《If you believe (Complete)》1
Advertisement
Unicode
Zawgyi
~~~~~~
"စိတ်ချမယ်နော် တာပေါ တစ်ခုခုဆိုချက်ချင်းအကြောင်းကြား ပေါ့ဆမနေကြနဲ့''
"ဗိုလ်လင်းစိတ်ချပါ ကျွန်တော်တို့အထူးဂရုစိုက်ပြီးနေမှာပါ''
အိမ်တစ်ခါပြန်ဖို့အရေး သူ့မှာ နောက်ဆံတင်းနေရတာ။ တော်တော်များများက
ဘာကြောင့်ခေါင်းဆောင်မဖြစ်ချင်လဲဆိုတာ ဗိုလ်လင်းသိလိုက်ရပြီ။ ခေါင်းဆောင်ဆိုတာ ပြသနာအသေးအမွှားလေးကအစ
တာဝန်ယူရတာ။ တပ်မှာကအစ တပ်သားတွေရဲ့ပြသနာကအဆုံး ခေါင်းဆောင်
ဖြစ်သူကပဲတာဝန်ယူဖြေရှင်းရသည်။
အဆူခံရပြီဆိုရင်လည်း ခေါင်းဆောင်လုပ်တဲ့သူကပဲနားအူနေအောင်ခံရတာ။တစ်ခါတလေ တပ်သားတွေကိုယ်စားအပြစ်ဒဏ်ပါခံလိုက်ရသေး။ တာပေါ
ပြောသလိုဆို အငယ်လုပ်ရတာက သြဇာအာဏာမရှိပေမယ့် လွတ်လပ်မှုရသေးသည်။ ခေါင်းဆောင်လုပ်သူမှာသာ အချိန်ပြည့်ရှုပ်နေရတာ။
တစ်ခါတလေ တပ်သားတွေကအနားယူနေပြီး ခေါင်းဆောင်လုပ်သူက အဘက်ဘက်နဲ့စကားပြောပြီးအလုပ်ရှုပ်တုန်း။
ကြားထဲဝေးလံတဲ့ဒေသကိုရက်ချင်းအစည်းအဝေးသွားတက်ရသေးတာ။
အဖွဲ့အစည်းနဲ့နေတဲ့သူတို့မှာကား ချက်ချင်းဆိုချက်ချင်းမှ။မဟုတ်လျှင်ပေးတဲ့အပြစ်ဒဏ်ခံတော့ပဲ။
အရင်ခေါင်းဆောင် ဘောစေးနောင်
တာဝန်မှရပ်ဆိုင်းခံလိုက်ရပြီးနောက် သူ့နေရာအစားထိုးဖို့လူလိုလာသည်။
ဗိုလ်လင်းမှာကား နောင့်နေရာဆက်ခံဖို့
အရည်အချင်းမပြည့်ဝသေး။ အရည်အချင်းပြည့်ဝတဲ့လူကိုလည်းရှာတွေ့ရော မလုပ်ချင်သဖြင့် ကာကွယ်ရေးအဖွဲ့ထဲဝင်လိုက်တဲ့လူနဲ့ ကြက်ခြေနီ
အဖွဲ့ထဲဝင်လိုက်တဲ့သူနဲ့ ထင်သလောက်အဆင်မပြေခဲ့။ နောက်ဆုံးဗိုလ်လင်းကပဲ နောင်နေရာဆက်ခံလိုက်ရသည်။
ယခုဆို နောင်ထွက်ခွာသွားတာ ၅နှစ်ရှိနေပြီဖြစ်သည်။တာဝန်နဲ့ရှုပ်ထွေးနေရတာကတစ်ကြောင်း ဆက်သွယ်မှုမကောင်းတာကတစ်ကြောင်းမို့ ဒီအတောအတွင်းနောင်နဲ့တစ်ခါမှအဆက်အသွယ်မရှိခဲ့။
ခေါင်းဆောင်ရာထူးလက်ခံလိုက်သည့်ရက်ကစပြီး သုံးနှစ်ကျော်အထိ အိမ်ကိုပြန်မရောက်ခဲ့။တစ်ရက် တစ်ရက်ဟိုကိုသွားလိုက် ဒီကိုသွားလိုက် ဆေးရောင်းသူတွေကိုရှာဖွေလိုက် အရက်တွေကိုပိတ်ပင်လိုက်နဲ့တစ်ရွာဝင်တစ်ရွာထွက် တစ်နေရာပြီးတစ်နေရာသွားနေရတာ။
မိမိတို့တာဝန်တွေက သူတို့စီးပွားရေးကိုပိတ်ပင်လို့ဆိုပြီး အငြိုးထားတဲ့သူတွေနဲ့
လည်းရင်ဆိုင်ရသေးသည်။ တချို့တွေ
ကဆိုအခြွေအရံများစွာနဲ့ဘိန်းဘုရင်များဖြစ်နေသည်။ထိုကဲ့သို့လူတွေနဲ့ရင်ဆိုင်ရတော့မယ်ဆိုလျှင်တော့ မိမိတို့ခြေလှမ်းတိုင်းဟာ အချိန်မရွေးစစ်မြေပြင်ဖြစ်သွားနိုင်တာကိုသဘောပေါက်ရတော့မှာပဲ။
ဗိုလ်လင်းတို့အဖွဲ့အစည်းကတစ်နည်းအားဖြင့်ပြောရရင် လုံခြုံရေးအဖွဲ့အစည်းပေါ့။
