《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 19 {Unicode)
Advertisement
ပြေးလွှားနေသောခြေလှမ်းတို့သည် ဘယ်ဆီဦးတည်နေသည်မှန်းဦးနှောက်က ကောင်းစွာမဝေခွဲနိုင်တော့။
ဦးနှောက်ထဲမှာဘယ်အရာကိုမှမတွေးမိ။ မျက်ဝန်းအိမ်မှမျက်ရည်တို့ကလည်းတစ်ပေါက်ပေါက်ကျဆင်းနေသည်။
ပတ်ဝန်းကျင်က ဘယ်လိုရှိနေသလဲ၊ ဤအရာကဘယ်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေသလဲ ဆိုတာကအစ မဝေခွဲနိုင်သည်။
နှလုံးအိမ်မှရှိုက်သံသည် တထိတ်ထိတ်။ ပြေးလွှားရလွန်း၍ နာနေသော နှလုံးအိမ်သည် နိမ့်ချည်မြင့်ချည်လှုပ်ရှားနေသည်ထင်ပါရဲ့။
မဖြစ်ဘူး။ နေ့ရဲ့မျက်ဝန်းတွေဘာမှဖြစ်လို့မဖြစ်ဘူး။
နေ့ရဲ့မျက်ဝန်းတွေက ရှိုင်းကိုပြန်မြင်မှဖြစ်မယ်။
နေ....နေ....။
ရင်ဘတ်ထဲကတစာစာအော်ခေါ်ရင်း ခွဲစိတ်ခန်းရှေ့ရောက်တော့ ပထမဆုံးမြင်လိုက်ရတာက ဒယ်ဒီ။
ဒယ်ဒီ့ရဲ့ရင်ခွင်ထဲခါင်းတိုး၍ ငိုရှိုက်နေသူက ရှိုင်းမမြင်ချင်သော မျက်နှာပိုင်ရှင် သို့မဟုတ် အချစ်ရဆုံးရဲ့ အချစ်ရဆုံးသူ။ သို့မဟုတ် နေ့ရဲ့မေမေ ၊ ရှိုင်းရဲ့မိထွေးတော်။
တစ်ခါတစ်လေ ဘဝဆိုတာမျိုးက မဖြစ်ချင်တာတွေအမြဲဖြစ်နေကြရတယ်မဟုတ်လား။
မဆုံချင်လဲ မရသလို၊ မပတ်သက်ချင်လဲမရ။
အခုလိုမျိုးဘဝတွေပေါ့။
ရှိုင်းကိုမြင်တော့ ဒယ်ဒီက မော့ကြည့်သည်။
" ရှိုင်းနား "
" နေ့ အခြေအနေကဘယ်လိုလဲ ......ဒယ်...ဒီ"
နှုတ်ကမနည်းအားစိုက်ပြီးခေါ်လိုက်တဲ့နာမည်ရယ်ပါ။ ဒယ်ဒီ့ကိုနေ မျက်နှာချင်းမဆိုင်ချင်ခဲ့တာ ကြာပြီမဟုတ်လား၊ ပြီးတော့ ဒယ်ဒီလို့မခေါ်ဖြစ်ခဲ့တာ။သို့သော် တချို့မာနတွေကို ခဝါချထားခြင်းသည်ကား နေ ဆိုသောအမျိုးသမီးတစ်ဦးတည်းအတွက်သာဖြစ်ခဲ့သည်။
" ရှိုင်းလေးရယ် သမီးလေးကိုကယ်ပါအုံး"
ဒယ်ဒီ့ရင်ခွင်ထဲကနေ ရှိုင်းဖက်လှည့်ပြောလာသော ထိုအမျိုးသမီးကို ရှိုင်း ဘယ်လိုအင်အားတွေတုံ့ပြန်ရမလဲ။ မေတ္တာနဲ့လား၊ ဥပေက္ခာနဲ့လား။
သို့သော်ရှိုက်ကြီးတငင်ငိုကြွေးနေသော ထိုမျက်နှာတို့ကို ရှိုင်းဥပေက္ခာမပြုနိုင်ခဲ့။
