《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 6 (Uni)
Advertisement
မဟာကအိပ်ပုတ်ကြီးသူပီပီအိပ်ရာကနိုးလာတော့နံနက်၈နာရီခွဲနေလေပြီ။ဘေးနားမှာရှိုင်းမရှိပေ။
မဟာသက်ပြင်းတစ်ချက်ချမိပြန်သည်။ဒီမိန်းမနှင့်ပတ်သက်လာလျှင်စိတ်တွေလှုပ်ရှားပြီးကိုယ့်ကိုယ်ကိုယ် control မလုပ်နိုင်တာကိုမုန်းမိသည်။ဘာပဲဖြစ်ဖြစ်လက်ခုပ်ဆိုတာကလည်းနှစ်ဖက်တီးမှမြည်တာမို့ရှိုင်းကိုအပြစ်မတင်မိပေ။
ကိုယ့်ကိုယ်ကိုယ်သာမုန်းမိတော့သည်။
ပြန်စဉ်းစားကြည့်တော့မဟာ့အဖြစ်ကမဆွတ်ခင်ကညွှတ်ချင်သလိုကြီးဖြစ်နေခဲ့တာမဟုတ်လား။
အဲ့တာကြောင့်ရှိုင်းကအထင်သေးခဲ့လေသလားဟုလည်းတွေးပြီးရင်ထဲမှာမကောင်းဖြစ်မိသေးသည်။
ဘာပဲဖြစ်ဖြစ် နောက်တစ်ကြိမ်ဆိုတာမရှိရအောင်မဟာရှောင်နေတော့မည်ဟုတွေးလိုက်မိသည်။စောင်လေးကိုဖယ်ပြီးအောက်ထပ်ကိုဆင်းလာခဲ့သည်။
အောက်ထပ်ရောက်တော့ဆုလေးကိုငါးရိုးတွေနွှာပေးနေသောရှိုင်းကိုတွေ့လိုက်ရသည်။ရှိုင်းကမဟာ့ကိုမြင်တော့မျက်ခုံးတစ်ချက်ပင့်ပြီး
"မင်းနိုးပြီလား___တို့ကမင်းအိပ်ရေးပျက်မှာမို့မနိုးတော့တာ"
"အင်း__မောနင်းဆုလေး"
"ဟုတ်မမ မောနင်း"
အင်္ကျီအဖြူရောင်လေးနှင့်နက်ခ်တိုင်အနက်ရောင်လေးစီးထားသည့်ဆုလေးပုံစံကကလေးလေးတစ်ယောက်လိုဖြစ်နေသည်။ဒါကြောင့်လည်းရှိုင်းကသူ့ညီမကိုကလေးလေးလိုသဘောထားတာကိုးဟုတွေးမိသည်။
ဆုလေးဝတ်ထားတာက Bright ရဲ့ကျောင်းဝတ်စုံမို့ ဆုလေးကျောင်းသွားတော့မယ်ဆိုတာမဟာသိလိုက်သည်။
"ဆုလေး canteen မှာမုန့်စားရင်အသုပ်တွေမစားနဲ့နော်ကြားလား၊ဒီရာသီကသိပ်စိတ်ချရတာမဟုတ်ဘူး"
"ဟုတ်ကဲ့ပါ"
"မင်းဘာစားချင်လဲ"
အင်း။ဒီရှိုင်းနားကိုတစ်ချက်တစ်ချက်မုန်းမိတာကအဲ့ဒီလိုမသိသလိုမရင်းနှီးသလိုလုပ်တဲ့အပြုအမူတွေကြောင့်လည်းပါသည်။မဟာ့ကိုမေးနေပေမဲ့မျက်နှာကမဟာ့ကိုမကြည့်။ငါးရိုးနွှင်ပေးလျက်သာ။
မျက်နှာပြောင်အတိုက်နိုင်ဆုံးဆုကိုပေးရင်သူရမှာသေချာသည်။