မိမိလက်အောက်မှာရှိနေတဲ့ပြည်သူတွေရဲ့လုံခြုံရေးအတွက်တာဝန်ယူရတာ။ကာကွယ်ရေးကတော့ လုံခြုံရေးထက်
တာဝန်ကြီးသည်။သို့သော်လုံခြုံရေးအဖွဲ့လို နေ့တိုင်းသွားလာစရာမလို။ ကြက်ခြေနီကတော့ အားလုံးနဲ့ဒွန်တွဲနေသည်။ ဆေးသက်သက်မဟုတ်ဘဲ လိုအပ်ရင်စစ်ပါတိုက်ရသည်။ ဒါ့ကြောင့် အားလုံးထက်ပိုပြီးဂရုစိုက်ခံရအလေးထားခံရသည့်အဖွဲ့ဖြစ်သည်။
ဥပမာ ဆရာဝန်တို့လိုပေါ့။ဆရာဝန်ဆိုတာ
လူအများအတွက်အားကိုးရာပဲ။ဆေးသာရှိပြီးဆရာဝန်မရှိရင်မဖြစ်သလို ဆရာဝန်ကအရင်ကျသွားပါက ကျန်ရှိသူတွေဝမ်းနည်းအားငယ်ကုန်လိမ့်မည်။
ဘာပဲပြောပြော တာဝန်ဆိုကတည်းက
ဘယ်တာဝန်မှမပေါ့ပါ။ မိသားစုတာဝန်တစ်ခုတည်းကိုသာထမ်းနေတဲ့သူကလည်း
ဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ကြုံနေရတာ။
လက်နက်ကိုင်ဆောင်ပြီးတာဝန် ထမ်းဆောင်နေရသူတွေကတော့ ပိုဆိုးပေါ့။
အဖွဲ့ထဲဝင်လိုက်ကတည်းက ကိုယ့်ကိုယ်ကိုယ် သေလူအဖြစ်စာရင်းသွင်းထား
ပြီးသား။ မပုပ်သေးတာဘဲရှိတာ။
ယခုတာပေါနဲ့ကျန်တပ်သားတွေက အိမ်ပြန်လည်ဖို့အိတ်ပြင်ဆင်နေသည့်ခေါင်းဆောင်ဖြစ်သူဗိုလ်လင်းနား ဝိုင်းကာရှိနေသည်။
"ဝက်သားစားချင်တယ်
ဗိုလ်လင်းကျွန်တော်တို့ကိုဝက်သားကျွေးဖို့စိတ်ကူးမရှိဘူးလား''
တာပေါက ပြုံးပြုံးလေးနဲ့ဗိုလ်လင်းအားကျီစယ်စနောက်နေသည်။ တာပေါပြောလိုသည့်အဓိပ္ပါယ်မှာ ဗိုလ်လင်းအားဘယ်တော့အိမ်ထောင်ပြုမလဲမေးနေသည့်သဘောဖြစ်သည်။
"မင်းအရင်ကျွေးလေ မင်းမှာတာဝန်သက်ပြည့်ပြီမဟုတ်လား''
အဖွဲ့ထဲဝင်လိုက်ကတည်းက မိမိစိတ်ကြိုက်ဘယ်အရာမှလုပ်ခွင့်မရှိပါ။
သတ်မှတ်ထားတဲ့တာဝန်သက်မပြည့်ပါက
အိမ်ထောင်ပြုခွင့်မရ။အကယ်၍ပြုခဲ့ပါက
သတ်မှတ်ထားသည့်အပြစ်ဒဏ်ခံရသည်။
"ကျွေးချင်ပါတယ် ဒါပေမဲ့ ကျွန်တော့်ကို
ဘယ်သူမှမကြိုက်သလိုဘဲ''
တာပေါက သူ့ပါးတစ်ဖက်ကိုပွတ်ရင်းအားငယ်သလိုပြောနေသဖြင့် ဗိုလ်လင်း
ခပ်သဲ့သဲ့ပြုံးလာတော့သည်။
တာပေါက ဒီစခန်းမှာ စကားအများဆုံး။
ပေါက်တတ်ကရတွေလည်းအပြောဆုံး။
နောင်ထွက်သွားပြီးနောက် ဗိုလ်လင်းအတွက် တာပေါကကျန်ရှိခဲ့တဲ့အရင်းနှီးဆုံးသောသူပဲ။တာပေါက ဒီစခန်းမှာ တပ်ကြပ်ရာထူးနဲ့ရှိနေတာ။စာကလေးလို
တစ်ချိန်လုံး စကားပြောနေတာကလွဲ
သဘောကောင်းတဲ့လူမလို့ တပ်သားတွေကတစ်ယောက်မှသူ့ကိုမကြောက်ကြ။
ဗိုလ်လင်းကိုတော့ မလေးမစားသိပ်မလုပ်ရဲ။ဗိုလ်လင်းဘက်က ခေါင်းဆောင်ပီပီ
တည်ငြိမ်ခဲ့တာကြောင့်လည်းပါ ပါသည်။
"သွားပြီ တာပေါ စိတ်ချမယ်နော် နောက်
၅ရက်နေရင်ပြန်လာမယ်''
"ဟုတ်ကဲ့ပါ ဗိုလ်လင်းစိတ်ချနိုင်ပါတယ်''
စခန်းကထွက်ခါနီး တာပေါကို သူထပ်ပြီးမှာရပြန်သည်။အဖွဲ့ထဲမှာရှိနေရတာကောင်းသည့်အချက်ကတော့ ဘယ်သွားသွား ဘယ်လာလာ အရောက်ပို့ပေးခံရတာပဲ။ တောင်ပေါ်ကဆိုလည်းတဆင့် မြေမြန့်ဆိုလည်းတဆင့် မြစ်ဆိုလည်းလှေနဲ့
