《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 20 (Uni)
Advertisement
တိတ်ဆိတ်ခြင်းဟာ သံသယဝင်ရခြင်းအတွက် အဓိကအကြောင်းပြချက်တဲ့။
သံသယတွေသိပ်များရပါတယ် နေရယ်။
နေများနိုးမထလာတော့ဘဲနေမလား။
ဒါမှမဟုတ် နေများ တို့ကိုမမြင်နိုင်တော့ဘဲ နေမလားဆိုတဲ့ အသိမျိုးက နေ တိတ်ဆိတ်နေတိုင်း ဝင်နေတဲ့သံသယတွေပါပဲ။
ဒီသံသယတွေပျောက်သွားဖို့ ထပြီးစကားလေး ပြောလိုက်ပါတော့လားနေရယ်။
တခြားလူတွေမှာ ပိုင်ဆိုင်မှုတွေများများစား စားရှိပေမဲ့ တို့မှာပိုင်ဆိုင်တာဆိုလို့ နေပဲရှိတာ နေအသိဆုံးမဟုတ်လား။
ပိုင်ဆိုင်မှုတွေထုတ်ပြကြေးဆို တို့မှာဆိုလို့ နေ့ပဲရှိတာ။ နေဟာတို့ပိုင်ဆိုင်မှုလို့ပြောပါရစေလားနေရယ်။
နေ......။
မေ့ဆေးအရှိန်ကြောင့် သတိရတချက် မရတချက်ဖြစ်နေသော နေ့နှုတ်က ကယောင်ကတမ်းတွေ ထွက်နေတာ အကြိမ်ကြိမ်အခါခါ။ နေဟာ သတိရလိုက်၊ မရလိုက်၊ ကယောက်ကတမ်းတွေအော်ဟစ် လိုက်။ မေ့မျောသွားလိုက်နဲ့။
ကုတင်ပေါ်မှာအလူးအလဲဖြစ်နေတဲ့နေ့ပုံစံကိုကြည့်ရင်းရင်တွေလဲနာရပါတယ်နေရယ်။
နေ့လက်ဖျားလေးတွေကိုရှိုင်းဆုပ်ကိုင်လိုက်သည်။ သွေးခုန်နှုန်းလေးတွေဟာပုံမှန်ပါပဲ။ ဝင်းမွတ်နေတဲ့ လက်ကလေးတွေဟာ ရှိုင်းသိပ်ကိုမြတ်နိုးဖူးတဲ့ အရာလေးတွေပေါ့။ လက်ချောင်းသွယ်သွယ်လေးတွေဟာ ရှိုင်း စ ရင်ခုန်ခဲ့ဖူးသောအရာတွေမဟုတ်လား။
သတိရလာပါတော့ နေ။
"ရှိုင်း"
တိတ်ဆိတ်ငြိမ်သက်နေခြင်းကို စတင်ဖြိုခွင်းလိုက်သူကတော့ ရှိုင်းမျှော်လင့်နေသူမဟုတ်။ အခန်းထဲသို့ဖြည်းဖြည်းချင်းဝင်ရောက်လာသော မဟာရယ်ပါ။
" မဟာမေတ္တာ လာလေ"
ရှိုင်းထိုင်နေရာမှထလိုက်ပြီး မဟာ့ကိုနှုတ်ဆက်လိုက်သည်။
" မမနေအခြေအနေကရော"
" အင်း ....အခုထိတော့သတိမရသေးဘူး"
မဟာက ရှိုင်းအနားလာထိုင်သည်။ ပြီးတော့ ကုတင်ပေါ်က နေ့ကိုကြည့်ပြီး သက်ပြင်းတချက်ချသည်။
" ရှိုင်း တစ်ညလုံးမအိပ်ရသေးဘူးမလား"
မဟာ့အသံကတိုးညင်းညင်း။
"အင်း"
"နည်းနည်းအိပ်လိုက်ပါလား မဟာစောင့်ပေးပါ့မယ်"
"ရပါတယ် တို့ အိပ်မပျော်လို့ပါ"
တဖန်တိတ်ဆိတ်သွားပြန်သည်။ ချစ်တဲ့သူက သူချစ်တဲ့သူကိုငေးမောနေခြင်း၊ ခံစားငိုကြွေးနေခြင်းတွေမှာ ကိုယ်တို့တွေခံနိုင်ရည်ရှိကြရိုးလား။
