《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 22 (Unicode)
Advertisement
" အန်တီ နေ သက်သာရဲ့လား"
အိုဗာတင်းတစ်ဗူးနှင့် Danisa မုန့်တစ်ပုံး လက်ကကိုင်ကာဝင်လာသော လူ တစ်ယောက်ကြောင့် ဒေါ်မိုးကေသီ ထိုင်နေရာမှ ထလိုက်သည်။
" အော် သား .... လာလေ "
မျက်လုံးများက ငိုရလွန်း၍ မို့အစ်နေသည်။ သို့သော် ဧည့်သည်လာသည်ဆိုတော့လည်း အငိုမျက်လုံးအပြုံးမျက်နှာတော့ သဏ္ဌာန်လုပ်သရုပ်တူအောင်လုပ်ရသေးသည်။
လာသူကလည်းတစ်ခြားသူမဟုတ် သမီးနဲ့စေ့စပ်အဖို့လုပ်ခဲ့သော ကျော်စောပင်ဖြစ် သည်။ ကျော်စောက ထိုင်ခုံတစ်ခုံပေါ်ထိုင်လိုက်ပြီး ကုတင်ပေါ်မှာပုတီးအဖွေးသားနှင့်ဖြစ်နေသော နေ့ ကိုစိုက်ကြည့်နေလေသည်။
"ဘယ်လိုဖြစ်ရတာလဲအန်တီရယ်.... ကြားကြားချင်းတော့ တကယ်ကို စိုးရိမ်သွားတာပါပဲ"
"အန်တီတို့လည်း မဆိုတတ်ပါဘူးကွယ် သမီးဆေးရုံပေါ်ရောက်နေမှသာ သတင်းရတာပါ"
" နေရယ်....ဖြစ်မှဖြစ်ရလေ"
ဆေးသွင်းထားသော နေ့ရဲ့လက်တစ်ဖက်ကို ငြင်သာယုယစွာကိုင်ပြီး ပြောနေသော အမျိုးသားတစ်ယောက်ကို ရှိုင်းထောင့်ကွယ်ကနေ ကြည့်နေမိသည်။ ကျော်စွာရဲ့မျက်နှာသည် စိတ်မကောင်းမှုများဖြင့် ပြည့်နှက်နေပါသည် ။
အင်းလေ၊ ချစ်သူတောင်ဖြစ်ခဲ့ဖူးတာပဲ၊ သူ ခံစားရမှာပေါ့ဟုတွေးကာ မျက်ရည်ကချက်ချင်းဝဲတက်လာသဖြင့် အပြင်ဖက်ကို ထွက်လာခဲ့သည်။ ဆေးရုံအောက်ထပ်က ခုံတန်းလျားတွေအထိ ဆင်းလာခဲ့ပြီး ခုံတန်းလျားပေါ် ထိုင်နေလိုက်သည်။
နေ့ ကိုဒီလိုမြင်နေရခြင်းအတွက် ရှိုင်းရဲ့ နှလုံးသားတွေ ကွဲကြေရပါသည်။ ဓားနဲ့ထိုးထားသလို တဆစ်ဆစ်နဲ့ကိုက်ခဲလွန်းလှပါသည်။
ထို့အတွက်လည်း ကိုယ့်ကိုယ်ကိုယ်အပြစ်မကင်းဟု ရှိုင်းခံယူမိထားသည်။ ရှိုင်း ရင်ထဲမှာ လှိုက်တက်လာသော ဝေဒနာတို့ကို လွတ်လပ်စွာ ပေါက်ကွဲလိုက်ချင်သော်လည်း ဆေးရုံဝင်းထဲဖြစ်နေသဖြင့် ငိုချင်သည့်စိတ်ကို လက်သီးဆုပ်တို့ကိုကိုက်ရင်း အံကြိတ်ထားရသည်။
ရှိုင်းဟာအမှားပေါင်းများစွာကို လုပ်မိနေပြီလားဟုလည်း ကိုယ့်ကိုယ်ကိုယ်သံသယဝင်နေမိသည်။ သူများရဲ့ချစ်ခြင်းမေတ္တာတွေကြားထဲ ဝင်ရောက်နှောင့်ယှက်မိတဲ့ လူဆိုးတစ်ယောက်ဖြစ်နေပြီလားဟုလည်း ကိုယ့်ကိုယ်ကိုယ် ပထမဆုံးအကြိမ်အတွေးဝင်မိသည်။
" တီ တီ တီ ...."
