《If you believe (Complete)》6
Advertisement
Unicode
Zawgyi
~~~~~~
လင်းဆယူ ဦးဆောင်သည့်တပ်ခွဲမှတပ်ကြပ်အပါအဝင်အားလုံးသည်
လင်းဆယူရှေ့တုတ်တုတ်မျှမလှုပ်ဘဲ
လက်တွေကိုနောက်ပစ်ရင်း မားမားမတ်မတ်ရပ်နေသည်။
သူတို့အားလုံးအပြစ်ခံယူဖို့အသင့်ရှိနေကြခြင်းဖြစ်သည်။
လင်းဆယူကမူ အားလုံးရှေ့ခါးထောက်ကာရပ်ရင်းစူးရှသောအကြည့်တွေကိုထုတ်လွှတ်နေသည်။သူပင်မရုံးမှာ အစည်းအဝေးသွားခဲ့တာ၅ရက်သာကြာသည်။ဒါကိုသူ့တပ်ခွဲကပြသနာအကြီးစားရှာခဲ့သည်။
စက်သေနတ်တစ်လက်အခိုးခံရခြင်း။
ဒါကဘယ်လိုမှမဖြစ်သင့်တဲ့အရာ။အထက်ကကြားရင်လည်းလုံးဝခွင့်လွှတ်မှာမဟုတ်။သေနတ်ဆိုလျှင်
နည်းနည်းလေးမှအမှားအယွင်းခံတာမဟုတ်။ယုတ်စွအဆုံး ကျည်ဆန်တစ်စေ့လေးတောင်အကြောင်းအရင်းမရှိဘဲအဆုံးရှုံးမခံ။ အကယ်၍ဆုံးရှုံးစေခဲ့ရင်အပြစ်ခံယူရသည်။
"မင်းမှာဘာပြောစရာရှိသေးလဲ တာပေါ''
"မရှိပါဘူး''
ဘယ်ရှိမည်လဲ အခိုးခံရတဲ့သေနတ်ကသူကိုင်တဲ့သေနတ်ကိုး။ ခိုးတဲ့သူကား ရွာကစိတ်မနှံ့တဲ့ကောင်လေး။သူ ခိုးပြီးမနက်မိုးအလင်းမှာပဲ သူ့ဖအေဖြစ်သူက တောင်းတောင်းပန်ပန်နဲ့သေနတ်ကိုပြန်လာပေးသွားသည်။သို့ပေမယ့် တာပေါအပါအဝင်အားလုံးကအပြစ်ဒဏ်ကိုခံယူရလိမ့်မည်။ အကယ်၍ သေနတ်သာပြန်မရပါက
ပြဿနာဟာဒီထက်ပိုပြီးကြီးထွားလာနိုင်တာမလို့။
အိပ်နေချိန်ဖြစ်သွားတာတဲ့။ဘယ်လောက်တောင်အအိပ်ကြီးလိုက်သလဲကြည့်။
သေနတ်ကိုင်ပြီးဒီလောက်အအိပ်ကြီးရတယ်လို့ လင်းဆယူပထမဆုံးအကြိမ်မြင်ဖူးသွားတာပါပဲ။ တပ်သားကောင်း
တစ်ယောက်အဖြစ် ရပ်တည်လာအောင်
အဆင့်ဆင့်သင်ကြားရယူခဲ့တဲ့ပညာတွေကို ဘယ်ချောင်မှာများသွားပစ်ထားနေခဲ့လဲ။ သူဦးဆောင်တဲ့တပ်ခွဲမှာမှဒီလိုဖြစ်ရတယ်လို့ လင်းဆယူ ဘယ်လိုပေါက်ကွဲရမှန်းတောင်မသိတော့။
တွေးလေ ဒေါသထွက်လာရသည်မို့
သူတို့အတွက်ပြစ်ဒဏ်မြန်မြန်ချမှတ်ဖို့ကို
လင်းဆယူဆုံးဖြတ်လိုက်တော့၏။
"အရှေ့ရွာကသင်္ချိုင်းကုန်းကိုသွား..''
"မဖြစ်ဘူး ဗိုလ်လင်း ဒါတော့လုံးဝမဖြစ်ဘူး အဲ့အစားတခြားလုပ်ပါရစေနော်
နော် ဗိုလ်လင်း''
ကြည့် မကြီးမငယ်နဲ့တာပေါကြီးရဲ့မျက်နှာငယ်နဲ့အထွန့်တက်မှုကို။လင်းဆယူမှာစကားတောင်မဆုံးလိုက်ရ။ တာပေါအပါအဝင်တပ်သားတွေရဲ့မျက်နှာအကုန်လုံးက သင်္ချိုင်းကုန်း ဆိုတာနဲ့
ပြူးတူးပြဲတဲဖြစ်သွားကုန်တာ။ သရဲကြောက်တတ်တာကိုတော့ လင်းဆယူ
တကယ်အရှုံးပေးသည်။
တစ်ဖွဲ့လုံးက သေနတ်သာကိုင်ကြပေမယ့်
သရဲကိုဆို ဒူးတုန်အောင်ကြောက်နေကြတာ။ တစ်ခေါက် တာပေါတို့ဆင်ကန်းတောတိုးသလိုဆောက်တည်ရာမရ ခြေတည့်ရာလျှောက်
ပြေးနေတာကို လင်းဆယူမှတ်မိသေးသည်။ပြေးနေတာများလှဲလို့လှဲ ပစ္စည်းတွေကျကျန်လို့ကျန်နဲ့။ ဒါတောင်အုပ်စုလိုက်သရဲခြောက်ခံရတာ။ ဘယ်လိုပဲဖျောက်ပေးဖျောက်ပေးမရ။
အကြောက်တရားကမိန်းမမှယောက်ျားမှ
ကလေးမှလူကြီးမှဆိုပြီးမရှိဘူးတဲ့။
ကန့်ကန့်လန်အောင်ရန်တွေ့ခဲ့တဲ့ တာပေါကြီးကပြောသွားတာ။ သူပြောတဲ့အကြောက်တရားဆိုတာကလည်းသရဲ
အတွက်သီးသန့်ပါပဲတဲ့။ ဒါကိုပဲလင်းဆယူအံ့သြတာ။ မမြင်ရတဲ့သရဲကိုမြင်နေရတဲ့ရန်သူထက်ပိုကြောက်နေရတယ်လို့။
"နော် ဗိုလ်လင်းနော် ''
မိမိကဆုံးဖြတ်ချက်မပြောင်းမချင်း
တာပေါကလည်းအထွန့်တက်နေသည်။
"ငါသာသရဲနဲ့စကားပြောန်ိုင်ရင်လေ ညကျမင်းနဲ့လာအိပ်ဖို့ငါပြောလိုက်မှာ''
"အိုးဟို ဒါတော့ဗိုလ်လင်းလုံးဝနှလုံးသား
မရှိတာဘဲ မိန်းမ မရတာမဆန်းပါဘူး''
"မင်းကရော ရူးကြောင်မူးကြောင်နဲ့
မင်းကိုယူမယ့်ကောင်မလေးရှိရင်
ငါသေချာပြောနိုင်တယ် အဲ့ကောင်မလေး
ဦးနှောက်ကမှိုတက်နေလို့ပဲ''
"နှိမ်တတ်လိုက်တာဗိုလ်လင်းရယ်
ဗိုလ်လင်းပြောသလိုသာဖြစ်လာရင်လေ
ကျွန်တော် ရေမရှိတဲ့ချောင်းကိုသွားပြီး
ကိုယ့်ကိုယ်ကိုယ်ရေနစ်သတ်သေလိုက်မယ်''
လင်းဆယူ ခြေထောက်တစ်ဖက်မြောက်ပြီး တာပေါဖင်ကိုပိတ်ကန်လိုက်သည်။
ရေမရှိမှတော့သေပါ့မလား။တာပေါတို့ကထုံးစံအတိုင်းအခွက်ပြောင်ရမှစားဝင်အိပ်ပျော်တာ။ အပြစ်ခံယူဖို့သာနေ နေပေမယ့် မျက်နှာကပြုံးစိစိဖြစ်ချင်နေသည်။
ဒါကိုအောင့်ထားနေတော့ တာပေါ
ဘာကြောင့်ရည်းစားမရသလဲလင်းဆယူနားလည်သွား၏။ တာပေါတို့ monkeys ရှုံးအောင်ရုပ်ဆိုးနေတာ။
"ကောင်းပြီလေ လေ့ကျင့်ရေးကွင်းကိုသွားပြီး တစ်ယောက်ကိုအခေါက်၅၀တိတိတွားသွား တာပေါကတော့၁၀၀. ညီပါစေနော်
ငါစောင့်ကြည့်နေမယ်''
"ဟုတ်!!''
