《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part (21) Uni
Advertisement
အဝေးတစ်နေရာဆီငေးမောရင်း ရှိုင်းသည် မျက်ရည်တွေစီးကျလာသည်။ ကော်ဖီခွက်လေးကို တင်းကြပ်စွာကိုင်ထားတဲ့ ရှိုင်း ရဲ့လက်တို့က တုန်ယင်နေသည်။
" ရှိုင်း အဆင်ပြေရဲ့လား"
ရှိုင်းရဲ့တုန်ယင်နေသော လက်ကလေးအပေါ် လာရောက်ဆုပ်ကိုင်သူက မဟာ။ မဟာက
ရှိုင်းရဲ့မျက်နှာကိုတည့်တည့်စိုက်ကြည့်လိုက်ပြီး....
" ရှိုင်း မပြောနိုင်တော့ရင် နောက်မှအေးဆေးပြောပြပါ ရှိုင်းရဲ့....မဟာရှိုင်းကို နားလည်ပါတယ် ......နှလုံးသားကသာနားမလည်တာပါ"
ရှိုင်းသည် မဟာ့မျက်နှာကို တည့်တည့်ပြန်စိုက်ကြည့်လာသည်။ ပြီးတော့ သက်ပြင်းတစ်ချက်ကိုချလိုက်သည်။
" တချို့အရာတွေက တောင်းပန်ပါတယ် ဆိုတဲ့စကားတစ်ခွန်းနဲ့မလုံလောက်မှန်း တို့သိပါတယ် မဟာမေတ္တာ.....မင်းအပေါ်တို့အကြံဆိုးနဲ့ပတ်သက်ခဲ့တာမျိုး မဟုတ်ဘူးဆိုတာတော့ တို့ကိုယ်တို့ ပြောရဲပါတယ်၊ မင်းကိုတို့ဖျက်ဆီးခဲ့မိတယ်လို့ လူတွေကပြောချင်ပြောကြလိမ့်မယ်၊ မင်းရဲ့ပထမဆုံးတန်ဖိုးထားရတဲ့ ဘဝကိုတို့ကဖျက်ဆီးမိတယ်လို့လဲ မင်းစွပ်စွဲလောက်တယ်၊ အမှန်အတိုင်းပြောရရင် တို့ဘဝမှာလဲ မင်းကပထမဆုံးပဲ"
ရှိုင်းလက်ဖဝါးတွေကိုဆုပ်ကိုင်ထားသော မဟာ့လက်ဖဝါးတွေက ပြန်လည်တုန်ယင်လာသည်။ ထိန်းချုပ်ထားသော်လည်း မျက်ရည်ကဝဲလာမိသေးသည်။ ရှိုင်းကတစ်ဖန် လက်တွေကိုရုန်းထွက်ပြီး မဟာ့လက်ဖမိုးလေးတွေပေါ် ပြန်ဆုပ်ကိုင်ပေးသည်။
" တို့ဝန်ခံပါတယ်.... မင်းကိုစတွေ့တုန်းက တို့တကယ်ကိုမင်းကိုစိတ်ဝင်စားမိခဲ့တာပါ၊ အဲ့တာဟာ အချစ်ဖြစ်ချင်မှလည်းဖြစ်မယ်၊ ဖြစ်ချင်လည်းဖြစ်လိမ့်မယ်၊ ဒါပေမဲ့ တို့မသိဘူး၊ တို့ရဲ့ဘဝမှာ ပြစ်ချက်တွေများတယ်မဟာ.... မှန်သောစကားပြောရရင် နေ မရှိခဲ့ရင်တောင် တို့မင်းကိုမရွေးချယ်ရဲဘူး၊
တို့ဘဝရဲ့ ခြောက်ကပ်ကပ်နေ့ရက်တွေထဲ စိမ်းလန်းတဲ့ ဘဝကပေါက်ဖွားလာတဲ့ သစ်ပင်အရိုင်းတုံးလေးတွေလို ဘဝမျိုးဖြစ်တဲ့ မင်းဘဝကိုဆွဲမခေါ်ရဲဘူး၊ တို့ကိုယ်တို့ယုံကြည်ချက်မရှိဘူး၊ မင်းကိုပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်လို့ ကိုယ့်ကိုယ့်ကိုယ်မယုံကြည်ရဲဘူး။
