《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 13 (uni)
Advertisement
"အဲ့ကလေးမနဲ့ဘာလို့ခဏခဏတွေ့နေရတာလဲ"
ရှိုင်းရဲ့စကားကြောင့်နေမျက်မှောင်ကြုတ်မိသည်။ ဘာလို့ခဏခဏတွေ့နေရသလဲဆိုတာ သူ့ဇာတ်လမ်းတွေကြောင့် ဆိုတာမသိတာလား၊ မသိဟန်ဆောင်နေတာလားလို့မေးလိုက်ချင်သည်။
"အဲ့စကားက နေမေးရမှာလေ ရှိုင်းကိုနေကမေးရမှာလေ"
"တို့အကြောင်းနေအသိဆုံးပဲမဟုတ်လား"
"ရှိုင်း"
ပီကေဝါးကာမထီမဲ့မြင်ပြောနေသောရှိုင်းကို ဒေါသထွက်လာမိသည်။ ရှိုင်းမှာဘာကြောင့်ဒီလောက်အတ္တစိတ်တွေများနေရတာလဲ ။
"မဟာကို ကျေးဇူးပြုပြီးလွတ်ထားပေးလိုက်လို့မရဘူးလား၊ ရှိုင်း ရယ်သူက ကလေးပဲရှိသေးတာလေ"
"အဲ့တော့ ဘာဖြစ်လဲ တို့သဘောကျလို့တို့အနားခေါ်ထားတာလေ၊ ဘာလဲနေကသူ့ကိုစိတ်ဝင်စားလို့လား"
"ရှိုင်း"
မဟာအော်လိုက်မိသည်။ ရှိုင်းရဲ့ဘာမထီလုပ်တတ်တဲ့အပြုအမူတွေကို နေအတော်မုန်းမိသည်။
"နေက ဘာလို့သူ့အကြောင်းပဲ ခဏခဏလာလာပြောနေရတာလဲ နေရပ်ဝန်းရဲ့နှုတ်ကထွက်တဲ့ စကားတိုင်းက ဘာလို့ဒီရှိုင်းနားအတွက်မဟုတ်ဘဲ မဟာမေတ္တာအတွက်ဖြစ်နေရတာလဲ နေရပ်ဝန်းရဲ့နှုတ်က သူစိမ်းဆိုရင် ကျားဖြစ်ဖြစ်မဖြစ်ဖြစ် ဒီရှိုင်းနားအတွက်ပြောတာပဲကြားချင်တာ"
"ဟိုကလေးမှာဘာအပြစ်မှမရှိဘူးလေ"
"အပြစ်ရှိတယ်မရှိဘူးဆိုတာက မဆိုင်ဘူးလေ သူနဲ့ရှိနေရရင် တို့စိတ်တွေသာယာတယ်၊ ကြည်နူးရတယ်၊ အဲ့ဒါကြောင့်သူနဲ့ပွင့်လင်းတဲ့ဆက်ဆံရေးတခုကိုယ်လုပ်လိုက်တယ်ဒါပဲ"
"ပွင့်လင်းတဲ့ဆက်ဆံရေးဟုတ်လား သူများသားသမီးကို အလကားသက်သက်လှည့်စားနေတာက ရှိုင်းအတွက်အရသာတစ်ခုပဲလား ဟုတ်လား"
ရှိုင်းရဲ့လက်တွေက နေ့ဆံနွယ်လေးတွေကိုအသာအယာလာကိုင်သည်။ပြီးတော့ငုံ့နမ်းလိုက်ပြီး။
"အလကားသက်သက်လှည့်စားနေတယ်လို့ ဘာလို့ထင်ရတာတုန်း"
နားနားကပ်ပြောလိုက်တော့စကားကြောင့် နေမျက်ဝန်းအစုံကိုမှိတ်ပြီးသက်ပြင်းချလိုက်မိသည်။
"ရှိုင်းသူ့ကို ဆက်ပြီး ဒီလိုတွေလုပ်နေရင် ရှိုင်းအနားက နေထွက်သွားမိလိမ့်မယ်နော်"