ချစ်တယ်လို့ဝန်ခံထားပြီးတဲ့နောက်မှာ မချစ်ပါဘူးဆိုတဲ့ တိကျပြတ်သားတဲ့ ဖြေရှင်းချက်တစ်ချက်ကိုလည်း ရလိုက်ပြီးသား လူတစ်ယောက်ရဲ့ နှလုံးသားဟာ ချစ်ခြင်းမေတ္တာအတွက် တကယ်ကိုပြင်းပြင်းထန်ထန်ငိုကြွေးနေတုန်းပါပဲ။
" မဟာ ပြန်ချင်ပြန်လေ မင်းအတွက် စိတ်ချမ်းမြေ့ဖွယ်ရာတွေရှိမှာမဟုတ်ဘူး"
ရှိုင်းရဲ့နှုတ်ထွက်စကားသည် မဟာ့ရင်ဘတ်ကို အောင့်သက်သက်ဖြစ်သွားစေသည်။ ရှိုင်းအတွက် မမနေဟာ အဲ့လောက်တောင်ပဲလား ရှိုင်းရယ်။
မဟာ့မျက်ဝန်းအိမ်ကနေ မျက်ရည်တွေစီးကျမလာအောင် မနည်းထိန်းထားရသည်။ ရင်ဘတ်တွေအောင့်တယ်ရှိုင်းရယ်။
ရှိုင်းဟာ တစ်ခါတစ်လေ သိပ်ကိုယုတ်မာတာပဲ လို့စွပ်စွဲလိုက်ချင်တယ်။
" မဟာ မင်းကို တို့စိတ်ဝင်စားခဲ့တယ်ဆိုတာဝန်ခံပါတယ် ဒါပေမဲ့ တို့ချစ်လို့တော့မရခဲ့ဘူး ၊ ဘာလို့လဲဆို တို့မှာ နေ ရှိနှင့်နေပြီးသားမို့ပါ"
မဟာအံကိုတစ်ချက်ကြိတ်လိုက်သည်။
လွယ်လှချည်လား၊ လွယ်လှချည်လား ရှိုင်းရယ်။ ကိုယ့်ရဲ့ပထမဆုံးအကြိမ် သို့မဟုတ် ကိုယ့်ရဲ့သည်းဦးပန်းကိုယူခဲ့သူက ဒီလိုစကား ပြောထွက်တယ်တဲ့လား။
မဟာ့နေရာမှာသာ ရှိုင်း ဆိုရင်ရော လို့မေးလိုက်ချင်သည့်စိတ်ကို မနည်းထိန်းထားမိသည်။ သို့သော် လက်သီးကိုတော့ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
"ရှိုင်း"
" အင်း"
မဟာ့အသံကတိုးညင်းညင်း။ ဒီလိုပါပဲ ရှိုင်းရဲ့ပြန်ထူးသံကလည်းတိုးညင်းညင်း။
" ရုပ်ရှင်တွေထဲမှာ မင်းသမီးကိုစော်ကားတဲ့ လူဆိုး၊ လူရမ်းကားတွေကိုမြင်ဖူးလား"
" အင်း"
ရှိုင်းကမော့ကြည့်လာသည်။ သို့သော် ချက်ချင်းမျက်နှာလွှဲသွားသည်။
" ရုပ်ရှင်ကြည့်သူတစ်ယောက်အနေနဲ့ကြည့်ရင်းတောင် ရှိုင်း ဘယ်လိုခံစားရသလဲ ချစ်လား၊ ဒါမှမဟုတ် မုန်းလား ရွံလား"
ရှိုင်းကနှုတ်ဆိတ်နေသည်။ ခေါင်းကိုငုံ့ထားသည်။ အချိန်တော်တော်ကြာမှ ပြန်မော့လာသည်။
" အင်း အဲ့ဒီအတွက် မဟာ ဘယ်လိုဖြစ်စေချင်လဲ"
" ဘယ်လိုဖြစ်စေချင်သလဲ ဟုတ်လား"
မဟာကမဲ့ပြုံးတချက်ပြုံးလိုက်သည်။ ပြီးမှ ရှိုင်းကိုစေ့စေ့ကြည့်ပြီး။
" မဟာ့နေရာမှာ ဆုလေးဆိုရင်ရော"
" မဟာ မင်း......"
