《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 16 (uni)
Advertisement
"မဟာ"
အချိန်တော်တော်ကြာငိုနေသောမဟာ့ကို မြတ်နဲ့ပြည့်ပြည့်ကပြောစရာစကားမရှိတော့။မေးလို့လည်းမရ။ ငိုနေပြီးရင်းသာငိုနေပြန်သည်။ ပြည့်ပြည့်က မဟာ့ကျောလေးကိုပွတ်သပ်ပေးနေသည်။ ဘာကိစ္စမှန်းမသိပေမဲ့ မဟာတော်တော်ခံစားနေရလို့ဆိုတာနားလည်ပါသည်။ မဟာဆိုတာတော်ရုံငိုတတ်သည်မဟုတ်ဘဲ စိတ်မာပြီးပျော်ပျော်နေတတ်တဲ့ကောင်မလေးမဟုတ်လား။အခုတော့ ရှိုက်ကြီးတင်ငိုနေသတဲ့လား။
"ငါရူးနေပြီလားမသိဘူးဟာ"
ရှိုက်ကြီးတင်ငိုနေရာမှရုတ်တရက်စကားထပြောလာသောမဟာရယ်ပါ။
"မဟာ နင်ပြောပြလို့ရရင်ငါတို့ကိုပြောပြပါလား နင်ဘာဖြစ်နေတယ်ဆိုတာငါတို့ဝိုင်းစဉ်းစားပေးလို့ရတာပေါ့"
ပြည့်ပြည့်ရဲ့စကားကိုမြတ်ကထောက်ခံတဲ့အနေနဲ့ခေါင်းငြိမ့်သည်။မဟာကငိုတာခဏရပ်ပြီး
" ငါလေ မိန်းမတစ်ယောက်ကိုချစ်နေမိတယ်ဆိုရင်နင်တို့ယုံကြမှာလား"
"မိန်းမတစ်ယောက်ကို?"
မြတ်ကနားမလည်သလိုမျက်နှာပေးနဲ့ပြည့်ပြည့်ကိုကြည့်သည်။ မဟာကဘယ်အချိန်များမိန်းမတစ်ယောက်ကိုချစ်မိသွားသလဲ။
ပြီးတော့မဟာက မိန်းမတစ်ယောက်ကိုချစ်မဲ့လူလား။
" နင်တကယ်ပြောနေတာလားမဟာရယ်"
"မြတ်ရယ် မဟုတ်ဘူးဆိုရင်ငါငိုနေပါ့မလားသူငယ်ချင်းရယ် အချစ်ကငါ့ကိုရူးသွပ်စေပြီလားမသိပါဘူး"
မြတ်ကငိုပြီးလာဖက်တော့မြတ်ကလည်းမဟာ့ကိုပြန်ဖက်ထားပေးလိုက်သည်။
" ဟုတ်ပြီ မဟာ အဲ့ဒီသူကဘယ်သူလဲ ဘယ်ကလဲ ငါတို့တောင်မသိတဲ့အတောအတွင်းမှာ နင်ကသူ့ကိုဘယ်အချိန်မှာတွေ့ပြီးချစ်လိုက်တာလဲ ၊ ပြီးတော့ နင်ကမင်းခန့်နဲ့တွဲနေတာလို့ပဲငါတို့ကလက်ခံထားတာလေ"
ပြည့်ပြည့်ရဲ့စကားအဆုံးမှာမဟာကရင်ထဲကလှိုက်တက်လာသောဝမ်းနည်းမှုတွေနဲ့အတူငိုချလိုက်ပြန်သည်။
" ငါသူ့ကိုအရမ်းချစ်နေမိပြီထင်တယ်၊ အစကငါသတိမထားမိဘူး ဒါပေမဲ့ သူ့ကိုတခြားတစ်ယောက်နဲ့တွဲလျက်တွေ့တာဆိုရင်တောင် ငါအရမ်းသဝန်တယ်၊ သူတခြားတစ်ယောက်နဲ့အတူရှိတိုင်း ငါ့ရင်ထဲကိုဆူးနဲ့ထိုးစိုက်နေသလိုပဲ တဆစ်ဆစ်နဲ့နာတယ် ငါ ....ငါ ကသူ့ကိုမရနိုင်ဘူးဆိုတာသိပါတယ်ဟာ"
မဟာကငိုနေပြန်သည်။ အချစ်ဆိုတာဘာတဲ့များလဲ။မဟာ့အဖြစ်ကဘာနဲ့တူနေသည်မသိ။ မစခင်ကတည်းက အဆုံးကိုသိနေတဲ့ဇာတ်လမ်းတစ်ပုဒ်မှာ ဗီလိန်အဖြစ်ဝင်ကနေရသလို။ဒါမှမဟုတ် ကိုယ့်အတွက်နေရာမရှိတဲ့အရပ်တစ်ခုမှာခိုလှုံခွင့်လိုချင်နေသည့်လူတစ်ယောက်လို။