ရှိုင်း၏မျက်နှာသည်ရုတ်တရက်သွေးဆုတ်သွားသည်။ နေ့အနားက ချက်ချင်းခွာလိုက်ပြီး နေ့ကိုမျက်မှောင်ကြုတ်ကြည့်သည်။ပြီးတော့ တဟားဟားရယ်လေသည်။ ပြီးတော့နေရာမှထကာ နေ့ကိုလက်ညိုးတထိုးထိုးနှင့်ရယ်လေသည်။
"နေရပ်ဝန်း"
ရှိုင်းသည်ရယ်နေရင်းက မျက်ရည်များစီးလာတာကိုနေတွေ့ကါသည်။သို့သော် မသိကျိုးကျွန်ပြုလိုက်သည်။ ဘယ်တော့မှသူ့ကိုယ်သူအရှုံးခံမှာမဟုတ်။
"နေရပ်ဝန်းကဒီရှိုင်းနားကိုခြိမ်းခြောက်ရဲတယ်နော်.....အဟား ရယ်ရတယ် လုပ်ရဲရင်လုပ်ပေါ့ နေရယ်၊ နေ့ရဲ့ချစ်လှစွာသော....…."
"ရှိုင်း တော်ပါတော့"
နေရင်ထဲမှာမွန်းကြပ်လာသည်။ ရှိုင်းဆီထသွားလိုက်ပြီး ရှိုင်းနောက်ကျောကိုသိုင်းဖက်လိုက်သည်။
"ဟင့်အင်း.....မပြောပါနဲ့တော့ ရှိုင်းရယ်"
တိတ်ဆိတ်ငြိမ်သက်သွားသောဖြစ်ရပ်နှစ်ခုမှာ ဘယ်သူကစပြီးမလှုပ်ရှားမိကြ။
တစ်ခါတစ်လေ ရန်သူကိုမှ ချစ်မိနေရခြင်းတွေ။
ရန်သူစစ်လို့မိတ်ဆွေပြုနေရခြင်းတွေ။
သို့သော် ဒီရင်ဘတ်ထဲမှာနာကြင်နေခြင်းတွေကိုတော့ မင်းသိမှာမဟုတ်။
**************
"နင့်ဘဝမှာအချစ်ကဘယ်လောက်တောင်အရေးပါသလဲ"
မဟာ့အမေးကြောင့်မင်းခန့်က ကြောင်အမ်းသွားသည်။ Brightဖြစ်သည်ဟုဆရာမတိုင်းကချီးကျူးကြသည်။ ထို့ကြောင့် သူ့လိုBrightဖြစ်တဲ့လူတစ်ယောက်ရဲ့ အတွေးအမြင်၊ခံယူချက်တွေကိုနားထောင်ကြည့်ချင်သည်။
"နင်ကဘာလို့မေးတာလဲ"
"ငါသိချင်လို့ပေါ့ နင်ငါ့ကိုလိုက်ခဲ့တယ်ဟာ နှစ်တွေချီတယ် နင့်ကိုငါချစ်တယ်လို့ပြောလိုက်တယ် ၊ ငါသိချင်တာက ဘာလို့အချစ်ဆိုတဲ့အရာတစ်ခုအတွက် နင့်အချိန်တွေဖြုန်းနေသလဲပေါ့"
"အချိန်"
မင်းခန့်ကနားမလည်သလိုမျက်နှာပေးနှင့် မဟာ့ကိုပြန်ကြည့်သည်။ပြီးတော့ရယ်သည်။
"ငါတော့နင့်အတွက်ဘာအချိန်မှမသုံးခဲ့မိဘူးထင်တယ်၊ နင်အခု ကျောင်းတက်နေတာသူငယ်တန်းကစပြီး ၁၄နှစ်လောက်ရှိပြီ ဒါပေမဲ့ ဒါကိုနင်အချိန်ဖြုန်းတယ်လို့ထင်လို့လား၊ နင်မထင်ဘူးလေ ဘာလို့လဲဆိုတော့ နင်လိုချင်တဲ့ဘွဲ့ရဖို့အတွက် နှစ်တွေဘယ်လောက်ကြာကြာနင်တက်မှာပဲမလား"