အာမဟုတ်တာပဲ။ငါကရောသူ့ဆီကဘာလို့ဂရုတစိုက်မေးတာလိုချင်ရမှာလဲ။တကယ်တမ်းဆိုငါကဒီရှိုင်းနားကိုမုန်းနေရမှာ။ဟုတ်တယ်မုန်းနေရမှာ။
"ရတယ် ကျွန်မမဆာဘူး အိမ်ရောက်မှပဲစားတော့မယ်"
"မဟုတ်တာမင်းစားရမှာပေါ့__ပြီးတော့တို့ကဆုလေးကိုကျောင်းလိုက်ပို့ရအုံးမှာမင်းကိုနောက်မှလိုက်ပို့နိုင်မှာ"
"မမ ကလည်း အဲ့မမကိုအရင်ပို့ပေးလိုက်ပါ၊ဆုက၉နာရီထိုးမှကြီးကို သူဗိုက်ဆာနေမှာပေါ့"
"ရပါတယ်ဆုလေးရဲ့"
သွားတက်လေးပေါ်အောင်ပြုံးပြီးပြောနေတဲ့ဆုလေးကြောင့်မဟာပင်ပြုံးမိသွားသည်။ရှိုင်းကတော့ဆုလေးရဲ့ခေါင်းလေးကိုတချက်ဖွလိုက်ပြီးရယ်လေသည်။
"တော်ပြီ မမ ဆု ဝပြီ"
"အေးအေး"
"Hrr!!! breakfast တောင်စားပြီးကြပြီလား"
အနောက်ကဝင်လာသောအသံပိုင်ရှင်ကြောင့်မဟာ့လှည့်ကြည့်လိုက်မိသည်။ဟိုတစ်ခါကတွေ့ဖူးသည့်အင်မတန်လှတဲ့အမျိုးသမီး နေရပ်ဝန်း ဆိုသူ။မဟာ့ကိုအိမ်ပြန်လိုက်ပို့ဖူးသူမို့သူ့မျက်နှာကိုသေသေ ချာချာမှတ်မိနေသည်။သူကလည်းမဟာ့ကိုမြင်တော့အံသြသွားသည်။
သို့သော်ဘာမှတော့မပြော။နေရပ်ဝန်းကဆုလေးဆီကိုသွားပြီးဆုလေးရဲ့ပါးလေးကိုရွှတ်ကနဲနမ်းလိုက်သည်။
"မောနင်းကလေးလေး စိတ်ဆိုးပြေသွားပြီလား"
"Hee 😁 မမကဆုကိုမသွားခိုင်းတော့ဘူးတဲ့"
"အာ့ကြောင့်ပျော်နေတယ်ပေါ့လေ"
"ဟုတ်တယ် hee"
"ပျော်ရင်မမကိုအာဘွားပေး"
ပါးလေးကိုထိုးပြီးပြောနေပုံကိုမဟာငေးကြည့်နေမိသည်။ဆုလေးကရွှတ်ကနဲနမ်းလိုက်တော့ကျေနပ်သွားသည့်မျက်နှာလေးဖြင့်ခေါင်းလေးကိုဖွဖွလေးပုတ်သည်။
ဒီရှိုင်းနားနဲ့နေရပ်ဝန်းရဲ့ပတ်သက်မှုကိုမသိပေမဲ့ထိုနှစ်ယောက်လုံးဟာမြင်သူယောက်ျားတိုင်းကြွေကျစေနိုင်လောက်သည့်မိန်းကလေးမျိုးရယ်ပါ။မဟာသာယောက်ျားလေးဆိုရင်သူတို့နှစ်ယောက်ကိုကြိုက်မိမှာအမှန်ပါ။
သို့သော်ဟိုတစ်ခါကနှစ်ယောက်သား kissing ဆွဲနေတာကြီးတွေ့ပြီးကြက်သီးတွေထလာရသည်။
"နေ ဒီနေ့ဘာလို့နောက်ကျတာလဲ"
"ဆောရီး ရှိုင်း နေ အသိတစ်ယောက်နဲ့လမ်းမှာတွေ့နေလို့ပါ"
"အသိ?"
