《If you believe (Complete)》15
Advertisement
Unicode
Zawgyi
~~~~~~
ပေးထားသောအခွင့်အရေးနှင့်အချိန်မှာ၃ရက်လုံးကုန်ဆုံးတော့မည်ဖြစ်သော်လည်း ဘိန်းခင်းကကောင်တွေကတော့တစ်ယောက်မှလာရောက်အဖမ်းမခံ။ ၃ရက်မြောက်နေ့ရဲ့ မွန်းလွဲပိုင်းကိုရောက်ရှိလာသည့်တိုင်
တစ်ယောက်မှပေါ်မလာသဖြင့် လင်းဆယူတို့ချီတက်ဖို့
ပြင်ဆင်ကြတော့သည်။
စိုက်ခင်းရဲ့အရပ်တိုင်းအားတပ်သားတွေဖြန့်ကြက်ထားပြီဖြစ်ကာ အမိန့်သာပေးဖို့ဘဲကျန်တော့သည်။ ဒုစရိုက်
အပြစ်သားတွေကိုချေမှုန်းရသည့်အသေးစားတိုက်ပွဲလေးသာဖြစ်သော်ငြား လင်းဆယူတို့ဘက်ကလုံလောက်သောစစ်ကူ လက်နက်မျိုးစုံပြင်ဆင်ထားသည်။
တချို့ဂိုဏ်းအဖွဲ့တွေကအင်အားကြီးသည့်အခါအဆင့်မြင့်သော လက်နက်ခဲယမ်းတွေလည်းပိုင်ဆိုင်ထားကြသည်။
ထိုသို့သောအင်အားကြီးသည့်ဂိုဏ်းတွေကိုရင်ဆိုင်ရသည့်အခါမှာတော့ အချိန်ကလိုတာထက်ပိုကြာတတ်သလို
အကျအရှုံးတွေလည်းများတတ်သည်။
လင်းဆယူသည် တပ်သားသုံးယောက်နဲ့အတူစိုက်ခင်းရဲ့ဝင်ပေါက်နားတွင်နေရာယူထားနေသည်။တာပေါနှင့်တပ်သားတချို့ကတော့ စိုက်ခင်း၏ဒုတိယထွက်ပေါက်တွင်ရှိနေသည်။ အဲလာဦးဆောင်သည့်စနိုက်ပါတပ်ဖွဲ့ကား အနီးနားကသစ်ပင်တို့ပေါ်နေရာယူထားနေကြပြီဖြစ်သည်။
လင်းဆယူသည်သေနတ်မောင်းကိုဆွဲတင်ပြီးနောက်
အမိန့်ချဖို့မျက်လုံးမှိတ်ကာအာရုံစုစည်းထားသည်။
တက်!!!
လင်းဆယူအမိန့်ပေးလိုက်သည့်နောက်မှာတော့ သေနတ်သံတွေပြိုင်ထွက်လာသည်။တပ်သားတွေကလည်းတဖြည်းဖြည်းနဲ့ချီတက်သွားသည်။တစ်ဖက်ကလည်း ခုခံလာသည်။ ကျည်ဆန်တွေဆိုတာ မိုးစက်တို့အလား
ခေါင်းတို့ထက်ဝယ် ရွှီးခနဲ ဖြတ်သွားလာနေသဖြင့်
လင်းဆယူ၏တပ်သားများသည် မြေပေါ်တွားသွားရင်းနဲ့သာ ချီတက်နေကြသည်။
လင်းဆယူတို့ပါလာသောတပ်သားအင်အားမှာ အားလုံးပေါင်းသော် ၃၀သာကျော်သည်။တစ်ဖက်အင်အားကတော့ ရာကျော်သည်။သို့သော် သူတို့ဘယ်လောက်ပင်
အင်အားကြီးနေပါစေ နှစ်နဲ့ချီအထူးလေ့ကျင့်ထားတဲ့
လင်းဆယူတို့တပ်ကိုတော့ မနိုင်ပါချေ။ ကြောက်စိတ်ကို
ဆေးနဲ့ဖုံးလိုက်တဲ့တချို့ကဆိုအော်ရင်းပြေးထွက်လာ
သဖြင့်နေရာနဲ့တင်အသက်ပျောက်သွားကြတာများသည်။
လင်းဆယူသည်နှစ်ဦးနှစ်ဖက်ကျည်မိုးတွေရွာသွန်းနေတဲ့ကြားက စိုက်ခင်းထဲရအောင်ဝင်ပြီး ချုံပုတ်တစ်ခုနားတွင်
ဒူးတစ်ဖက်ထောက်ထိုင်ရင်းအရိပ်အကဲကြည့်နေသည်။
လင်းဆယူသည် သူ့ရှေ့ပေါ်လာသည့်တစ်ဖက်ကလူတွေကိုတစ်ယောက်ပြီးတစ်ယောက်ရှင်းပစ်နေသည်။ အဖမ်းခံဖို့အခွင့်ပေးတုန်းကအဖမ်းမခံကြသဖြင့် ယခုတွင် တစ်ဖက်ကောင်တွေဟာ သေရုံက လွတ်မြောက်အောင်
ပြေးရုံကလွဲကျန်တာဘာအခွင့်ရေးမှမရှိတော့။
လင်းဆယူသည် တစ်နေရာရှင်းပြီးသည့်အခါ တစ်ဖက်တစ်နေရာကိုအလျင်အမြန်ကူးပြောင်းနေသည်။
လင်းဆယူသည်တဲပုကလေးတစ်လုံး၏နံဘေးတွင် သေနတ်ကိုသေချာဆုပ်ကိုင်ထားရင်း ဘေးသီကို ဝေ့ဝိုက်ကာကြည့်နေသည်။
ထိုချိန်၁၂နာရီပစ်မှတ်တွင် လှုပ်ရှားမှုတစ်ခုရှိလာသဖြင့်
လင်းဆယူသည် ၁၂နာရီသို့သေနတ်ချိန်လိုက်သည်။
သို့သော် သူ၏လက်တို့ရုတ်ခြည်းရပ်တန့်သွားသည်။၁၂နာရီမှာပေါ်လာသူသည် ဥက္ကာသာဖြစ်သည်။ ဥက္ကာသည် ဒဏ်ရာရနေသောလက်တစ်ဖက်ကိုဖိထားနေသည်။
သူ့အင်္ကျီကအဖြူဖြစ်သည့်အခါ သွေးတို့ကမြင်မကောင်းအောင်ဖြစ်နေသည်။
လင်းဆယူသည်သေနတ်ကိုအမြန်သိမ်းပြီး ဥက္ကာဆီအမြန်ပြေးသွားနေသည်။
"ဥက္ကာ!''
ချစ်တဲ့သူအသံကြောင့် ချုံပုတ်ထဲကဥက္ကာမှာခေါင်းထောင်လာသည်။
"မလာနဲ့ယူ အဲ့မှာမိုင်းတစ်လုံးပျောက်နေတာ!''