ပြိုင်တူအလေးပြုလာပြီးနောက် လေ့ကျင့်ရေးကွင်းကိုညီညီညာညာနှင့်ပြေးသွားနေသည်။ လင်းဆယူကား သူနေသည့်တဲ၏ရှေ့က တောင်ကုန်းလေးပေါ်ကိုတက်သွားနေသည်။ ဒီတောင်ကုန်းမှာဆို
လေ့ကျင့်ရေးကွင်းထဲကတပ်သားတိုင်းကို
လင်းဆယူ ကောင်းကောင်းမြင်ရသည်။
လင်းဆယူက တောင်ကုန်းပေါ်ရောက်နေသော်ငြား ခုံတန်းလေးတွင်ထိုင်မနေပါ။
လက်နှစ်ဖက်ကိုနောက်ပစ်ရင်း မားမားမတ်မတ်ရပ်နေသည်။တပ်သားတွေကကြည့်လျှင် သူတို့ဗိုလ်လင်း
သူတို့ကိုကြည့်နေသည်ဟုခံစားရလိမ့်မည်။
တကယ်တမ်းလင်းဆယူအကြည့်တွေကား
အဝေးတစ်နေရာကိုရောက်တည်ရာမရှိရောက်နေသည်။ တောင်ကုန်းပေါ်ဖြစ်
သဖြင့် လေရူးရဲ့တိုက်ခတ်လာမှုကို
အပြည့်အဝခံစားရသည်။ ထိုလေရူးတို့ရဲ့ကျီစယ်မှုကြောင့် လင်းဆယူ၏တိုးတိနေတဲ့ဆံပင်တွေ စတင်လှုပ်ယမ်းလာသည်။
မိုးရွာသည့်အခါလွမ်းစရာမရှိတာတောင်
တစ်ခုခုကိုလွမ်းဆွတ်သလိုခံစားနေရ
သလိုမျိုး ယခုလင်းဆယူ၏စိတ်တို့သည်ဆောက်တည်ရာမရဖြစ်နေသည်။ လေရူးတို့တဖြူးဖြူးသွေးဆော်နေသဖြင့်
လင်းဆယူ မျက်လုံးကိုခပ်တင်းတင်းမှိတ်ကာငြိမ်နေသည်။
တစ်စုံတစ်ယောက်ကို သူလွမ်းလာ
သလိုလိုဖြစ်လာနေသည်။ မသိစိတ်ကမဟုတ်ဘဲ သူ့ရဲ့သိစိတ်က ဒါကိုကောင်းကောင်းကြီးသိလျက်နဲ့ဆက်လုပ်နေသည်။သို့သော်ဒီအလွမ်းကိုသူလုံးဝယလုံးဝ တာဝန်ယူမှာမဟုတ်။ သူ့အတွက်တစ်စုံတစ်ယောက်ကိုလွမ်းဖို့ဆိုတာ
အဓိပ္ပါယ်မရှိတဲ့အရာ။
အချစ်ကိုနောက်မှာထားပြီး
တာဝန်ကိုရှေ့မှာထားရမည်။
သူဒီသတိဖြင့် ဦးနှောက်နဲ့နှလုံးသားကို
သော့ချိတ်ပိတ်ခဲ့သည်။သော့တံကို
မြန်မာပြည်ရဲ့မြစ်ကြီးလေးခုထဲကမှ
ရေအစီးသန်ဆုံးဖြစ်တဲ့သံလွင်မြစ်ထဲကို သူသစ္စာဆိုတဲ့နေ့က ပစ်ချခဲ့သည်။
ဒါ့ကြောင့် သော့ဟာ သူဒီတစ်သက်ပြန်ဖွင့်မှာမဟုတ်တဲ့သော့ဘဲ။
~~~~~
ရက်သတ္တပတ်သို့ ကြာညောင်းလာသည်။
ရူးရူးမိုက်မိုက်ခိုးချစ်ရသူကိုမတွေ့ရတာ
၁၆၈နာရီတိတိရှိနေချေပြီ။ စက္ကန့်နှင့်အမျှ
နာနာကျင်ကျင်လွမ်းနေရသလို နေရာတိုင်းသူ့မျက်နှာ သူ့အသံပဲကြားနေရသည်။
ဒါစွဲလန်းခြင်းမဟုတ်ပါ။ ခိုးချစ်ရသူအပေါ်
မိုက်မိုက်မဲမဲရူးသွပ်ခြင်းဖြစ်လိမ့်မည်။
အချိန်က ညအချိန်ဖြစ်သဖြင့်အမှောင်တို့
ကြီးစိုးနေသည်။မြို့ဖြစ်နေသည့်အခါ
ညမီးမျိုးစုံကထင်းနေသည်။ ကားလမ်း
မကြီးမှဆူညံသံတွေ ညစျေးတန်းမှဆူညံသံတွေ ကြီးစိုးနေခဲ့သော်ငြား ဥက္ကာအတွက်တော့ လင်းဆယူ၏မချိုမခါးအသံကိုသာဆက်တိုက်ကြားနေရသည်။
ပိုင်ဆိုင်မှုထဲကတစ်ခုဖြစ်တဲ့အဆင့်မြင့်
ကွန်ဒိုတိုက်ကြီး၏ ၃၃သောအထပ်မှနေရင်း အောက်ရှူခင်းတွေကို ကြည့်ရှူသလိုသူရပ်နေသည်။တကယ်တမ်းသူ့အကြည့်တွေကရောက်တတ်ရာရာသာဖြစ်နေသည်။ အပြာရောင်ဆွယ်တာညအိပ်ဝတ်စုံနဲ့ဆိုပေမယ့် သူဟာဘယ်တုန်းကမှကလေးရုပ်မပေါက်။အနက်ရောင်မှန်နံရံကြီးရှေ့ လက်ပိုက်လျက်ရပ်ရင်း
သူမျက်လုံးကိုအသာမှိတ်ကာနေ နေသည်။
ကျွန်တော်လွမ်းနေတယ် ယူအခုဘယ်မှာပါလဲ!