တို့ကိုယ်တို့ သိပ်ပြီးသိမ်ငယ်ရတယ် မဟာ.... အဲ့တာကိုမင်းနားလည်ချင်မှနားလည်လိမ့်မယ်။ မင်းနဲ့ပတ်သက်ရင် တို့ကိုယ်တို့ သိပ်ပြီး သေးသိမ်သလိုခံစားရတယ်၊ ဥပမာ မင်းသူငယ်ချင်းတွေအရှေ့မှာ မင်းလက်ကိုတွဲပြီး တို့မလျှောက်ရဲဘူး၊ နေ့အပြင် တခြား ဘယ်သူ့ကိုဖြစ်ဖြစ် ဘယ်သူနဲ့ဖြစ်ဖြစ် တို့ကိုယ်တို့ သိပ်သိမ်ငယ်သလိုခံစားရတယ်မဟာ"
မဟာသည် ရှိုင်း ကိုနားမလည်နိုင်စွာစိုက်ကြည့်နေသည်။ ရှိုင်းပြောတာတွေကိုအကုန် လုံးအတိုင်းအတာအနေဖြင့် နားမလည်ဘူးဆိုတာတော့ ဝန်ခံပါသည်။
" မင်း..... တို့ပြောတာတွေကို နားလည်ချင်မှလည်လိမ့်မယ်မဟာ၊ သိမ်ငယ်စိတ်ဆိုတာ သူဖြတ်သန်းခဲ့ရတဲ့ဘဝရဲ့တဆစ်ချိုးတွေနဲ့ပဲ ဆိုင်တယ်မဟာ ၊ တို့ဘဝမှာကြုံတွေ့ခဲ့ရတာတွေ အများကြီးပဲမဟာ..... ဒယ်ဒီထွက်သွားတဲ့နေ့မှာပဲ မာမီကဆေးရုံမှာဆုလေးကို မွေးမွေးပြီးချင်းဆုံးတယ်၊ ဒယ်ဒီမသိဘူး၊ တို့
ဒယ်ဒီ့ကိုဖုန်းခေါ်တယ်၊ ဒယ်ဒီကတို့ဖုန်းကို လုံးဝမကိုင်ဘူး၊ အဲ့ဒီအချိန်တုန်းက တို့ဘယ်လောက်တောင်ကြောက်ခဲ့ရသလဲဆိုတာ မင်းကိုပြောပြရင် မင်းယုံမှာတောင်မဟုတ်ဘူး မဟာ....
တို့မှာဘာလုပ်ရမယ်ဆိုတဲ့အသိမျိုး၊ ဘယ်သူ့ကိုအားကိုးရမယ်ဆိုတဲ့အသိမျိုးကအစ ဘာဆိုဘာမှရှိမနေခဲ့ဘူး၊ မာမီဆုံးတော့ တို့ဘယ်သူ့ကိုဆက်သွယ်ရမယ်မှန်း တို့ခေါင်းထဲမှာ ဘာမှမရှိခဲ့ဘူးသိလား၊ တို့ဘာမှမစဉ်းစားနိုင်ဘူး...."
ရှိုင်းကဆုပ်ကိုင်ထားသောလက်တွေကိုဖြုတ်ပြီး လက်ချင်းပိုက်ကာ စားပွဲမှခွာလိုက်ပြီး ထိုင်ခုံကိုမှီထိုင်လိုက်သည်။ ပါးပြင်မှာစီးကျနေသောမျက်ရည်တို့ကိုလျစ်လျူရှုပြီး မှန်ပြတင်းအပြင်ဖက်က လှမ်းတွေပေါ် ငေးကြည့်နေလေသည်။
"ဒယ်ဒီလေ ဘယ်လောက်အထိရက်စက်သလဲဆိုရင် မာမီဆုံးပြီးလို့ နှစ်ရက်ကြာမှ ဒယ်ဒီသိတယ်၊ အဲ့ဒီအခါမှ ဒယ်ဒီတို့ကိုပြန်ဆက်သွယ်တယ်၊ အခုမှလူ့လောကထဲရောက်လာတဲ့ကလေးငယ်တစ်ယောက်နဲ့ လူ့လောကကနေထွက်ခွာသွားတဲ့လူတစ်ယောက်ရဲ့ကြားမှာ ဘာတွေကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာလောက်တောင် တို့ စဉ်းစားလို့မရခဲ့ဘူး
အဲ့ဒီကတည်းနဲ့တို့ဘဝမှာ တတစ်ဦးတည်းသော တွယ်တာစရာဟာ ဆုလေးဖြစ်ခဲ့တာပဲ ၊ ဆုလေးကို ဒီအရွယ်အထိ တို့ဘယ်လို ပြုစုခဲ့ရတယ်ဆိုတာတော့ တို့မပြောဘဲနဲ့ မင်းခန့်မှန်းမိမှာပါ....