"ဒါပေမဲ့ကြားထဲမှာ နင်ကောင်မလေးတွေအများကြီးနဲ့တွဲလို့ရတယ်လေ၊ နင်ကယောက်ျားလေးပဲ၊ နင်က ရည်းစားများရင်တောင် နင့်ကိုကဲ့ရဲ့မဲ့သူအဲ့လောက်မရှိဘူးလေ၊ နင်ကစာတော်တယ်၊ ဉာဏ်ကောင်းတယ်၊ ရုပ်ချောတယ်၊ ပိုက်ဆံရှိတယ် နင့်မှာမက်လောက်စရာအရည်အချင်းတွေရှိတာပဲ"
"အဲ့ဒါကြောင့်ငါမတွဲတာပေါ့ဟ၊ တွေ့ကရာလူနဲ့တွဲလို့ ငါတွဲတဲ့လူက ကိုယ်ရည်ကိုယ်သွေးညံ့နေရင် ငါပါညံ့သွားမှာပေါ့၊ ဗာဟုသဥ္စဗာလာနံလေ ရည်းစားများပြီး ငါကဘာလုပ်ရမှာလဲ သူတို့တွေအကုန်တပြိုင်တည်းငါကဘာလုပ်ရမှာလဲ ငါ့သမိုင်းမှာတော့ အရည်အသွေးနိမ့်တဲ့ပစ္စည်းတွေကြောင့် ခေါင်းကိုက်တာမျိုးမခံနိုင်ဘူး၊ ရည်းစားများတာဟာ ငါ့သမိုင်းဖြစ်လိမ့်မယ် ၊ ဒီအမျိုးသမီးတွေနဲ့ခဏတာ ပတ်သက်မှုအတွက် နဲ့တော့ ငါ့ဘဝမှာ၊ ငါ့သမိုင်းမှာ သူတို့တွေနဲ့တွဲပြီးအမည်တပ်မခံနိုင်ဘူး၊ ငါ့သမိုင်းစာမျက်နှာကိုဘယ်အချိန်လှန်လှန် ဖြူစင်နေတာမျိုးပဲကြိုက်တယ်၊ မည်းညစ်တဲ့သမိုင်းတွေငါမရေးဘူး၊ ငါ့သမိုင်းမှာ နင့်လိုလူမျိုးကိုတော့ ရာဇဝင်အတွင်ခံနိုင်လို့ပေါ့၊
ငါကကြီးကျယ်တယ်၊ အဲ့ဒါကြောင့် ငါသတ်မှတ်တဲ့စံနဲ့ကိုယ်ညီတဲ့နင့်ကိုရွေးတာပေါ့"
မင်းခန့်ကရယ်ရင်းပြောသည်။မင်းခန့်ကဉာဏ်ကောင်းပြီးထက်မြက်တဲ့လူဆိုတာ မဟာသိသည်။
"နင်ပြောတာကိုငါဉာဏ်မမီဘူး"
" ငါ့မှာအဲ့ဒီအရည်အချင်းတွေရှိတယ်လို့ နင်ပြောတယ်နော် အေးငါကလည်းအဲ့ဒီအရည်အချင်းကြောင့်ပဲ တွေ့ကရာလူနဲ့မတွဲတာပဲ"
"ရှင်းအောင်ပြောစမ်းပါ"
"အေး ငါကနင့်ကိုဘာလို့အဲ့လောက်ထိ နှစ်တွေအကြာကြီး စောင့်သလဲဆိုတော့ ငါ့ဘဝမှာ ရည်းစားတစ်ယောက်ကို လတ်တလောလိုအပ်နေတာမျိုး မရှိလို့ပေါ့ဟ၊ ငါကအခုငါ့လမ်းကြောင်းပေါ်ငါလျှောက်နေတယ် ၊ နင့်ကိုငါသဘောကျတယ် ၊ ဒီတော့ ချစ်ကြောင်းပြောမိတယ်၊ နင်ကလည်းငါ့ကို ဒီအတိုင်းပဲ ချစ်တယ်လည်းမဟုတ်၊ ငြင်းပယ်တယ်လည်းမဟုတ်"
"အဲ့လိုလုပ်တော့နင်ငါ့ကိုစိတ်မဆိုးဘူးလား"