လင်းဆယူကိုမတွေ့ရတော့တဲ့အချိန်က
စလို့ သူ့စိတ်ဟာ မေးခွန်းပေါင်းများစွာကိုထုတ်ဝေတတ်လာသည်။ စိတ်ထဲက၌လည်း တစ်ရက်ကိုအခေါက်တစ်ရာမကအောင် ဒီမေးခွန်းကိုသာ
သူ ထပ်ခါထပ်ခါ အော်မေးနေသည်။
ယူတကယ်ပဲဘယ်ကိုရောက်နေတာလဲ!
"Daddy''
နောက်ပါးမှထွက်လာသောအသံစာစာလေး။ ဥက္ကာမျက်လုံးဖွင့်ပြီးအနောက်ကိုလှည့်ကြည့်လိုက်သည်။ ပင်ဂွင်းရုပ်လေးပိုက်ရင်းရပ်နေသောကလေးငယ်
တစ်ယောက်။ ဥက္ကာပြုံးလိုက်ပြီးကလေးကိုပွေ့ချီလိုက်သည်။ကလေးက ခေါင်းစွပ်ပါအဖြူရောင်ကာတွန်းဝတ်စုံလေးနဲ့ဖြစ်ပြီး ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုပိုင်ဆိုင်ထား၏။
မင်းသိုက်၏ကလေးဖြစ်သည်။ မင်းသိုက်ဘာကြောင့်သူ့ကိုသစ္စာဖောက်ရသလဲသိရပြီး၇၂နာရီအကြာတွင် မင်းသိုက်ရဲ့ဇနီးရဲ့ကလေးကိုကယ်တင်ဖို့အတွက် သူကြိုးစားခဲ့သည်။ လက်နက်ချင်းစကားပြောသည့်အခါ နှစ်ဦးနှစ်ဖက်ကျရှုံးကြတာထုံးစံဖြစ်သည်။ ကျရှုံးမှုအနည်းနဲ့အများသာကွာသည်။
ဥက္ကာကိုအမြဲတိုက်ခိုက်ဖို့ချောင်းနေသည့်
ဂိုဏ်းငယ်ကိုဦးဆောင်သူဟာ တစ်ချိန်က
ဥက္ကာတို့၏လူဖြစ်ခဲ့ပြီးသစ္စာဖောက်သဖြင့်အဆုံးသတ်ခံလိုက်ရသည့်တစ်ယောက်၏
ညီဖြစ်သည်။ အစ်ကိုဖြစ်သူအတွက်ကလဲ့စားချေနေခြင်း။ ထို့ကြောင့် ဥက္ကာလူယုံဖြစ်တဲ့မင်းသိုက်ကိုမရမက အကျပ်ကိုင်ခဲ့တာ။
မင်းသိုက်ရဲ့သားနဲ့ဇနီးကိုကယ်တင်သည့်နေ့မှာတင် တစ်ဖက်ဂိုဏ်းကခေါင်းဆောင်အပါအဝင်တော်တော်များများကျရှုံးခဲ့သည်။ မင်းသိုက်ဘက်က ဇနီးနဲ့သားအတွက် သူတို့ကိုထောင်ချောက်ဆင်ခဲ့တာကြောင့်လည်း ဥက္ကာတို့အောင်နိုင်ခြင်းဖြစ်သည်။သို့ပေမယ့် အကြီးဆုံးရန်သူကျရှုံးသွားတာကို ဥက္ကာမပျော်နိုင်။
မင်းသိုက်နဲ့သူရဲ့ဇနီးကိုရှုံးဆုံးလိုက်ရတာကြောင့် ။ ၃နှစ်သာသာ ကလေးကိုမိဘမဲ့ဖြစ်စေခဲ့တာကြောင့်။ဒါ့အပြင်ကလေးက အမေကလွဲပြီးအဖေဖြစ်သူကိုမသိ။
ဥက္ကာ ကိုယ့်ကိုယ်ကိုယ် ကံအဆိုးဆုံးလူသားဟုထင်ခဲ့တာ။တကယ်တမ်း
မင်းသိုက်ကမှဥက္ကာထက်ပိုဆိုးနေခဲ့တာပဲ။
သားဖြစ်သူတစ်လရှိပြီးနောက် လုံးဝအဆက်သွယ်မရတော့တာ သူအသက်ထွက်တဲ့အထိတဲ့။ ဒါ့ကြောင့်
မင်းသိုက်ဟာသေဆုံးရာမှာမျက်လုံးမှိတ်
မနေပါ။ နောက်ဆုံးအနေနဲ့သားဖြစ်သူရဲ့မျက်နှာကိုမြင်ခွင့်ရချင်ပုံ။
လူယုံဖြစ်ခဲ့ဖူးတဲ့မင်းသိုက်အတွက်ဥက္ကာလုပ်ပေးနိုင်တာဟာ သူ၏သားကို ဥက္ကာရဲ့သားအဖြစ်အပြီးတိုင်မွေးစားလိုက်ခြင်းပါပဲ။ကလေးက ဝဝကစ်ကစ်လေးမဟုတ်သလို ပိန်ပိန်သေးလည်းမဟုတ်။ အသားကဖြူဝါပြီး ဖွံ့ဖွံ့ဖြိုးဖြိုးရှိသဖြင့် ဦးဉာဏ်က အာလူးလေး ဆိုပြီးချစ်စနိုးနဲ့ခေါ်၏။
ကလေးကလည်းသဘောကျတော့ ဥက္ကာတို့ထိုအတိုင်းသာခေါ်ကြတော့သည်။
"Daddyအာလူးလေးမအိပ်သေးဘူးလား''
"အိပ်ဘူး Daddyက အာလူးလေးကိုတစ်ယောက်တည်းပစ်ထားတာကို''
"အိုးဟို Daddyကိုစိတ်ကောက်နေတယ်ပေါ့''
အာလူးလေးကနှုတ်ခမ်းကိုစူပြီးဥက္ကာကို
မကြည့်ဘဲ မျက်နှာလွှဲထားသည်။သူ့ကိုတစ်ယောက်တည်းပစ်ထားမိလို့စိတ်ကောက်နေတာ။ ကိုယ်ဟာသူ့ဖေဖေဖြစ်ကြောင်းပြောလိုက်တုန်းကဆို အကြာကြီးပစ်ထားရကောင်းလားဆိုပြီး တစ်ရက်နဲ့တစ်ညလုံးလုံးစိတ်ကောက်နေခဲ့တာ။
သူ့အဖေအရင်းဆုံးသွားတဲ့အကြောင်းတော့ ဥက္ကာမဟရက်ပါ။ကလေးကဖအေဖြစ်သူကိုအတော်လေးတွေ့ချင်ရှာတာ။
"မေမေရော Daddy''
Advertisement
"မေမေကလေယာဥ်ပျံကိုစီးပြီး
အာလူးလေးအတွက်မုန့်ဖိုးသွားရှာတယ် အာလူးလေးရဲ့ ''
"Daddyတကယ်ပြောတာလား ဒါဆိုအာလူးလေးမုန့်တွေအများကြီးစားရမှာပေါ့နော်''
"ဒါပေါ့ အာလူးလေးမုန့်တွေအများကြီးစားရမှာ''
သတိရတိုင်းမိခင်ဖြစ်သူကိုထ ထမေးတတ်သောကလေးကိုဥက္ကာအမြဲဒီလိုလေးအဖြေပေး၏။ ကလေးကယုံကြည်သည်။