မတ်တပ်ရပ်နေသာအေခြအနေကနေ ထိုင်ချပြီး ဒေါ်အိန္ဒြေကိုပွေ့ဖက်လိုက်သည်။ ဒီခံစားချက်ကဘယ်လိုမှန်းမသိ။ ကိုယ့်မိခင်ကိုစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင် လုပ်ခဲ့တဲ့ သူကို ထွေးပွေ့နေရတဲ့အဖြစ်။
ရှိုင်းရဲ့ဘဝတစ်ခုလုံး မိတကွဲဖတကွဲဖြစ်အောင် လုပ်ခဲ့တဲ့အဓိကတရားခံကို ထွေးပွေ့နေရတဲ့အဖြစ်။ ဆုလေးရဲ့ ငိုသံတွေကိုကြားနေတာတောင် ရယ်နေတတ်ခဲ့တဲ့မာမီ့ဘဝကို ပြန်တွေးမိခဲ့ရင်လေ.....။
လက်ညှိုးထိုးစရာမရှိသလို သက်သေပြစရာလဲမရှိတဲ့ လူသတ်လက်နက်နဲ့ မာမီ့ကိုသတ်ခဲ့တဲ့ သူလေ။
သို့သော် ရှိုင်းချစ်မိခဲ့သူဟာ ထိုသူရဲ့သမီးဖြစ်နေခဲ့ခြင်းတွေမှာလေ။
" မငိုပါနဲ့ အန်...တီ"
ဘယ်သောအခါမှမသုံးခဲ့ဖူးသောနာမ်စားလေး တစ်လုံးရယ်ပါ။ ရှိုင်းဟာအမြဲတမ်း အရိုင်းအစိုင်းတစ်ယောက်လိုပြုမူဆက်ဆံခဲ့ခြင်းတွေနဲ့အသားကျနေခဲ့တာမဟုတ်လား။
ရှိုင်းအတွေးစတို့က ဝမ်းနည်းစိတ်တွေနဲ့အတူ လှိုက်ကနဲကြွတက်လာလိုက် နစ်ဝင်သွားလိုက်ဖြစ်နေလေသည်။
××××××××××
"ရှင် ဘာလို့အဲ့မိန်းမနဲ့တွေ့နေတာလဲ ရှင်တို့ဖောက်ပြန်နေတာမလား"
ဒယ်ဒီ့ကိုမာမီကအော်နေသော အော်သံကြောင့် ရှိုင်းတိုင်ထောင့်ကနေရပ်ကြည့်နေမိသည်။ မာမီ့မျက်နှာသည်ဒေါသတကြီးရှိလှသည်။ ဒယ်ဒီကတော့ မာမီ့ကိုစိတ်ပျက်နေတဲ့အကြည့်နဲ့ကြည့်နေသည်။
" မေလေး မင်းကကွာ မဟုတ်တာတွေ ဘာလို့လိုက်စွပ်စွဲနေရတာလဲ ၊ ပြီးတော့ သန့် နဲ့ကိစ္စကိုလည်း မင်းကိုအားလုံးပြောပြထားပြီးသားလေ၊ အခုသွားတွေ့တာကလဲ အလုပ်ကိစ္စနဲ့လို့ပြောပြီးပြီလေ"
" အို မသိဘူး ရှင်တို့ကအရင်ကတည်းကရည်းစားဟောင်းတွေမဟုတ်လား၊ တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆိုက်ချင်ဆိုက်နေကြမှာပေါ့"
" မေလေး ပြီးခဲ့တာတွေပြန်ပြန်မဖော်ပါနဲ့တော့လည်း မင်းလဲကလေးမဟုတ်တော့ဘူး"
အဲ့ဒီနေ့ကရှိုင်းကျောင်းကပြန်လာတဲ့နေ့။ မာမီနဲ့ဒယ်ဒီတို့ပထမဆုံးအကြိမ်အော်ကြီးဟစ်ကျယ်စကားများကြတဲ့နေ့ပါပဲ။
ထိုနေ့ကပထမနေ့။
နောက်နေ့တော့ မရေမတွက်နိုင်တဲ့အော်ဟစ်သံပေါင်းများစွာ....