"Why? ဘာလို့စိတ်ဆိုးရမှာလဲ ငါပြောတယ်လေ ငါ့ဘဝမှာရည်းစားတစ်ယောက်ကိုလောလောလတ်လတ် မရရင်မဖြစ်တော့တဲ့အခြေအနေမျိုးရင်ဆိုင်နေရတာမှမဟုတ်တာ၊ ဆိုပါတော့ အခုနင်ကငါ့ကိုအဖြေပေးထားတယ် ၊ ဒီတော့ တို့နှစ်ယောက်က ချစ်သူတွေဆိုပါစို့၊ ငါ့မှာဘာတွေပြောင်းလဲသွားလဲ ဘာမှမပြောင်းလဲဘူးလေ နင်ငါ့ကိုမချစ်ရင်လဲ ငါကဒီလိုပဲ အခုနင်နဲ့တွဲလိုက်တော့လဲ ငါဟာမင်းခန့်ပဲ ၊ နင်ငါ့အပေါ်စိတ်မကုန်သေးသရွေ့ ငါကလဲ စိတ်မကုန်ဘူး ဒါပဲလေ"
မင်းခန့်သည်စကားကိုနောက်ရွှတ်ပြောနေဟန်နှင့်မတူ။အတည်ပြောနေခြင်းပင်။
"ဒီနေရာမှာ တခြားမိန်းကလေး ဆိုရင်တော့ နင့်ကိုဘယ်သူမှအိမ်ထောင်ဖက်အဖြစ်ရွေးမှာမဟုတ်ဘူးနော်"
မင်းခန့်ကရယ်သည်။ ပြီးတော့အဝေးတနေရာကိုလှမ်းကြည့်ပြီး မဟာ့ကိုပြန်ကြည့်သည်။
"ဒီမှာမဟာ အခုစကားပြောနေတာ နင်နဲ့ငါ ပြီးတော့ social linguisticsလေ့လာဖူးသူတွေပဲနော် speaker ကငါနော်အဲ့လိုလူမျိုးကိုဒီလိုစကားပြောတာငါမှန်တယ်လို့ထင်တယ် နင့် backgroundနဲ့လိုက်ဖက်တဲ့စကားကိုငါပြောတာလေ တခြားလူဆိုရင် ငါဒီလိုပြောချင်မှပြောမှာပေါ့ လူမှုဘာသာဗေဒသင်ထားတာက စကားကိုနေရာတကျပြောတတ်ဖို့နဲ့ တဖက်လူရဲ့ စိတ်ကိုဖတ်တတ်ဖို့ပဲမဟုတ်လားအခုငါကဘိန်းစားချင်းအတူတူ တမတ်ဖိုးပိုရှုလိုက်တယ်ပဲထားပါတော့"
"ငါက နင့်ရဲ့သရုပ်မှန်ကိုသိချင်တာ"
"ဒါကသရုပ်မှန်ပဲမဟာ နင့်ကိုမရရင်ငါသေသွားမှာမဟုတ်ဘူး ဒါဆိုဘာလို့လိုက်သလဲလို့နင်မေးနိုင်တယ် ၊ ဟုတ်တယ် ငါနင့်ကိုလိုက်တယ် လူတွေက တချိန်မှာများသောအားဖြင့် အိမ်ထောင်ပြု ဘဝကိုဖြတ်သန်းကြတယ်မလား၊ လူတယောက်ကိုချစ်ပြီးလက်ထပ်ဖြစ်ကြမယ်။ ချစ်တယ်ဆိုတာက ငါ့အတွက်တော့ သဘောကျတဲ့အရာတစ်ခုရှိနေလို့ပဲ နင့်ဆီမှာငါသဘောကျတဲ့အရာရှိတယ် ၊ နင်ကတော်တယ်၊ ထက်တယ် ၊ ပြီးတော့ မကောက်ကျစ်ဘူး၊ နင့်မှာယုတ်ညံ့တဲ့စိတ်ထားမျိုးမရှိဘူး၊ သဘောအကျဆုံးအချက်က သမားရိုးကျ အတွေးတွေနင့်ဆီမရှိဘူး အဲ့တာကငါအလိုချင်ဆုံးသဘောအကျဆုံးအချက်ပဲ ၊ အဲ့တော့ နင့်ကိုငါလိုက်တယ် ၊ နင်လက်ခံရင်လက်ထပ်မယ်၊ နင်မဖောက်ပြန်သရွေ့ငါမဖောက်ပြန်ဘူး ၊ နင်ချစ်သရွေ့ငါချစ်မယ်၊ ငါ့အတွက်အရာအားလုံးက Give and take ပဲ ဒါပေမဲ့ ခြွင်းချက်အနေနဲ့နင်ဖောက်ပြန်ရင် ငါကလိုက်ဖောက်ပြန်မှာမဟုတ်ဘူး