《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 2 🚫( Unicode)
Advertisement
ကျောင်းဖွင့်စဆိုတော့သိတဲ့အတိုင်းအတန်းချိန်တွေလည်းအချိန်ပြည့်မဝင်သေးဘူးဆိုတော့အေးဆေးဖြစ်နေသည်။နေ့လယ်ပိုင်းမှအတန်းသွားမည်ဟု ဆုံးဖြတ်ထားသဖြင့်အိမ်မှာအိပ်နေမိသည်။ မေမေကလည်းဒီနေ့ဆိုင်မသွားသည်မို့အိမ်မှာ မဟာရယ်၊မေမေရယ်၊အိမ်ဖော်ကောင်မလေးရယ်၃ယောက်ရှိနေသည်။
ဒယ်ဒီကတော့ထုံးစံအတိုင်းအိပ်မကပ်သူမို့မရှိပေ။
မေမေ့ကိုတော့အတန်းမရှိလို့ဟုလိမ်ထားလိုက်သည်။တကယ်ကရှိတော့ရှိသည်။
သို့သော်ကျောင်းဖွင့်စဆိုတော့စာအုပ်တွေကလဲမစုံသေးသည်မို့အတန်းမဝင်ဖြစ်ဖို့ကများသည်မဟုတ်လား။
ထို့ကြောင့်အိမ်မှာအိပ်ပြီးဂိမ်းဆော့နေလိုက်သည်။၁၁နာရီထိုးနေပြီဖြစ်သော်လည်းအခုထိ အိပ်ရာကနေမထမိသေး။
ထိုစဉ်ဖုန်းဝင်လာသည်။
Unknown call ဖြစ်သဖြင့်မျက်ခုံးတစ်ချက်ပင့်လိုက်သည်။ထို့ကြောင့် ဖုန်းကိုင်ကာ
"ဟဲလို"
"Good Girl"
ဘာလားဟ။သူများကိုများဘာမပြောညာမပြောနဲ့good girl တဲ့။ဘယ်လိုမိန်းမမှန်းမသိ။လူတကာကိုလိုက်အီနေတာထင်ပါ့။
မဟာနှုတ်ခမ်းကိုဖိကိုက်လိုက်သည်။
"ဘယ်သူလဲဖုန်းမှားနေပြီထင်တယ် ကျွန်မ Good Girl မဟုတ်ဘူး"
မဟာပြောလိုက်တော့သူဟက်ဟက်ပက်ပက်နဲ့ရယ်လိုက်သည်ကိုကြားလိုက်ရသည်။
နေပါအုံး။
ဒီလိုသူများကိုလှောင်သလိုလိုရယ်သံမျိုးပြောတဲ့အသံကိုကြားဖူးပါ့။စဉ်းစားစမ်း။စဉ်းစားစမ်း။
ဟင်။
"ရှင် !!!!!!ဒီရှိုင်းနားမဟုတ်လား"
"Wow!! တို့မိန်းကလေးကဥာဏ်ကောင်းသားပဲ၊ကြိုက်တယ်ဒါမျိုးဆိုအသေကြွေတာ"
"ဒီမှာရူးသလိုလိုပေါသလိုလိုအကွက်တွေလာမဆင်နဲ့၊လူကိုများဘာမှတ် ဒေါ်ဒီရှိုင်းနား"
"Oh ! God! တို့ရုပ်ကအဲ့လောက်တောင်အိုသွားပြီလား"
"မသိဘူး ဟုတ်မှာပေါ့"
အမှန်တော့သူ့ရုပ်ကမဟာ့ထက်အဆပေါင်းများစွာနုပျိုတယ်ဆိုတာသိပါသည်။အမြင်ကတ်လို့ပြောလိုက်ခြင်းသာ။
"ဒါနဲ့ ရှင် ကျွန်မ ဖုန်းနံပါတ်ဘယ်လိုသိ"
"အဟား!မင်းဖုန်းနံပါတ်တစ်ခုရဖို့ကိုယ့်အတွက်ဘာခက်ခဲတာကျလို့ ၊ပုရွက်ဆိတ်သတ်သလောက်တောင်မခက်ဘူး"
"ကိုယ့်ကိုယ်ကိုယ်သိပ်အထင်ကြီးမနေနဲ့ ကျွန်မကိုဘာလို့ဖုန်းဆက်တာလဲ"
"မင်းကိုတို့ပြောခဲ့တယ်လေ၊မင်းကတို့ကောင်မလေးဖြစ်ပြီးတို့နဲ့တွဲရမဲ့လူလို့"
"ရှင်ကရူးနေတာပဲ၊ရှင်ကမိန်းကလေးလေ"
"အဲ့ဒါတွေတို့ဂရုမစိုက်ဘူး၊ဒီနေ့တို့မင်းနဲ့အပြင်သွားချင်တယ်၊တို့စိတ်တွေအရမ်းညစ်နေလို့ အဲ့ဒါမင်းကိုလာခေါ်မယ် မိနစ်၂၀ အတွင်းရောက်မယ် မင်းအသင့်ပြင်ထားလိုက်"
"အောင်မာ!!!ရှင်ခေါ်တိုင်းလိုက်ရအောင် ရှင်မွေးထားတဲ့သမီးများမှတ်နေသလား၊ကျွန်မကိုမွေးတဲ့ကျွန်မအမေခိုင်းရင်တောင်ကျွန်မအထွန့်တက်သေးတာ"
"Never mind! This is not my business! Ok ?"