"ရှင်တို့ကိုအတူတွဲလျက်တွေ့ပြန်ပြီ"
" အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတောင် မတွေ့ရတော့ဘူးလား မေလေးရယ်"
" ရှင်တို့က အချစ်ဟောင်းတွေလေ"
"မေလေး မင်းစကားတွေက စော်ကားနေသလိုပဲနော်"
ဒုတိယအကြိမ်ပြီးနောက်မှာတော့ မာမီနဲ့ဒယ်ဒီတိုက်ပွဲကပြင်းထန်လာနေသည်။
"မင်းငါ့သိက္ခာကိုမစော်ကားနဲ့"
ဆိုသော ဒယ်ဒီ့ရဲ့အော်ဟစ်သံတွေ
" ရှင်နေ့တိုင်း ရည်းစားဟောင်းနဲ့ချိန်းတွေ့နေတယ် ဆိုသောမာမီ့စွပ်စွဲသံတွေ"
ရှိုင်းအတွက်နေ့ရက်တိုင်းကစိတ်ချမ်းမြေ့ဖွယ်မရှိ။ မာမီကဆုလေးကိုယ်ဝန်အရင့်အမာကြီးနဲ့မို့ အပြင်မထွက်ဖြစ်တဲ့နေ့များလာသလို၊ ဒယ်ဒီကလည်း တစ်ရက်တစ်ရက် အိမ်ပြန်မလာတဲ့ရက်ကများနေလေသည်။
တစ်ခါတစ်လေ အိမ်မှာမနေချင်။ ထွက်ပြေးပစ်ချင်သည်။ သို့မဟုတ် သတ်သေပစ်ချင်သည်။ ဒယ်ဒီပြန်လာလျှင် မာမီနဲ့အမြဲတမ်း ရန်ဖြစ်လေ့ရှိတာမို့ ထိုဆူညံသံတွေမကြားမိစေဖို့ ဒယ်ဒီပြန်မလာပါစေနဲ့လို့ဆုတောင်းရတဲ့နေ့တွေကခပ်များများရယ်။
သို့သော် အထူးခြားဆုံးတစ်နေ့ကိုတော့ ရှိုင်းမှတ်မိပါသေးသည်။
ထိုနေ့က ဆုလေးကိုမွေးသည့်နေ့။ အိမ်မှာ အန်တီမိုးလည်းမရှိ။ ရှိုင်းကကျောင်းကနေပြန်ရောက်ရောက်ချင်း မာမီ့အော်သံကြားတဲ့အတွက်အပေါ်ပြေးတက်လာခဲ့သည်။
မာမီသည် ဗိုက်နာကြောင်း ရှိုင်းကိုအော်ပြောသည်။
" မာမီ .... မာမီ....ဗိုက်နာလို့လား ဆေးသောက်မလို့လား "
" ရှိုင်း .....မာမီ့ကိုဆေးရုံကိုဖုန်းဆက်ပေး မာမီ ကလေးမွေးဖို့ဗိုက်နာတာ"
ရှိုင်းကြားကြားချင်းခြေတွေလက်တွေတုန်ယင်နေသည်။ ဘာလုပ်ရမည်မသိ။ သို့သော် ဦးနှောက်ထဲမှာတော့ ဖုန်းခေါ်ရမည်ဆိုသောအသိက လှုပ်နိုးနေသည့်အတွက် ဖုန်းကိုကောက်ကိုင်လိုက်ပြီး ဆေးရုံကိုဖုန်းဆက်ခဲ့သည်။
ထိုနေ့ညက ဒယ်ဒီရောက်မလာခဲ့ပါ။ ဆုလေးကို ဘယ်ရက်မွေးမယ်ဆိုတာတောင် ဒယ်ဒီဟာ သတိထားမိခဲ့ပုံမပေါ်။
ဆရာဝန်တွေမေးသမျှ ၁၂ နှစ်သမီးအရွယ်
ရှိုင်းကသာဒိုင်ခံဖြေခဲ့ရသည်။ အန်တီမိုးရောက်လာမှသာ ရှိုင်းရဲ့ခုန်နေသော နှလုံးတို့က ရပ်တန့်သွားသည်။
မာမီသည် ထိုနေ့က အိပ်ပျော်ဟန်မတူ။
ဒီလောက် ပင်ပန်းထားတာတောင် မာမီဟာ နှစ်ခြိုက်စွာအိပ်မပျော်တာကို ရှိုင်းသတိထားမိခဲ့သည်။
နောက်တနေ့ ။ ရှိုင်းမမေ့နိုင်သောနေ့။
မာမီ ရှိရာကို ဒယ်ဒီရောက်လာသည်။ တစ်ယောက်ထဲတော့မဟုတ်။
အမျိုးသမီးတစ်ယောက်နှင့်အတူဖြစ်သည်။