ဥက္ကာသည် သူ့ဆီပြေးလာနေသောလင်းဆယူကိုပါးစပ်နဲ့အော်ပြောရုံမက အကောင်းတိုင်းရှိနေသေးတဲ့လက်တစ်ဖက်နဲ့ပါမလာဖို့ လက်ယမ်းပြနေသည်။ Kက အဲ့အနီးနားတစ်ဝိုက်မိုင်းတစ်လုံးရှိနေသေးတယ်တဲ့။ဘယ်လိုမှရှာမတွေ့တာကြောင့် ပြန်မထုတ်လိုက်ရ။ ထို့ကြောင့်
ဥက္ကာသည် သူ့ဒဏ်ရာကိုတောင်သူမမှုဘဲ မိုင်းရှိနေသည့်နေရာကပြေးလာတဲ့သူ့ချစ်သူအတွက်ရင်တထိတ်ထိတ်နဲ့ဖြစ်နေသည်။
သို့သော် ဥက္ကာသတိပေးတာကနောက်ကျသွားပုံပေါ်သည်။ လင်းဆယူသည် ဥက္ကာနှင့်၅ပေခန့်တွင်
တုတ်တုတ်မျှမလှုပ်ဘဲရပ်နေသည်။ လင်းဆယူသည် သူ့ခြေထောက်ကိုဖြည်းဖြည်းသာသာငုံ့ကြည့်နေသည်။
သေချာသည်မှာ ထိုမိုင်းကို သူယခုတက်နင်းမိထားသည်။
"ခြေထောက်ကဘာဖြစ်တာလဲ ယူ ''
ဥက္ကာသည် သွေးထွက်နေသောလက်မောင်းကိုဖိရင်း
လင်းဆယူထံပြေးလာနေသည်။ လင်းဆယူသည် သူ့အားစိုးရိမ်တကြီးဖြစ်နေသော သူ့ချစ်သူကိုခပ်ဖွဖွပြုံးပြသည်။
"ဘာမှမဖြစ်ပါဘူး တစ်နေကုန်လမ်းလျှောက်နေရလို့ညောင်းရုံပါ''
ဥက္ကာစိတ်သက်သာဖို့ လင်းဆယူသည် မုသားစကားကို
ပြုံးပြုံးနဲ့သာပြောနေသည်။ သို့သော် ဥက္ကာကတော့
ခေါင်းဆတ်ဆတ်ယမ်းသည်။
"မယုံဘူး''
ဥက္ကာသည်ပြောရင်း လင်းဆယူရှေ့ဒူးတစ်ဖက်ထောက်ကာထိုင်ချသည်။ ဥက္ကာသည် မျက်နှာကိုမြေကြီးနဲ့ထိလုမတတ်ငုံ့ပြီး လင်းဆယူခြေထောက်တွေအောက်ကိုသေချာကြည့်နေသည်။
"ယူလိမ်တယ် ယူမိုင်းနင်းမိထားတာပဲ''
ဥက္ကာသည် ချက်ချင်းငိုကြီးချသည်။ ဘေးသီကိုဝေ့ဝိုက်ကြည့်ပြီးဆောက်တည်ရာမရဖြစ်နေသည်။ ဥက္ကာသည်
သူ့ဒဏ်ရာသူလုံးလုံးမေ့နေပြီး လင်းဆယူအတွက်သာ
အရူးလိုဖြစ်နေသည်။
"မလှုပ်နဲ့နော်ယူ ခြေထောက်ပြတ်သွားလိမ့်မယ်''
ဥက္ကာသည် လင်းဆယူကိုကူညီဖို့စိတ်အားထက်သန်နေသည်။သို့ပေမယ့် ဘယ်လိုမှလုပ်မရသည့်အခါ ဥက္ကာသည် သူ့ဆံပင်တွေကိုသူဆောင့်ဆွဲနေသည်။ ဥက္ကာသည်
လင်းဆယူကိုတော့ တောင့်ခံထားဖို့ပြောသော်ငြား
သူကိုယ်တိုင်ကား ဆောက်တည်ရာမရဘဲ အရူးလိုဖြစ်နေ
သည်။
"ဥက္ကာ..''
ဥက္ကာကိုခေါ်လိုက်သည့်လင်းဆယူ၏အသံသည်တုန်ယင်ပြီးငိုသံပါနေသည်။ လင်းဆယူသည် သူ့အတွက်နဲ့ အရူးလိုဖြစ်နေတဲ့ဥက္ကာကိုကြည့်ရင်း တသိမ့်သိမ့်တုန်သည်အထိငိုနေသည်။ ယခုအရူးနဲ့မခြားတဲ့ဥက္ကာရဲ့ပုံစံသည်
လင်းဆယူကိုအကြိမ်ကြိမ်ခါခါသေစေနိုင်လေသည်။
"မင်းငါ့ကိုချစ်တယ်ဆိုရင် မင်းငါ့ကိုစိတ်ပူတယ်ဆိုရင်
ဘာလို့ငါ့ကိုထားခဲ့ဖို့လွယ်လွယ်နဲ့ဆုံးဖြတ်နိုင်ရတာလဲ ဟမ် ဥက္ကာ''
လင်းဆယူသည်အဆက်မပျက်စီးကျလာသောမျက်ရည်ပင်သုတ်ဖို့အားမရှိ။ လင်းဆယူသည် သူ့ရှေ့ဒူးထောက်ကာထိုင်နေသော ဥက္ကာကိုမျက်ရည်ကြားကငုံ့ကြည့်ရင်း
ဥက္ကာမျက်နှာကိုလက်တစ်ဖက်နဲ့အုပ်ကိုင်နေသည်။
"ထိုင်မနေဘဲငါ့ကိုဖက်ထားပေးပါလား ဥက္ကာ ပြီးရင်
ငါ့ကိုယ်ကအစိတ်စိတ်အမြွှာမြွှာကြေမွသွားန်ိုင်တာမလို့''
"ဟင့်အင်း အဲ့လိုမဖြစ်ရဘူး''
ဥက္ကာသည်ခေါင်းပြတ်မတတ်ယမ်းပြီး လင်းဆယူကို
ညင်ညင်သာသာထွေးဖက်နေသည်။သူလှုပ်လိုက်ပါက
လင်းဆယူခြေအောက်ကမိုင်းပေါက်ကွဲသွားမှာစိုးသဖြင့်
ဥက္ကာသည် လင်းဆယူကိုထိရုံလေးသာဖက်ထားသည်။
လင်းဆယူကမူ ဥက္ကာအားပြန်ဖက်လိုက်ပြီးဥက္ကာပခုံးပေါ်မျက်နှာအပ်ကာငိုနေသည်။
"ဘဝကိုလွယ်လွယ်နဲ့လက်မြောက်အရှုံးပေးနေတဲ့မင်းရဲ့နာကျင်မှုကိုငါအပြည့်အဝနားမလည်သလို မင်းမရှိတော့ရင်ငါဘယ်လောက်နာကျင်ရမလဲဆိုတာကိုလည်းမင်း
အပြည့်အဝနားမလည်ပါဘူး ''
လင်းဆယူသည် နာနာကျင်ကျင်ပြောရင်း တစ်ချက်ရှိုက်သည်။
"အချိန်တန်ရင်မေ့သွားမှာပါလို့မင်းပြောနိုင်တာကိုငါသေချင်တယ်ဥက္ကာ ငါဘယ်လောက်ခံစားနေရမလဲ မင်း