"Go to the hell!!!"
"အခုကစပြီးရေနေပြီနော် မိနစ်၂၀အတွင်း တို့ရောက်လာလို့မှမင်းမပြီးရင်တို့က သိပ်ကြောက်ဖို့ကောင်းအောင်အပြစ်ပေးတတ်တယ်"
"What the fucking life?"
" ကဲ ဒါပဲကွာ"
မဟာဒေါသထွက်ထွက်နှင့်ကျိန်ဆဲနေမိသည်။ဘယ်လောက်တောင်မုန်းစရာကောင်းလိုက်တဲ့မိန်းမလဲ။
သူခေါ်တိုင်းလိုက်ရအောင်သူ့ရဲ့အဖျော်ဖြေခံအရုပ်များမှတ်နေသလားမသိဘူး။ Middle Figure ပဲ ။
အမယ် သူကငါ့အိမ်သိတာမှတ်လို့။မလိုက်ချင်ဘူးဆိုရင်အခန်းထဲဝင်လာလို့မှမရတာ။
So Sad ပါ ဒေါ်ဒီရှိုင်းနား။
မဟာဆော့လက်စဂိမ်းကိုဆက်ဆော့နေလိုက်သည်။ဂရုမစိုက်ဘူးဆိုသော်လည်းနာရီကိုတော့တချက်တချက်လှမ်းကြည့်မိသေးသည်။
၁၅မိနစ်လောက်ရောက်တော့ရောက်များနေပြီလားဟုလည်းအတွေးဝင်မိသေးသည်။
သို့သော် မန္တလေးမြို့ကြီးဒီလောက်ကျယ်တာလိပ်စာမသိဘဲရှာလို့မှမလွယ်ဟုတွေးပြီးပြန်အိပ်နေလိုက်သည်။
"ဒေါက် ဒေါက် ဒေါက်"
"ဟုတ်ကဲ့"
"သမီး မပြီးသေးဘူးလား အောက်မှာသမီး တီချယ်စောင့်နေတယ်"
"ဘယ်ကတီချယ်လဲမေမေရဲ့"
"ဟဲ့ ညည်းအခုမှရူးချင်ယောင်ဆောင်မနေနဲ့အောက်မှာ ခမျာ စောင့်နေရှာတာ သူတို့အိမ်မှာဆွမ်းကပ်သွားမလို့ဆို"
"ဟာ မဟုတ်ပါဘူး မေမေကလည်း ဘယ်ကတီချယ်လဲ"
"ခင်သူဇာတဲ့"
"ရှင်"
မဟာကုတင်ပေါ်မှပြေးဆင်းကာတံခါးကိုဖွင့်လိုက်သည်။ဖွင့်ဖွင့်ချင်း မေမေ့လက်ကခေါင်းပေါ်ကျလာသည်။
"ဒေါက်!!!! ဘယ်အရာကိုမှအလေးမထားဘူး ပေါ့ပျက်ပျက်နဲ့ အဝတ်အစားလဲပြီးဆင်းလာခဲ့"
"ဟာ မေမေကလဲ မဟုတ် ....."