မိခင်ဖြစ်သူပြန်လာမယ့်အချိန်ကိုလည်းစောင့်မျှော်နေသည်။လောလောဆယ်
ကလေးကိုလိမ်ညာရုံကလွဲကျန်တာဥက္ကာ
မတတ်န်ိုင်။ကြီးလာရင် သူ့ဟာသူအရာရာကိုနားလည်လာလိမ့်မည်ဟု ဥက္ကာယုံကြည်ပါသည်။
"သူကဘယ်သူလဲ Daddy''
ပန်းချီပြခန်းလိုသူ့အခန်းထဲနေရာအပြည့်ယူထားသည့်လင်းဆယူပုံတွေကို
အာလူးလေးက လက်ညှိုးထိုးပြီးမေးခြင်းဖြစ်သည်။ ကလေးမေးလည်းမေးချင်စရာပင်။ဥက္ကာအခန်း၏အရပ်မျက်နှာတိုင်းဟာလင်းဆယူပုံတွေချည်းဖြစ်နေတာ။ဒါကရူးသွပ်ခြင်းဆိုရင် ဥက္ကာအတွက် လှပတဲ့ရူးသွပ်ခြင်းပါပဲ။
"သူက အာလူးလေးရဲ့ဦးဦးပေါ့ အာလူးလေးမှတ်ထားရမယ်နော် ဦးဦးကိုတွေ့ရင်ဦးဦးချစ်အောင်နေရမယ်မဆိုးရဘူး
ဦးဦးကိုစိတ်ညစ်အောင်မလုပ်ရဘူး''
"ဟုတ် Daddy အာလူးလေးကဘယ်သူ့ကိုမှစိတ်ညစ်အောင်လုပ်ချင်ပါဘူး Daddy''
"ဟုတ်ပြီဗျာ ဘယ်လိုလဲ အာလူးလေး
အဲ့ဒီဦးဦးကိုကြိုက်ရဲ့လား
"ဟုတ် ဦးဦးကချောတယ်နော် အာလူးလေးကြီးလာရင်အဲ့ဦးဦးကိုယူလို့ရလားဟင် Daddy''
ဥက္ကာ နှုတ်ပိတ်သွားသည်။ဒါဘယ်လိုတောင်မဆီလျော်လိုက်တဲ့မေးခွန်းကြီးလဲ။
"မရပါဘူး အာလူးလေးနော် ကလေးလေးရှိသေးတာကိုအဲ့လိုမပြောစမ်းနဲ့ Daddy
မကြိုက်ဘူး''
"ကလေးဖြစ်နေလို့ကြီးလာရင်ယူမယ်ပြောတာပေါ့ Daddyကလည်း ဦးဦးကချစ်စရာလေးလေ ယူချင်စရာကြီးDaddyရဲ့''
"ပေးမယူပါဘူးနော်''
"ဟွန့် ဘာဖြစ်လို့လဲDaddyရဲ့ ဦးဦးကယူချင်စရာကြီးကို''
"အာလူးလေးကယောက်ျားလေးလေမိန်းမယူရမှာပေါ့ ယောက်ျားမယူရဘူး''
"ဪ...အဲ့လိုလား ဒါဆိုအဲ့ဦးဦးလည်း
မိန်းမပဲယူရမှာပေါ့နော် Daddy''
ဒီတစ်ခေါက်အာလူးလေးရဲ့စကားဟာ
ဥက္ကာကို ရုတ်ခြည်းအသက်မဲ့သွားစေနေသည်။ ၃နှစ်သာသာ ကလေးကို
ကလိမ်ကကျစ် ကျလို့အခုခံလိုက်ရတယ်ပြောရမလား အာလူးလေးရဲ့စကားဟာ
ဥက္ကာကိုချက်ချင်းအတွေးများစေသွားသည်။
အာလူးလေးပြောသလို ယူသာမိန်းမတွေကိုပဲစိတ်ဝင်စားရင်တော့ သူဘယ်လောက်ကြိုးစားကြိုးစားသူ့ကိုအသိအမှတ်ပြုပေးမှာမဟုတ်ဘူးဘဲ။သို့ပေမယ့် ဥက္ကာ
ဒီလောက်နဲ့လက်မလျှော့နိုင်သေးပါ။
ဘာမှပြန်မရတာသေချာရင်တောင်ရူးမိုက်စွာနဲ့ သူကြိုးစားနေဦးမှာ။
"အာလူးလေး Daddyကိုခဏစောင့်နော်
Daddy ဘိုးဘိုးဆီခဏသွားဦးမယ်''
"မြန်မြန်လေးပြန်လာခဲ့ရမယ်နော်Daddy
အာလူးလေးစိတ်မကောက်ချင်ဘူး''
"အမြန်ဆုံးပြန်လာခဲ့ပါ့မယ်ခင်ဗျာ''
ဥက္ကာ အာလူးလေးကိုမွေ့ယာပေါ်အသာချရင်း ချော့မြူနေသည်။ အာလူးလေးက
သူဘယ်သွားသွား အမြဲလိုက်ကြည့်နေတတ်တာ။ 'မေမေလိုအာလူးလေးကိုထားသွားမှာစိုးလို့'တဲ့လေ။ ဒါ့ကြောင့် ဂရုဏာသက်ရပါသည်။
အာလူးလေးကိုမြန်မြန်ပြန်ခဲ့မယ်ပြောထားသည့်အတိုင်း ဥက္ကာ ဦးဉာဏ်ဆီကို
ခပ်မြန်မြန်သွားလိုက်သည်။ကံကောင်းချင်တော့ ဦးဉာဏ်ကမအိပ်သေး။
"ဦးဉာဏ်''
"ဥက္ကာ ဘာကိစ္စတုန်း ကလေးကိုတစ်ယောက်တည်းထားခဲ့တာလား ငိုတော့မှာပဲ''
"ခဏလေးပါပဲဦးဉာဏ် ကျွန်တော်
မနက်ဖြန်အောက်ပြည်ကိုဆင်းပြီးဝယ်ထားတဲ့စိုက်ခင်းကိုသွားကြည့်ချင်လာလို့
အဲ့ဒါ ဦးဉာဏ်ဆီကအကြံတောင်းချင်လို့ပါ''
ဦးဉာဏ်က သူ့အကြောင်းကိုနှောကျေနေအောင်သိသူပီပီ အဓိပ္ပါယ်ပါပါပြုံးလာနေသည်။ ဘာကြောင့်မှန်း ဥက္ကာသိပါ၏။
သိရက်နဲ့ကိုတမင်လုပ်နေတာ။ အဓိကရည်ရွယ်ချက်ကား လင်းဆယူကိုရှာချင်လို့ပါပဲ။ အဲ့အနားစိုက်ခင်းတစ်ကွက်ပိုင်ဆိုင်လိုက်ရတော့ ဥက္ကာအတွက်အကြောင်းပြချက်ကောင်းဖြစ်သွားတာပေါ့။
"မင်းရဲ့ယူကိုရှာချင်တာမဟုတ်လား''
"ဟုတ်တယ် ကျွန်တော်ယူကိုရှာချင်တယ်''
မလိမ်ချင်မညာချင်ပါ။ ယူနဲ့ပတ်သက်လျှင် ဘယ်သောအခါမှဖုံးကွယ်လိုစိတ်တွေ သူ့မှာမရှိ။
ယူရဲ့စိတ်ကိုရယူချင်သလို
ယူကိုလည်း သူတလေးတစားရှိပါ၏။
.