တဆင့် အိမ်အထိ အဆင့်ဆင့်ပို့ပေးကြသည်။
တစ်ခါတလေ ပို့ပေးမည့်ယာဥ်တွေ
မရှိမှသာ ကိုယ်တိုင်သွားလာရတာ။ ဒီလိုအဖြစ်မျိုးကတော့ရှားပါသည်။အထက်ကလူကြီးတွေ သွားလာတဲ့အချိန် ကိစ္စတွေရှုပ်ထွေးတဲ့အချိန်မှသာ ဖြစ်တတ်တာ။
ကိုယ်တိုင်လမ်းမလျှောက်ရတော့ခရီးဘယ်လောက်ဝေးဝေး တစ်ရက်တည်းနဲ့ ရောက်သည်။ ဗိုလ်လင်းစခန်းမှထွက်ခွာချိန်ဟာ မနက်၈နာရီဖြစ်သည်။ လမ်းတွင်အနားယူခြင်းမရှိ တစ်ဆက်တည်းဆက်သွားနေသည့်အခါ ရွာကို ညနေ၄နာရီတွင်ပြန်ရောက်သည်။
ရွာအထိကိုတော့ ရွာနှင့်အနည်းငယ်ဝေး
သည့်စစ်ဆေးရေးဂိတ်က တပ်သားတစ်ဦးက ဆိုင်ကယ်နှင့်လိုက်ပို့ပေးသည်။ မိမိအဖွဲ့ကမဟုတ်သည့် ကာကွယ်ရေးအဖွဲ့ကဖြစ်သည်။ရင်းနှီးသည့်အထဲမဟုတ်ပေ
မယ့် လူမျိုးအချင်းချင်းဖြစ်သည့်အခါခဏလေးနဲ့ရင်းနှီးလွယ်သည်။
"အိမ်ပေါ်တက်ပြီးအနားယူပါဦးလား''
"အနားမယူတော့ပါဘူးဗျ ကျွန်တော်ဒီည
ဒုဗိုလ်မှူးနဲ့အထက်ကိုသွားရမှာမို့လို့ပါ''
"ဟုတ်ပါပြီ လမ်းမှာဂရုစိုက်ကြဦး''
"ဟုတ်ကဲ့ဗျ ''
လာပို့တဲ့တပ်သားပြန်သွားမှ ဗိုလ်လင်း အိမ်ပေါ်တက်လိုက်သည်။အိမ်ကတိတ်ဆိတ်နေလိုက်တာ။အရင်ကများ
သူပြန်လာပြီဆိုတာနဲ့အငယ်သုံးယောက်က
ချက်ချင်းအနားပြေးလာတာ။ ချောင်းမှာရေသွားဆော့နေလို့များလား။ သစ်သားလှေကားရှည်အောက်က ဖိနပ်စင်ပေါ်မှာတော့ ယောက်ျားစီးဖိနပ်အသစ်တစ်ရံရှိနေ၏။ ဒါ ပါးဖိနပ်မဟုတ်မှန်းသူသိသည်။
ပါးက တစ်ခါမှ ရှူးဖိနပ်စီးတာမဟုတ်။
ယခုဖိနပ်က အနက်ရောင်ရှူးဖိနပ်ကြီး။
"ပါး''
အိမ်ထဲဝင်ရင်းဗိုလ်လင်းအသံပါပေးလိုက်သည်။မီးခိုးငွေ့တွေ့သဖြင့် သူမီးဖိုကြောင်ထဲသာတန်းဝင်တော့
"ဟယ် မာမီသားကြီးပြန်လာတယ် ညစာချက်လို့ပြီးသွားတာနဲ့အတော်ပဲ''
ဗိုလ်လင်းမေမေက မဲဆောက်သူလေး။
မြန်မာလူမျိုးဆိုပေမယ့်ငယ်စဥ်မှဘွဲ့ရအထိ အင်္ဂလိပ်ကျောင်းပဲတက်ခဲ့တာ
ကြောင့် သူ့ကိုယ်သူမာမီလို့သာအမြဲသုံးနှုန်းသည်။ဗိုလ်လင်းတို့ညီအစ်ကိုတွေကလည်းမေမေ့ကိုမာမီလို့ပဲခေါ်ကြ၏။ ပါးကတော့ အမြဲချစ်စနိုးနဲ့ ဟန်နီဆိုပြီးခေါ်ပါသည်။
"အငယ်တွေရော မာမီ''
"ချောင်းမှာရေသွားဆော့နေတာ အငယ်ဆုံးလေးဆို Malaria ဖြစ်နေတာ ရေသွား
မဆော့နဲ့ပြောလည်းနားမထောင်လို့မပြောတော့ဘူး သားကြီးသွားခေါ်ကြည့်ပေါ့''
မာမီအပြောကို သူခေါင်းသာညိတ်ပြီး သူ့အခန်းကိုဦးတည်လိုက်သည်။ အခန်းရှေ့အရောက်မှာတော့ သူ့ခြေလှမ်းတို့တွန့်ခနဲရပ်သွား၏။ သူလန့်သွားတာကြောင့်ဖြစ်သည်။ သူ့အိပ်ခန်းထဲ သက်လတ်ပိုင်း
အမျိုးသားတစ်ယောက်က ဆေးပုလင်းကြီးချိတ်လျက်အိပ်နေတာ။ မျက်နှာက
သူမြင်ဖူးသည့်အထဲကမဟုတ်။
"မာမီ သားအခန်းထဲက..''