"မဟာမေတ္တာ ငါ့ကိုဒေါသထွက်အောင်မလုပ်နဲ့နော်၊ အဲ့ဒါငါ့ဆရာမမဟုတ်ဘူး၊ ညည်းဆရာမဟဲ့ ဆရာမလေးကအိမ်တိုင်ရာရောက်လာခေါ်တာတောင် တပည့်ကဘယ်လိုမှန်းမသိဘူး"
"ဟာ မေမေကလည်း၊ အဲ့ဒါဆိုသမီးဆင်း
ကြည့်အုံးမယ်"
"အို ကြာနေပါ့မယ်၊အဝတ်လဲပြီးမှဆင်းလာခဲ့၊ညည်းဆရာမမို့လာခေါ်တာပေါ့ သွား"
မေမေကအတင်းတွန်းလွှတ်တော့မဟာမှာအောင့်သက်သက်နှင့်အခန်းထဲဝင်ခဲ့ရသည်။ teacher ခင်သူဇာကဘာမှလည်းပြောမထားပါဘူး။ပြီးတော့အဲ့လောက်ခင်တဲ့လူလည်းမဟုတ်ဘူးလေ။
မဟာစိတ်ရှုပ်ရှုပ်နဲ့ဆင်စွယ်ရောင် ဇာအနား သတ်လေးတွေပါသောဒူးဖုံးဂါဝန်လေးကိုဝတ်လိုက်သည်။ဆံနွယ်လိမ်လိမ်လေးတွေကိုမြောက်မြောက်ကလေးစည်းလိုက်ပြီးအောင့်သက်သက်နှင့်ဆင်းလာခဲ့သည်။
အောက်ကိုရောက်တော့အမှန်ပင် teacher ဖြစ်နေသည်မို့အံသြသွားသည်။မေမေကမဟာ့ကိုမြင်တော့...
"အဲ့ဒါပဲတီချယ်ရေ.....မဟာကပေါ့ပျက်ပျက်နဲ့ဘာကိုမှအလေးမထားဘူး ဆုံးမစရာရှိရင်လဲဆုံးမပေးပါအုံး"
"ဟုတ်ကဲ့ပါအန်တီ အဲ့ဒါဆိုရင် သွားရအောင်သမီး"
မဟာမှာကြောင်တောင်တောင်နဲ့လိုက်လာခဲ့ရသည်။ teacher ပဲအမှတ်မှားသလား မဟာပဲအမှတ်မှားလေသလား။ teacher ဆွမ်းကျွေးဆိုတာမဟာဖြင့်ကြားကိုမကြားဖူး။
သို့သော် အားနာနာနှင့်လိုက်ခဲ့ရသည်။ကားနားရောက်တော့တီချယ်ကအနောက်ခန်းမှာတက်သဖြင့်မဟာကြောင်သွားသည်။
"တီချယ် driver ပါလာတာလား"
"မဟုတ်ပါဘူးသမီးရဲ့....ရှိုင်းလေကားမောင်းတာက"
ကားမှန်အနက်ရောင်ကိုချလိုက်မှမဟာမှာအံသြသွားရသည်။ တီချယ်ကကားပေါ်ရောက်သွားပြီဖြစ်သော်လည်းမဟာမှာ ကြောင်အမ်း အမ်းဖြစ်နေသည်။
"တီချယ်ပြောတော့ဆွမ်းကျွေးဆို"
"အင်း ဟုတ်တယ်လေ လာလေတက် တို့ဘေးနားမှာလာတက်"
မျက်မှန်အနက်ကိုချွတ်ကာမျက်ခုံးနှစ်ဖက်ကိုပင့်ပြီးပြောလိုက်ပုံကကျက်သရေတုံးလိုက်တာ။
"လာတက်ပါသမီးရဲ့"
တီချယ်ကခေါ်နေသဖြင့် အောင့်သက်သက်နဲ့မချစ်သော်လည်းအောင့်ကာနမ်းဆိုသလို
ဒီရှိုင်းနားဘေးနားဝင်ထိုင်ရသည်။
ကားပေါ်တက်တက်ချင်းရေမွှေးနံစူးစူးကထောင်းကနဲ။
မဟာကနှာခေါင်းရှုံ့လိုက်တော့သူကပြုံးကာကားကိုမောင်းလိုက်သည်။
>>>>>>>>>>
ကားမောင်းနေစဉ်တစ်လျှောက်လုံး သုံးယောက်လုံးစကားတစ်ခွန်းမှမပြောကြဘဲတိတ်ဆိတ်နေသည်။ဒီရှိုင်းနားကကားကိုအိမ်တစ်အိမ်မှာရပ်လိုက်သည်။
ကားရပ်လိုက်တော့တီချယ်ဆင်းတာမြင်သဖြင့်မဟာလည်းဆင်းမည်ပြုတော့မဟာ့လက်ကိုအတင်းဆွဲထားသည်။
မဟာမှာဆင်း၍မရ။