မတွေးမိဘူးမဟုတ်လား ''
လင်းဆယူသည် ငိုရင်းပြောပြီးနောက်တွင်မျက်ရည်တွေကိုသုတ်ပစ်ကာ ဥက္ကာမျက်လုံးတွေကိုစိုက်ကြည့်လာသည်။ ငြိမ်သက်နေသည့်ဥက္ကာသည် မိုးသည်းသလိုငိုကြီးချရင်း လင်းဆယူပါးတစ်ဖက်ကိုပွတ်သပ်နေသည်။
"အားလုံးကကျွန်တော့်အပြစ်တွေပါ ကျွန်. ကျွန်တော် ကျွန်တော်သာ ယူ့ကိုအစကတည်းကမကပ်ခဲ့ရင် ယူဒီလိုနာကျင်ရမှာမဟုတ်ဘူး ''
သူ့ကိုယ်သူအချိန်ပြည့်အပြစ်တင်နေသည့်ဥက္ကာကြောင့်
လင်းဆယူခေါင်းအမြန်ယမ်းရင်း ဥက္ကာပါးစပ်ကိုလက်နဲ့အုပ်လိုက်သည်။
"အဲ့လိုမပြောပါနဲ့ဥက္ကာ ငါ့အတွက်မင်းကနောင်တတစ်ခုမဟုတ်ဘူး ''
လင်းဆယူသည်သူချစ်တဲ့သူ့ချစ်သူအားမျက်ရည်ကြားကမြတ်မြတ်နိုးနိုးကြည့်သည်။လင်းဆယူသည်မျက်လုံးမှိတ်ကာ ဥက္ကာနဖူးကိုအချိန်တစ်ခုထိနှုတ်ခမ်းဖိကပ်ထားသည်။ ဥက္ကာနဖူးကိုနမ်းနေစဥ် လင်းဆယူ၏မျက်ရည်တစ်စက်က ပန်းကြွေသည့်အလာ ရင်နှင့်ဖွယ်ကျလာသည်။
"ငါတို့ဒီဘဝမှာဘယ်လိုမှမရှေ့ဆက်နိုင်တော့တာသေချာရင်နောက်ဘဝမှာထပ်ဆုံရအောင် ''
လင်းဆယူ၏စကားကြောင့် ဥက္ကာလင်းဆယူကိုအကြောင်သားနဲ့ကြည့်နေတော့သည်။လင်းဆယူသည်
သူနဲ့အတူသေဆုံးဖို့ကိုရွေးချယ်နေသည်။ ဥက္ကာ
နာနာကျင်ကျင်ပြုံးလိုက်သည်။ သူဆိုတာအမှိုက်သက်သက်။ယခုသူ့ကြောင့် သူချစ်တဲ့သူကပါ ဘဝကိုအရှုံးပေးနေသည်။
ဥက္ကာသည်ပါးထက်ကမျက်ရည်တို့ကိုသုတ်ပြီးနာကျင်စွာပြုံးနေသည်။ ထို့နောက် ဥက္ကာသည် လင်းဆယူရှေ့ဒူးတစ်ဖက်ထောက်ကာထိုင်ချပြန်သည်။
"ဘာလုပ်တာလဲ ဥက္ကာ''
လင်းဆယူ ထိတ်ထိတ်လန့်လန့်နဲ့မေးနေသည်။ ဥက္ကာပုံစံကတစ်ခုခုလုပ်ဖို့စဥ်းစားနေသယောင်။ လင်းဆယူမေးတော့ ဥက္ကာကအပြုံးလေးနဲ့လင်းဆယူကိုမော့ကြည့်၏။
"မျက်လုံးမှိတ်ပါ ယူ''
"ဟမ်!''
"ကျွန်တော်ယူ့ကိုပေးစရာရှိလို့ ယူချက်ချင်းမြင်လိုက်ရင်ပျော်စရာမကောင်းဘူးလေ''
လင်းဆယူတွေဝေနေသည်။ဒီအချိန်ကြီးမှာဥက္ကာကသူ့ကိုဘာပေးမလို့လဲ။ လင်းဆယူမလုပ်တော့ ဥက္ကာကဖွဖွပြောနေသဖြင့် လင်းဆယူမှိတ်ပေးလိုက်ပါသည်။ထိုစဥ်
ဥက္ကာသည် ချစ်တဲ့သူကိုမော့ကြည့်ရင်းပြုံးသည်။
ချက်ချင်းပါပဲ ဥက္ကာသည် လင်းဆယူကိုခါးမှ အုပ်ပြီး
အတွန်းကိုတိုးပစ်သည်။မိုင်းကလည်းချက်ချင်းထပေါက်လာသဖြင့် ဥက္ကာသည်မီးတောက်တို့နဲ့အတူအထက်ကိုအရှိန်နဲ့ဆန်တက်သွားပြီး မြေပေါ်ကိုဘုန်းခနဲပြန်ကျလာသည်။
"ဥက္ကာ!''
လင်းဆယူသည် ဥက္ကာဆီအမြန်ပြေးပြီးဥက္ကာတစ်ကိုယ်လုံးကိုပွေ့ဖက်ထားလိုက်သည်။ ဥက္ကာသည် မိုင်းထိသွားသဖြင့်တစ်ကိုယ်လုံးရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။
မျက်နှာတစ်ခုလုံးသွေးစွန်းနေပြီး ပါးစပ်ကလည်းသွေးတွေအန်နေသည်။
"ဥက္ကာ!''
လင်းဆယူသည်ချစ်တဲ့သူကိုပွေ့ဖက်ရင်းအရူးလိုအော်ငိုသည်။ မိုင်းနဲ့အဝေးကိုအတွန်းခံခဲ့ရတာကြောင့်
လင်းဆယူအပူဟရုံသာဖြစ်ခဲ့ပေမယ့် ဥက္ကာကတော့
အဝတ်တွေပါအကုန်ကြေနေသည်။
ဥက္ကာသည် ငိုနေသောချစ်သူကိုသွေးအန်နေတဲ့ကြားကမရမကမော့ကြည့်ပြီး ချစ်သူ့ပါးတစ်ဖက်ကိုအသားတွေပွန်းပဲ့ကုန်တဲ့လက်နဲ့အသာအယာထိနေသည်။
"မင်းဘာလုပ်ဒီလိုလုပ်ရတာလဲ ဥက္ကာ!''
လင်းဆယူသည်အော်ရင်း ရင်ကွဲမတတ်ငိုသည်။ဥက္ကာသည် သွေးများကြားကချစ်တဲ့သူကိုပြုံးပြသည်။
"ယူ့အတွက်ဆို အဟွပ် ကျွန်တော်အကုန်လုပ်ရဲတယ်
အဟွပ်''
ဥက္ကာသည်စကားတစ်ချက်ပြောတိုင်းသွေးများစွာထအန်သည်။လင်းဆယူက စကားမပြောဖို့တားလည်းဥက္ကာသည် ပြုံးရင်းဆက်ပြောသည်။
"ကျွန်တော် ဒီဘဝကိုမုန်းပေမယ့် အား!''