အဲ့ကတည်းနဲ့ဒယ်ဒီနဲ့တို့ဆက်ဆံရေးတွေဝေးကွာခဲ့တော့တာပဲဒယ်ဒီကတော့ မကြာပါဘူး နှစ်နှစ်လောက်နေတော့ အိမ်ထောင်ပြုသွားတယ်၊ ဒယ်ဒီ့ကိုတို့ဘာမှလဲမကန့်ကွက်ဘူး၊ တို့စကားလဲမပြောဘူး ၊ ဒယ်ဒီကအခုထက်ထိပဲ အိမ်ပေါ်ကဆင်းသွားတာ အဲ့ဒီသူ့ရဲ့နောက်အိမ်ထောင်က နေ့မေမေပဲ....."
မဟာကကြိုတင်မျှော်လင့်ထားပြီးသားမို့ ဘာမှထူးထွေစွာမအံ့ဩလိုက်ပါလေ။ သို့သော် မဟာ့ရင်ထဲက ခံစားချက်တွေကိုတော့ လှမ်းမြင်နေရသည်။ မဟာ ဘယ်လောက်တောင် ရင့်ကျက်ခဲ့ရမလဲဆိုတာ စိတ်ကူးတွေနှင့်ပင်တွေးကြည့်လို့ရပါသည်။
"နေ့ကိုဘာလို့ ဒီလောက်တွယ်တာရသလဲလို့ မင်းမေးချင်မေးမိလိမ့်မယ် မဟာ၊ မင်းစိတ်ထဲမှာလဲ နေနဲ့တို့ရဲ့ဆက်ဆံရေးတွေအကြောင်း မေးခွန်းထုတ်ချင်ထုတ်နေလိမ့်မယ်၊ နေက တို့ကိုဘာလို့ဒီလောက်သည်းခံ နေသလဲလို့လဲ မင်း မေးချင်မေးမိလိမ့်မယ် ဟုတ်တယ် တို့နှစ်ယောက်မှာအဲ့လိုလုပ်ရတဲ့ အကြောင်းပြချက်များစွာ ရှိတယ်.....
မင်းတဖြည်းဖြည်းနဲ့သိလာပါလိမ့်မယ်မဟာ"
ရှိုင်းကစကားတို့ကိုဖြတ်ချလိုက်သည်။ ပြီးမှသတိပြန်ဝင်လာသလိုပုံစံမျိုးဖြင့်မဟာ့မျက်နှာကိုပြန်ကြည့်သည်။
" မင်းပြန်ချင်ပြန်တော့လေ မဟာမေတ္တာ ....
တို့လည်းအိမ်ခဏပြန်ပြီး ရေချိုးပြီးတစ်ရေးတစ်မောလောက်အိပ်ချင်လို့"
"အင်း...."
မဟာခေါင်းငြိမ့်ပြလိုက်သည်။
" ဒါဆိုသွားကြစို့လေ"
" အင်း"
ရှိုင်းနှင့်မဟာ ကော်ဖီဆိုင်လေးထဲကနေထွက်လာခဲ့သည်။ မဟာ့ရင်ထဲမှာတော့မွန်းကြပ်မှုတွေပြည့်နှက်နေလျက်။
>>>>>>>>>
"သမီး.....ရှိုင်း ဆေးမသောက်ရသေးဘူးမဟုတ်လား"
အန်တီမိုးရဲ့စကားကြောင့် ဆိုဖာပေါ်အိပ်နေရာမှ ရှိုင်းမျက်လုံးတွေပွင့်လာခဲ့သည်။
အိပ်ရေးပျက်တာများလို့ထင်ပါရဲ့။ ကျောချသည်နှင့်ရှိုက်ခနဲအိပ်ပျော်သွားရသည်။
" အန်တီမိုး ဆုလေးရော..."