"ကဲ ငါသွားပြီ သမီးရေ တီချယ်သွားပြီနော်"
"ရှင်!!!! တီ .....တီချယ်"
မဟာအော်နေစဉ်မှာပင်တီချယ်ကမြင်ကွင်းရှေ့ကပျောက်ကွယ်သွားသည်။လိမ်ခေါ်ခြင်းခံလိုက်ရသဖြင့်အသားတွေပင်တဆတ်ဆတ်တုန်မိသည်။
"ရှင်တို့ပြောတော့ ဆွမ်းကျွေးဆို"
"ဟုတ်တယ်လေ သူဇာကဆွမ်းကျွေးကိုသွားတာ၊တို့ကသူဇာ့ကိုမင်းနဲ့တို့ချိန်းထားတာလို့လိမ်ပြောလိုက်တာ"
"ရှင်အကြံကြီးလှချည်လား"
"တို့လား? A Hak !မင်းကိုပြောသားပဲတို့ကမဖြစ်ဖြစ်အောင်လုပ်တတ်တယ်လို့ ပြီးတော့မင်း ၂၅မိနစ်နောက်ကျတယ် မင်းကိုတို့အပြစ်ပေးရမှာပေါ့"
"အံ့မှာရှင်အပြစ်ပေးတိုင်းခံရအောင်ကျွန်မကဒုက္ခိတမဟုတ်ဘူး၊ ပြန်လုပ်မှာပေါ့"
"တို့အစကလည်ဖို့စိတ်ကူးရှိတယ်၊ဒါပေမဲ့မင်းကတို့အချိန်တွေကို ၂၅မိနစ်ကြီးတောင်ယူလိုက်တဲ့အတွက်မင်းကိုသေချာပေါက်အပြစ်ပေးရမှာပဲ"
ပြောချင်ရာပြောပြီးတလှုပ်လှုပ်နဲ့ပီကေဝါးနေသောထိုပါးစပ်ကြီးကိုဆွဲကုပ်ပစ်ချင်သည်။လက်နှစ်ဖက်ကိုဆုပ်ပြီးထိုင်ခုံတွေကိုအားရပါးရထုတော့သူကထရယ်သည်။သို့သော်ဘာမှမပြောဘဲကားကိုသာဆက်မောင်းနေလေသည်။
"မင်းကဒီပုံစံလေးနဲ့ချစ်ဖို့ကောင်းသားပဲ"
မဟာကလက်ပိုက်ကာလမ်းဖက်ကိုမျက်နှာလွဲပစ် လိုက်သည်။အဲ့ဒါကိုချေတယ်လို့ခေါ်တယ် ဒီရှိုင်းနားရဲ့။
သူမောင်းလာတာ မြို့သစ်ဖက်ပင်ရောက်လာသဖြင့်မဟာသူ့ကိုတစ်ချက်ကြည့်လိုက်သည်။
"ရှင်ဘယ်မောင်းလာတာလဲ"
"ရောက်ရင်သိမှာပေါ့"
မေးလည်းပြောမည့်ပုံမဟုတ်တော့လေကုန်ခံပြီးမေးမနေတော့။ စိတ်ထဲမှာတော့ရောင်းတော့မစား လောက်ပါဘူးဟုတွေးမိသေးသည်။သူကကားကိုခြံတစ်ခြံထဲထိုးဝင်လိုက်သည်။ထိုခြံကမြို့နဲ့အတော်ဝေးသဖြင့်မဟာမှာနည်းနည်းတော့ကြောက်စိတ်ဝင်မိသေးသည်။
သို့သော် သူကမိန်းမပဲ။ဘာလုပ်နိုင်မှာမို့လဲဟုတွေးလိုက်သည်။
"ကဲ ရောက်ပြီ ဆင်းတော့"
"ဘာလို့ဆင်းရမှာလဲမဆင်းဘူး"
"A hak! ဘာလဲတို့ပွေ့ချီအောင်ဥာဏ်ဆင်နေတာလားမဟာမေတ္တာ"
"ဘာရှင့်!"
မဟာစိတ်ပေါက်ပေါက်နဲ့ကားပေါ်ကဆင်းကာကားတံခါးကိုဂျိမ်းကနဲမည်အောင်ပိတ်ပစ်လိုက်သည်။သူကတခစ်ခစ်နဲ့ရယ်ပြီးနောက်ကလိုက်လာသည်။
မဟာကခြံပိုင်ကဲ့သို့ပင်လူမရှိတဲ့အိမ်ထဲဝင်လာခဲ့သည်။
သူကအနောက်ကလိုက်လာပြီးအိမ်ထဲရောက်တော့တံခါးပိတ်လိုက်သံကြားသဖြင့်မဟာအနောက်ကိုလှည့်ကြည့်လိုက်သည်။
"ဘာလို့တံခါးပိတ်တာလဲ"
"တို့အိမ်မှာတို့ပိတ်ချင်ရင်ပိတ်မှာပေါ့"
"ရှင်ပိတ်ချင်တိုင်းပိတ်....."