အချစ်ဆိုတာဘာလဲ။ ငေးကြည့်နေရခြင်းတွေလား။
လွယ်လိုက်တာ ငေးကြည့်နေရခြင်းတဲ့။ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို မပိုင်ဆိုင်ရဘဲငေးကြည့်နေရတာကိုလူတိုင်းလုပ်နိုင်မယ်ထင်လို့လား။ မပိုင်ဆိုင်ရလည်းဖြစ်တယ်လို့ဘယ်သူတွေကများ ပြောခဲ့ကြသလဲကွယ်။ ဟင့်အင်း မဟာပိုင်ဆိုင်ချင်တယ်။
ရင်ဘတ်ထဲမှာရုတ်တရက်လှစ်ဟာသွားတဲ့ခံစားချက်တွေက ဘယ်လောက်တောင်ဆိုးလိုက်သလဲ ကိုယ်တိုင်သာအသိဆုံးပါပဲ။ တချို့ပန်းတွေကို ငေးကြည့်နေရခြင်းနဲ့သာသူ့အလှတွေကိုခံစားနိုင်ပေမဲ့ အချစ်ဆိုတာအလှကြည့်နေရမဲ့ပန်းတစ်ပွင့်မဟုတ်တော့လိုချင်တယ်၊ပြီးတော့ ယုယုယယနမ်းရှိုက်ချင်တယ်။
အခုကမဟာ့မှာအဲ့လိုအခွင့်အရေးတွေရှိသေးလို့လား။
ရပ်ကြည့်နေရမှာလား။ ဒါမှမဟုတ်ဆက်သွားလိုက်ရမှာလားမဟာမသိ။
"ငါသိပ်ချစ်တဲ့လူမှာ ချစ်ရတဲ့လူရှိတယ်၊ သူက အဲ့ဒီမိန်းမကိုသိပ်ချစ်တယ် ၊ သူချစ်တဲ့မိန်းမကိုအရေးပေးတိုင်း သူ့ကိုမနာလိုသလို သူချစ်တဲ့မိန်းမကိုလည်း သူ့အနားမရှိနေစေချင်ဘူး ။ အို...ဖြစ်နိုင်ရင် သူ့ကိုတစ်ယောက်ထဲနေစေချင်နေတာ"
"သေချာလို့လားမဟာရယ် သူ့မှာချစ်သူရှိတယ်ဆိုတာ"
"၉၉ ရာခိုင်နှုန်းလောက်ကိုသေချာပါတယ်ဟာ"
မြတ်ကသက်ပြင်းချလိုက်သည်။ ပြီးမှ မဟာ့လက်ကိုဆုပ်ကိုင်ပြီး
" ၉၉ ဆိုတာ ရာနှုန်းပြည့်မှမဟုတ်သေးတာမဟာရယ် ၁ ရာခိုင်နှုန်းကျန်နေသေးတယ် ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်ဆိုတာရှိနေသရွေ့နင်မရှုံးသေးဘူး အချစ်ဆိုတာကံတရားလိုပါပဲ ၊ ဖူးစာဆိုတာ ဦးရာတဲ့ နင်ဦးရင်နင့်ဖူးစာပေါ့ ငေးကြည့်မနေပါနဲ့သူငယ်ချင်းရယ် ကြိုးစားလိုက်ပါ နင့်မှာကြိုးစားခွင့်ရှိပါတယ် နင်က မိန်းကလေးချင်းကြိုက်တဲ့လူဆိုရင်တောင် နင့်ဖက်မှာ ငါတို့အမြဲရှိနေမယ်"
မဟာငိုနေတာကိုရပ်လိုက်ပြီးအဝေးတစ်နေရာကိုလှမ်းငေးလိုက်သည်။
ကြယ်တွေကိုရေတွက်မိခဲ့ရင် မဖြစ်နိုင်ပါဘူးလို့လူတွေတွေးမိကြသလိုမျိုးခံစားချက်နဲ့ အချစ်ဆိုတာမျိုးက နှလုံးသားကဝန်ခံလိုက်မိပုံရယ်လေ။
မဝန်ခံချင်ခဲ့ပါဘူး။ ချစ်နေမိပြီဆိုတာကိုယ့်ကိုယ်ကိုယ်ရိပ်မိပေမဲ့ ဖုံးကွယ်ထားပြီးသာနေမည်ဟုဆုံးဖြတ်ခဲ့တယ်မဟုတ်လား။
ကိုယ်ချစ်တဲ့လူကိုကိုယ်မပိုင်ဆိုင်ရမှာသေချာသလောက်ဖြစ်နေတော့ သူများပိုင်ဆိုင်သွားမှာမျိုးလည်း မလိုလား။ မဟာ့စိတ်ထဲမှာတစ်ခါမှ မဝင်ဖူးသောအတွေးစိတ်တွေဝင်လာပြန်သည်။