ရှိုင်းသည်ရုတ်တရက်မျက်နှာတွေနီရဲလာသည်။ ထို့နောက် ဒေါသတွေထွက်လာဟန်တူသော်လည်း ဒေါသတွေကိုမနည်းမျိုချနေဟန်တူသည်။
" မဟာ မင်းနဲ့တို့ ဆိုင်တစ်ဆိုင်ကိုသွားကြရအောင်"
"ဘာအတွက်လဲ "
" အစစအရာရာအတွက်ပေါ့"
" ကောင်းပြီလေ"
ရှိုင်းက နေ့မေမေဆီဖုန်းဆင်လိုက်ပြီး မဟာနှင့်အပြင်ထွက်လာခဲ့သည်။ ဆေးရုံနှင့်အနီးဆုံးစားသောက်ဆိုင်တစ်ဆိုင်ကို ခေါ်သွားလိုက်သည်။
*************
ကော်ဖီဆိုင်လေးရဲ့ထောင့်သည် မီးရောင်မှိန်မှိန်လေးနဲ့ ထိုင်နေရသူကို ဖီလင်တစ်မျိုးခံစားရစေသည်။ က(ပ်) ချီနိုတစ်ခွက်၏ခါးသက်မှုသည် လည်ချောင်းဝမှတဆင့် ဝမ်းဗိုက်ထဲသို့လျှောကနဲ။
နံရံမှာကပ်ထားတဲ့ကပ်ထားတဲ့ကော်ဖီခွက်ပုံတွေက ကြည့်ရှုသူတွေအတွက် အင်မတန်မျက်စိပသာဒဖြစ်စေသည်။
သို့သော် ကော်ဖီ၏ခါးသက်မှုကဲ့သို့ ရင်ဘတ်ထဲမှာလည်းခါးသက်မှုတွေကအပြည့်။
ကော်ဖီခွက်လေးကိုသေချာဆုပ်ကိုင်ထားမိတော့ ထိုလက်ပေါ်ပြန်ဆုပ်ကိုင်လာသူက ဒယ်ဒီ။
" ဒယ်ဒီတောင်းပန်ပါတယ်"
ရှိုင်းမျက်ရည်တွေစီးကျလာသည်။ တောင်းပန်တယ်တဲ့။ ဒါဆို မာမီဒီလိုတွေဖြစ်သွားတာတောင် ဒယ်ဒီဟာဘာမှသတိမထားမိခဲ့ဘူးလား။
" သမီးလည်း သိတဲ့အတိုင်းပဲ အခုတလော သမီးမာမီက ဒယ်ဒီ့ကို နေ့တိုင်းပြဿနာရှာနေလို့ ဒယ်ဒီဟိုတယ်မှာပဲ အိပ်ဖြစ်တယ်၊ ပြီးတော့ သူ့ကိစ္စတွေလဲသိပ်စိတ်ထဲမထားမိဘူး"
ရှိုင်းက ဒယ်ဒီ့လက်ကိုဖယ်ချလိုက်သည်။
လွန်ခဲ့တဲ့၆လလောက်ကစပြီးဒယ်ဒီနဲ့မာမီဆက်ဆံရေးတင်းမာနေတာ ရှိုင်းသိထားပါသည်။ ရှိုင်း ကျောင်းကပြန်လာပြီဆို ဒယ်ဒီနဲ့မာမီရဲ့ အော်ဟစ်နေကြသံတွေကိုမကြားချင်မှအဆုံး။
ရှိုင်းတို့အိမ်မှာပျော်ရွှင်သာယာဖွယ်နေ့ရက်တွေပျောက်ဆုံးသွားခဲ့သည်။ တစ်နေ့ရှိုင်းအိမ်မှာရှိနေတော့ မာမီကရှိုင်းကိုဖက်ပြီးငိုသည်။ မာမီကကိုယ်ဝန်ဆောင်စဉ်ကစပြီး တစ်နေ့တစ်နေ့ အားငယ်တတ်လာတာ ရှိုင်းသိထားပါသည်။ အသက် ၁၂ နှစ်သာရှိသေးတဲ့ ရှိုင်းက မာမီ့ရဲ့တစ်ဦးတည်းသော အားကိုးစရာဖြစ်လာသည်။ မာမီပြောတာတော့ ဒယ်ဒီ့မှာနောက်မိန်းမရှိနေပြီတဲ့။
" သမီး......သမီးဒယ်ဒီကမကြာခင် မာမီတို့ကိုပစ်သွားမှာ ၊ မာမီသိတယ် "
ရှိုင်းရဲ့ရင်ခွင်ထဲခေါင်းတိုးဝင်ပြီးမာမီငိုနေတော့ ရှိုင်း မာမီ့ကိုဖက်ထားမိသည်။ ဒယ်ဒီ့မှာ တကယ်နောက်အိမ်ထောင်ရှိနေမရှိနေသည်ကိုတော့ ရှိုင်းသေချာမသိပါလေ။ သို့သော် ကိုယ်ဝန်အရင့်အမာကြီးနဲ့ဖြစ်နေတဲ့ မာမီ့ကိုတော့ ရှိုင်း သနားတာအမှန်။