Greenleaf 🌿🍀🌿
--------------------------------------------------------------
Unicode
Zawgyi
~~~~~~
လင္းဆယူ ဦးေဆာင္သည့္တပ္ခြဲမွတပ္ၾကပ္အပါအဝင္အားလုံးသည္
လင္းဆယူေရွ႕တုတ္တုတ္မွ်မလႈပ္ဘဲ
လက္ေတြကိုေနာက္ပစ္ရင္း မားမားမတ္မတ္ရပ္ေနသည္။
သူတို႔အားလုံးအျပစ္ခံယူဖို႔အသင့္ရွိေနၾကျခင္းျဖစ္သည္။
လင္းဆယူကမူ အားလုံးေရွ႕ခါးေထာက္ကာရပ္ရင္းစူးရွေသာအၾကည့္ေတြကိုထုတ္လႊတ္ေနသည္။သူပင္မ႐ုံးမွာ အစည္းအေဝးသြားခဲ့တာ၅ရက္သာၾကာသည္။ဒါကိုသူ႕တပ္ခြဲကျပသနာအႀကီးစားရွာခဲ့သည္။
စက္ေသနတ္တစ္လက္အခိုးခံရျခင္း။
ဒါကဘယ္လိုမွမျဖစ္သင့္တဲ့အရာ။အထက္ကၾကားရင္လည္းလုံးဝခြင့္လႊတ္မွာမဟုတ္။ေသနတ္ဆိုလွ်င္
နည္းနည္းေလးမွအမွားအယြင္းခံတာမဟုတ္။ယုတ္စြအဆုံး က်ည္ဆန္တစ္ေစ့ေလးေတာင္အေၾကာင္းအရင္းမရွိဘဲအဆုံးရႈံးမခံ။ အကယ္၍ဆုံးရႈံးေစခဲ့ရင္အျပစ္ခံယူရသည္။
"မင္းမွာဘာေျပာစရာရွိေသးလဲ တာေပါ''
"မရွိပါဘူး''
ဘယ္ရွိမည္လဲ အခိုးခံရတဲ့ေသနတ္ကသူကိုင္တဲ့ေသနတ္ကိုး။ ခိုးတဲ့သူကား ႐ြာကစိတ္မႏွံ႕တဲ့ေကာင္ေလး။သူ ခိုးၿပီးမနက္မိုးအလင္းမွာပဲ သူ႕ဖေအျဖစ္သူက ေတာင္းေတာင္းပန္ပန္နဲ႕ေသနတ္ကိုျပန္လာေပးသြားသည္။သို႔ေပမယ့္ တာေပါအပါအဝင္အားလုံးကအျပစ္ဒဏ္ကိုခံယူရလိမ့္မည္။ အကယ္၍ ေသနတ္သာျပန္မရပါက
ျပႆနာဟာဒီထက္ပိုၿပီးႀကီးထြားလာနိုင္တာမလို႔။
အိပ္ေနခ်ိန္ျဖစ္သြားတာတဲ့။ဘယ္ေလာက္ေတာင္အအိပ္ႀကီးလိုက္သလဲၾကည့္။
ေသနတ္ကိုင္ၿပီးဒီေလာက္အအိပ္ႀကီးရတယ္လို႔ လင္းဆယူပထမဆုံးအႀကိမ္ျမင္ဖူးသြားတာပါပဲ။ တပ္သားေကာင္း
တစ္ေယာက္အျဖစ္ ရပ္တည္လာေအာင္
အဆင့္ဆင့္သင္ၾကားရယူခဲ့တဲ့ပညာေတြကို ဘယ္ေခ်ာင္မွာမ်ားသြားပစ္ထားေနခဲ့လဲ။ သူဦးေဆာင္တဲ့တပ္ခြဲမွာမွဒီလိုျဖစ္ရတယ္လို႔ လင္းဆယူ ဘယ္လိုေပါက္ကြဲရမွန္းေတာင္မသိေတာ့။
ေတြးေလ ေဒါသထြက္လာရသည္မို႔
သူတို႔အတြက္ျပစ္ဒဏ္ျမန္ျမန္ခ်မွတ္ဖို႔ကို
လင္းဆယူဆုံးျဖတ္လိုက္ေတာ့၏။
"အေရွ႕႐ြာကသခၤ်ိဳင္းကုန္းကိုသြား..''