မျက်မှောင်ကြုတ်ကာပြောလိုက်သဖြင့်နေရပ်ဝန်းရဲ့မျက်နှာကအနည်းငယ်ပျက်သွားသည်။ရှိုင်းအရှေ့ရောက်ရင်မလိမ်တတ်တဲ့ကိုယ့်ကိုယ်ကိုယ်လည်းအပြစ်တင်ချင်မိသည်။လိမ်လိုက်လို့ "တကယ်လား"ဟူ၍ရှိုင်းကထောက်လိုက်ရင်အကုန်ပေါ်ကုန်သည်။
အဲ့လောက်တောင်ရှိုင်းရဲ့သြဇာကနေ့အပေါ်သက်ရောက်နေသည်။
"ဟို နေနဲ့သိပ်မခင်ပါဘူး မျက် မျက်မှန်းတန်းမိရုံပါ"
ရှေ့နောက်မညီသောစကားတွေကိုနားထောင်ရင်းရှိုင်းရဲ့မျက်နှာကတင်းလာသည်ကိုတွေ့လိုက်ရသည်။ဘာတွေလဲဆိုတာနားမလည်တာကတော့မဟာရယ်လေ။
"ဆုလေး .....အပေါ်ကိုခဏသွားအုံးခဏနေကျမှခေါ်လိုက်မယ်"
"မမ___မမနေကိုဘာမှမလုပ်ပါနဲ့နော်"
"သွားပါ အပေါ်ကို"
ဆုလေးကလှည့်ကြည့်လှည့်ကြည့်နဲ့ထသွားတော့ရှိုင်းကခြေကလိမ်ချိတ်လိုက်သည်။ကြောက်ရွံ့နေပုံရသောနေရပ်ဝန်းကိုစူးစူးရဲရဲကြည့်နေသည်ကပြာကျတော့မဲ့အတိုင်း။နေရပ်ဝန်းကရှိုင်းရှေ့မှာမတ်တပ်ရပ်လျက်ခေါင်းလေးငုံ့ထားသည်။
တကတည်းမဟာဆိုတာမရှိတော့သည့်အတိုင်း။မဟာလည်းသူတို့အကြောင်းသိချင်၍ဘာမှမပြောဘဲငြိမ်နေမိသည်။
"ဒီရှိုင်းနားကို နေရပ်ဝန်းကဘယ်တုန်းကလိမ်လို့ရဖူးလို့လဲပြောပါအုံး "
"မဟုတ်ဘူး ရှိုင်း ___နေမလိမ်ပါဘူးတကယ်ပါ"
"တော်တော့ နေ __ငါ့ကိုဘာမှလာပြီးဖြေရှင်းချက်တွေပေးမနေနဲ့ ကျော်စောလား ဝဏ္ဏလား ဘယ်တစ်ယောက်လဲသေချာပြော"
နေလည်းမတတ်သာသည့်အဆုံးအညံ့ခံလိုက်ရသည်။မနက်တိုင်းနေတို့အိမ်ရှေ့မှာလာစောင့်နေတတ်သည့်ထိုနှစ်ယောက်ကြောင့်ရှိုင်းနဲ့ပြသနာတက်ရတာလည်းအကြိမ်ကြိမ်ရယ်ပါ။
"ကျော်စောပါ"
"မင်းအရေးပေးနေလို့ဖြစ်တာပဲနေ___မင်းသာပြတ်ပြတ်သားသားလုပ်ရင်အခုချိန်ထိဘယ်သူမှလိုက်ရဲမှာမဟုတ်ဘူး၊နောက်တစ်ခါ အဲ့နှစ်ယောက်အကြောင်းမကြားချင်ဘူးနေ၊နောက်တစ်ခါကြားရင် မင်းအလောင်းဖြစ်ဖြစ် ၊အဲ့နှစ်ကောင်အလောင်းဖြစ်ဖြစ် ကြိုက်ရာရွေး"
"မဟုတ်ပါဘူး ရှိုင်းရယ် ၊နေလုံးဝအရေးပေးတာမဟုတ်ပါဘူး"
ရှိုင်းကထိုင်နေရာထလိုက်ပြီးနေရပ်ဝန်းအနားကပ်သွားလိုက်သည်။ထို့နောက်နေရပ်ဝန်းရဲ့ခါးသေးသေးလေးကိုပြတ်တော့မတတ်ဆွဲဖက်ပြီးသူ့ဖက်လှည့်လိုက်သည်။မဟာမှာဘာစကားမှမပြောနိုင်။မဟာ့ကိုရှိသည်ဟုမထင်ကြသောသူတို့အမူအရာတွေကိုသာကြည့်နေမိသည်။တင်းတင်းကြပ်ကြပ်ဆွဲဖက်ထားခြင်းခံရသောကြောင့်နေရပ်ဝန်းရဲ့မျက်နှာလေးကရှုံ့မဲ့နေသည်။မဟာမှာနေရပ်ဝန်းကိုသနားသွားမိသည်။