ရှိုင်း ကျောင်းသွားချိန်တောင် မာမီ့ကိုစိတ်မချ။ ဒယ်ဒီကလည်းအလုပ်ကိစ္စနှင့်မို့အိမ်မကပ်သည့်ကြားထဲ မာမီ့စိတ်ထဲ ဒယ်ဒီဖောက်ပြန်နေသည်ဆိုတာကြီးက စွဲနေသည်မို့ အိမ်မှာမာမီတစ်ယောက်ထဲ ကျန်နေခဲ့ရခြင်းကို ရှိုင်းစိတ်မချနိုင်ခဲ့။ ကျောင်းမှာလဲ မာမီ့ထံသာ စိတ်ကရောက်နေသည်။
Advertisement
" ရှိုင်း ဘာတွေတွေးနေတာလဲ "
တစ်နေကုန်ငေးငေးငိုင်ငိုင်ဖြစ်နေတဲ့ရှိုင်းကို သတိထားမိနေသူက အတန်းထဲမှာစာအတော်ဆုံးဖြစ်တဲ့နေရပ်ဝန်း။ နေရပ်ဝန်းဆိုတာ ရှိုင်းနဲ့အတူထိုင်တဲ့ ရှိုင်းရဲ့အတန်းဖော် သူငယ်ချင်း။
" မာမီက အိမ်မှာတစ်ယောက်တည်းကျန်နေခဲ့လို့ မာမီ့ကိုစိတ်မချလို့"
" ရှိုင်းရဲ့မာမီကဘာဖြစ်လို့လဲ"
" မာမီကမွေးခါနီးနေပြီလေ ၊ မာမီတစ်ခုခုဖြစ်မှာစိုးလို့"
" ဪ ..... ရှိုင်းသွားချင်သွားလေ စာတွေ တို့ပြန်ကူးပေးပါ့မယ်"
ထိုနေ့ကစပြီးရှိုင်းရဲ့ကိစ္စအဝဝကိုနေကလုပ်ပေးနေခဲ့သည်။ထို့ကြောင့် ရှိုင်း မာမီ့နားမှာ အချိန်တော်တော်များများ အတူရှိပေးနေနိုင်သည်။ အိမ်ဖော်မရှိသော ရှိုင်းတို့အိမ်မှာ မာမီ တစ်ယောက်ထဲ အိမ်မှုကိစ္စလုပ်နေရသည့်အတွက် ရှိုင်းကပဲ ဒိုင်ခံလုပ်ပေးခဲ့သည်။
ထိုနေ့က ဒယ်ဒီ မိုးချုပ်မှပြန်လာတဲ့နေ့။ ည ၁၀ နာရီ။
မာမီကတော့ အိပ်မောကျနေရှာသည်။ ရှိုင်းက အောက်ထပ်မှာဒယ်ဒီ့ကိုစောင့်နေခဲ့သည်။
ဒယ်ဒီကရှိုင်းကိုမြင်တော့ အံ့ဩသွားသည်။
" ရှိုင်းနား မအိပ်သေးဘူးလား"
" ဒယ်ဒီ ..... သမီးဒယ်ဒီ့ကိုစောင့်နေတာ "
" ဘာလို့လဲသမီးရဲ့"
" ဒယ်ဒီ မာမီ့ကိုအိမ်ဖော််တစ်ယောက်လောက်ရှာပေးပါလား"
" ဘာလို့လဲသမီးရဲ့ "
" မာမီတစ်ယောက်တည်း အိမ်မှာကျန်နေခဲ့နာ သမီးစိတ်မချဘူး"
" အော် အင်းအင်းသမီး ဒယ်ဒီ ရှာကြည့်ခိုင်းထားမယ်လေ "
" ဟုတ်ကဲ့ ဒယ်ဒီ ...... ဒါနဲ့ သမီးတစ်ခုလောက်မေးချင်လို့"
" မေးလေသမီး"
ရှိုင်းမေးသင့်မမေးသင့်ပြန်စဉ်းစားနေသည်။ သို့သော် ရှိုင်းအတွက်ထိုအဖြေကအရေးကြီးသည်။
"ဒယ်ဒီ့မှာနောက်အိမ်ထောင်ရှိတယ်ဆိုတာတကယ်ပဲလား"
ဒယ်ဒီကတိတ်ဆိတ်သွားသည်။ ဘာမှပြန်မဖြေ။ ရှိုင်းစိတ်ထဲမှာမဟုတ်ပါစေနဲ့ဟုသာဆုတောင်းနေမိသည်။ သို့သော်
" သမီး မာမီရဲ့စကားတွေနဲ့ ဒယ်ဒီ့ကိုမယုံသလိုမမေးပါနဲ့လားသမီးရယ်၊ အားလုံးက
ဒယ်ဒီ့ကိုမယုံရင်တောင် သမီးတော့ဒယ်ဒီ့ကို ယုံစေချင်တယ် ရှိုင်းနားရယ်"
ထိုစကားတစ်ခွန်းနဲ့သာရှိုင်းကျေနပ်ခဲ့သည်။
ဒယ်ဒီ့မှာနောက်အိမ်ထောင်ရှိသည်၊ မရှိသည်ဆိုသော သေချာသည့်အဖြေတစ်ခုလည်း
ရှိုင်းမှာမရခဲ့ပါလေ။
ထိုနေ့ကဒယ်ဒီစောစောပြန်ရောက်နှင့်နေသောနေ့။