ရှိုင်း ရဲ့ဖုန်းကဝင်လာသဖြင့် ရှိုင်းဖုန်းကိုထုတ်ကာကြည့်လိုက်သည်။ တခြားသူမဟုတ်။ မဟာ့ဆီကပင်ဖြစ်သည်။
" ရှိုင်းအဆင်ပြေရဲ့လား"
" အင်း ပြေပါတယ်.... ဘာလို့လဲ"
ရှိုင်း ငိုသံမပါအောင်ပြောနေသော်လည်း မဟာကရိပ်မိဟန်တူပါသည်။
" ရှိုင်းငိုနေတာလား"
"......"
မဟာ့စကားကြောင့် ရှိုင်း သာ၍ပင်ဝမ်းနည်းပြီး ဟန်မဆောင်စွာပင်ငိုချမိသည်။ ထို့ကြောင့် ဖုန်းကိုလည်းပိတ်ပစ်လိုက်သည်။
ရှိုင်းဟာတစ်ခါတစ်လေ အရာရာကိုရှုံးနေရတဲ့ လူတစ်ယောက်လို ကိုယ့်ကိုယ့်ကိုယ်ခံစားမိသည်။ လူတွေကိုရှုံးရသည်။ ပထမဆုံး
ဒယ်ဒီ့အပေါ်ရှုံးရသည်။ ဒယ်ဒီကစပြီးရှုံးခဲ့ရခြင်းမှာ ယခုထက်တိုင်ရှုံးနိမ့်နေရသေးသည်။
ရှိုင်း....ငိုချင်သည့်စိတ်ကိုထိန်းမရဘဲ ထပ်မံငိုချမိပြန်သည်။ ထိုနေရာမှာပင် ရှိုင်းဘယ်နှစ်ခါငိုမိမှန်းမသိ။
ထို့ကြောင့် ရှိုင်း ထိုင်ခုံလေးကထလာခဲ့လိုက်ပြီး အိမ်ပြန်ရန်သာဆုံးဖြတ်လိုက်သော အနှစ်နှစ်အလလက တင်းခဲ့သော စိတ်တို့ကို ဖြေလျှော့ပေးလိုက်တော့ အရာရာဟာအလှဲလှဲ အပြိုပြိုပင်။
>>>>>>>>
"ဟယ် ဟိုမှာ နေရပ်ဝန်းတို့အတွဲပဲ၊ ချောလိုက်ကြတာဟယ်"
အင်္ဂလိပ်စာမေဂျာရဲ့ ကွင်း နေရပ်ဝန်း နှင့်
သင်္ချာကင်း ထင်ကျော်စောတို့ရဲ့ ဇာတ်လမ်းက တက္ကသိုလ်မှာအတော်နာမည်ကြီးသည်။ ကင်းနှင့်ကွင်းက ချစ်သူဖြစ်ကြသည့်အတွက် သူတို့စုံတွဲကို လူတိုင်းသတိထားမိသည်။
သူဇာရဲ့စကားကြောင့် စာရေးနေရာမှအပြင်ဖက်ကိုလှမ်းကြည့်လိုက်သည်။ ထင်ကျော်စောရဲ့လက်ကိုချိတ်ကာ လှမ်းလျှောက်လာသော နေရပ်ဝန်းရယ်ပါ။ ရှိုင်းကတော့ ရည်းစားထားဖို့မဆိုထားနဲ့ ဘဝမှာ စီးပွား ရေးကိစ္စ၊ အိမ်ကိစ္စ ၊ ဆုလေးကိစ္စ ဖြေရှင်းနေရတာနှင့်ပင် ဘဝကြီးကအချိန်ကုန်ဆုံးနေသည်။
ရှိုင်းရဲ့ပထမနှစ်တက္ကသိုလ်ကျောင်းသူဘဝသည် တစ်တစ်ခြားသော ကျောင်းသူတွေလို ပျော်စရာမဟုတ်ခဲ့တာတော့သေချာပါသည်။