"တော် တော် ရေဘူးပေါက်တာမလိုချင်ဘူး ၊ရေပါတာပဲလိုချင်တယ် နောက်နေ့ကစပြီး ငါးမိနစ်နောက်ကျရင်တောင်ငါခွင့်မလွှတ်ဘူး၊ နေရပ်ဝန်းကိုဒီရှိုင်းနားပိုင်တယ်ဆိုတာသူတို့သိအောင်ပြောပြထား၊မဟုတ်ရင် ငါမင်းကိုသတ်မိလိမ့်မယ်နေ....မင်းကယောက်ျားယူလို့မရဘူးဆိုတာလဲပြောပြထားလိုက်ကြားလား"
ပြောပြီးနေရပ်ဝန်းရဲ့အောက်နှုတ်ခမ်းလေးကိုဖိကိုက်သွားပြီးအပေါ်ထပ်တက်သွားလေသည်။မဟာမှာသူတို့ကိုကြောင်ပြီးကြည့်နေမိသည်။ရှိုင်းထွက်သွားပြီးမှနေရပ်ဝန်းကိုကြည့်လိုက်မိသည်။မျက်ရည်လေးတွေဝဲပြီးနှုတ်ခမ်းမှာသွေးစတို့ကစို့နေလေသည်။
မဟာမျက်လုံးပြူးသွားပြီးစားပွဲခုံပေါ်ပေါ်ကတစ်သျှူးကိုယူကာနေရပ်ဝန်းဆီထသွားလိုက်သည်။ရှိုင်းလုပ်သမျှသည်းခံနေသောနေရပ်ဝန်းကိုလည်းမဟာနားမလည်။ပြီးတော့ မဟာ့ကိုသူ့အပိုင်လို့ပြောပြီးနေရပ်ဝန်းကိုလည်းသူ့အပိုင်ဟုဆိုနေသာရှိုင်းကိုလည်းနားမလည်။
သို့သော်လောလောဆယ်တော့ရှိုင်းနှိပ်စက်တာခံနေရတာကနေရပ်ဝန်းမို့မဟာသူ့အနားကပ်သွားလိုက်သည်။
"မမနေ__"
မဟာ့အသံကြောင့်မျက်ရည်လေးတွေကိုသုတ်ပြီးဟန်ဆောင်ပြီးပြုံးပြရှာသည်။
"သမီးဘာလဲ"
"မမနေနှုတ်ခမ်းမှာသွေးတွေသုတ်လိုက်ပါအုံး"
"ရပါတယ် "
"မဟုတ်တာ သွေးစတွေရှိနေတယ် မဟာသုတ်ပေးမယ်နော်"
"ရတယ်သမီး ကိစ္စမရှိဘူး"
မဟာအတင်းသုတ်ပေးလိုက်သည်။မဟာသူ့နှုတ်ခမ်းကိုသုတ်ပေးရင်းသိလိုက်ရတာကနီစွေးနေသောနှုတ်ခမ်းလေးဟာဘာနှုတ်ခမ်းနီမှမဆိုးထားဘူးဆိုတာပဲ။အနီးကပ်တွေ့ရမှပါးပြင်လေးတွကဘာအဖူးအပိမ့်မှမရှိဘဲဝင်းမွတ်နေတာတွေ့ရသည်။
ဒီလောက်လှတဲ့နေရပ်ဝန်းကိုရှိုင်းဘာလို့များနှိပ်စက်နေသလဲစဉ်းစား၍မရ။
"ဒါနဲ့သမီးကဘာလို့ဒီမှာရောက်နေတာလဲ"
မဟာတွေဝေသွားသည်။ခန့်မှန်းရသလောက်သူတို့နှစ်ယောက်ဆက်ဆံရေးကမရိုးရှင်းတာမို့ပြောပြ၍မဖြစ်တာကိုသိလိုက်သည်။အတ္တပါသောနားလည်ပေးခြင်းတွေနှင့်လားဆိုတာတော့မသိ။
"ရှိုင်းအလည်ခေါ်လို့ပါ"
"သြော်___"
"မမနေတစ်မျိုးမထင်ပါနဲ့နော် မဟာတို့ကရိုးရိုးသားသားခင်တာပါ"
မုသားတစ်ချို့သုံးလိုက်မိသည်။ခင်တယ်ဆိုတာတော့ဟုတ်ပါသည်။သို့သော်ရိုးရိုးသားသားမှမဟုတ်ကြဘဲကိုး။
မဟာကအခုချိန်ထိကိုယ့်ကိုယ်ကိုယ် Straight တစ်ယောက်ဟုသတ်မှတ်ထားလေတော့သူတို့အချင်းချင်းကိစ္စတွေကိုသိပ်ပြီးနားမလည်။ရှိုင်းကအတင်း rape ဖို့ကြိုးစားခဲ့တာကလွဲလို့ မဟာကိုယ့်ကိုယ်ကိုယ်လုံးဝ straight ဟုသာသတ်မှတ်သည်။
ညအချိန်မှာဖောက်ပြားတတ်တာလူတို့၏သဘာဝမို့ထိုအရာတစ်ခုတည်းအတွက်နဲ့တော့ကိုယ့်ရဲ့ straight တံတိုင်းကြီးအပြိုမခံနိုင်။