ရှိုင်းအိမ်ထဲဝင်ဝင်ချင်း ဒယ်ဒီ့အော်သံကြားရသည်။
" မင်း ငါ့ကိုမစော်ကားနဲ့တဲ့"
ရှိုင်း အိမ်ထဲပြေးဝင်ပြီး အပေါ်ထပ်ကိုပြေးတက်လာခဲ့သည်။ ပစ္စည်းတွေရှုပ်ပွနေသောအခန်းထဲမှာ ဒယ်ဒီကမာမီ့ကိုလက်ရွယ်လျက်။
မာမီကရှိုင်းကိုမြင်မြင်ချင်း ပြေးလာပြီး ရှိုင်းကိုဖက်ထားသည်။ ဒယ်ဒီကသူ့လက်ကိုပြန်ချလိုက်ပြီး ဒေါသတကြီးပြန်ထွက်သွားသည်။
"မာမီ မငိုနဲ့တော့နော် ရှိုင်းရှိတယ် ဟုတ်ပြီလား"
ထိုနေ့ကပထမဆုံးအကြိမ်ဒယ်ဒီ့ကိုမုန်းမိသည်။ ရှိုင်းစိတ်ညစ်တာတွေရှိတိုင်း နေရပ်ဝန်းကိုရင်ဖွင့်မိသည်။ ရှိုင်းအတွက်နေရပ်ဝန်းကတစ်ဦးတည်းသော ရင်ဖွင့်ဖော်။
ရှိုင်းအတွက်ကတော့ နေ့စဉ်ရန်ဖြစ်သံတွေကြားနေရတဲ့အိမ်က ငရဲသဖွယ်ပင်။
တနေ့.....ရှိုင်းအိမ်ကိုပြန်လာတော့ အိမ်မှာရှေ့နေလူကြီးတစ်ယောက်ရောက်နေခဲ့သည်။
ရှိုင်းရင်ထဲမှာမဖြစ်ပါစေနဲ့ဟုဆုတောင်းနေခဲ့သည်။ သို့သော် ရှိုင်းအိမ်ထဲဝင်လာတော့ ထိုလူကြီးကပြန်သွားနှင့်သည်။
ရှိုင်း ရင်တွေခုန်နေခဲ့သည်။ အဆိုးဆုံးသောအခြေအနေသည် ဘာဖြစ်နိုင်မလဲဆိုတာမျိုးအထိ ရှိုင်းတွေးထားပြီးသားဖြစ်သည်။
သို့သော် ချက်ချင်းမကြားရဲသေးသည့် အတွက် ရှိုင်း မာမီ့ကိုမမေးမိခဲ့ပါလေ။
ထိုနေ့ကစပြီး မာမီ့အပြုအမူတွေကဒယ်ဒီ့အပေါ်အေးစက်နေခဲ့သည်။ မာမီသည်အဆိုးဆုံးတွေးထားပြီးဟန်တူပါသည်။
ထိုနေ့ကမှတ်မှတ်ရရ အိမ်ပေါ်ကိုတခြားမိန်းမတစ်ယောက်ရောက်လာတဲ့နေ့။
မာမီသည်ထိုမိန်းမကိုမြင်မြင်ချင်း ဒေါသကြီးစွာ တုံ့ပြန်သည်။ ထိုမိန်းမကိုတော့မဟုတ်
ဒယ်ဒီ့ကိုဖြစ်သည်။ ရှိုင်းက ထောင့်တစ်
ထောင့်ကနေချောင်းကြည့်နေခဲ့သည်။ မာမီသည်ဒယ်ဒီ့ကိုဘာစကားမှပြောခွင့်မပေး။
ဒယ်ဒီ့ကိုမာမီက ရိုက်လိုက်တော့ ထိုမိန်းမက အလန့်တကြား လာထူသည်။
" မဟုတ်ဘူးအစ်မရယ် ကျွန်မ ရှင်းပါရစေ "
"ဘာကိုရှင်းပြချင်ကြတာလဲ ရှင်တို့နှစ်ယောက်က ငယ်ရည်းစားတွေဆိုတာလဲ ကျွန်မသိတယ်၊ ရှင်တို့ပြန်ပတ်သက်နေတယ်ဆိုတာလဲ ကျွန်မသိတယ်၊ ယုတ်အယွဆုံး ရှင်တို့ အိပ်ရာပေါ်ရောက်နေပြီဆိုတာလဲ ကျွန်မရိပ်မိတယ်"
" ဟာ..... မင်းမိုက်ရိုင်းလှချည်လား "
" ဪ ရှင်က ရှင့်မယားထိတော့နာတယ်ပေါ့လေ ဒီမှာ ကိုဒီပါရဲရင့် ရှင့်ခြေလှမ်းတွေကိုကြိုမြင်ထားလို့ ကျွန်မ ကကြိုတင်ပြင်ဆင်ထားပြီးသား၊ ကျွန်မတို့ရဲ့အိမ်၊ ကား၊ ဆိုင် အားလုံးကျွန်မ သမီးနာမည်နဲ့ လွှဲထားပြီးသား ရှင် အိမ်ပေါ်ကဆင်းသွားရုံပဲရှိတော့တယ် သိလား"
"မဟုတ်ဘူးအစ်မရယ် အစ်မ အထင်လွှဲနေတာပါ ကျွန်မတို့က ရိုးရိုးသားသားခင်တာပါ"