နင့်ကိုငါက အမြဲလမ်းဖွင့်ထားပေးမှာ Everytime, Everywhere As u likeပဲ ဒါပေမဲ့ နင်က ငါမသိအောင်လုပ်ခွင့်မရှိဘူး နင်ကငါနဲ့လက်ထပ်ပြီးလို့ ငါ့ကိုသဘောမကျရင်လဲ နင်ဖြစ်ချင်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောလို့ရတယ် ငါကဘယ်လိုတုံ့ပြန်မှုမျိုးမှလုပ်မှာမဟုတ်လို့ဘဲ"
"ငါကနင့်နောက်ကွယ်မှာဖောက်ပြန်မိရင်ရော"
မင်းခန့်ကနည်းနည်းစဉ်းစားဟန်ပြုသည်။ပြီးတော့ မျက်ခုံးတချက်ပင့်လိုက်သည်။
" ပထမတော့ဒေါသထွက်မှာပေါ့ ငါကနင့်ကို ဖောက်ပြန်ခွင့်ပေးထားရက်နဲ့နင်ကခိုးပြီးဖောက်ပြန်တယ်လေ ဒါကငါ့ကိုမထိခိုက်ဘူးလေ နင့်ရဲ့ စာရိတ္တပေါ်မူတည်တယ်လေ၊ ဒါကနင့်ရဲ့ဗီဇဖြစ်သွားမှာပေါ့၊ ဒုတိယအချက်က ငါကသံသရာကိုပုံချမိမှာပေါ့ တနည်းအားဖြင့် ဘဝတခုမှာ ငါနင့်အပေါ်ဒီလိုလုပ်ခဲ့လို့ဖြစ်စေ၊ ဖောက်ပြန်တဲ့လူအပေါ်ဒီလိုလုပ်ခဲ့လို့ဖြစ်စေ ငါဝဋ်လည်တယ်ပေါ့ ၊ဒါကငါ့အတွက်ကံကောင်းမှုတခုပဲလေ ဝဋ်တွေကြေသွားပြီမဟုတ်လား၊ဒါပေမဲ့ ငါကပြန်ပြီးလက်တုံ့မပြန်ဘူး ဆိုတာက ပြုသူအသစ်ဖြစ်သူအဟောင်းလေ ငါပြန်ပြီးပြုလိုက်ရင် ဝဋ်ကြွေးအသစ်တွေငါပြန်ယူသွားရမယ် အဲ့တော့ ငါ့အတွက် နင်ဖောက်ပြန်တာ သိလိုက်ရရင်လဲ ဒါကကံကောင်းမှုတစ်ခုပဲလေ"
"ငါကယောက်ျားတစ်ယောက်နဲ့မဟုတ်ဘဲ မိန်းမတစ်ယောက်နဲ့ဖောက်ပြန်ခဲ့ရင်ရော"
"မိန်းမတစ်ယောက်"
ဒီတစ်ခုမင်းခန့်ကအံ့ဩသွားဟန်တူသည်။ မဟာကလည်းဘာရယ်မဟုတ်မင်းခန့်ဘယ်လိုတွေးသလဲသိချင်သည်။ ပြောရရင်မဟာလိုချင်တဲ့ယောက်ျားလေးမျိုးပင်ဖြစ်သည်။
သို့သော်။
"အင်း.....ဘယ်လိုပြောရမလဲ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ နင်ဖောက်ပြန်မှုပြုတာကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလေ၊ ဒါပေမဲ့ တခုရှိတာက နင်က အချစ် ဆိုတဲ့စကားလုံးတပ်ပြီး ဟစ်တိုင်တက်ပြလိမ့်မယ်၊ လိင်တူစိတ်ဝင်စားတာလို့နင့်ကိုယ်နင်သိသွားချိန်ဖြစ်လိမ့်မယ်၊ အမှန်က နင်ကလိင်တူစိတ်ဝင်စားတာသိသွားတာ၊ တစ်ခုရှိတာက နင့်မှာ ငါ့ကိုပွင့်လင်းစွာပြောဖို့အခွင့်အရေးရှိတယ်၊ ဒါပေမဲ့ နင်ကအချစ်ဆိုတာကြီး အကြောင်းပြုပြီးတလောကလုံးကို ဂရုမစိုက်မိအောင် နင့်အပြုအမူတွေမှားတယ်လို့သုံးသပ်နိုင်စွမ်းလျော့နည်းအောင်ဖြစ်နေလိမ့်မယ်။ အချစ်ဆိုတဲ့စကားလုံးတပ်လိုက်ရင် အရာအားလုံးကို မျက်လုံးမှိတ်လိုက်သလိုဖြစ်လိမ့်မယ် နင်အမှားလုပ်တယ်လို့နင်ဘယ်တော့မှမြင်မှာမဟုတ်တော့ဘူး နင်ကအချစ်အတွက်တိုက်ပွဲဝင်နေတဲ့သူရဲကောင်းမကြီးလို့နင့်ကိုယ်နင် ထင်လာလိမ့်မယ်၊ နင်မှန်တယ်လို့မြင်လာလိမ့်မယ်၊ ဒါပေမဲ့ နင်အသက်အရွယ်အပိုင်းအခြားတစ်ခုရောက်လာတဲ့အခါ နင်အရာရာကို အမှန်အတိုင်းမြင်လာတဲ့အခါ နင့်ကိုခွင့်လွှတ်လို့မရမဲ့သူဟာ နင်ကိုယ်တိုင်ပဲဖြစ်လိမ့်မယ်၊ နင်ကပဲနင့်ကိုနောင်တရစေလိမ့်မယ်၊ နင်ကပဲနင့်ကိုပြန်ခြောက်ခြားစေလိမ့်မယ်၊ နင်ကပဲနင့်ကိုပြန်သတ်လိမ့်မယ်၊ ငယ်တုန်းရွယ်တုန်းမှာ ပြုမိတဲ့အမှားကို ပြန်ပြင်လို့ရမဲ့အရာမှန်သမျှ နင်လိုက်ရှာနေရလိမ့်မယ်၊ ငါ့အတွက်ကတော့ Nothing is nothing နင်မဟုတ်လဲ မိန်းမဆိုတာပေါနေအုံးမှာပဲ နင်နဲ့မပေါင်းရလို့ နင့်အကြောင်းသိလိုက်ရလို့ငါကပျော်ရွင်သွားရပြီး နောင်တနိဂုံးချုပ်မဲ့လူဟာ နင်ပဲဖြစ်လိမ့်မယ် အချစ်ဆိုတာအတွက်နဲ့တော့ ငါလိုလူကဘယ်တော့မှရူးသွပ်မှာမဟုတ်ဘူး၊ ငါချစ်မိခဲ့ရင်တောင် ချစ်မိတာပဲ ငါ့ကိုယ်ငါဘယ်တော့မှအဆုံးရှုံးမခံဘူး ငါ့ကိုယ်ငါအချစ်ဆုံးမို့လို့"
မင်းခန့်ကိုမဟာငေးနေမိသည်။ မဟာလိုချင်တဲ့အမျိုးသားဟာမင်းခန့်ဆိုတာသေချာသွား၍ဖြစ်သည်။
Advertisement
- In Serial251 Chapters
Exploding Attribute System In Douluo Dalu
Someone from Earth reincarnates into Douluo Dalu 1 as someone from the same village as Tang San, Saint Spirit Village. He awakens a system when aged 3. The system enables him to beat up people and get drops from them. He can beat out mental power, Spirit Power, martial spirits, body defence, body strength, agility and flexibility.
