ရံတော်တွေရန်မမူတာလဲဆို သူကလက်ဖျားနဲ့တောင်မထိရဘူးကြေငြာထားတဲ့သူမို့လို့ပဲ။
လင်းဆယူက သူ့ကို တွေတွေလေးကြည့်နေသည်။ အနီရောင် တီရှပ်နဲ့အပေါ်ကုတ်အနက်ကိုဝတ်ထားသည့် ယူ။ မြင်နေကျထက်ပိုလှနေတာ။
"ယူ ဒီကိုရောက်နေတာပဲ ကျွန်တော်ကလိုက်ရှာနေတာ''
သူမေးတော့ လင်းဆယူက သူ့ကို
ခပ်ရေးရေးလေးပြုံးပြသည်။ ထို့နောက်
သူ့အနားတိုးကပ်လာသည်။ သူ့ပါးကိုနမ်းမိသယောင်ဖြစ်နေသည်အထိတိုးလာတဲ့လင်းဆယူ ကို ဥက္ကာ အကြောင်သားနဲ့သာ ကြည့်နေမိသည်။လင်းဆယူက
ခေါင်းစောင်းပြီး သူ့ကိုတိုးတိုးတိတ်တိတ်ပြောလာသည်။
"နောက်ကျောကိုဓားထိုးမဲ့လူယုံကိုရထားတာပဲ ဂုဏ်ယူပါတယ် အဖြူရောင်ဆိုတိုင်း
အပြစ်ကင်းမယ်ထင်ရင် ကင်းမြီးကောက်ဖြူဖြူသေးသေးတွေ
ကင်းမြီးကောက်အမည်းတွေထက်အဆိပ်ပြင်းတာသတိရ''
လင်းဆယူက ပညာသားပါပါနှင့်သူ့ သူလျှိုကို ညွှန်ပြနေတာ။ ဥက္ကာနားထောင်ရုံနဲ့ လက်သီးကိုခပ်တင်းတင်းကျစ်မိသွား၏။ ဖြူဖြူသေးသေးဆိုပေမယ့်
အဆိပ်ပြင်းတဲ့ကင်းမြီးကောက် အဖြူရောင်ဆိုတိုင်း အေးတိုင်းမယုံကြည်သင့်ဘူးဆိုတာဘဲ။ သို့သော် ဒီတစ်ယောက်ကိုတော့ ဥက္ကာ တခြားသူတွေထက်များစွာယုံကြည်ခဲ့တာ။ယခုလိုယုံကြည်ရဆုံးသူက တခြားအဖွဲ့ရဲ့သူလျှိုဖြစ်နေသည့်အခါ
ဥက္ကာ ခံပြင်းတာထက်နစ်နေအောင်နာကျင်ရသည်။
"မင်းသိုက်!''
"ဗျာ ကိုဥက္ကာ''
Advertisement
- In Serial766 Chapters
Archean Eon Art
In a world dotted with World Entrances to a demon world, demons have invaded humans for centuries. Humanity has united and one of the most ancient sects in the world, the Archean Mountain Sect, has set up an entire education system in the form of Dao Academies and defenses at the World Entrances. Meng Chuan, a young genius, is an expert at the swift saber. Despite his noble heritage, he has one goal—kill all demons. Scarred by demons because of how his mother sacrificed her life for him, he strives to enter Archean Mountain Sect to get the best resources and training. Other than cultivation, his only pleasure is drawing. And as he draws, he becomes stronger…
8 1036 - In Serial10 Chapters
I Shall Prevail
Creatures roam the lands, the skies and the seas. Races from noble elves to stubborn orcs can be seen. Strong prey on the weak since as long as time has been. The gods, giants and titans are no more but urban legends long since forgotten. Here, strength is key, for he with strength can survive and protect his loved ones. "I will grow strong no matter the cost, my sweat, blood, and tears will be the only ones falling, for I, myself, will rise. I won't quit! I won't give up! I will give it my all, I shall Prevail!" - shouted a young boy atop a hill as tears dropped from his eyes, he wasn't going to allow life to hurt him anymore. He would protect his loved ones, he would control his own fate.
8 69 - In Serial6 Chapters
Seizing Iron
A man discovers in the most terrible of ways a hidden truth of the world. Monsters exist, and now he's one of them.
8 62 - In Serial12 Chapters
Buried With Secrets
12 year old boy Hiruka Sakai is a very curious person and when he found out that 98% of the worlds population was gone 400 years ago, he really was thinking about finding the unknown man who did it. while Hiruka is looking for this unknown man, he has to go through some other things like helping out friends, becoming a threat to society to gain recognition from the unknown man, and getting more powerful. While Hiruka is on his journey, he finds some disturbing, traumatizing things that he can't even explain. This book is all about mysteries, and plot twists. Enjoy reading Buried With Secrets!
8 159 - In Serial14 Chapters
The Tower
Currently being rewritten.
8 130 - In Serial18 Chapters
Love Live! Revolution!
Idols are now illegal and the world seems empty. Yet, one boy alongside his childhood friends, You Watanabe and Miguel, wants to bring back the love that that has been taken away from the peoples' lives... Even if it means breaking the law. AU where members of μ's (Muse), Aquors, Nijisaki, and Superstar are included.
8 142