Advertisement
ဥက္ကာသည် စကားဆုံးအောင်မပြောနိုင်ခင်တစ်ချက်တွန့်လိမ်သည်။ တစ်ကိုယ်လုံးပွန်းပဲ့ကျိုးကြေနေတာကြောင့်
ဥက္ကာသည် နာကျင်ကာတွန့်လိမ်နေသည်။
"ယူ့ကိုတော့ချစ်တယ် အဟွပ် ကျွန်တော်မရှိလည်း
အဟွပ် ယူဆက်ရှင်သန်ရမယ်နော်''
ဥက္ကာသည်စကားမပြောနိုင်တော့တဲ့ကြားကသူပြောချင်တာတွေကိုမရမကပြောနေသည်။အသံကထွက်
တစ်ချက်မထွက်တစ်ချက်။ မျက်လုံးတွေဟာနီရဲလွန်းနေပြီး မျက်ရည်တွေလည်းများစွာ စီးကျနေသည်။
"ယူ. . အာ''
ဥက္ကာသည် ငိုနေသောသူ့ချစ်သူအားစကားဆက်ပြောချင်သော်ငြား သူအသံမထွက်တော့ချေ။ လင်းဆယူသည်
ခေါင်းကိုအကြမ်းပတမ်းယမ်းပြီးငိုကြွေးသည်။ဥက္ကာသည်
စကားမပြောနိုင်တော့တာတောင် သူ့ကိုမျှော်လင့်တကြီးကြည့်နေသေးသည်။ ဥက္ကာသည် လင်းဆယူထံက ကတိကို လိုချင်နေသည်။
"ပေးတယ် မင်းမရှိလည်းဆက်ရှင်သန်မယ်လို့ကတိပေးတယ်''
လင်းဆယူသည် ဗလုံးဗထွေးပြောရင်း ဥက္ကာကိုခေါင်းဆတ်ဆတ်ညိတ်ပြသည်။ လင်းဆယူမျက်ရည်တို့သည် ဆည်ကျိုးသည့်အတိုင်းအတားအဆီးမဲ့စွာစီးကျနေသည်။
ဥက္ကာသည် သူချစ်တဲ့သူထံက ကတိရလိုက်သဖြင့်စိတ်ချသွားနေသည်။ ဥက္ကာသည် ချစ်တဲ့သူကို မျက်ရည်ရွှဲနဲ့
ကြည့်နေသည်။ ၃မိနစ်မရှိလိုက်ပါ ဥက္ကာသည်မျက်လုံးမှိတ်ကျသွားပြီး လင်းဆယူလက်မောင်းပေါ်ခေါင်းကျသွားသည်။
ဥက္ကာ သေဆုံးသွားပြီဖြစ်သည်။
လင်းဆယူသည် ငိုကြွေးနေတာရပ်ပြီးသူ့လက်မောင်းပေါ်ခေါင်းအုံးကာငြိမ်နေတဲ့ဥက္ကာကိုခေါ်နိုးနေသည်။
"ဥက္ကာ..''
လင်းဆယူခေါ်နေပေမယ့် သူချစ်တဲ့သူကတော့ပြန်ထူး
မလာ။
"ဥက္ကာ ''
လင်းဆယူသည်ဥက္ကာတစ်ကိုယ်လုံးကိုလှုပ်ယမ်းပြီးဆက်ခေါ်သည်။ ဥက္ကာကထူးမလာပြန်။ လင်းဆယူသည်
ဥက္ကာသူ့ကိုအပြီးတိုင်ထားခဲ့ပြီဆိုတာကို ကောင်းစွာသိနေသည်။ သို့သော် သူ့နှလုံးသားကလက်မခံသဖြင့်
ဥက္ကာတစ်ကိုယ်လုံးကိုသိမ်းကျုံးဖက်ပြီးရင်ကွဲပက်လက်
ငိုနေသည်။
"ဥက္ကာ မျက်လုံးဖွင့်ပြီးငါ့ကိုကြည့်ပါဦး''
လင်းဆယူသည်သွေးရွှဲနေသည့်ချစ်သူမျက်နှာကိုလက်နှင့်အုပ်ရင်းလှုပ်ယမ်းနေသည်။ လင်းဆယူ၏မျက်ရည်များသည်ယခုချိန်အတားအဆီးမဲ့နေသည်။လင်းဆယူသည် ဥက္ကာနဖူးအားနှုတ်ခမ်းတေ့ကာဖိနမ်းရင်း
တစ်ကိုယ်လုံးတုန်ယင်နေအောင်ငိုသည်။
"ချစ်တယ်ဆိုရင်ဘာလို့ထားခဲ့ရတာလဲ''
လင်းဆယူသည်အသက်မဲ့သွားပြီဖြစ်သောသူ့ချစ်သူကို
စကားတွေပြောနေတုန်းဖြစ်သည်။သူပြောပါများလျှင်
ဥက္ကာပြန်နိုးလာကောင်းနိုးလာလိမ့်မည်ဟု လင်းဆယူက
ရူးမိုက်စွာယုံကြည်နေခြင်းဖြစ်သည်။ ဘယ်လိုလုပ်လုပ်
နိုးမလာတော့ လင်းဆယူသည် ဥက္ကာကိုယ်ကိုမြေပေါ်အသာချပြီး ဥက္ကာနှုတ်ခမ်းကိုတစ်ချက်ဖိနမ်းနေသည်။
လင်းဆယူ၏မျက်ရည်တွေကတော့ ယခုချိန်ထိမိုးလိုသွန်းနေတုန်း။
"မင်းငါ့ကိုတကယ်ထားသွားပြီပဲ''
လင်းဆယူသည် နောက်ဆုံးမှာတော့အမှန်တရားကိုလက်ခံသွားသည်။သို့သော် သူအသည်းထဲခိုက်အောင်နာကျင်နေသည်။ ရင်ကွဲမတတ်ခံစားရသည်။
တိုက်ပွဲအခြေနေက အနည်းငယ်ငြိမ်သက်သွားသည်။
အဝေးတစ်နေရာက တာပေါသည် လင်းဆယူထံ အမြန်ပြေးလာနေသည်။လင်းဆယူကတော့ တာပေါကို
မော့ကြည့်မလာပါ။ မြေပေါ်တုတ်တုတ်မျှမလှုပ်တော့သော သူ့ချစ်သူကိုသာ ငိုရင်းထိုင်ကြည့်နေသည်။
"ဗိုလ်လင်း ဘယ်နားထိသွားသေးလဲ''
တာပေါအမေးကိုလင်းဆယူကခေါင်းယမ်းပြီးငိုရင်းရှိုက်နေသည်။
"သူ ငါ့ကိုထားသွားပြီ တာပေါ''
လင်းဆယူသည် သူ့ချစ်သူကိုသာတစ်ချိန်လုံးကြည့်နေသည်။သူ့ချစ်သူကတုတ်တုတ်မျှမလှုပ်တော့တာတောင် လင်းဆယူသည် သူ့ချစ်သူလက်နှစ်ဖက်ကိုယုယုယယဆုပ်ကိုင်ထားသည်။
"ငါ ငါ့ချစ်သူကို ကိုယ်တိုင်သဂြိုလ်မယ် ''
လင်းဆယူသည် သေချာသောစကားတစ်ခွန်းကိုပြတ်ပြတ်ပြောပြီး ချစ်သူ့နဖူးကိုနှုတ်ခမ်းဖိအပ်လိုက်သည်။သူ၏မျက်ရည်စီးကြောင်းနှစ်ခုသည်
သူ့ချစ်သူနဖူးပေါ် ခုန်ဆင်းသွားသည်။
သူ့ချစ်သူသည် သေဆုံးသွားခဲ့လေသည်။
ဒီလိုလက်ခံလိုက်ချိန် လင်းဆယူသည် နှုတ်ခမ်းကိုဖိကိုက်ရင်း အသံတိတ်ဆက်ငိုနေသည်။ သူသည် သူ့ချစ်သူကို
အပြီးတိုင်ဆုံးရှုံးသွားခဲ့သည်။
.