ရှိုင်းကတော့ နေရပ်ဝန်းရဲ့အမေဟာ မာမီသေစေခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်ဟု ခံယူထားခဲ့တဲ့အတွက် နေရပ်ဝန်းနဲ့ ခပ်ခွာခွာနေခဲ့သည်။
သို့သော် တစ်မေဂျာတည်း တစ်ခန်းတည်းဖြစ်တဲ့အတွက်ရှောင်လွှဲလို့တော့မရပါလေ။ နေရပ်ဝန်းကတော့ ရှိုင်းကိုအရင်ကလိုပင် ခင်မင်နိုင်အောင်ကြိုးစားပါသည်။ သို့သော် ရှိုင်းကလက်မခံခဲ့ပါ။
နေရပ်ဝန်းကိုထိုသို့ပျော်ရွှင်နေတာမြင်ရလျှင် စိတ်နာမိသည်။ ကိုယ့်မှာတော့ ဒုက္ခပင်လယ် ဝေကာဘဝကိုကြိုးစားရုန်းကန်ခဲ့ရသလောက် နေရပ်ဝန်းတစ်ယောက်ကတော့ သာသာယာယာပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရသည်။
နေရပ်ဝန်းကိုမုန်းသည်။ သူ့အမေကိုလည်း မုန်းသည်။ ထို့အတူ ဒယ်ဒီ့ကိုလည်း မုန်းသည်။
သို့သော် နေရပ်ဝန်းကတော့ ရှိုင်းဆီ ရောက်ရောက်လာတတ်သည်။
" ရှိုင်း .... အရင်ကလိုပဲ ခင်ခင်မင်မင်ပြန်နေလို့မရဘူးလား၊ တို့နဲ့ရှိုင်းက ညီအစ်မတွေ တော်ရင်တောင်ရတာကို"
ထိုနေ့က ရှိုင်း တစ်ယောက်ထဲ ကျောင်းမှာ လမ်းလျှောက်နေတုန်း အနောက်ကနေ နေရပ်ဝန်းက ရောက်လာခြင်းပင်။ နေရပ်ဝန်း ကရှိုင်းရဲ့အနောက်ကနေ တကောက်ကောက်လိုက်နေသည့်အတွက် ရှိုင်း အတွက်စိတ်အနှောင့်အယှက်ဖြစ်ရသည်မှာအမှန်။
" တို့ နောက်ကိုဆက်လိုက်မလာနဲ့နော်.... နေရပ်ဝန်း"
ရှိုင်းလမ်းလျှောက်နေရင်းပြောနေသော်လည်း နေရပ်ဝန်းက ဆက်လိုက်လာနေဆဲပင်။
" ရှိုင်းရယ်.... တို့နဲ့ရှိုင်းကသူငယ်ချင်းတွေဆိုတာ ပြောင်းလဲပစ်စရာမှမလိုတာ"
" နေရပ်ဝန်း!!!"
ရှိုင်း သည်းမခံနိုင်သည့်အဆုံး အော်ပစ်လိုက်သည်။ တခြားသူများက ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည့်အတွက် အနည်းငယ်တော့ ရှက်ရွံ့မိသွားသည်။ သို့သော် ဂရုမစိုက်ပါ။ အဓိကက နေရပ်ဝန်း ဆက်လိုက်မလာစေဖို့ပဲဖြစ်သည်။
" ငါ့နောက်ဆက်လိုက်လာရင် နင့်ကိုငါတစ်ခုခု မလုပ်ဘူးလို့ ငါ့ကိုယ်ငါ အာမမခံနိုင်ဘူးနော်"
" လုပ်ကွာ... လုပ်၊ ရှိုင်းလုပ်ပြီးရင်တော့ တို့နဲ့အရင်လိုပဲ ပြန်ခင်မင်ပေးပါ"
"ဟာကွာ....!!!!!"