သူအိတ်လွယ်လျက်သားနဲ့မီးဖိုခန်းထဲ
တစ်ဖန်ပြန်ဝင်လာရင်းမေးခြင်းဖြစ်သည်။
"ဟုတ်သား ပြောဖို့မေ့နေတာ တစ်ရက်က
မာမီမှိုသွားရှာတာလေ အဲ့မှာအဲ့ကောင်လေးကိုတွေ့တာ ဒဏ်ရာရနေတာကွယ်
သွေးတွေမှမြင်မကောင်းဘူး''
"မာမီသူ့ကိုတွေ့တာကြာပြီလား''
"နှစ်ပတ်ရှိပြီ ဒဏ်ရာတွေကများတော့ အားလည်းအရမ်းနည်းနေတာ
အဲ့ဒါကြောင့် ဆရာမက အားဆေး
တစ်ရက်တစ်လုံးလာချိတ်ပေးလိုက်တာ''
"ဆေးရုံပို့လိုက်တာမဟုတ်ဘူး ဘာဖြစ်လို့အိမ်ခေါ်ထားရတာလဲ ဘယ်ကလာလဲ ဘယ်သူလဲသိတာမဟုတ်ဘဲနဲ့ စိတ်ချရလို့လား လူကြီးတွေကိုရောတိုင်ကြားပြီးပြီလား''
စိုးရိမ်စောနဲ့သူမေးခွန်းတွေတရစပ်မေးနေမိသည့်အခါ မာမီကြီးက ယောင်းမကြီးကိုင်လျက်သားနှင့်သူ့ကိုပြုံးပြုံးလေး
ကြည့်နေသည်။ရုပ်ရှင်တွေထဲကလို
ငါကမင်းကိုမွေးထားတဲ့မင်းအမေပါဆိုပြီး
မာမီကပြောချင်နေသယောင်။
"မာမီ''
"ဆေးရုံမသွားချင်ဘူးဆိုလို့လေ ပြီးတော့
မြို့ကလာတယ် နာမည်က မင်းခန့်တဲ့ တခြားကမလိုအပ်လို့မမေးထားဘူး
လူကြီးတွေဘာတွေလည်းအကုန်တိုင်ပြီးပါပြီ ရေသွားချိုးတော့ Dinner စားဖို့အချိန်ကနီးနေပြီ''
မာမီဘက်က ပေါ့ပေါ့ပါးပါးလေးသာပြောနေသော်ငြား ဗိုလ်လင်းဘက်ကတော့ အတွေးတွေတသီတတန်းနှင့်ဖြစ်နေရသည်။ ဆေးရုံမသွားချင်ဘူးဆိုကတည်းက သူ့စိတ်ထဲမသင်္ကာစိတ်တွေအလိုလိုဝင်ရောက်လာတာ။ မြို့ကလာတယ်ဆိုတာကလည်း တိကျတဲ့လိပ်စာ
Advertisement
မဟုတ်။နာမည်ကလည်းတမင်လိမ်ညာထားသလိုပဲ သူခံစားနေရသည်။
ဗိုလ်လင်းအခန်းထဲပြန်ဝင်လာရင်း စောင်အပါးလေးနှင့်အိပ်နေသောအကောင်ကို
ခါးထောက်လျက် အကဲဆတ်ဆတ်ကြည့်နေသည်။ အသားကဖြူဖပ်ဖြူရော်နဲ့
ဒဏ်ရာကြောင့်ဖြစ်မည်။ အိမ်က အခန်း
မများသဖြင့်မာမီက သူ့အခန်းထဲမှာနေခွင့်ပေးထားသည်။ဒါကိုတော့ သူဘာမှမပြောလို။ ဒီကောင့်ကိုသာ သူမသင်္ကာတာ။
ကုတင်ထည့်မထားသည့်အခန်းမို့
ကြမ်းပေါ်ဖြာချောခင်းပြီးသာအိပ်ရသည်။ ကွေးလျက်အိပ်နေတဲ့ကောင်က
မျက်နှာတစ်ခြားသာပေါ်သဖြင့်ဗိုလ်လင်းအသေအချာမကြည့်လိုက်ရ။ အိတ်က
ပါလာတဲ့ပစ္စည်းတွေကိုသစ်သားဗီရိုထဲ
ထည့်လိုက်ပြီး အိတ်ကိုလျှော်ဖို့အတွက်ရာ
ပခုံးထက်တွင်သူလွယ်ရင်း မာမီကို ရှာရပြန်သည်။
မာမီကနောက်ဖေးမှာပန်းကန်ဆေးနေတာ။
"မာမီ သား ရေသွားချိုးတော့မယ်''
"အိတ်နဲ့ uniform ချွတ်ထားခဲ့ မာမီလျှော်ပေးမယ်''
"ရတယ် ကိုယ့်ဟာကိုယ်ပဲလျှော်လိုက်မယ်''
သူချောင်းထဲသွားဖို့ခြံရှေ့အထွက်တွင်
အိမ်ကအငယ်သုံးယောက်နဲ့ဆိုသည်။
အငယ်ဆိုပေမယ့်သူ့လောက်အရပ်ရှိနေပါပြီ။ပိန်ညှောင်နေတာနဲ့အသက်ငယ်တာပဲရှိတာ။ Malaria ဖြစ်နေတဲ့အငယ်ဆုံးလေးကတော့ စိုနေတဲ့အင်္ကျီကိုပက်ထားရင်း တစ်ကိုယ်လုံး တုန်ယင်နေသည်။
"အေးတယ် လမ်းမလျှောက်နိုင်တော့ဘူး
အစ်ကိုကြီးချီပါလား''
နှုတ်ခမ်းပါတုန်ယင်နေသဖြင့် စကားသံကမပီချင်ပီချင်ဖြစ်နေသည်။
"ဘာလို့ချီရမှာ သေသွားလည်းအေးတာပဲ
စကားလည်းနားထောင်တာမဟုတ်ဘဲနဲ့''
ခါးထောက်ရင်းသူအေးစက်စက်တုံ့ပြန်တော့ အငယ်ဆုံးလေးကဇက်ပုသွား၏။
ကျန်နှစ်ယောက်ကတော့ခပ်ပြုံးပြုံး။
အငယ်သုံးယောက်က တစ်ယောက်နဲ့
တစ်ယောက် အသက်သုံးနှစ်စီသာကွာပေမယ့် သူနဲ့ကျ အသက်အတော်ကွာသည်။
သူမွေးပြီးနောက်မာမီကကိုယ်ဝန်ထပ်
မရအောင် ဆေးသောက်နေတာ။ဒါကြောင့်
နောက်မွေးလာတဲ့အငယ်က သူ့ထက် ၁၀ နှစ်နီးပါး ငယ်၏။ အငယ်ဆုံးလေးကတော့ သူနဲ့၁၅နှစ်တောင်ကွာတာ။
သူ့ကိုမွေးတုန်းက မာမီအသက်၂၀သာရှိသေးတယ်တဲ့။အိမ်ထောင်ကျစောတယ်ပြောရမည်။ အခုမာမီအသက်က ၄၀ကျော်နေပြီဖြစ်သည်။
"အဝေးကကြည့်နေတာ ဆယူနဲ့တူပါတယ်လို့ တကယ်ဆယူပဲကိုး''