Greenleaf 🌿
ဥက္ကာနေရာကဝင်ခံစားကြည့်လိုက်ပါ ဒါဆိုဥက္ကာရွေးချယ်သွားတဲ့အရာက ဖြစ်သင့်သလားပေါ့ 💔
_____________________________
Unicode
Zawgyi
~~~~~~
ေပးထားေသာအခြင့္အေရးႏွင့္အခ်ိန္မွာ၃ရက္လုံးကုန္ဆုံးေတာ့မည္ျဖစ္ေသာ္လည္း ဘိန္းခင္းကေကာင္ေတြကေတာ့တစ္ေယာက္မွလာေရာက္အဖမ္းမခံ။ ၃ရက္ေျမာက္ေန႕ရဲ႕ မြန္းလြဲပိုင္းကိုေရာက္ရွိလာသည့္တိုင္
တစ္ေယာက္မွေပၚမလာသျဖင့္ လင္းဆယူတို႔ခ်ီတက္ဖို႔
ျပင္ဆင္ၾကေတာ့သည္။
စိုက္ခင္းရဲ႕အရပ္တိုင္းအားတပ္သားေတြျဖန့္ၾကက္ထားၿပီျဖစ္ကာ အမိန့္သာေပးဖို႔ဘဲက်န္ေတာ့သည္။ ဒုစရိုက္
အျပစ္သားေတြကိုေခ်မႈန္းရသည့္အေသးစားတိုက္ပြဲေလးသာျဖစ္ေသာ္ျငား လင္းဆယူတို႔ဘက္ကလုံေလာက္ေသာစစ္ကူ လက္နက္မ်ိဳးစုံျပင္ဆင္ထားသည္။
တခ်ိဳ႕ဂိုဏ္းအဖြဲ႕ေတြကအင္အားႀကီးသည့္အခါအဆင့္ျမင့္ေသာ လက္နက္ခဲယမ္းေတြလည္းပိုင္ဆိုင္ထားၾကသည္။
ထိုသို႔ေသာအင္အားႀကီးသည့္ဂိုဏ္းေတြကိုရင္ဆိုင္ရသည့္အခါမွာေတာ့ အခ်ိန္ကလိုတာထက္ပိုၾကာတတ္သလို
အက်အရႈံးေတြလည္းမ်ားတတ္သည္။
လင္းဆယူသည္ တပ္သားသုံးေယာက္နဲ႕အတူစိုက္ခင္းရဲ႕ဝင္ေပါက္နားတြင္ေနရာယူထားေနသည္။တာေပါႏွင့္တပ္သားတခ်ိဳ႕ကေတာ့ စိုက္ခင္း၏ဒုတိယထြက္ေပါက္တြင္ရွိေနသည္။ အဲလာဦးေဆာင္သည့္စနိုက္ပါတပ္ဖြဲ႕ကား အနီးနားကသစ္ပင္တို႔ေပၚေနရာယူထားေနၾကၿပီျဖစ္သည္။
လင္းဆယူသည္ေသနတ္ေမာင္းကိုဆြဲတင္ၿပီးေနာက္
အမိန့္ခ်ဖိဳ႕မ်က္လုံးမွိတ္ကာအာ႐ုံစုစည္းထားသည္။
တက္!!!
လင္းဆယူအမိန့္ေပးလိုက္သည့္ေနာက္မွာေတာ့ ေသနတ္သံေတြၿပိဳင္ထြက္လာသည္။တပ္သားေတြကလည္းတျဖည္းျဖည္းနဲ႕ခ်ီတက္သြားသည္။တစ္ဖက္ကလည္း ခုခံလာသည္။ က်ည္ဆန္ေတြဆိုတာ မိုးစက္တို႔အလား
ေခါင္းတို႔ထက္ဝယ္ ႐ႊီးခနဲ ျဖတ္သြားလာေနသျဖင့္
လင္းဆယူ၏တပ္သားမ်ားသည္ ေျမေပၚတြားသြားရင္းနဲ႕သာ ခ်ီတက္ေနၾကသည္။
လင္းဆယူတို႔ပါလာေသာတပ္သားအင္အားမွာ အားလုံးေပါင္းေသာ္ ၃၀သာေက်ာ္သည္။တစ္ဖက္အင္အားကေတာ့ ရာေက်ာ္သည္။သို႔ေသာ္ သူတို႔ဘယ္ေလာက္ပင္
အင္အားႀကီးေနပါေစ ႏွစ္နဲ႕ခ်ီအထူးေလ့က်င့္ထားတဲ့
လင္းဆယူတို႔တပ္ကိုေတာ့ မနိုင္ပါေခ်။ ေၾကာက္စိတ္ကို
ေဆးနဲ႕ဖုံးလိုက္တဲ့တခ်ိဳ႕ကဆိုေအာ္ရင္းေျပးထြက္လာ
သျဖင့္ေနရာနဲ႕တင္အသက္ေပ်ာက္သြားၾကတာမ်ားသည္။
လင္းဆယူသည္ႏွစ္ဦးႏွစ္ဖက္က်ည္မိုးေတြ႐ြာသြန္းေနတဲ့ၾကားက စိုက္ခင္းထဲရေအာင္ဝင္ၿပီး ခ်ဳံပုတ္တစ္ခုနားတြင္
ဒူးတစ္ဖက္ေထာက္ထိုင္ရင္းအရိပ္အကဲၾကည့္ေနသည္။
လင္းဆယူသည္ သူ႕ေရွ႕ေပၚလာသည့္တစ္ဖက္ကလူေတြကိုတစ္ေယာက္ၿပီးတစ္ေယာက္ရွင္းပစ္ေနသည္။ အဖမ္းခံဖို႔အခြင့္ေပးတုန္းကအဖမ္းမခံၾကသျဖင့္ ယခုတြင္ တစ္ဖက္ေကာင္ေတြဟာ ေသ႐ုံက လြတ္ေျမာက္ေအာင္
ေျပး႐ုံကလြဲက်န္တာဘာအခြင့္ေရးမွမရွိေတာ့။
လင္းဆယူသည္ တစ္ေနရာရွင္းၿပီးသည့္အခါ တစ္ဖက္တစ္ေနရာကိုအလ်င္အျမန္ကူးေျပာင္းေနသည္။
လင္းဆယူသည္တဲပုကေလးတစ္လုံး၏နံေဘးတြင္ ေသနတ္ကိုေသခ်ာဆုပ္ကိုင္ထားရင္း ေဘးသီကို ေဝ့ဝိုက္ကာၾကည့္ေနသည္။
ထိုခ်ိန္၁၂နာရီပစ္မွတ္တြင္ လႈပ္ရွားမႈတစ္ခုရွိလာသျဖင့္
လင္းဆယူသည္ ၁၂နာရီသို႔ေသနတ္ခ်ိန္လိုက္သည္။
သို႔ေသာ္ သူ၏လက္တို႔႐ုတ္ျခည္းရပ္တန့္သြားသည္။၁၂နာရီမွာေပၚလာသူသည္ ဥကၠာသာျဖစ္သည္။ ဥကၠာသည္ ဒဏ္ရာရေနေသာလက္တစ္ဖက္ကိုဖိထားေနသည္။
သူ႕အကၤ်ီကအျဖဴျဖစ္သည့္အခါ ေသြးတို႔ကျမင္မေကာင္းေအာင္ျဖစ္ေနသည္။
လင္းဆယူသည္ေသနတ္ကိုအျမန္သိမ္းၿပီး ဥကၠာဆီအျမန္ေျပးသြားေနသည္။
"ဥကၠာ!''