ရှိုင်းရဲ့ဒေါသကိုထိန်းမရတော့သည့်အဆုံး နေရပ်ဝန်းဖက်လှည့်ပြီး နေရပ်ဝန်းကို တွန်းလိုက်သည်။ ရှိုင်းကိုယ်ရှိုင်းလည်း ဘာလုပ်မိ မှန်းမသိဘဲ ရှိုင်းသတိဝင်လာချိန်မှာတော့ နေရပ်ဝန်းက မြက်ခင်းပြင်ပေါ် လှဲကျနေပြီး ဖြစ်သည်။
ရှိုင်းရဲ့သတိဝင်လာခြင်းနှင့်အတူ ပါးပြင်ပေါ် ခံစားလိုက်ရတာက စပ်ဖျင်းဖျင်းအရာတစ်ခု။ သိလိုက်တာက ရှိုင်းပါးရိုက်ခံလိုက်ရသည်ဆိုတော့အသိ။
ဘေးနားမှာလူတွေကလည်းဝိုင်းကြည့်နေကြသည်။ ထင်ကျော်ဇောသည် နေရပ်ဝန်းကို သွားထူပေးနေသည်။
" မင်း ရိုင်းလှချည်လား" တဲ့။
ဘေးဘီမှာလူတွေကလည်းဝိုင်းကြည့်နေကြသည့်အတွက် ရှိုင်း ရှက်လည်းရှက်သလိုဒေါသ လည်းထွက်နေမိသည်။
" နင်စောင့်ကြည့်နေ ထင်ကျော်စော....၊ ငါ့ပါးကိုလူလယ်ခေါင်မှာရိုက်ခဲ့တဲ့အတွက် နင်တစ်နေ့ ပြန်ပေးဆပ်စေရမယ်"
ရှိုင်း ထင်ကျော်စောကို လက်ညိုးထိုးကာပြောခဲ့သည်။
ရှိုင်းရဲ့အမုန်းတရားသည် တစ်နေ့ထက်တစ်နေ့ ကြီးလာသည်မှာ အမှန်ပင်ဖြစ်သည်။
ထိုနောက်ပိုင်း နေရပ်ဝန်းကို ၇ ရက်လောက်အထိ မတွေ့မိပါလေ။ သူဘာဖြစ်မှန်းရှိုင်းမသိပါ။ နောက်မှ သိလိုက်ရသည်က သူ့အမေ နေမကောင်းလို့ဆိုပါလား။
သူ့အမေဟာ တော်တော်ပြင်းထန်လို့များလားဟု ရှိုင်းတွေးမိသည်။ ထို့ကြောင့် ဒယ်ဒီ့ဆီ ဖုန်းဆက်ပြီးမေးမိသည်။
" ဟုတ်တယ် သမီး ကေကေ ကကျောက်ကပ်ပျက်စီးနေတာ ကျောက်ကပ်အစားထိုးကုမှ ရမယ်၊ ဒယ်ဒီတို့မှာလည်း ကျောက်ကပ်အလှူရှင်ရှာဖို့က အတော်ခက်နေတယ်၊ သမီးနေကကျတော့လည်း ကေကေ့ကိုပေးလို့မရဖြစ်နေတာ"
"သမီးရော ကြိုးစားကြည့်လို့ရလား"
ရှိုင်း ရင်ထဲမှာ ဘာကိုသတိရသွားမှန်းမသိ။ မာမီဆုံးခါနီးခံစားရတဲ့မာမီ့ပုံရိပ်ကိုလား၊ ဒါမှမဟုတ် မိခင်တစ်ယောက်ကို ဆုံးရှုံးရတဲ့ ခံစားချက်ကိုလား ရှိုင်းမသိပါလေ။ နေရပ်ဝန်းရဲ့အမေကိုမုန်းတာမှန်ပေမဲ့ ရှိုင်းလိုခံစားမှု မျိုးကိုဘယ်သူ့ကိုမှမခံစားစေချင်တာတော့ အမှန်ပင်။
ဒယ်ဒီကရှိုင်းစကားကြောင့်အံ့ဩသွားဟန်တူပါသည်။
" သမီးတကယ်ပြောနေတာများလားကွယ်"
" အင်း သမီးရောဆေးစစ်ကြည့်ချင်တယ်"
ရှိုင်းဆေးစစ်ချက်ကတော့ ရှိုင်းရဲ့ကျောက်ကပ်ကို ဒေါ်မိုးကေသီကို ပေးလို့ရသည်ဆိုတာပင်။ ကျောက်ကပ်တစ်ခြမ်းလုံး ပေးလှူဖို့ဆုံးဖြတ်လိုက်ရခြင်းအတွက် ရှိုင်းမှာ မာမီ့ကိုရှိုင်းဆုံးရှုံးရသလိုခံစားချက်မျိုးကို ဘယ်သူ့ကိုမှမခံစားစေချင်သည့်အကြောင်း ပြချက်က ထိပ်ဆုံးကပင်။
ခွဲစိတ်ခန်းကိုဝင်မဲ့ညက နေရပ်ဝန်း ရောက်လာခဲ့သည်။ ညိုးငယ်နေသော မျက်ဝန်းတို့မှာ ရှိုင်းကိုကျေးဇူးတင်သည့် အရိပ်တို့ကထပ်လောင်းလျက်။
" ရှိုင်းကိုတို့ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင်မသိတော့ဘူး"