ပြောလာတဲ့သူကရွာ ကြက်ခြေနီအဖွဲ့ကဆရာမလေးဖြစ်သည်။ ပစ္စည်းအစုံအလင်နှင့်အိမ်ရှိရာကိုတည့်တည့်လာနေသည်။
"နေကောင်းပါရဲ့လား ဆရာမ ''
"ကောင်းတယ် ဒါနဲ့ ဟိုမြို့ကတစ်ယောက်နိုးနေပြီလား''
ဆရာမလေးအမေးတော့ ဗိုလ်လင်း နှုတ်ခမ်းတစ်ဖက်တွန့်သွား၏။
"သေနေတုန်းပဲ''
ဒါမပြောသင့်စကားမှန်းသူသိသည်။သို့သော် ဟိုကောင့်ကိုသူမကြည်။ စစတွေ့တဲ့လူကို မကြည်တာ သူ့ဘဝမှာဒါပထမဆုံးပဲ။ ဟိုကောင်ကိုလူလိမ်လို့ပဲသူခံစား
နေရတာ။ ဒါ့ကြောင့်သူမကြည်။ မာမီနဲ့ပါးတို့ကိုလိမ်ညာနေကတည်းက သူကျုံးဝါးနေမိတာ။ဒီကောင်ဘယ်သူလဲဆိုတာသူရအောင်ဖော်မည်။
သူချောင်းကပြန်လာတော့ ဆရာမလေးက
အိမ်ကပြန်ထွက်ခွာနေပြီဖြစ်သည်။သူလျှော်ပြီးသား အိတ်နဲ့ Uniform ကိုတော့
မာမီကလှန်းပေးနေသည်မို့ သူအဝတ်လဲဖို့
အခန်းထဲသာဝင်လိုက်၏။ ဟိုကောင်က နိုးနေပြီး နံရံကိုမှီလျက်ခြေဆင်းကာထိုင်နေသည်။ ကြည့်ရတာဆရာမလေးက
ရေဖတ်ပါတိုက်ပေးသွားပုံပဲ။ဒီကောင်က ဝတ်စုံအသစ်နဲ့။
ဝတ်စုံဆိုတာကလည်း ဗီရိုထဲကယူဝတ်ထားတဲ့သူ့အဝတ်သာဖြစ်သည်။
ယောကျ်ားအချင်းချင်းမို့ သူပြောင်ပြောင်တင်းတင်းပဲအဝတ်လဲလိုက်သည်။တာဝန်ထဲမဟုတ်တာကြောင့်
Uniform အထူကြီးဝတ်စရာမလို။ မီးခိုးရောင်တီရှပ်အပါးနှင့်ဂျင်းဘောင်းဘီအဖြူကိုသာ သူဝတ်လိုက်သည်။ သုံးနှစ်ခွဲအကြာမှ ပထမဆုံးအကြိမ်ပေါ့ပါးတဲ့
ဝတ်စုံက််ိုပြန်ဝတ်ခွင့်ရတာပဲ။
ဝုန်းဒုန်းအသံကြောင့်သူလှည့်ကြည့်လိုက်တော့ ဟိုကောင်က နံရံကိုအားပြုပြီးမတ်တတ်ထရပ်လာတာ။ အားကမရှိဒယိမ်းဒယိုင်နဲ့မို့ ထနိုင်ဖို့ကိုအကြိမ်ကြိမ်ရုန်းကန်နေတာ။ ဗိုလ်လင်းသူ့ကိုကူ
မထူပါ။ ယောကျ်ားပဲ ဒီလောက်တော့လုပ်နိုင်လောက်မှာပါ။
သို့သော် ဗိုလ်လင်းသူ့ကိုကျောခိုင်းမသွားပါ။ အခန်းထဲခါးထောက်လျက်သားဖြင့်ရှိနေပြီး ဟိုကောင်လုပ်သမျှကိုရပ်ကြည့်နေလိုက်၏။ ထလာရော လိပ်လိုခြေလှမ်းနဲ့အခန်းပြင်ကိုဦးတည်နေတာ။ မကောင်းသေးရင်လည်း ငြိမ်နေပါ့လား။လုပ်နေပုံမှာ
ကိုယ်ကအခန်းထဲပေးမနေချင်သဖြင့်နှင်ထုတ်နေသလို။
"ဟိတ်!''
အခန်းပြင်ကိုလှမ်းဖို့ ခြေတစ်လှမ်းအတက်မှာနောက်ပြန်လှန်သွားတာကြောင့်
ဗိုလ်လင်းအော်လိုက်ခြင်း။အသံနဲ့အတူ
ကူထိန်းပေးလိုက်ပါသည်။သို့သော်လက်နဲ့မဟုတ်ဘဲ ခြေထောက်နဲ့သာ။ ဗိုလ်လင်းကခြေထောက်ကိုတစ်ဖက်နံရံတွင်အမြန်ထောက်လိုက်တာကြောင့် သူ့ကျောကိုအလိုလိုထိန်းပေးပြီးသားဖြစ်သွားတာ။
ထိုအခါ လှဲမကျပေမယ့် မတရားမောပန်းနေသလိုအသက်ကိုရှူရင်း အပြင်ကို ဒယိမ်းဒယိုင်နဲ့ထွက်ပြန်သည်။
နေပါဦး လက်နှစ်ဖက်ကရှိရက်သားနဲ့အားမပြုတာ အကြောသေနေလို့လား။ တကယ် သူ့လက်နှစ်ဖက်ကဘာအလုပ်မှ
မလုပ်။ကိုယ်ရဲ့တစ်ဖက်တစ်ချက်တွင် တန်းတန်းကြီးရှိနေတာ။
"ဟယ် သားလေး ဘယ်သွားမလုပ်လဲ
ချော်လဲနေမှဖြင့် ဒုက္ခရောက်ကုန်မယ်
သားကြီးထိန်းပေးလိုက် သွား အနောက်ကလိုက်ပေးလိုက်''
မကူချင်လို့ကိုတမင်ရပ်ကြည့်နေတာ မာမီကအတင်းတွန်းပို့နေတော့ ဗိုလ်လင်း
တောင့်တောင့်ကြီးနဲ့လိုက်ပါရ၏။
ဟိုကောင်ကတော့ လှေကားပေါ်ရောက်နေပြီ။အောက်တစ်ခါဆင်းဖို့အရေးအသက်ရှူနေပုံမှာ ယခုပဲအသက်ထွက်တော့မလို။
"ဘယ်သွားဖို့လဲ ''
မမေးဘူးလုပ်နေတာ ဟိုက တိတ်နေတော့
ဗိုလ်လင်းမှာအောင့်သက်သက်နဲ့မေးလိုက်ရ၏။မမေးလို့လည်းမရ။ ဟိုကတစ်ခုခုဖြစ်ရင် မာမီကသူ့ကိုပဲအပြစ်ပြောနေမှာ။
"သန့်စင်ခန်း''
အသံကတိုးတိုးလေး။ နှုတ်ခမ်းဖြူဖျော့နေတာကိုကြည့်ပြီး သူအရမ်းအားနည်းနေတယ်ဆိုတာကို ဗိုလ်လင်းယုံကြည်လိုက်ပါသည်။
မေးသာမေးရပေမယ့် တကယ်တမ်း
ဗိုလ်လင်းဘာမှမလုပ်ပေးနိုင်။သူအရပ်ကကိုယ့်ထက်တောင်ခေါင်းတစ်လုံးပိုသေးတာ။ ခန္တာကိုယ်ကတော့ထွားတာခြင်းတူသည်။ အသားမှာဗိုလ်လင်းက