ခ်စ္တဲ့သူအသံေၾကာင့္ ခ်ဳံပုတ္ထဲကဥကၠာမွာေခါင္းေထာင္လာသည္။
"မလာနဲ႕ယူ အဲ့မွာမိုင္းတစ္လုံးေပ်ာက္ေနတာ!''
ဥကၠာသည္ သူ႕ဆီေျပးလာေနေသာလင္းဆယူကိုပါးစပ္နဲ႕ေအာ္ေျပာ႐ုံမက အေကာင္းတိုင္းရွိေနေသးတဲ့လက္တစ္ဖက္နဲ႕ပါမလာဖို႔ လက္ယမ္းျပေနသည္။ Kက အဲ့အနီးနားတစ္ဝိုက္မိုင္းတစ္လုံးရွိေနေသးတယ္တဲ့။ဘယ္လိုမွရွာမေတြ႕တာေၾကာင့္ ျပန္မထုတ္လိုက္ရ။ ထို႔ေၾကာင့္
ဥကၠာသည္ သူ႕ဒဏ္ရာကိုေတာင္သူမမႈဘဲ မိုင္းရွိေနသည့္ေနရာကေျပးလာတဲ့သူ႕ခ်စ္သူအတြက္ရင္တထိတ္ထိတ္နဲ႕ျဖစ္ေနသည္။
သို႔ေသာ္ ဥကၠာသတိေပးတာကေနာက္က်သြားပုံေပၚသည္။ လင္းဆယူသည္ ဥကၠာႏွင့္၅ေပခန့္တြင္
တုတ္တုတ္မွ်မလႈပ္ဘဲရပ္ေနသည္။ လင္းဆယူသည္ သူ႕ေျခေထာက္ကိုျဖည္းျဖည္းသာသာငုံ႕ၾကည့္ေနသည္။
ေသခ်ာသည္မွာ ထိုမိုင္းကို သူယခုတက္နင္းမိထားသည္။
"ေျခေထာက္ကဘာျဖစ္တာလဲ ယူ ''
ဥကၠာသည္ ေသြးထြက္ေနေသာလက္ေမာင္းကိုဖိရင္း
လင္းဆယူထံေျပးလာေနသည္။ လင္းဆယူသည္ သူ႕အားစိုးရိမ္တႀကီးျဖစ္ေနေသာ သူ႕ခ်စ္သူကိုခပ္ဖြဖြၿပဳံးျပသည္။
"ဘာမွမျဖစ္ပါဘူး တစ္ေနကုန္လမ္းေလွ်ာက္ေနရလို႔ေညာင္း႐ုံပါ''
ဥကၠာစိတ္သက္သာဖို႔ လင္းဆယူသည္ မုသားစကားကို
ၿပဳံးၿပဳံးနဲ႕သာေျပာေနသည္။ သို႔ေသာ္ ဥကၠာကေတာ့
ေခါင္းဆတ္ဆတ္ယမ္းသည္။
"မယုံဘူး''
ဥကၠာသည္ေျပာရင္း လင္းဆယူေရွ႕ဒူးတစ္ဖက္ေထာက္ကာထိုင္ခ်သည္။ ဥကၠာသည္ မ်က္ႏွာကိုေျမႀကီးနဲ႕ထိလုမတတ္ငုံ႕ၿပီး လင္းဆယူေျခေထာက္ေတြေအာက္ကိုေသခ်ာၾကည့္ေနသည္။
"ယူလိမ္တယ္ ယူမိုင္းနင္းမိထားတာပဲ''
ဥကၠာသည္ ခ်က္ခ်င္းငိုႀကီးခ်သည္။ ေဘးသီကိုေဝ့ဝိုက္ၾကည့္ၿပီးေဆာက္တည္ရာမရျဖစ္ေနသည္။ ဥကၠာသည္
သူ႕ဒဏ္ရာသူလုံးလုံးေမ့ေနၿပီး လင္းဆယူအတြက္သာ
အ႐ူးလိုျဖစ္ေနသည္။
"မလႈပ္နဲ႕ေနာ္ယူ ေျခေထာက္ျပတ္သြားလိမ့္မယ္''
ဥကၠာသည္ လင္းဆယူကိုကူညီဖို႔စိတ္အားထက္သန္ေနသည္။သို႔ေပမယ့္ ဘယ္လိုမွလုပ္မရသည့္အခါ ဥကၠာသည္ သူ႕ဆံပင္ေတြကိုသူေဆာင့္ဆြဲေနသည္။ ဥကၠာသည္
လင္းဆယူကိုေတာ့ ေတာင့္ခံထားဖို႔ေျပာေသာ္ျငား
သူကိုယ္တိုင္ကား ေဆာက္တည္ရာမရဘဲ အ႐ူးလိုျဖစ္ေန
သည္။
"ဥကၠာ..''