မဟာပြောနေစဉ်မှာပင် မဟာ့အနားလာကာမဟာ့လက်နှစ်ဖက်ကိုဆောင့်ဆွဲလိုက်သဖြင့်လက်တွေနာသွားရသည်။
"ရှင်ဘာလုပ်တာလဲ"
ထို့နောက်ဘာမပြောဘာမဆိုနှင့်မဟာ့ကိုယ်ကိုစွေ့ကနဲ့ပွေ့ချီလိုက်သဖြင့်မဟာကြောင်သွားသည်။မဟာ့ကိုယ်လုံးကိုဖော့တုံးလေးမ,လိုက်သလိုပွေ့လိုက်သဖြင့်လည်းအံ့သြသွားရသည်။
သူကမဟာ့ကိုယ်ကိုပွေ့ပြီးလှေကားထစ်တွေကိုတက်ကာအပေါ်ထပ်ကိုဦးတည်နေသည်။မဟာနောက်မှသတိဝင်လာပြီးရှက်စိတ်ဝင်ကာရုန်းမိသည်။ရုန်းတော့ပိုပြီးတင်းတင်းချုပ်ထားသည်။
"ကျွန်မကိုချပေး"
"မင်းမေ့နေပြီထင်တယ် တို့ကအပြစ်ရှိတဲ့လူကိုအပြစ်ပေးတတ်တယ်လို့ပြောပြီးပြီလေ"
"ရှင်ဘာလုပ်မလို့လဲ"
"A hak ! သိချင်တာလား"
အပေါ်ထပ်ရောက်တော့သော့ပိတ်မထားသောအခန်းတစ်ခန်းကိုအသာတွန်းကာဝင်ခဲ့သည်။ထူးဆန်းလွန်းသည့်အပြုအမူတွေအတွက်မဟာမှာသူ့ကိုအရူးဟုမှတ်ချက်ချနိုင်ရုံကလွဲ၍...။
ရှိုင်းကအခန်းထဲရောက်ရောက်ချင်းမဟာ့ကိုယ်လုံးလေးကို မွေ့ယာပေါ်ပစ်ချလိုက်
သဖြင့်အိကနဲကျသွားရသည်။
ပြီးတော့တံခါးကိုချက်ထိုးလိုက်သည်မို့မဟာကလှဲနေရာမှထကာကုတင်ပေါ်ကဆင်းမည်လုပ်တော့အနောက်ကနေပြန်ဆွဲပီးဖမ်းချုပ်တာခံလိုက်ရသည်။
"ဘယ်ပြေးချင်တာလဲမဟာမေတ္တာ"
"ရှင်ဘာလုပ်ဖို့ကျွန်မကိုဒီကိုခေါ်လာတာလဲ"
"မဟုတ်တာလုပ်မလို့"
"ဘာရှင့်!ရှင်လုပ်ချင်တိုင်းလုပ်ရအောင်ကျွန်မကအရုပ်မဟုတ်ဘူး ကျွန်မကိုလွှတ်"
"တို့လွှတ်ပေးလိုက်လို့ရော မင်းကတို့လက်ကပဲလွတ်မှာဒီအခန်းထဲကလွှတ်မှာမဟုတ်ဘူး "
ပြောနေရင်းသူ့နှုတ်ခမ်းတွေကမဟာ့လည်ကုပ်ပေါ်ရောက်လာသဖြင့်ကြက်သီးထသွားမိသည်။
"တို့မင်းကိုလိုချင်တယ်"
"ရှင်မရူးစမ်းပါနဲ့ဒီရှိုင်းနား၊ ရှင့်ရုပ်ရည်နဲ့ယောက်ျားတစ်ယောက်ကိုခေါင်းခေါက်ယူလို့ရတယ်"
"ဒါနဲ့ဘယ်လိုလုပ်မလဲ တို့ကမင်းကိုပဲလိုချင်တာ"
မဟာ့လက်နှစ်ဖက်ကိုဆွဲဆန်လိုက်သည်ကိုခံစားလိုက်ရသည်။ရှိုင်းကအနောက်ကနေချုပ်ထားသဖြင့်မဟာ့မှာလက်နောက်ပြန်ဖြစ်သွားသည်။
ရှိုင်းကမဟာ့လက်တွေကိုတစ်ခုခုနဲ့စည်းနှောင်နေသလိုခံစားရသဖြင့်လှည်ပြန်ကြည့်လိုက်မိတော့လက်တွေကလှုပ်မရတော့။
"ရှင် ဘာလုပ်မလို့လဲ၊ကျွန်မကိုလွှတ်ပေးနော်၊ကျွန်မကိုဘယ်လိုမိန်းမမှတ်နေသလဲ"
သူကဂရုမစိုက်သလိုပင်အဝတ်စမည်းတစ်ခုကိုဗီရိုပေါ်ကဆွဲယူလိုက်သည်။ထို့နောက်သူ့လက်မောင်းတွေကမဟာ့ရင်သားတွေကိုဖိကာအတင်းလာဖက်သဖြင့်မဟာတောက်ခေါက်မိသည်။လက်ကိုချည်ထားသည်မို့အဆင်မပြေ။
"ရှင်ဘာလုပ်တာလဲ"
မဟာ့အမေးကိုမဖြေသည့်အပြင်မဟာ့မျက်လုံးကိုအဝတ်စနှင့်လာပြီးချည်နှောင်တာကိုပင်ခံလိုက်ရသဖြင့်အရာအားလုံးမည်းမှောင်သွားသည်။မမြင်ရတော့မှရင်ထဲမှာကြောက်စိတ်တွေဝင်လာမိသည်။