" ရိုးရိုးသားသားနဲ့ ကုတင်ပေါ်ရောက်နေကြတဲ့ ဆက်ဆံရေးလား"
" ဟာကွာတောက်...... ဒီလောက်မိုက်ရိုင်းတဲ့မိန်းမတော့ "
ဒယ်ဒီသည်မာမီ့ပခုံးကိုဆွဲကိုင်လိုက်ပြီး တွန်းလိုက်သဖြင့် မာမီကဆိုဖာပေါ်ကျသွားသည်။
" လာ ကေကေ ဒီလောက်ရှင်းပြနေတာတောင်နားမဝင်တဲ့မိန်းမ "
ဒယ်ဒီသည်ထိုမိန်းမလက်ကိုဆွဲပြီးအပြင်ထွက်သွားသည်။ ထိုမြင်ကွင်းကို ရှိုင်း လုံးဝမမေ့ပါ။ ရှိုင်းရင်ထဲမှာနာသည်။ ဒယ်ဒီ့ကိုမုန်းသည်။ ရှိုင်းအောက်ကိုဆင်းပြေးလာတော့ မာမီသည်ဗိုက်နာ၍မထနိုင်ဘဲဖြစ်နေသည်။ မာမီသည်နာလွန်း၍ ရှိုင်းကိုမတုံ့ပြန်နိုင်ပါလေ။
"ရှိုင်း..... ရှိုင်း မာမီ ဗိုက် ဗိုက် မာမီ့ကို ဆေးရုံ ဆေးရုံ လိုက်ပို့ပေး ကား ကား ခေါ်လိုက် ဆေးရုံကား ဖုန်းနံပါတ်ရှိတယ်"
ရှိုင်းပြာယာခတ်နေသည်။ ချွေးစေးတွေလဲပြန်နေသည်။ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေလေသည်။
ထိုမြင်ကွင်း၊ ထိုနေ့ထိုဖြစ်ရပ်ကိုလဲမမေ့။
ဆေးရုံကားပေါ်အလူးအလဲဖြစ်နေသောမာမီ့ကိုကြည့်ရင်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
တခြားမိန်းမတစ်ယောက်ရဲ့လက်ကိုဆုပ်ကိုင်ထွက်သွားသော ဒယ်ဒီ့ကိုလည်း မုန်းမိသည်။
ထိုမြင်ကွင်းသည်ရှိုင်းဘဝမှာရင်အနာရဆုံးပင်။
Advertisement
- In Serial71 Chapters
Married to the god of war
Ever since her mother's death, Adelaide Emelry has been living with her abusive father, who also happens to be the king of Soleria. Despite living in a royal palace, Adelaide didn't exactly have the easiest life. On her 18th birthday, she finds out she is to marry their enemy of 130 years, Dominic Alsvera, also known as the God of War. Will she find happiness or will her world become worse than it already is?Warning: mature content[EDITING]
8 348 - In Serial51 Chapters
Mending Her Heart |Book I (✔️)
Genre: Romance, Suspence, Drama and SpritiualMeet Gul -e -Jannat : She is a young divorcee daughter of rich landlord. Because of her first marriage she is scared from all men and doesn't believe in Love. She get force from her family for second marriage with rich landlord/prime minister's son Elam khan.Both families were enemy from past 5 