ပြီးတော့အဲ့ဒီလိုချစ်တာကိုမဟာမယုံကြည်ဘူမဟုတ်လား။ဒါပေမဲ့သူတို့နှစ်ယောက်ကတွဲနေတာဟုမဟာထင်သည်။
ဒီလိုဆိုမမနေအပေါ်မှာရှိုင်းကသစ္စာဖောက်နေတာလား။သူကိုယ်တိုင်တော့ အပြစ်ကြီးကျူးလွန်ထားပြီးဘာမှမဖြစ်သလိုဟန်ဆောင်နေနိုင်သည်။
မမနေကိုတော့ကြိမ်းဝါးလိုက်တာလွန်ရော။သူတို့တွေရဲ့အချစ်ကဒါမျိုးကြီးလားဟုလည်းတွေးမိပြန်သည်။
ကိုယ့်ကိုယ်ကိုယ်မမနေအပေါ်မှာအပြစ်ကျူးလွန်ထားသလိုလည်းခံစားမိပြန်သည်။
"သမီး"
"ဟင်"
ကိုယ့်အတွေးနှင့်ကိုယ်မှလန့်သွားမိသည်။
"ဘာတွေများစဉ်းစားနေတာလဲ"
"ဘာမှမဟုတ်ပါဘူး မမနေ "
ပြောနေရင်းရှိုင်းကဆုလေးကိုဖက်ကာဆင်းလာသည်။အောက်ရောက်တော့မဟာ့ဆီလှမ်းကြည့်ကာ တစ်ချက်ပြုံးပြသည်။
"မဟာမေတ္တာ ဆောရီးပဲနော်___မင်းကိုဧည့်မခံမိဘူး"
"အင်း ရတယ်ရှိုင်း"
"နေ ___တို့ဆုလေးကိုကျောင်းလိုက်ပို့လိုက်အုံးမယ် ၊အစကတော့မဟာမေတ္တာကိုရောပို့မလို့ပဲ ဒါပေမဲ့ဝင်စရာလေးရှိသေးလို့သူကြာနေမှာစိုးလို့ နေပဲပို့ပေးလိုက်ပါလား၊ပို့ပြီးရင်တော့ ဆိုင်ကိုပဲတန်းတန်းပြန်လာခဲ့ ၊ ဘယ်မှမဝင်နဲ့တို့ပြန်လာတာနဲ့နေ့ကိုတွေ့ချင်တယ်၊ပြန်မရောက်ရင်တို့ကိုအဆိုးမဆိုနဲ့"
"အင်း"
ပြောချင်ရာပြောပြီးထွက်သွားသောရှိုင်းကိုကြည့်ပြီးမဟာဒေါသတွေထွက်ရသည်။သူမဟာ့အပေါ်မှာလျှော်တဲ့အကွက်တွေတော်တော်များနေပြီမို့ဒေါသကထွက်လာသည်။နောက်ဆိုဝေးဝေးကရှောင်ရမည်။မဟာ့ကိုသူ့လက်အောက်ငယ်သားတစ်ယောက်လိုသဘောထားတာကိုတွေးပြီးစိတ်ပျက်မိသည်။
"သမီးသွားရအောင်လေ"
"သြော် ဟုတ်"
နေရပ်ဝန်းနောက်ကိုလိုက်လာရင်းစိတ်ထဲမှာကျိန်ဆဲနေမိသည်။ဘယ်လိုမိန်းမမျိုးမှန်းမသိ။ပြီးတော့ သူ့ရဲ့အပျော်ကိစ္စကသူများတွေရဲ့ဘဝတွေကိုဘယ်လောက်တောင်ပျက်စီးစေလဲဆိုတာမသိတာလား။ပိန်းတာလားမသိ။
တစ်ခါနှစ်ခါပဲတွေ့ရတဲ့မဟာ့ကိုတောင်ဒီလောက်ဒုက္ခပေးရင်အမြဲတွေ့ရပုံထောက်တဲ့မမနေကိုဘယ်လောက်တောင်ဒုက္ခပေးမယ်မသိ။
လုပ်ထားအုံးပေါ့ဒီရှိုင်းနားရယ်😈😈😈😈😈။
~~~~~~~~~~
"ဟဲ့ ငေးလှချည်လား"
ဝရံတာမှာရပ်နေရင်းအပြင်ဖက်ကိုငေးနေမိသဖြင့်ဘေးနားကမင်းခန့်လာတာကိုပင်သတိမထားမိလိုက်။ပထမတစ်ကြိမ်ဆရာမဝင်သဖြင့်အားနေသောကြောင့်အပြင်ထွက်နေခြင်းရယ်ပါ။မင်းခန့်ဆိုတာကလည်းမဟာ့ကို first year ကတည်းကအခုထိလိုက်နေတဲ့သူ။ဇွဲမလျှော့ဘဲလိုက်နေတာ၃နှစ်ပင်ရှိနေပြီမဟုတ်လား။
ကြာတော့ကိုယ်ကပဲအသည်းမာသူကြီးလိုလိုဖြစ်လာသည်။
"မဟာ နင်ကလွန်လာပြီနော် အခုလည်းငေးနေပြန်ပြီ"
"မဟုတ်ပါဘူးဟာ ဒီလိုပါပဲ "
"နင်ကဘာလို့ထွက်လာတာလဲ"