"မျဖစ္ဘူး ဗိုလ္လင္း ဒါေတာ့လုံးဝမျဖစ္ဘူး အဲ့အစားတျခားလုပ္ပါရေစေနာ္
ေနာ္ ဗိုလ္လင္း''
ၾကည့္ မႀကီးမငယ္နဲ႕တာေပါႀကီးရဲ႕မ်က္ႏွာငယ္နဲ႕အထြန့္တက္မႈကို။လင္းဆယူမွာစကားေတာင္မဆုံးလိုက္ရ။ တာေပါအပါအဝင္တပ္သားေတြရဲ႕မ်က္ႏွာအကုန္လုံးက သခၤ်ိဳင္းကုန္း ဆိုတာနဲ႕
ျပဴးတူးၿပဲတဲျဖစ္သြားကုန္တာ။ သရဲေၾကာက္တတ္တာကိုေတာ့ လင္းဆယူ
တကယ္အရႈံးေပးသည္။
တစ္ဖြဲ႕လုံးက ေသနတ္သာကိုင္ၾကေပမယ့္
သရဲကိုဆို ဒူးတုန္ေအာင္ေၾကာက္ေနၾကတာ။ တစ္ေခါက္ တာေပါတို႔ဆင္ကန္းေတာတိုးသလိုေဆာက္တည္ရာမရ ေျခတည့္ရာေလွ်ာက္
ေျပးေနတာကို လင္းဆယူမွတ္မိေသးသည္။ေျပးေနတာမ်ားလွဲလို႔လွဲ ပစၥည္းေတြက်က်န္လို႔က်န္နဲ႕။ ဒါေတာင္အုပ္စုလိုက္သရဲေျခာက္ခံရတာ။ ဘယ္လိုပဲေဖ်ာက္ေပးေဖ်ာက္ေပးမရ။
အေၾကာက္တရားကမိန္းမမွေယာက္်ားမွ
ကေလးမွလူႀကီးမွဆိုၿပီးမရွိဘူးတဲ့။
ကန့္ကန့္လန္ေအာင္ရန္ေတြ႕ခဲ့တဲ့ တာေပါႀကီးကေျပာသြားတာ။ သူေျပာတဲ့အေၾကာက္တရားဆိုတာကလည္းသရဲ
အတြက္သီးသန့္ပါပဲတဲ့။ ဒါကိုပဲလင္းဆယူအံ့ၾသတာ။ မျမင္ရတဲ့သရဲကိုျမင္ေနရတဲ့ရန္သူထက္ပိုေၾကာက္ေနရတယ္လို႔။
"ေနာ္ ဗိုလ္လင္းေနာ္ ''
မိမိကဆုံးျဖတ္ခ်က္မေျပာင္းမခ်င္း
တာေပါကလည္းအထြန့္တက္ေနသည္။
"ငါသာသရဲနဲ႕စကားေျပာန္ိုင္ရင္ေလ ညက်မင္းနဲ႕လာအိပ္ဖို႔ငါေျပာလိုက္မွာ''
"အိုးဟို ဒါေတာ့ဗိုလ္လင္းလုံးဝႏွလုံးသား
မရွိတာဘဲ မိန္းမ မရတာမဆန္းပါဘူး''
"မင္းကေရာ ႐ူးေၾကာင္မူးေၾကာင္နဲ႕
မင္းကိုယူမယ့္ေကာင္မေလးရွိရင္
ငါေသခ်ာေျပာနိုင္တယ္ အဲ့ေကာင္မေလး
ဦးႏွောက္ကမွိုတက္ေနလို႔ပဲ''
"ႏွိမ္တတ္လိုက္တာဗိုလ္လင္းရယ္
ဗိုလ္လင္းေျပာသလိုသာျဖစ္လာရင္ေလ
ကြၽန္ေတာ္ ေရမရွိတဲ့ေခ်ာင္းကိုသြားၿပီး
ကိုယ့္ကိုယ္ကိုယ္ေရနစ္သတ္ေသလိုက္မယ္''
လင္းဆယူ ေျခေထာက္တစ္ဖက္ေျမာက္ၿပီး တာေပါဖင္ကိုပိတ္ကန္လိုက္သည္။
ေရမရွိမွေတာ့ေသပါ့မလား။တာေပါတို႔ကထုံးစံအတိုင္းအခြက္ေျပာင္ရမွစားဝင္အိပ္ေပ်ာ္တာ။ အျပစ္ခံယူဖို႔သာေန ေနေပမယ့္ မ်က္ႏွာကၿပဳံးစိစိျဖစ္ခ်င္ေနသည္။
ဒါကိုေအာင့္ထားေနေတာ့ တာေပါ
ဘာေၾကာင့္ရည္းစားမရသလဲလင္းဆယူနားလည္သြား၏။ တာေပါတို႔ monkeys ရႈံးေအာင္႐ုပ္ဆိုးေနတာ။
"ေကာင္းၿပီေလ ေလ့က်င့္ေရးကြင္းကိုသြားၿပီး တစ္ေယာက္ကိုအေခါက္၅၀တိတိတြားသြား တာေပါကေတာ့၁၀၀. ညီပါေစေနာ္
ငါေစာင့္ၾကည့္ေနမယ္''
"ဟုတ္!!''
ၿပိဳင္တူအေလးျပဳလာၿပီးေနာက္ ေလ့က်င့္ေရးကြင္းကိုညီညီညာညာႏွင့္ေျပးသြားေနသည္။ လင္းဆယူကား သူေနသည့္တဲ၏ေရွ႕က ေတာင္ကုန္းေလးေပၚကိုတက္သြားေနသည္။ ဒီေတာင္ကုန္းမွာဆို
ေလ့က်င့္ေရးကြင္းထဲကတပ္သားတိုင္းကို
လင္းဆယူ ေကာင္းေကာင္းျမင္ရသည္။
လင္းဆယူက ေတာင္ကုန္းေပၚေရာက္ေနေသာ္ျငား ခုံတန္းေလးတြင္ထိုင္မေနပါ။
လက္ႏွစ္ဖက္ကိုေနာက္ပစ္ရင္း မားမားမတ္မတ္ရပ္ေနသည္။တပ္သားေတြကၾကည့္လွ်င္ သူတို႔ဗိုလ္လင္း
သူတို႔ကိုၾကည့္ေနသည္ဟုခံစားရလိမ့္မည္။
တကယ္တမ္းလင္းဆယူအၾကည့္ေတြကား
အေဝးတစ္ေနရာကိုေရာက္တည္ရာမရွိေရာက္ေနသည္။ ေတာင္ကုန္းေပၚျဖစ္
သျဖင့္ ေလ႐ူးရဲ႕တိုက္ခတ္လာမႈကို
အျပည့္အဝခံစားရသည္။ ထိုေလ႐ူးတို႔ရဲ႕က်ီစယ္မႈေၾကာင့္ လင္းဆယူ၏တိုးတိေနတဲ့ဆံပင္ေတြ စတင္လႈပ္ယမ္းလာသည္။
မိုး႐ြာသည့္အခါလြမ္းစရာမရွိတာေတာင္
တစ္ခုခုကိုလြမ္းဆြတ္သလိုခံစားေနရ
သလိုမ်ိဳး ယခုလင္းဆယူ၏စိတ္တို႔သည္ေဆာက္တည္ရာမရျဖစ္ေနသည္။ ေလ႐ူးတို႔တျဖဴးျဖဴးေသြးေဆာ္ေနသျဖင့္
လင္းဆယူ မ်က္လုံးကိုခပ္တင္းတင္းမွိတ္ကာၿငိမ္ေနသည္။
တစ္စုံတစ္ေယာက္ကို သူလြမ္းလာ
သလိုလိုျဖစ္လာေနသည္။ မသိစိတ္ကမဟုတ္ဘဲ သူ႕ရဲ႕သိစိတ္က ဒါကိုေကာင္းေကာင္းႀကီးသိလ်က္နဲ႕ဆက္လုပ္ေနသည္။သို႔ေသာ္ဒီအလြမ္းကိုသူလုံးဝယလုံးဝ တာဝန္ယူမွာမဟုတ္။ သူ႕အတြက္တစ္စုံတစ္ေယာက္ကိုလြမ္းဖို႔ဆိုတာ
အဓိပၸါယ္မရွိတဲ့အရာ။
အခ်စ္ကိုေနာက္မွာထားၿပီး
တာဝန္ကိုေရွ႕မွာထားရမည္။
သူဒီသတိျဖင့္ ဦးႏွောက္နဲ႕ႏွလုံးသားကို
ေသာ့ခ်ိတ္ပိတ္ခဲ့သည္။ေသာ့တံကို
ျမန္မာျပည္ရဲ႕ျမစ္ႀကီးေလးခုထဲကမွ