8 4153 - In Serial150 Chapters
The Genius Mage
"The head of the London Association of Mages, the most powerful Saint Archmage in the world, Audrey Davis, accidentally transmigrated to another world due to a magic accident. She was an 18-year-old human girl.
8 264 - In Serial39 Chapters
Falling For His Nanny [Book #1]
Book #1 of the "Falling" book seriesWarning: Mature (18+) Content!#1 in Agegap 2022#2 in Daddy 2022#6 in Steamy 2022#1 in Mature 2022#3 in Lovestory 2022#2 in Sexual 2022#34 in Explicit 2022#1 in Kids 2022#4 in Love 2022#1 in Drama 2022#3 in Humor 2022#1 in Cute 2022#1 in Sweet 2022#7 in Romance 2022#2 in Family 2022#90 in Obssessed 2022****After losing her job, 22 year old Laurel Flynn struggles to find a job where she can make enough money to pay off her student loans and pay for her grandmother's housing. And just when she begins to feel all is lost, a wealthy single father looking for a live-in Nanny offers her a job.34 year old Levi Isaacs hires an attractive young woman to care for his mute four year old son. After his ex-wife abandoned their son, Levi never thought his nanny would be the one to flip their entire world upside down.****Overprotective of his little boy, will Laurel be able to break Levi out of the shell he placed around himself and get him to trust again? Find out what happens in this sweet and steamy romance when two worlds collide.
8 280 - In Serial43 Chapters
Homeless (mxm)
Book 1 HomeLessBook 2 ReckLessBook 3 SenseLessBeing homeless isn't the end of the world. At least, that's what Zachary thought when he found himself on the streets after being kicked out at seventeen. It hadn't been his fault. His father had used him as a scapegoat and won his mother over, thinking that her husband was telling the truth about his cheating and that Zachary was the one who was bringing women over, trying to ruin their marriage. He'd argued his side, but once his mother decided on something, her mind would not be changed. That's how he came to live in the alley near the end of 73rd street between the old bakery and a laundromat. It wasn't anything special, but after three years he'd managed to spruce up the place and make it almost-bearable to live in. Over the years he'd made friends with random people he often passed on the streets and did manage to hold down a few random jobs, but like everything else, they came, then went. Now he was left with fifteen dollars and twenty-two cents, a torn blanket, one outfit, and a dream for a better life. He just didn't know that he'd find it somewhere he'd never thought to look... or with someone he never knew he'd want.
8 157 - In Serial6 Chapters
My Rose (Goku Black x Reader lemon)
"Why do I love after all he's done... even if he did do all of those things. He's shown me so many different sides of him that no one can even imagine, But I how will things end up if don't finish the Job."(This is the actual full book of my practice book everything is spelled correctly ahem hopefully and my character development and storyline go some what different from my other book)
8 76 - In Serial42 Chapters
Only For You
Riah had her own reasons on why she never dealt with dudes involved inna streets but when HE showed up it was hard for her to remember that reason...
8 109