"မသိဘူးလေ နင်ကထူးထူးဆန်းဆန်းဝရံတာထွက်ရပ်ပြီးငေးနေတော့ဘာများဖြစ်နေသလဲပေါ့"
"ဘာမှမဖြစ်ပါဘူး ဟာဒီလိုပါပဲစပ်မိစပ်ရာဟိုဟိုဒီဒီပေါ့"
"အေးပါဘာမှမဟုတ်လဲပြီးတာပါပဲ၊ဒါနဲ့နောက်တစ်ချိန်ကဝင်မှာတဲ့လားမသိ"
"မဝင်လောက်ဘူးနော် ဘာလို့လဲဆိုတော့မနက်ကအတန်းလာတော့ဆရာရုံးပေါ်တက်သွားတာတွေ့လိုက်တယ်"
"ဟုတ်လား နင်ကလဲအစောကြီးကမပြောဘူး အဲ့ဒါဆိုလစ်မှာပေါ့ဟ"
"နေပါအုံး ဟာ နင်ကလဲဘာအရေးကြီးကိစ္စရှိလို့လဲ"
"ဘာအရေးကြီးကိစ္စရမှာလဲ ငါဘာမှမစားခဲ့လို့ပေါ့"
"အဲ့တာဆိုငါလိုက်ကျွေးမယ်လေ နင်ဘယ်မှာစားချင်လဲ"
မင်းခန့်စကားကြောင့်မဟာပျော်သွားမိသည်။ဂုန်းဆင်းရမယ်ဆိုလာထား။
"Ocean သွားမယ် Season မှာသွားစားမယ်"
"အေးသွားမယ်လေ "
"အဲ့တာဆိုခဏစောင့်ဟိုနှစ်ယောက်ကိုသွားပြောလိုက်အုံးမယ်"
"အေးအေး"
မဟာအတန်းထဲပန်ဝင်လာပြီးပြည့်ပြည့်နှင့်မြတ်ကိုပြောကာထွက်လာခဲ့သည်။
"New Ocean သွားမလား"
"78 Ocean ပဲသွားရအောင် "
"အေး အေး"
အောက်ထပ်ရောက်တော့ မင်းခန့်ဆိုင်ကယ်နှင့်ပင်လိုက်လာခဲ့သည်။
~~~~~~~~~~~
မင်းခန့်က ဆေးကျောင်းနားကလမ်းကြားကနေသွားသဖြင့် IC Heaven ရှေ့မှာရပ်နေကြသောလူစုကိုမဟာဖျတ်ကနဲတွေ့လိုက်ရသည်။တခြားသူတော့မဟုတ် ရှိုင်းရယ်၊ နေရပ်ဝန်းရယ် ၊ယောက်ျားတစ်ယောက်ရယ်ဖြစ်သည်။
"နေအုံးမင်းခန့်လမ်းမကူးနဲ့အုံး"
"ဟမ် ဘာလို့လဲ "
"ခဏလေးပါ"
မဟာလည်းဒီဖက်လမ်းကနေရပ်ကြည့်နေမိသည်။ထိုအမျိုးသားမျက်နှာကိလက်ညိုးထားလိုက် နေရပ်ဝန်းမျက်နှာကိုလက်ညိုးထိုးလိုက်နှင့်လုပ်နေသောရှိုင်း။
ဘာဖြစ်နေကြမှန်းမသိပေမဲ့ ထိုအမျိုးသားကရှင်းပြရန်ကြိုးစားနေဟန်ပင်။သို့သော်ရှိုင်းကလုံးဝလက်မခံ။
ခဏကြာတော့ နေရပ်ဝန်းကိုပါးရိုက်လိုက်တာမဟာတွေ့လိုက်ရသည်။နေရပ်ဝန်းကလဲကျသွားတော့ထိုအမျိုးသားကဆွဲထူရန်ကြိုးစားသည်။ပြသနာတက်ကြပြန်သည်။
"မဟာ နင်ကဘာလဲဟ သူများရန်ဖြစ်နေတာရပ်ကြည့်နေလို့မကောင်းဘူးနော"
မင်းခန့်စကားကြောင့်မဟာသတိဝင်လာသည်။
"အဲ့တာငါ့အသိတွေ လုပ်ပါ လမ်းကူးလိုက်စမ်းပါ ဘာဖြစ်ကြတာလဲမသိဘူး"
"ဟဲ့ ငါကြောက်တယ်နော် သူများပြသနာကြားနင်က"
"လျှာရှည်လိုက်တာကူးမှာသာကူးစမ်း"
မင်းခန့်ကစိတ်ညစ်ညစ်နှင့်လမ်းကိုကူးလိုက်ပြီး IC Heaven ရှေ့သွားရပ်သည်။ နေရပ်ဝန်းကိုနောက်တစ်ချက်ရိုက်ရန်ကြိုးစားနေသဖြင့်မဟာဆိုင်ကယ်ပေါ်ကမြန်မြန်ဆင်းပြီး နေရပ်ဝန်းအရှေ့ကကာလိုက်သည်။
"ရှိုင်း___ဘာလို့ လမ်းကြီးမှာ မမနေကိုရိုက်ရတာလဲ"