ဥကၠာကိုေခၚလိုက္သည့္လင္းဆယူ၏အသံသည္တုန္ယင္ၿပီးငိုသံပါေနသည္။ လင္းဆယူသည္ သူ႕အတြက္နဲ႕ အ႐ူးလိုျဖစ္ေနတဲ့ဥကၠာကိုၾကည့္ရင္း တသိမ့္သိမ့္တုန္သည္အထိငိုေနသည္။ ယခုအ႐ူးနဲ႕မျခားတဲ့ဥကၠာရဲ႕ပုံစံသည္
လင္းဆယူကိုအႀကိမ္ႀကိမ္ခါခါေသေစနိုင္ေလသည္။
"မင္းငါ့ကိုခ်စ္တယ္ဆိုရင္ မင္းငါ့ကိုစိတ္ပူတယ္ဆိုရင္
ဘာလို႔ငါ့ကိုထားခဲ့ဖို႔လြယ္လြယ္နဲ႕ဆုံးျဖတ္နိုင္ရတာလဲ ဟမ္ ဥကၠာ''
လင္းဆယူသည္အဆက္မပ်က္စီးက်လာေသာမ်က္ရည္ပင္သုတ္ဖို႔အားမရွိ။ လင္းဆယူသည္ သူ႕ေရွ႕ဒူးေထာက္ကာထိုင္ေနေသာ ဥကၠာကိုမ်က္ရည္ၾကားကငုံ႕ၾကည့္ရင္း
ဥကၠာမ်က္ႏွာကိုလက္တစ္ဖက္နဲ႕အုပ္ကိုင္ေနသည္။
"ထိုင္မေနဘဲငါ့ကိုဖက္ထားေပးပါလား ဥကၠာ ၿပီးရင္
ငါ့ကိုယ္ကအစိတ္စိတ္အႁမႊာႁမႊာေၾကမြသြားန္ိုင္တာမလို႔''
"ဟင့္အင္း အဲ့လိုမျဖစ္ရဘူး''
ဥကၠာသည္ေခါင္းျပတ္မတတ္ယမ္းၿပီး လင္းဆယူကို
ညင္ညင္သာသာေထြးဖက္ေနသည္။သူလႈပ္လိုက္ပါက
လင္းဆယူေျခေအာက္ကမိုင္းေပါက္ကြဲသြားမွာစိုးသျဖင့္
ဥကၠာသည္ လင္းဆယူကိုထိ႐ုံေလးသာဖက္ထားသည္။
လင္းဆယူကမူ ဥကၠာအားျပန္ဖက္လိုက္ၿပီးဥကၠာပခုံးေပၚမ်က္ႏွာအပ္ကာငိုေနသည္။
"ဘဝကိုလြယ္လြယ္နဲ႕လက္ေျမာက္အရႈံးေပးေနတဲ့မင္းရဲ႕နာက်င္မႈကိုငါအျပည့္အဝနားမလည္သလို မင္းမရွိေတာ့ရင္ငါဘယ္ေလာက္နာက်င္ရမလဲဆိုတာကိုလည္းမင္း
အျပည့္အဝနားမလည္ပါဘူး ''
လင္းဆယူသည္ နာနာက်င္က်င္ေျပာရင္း တစ္ခ်က္ရွိုက္သည္။
"အခ်ိန္တန္ရင္ေမ့သြားမွာပါလို႔မင္းေျပာနိုင္တာကိုငါေသခ်င္တယ္ဥကၠာ ငါဘယ္ေလာက္ခံစားေနရမလဲ မင္း
မေတြးမိဘူးမဟုတ္လား ''
လင္းဆယူသည္ ငိုရင္းေျပာၿပီးေနာက္တြင္မ်က္ရည္ေတြကိုသုတ္ပစ္ကာ ဥကၠာမ်က္လုံးေတြကိုစိုက္ၾကည့္လာသည္။ ၿငိမ္သက္ေနသည့္ဥကၠာသည္ မိုးသည္းသလိုငိုႀကီးခ်ရင္း လင္းဆယူပါးတစ္ဖက္ကိုပြတ္သပ္ေနသည္။
"အားလုံးကကြၽန္ေတာ့္အျပစ္ေတြပါ ကြၽန္. ကြၽန္ေတာ္ ကြၽန္ေတာ္သာ ယူ႕ကိုအစကတည္းကမကပ္ခဲ့ရင္ ယူဒီလိုနာက်င္ရမွာမဟုတ္ဘူး ''
သူ႕ကိုယ္သူအခ်ိန္ျပည့္အျပစ္တင္ေနသည့္ဥကၠာေၾကာင့္
လင္းဆယူေခါင္းအျမန္ယမ္းရင္း ဥကၠာပါးစပ္ကိုလက္နဲ႕အုပ္လိုက္သည္။
"အဲ့လိုမေျပာပါနဲ႕ဥကၠာ ငါ့အတြက္မင္းကေနာင္တတစ္ခုမဟုတ္ဘူး ''
လင္းဆယူသည္သူခ်စ္တဲ့သူ႕ခ်စ္သူအားမ်က္ရည္ၾကားကျမတ္ျမတ္နိုးနိုးၾကည့္သည္။လင္းဆယူသည္မ်က္လုံးမွိတ္ကာ ဥကၠာနဖူးကိုအခ်ိန္တစ္ခုထိႏႈတ္ခမ္းဖိကပ္ထားသည္။ ဥကၠာနဖူးကိုနမ္းေနစဥ္ လင္းဆယူ၏မ်က္ရည္တစ္စက္က ပန္းေႂကြသည့္အလာ ရင္ႏွင့္ဖြယ္က်လာသည္။
"ငါတို႔ဒီဘဝမွာဘယ္လိုမွမေရွ႕ဆက္နိုင္ေတာ့တာေသခ်ာရင္ေနာက္ဘဝမွာထပ္ဆုံရေအာင္ ''
လင္းဆယူ၏စကားေၾကာင့္ ဥကၠာလင္းဆယူကိုအေၾကာင္သားနဲ႕ၾကည့္ေနေတာ့သည္။လင္းဆယူသည္
သူနဲ႕အတူေသဆုံးဖို႔ကိုေ႐ြးခ်ယ္ေနသည္။ ဥကၠာ
နာနာက်င္က်င္ၿပဳံးလိုက္သည္။ သူဆိုတာအမွိုက္သက္သက္။ယခုသူ႕ေၾကာင့္ သူခ်စ္တဲ့သူကပါ ဘဝကိုအရႈံးေပးေနသည္။
ဥကၠာသည္ပါးထက္ကမ်က္ရည္တို႔ကိုသုတ္ၿပီးနာက်င္စြာၿပဳံးေနသည္။ ထို႔ေနာက္ ဥကၠာသည္ လင္းဆယူေရွ႕ဒူးတစ္ဖက္ေထာက္ကာထိုင္ခ်ျပန္သည္။
"ဘာလုပ္တာလဲ ဥကၠာ''
လင္းဆယူ ထိတ္ထိတ္လန့္လန့္နဲ႕ေမးေနသည္။ ဥကၠာပုံစံကတစ္ခုခုလုပ္ဖို႔စဥ္းစားေနသေယာင္။ လင္းဆယူေမးေတာ့ ဥကၠာကအၿပဳံးေလးနဲ႕လင္းဆယူကိုေမာ့ၾကည့္၏။
"မ်က္လုံးမွိတ္ပါ ယူ''
"ဟမ္!''
"ကြၽန္ေတာ္ယူ႕ကိုေပးစရာရွိလို႔ ယူခ်က္ခ်င္းျမင္လိုက္ရင္ေပ်ာ္စရာမေကာင္းဘူးေလ''
လင္းဆယူေတြေဝေနသည္။ဒီအခ်ိန္ႀကီးမွာဥကၠာကသူ႕ကိုဘာေပးမလို႔လဲ။ လင္းဆယူမလုပ္ေတာ့ ဥကၠာကဖြဖြေျပာေနသျဖင့္ လင္းဆယူမွိတ္ေပးလိုက္ပါသည္။ထိုစဥ္
ဥကၠာသည္ ခ်စ္တဲ့သူကိုေမာ့ၾကည့္ရင္းၿပဳံးသည္။
ခ်က္ခ်င္းပါပဲ ဥကၠာသည္ လင္းဆယူကိုခါးမွ အုပ္ၿပီး
အတြန္းကိုတိုးပစ္သည္။မိုင္းကလည္းခ်က္ခ်င္းထေပါက္လာသျဖင့္ ဥကၠာသည္မီးေတာက္တို႔နဲ႕အတူအထက္ကိုအရွိန္နဲ႕ဆန္တက္သြားၿပီး ေျမေပၚကိုဘုန္းခနဲျပန္က်လာသည္။
"ဥကၠာ!''