generations but they decided to get their kids get marriage to finished enmity between two families. Meet Elam: He is Eldest son of prime minster and he is an Architecture. He is not ready for marriage but force to marriage Jannat. He was not ready for any responsibility.He is clever, reserves and quiet as a person. Will Elam be able to bring back Jannat trust after their marriage. Will they be able to survive together when both don't want to get marriage. Will they give chance to each other. Will they be able to have happy marriage. What have destiny store for them.Previously Known as: The mismatched match'
8 170 - In Serial4 Chapters
Fading Phantom (AkaKuro)
Kuroko Tetsuya's main mission was to make the Generation of Miracles happy. When Kuroko knows that their happiness would be endless, he would fade away as a Phantom should. But there's a certain someone who would loose his happiness if Kuroko did fade away.
8 252 - In Serial4 Chapters
"i love you, mi diosa."
Honestly just a messy plot, so warning you all(૭ ᐕ)૭WARNING 18+ STORY.Read at your own cost an consequences.ALOT OF 18+ SCENES
8 63 - In Serial35 Chapters
Balcony Boy | ✓
When Amber Bloom got a glimpse of a boy from her balcony, she never imagined she'd ever speak to him, let alone get to know him. When nothing more than clumsiness, an uneven tile and a blue slush bring the two together, Amber's holiday suddenly gets a whole lot more interesting. From mini golf and aquariums to private beaches and karaoke, Amber's going to get a lot more from her annual family holiday than she bargained for.[It gets more interesting at the end of chapter 2, promise 😂]#1 Short Story ~ Jan/2020Cover photo taken by me x
8 255 - In Serial10 Chapters
My True Self - Noaf x fem reader (AlRawabi School for Girls)
The lack of ASfG content is awful, especially for Noaf. The story basically follows the storyline of the series.
8 169