မာမီသည် ထိုမြင်ကွင်းကို မြင်မြင်ချင်း ဘေးနားတွေ့သမျှ ပစ္စည်းတွေနဲ့ဒယ်ဒီ့ကိုကောက်ပေါက်အော်ဟစ်တော့သည်။ ရှိုင်းပင်မာမီ့ကိုလန့်ဖျတ်သွားသည်။
"ရှင်ထွက်သွား လူယုတ်မာ၊ ရှင့်မျက်နှာကို မကြည့်ချင်ဘူး၊ ရှင့်ကိုကျွန်မ ကွာရှင်းစာချုပ်ပို့ထားတယ်လေ"
"မဟုတ်ဘူး မေလေး"
" ရှင်ထွက်သွား၊ ထွက်သွား တသက်လုံးပြန်မလာခဲ့နဲ့"
မာမီ့အော်သံသည် ဆေးရုံကိုလွှမ်းသွားသည့်နှယ်။ မာမီသည် တွေ့သမျှပစ္စည်းတွေနဲ့ ဒယ်ဒီ့ကို လှမ်းပေါက်သည်။
" ရှင်ထွက်သွားမလား၊ ကျွန်မ ကိုယ်ကျွန်မ သတ်သေလိုက်ရမလား"
ထိုစကားသံကြားကြားချင်း ရှိုင်းရင်ဘတ်တွေတဒိတ်ဒိတ်ခုန်လာသည်။
ထို့ကြောင့် ဒယ်ဒီ့အရှေ့ကိုပြေးပြီး ဒူးထောက်လိုက်သည်။
" ဒယ်ဒီ ကျေးဇူးပြု၍ ထွက်သွားပေးပါ ရှိုင်းဘဝမှာ မာမီမရှိလို့မဖြစ်ဘူး"
ဒယ်ဒီသည် မာမီ့ကိုနာနာကြည်းကြည်းကြည့်သွားတာ ရှိုင်းမှတ်မိသည်။
" မင်းဟာတကယ်ကို မကောင်းတဲ့မိန်းမပဲ ငါ့သိက္ခာ၊ ငါ့မာနတွေကိုအကြိမ်ကြိမ်ထိပါးစော်ကားတဲ့အပြင်ငါ့သမီးရဲ့အရှေ့မှာတောင် ငါ့ကိုစော်ကားလိုက်တာပဲ"
ထိုနေ့ကထွက်သွားသောဒယ်ဒီ့ကျောပြင်ဟာ ဒယ်ဒီနဲ့ရှိုင်းရဲ့ နောက်ဆုံး သားအဖဆက်ဆံရေးပါပဲ။ ဒယ်ဒီပြန်မလာတော့တဲ့နေက်ပိုင်းမှာ မာမီတစ်ယောက် သွေးနုသားနုနဲ့ အိပ်မပျော်စားမဝင်နဲ့ မူမမှန်တဲ့စကားတွေ ပြောလာကတည်းက အိမ်ရဲ့တာဝန်ဟာ ရှိုင်းအပေါ်မူတည်ခဲ့တာ ဒီနေ့တိုင်ပါပဲ။
အခုတော့ထိုနေ့ကအတူပါလာသော အမျိုးသမီးရဲ့သမီးဟာ ရှိုင်းချစ်ရတဲ့ တစ်ဦးတည်းသော တစိမ်းလူသားတဲ့။
ဒီဟာကမရက်စက်လွန်းဘူးလား။
××××××××
ည (၈) နာရီ ။
ခွဲစိတ်ခန်းတံခါးကြီးကပွင့်လာသည်။ ထိုအထဲက တွန်းလှည်းနဲ့ပါလာသူက ရှိုင်းရဲ့ ဘဝ။
မျက်နှာပြင်ကိုပတ်တီးတွေနဲ့စည်းနှောင်ထားတဲ့အတွက် မျက်နှာပြင်လေးတောင်မြင်ခွင့်မရှိ။
" ကားမှန်ကွဲစတွေ မျက်လုံးထဲ စိုက်ဝင်သွားတဲ့အတွက် လူနာနဲ့မျက်ဝန်းတွေပြန်မြင်နိုင်၊ မမြင်နိုင်ဆိုတာတော့ ကံတရားလို့ပြောရမှာပါပဲ" တဲ့လား။
ရှိုင်းရဲ့ခြေလှမ်းတို့သည် တုန်ယင်နေသည်။ အချစ်ဆုံးအမျိုးသမီးကို ပထမဆုံးအကြိမ် ဆုံးရှုံးခဲ့ရဖူးသူအတွက် ဒုတိယအကြိမ် အချစ်ရဆုံးသူစိမ်းကို ဆုံးရှုံးရဖို့ အင်အားမရှိ။
ဒါဟာ ကံကြမ္မာလား။
လူတွေပြောပြောနေကြတာက အလုပ်သည်ကံ၊ ကံသည်အလုပ်ဆို။
အခုတော့ ကံတရားအတိုင်းပဲတဲ့လား။
တကယ်တော့ လောကကြီးကို အုပ်စိုးတာ ကြိုးစားမှုတွေမဟုတ်ဘူး၊ လုပ်နိုင်စွမ်းတွေမဟုတ်ဘူးပဲ။
ဘာတဲ့ .....