လင္းဆယူသည္ ဥကၠာဆီအျမန္ေျပးၿပီးဥကၠာတစ္ကိုယ္လုံးကိုေပြ႕ဖက္ထားလိုက္သည္။ ဥကၠာသည္ မိုင္းထိသြားသျဖင့္တစ္ကိုယ္လုံး႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနသည္။
မ်က္ႏွာတစ္ခုလုံးေသြးစြန္းေနၿပီး ပါးစပ္ကလည္းေသြးေတြအန္ေနသည္။
"ဥကၠာ!''
လင္းဆယူသည္ခ်စ္တဲ့သူကိုေပြ႕ဖက္ရင္းအ႐ူးလိုေအာ္ငိုသည္။ မိုင္းနဲ႕အေဝးကိုအတြန္းခံခဲ့ရတာေၾကာင့္
လင္းဆယူအပူဟ႐ုံသာျဖစ္ခဲ့ေပမယ့္ ဥကၠာကေတာ့
အဝတ္ေတြပါအကုန္ေၾကေနသည္။
ဥကၠာသည္ ငိုေနေသာခ်စ္သူကိုေသြးအန္ေနတဲ့ၾကားကမရမကေမာ့ၾကည့္ၿပီး ခ်စ္သူ႕ပါးတစ္ဖက္ကိုအသားေတြပြန္းပဲ့ကုန္တဲ့လက္နဲ႕အသာအယာထိေနသည္။
"မင္းဘာလုပ္ဒီလိုလုပ္ရတာလဲ ဥကၠာ!''
လင္းဆယူသည္ေအာ္ရင္း ရင္ကြဲမတတ္ငိုသည္။ဥကၠာသည္ ေသြးမ်ားၾကားကခ်စ္တဲ့သူကိုၿပဳံးျပသည္။
"ယူ႕အတြက္ဆို အဟြပ္ ကြၽန္ေတာ္အကုန္လုပ္ရဲတယ္
အဟြပ္''
ဥကၠာသည္စကားတစ္ခ်က္ေျပာတိုင္းေသြးမ်ားစြာထအန္သည္။လင္းဆယူက စကားမေျပာဖို႔တားလည္းဥကၠာသည္ ၿပဳံးရင္းဆက္ေျပာသည္။
"ကြၽန္ေတာ္ ဒီဘဝကိုမုန္းေပမယ့္ အား!''
Advertisement
- In Serial86 Chapters
Legend of the Seven
Humans were cast out of Eden for committing the original sin. Now Seven will answer, should Humanity live forever? But first, join Team Six in their rescue mission turned daring prison break from death. Author's Corner: Welcome to the Legend of the Seven series #LOTSseries, my Guardians.This is my first novel turned webnovel. I'm returning to this fictional world after a 6-year hiatus with a lot of personal growth and insight. Insights gained from being a lifetime reader.I was the kid who read Harry Potter and Percy Jackson. I was the new adult who read I Shall Seal the Heavens and Ark. I've lost count of how many fictional worlds I've visited and lived through for I grew up on western novels but discovered eastern novels in my college years. This is my attempt to marry those two literary styles.It's my hope that this journey becomes more than just a book. If you're reading this simply expecting an ego power trip then turn back. There'll be action but with a lot of metaphysics and discussion on life with its accompanying issues. I strive to ground and make this webnovel relatable with verisimilitude. This webnovel is about choice. Freewill and its consequences. I give my characters autonomy to do and be themselves which sometimes leads to me rewriting and replotting because of pleasant surprises from my characters. Even the character who dies within the chapter they are introduced can have a massive impact with several ripples. So, there'll be stories on love and loss, hope and despair, but most importantly, it'll be a story. Release schedule: M, W, F - I aim for afternoon (1pm to 6pm) MST. I'm working on a project, codenamed "Guides' Sanctum", to make LOTSseries even more alive with special voice-overs, extra stories, behind the scene stuff, and so much more. But it can only come online when certain benchmarks are reached. The listed goals will help us get there. Goals:50 readers will unlock 4 chapters a week - Extra release on Thursday100 readers will unlock 5 chapters a week - Extra release on Tuesday250 readers will unlock 6 chapters a week - Extra release on Saturday500 readers and Project Guides' Sanctum comes online!Links:Lotsseries.blogspot.comSocial:@tonyswag0 - twitter@lotsseries - FacebookI'm thrilled at what is happening and what is still to come. Never be afraid to drop a comment. My DM is open. I'll work to keep this work free to access but I ask you to enjoy it from official sources so that you can be part of the discussion. There's magic in reading together to form a shared experience.Again, welcome aboard, my Guardians.
8 152 - In Serial22 Chapters
The Mysterious Secret
This is the adventure story of Trey and Hannah, as they find their destiny throughout various decisions and time. It all starts when Trey went to school on another regular day, with not so regular events. A girl of his age and grade, Hannah, discover his only secret. The secret of shapeshifting... But throughout the time of a couple of days, they become good friends, mainly because they a much alike. Hannah happens to be a shapeshifter too. Soon curiosity takes charge and they both enter an abandoned barn, discover tracks, and follow it into a lab. A lab of unknown purpose. But the excitement does not last for long, as they are caught and tested on, until a message comes through. Escaping and once again knocked unconscious, they discover one thing that would change their lives forever. The fact that they are Kitsune, an ancient mythological creature of Japanese legends, who mostly live in a different dimension, an underground jungle, where the houses are carved into the rock walls, and the beauty is outstanding. This is the place where their true destiny begins...
8 87 - In Serial12 Chapters
Isekaid Friendship
Louis is living his best life until one of his friends, Andy drives him, Cristian and himself off a cliff. But even though it looks like the end it somehow isn't. He's getting reincarnated. In this new strange world they'll experience both new things and fight dangourus foes. But will they survive encounters with creatures that far more powerfull than they ever could imagine?
8 95 - In Serial12 Chapters
I Owe You Some Champagne (Usnavi x Reader)
You had always had a crush on Usnavi, ever since you first met him in his bodega. One day, you finally build up the courage to ask him out, after your best friend, Benny, pushes you to. But things don't go exactly how you planned... Will you be together in the end?
8 205 - In Serial28 Chapters
TIKTOKDrama
When a bunch of famous tiktokers get invited to one house and have to stay there for 4 MONTHS STRAIGHT
8 173 - In Serial35 Chapters
Merlin's Gold
(Historical Fiction / Adventure) Treachery and intrigue, adventure, action and romance are at the fore in this tale set around the legends of Arthur and Merlin. The court of King Arthur is under threat from Hengist's Saxons who, lured by the promise of gold and land, surge out from the Saxon Shore to wreak havoc in the peaceful lands beyond. The Knights of the Round Table and their allies sally forth to defend the fragile peace. Will traitors bring down Camelot and the Kingship of Arthur? Can Merlin find the legendary hoard of the Dragon? Merlin's Gold awaits, for those who are brave or foolish enough to seek it out...
8 166