ဖြူဝါပြီး ဟိုက သွေးစုပ်ဖုတ်ကောင်လိုဖြူဆွတ်နေတာ။
"လမ်းကိုသတိထားလျှောက်''
အနောက်ကနေသာလိုက်ပြီး စကားနဲ့ကူညီရသည်။ရင်းနှီးတဲ့လူသာဆို အဲ့လောက်ပျော့ညံ့ရလားဆိုပြီး ခေါင်းကိုထုပစ်လိုက်မှာ။ သူသန့်စင်ခန်းထဲဝင်တော့ ဗိုလ်လင်းသန့်စင်ခန်းရှေ့တည့်တည့်မှရပ်စောင့်နေလိုက်သည်။
"လက်ကဘာဖြစ်တာလဲ''
အဲ့လက်နှစ်ဖက်ကသေနေတဲ့အတိုင်းပဲ
အိမ်သာကထွက်လာတာချိန်လက်ကနံရံကိုအားမပြုဘဲ ခြေထောက်တစ်ဖက်နဲ့အားပြုနေတာ။မေးတော့လူကိုတစ်ချက်သာ
ကြည့်ပြီးခေါင်းယမ်းသည်။ ဂုတ်ချိုးပြီး
သတ်ပစ်လိုက်ရရင်တော့လား။
"ရဲရဲတက် ဒါမှပြန်ကောင်းတာမြန်မယ်''
လှေကားတက်ဖို့အားယူနေတဲ့သူကို
ဗိုလ်လင်းအနောက်တွင်ကပ်ရပ် ရပ်ရင်းပြောခြင်းဖြစ်သည်။ လူနာကြည့်ဖူးနေကျမဟုတ်တော့မြင်ရတာတွေကိုစိတ်မရှည်ပါ။သေနတ်ကိုင်ပြီးတိုက်ပွဲဝင်ရတာက
ဒီထက်ပိုပြီး အရသာရှိသေးသည်။
"လာ သားလေး''
အပေါ်ရောက်ခါနီးမှာ မာမီကလှမ်းကာတွဲပေးလာသည်။ တွဲပေးတဲ့သူရှိရောသွားတာမြန်ချက်။ မာမီက အဲ့ကောင်ကို
ဧည့်ခန်းခေါ်သွားနေတာ။ဧည့်ခန်းကမြို့ထဲကလို ဆိုဖာတွေဘာတွေမရှိ။ဒီတိုင်းသစ်သားပြင်ကျယ်ကြီးဖြစ်ပြီး ဝရန်တာပါတွဲရှိနေသည်။ ဝရန်တာက ပန်းအိုးသဖွယ်အလှပုံဖော်ထားတဲ့သစ်သားလုံးတွေနဲ့ လှလှပပရှိနေတာ။
မာမီကား ဝရန်တာနားမှာ ခုံဝိုင်းအသေး
တစ်ခုချပြီး ဟိုကောင်အတွက်ညစာစီစဥ်ပေးနေသည်။ပြီးနောက် ကိုယ်တိုင်ခွံ့ကျွေးဖို့ပါလုပ်နေသဖြင့် ဗိုလ်လင်းရဲ့နက်မှောင်သောမျက်ခုံးတန်းနှစ်ဖက်တွန့်လာတော့သည်။
"သူကိုယ်တိုင်စားပါစေ ကလေးမှမဟုတ်တာ''
"မရလို့ပေါ့ ကောင်လေးရဲ့လက်နှစ်ဖက်လုံးကကြေမွမတတ်ဖြစ်နေတာ လှုပ်လို့တောင်မရတာ ဘယ်လိုလုပ်ထမင်းစားလို့ရမလဲ''
မာမီက ကရုဏာသက်စွာပြောသော်ငြား
ဗိုလ်လင်းကတော့ ပခုံးနှစ်ဖက်ကိုပင့်ပြီး
ပေါ့ပျက်ပျက်သာလုပ်ပြလိုက်၏။ကြိုးစားရင်မရတာမရှိဘူး။ နာလို့ငြိမ်နေတာကအဓိပ္ပါယ်မရှိတဲ့အကြောင်းပြချက်ပဲ။
"မိတ်ဆက်ပေးရဦးမယ် အဲ့ဒါအန်တီ
သားကြီး လင်းဆယူ တဲ့ သားနဲ့ရွယ်တူလောက်ပဲ''
မာမီက မိတ်ဆက်ပေးတော့ လူကိုကြည့်လာသည်။ ထို့နောက် သဲ့သဲ့ကလေးပြုံးရင်းခေါင်းညိတ်သည်။ ဗိုလ်လင်းကတော့မပြုံးနိုင်။ ခပ်မဲ့မဲ့နေရင်းမာမီနေရာဝင်ထိုင်လိုက်၏။
"သားကျွေးလိုက်မယ် မာမီအငယ်ဆုံးလေးကိုသာဆေးရအောင်တိုက် မရရင်သားဆီခေါ်လာခဲ့ ''
Malaria ငှက်ဖျားဆေးကမတရားခါးတာ။
အငယ်တွေကအဲ့ဆေးသောက်ရမယ်ဆိုပတ်ပြေးတော့တာ။အထူးသဖြင့်အငယ်ဆုံးလေးပဲ။
"နာမည်ကမင်းခန့်လား ဘယ်မြို့နယ် ဘယ်ဒေသ ဘယ်အရပ်ကသူများနာမည်ကို ကော်ပီကူးလာတာလဲ''
မာမီ ထွက်သွားတာနဲ့ ဗိုလ်လင်း ဘက်က
ဟိုကောင်ကို စကားစခြင်း။ ဗိုလ်လင်းတို့ကပွင့်လင်းသမား။ဘယ်သူ့မျက်နှာ
ဘာအကြောင်းပြချက်မှဂရုမစိုက်ဘဲ
တဲ့တိုးပြောတတ်သည်။
"ထမင်းကျွေးဖို့မဟုတ်လား ဗိုက်ဆာနေပြီ''
ဟိုကခပ်တည်တည်တုံ့ပြန်လာသဖြင့်
ဗိုလ်လင်း သဘောပေါက်သွား၏။ တမင်
ပျော့ညံ့ချင်ယောင်ဆောင်နေတာ။
ဗိုလ်လင်း ထမင်းပန်းကန်ထဲဟင်းထည့်ပြီးနောက် မင်းခန့်ဆိုတဲ့ကောင်အနား မျက်နှာကိုနီးနီးကပ်ကပ်တိုးကပ်သွားလိုက်၏။
"မင်းငါ့မျက်နှာကိုသေချာကြည့်
ငါပြောရဲတယ် မင်းငါ့အိမ်သားတွေကို
လိမ်ညာထားတယ်ဆိုတာ နောက်တစ်ရက်နေမဝင်ခင် မင်းအကြောင်းကိုငါရအောင်ဖော်ပြမယ် စောင့်နေလိုက်''
ဗိုလ်လင်းအပြောကိုဟိုကမတုန်လှုပ်သည့်အပြင် နှုတ်ခမ်းစွန်းတို့ကော့ညွှတ်သည်အထိ လှလှပပပြုံးလာသေးသည်။
"လိမ်ညာပြောသလား မပြောလား သိချင်တာလား ဒါဆိုအမှန်တရားတစ်ခုဖော်ပြမယ် ''
နီးကပ်နေပြီးသားမျက်နှာနှစ်ခုမှာ မင်းခန့်ဘက်ကထပ်ပြီးတိုးလာနေသည့်အခါ