ကံပါပဲတဲ့လား။
Advertisement
- In Serial159 Chapters
Monster Yurisume: My lesbian life with Monster Girls
[This story is complete and properly concluded. Some bonus chapters may be added in the future] Now that monster-people have revealed themselves to the world of mankind, Japan is looking for Interspecies Exchange Program hosts. Yuisu didn't really have a plan in mind when she applied to be one. A letter arrived asking for participants and she filled out the form on a whim. She definitely wasn't thinking of beautiful monster girls when she decided to apply. Okay, perhaps she was thinking of them a little bit. Or a lot... She got the nickname Yuri-su in high school for a reason, after all. Based on the Monster Musume manga by Okayado, using characters and art from the now-defunct Monster Musume Online game as well as original characters. Sexual content note: While sexual acts occassionally do occur on screen, there is no explicitly detailed sex in the main series. The bonus chapters containing such content include a warning at the start.
8 288 - In Serial23 Chapters
The Bare Truth
Investigative journalist Sierra knows that the governor is hiding something. But what she uncovers by the light of the full moon is more fantastical than she ever could have guessed. A bear-shifter romance.
8 145 - In Serial51 Chapters
SANDHIR DARK FF : HIS INNOCENT WIFE (✔️)
Randhir Singh Shekhawat, an embodiment of a play.Sanyukta Agarwal, an epitome of innocence.Poles apart right? But what will happen when destiny will bring them together? What will happen when Randhir will be forced to abandon his bachelorhood and get married to Sanyukta? What will happen when He will use her innocence for his own benefit? What will happen when his own karma will hit him in the most unexpected way? Will he ever realize the worth of Sanyukta's love in his life? Will she ever be able to recognize his true colors?Let's join the Hot-Shot Billonaire Randhir and sweet-innocent Sanyukta in their journey, a journey of one sided love, faith, heart breaks and redemption.AUTHOR NOTE: Though it is a fanfiction, but the story and characters role has no association with the Show. Those who haven't seen the show may also read it, as a romance genre.
8 188 - In Serial62 Chapters
Night Moves ° JENSEN ACKLES
it's funny how the night moves[jensen ackles x marissa butler][social media/real life][completed][cover by samwnchesters]
8 220 - In Serial94 Chapters
I See You
Stevie Alexander has spent her whole life trying to be seen in the shadows of her three brothers and famous father. She's always been a background extra in their stories until golden boy, Felix Montgomery shows an interest in her and suddenly she's more than just someone's something.With Felix, she's more herself than she has ever been and while he's seeing her for her, she's also seeing him as more than a football player. For the first time in her life, she doesn't wants to hide in her family's shadow, and with Felix, she doesn't have to.Together they feel seen for the things that matter and they can only hope that they don't get in the way of being something real.
8 77 - In Serial255 Chapters
forbidden
Manik Shah, 26, the son of the richest diamond merchant in India, is dating his best friend's sister.But with fates rolling their dice continuously, his grandfather dies and in his will, he declared Manik the heir to his whole empire, provided that he acts as a guardian to a girl child, Roshni. Manik, on meeting her, realises, she is not exactly a child.Now, he is living in Surat, in close proximity to this girl-who-is-not-a-child, and away from her girlfriend. He is slowly getting attracted to her... But is it right, when she is so young and above all his ward? Hell no! It is forbidden.Now he is in a dilemma, should he keep trying to maintain this relationship with his girlfriend even though they are losing their spark? Or should he get into a forbidden and slightly scandalous one which will, though, make both Manik and Roshni happy?
8 144