"မဟာမေတ္တာ ဒါမင်းကိစ္စမဟုတ်ဘူး "
"ဟုတ်ပါတယ် မဟာ့ကိစ္စမဟုတ်ပါဘူး ဒါပေမဲ့ ရှိုင်းစိတ်ဆိုးရင်တောင်မှ အိမ်မှာဆိုးလို့ရတာပဲ ပြီးတော့ဆိုင်ရှေ့မှာကြီး"
"မဟာမေတ္တာ တို့ပြသနာကိုမင်းမသိဘဲဘာလို့ရမ်းစွပ်စွဲနေရတာလဲ "
ထိုအမျိုးသားကဘာမှထပ်မပြော။မမနေကအနောက်မှာငိုနေသည်။မဟာဘာမှနားမလည်။သို့သော်ပြသနာကိုတော့ပြေလည်စေချင်သည်။မင်းခန်ကတော့ကြောက်နေရှာသည်။
"မဟုတ်ဘူး ရှိုင်း ဒေါသဆိုတာလူတိုင်းမှာရှိတယ် ၊ ဒါပေမဲ့ ရှိုင်းဒေါသကတဖက်လူအပေါ်အရှက်ရစေတဲ့အခါမျိုးလည်းရှိတတ်တာပဲ"
"မဟာမေတ္တာ မင်းမို့လို့တို့သည်းခံနေတာနော် ၊ ဒီနေရာမှာတခြားလူဆိုရင် တစ်စီဖြစ်နေလောက်ပြီ"
"သမီးရယ် မမနေတို့ကိစ္စမမနေတို့ဘာသာပဲရှင်းပါ့မယ် သမီးသွားစရာရှိတာသွားပါ"
"ဟင့်အင်း ရှိုင်း တရားလွန်နေတာမဟာလက်ပိုက်ကြည့်မနေနိုင်ဘူး"
"အဲ့ဒါကြောင့်တို့မင်းကိုသဘောကျတာ မဟာမေတ္တာ မင်းကဘယ်တော့မှသည်းမခံတတ်ဘူး ဒါပေမဲ့ ဒီနေရာမှာတော့ နေနဲ့တို့စရင်းရှင်းစရာရှိတယ်"
"မဟုတ်ဘူး ရှိုင်း အဲ့ဒါဆို ရှိုင်း ဒီနေရာမှာတော့မရှင်းပါနဲ့ ၊အိမ်ရောက်မှဖြစ်ဖြစ် ပေါ့ ၊မဟာတောင်းဆိုတာပါ"
"ကောင်းပြီလေ တို့လက်ခံတယ်"
ပြောရင်းနေရပ်ဝန်းလက်ကိုဆောင့်ဆွဲသွားသောရှိုင်းကိုမဟာငေးကြည့်နေမိသည်။ပြီးတော့ရှိုင်းကိုတစ်ချက်လှည့်ကြည့်ပြီး မျက်နှာငယ်လေးနှင့်ပါသွားရှာသောမမနေကိုလည်း သနားနေမိသည်။
အားငယ်နေသည့်မျက်နှာလေးနှင့်ကြောက်ရွံ့နေသည့်မျက်နှာလေးကိုကြည့်ပြီး မမနေရဲ့ဝဋ်ကြွေးကိုလည်း မဟာအံသြရသည်။
ဒါဆိုမဟာရော။
ကိုယ့်ဘာသာဆက်မတွေးရဲတော့ဘဲထိုအမျိုးသားကိုချန်ရစ်ကာမင်းခန့်နဲ့အတူOcean ကိုသာလာခဲ့လိုက်သည်။
ရင်ထဲမှာရင်ခံစားချက်တစ်ခုတော့ပေါက်ဖွားနေတာသေချာပါသည်။
Advertisement
- In Serial1534 Chapters
Beauty and the Beasts
As soon as she fell into the world of beastmen, a leopard forcibly took her back to his home. Indeed, Bai Qingqing is at a complete and utter loss. The males in this world are all handsome beyond compare, while the women are all so horrid that even the gods shudder at their sight. As a first-rate girl from the modern world (she’s also a quarter Russian), Bai Qingqing finds herself sitting at the center of a harem filled with beautiful men — at the very peak of existence.