"ကျွန်မကိုလွှတ်ပေးပါ ရှိုင်းရယ်"
အချိုသတ်ကာရှိုင်းဟုခေါ်လိုက်ရသည်။သူ့အကြံအစည်တွေကိုယ်မသိနိုင်တာမို့တတ်နိုင်သမျှစကားကိုချိုအောင်သာပြောရမည်မဟုတ်လား။
"လွှတ်ပေးမှာပေါ့၊တစ်နာရီလောက်ပဲ"
"ရှင်! ဘာ ဘာလုပ်မလို့လဲဟင်"
"ကျွီ"
ဘာကိုဆွဲယူလိုက်မှန်းမသိပေမဲ့ထိုင်ခုံဟုတော့ခန့်မှန်းမိသည်။ထို့နောက်မဟာ့ရင်ဘတ်ပေါ်ရှိုင်းလက်တွေလာဖက်တာကိုခံစားလိုက်ရသည်။
"မင်းပုံစံက သိပ်ပြီး sexy ဖြစ်တယ် မဟာမေတ္တာ၊မင်းကိုမြင်ရင် တို့စိတ်တွေမထိန်းနိုင်ဘူး"
မဟာဘာမှမပြန်မပြောမိ။မဟာ့ဘဝကတော့ယောက်ျားလက်ထဲမှာရေတိမ်မနှစ်ဘဲမိန်းမတစ်ယောက်လက်ထဲမှာ ရေနက်နက်နဲ့နှစ်တော့မည်ထင်ပါ့။
ပြောနေရင်းသူ့လက်တွေကမဟာ့ဂါဝန်နောက်ဇစ်ကိုဆွဲဖြုတ်တာခံလိုက်ရသဖြင့်မဟာတောင့်သွားသည်။
"ရှိုင်း.....မဟာ့ကိုသနားပါနော်၊အဲ့လိုမလုပ်ပါနဲ့ကျေးဇူးပြု၍"
မဟာပြောတော့ဇစ်ဖြုတ်နေတာရပ်သွား
သဖြင့်ဝမ်းသာမိသွားသည်။ သို့သော်ကြာကြာမခံပါ။ မဟာ့လည်ကုပ်သားပေါ်လာနမ်းတာကိုခံစားလိုက်ရသည်။ဖြစ်နိုင်လျှင်နေရာကနေပြေးထွက်သွားချင်မိသည်။သို့သော်ဘာမှမမြင်ရတဲ့ဘဝ။
လည်ကုပ်သားကိုအနောက်ကနေနမ်းပြီးမဟာ့အရှေ့ရောက်လာသည်ထင်သည်။မဟာ့နှုတ်ခမ်းကိုလာနမ်းသည်။နမ်းလဲနမ်းမဟာ့ခန္ဓာကိုယ်ကိုဆွဲကာနံရံမှာဖိကပ်လိုက်သဖြင့်သူ့ကိုယ်လုံးနှင့်ဖိထားတာကိုခံနေရသည်။
မဟာ့မှာအတော်အနေခက်လှသည်။
ရှိုင်းကနှုတ်ခမ်းကိုနမ်းရင်းမဟာ့နှုတ်ခမ်းကိုဖိကိုက်ထားသဖြင့်မဟာ့မှာ ချိုမြိန်မှုရော၊စပ်ဖျင်းဖျင်းအရသာပါခံစားလိုက်ရသည်။သွေးထွက်သွားပြီထင့်ပါ။
ထို့နောက်ရှိုင်းရဲ့အနမ်းတွေက တဖြည်းဖြည်းနဲ့ရင်ဘတ်ပေါ်ရောက်လာသည်။မဟာ့ကိုယ်ကိုနံရံမှခပ်ကြမ်းကြမ်းပြန်ဆွဲလိုက်ပြီးမွေ့ယာပေါ်ထိုင်ခိုင်းတာကိုခံစားလိုက်ရသည်။
ထို့နောက်ရှိူင်းကလက်မှာစည်းထားသောကြိုးတို့ကိုဖြည်နေသဖြင့် မဟာကကြိုးဖြေပြီးလျှင်ထွက်ပြေးမည်ကြံလိုက်သည်။
သို့သော်မဟာ့အကြံကိုသိနေ၍လားမသိ။
ကြိုးဖြည်ပြီးပြီးလက်တစ်ဖက်စီကိုဖိကိုင်ကာအိပ်ရာပေါ်ပစ်လှဲချသည်မို့မဟာမှာရုန်းချိန်ပင်မရ။
မဟာ့ကိုယ်ပေါ်ရောက်နေသဖြင့်မဟာ့ရင်ဘတ်ကိုရှိုင်းကအားရစွာနမ်းရှိုက်နေသည်။
ရှိုင်းကတဖြည်းဖြည်းချင်းလျှောဆင်းကာနမ်းရှိုက်နေတော့ရှိုင်းလက်တွေပြေလျှော့နေသော်ငြားရှိုင်းကိုယ်လုံးကိုမတွန်းဖယ်မိ။
အနမ်းတွေအောက်မှာရင်တလှပ်လှပ်ဖြစ်လာသည်။ဘာဖြစ်နေတယ်ဆိုသောအသိကိုမေ့သွားသည်။သိနေတာကရှိုင်းရဲ့အနမ်းတွေ။
ရုတ်ရက်အိပ်ရာပေါ်ပက်လက်အိပ်နေသောမဟာ့ကိုယ်လေးကိုဆွဲပွေ့လိုက်ပြီးမဟာခန္ဓာကိုယ်လေးမတ်လာတော့အရှေ့ဖက်ကိုဆွဲလှည့်လိုက်သည်။