နှာဖျားချင်းကထိလုမတတ်ဖြစ်လာချေသည်။
"မင်း သိပ်လှတယ် ဒါ ငါ့ဘဝမှာပထမဆုံးပြောဖူးတဲ့အမှန်တရားပဲ''
ဗိုလ်လင်းမျက်မှောင်သိသိသာသာကြုတ်သွားသည်။လှရအောင်သူကမိန်းကလေးမဟုတ်။ဒါသူ့ကိုသက်သက်စော်ကားတာ။
"အား!''
မင်းခန့်မဟုတ်တဲ့မင်းခန့်ရဲ့လက်တစ်ဖက်ကိုဗိုလ်လင်းကဆောင့်ဆွဲလိုက်ခြင်းဖြစ်သည်။ ဒါ့ကြောင့် ဆောင့်ဆွဲခံရသည့်မင်းခန့်၏လက်တစ်ဖက်ဟာ သွေးတွေ
များစွာစီးကျလာနေသည်။ ဗ်ိုလ်လင်းကား
ဒီလောက်နဲ့မရပ်။ မင်းခန့်ရဲ့အင်္ကျီကိုအတင်းဆွဲချွတ်ပြန်သည်။အင်္ကျီကရှပ်လက်ရှည်ဖြစ်သဖြင့် ချွတ်ရခက်သည့်အထဲပါသည်။ဒါကိုဗိုလ်လင်းကမတရားဆွဲချွတ်နေသည့်အခါ မင်းခန့်တစ်ကိုယ်လုံးကဒဏ်ရာတွေဟာ သွေးတွေပြန်စိမ့်ထွက်ကုန်သည်။
ကြယ်သီးတွေကြမ်းပေါ်ဟိုတစ်လုံးဒီတစ်လုံးပြန့်ကျဲကုန်ပြီးနောက်တွင် မင်းခန့်ကိုယ်ပေါ်ကသွေးပေနေတဲ့ပတ်တီးအဖြူများပေါ်လာသည်။ ဗိုလ်လင်းက ပတ်တီးများကိုပါ ဆွဲခွာနေသည်။ မင်းခန့်မှာတားချင်သော်ငြားဘယ်လိုမှအားမရှိ။ဒဏ်ရာတွေက သွေးပြန်စိမ့်ထွက်လာသဖြင့် သူထပ်ပြီး နာနာကျင်ကျင်ခံစားရပြန်သည်။
"မင်းကလှသလောက် အရမ်းလည်းရက်စက်တတ်တာပဲ ''
သူအားယူရင်း မောမောပန်းပန်းနဲ့ပြောလိုက်ခြင်းဖြစ်သည်။ ထိုအခါ အမှန်တကယ် လှရက်သည့်အလှလေးက ခနဲ့သလို သူ့ကို နှုတ်ခမ်းတစ်ဖက်တွန့်လျက် မထိတထိပြုံးပြသည်။
"မင်းဒဏ်ရာတွေကကျည်ထိထားတာတွေချည်းပါလား မတော်တဆမဟုတ်ဘဲ တမင်သက်သက်ကိုအပစ်ခံရတာ ဒီတော့ ဆိုလိုတာက မင်းကသာမန်မဟုတ်ဘူး
ရန်သူများတဲ့လူ အန္တရာယ်ရှိတဲ့လူ ငါ့အိမ်ကိုရောက်မလာသင့်တဲ့လူ ဒီတော့ပြော
မင်းကဘယ်သူလဲ''
ကော်လံနှစ်ဖက်မှဆောင့်ဆွဲပြီးမေးလိုက်တာကြောင့်နှစ်ဦးလုံးအကြည့်ချင်းဆုံသွား၏။ ဗိုလ်လင်းအကြည့်က ဒေါသနဲ့
စူးရှနေသလို မင်းခန့်အကြည့်တွေကလည်းရဲရဲတင်းတင်းနဲ့တည်ငြိမ်နေသည်။
"ဟဲ့ သားကြီး သူများကိုဘာလုပ်တာလဲ
လက်ကိုအခုလွှတ်စမ်း''
ဟိုကောင်ရဲ့အင်္ကျီကော်လံနှစ်ဖက်ကို
ဗိုလ်လင်းဆောင့်ဆွဲလိုက်ချိန် မာမီကတန်းရောက်လာတာ။ ဒီတော့ အဲ့ကောင်ကို
ဗိုလ်လင်း လုပ်ထားသမျှ မာမီကမြင်သွားတာပေါ့။ဒဏ်ရာပြန်ထလာအောင်လုပ်ခဲ့တာတွေရော အင်္ကျီအပြင်ပတ်တီးပါအတင်းဆွဲဖြုတ်ခဲ့တာတွေရော။
"သားကြီး ဒဏ်ရာနဲ့လူကိုဒီလိုလုပ်စရာလား သွား ဆရာမသွားခေါ်''
မာမီဆီကသူအဆူခံလိုက်ရသဖြင့်
ဟိုကောင်ကခပ်ရေးရေးပြုံးလာပြီးပြောင်ပြနေသည်။ဗိုလ်လင်းမျက်ခုံးတန်းကိုတွန့်လိုက်တော့ ဟိုကောင်က မျက်ခုံးတစ်ဖက်ကို အဓိပ္ပါယ်ပါပါပင့်ပြလာသည်။
နေနှင့်ဦးပေါ့
နေက်တစ်ရက်နေမဝင်ခင်
မင်းဘာကောင်လဲဆိုတာ ဒီကမရရအောင်ဖော်ထုတ်မှာ။
.
Greenleaf 🌿🍀🌿
ဗိုလ်လင်းကမေးတယ် အဲ့ကောင်
ဘာကောင်လဲတဲ့ သိရင်ဖြေပေးလိုက်ကြဦး 🤨
နောင်တို့လိုအားပေးဖို့မျှော်လင့်တယ်နော်
သေချာပေါက်မပျင်းစေရပါဘူး
ဇာတ်လမ်းကတော့ If you believeဆိုတဲ့ခေါင်းစဥ် အတိုင်း ဇာတ်ဆောင်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှအဆုံးသတ်လှမှာပါ
__________________®__________________
Unicode
Zawgyi
~~~~~~
လည်းရင်ဆိုင်ရသေးသည်။ တချို့တွေ
Advertisement
- In Serial38 Chapters
Nocturne