ေရအစီးသန္ဆုံးျဖစ္တဲ့သံလြင္ျမစ္ထဲကို သူသစၥာဆိုတဲ့ေန႕က ပစ္ခ်ခဲ့သည္။
ဒါ့ေၾကာင့္ ေသာ့ဟာ သူဒီတစ္သက္ျပန္ဖြင့္မွာမဟုတ္တဲ့ေသာ့ဘဲ။
~~~~~
ရက္သတၱပတ္သို႔ ၾကာေညာင္းလာသည္။
႐ူး႐ူးမိုက္မိုက္ခိုးခ်စ္ရသူကိုမေတြ႕ရတာ
၁၆၈နာရီတိတိရွိေနေခ်ၿပီ။ စကၠန့္ႏွင့္အမွ်
နာနာက်င္က်င္လြမ္းေနရသလို ေနရာတိုင္းသူ႕မ်က္ႏွာ သူ႕အသံပဲၾကားေနရသည္။
ဒါစြဲလန္းျခင္းမဟုတ္ပါ။ ခိုးခ်စ္ရသူအေပၚ
မိုက္မိုက္မဲမဲ႐ူးသြပ္ျခင္းျဖစ္လိမ့္မည္။
အခ်ိန္က ညအခ်ိန္ျဖစ္သျဖင့္အေမွာင္တို႔
ႀကီးစိုးေနသည္။ၿမိဳ႕ျဖစ္ေနသည့္အခါ
ညမီးမ်ိဳးစုံကထင္းေနသည္။ ကားလမ္း
မႀကီးမွဆူညံသံေတြ ညေစ်းတန္းမွဆူညံသံေတြ ႀကီးစိုးေနခဲ့ေသာ္ျငား ဥကၠာအတြက္ေတာ့ လင္းဆယူ၏မခ်ိဳမခါးအသံကိုသာဆက္တိုက္ၾကားေနရသည္။
ပိုင္ဆိုင္မႈထဲကတစ္ခုျဖစ္တဲ့အဆင့္ျမင့္
ကြန္ဒိုတိုက္ႀကီး၏ ၃၃ေသာအထပ္မွေနရင္း ေအာက္ရႉခင္းေတြကို ၾကည့္ရႉသလိုသူရပ္ေနသည္။တကယ္တမ္းသူ႕အၾကည့္ေတြကေရာက္တတ္ရာရာသာျဖစ္ေနသည္။ အျပာေရာင္ဆြယ္တာညအိပ္ဝတ္စုံနဲ႕ဆိုေပမယ့္ သူဟာဘယ္တုန္းကမွကေလး႐ုပ္မေပါက္။အနက္ေရာင္မွန္နံရံႀကီးေရွ႕ လက္ပိုက္လ်က္ရပ္ရင္း
သူမ်က္လုံးကိုအသာမွိတ္ကာေန ေနသည္။
ကြၽန္ေတာ္လြမ္းေနတယ္ ယူအခုဘယ္မွာပါလဲ!
လင္းဆယူကိုမေတြ႕ရေတာ့တဲ့အခ်ိန္က
စလို႔ သူ႕စိတ္ဟာ ေမးခြန္းေပါင္းမ်ားစြာကိုထုတ္ေဝတတ္လာသည္။ စိတ္ထဲက၌လည္း တစ္ရက္ကိုအေခါက္တစ္ရာမကေအာင္ ဒီေမးခြန္းကိုသာ
သူ ထပ္ခါထပ္ခါ ေအာ္ေမးေနသည္။
ယူတကယ္ပဲဘယ္ကိုေရာက္ေနတာလဲ!
"Daddy''
ေနာက္ပါးမွထြက္လာေသာအသံစာစာေလး။ ဥကၠာမ်က္လုံးဖြင့္ၿပီးအေနာက္ကိုလွည့္ၾကည့္လိုက္သည္။ ပင္ဂြင္း႐ုပ္ေလးပိုက္ရင္းရပ္ေနေသာကေလးငယ္
တစ္ေယာက္။ ဥကၠာၿပဳံးလိုက္ၿပီးကေလးကိုေပြ႕ခ်ီလိုက္သည္။ကေလးက ေခါင္းစြပ္ပါအျဖဴေရာင္ကာတြန္းဝတ္စုံေလးနဲ႕ျဖစ္ၿပီး ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္ကိုပိုင္ဆိုင္ထား၏။
မင္းသိုက္၏ကေလးျဖစ္သည္။ မင္းသိုက္ဘာေၾကာင့္သူ႕ကိုသစၥာေဖာက္ရသလဲသိရၿပီး၇၂နာရီအၾကာတြင္ မင္းသိုက္ရဲ႕ဇနီးရဲ႕ကေလးကိုကယ္တင္ဖို႔အတြက္ သူႀကိဳးစားခဲ့သည္။ လက္နက္ခ်င္းစကားေျပာသည့္အခါ ႏွစ္ဦးႏွစ္ဖက္က်ရႈံးၾကတာထုံးစံျဖစ္သည္။ က်ရႈံးမႈအနည္းနဲ႕အမ်ားသာကြာသည္။
ဥကၠာကိုအၿမဲတိုက္ခိုက္ဖို႔ေခ်ာင္းေနသည့္
ဂိုဏ္းငယ္ကိုဦးေဆာင္သူဟာ တစ္ခ်ိန္က
ဥကၠာတို႔၏လူျဖစ္ခဲ့ၿပီးသစၥာေဖာက္သျဖင့္အဆုံးသတ္ခံလိုက္ရသည့္တစ္ေယာက္၏
ညီျဖစ္သည္။ အစ္ကိုျဖစ္သူအတြက္ကလဲ့စားေခ်ေနျခင္း။ ထို႔ေၾကာင့္ ဥကၠာလူယုံျဖစ္တဲ့မင္းသိုက္ကိုမရမက အက်ပ္ကိုင္ခဲ့တာ။
မင္းသိုက္ရဲ႕သားနဲ႕ဇနီးကိုကယ္တင္သည့္ေန႕မွာတင္ တစ္ဖက္ဂိုဏ္းကေခါင္းေဆာင္အပါအဝင္ေတာ္ေတာ္မ်ားမ်ားက်ရႈံးခဲ့သည္။ မင္းသိုက္ဘက္က ဇနီးနဲ႕သားအတြက္ သူတို႔ကိုေထာင္ေခ်ာက္ဆင္ခဲ့တာေၾကာင့္လည္း ဥကၠာတို႔ေအာင္နိုင္ျခင္းျဖစ္သည္။သို႔ေပမယ့္ အႀကီးဆုံးရန္သူက်ရႈံးသြားတာကို ဥကၠာမေပ်ာ္နိုင္။
မင္းသိုက္နဲ႕သူရဲ႕ဇနီးကိုရႈံးဆုံးလိုက္ရတာေၾကာင့္ ။ ၃ႏွစ္သာသာ ကေလးကိုမိဘမဲ့ျဖစ္ေစခဲ့တာေၾကာင့္။ဒါ့အျပင္ကေလးက အေမကလြဲၿပီးအေဖျဖစ္သူကိုမသိ။
ဥကၠာ ကိုယ့္ကိုယ္ကိုယ္ ကံအဆိုးဆုံးလူသားဟုထင္ခဲ့တာ။တကယ္တမ္း
မင္းသိုက္ကမွဥကၠာထက္ပိုဆိုးေနခဲ့တာပဲ။
သားျဖစ္သူတစ္လရွိၿပီးေနာက္ လုံးဝအဆက္သြယ္မရေတာ့တာ သူအသက္ထြက္တဲ့အထိတဲ့။ ဒါ့ေၾကာင့္
မင္းသိုက္ဟာေသဆုံးရာမွာမ်က္လုံးမွိတ္
မေနပါ။ ေနာက္ဆုံးအေနနဲ႕သားျဖစ္သူရဲ႕မ်က္ႏွာကိုျမင္ခြင့္ရခ်င္ပုံ။
လူယုံျဖစ္ခဲ့ဖူးတဲ့မင္းသိုက္အတြက္ဥကၠာလုပ္ေပးနိုင္တာဟာ သူ၏သားကို ဥကၠာရဲ႕သားအျဖစ္အၿပီးတိုင္ေမြးစားလိုက္ျခင္းပါပဲ။ကေလးက ဝဝကစ္ကစ္ေလးမဟုတ္သလို ပိန္ပိန္ေသးလည္းမဟုတ္။ အသားကျဖဴဝါၿပီး ဖြံ႕ဖြံ႕ၿဖိဳးၿဖိဳးရွိသျဖင့္ ဦးဉာဏ္က အာလူးေလး ဆိုၿပီးခ်စ္စနိုးနဲ႕ေခၚ၏။
ကေလးကလည္းသေဘာက်ေတာ့ ဥကၠာတို႔ထိုအတိုင္းသာေခၚၾကေတာ့သည္။