သို့သော် အချစ်တစ်ခုအတွက်နဲ့မတွေးသင့်ဟု ပြန်တွေးနေမိသည်။
ဒါပေမဲ့ လုပ်ပြီးခဲ့ပြီလား လုပ်ချင်နေတာလား မဟာမသိ။ ဖြစ်နိုင်ရင် မဟာချစ်တဲ့သူရဲ့အနားမှာ သူချစ်တဲ့လူကိုရှိမနေစေချင်တာကတော့မဟာ့အတ္တရယ်ပါ။
ဖြစ်နိုင်လျှင် သူချစ်တဲ့မိန်းမကိုသာ မဟာသူ့အနားက အမြဲဆွဲခေါ်ပြီး သူတို့ကိုဝေးနေစေချင်မိ၏။
သို့သော် ထိုမကောင်းတဲ့အတွေးမျိုးအတွက်ပင် ကိုယ့်ကိုယ်ကိုယ်အတော်ရှက်နေရပြန်သည်။
မဟာငိုချင်တာပဲသိတယ်။
×××××××××××
"တီ တီ တီ တီ"
ရှိုင်းရဲ့ဖုန်းကမြည်နေသဖြင့်နေကစားပွဲပေါ်ကနေလှမ်းယူပေးလိုက်သည်။ ရှိုင်းကတော့ ကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်နေသည်။နေကဘယ်သူဘယ်ဝါဆက်တယ်ရယ်လို့ရှိုင်းဖုန်းကိုမစစ်ကြည့်တော့ဘဲပေးလိုက်သည်။ရှိုင်းကလည်း ဖုန်းကိုအာရုံမရသလိုဟန်ဖြင့်လှမ်းယူပြီး
" ဟဲလိုပြောပါ"
" ......."
" ဒယ်ဒီ!!!!!"
ရှိုင်းရဲ့ခပ်ဆတ်ဆတ်အသံကြောင့် နေရုတ်တရက်လန့်သွားသည်။ အန်ကယ်လ်ဖုန်းဆက်ဟန်တူပါသည်။ ရှိုင်းဘယ်လိုပေါက်ကွဲတော့မလဲဆိုတာ နေကြိုမြင်နေသည်။ နေတော့ခေါင်းကြိုကျိန်းနေသည်။
" ဒယ်ဒီ သမီးဆီဘာလို့ဖုန်းဆက်တာလဲ သမီးမကြိုက်ဘူး နောက်မဆက်နဲ့"
ပြောပြီးဖုန်းကိုဆတ်ကနဲပိတ်ပစ်လိုက်သည့်ရှိုင်းရယ်ပါ။ ရှိုင်းကဖုန်းကိုပိတ်ပစ်ပြီး နေ့ဆီဒေါသတကြီးနဲ့လှည့်ကြည့်သည်။
" ဒယ်ဒီ့ကို ဖုန်းနံပါတ်နေပေးတာမလား"
နေမျက်ခုံးတွန့်သွားသည်။ နေမပေးလိုက်ရရိုးအမှန်ပါ။
" ကြံကြီးစည်ရာရှိုင်းရယ် အန်ကယ်လ်နဲ့နေဆိုတာလည်း မျက်နှာချင်းဆိုင်ချိန်တောင်ခပ်ရှားရှားရယ် ရှိုင်းလဲသိရက်နဲ့"
"ဒယ်ဒီ့ဖုန်းကိုဘလော့ပစ်မယ်"
နေသက်ပြင်းတစ်ချက်ချလိုက်သည်။ပြီးတော့ရှိုင်းထိုင်နေရာကိုသွားလိုက်ပြီးရှိုင်းဖုန်းကိုဆွဲယူနေရာကိုသွားလိုက်ပြီးရှိုင်းဖုန်းကိုဆွဲယူလိုက်သည်။
" ရှိုင်းရယ် အားလုံးကိုမေ့ပစ်လို့မရဘူးလား အခုချိန်မှာနေတို့အားလုံးပျော်ပျော်ရွှင်ရွှင်နေလို့ရနေပြီပဲကို ပြီးတော့အရာအားလုံးကလည်း သူ့အကြောင်းနဲ့သူပဲလေ "
" မရဘူးနေ တို့ကိုတရားလာမချနဲ့ ဒီဇာတ်လမ်းမှာပျော်ရွှင်စရာဇာတ်သိမ်းဆိုတာမရှိစေရဘူး"
"ရှိုင်း"
နေအသားကုန်အော်ပစ်လိုက်သည်။ ရှိုင်းရဲ့အငြိုးကြီးမှုတွေကနေ့ရင်ကိုဓားနဲ့ထိုးနေသည့်နှယ်။
" ဟုတ်ပြီ တကယ်လို့ပျော်ရွှင်စရာမဟုတ်တဲ့ဇာတ်သိမ်းဖြစ်အောင်လုပ်ပြီးတဲ့နောက်မှာ နေ့ကိုဆုံးရှုံးရမယ်ဆိုရင်ရော....."