A man, alone and lacking in prospects, finds out that sometimes the things that you wish for are overshadowed by a cold, but sexy, reality. Come join Scott as the former soldier travels across the land, searching far and wide... in a world filled with sexy monster girls who want nothing more than to find a better life. Also, this is both a satire and a parody (yes, a thing can be both) of Pokemon, Sailor Moon, and a few other things. So, don't take it too seriously despite the first few chapters, or I'll punish you in the name of that big floaty thing in the sky. Mature Content Warning: Sexual situations, extreme graphic violence, and coarse language abound. Due to the nature of this story, its content is not suitable for anyone.
8 221 - In Serial19 Chapters
Assassin Type: The Rifle Girl- Rica Reyes
For Anime lovers of -School life- Romance- Action series. Eleven year old Rica Reyes is the new transfer student at St. George Middle School. Pretty and quickly popular, her classmates never suspect that she is really the precious student of the notorious contract killer, The Villain Reyna Rai. Rica's mission is to protect a handsome classmate named Caleb from a criminal crew that will kill for what's in his possession. Tsundere, Assassin, Original Light Novel, Light Novel, Romance, Middle School Life.
8 196 - In Serial7 Chapters
This World Really Knows How To Hit A Nerve
A 26 year old entrepreneur had sold game he developed, a VR MMORPG game to world's largest console company, thus making him a millionaire. He is using that money to live his life in luxury as well as develop yet another game. What happens when he is thrown into an unknown fantasy world with his console?
8 171 - In Serial11 Chapters
RPG - Revealing Project Green
In which several children in 1988 discover that their lives are slowly gamifying, and worse, that fantasy elements of several old school video games are popping to life somehow. Or at least that's what the author claims happened. Join Donnie, Ritchie and Maya as they uncover the secrets of the silvery goo that's transforming their small town in California into a roguelike dungeon crawl.
8 192 - In Serial95 Chapters
The Empress Wears Gucci
*2nd editing* If you like historical, harem affair dramas, and the underdog rising to regality, you will like this book! After Carmen Han gets into an intense car accident, she spirals into a different era. In 220 BC, Carmen tries to navigate around to find things to get her back to her own world. With a miraculous journey to the palace, the ability to speak their language out of nowhere, and naivety, Carmen struggles to find her way out. Will she gain the power she deserves? Or will jealousy, ruthless schemes, and enemies forbid her from finding her way home?Read about Carmen's journey to power with a historical, Machievillian yet modern twist. #1 Emperor#1 Imperial#2 Empress#3 China#3 History#4 Royalty#5 Women#5 Throne
8 494 - In Serial28 Chapters
TIKTOKDrama
When a bunch of famous tiktokers get invited to one house and have to stay there for 4 MONTHS STRAIGHT
8 173