"ချစ်တယ် မဟာ"
မဟာဘာမှပြန်မပြောမိ။
"ဖြေ တို့ကိုချစ်လား"
"ဟင့်အင်း"
"တို့ကိုချစ်လား"
"ဟင့်အင်း"
သို့သော်ရှိုင်းကမဟာ့ကိုယ်လေးကိုအိပ်ရာပေါ်ပြန်တွန်းလှဲလိုက်ပြီးသူ့စိတ်ကြိုက်ဆော့ကစားနေတော့သည်။မဟာမှာလက်တွေကအိပ်ရာခင်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိရင်း
"နောက်ဆုံးအကြိမ် ချစ်သလားဖြေ"
"အင်း"
ထို့နောက်ကြေနပ်သောအပြုံးတစ်ပွင့်နဲ့အတူမဟာ့ကိုလည်းချိုမြိန်မှုတွေပေးရင်းနှုတ်ခမ်းဖျားကိုလာရောက်နမ်းရှိုက်တာကိုခံစားလိုက်ရသည်။
" My Barbie Doll"ဆိုပြီးပါးပြင်ကိုလာရောက်နမ်းရှိုက်သည်။မဟာ့မှာတော့မောပန်းနွမ်းနှယ်နေသည်သာ။
Advertisement
- In Serial61 Chapters
The Bell of Freedom (King and human romance)✔
//first place Inkitt winner// DEDICATED TO THE MBR BEAGLES AND ALL ANIMALS BRED, SOLD, TORTURED AND SLAUGHTERED AT THE HANDS OF VIVISECTION!!When the winged creatures fell out of the sky, most of humanity was wiped out in a single day. All of those over the age of thirteen were consumed, their souls lost to eternal purgatory. After humanity's fall, the winged creatures claimed their world. The surviving children were spared and imprisoned into secret locations. The younger humans were raised and conditioned to be nothing but food, but the older humans still remembered a world without suffering, a world where they had families and choices.Aurora is a nanny at one of those locations. She has helped to raise children for the last eight years, since her own capture at twelve. On her twentieth birthday, she faces the most heart-breaking transition of all; a transfer to the King's palace. Knowing she must now serve the winged creatures as a source for food, she stands before King Cain, the most feared winged creature and leader of all his species. The moment Cain feeds from Aurora he knows only two things. One, her soul is the purest energy he has ever tasted, and two, he could never hurt her again.Warning: this story contains upsetting scenes involving children. It also contains adult themes throughout including sexual content.REVIEWS INSIDE.