" ဆုလေးအပေါ်ထပ်မှာရှိတယ်သမီး....အိပ်နေတယ်ထင်တယ်၊ ခေါ်ပေးရမလား "
"တော်ပြီ ရတယ်မခေါ်နဲ့ ဒီအတိုင်းမတွေ့လို့မေးကြည့်တာ ၊ ရှိုင်း ညနေစာပြန်မစားဘူး အန်တီမိုး အိမ်ပြန်အိပ်မယ်နော် ...ဆုလေးကို ညနေစာသေချာကျွေးပေးအုံး၊ ရှိုင်းအိမ်ပြန်တာ နောက်ကျမှာမို့"
" အင်းပါ သမီးရယ်၊ သမီး ဆေးသောက်လိုက်အုံးနော် "
ရေတစ်ခွက်နှင့် ဆေးတစ်လုံးကမ်းကမ်းပေးသဖြင့် ရှိုင်းက ရေခွက်ကိုလှမ်းယူပြီး ဆေး သောက်လိုက်သည်။
" သမီးကိုကြည့်ရတာ အရမ်းအားနည်းနေသလိုပဲ သတိထားအုံး"
"ဟုတ်ကဲ့ပါ အန်တီမိုးရဲ့"
"အေးအေးသမီး"
အန်တီမိုးထွက်သွားတော့ ရှိုင်း ဆိုဖာပေါ်ပြန်အိပ်လိုက်သည်။ ကျိန်းစပ်နေသောမျက်လုံးတို့ကြောင့် ရှိုင်း ဟန်မဆောင်နိုင်စွာပင် အိပ်ပျော်မိသွားသည်။
******
Advertisement
- In Serial489 Chapters
The Scum Is A
Cheng Sheng is a cultivator, but his cultivation is stuck in a low level. Aside from that, his personality is not good, and so people call him 'scum'.
8 408 - In Serial153 Chapters
[HIATUS] Rainbow of the Horizon—Illuminating Our Darkened Path | Our World
"The world is unfair and unjust… that's the second time I've said that, haven't I?" Gin Sakato and Ringo Akanami's somewhat eventful life continued together with his ever so increasing number of companions in the unpredictable world they live in and discover its urban obscurity, as they blur the line of the 'unbelievables', 'believables', and the obliterated fourth wall. New people and new happenings came to their life as they move forward in the hardships and mishaps that are bound to test their individual strengths to survive in this (normal) world. But the sun's hope comes shining down after the rain of despair and sometimes, rainbows of bliss spreads in the horizon. Remembering the past, living in the present, and molding the future is what they have learned and instilled to their minds as their individual roles. And therefore, the journey of life continues awaiting the uncertain tomorrow. This is a sequel to Normal in Parenthesis. *Alternative name/abbreviation: NijiHo*
8 208 - In Serial7 Chapters
I'm just a Side Character
Ataashi Hitoka is your basic average high-schooler with above average perception and deduction skills. Basically, he can read the room better than an average person. We get a third-person view on an actual main character as well as a first-person view on what being a background character feels like. This story is all about romance, expected clichés, a totally basic romcom slice of life story (with a whole lot of plot twists).
8 194 - In Serial28 Chapters
Price of admission
It hasn't been long since the summer festival yet everything appears to be the same as they were between Nishikata and Takagi. Looks however, can be somewhat deceiving. Maybe a little not so friendly competition between him and some friends can help him realize what his confusing feelings actually mean.(Takes place after season 2 of the anime)
8 97 - In Serial104 Chapters
He was chasing the girl, but he caught the boy.♡Everyone loves Ashton Anders and yet here he is, loving the only person who doesn't.Started: 18th aug 2019 Completed: 1st Dec 2019Highest rankings:#1 gayboys#1 gayromance#1 gayfiction#5 lgbtfiction#1 lgbtlove#3 comingout#155 teenfiction#2 shortstory#17 lgbt#22 malexmale#30 homosexual#1 comingoutofthecloset#13 hatetolove#6 bisexualTbe spin off: don't run from the sun
8 209 - In Serial24 Chapters
Cabin lover
This is a toga x uraraka love story When uraraka one day goes out to a winter cabin she finds a unconscious blonde haired girl and takes her inside over time the blonde has her hair down so uraraka does not know who she is the two soon fall in love over time
8 146