8 473 - In Serial48 Chapters
Not Your Ordinary Day in Centralville
In a small town called Centralville, two girls with clashing personalities meet once more and an unexpected development occurs between them.
8 197 - In Serial41 Chapters
The Asher Complex
After an embarrassing night out, ambitious college student Poppy finds herself assigned to tutor New York's most infamous bad boy heir. *****Asher Prescott didn't want to come back to New York. But when a family scandal makes him the new heir to the Carlisle fortune, there's not much he can do to avoid it. And it doesn't help that his attitude and wild partying have brought forth an ultimatum from his mother: either get his grades up or be cut off. Enter Poppy Sinclair. Hardworking and ambitious, Poppy works as a tutor to pay for her way out of New York - and guess who her newest client is. Asher is determined to add Poppy to his list of conquests, but what he doesn't expect is for his feelings to slowly start extending past the bedroom. They couldn't be more different, but toss in a couple of messy break-ups, shocking revelations, trust issues, and a heap of flirtatious banter and it's going to be one intense semester.[[Word count: 80,000 - 90,000]]Cover designed by Ren TThis book is a spin-off of Against the Odds and contains major spoilers, but it can be read as a standalone
8 115 - In Serial11 Chapters
Sweet Wipeout
Two best friends, Mark and Tony, have a passion for surfing. During their summer break, they like to go to the beach, grab their surfboards, and catch some sweet waves. One day, Tony confided his biggest secret to Mark, to which Mark doesn't have a problem with it, but his friends does, which creates tension between the two best friends. Read to find out more!~Credits to @ThursdayEnds for the cover ♡~~Story is Complete, plot wise. But still fixing grammar mistakes~~Written in 2016~
8 146 - In Serial53 Chapters
Kayden (Larry Stylinson)
LoveMeSomeStyles: has anyone seen this kid? she looks so much like Harry Styles. it's crazy.HarryxLovesxMe: wow! she really does! that is wild!MarryMeHazza: i wonder if he has a secret love child or something. she looks way too much like him to not be related at all.LoveMeSomeStyles: @MarryMeHazza you may be onto something. let's look more into this...I sat there looking at the comments on the picture someone reposted of my daughter. More specifically, mine and Harry's daughter. More importantly, the daughter that Harry does not know exists."Well, fuck." I said to myself. If I knew this fandom, which I did, I knew that there was no way this wouldn't blow up and get back to Harry somehow. "I'm completely screwed."------------------An AU where Harry is an international popstar and Louis is just a guy he met one night at one of his concerts. They slept together & Louis ended up pregnant. Louis decided not to tell Harry about the pregnancy. One day, some of Harry's fan's find pictures of the little girl and point out how much she looks like Harry Styles. It only escalates from there and Harry is bound to find out about the little girl with his green eyes, dimples, and chocolate brown hair.Ranked #1 in Stylinson - 02/28/19Ranked #1 in Larry - 05/05/19Ranked #1 in Mpreg - 03/12/2019Ranked #1 in Larrystylinson - 06/08/2019
8.18 136 - In Serial8 Chapters
Reason for Being (Ikigai)
A 23 year old, already graduated, an animator that got the opportunity to be sent to Tokyo for a project. 🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼"I've always wanted to go to Japan since I was a teen. Now that i FINALLY stepped in the Land of the Rising Sun, Met the Japan men's national volleyball team including the duo that i always adore... Ishikawa Yuki and Yanagida Masahiro.. What could go wrong?".....
8 136