8 312 - In Serial30 Chapters
Opposites Attract
John Johnson, the youngest of the Johnson siblings in the castle. His sister being THE Luna of all Luna's, being married to the Alpha king and all, he was well known at his highschool with all werewolves in his pack. Being the football quarterback and the hottest senior at Royal High School, it wasn't hard for him to catch the eye of every female in the school, well at least not the female he was looking for. His mate was the only female he wanted his life, to be with, to love, and to cherish.Even though many female wolves wanted him he continued to look for her, and he never stopped. Little did he know his mate was hiding from him because she was the total opposite of what he was at school. Vivian Tran. A sass mouthed, always hungry,book worm, and school nerd of a wolf. She was the type of person to never understand why the moon goddess had to choose who you fall in love with if you can just fall in love with someone you've known for a long time. Like a best friend. Which was some thing she had before, a guy best friend. The downfall that broke her heart was that sadly her best friend found his mate and left her all alone at school having to deal with bullying, stress, and no friends. She never wanted anything to do with a guy for the rest of her life since then, but could the heart filled, love hungry, kind wolf John change her mind? (Story based on the character John John from my book 'The Beast and Me')...Highest Rankings: #3 Short story (1.24.22)#2 Nerd girl (1.24.22)
8 93 - In Serial52 Chapters
PRIVATE TEACHER |+18 KTH FF| ✓
"I wanna be rough with you" he said as he neared me. "Huh?" I gulped, while he just kept reducing the distance between us. "I'll make love on every single piece of furniture in this room" To know more, start reading...
8 81 - In Serial32 Chapters
The Player Broke My Leg
Hattie Page is a nobody, and who's fault is that? Jasper Kings.Hattie is the outcast. She has no one in her life. Her parents always seem to be gone when she needs them the most, and her friends...well she has none. All thanks to Jasper. Jasper sees her as his toy. A human play thing for him to mess with.But when a prank goes too far, causing Hattie to break a leg, Jasper has no choice but to be there to pick up the pieces.
8 189 - In Serial40 Chapters
A Stranger's Touch
(COMPLETED - ongoing editing)2018 - 2020After a one night stand with a stranger, little did Chandria Lee know that her life would change completely forever. *****Unlike those looking for love, Chandria Lee was different. Balancing her part-time jobs, settling her pile of debts, and seeing the world was everything to her. Dante Moretti, an Italian devil came into her life like the night. Like her, he didn't mean to fall in love, not after his fiancee cheated on him with his best friend. After several attempts to get rid of Ria, he realized she was so much more. There was no denying the flame of passion the stranger's every touch ignited in Ria. A simple girl and a bad boy Billionaire, whose entire world was so different from hers. Will love happen, or will they remain strangers?
8 207 - In Serial18 Chapters
Faces Of Love (Complete)
When the town's number one prostitute is made a jaw dropping offer she cannot refuse, nothing can prepare her for the consequences of that one decision.Gloria Grande, orphaned, forced to make a living from prostituting herself. It's a life Gloria lives everyday fighting to come out of and she is finally given the opportunity One year. Marry the son of a wealthy merchant for one year and get paid three thousand dollars. It was that simple. At least that is what Gloria is thinking when she accepts the offer. Until she meets Howard; the aloof, bitter son of her employer.Now, Gloria must battle Howard's attitude and try to win his love or at least survive a year under his mistrust and scrutiny and worst of all, the burning desire to get back to her life as a prostitute; a life she never imagined in a million years, she'd miss.*This story can only be read on Radish. This is just a sample.***Copyright © 2017 Lily Orevba All rights reserved.All rights reserved. No part of this publication may be reproduced, distributed, or transmitted in any form or by any means, including photocopying, recording, or other electronic or mechanical methods, without the prior written permission of the publisher, except in the case of brief quotations embodied in critical reviews and certain other noncommercial uses permitted by copyright law. For permission requests, write to the publisher.
8 155