"Daddyအာလူးေလးမအိပ္ေသးဘူးလား''
"အိပ္ဘူး Daddyက အာလူးေလးကိုတစ္ေယာက္တည္းပစ္ထားတာကို''
"အိုးဟို Daddyကိုစိတ္ေကာက္ေနတယ္ေပါ့''
အာလူးေလးကႏႈတ္ခမ္းကိုစူၿပီးဥကၠာကို
မၾကည့္ဘဲ မ်က္ႏွာလႊဲထားသည္။သူ႕ကိုတစ္ေယာက္တည္းပစ္ထားမိလို႔စိတ္ေကာက္ေနတာ။ ကိုယ္ဟာသူ႕ေဖေဖျဖစ္ေၾကာင္းေျပာလိုက္တုန္းကဆို အၾကာႀကီးပစ္ထားရေကာင္းလားဆိုၿပီး တစ္ရက္နဲ႕တစ္ညလုံးလုံးစိတ္ေကာက္ေနခဲ့တာ။
သူ႕အေဖအရင္းဆုံးသြားတဲ့အေၾကာင္းေတာ့ ဥကၠာမဟရက္ပါ။ကေလးကဖေအျဖစ္သူကိုအေတာ္ေလးေတြ႕ခ်င္ရွာတာ။
"ေမေမေရာ Daddy''
"ေမေမကေလယာဥ္ပ်ံကိုစီးၿပီး
အာလူးေလးအတြက္မုန့္ဖိုးသြားရွာတယ္ အာလူးေလးရဲ႕ ''
Advertisement
- In Serial22 Chapters
Iron Saga - A Military science fiction adventure
This is my first attempt at anything resembling a novel. I planned it as an ongoing story with my main character Leo go through different arcs. This story will have many aspects, ideas, and inspirations I care about in it. The genre is primarily being military science fiction with a sprinkle of litrpg and elements throughout the story.
8 197 - In Serial50 Chapters
Legion, God of Monsters
An epic fantasy adventure inspired by elements of GameLit and Isekai. Legion, God of Monsters follows a new god and his inhuman prophet as they begin to turn the world of Hanulfall upside down. From adventurers, nobles, and politicking goblins to beastkin, orcs, trolls, and many other fantastical races, they find themselves embroiled in the scheming of kingdoms and the fate of a tribe.
8 209 - In Serial18 Chapters
Miraculous Ladybug AU- Soulmates
When everyone turns 17, they get a set of initials or an initial somewhere on their body that links them to their soulmate - the person who is their other half. Marinette was incredibly excited for her seventeenth birthday. She was hoping her mark would link her to Adrien. When she saw her mark, she was shocked. There was only one person in the world who her soulmate could be. Her mark was a green and black CN, which meant her soulmate was Cat Noir.DISCLAIMER: WE DO NOT OWN MIRACULOUS LADYBUG! ALL RIGHTS GO TO THOMAS ASTRUC!Inspiration from Soulmates by its_nusa_obviously and other stories on Wattpad :)
8 97 - In Serial10 Chapters
My Angel (Asanoya)
asanoya smut love storyHi guys! Sorry if this is absolutely terrible. I've never really written one of these before but I'm going to try! Thank you so much!
8 159 - In Serial31 Chapters
✔️ʟᴏᴠᴇ ᴀᴅᴠɪᴄᴇ | ᴊᴇᴏɴ ʜᴇᴇᴊɪɴ [ ʙᴏᴏᴋ 1 ]
[ ʙᴏᴏᴋ ᴏɴᴇ ꜰʀᴏᴍ ʟᴏᴠᴇ ᴀᴅᴠɪᴄᴇ ꜱᴇʀɪᴇꜱ ]ʜᴡᴀɴɢ ʏ/ɴ, ꜱᴜᴅᴅᴇɴʟʏ ᴅɪꜱᴀᴘᴘᴇᴀʀᴇᴅ ꜰʀᴏᴍ ʜᴇᴇᴊɪɴ'ꜱ ʟɪꜰᴇ. ɴᴏᴡ ᴛʜᴇʏ ᴍᴏᴠᴇ ʙᴀᴄᴋ ᴛᴏ ꜱᴏᴜᴛʜ ᴋᴏʀᴇᴀ ꜰᴏʀ ᴀ ꜱᴇᴄᴏɴᴅ ᴄʜᴀɴᴄᴇ, ᴡɪʟʟ ᴛʜᴇʏ ꜱᴛɪʟʟ ʙᴇ ᴀᴄᴄᴇᴘᴛᴇᴅ ʙᴀᴄᴋ ɪɴᴛᴏ ʜᴇʀ ʟɪꜰᴇ?ꜱᴛᴀʀᴛᴇᴅ: 02/16/20ꜰɪɴɪꜱʜᴇᴅ: 05/01/20ᴀᴜᴛʜᴏʀ: _ᴇᴜɴᴋᴏᴏᴋᴇᴅ- ᴄʀᴇᴅɪᴛꜱ ᴛᴏ ᴛʜᴇ ᴏʀɪɢɪɴᴀʟ ᴏᴡɴᴇʀꜱ ᴏꜰ ᴛʜᴇ ɢɪꜰꜱ ᴀɴᴅ ᴘɪᴄᴛᴜʀᴇꜱ ᴜꜱᴇᴅ ɪɴ ᴛʜɪꜱ ʙᴏᴏᴋ -
8 214 - In Serial134 Chapters
Inky Veins is a poetry collection of rhyme, free verse, prose, and haiku. Poems included in this collection are from Andi Leigh's blog: andileighwrites.com.Originally published: May 15, 2022.Paperback copies are available at Lulu.com, Amazon, and Barnes & Noble Online!
8 133