" နေ"
ရှိုင်းရဲ့အော်သံသည်ဟိန်းသွားသည်။ မျက်နှာတွေနီမြန်းပြီးဒေါသတွေထွက်နေသည်။
" ဟာ .... သွားကွာ တောက်"
စားပွဲပေါ်ကကွန်ပျူတာကိုရိုက်ချိုးပစ်သည့်ရှိုင်းရယ်ပါ။ နေက ဘာမှမပြောဘဲမသိချင်ဟန်ဆောင်နေလိုက်သည်။ ရှိုင်းကအပြင်ဖက်သို့ထွက်သွားသည်။ နေကရှိုင်းရဲ့ကျောပြင်ကိုကြည့်ပြီး
"ပျော်ရွှင်ချင်ပြီရှိုင်းရယ်"။
Advertisement
- In Serial275 Chapters
Secretly Loved By The Dangerous CEO
Delilah Farris works with the world's most powerful men to fix their scandals. She has only two rules: She won’t allow any man to look down on her, and she won’t work for a criminal.
8 1948 - In Serial7 Chapters
Diary of a Hopeless Romantic
Kikoe Nagata is just a normal student at Hokusai High. She dreams of one day confessing her love to her long-time crush, Shotaro Manaki but complications with her childhood friend and school enemy, Utsu Kushi, will make it difficult. Can she collect her feelings and have the dedication to tell him her true feelings?
8 168 - In Serial46 Chapters
floating | ✓
Gwen Bradbury has seen the end. Gwen Bradbury has learned fighting again. ******Gwen Bradbury's life is torture to her. She is floating above everyone else. Her existence is like a void, eating her up from the inside, little by little every day. Gwen wants freedom. She wants to escape. But she is not one to give up. The darkness and demons can't do anything to her, not again. She will fight till she can't take it anymore.Oliver Carlson isn't your typical boy next door. He isn't the popular bad boy with a dark past you will find in every book. Oliver is not cocky, not famous, not one with eight pack abs. He is quiet, silent, hiding in shadows, away from everyone else, on his own. He has learned to keep to himself, build his suits of armors up, and shut everyone out. Nobody really knows him. He doesn't care. What hurts is that when his popular brother Owen Carlson gets everything he wants, leaving Oliver nothing.So when Gwen Bradbury unintentionally unexpectedly crashes into Oliver Carlson's life, she tries to convince him that life is beautiful with her broad smile and crazy endeavors. Oliver does quite the opposite by shutting her out on the outside but maybe secretly slowly letting her own a piece of his heart.But what happens when both Oliver and Gwen are faced with disasters that make their second skin fall apart in front of their eyes abandoning only the truth?Completed.@girlofthetrees is the editor of this book."How is it possible for someone already have written such an amazing book and on top of it write another one," - @Nani2096, A reader of 'In Too Deep' about Floating."I love you and your books so muchh. The recent Floating chapter almost made me cry because it was so beautiful. I hope one day your books will get published and I'll be sure to buy them." - @sel__hHighest Ranking:#1 in depression#1 in hot#1 in slowburn#1 in friends#1 in sarcasm#1 in sad#1 in loneliness
8 221 - In Serial118 Chapters
His Solace (Book 3) On Hold
"I love you, Lee, but I can't keep doing this."- - - Lee was a famous rockstar from the passengers and Simone, well she was just a regular girl trying to find a man who would love her more than she ever thought possible. Who would've thought that the quiet, down to earth Lee would've been the best candidate.
8 174 - In Serial22 Chapters
The Princess and The Sorcerer
In the Kingdom of Dulcinea, Princess Annaliese always felt something for her dear friend, Sorcerer Zorander. When Zorander receives an invitation to continue his studies as an all profound sorcerer. He is hesitant to go and leave Annaliese behind. Yet, she encourages him, and both are apart for two years. When Zorander returns, he realizes that his one true confidante, friend, and love has always been her. However, being a princess and him- a sorcerer. Rules and protocols must be kept. Yet, Princess Annaliese and Sorcerer Zorander can not seem to stop their hearts from feeling more than friendship toward each other.Mature Content later onNew Chapters every FridayBy V. Michelle and Kim015
8 308 - In Serial20 Chapters
Limestone Creek
Gabriela Stevens is a teenage girl. She has a 4 year old son. After having problems with her mom, she and her son move to the small town of Limestone Creek, to live with her older sister. Where her past will come to light and she discovers wonders about herself.
8 160