နေရပ်ဝန်း၏မျက်နှာလှလှလေးကို ရှိုင်း ကြည့်နေရင်းနှင့် ပြုံးလိုက်မိသေးသည်။
" မင်းမှာကျေးဇူးဆပ်လို့ရတဲ့နည်းတွေရှိပါတယ်"
ရှိုင်းရဲ့အပြုံးတို့ကယုတ်မာသည့်ပြုံးရိပ်တို့လွှမ်းမိုးသွားလေသလားတော့မသိ။ နေရပ်ဝန်းကစကားလာပြောသည့်အတွက် ရှိုင်းရဲ့ခေါင်းထဲမှာ အကြံတွေကချက်ချင်းပင်ရောက်လာလေသည်။
" မင်း ရည်းစားကိုဖြတ်ပြီး တို့နဲ့တသက်လုံးနေပေးနိုင်မလား၊ မင်းအမေအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ပေါ့"
ရှိုင်းသည်စကားကိုစနောက်ပြောလိုက်ခြင်းပင်။ နေရပ်ဝန်းကလက်မခံရင်တောင် ရှိုင်းက ကျောက်ကပ်တစ်ခြမ်းကို ကျေကျေနပ်နပ်ကြီး ပေးလှူခဲ့မှာဖြစ်သည်။
သို့သော် မိခင်တစ်ယောက်ရဲ့ကျေးဇူးကို ဘယ်အရာနဲ့မှမလဲနိုင်ဟုနေရပ်ဝန်းကသတ်မှတ်လိုက်သလားမသိပါ။ ရှိုင်းရဲ့အနားမှာ နေဖို့နေရပ်ဝန်းက လက်ခံခဲ့သည်။
ထို့နေ့က ခွဲစိတ်ခန်းဝင်သွားသည့်တိုင်အောင် ရှိုင်း ရင်ထဲမှာခုန်နေမိသည်။ ဘာရယ်မဟုတ် ပြောလိုက်သော်လည်း ကိုယ်ပြုသမျှ နုပေးမည့်မိန်းကလေးတစ်ယောက်ကို တကယ်ကို ပိုင်ဆိုင်ရတော့မယ်ဆိုသည့်အသိက ရင်တွေကို တဒိတ်ဒိတ် ခုန်စေသည်။
"တို့ကို ခွင့်မလွှတ်ပါနဲ့ နေရယ်...."
မွေ့ယာပေါ်မျက်နှာချင်းအပ်ပြီး ရှိုင်း ငိုနေမိသည်။
" တို့အမှားကြီးမှားခဲ့တယ် နေရယ်"
>>>>>>>>>
Advertisement
- In Serial222 Chapters
Forbidden Love: Angel’s Seduction
"Be mine and I'll be yours. I will be your angel and you will be my heaven."
8 3812 - In Serial55 Chapters
The Wrong Twin
"It was a mistake..." She said about to walk out but I caught her waist in my arms"Indeed a very bad mistake" I said devilish smile and concured her lips with mine,I felt her hand pound on my chest but later stopped and smiled when she started to respond***It was a mistake...indeed it was a very bad mistake...Sleeping with the wrong twin
8 291 - In Serial9 Chapters
Arranged Married to a MultiBillionaire Tycoon Businessmen
Audrey Camille at Katherine Camille Na anak ng mga Zamora Pangalawa sa Pinakamayaman sa buong mundo.At nalaman nilang ipapakasal pala sila sa Pinakamayaman na mga lalaki sa buong mundo, Matatanggap kaya nila?Love or Hatred?
8 113 - In Serial37 Chapters
I Accidentally Kissed My Bestfriends Brother
Amelia Montgomery is one of Rosewood High's cheerleaders along with her best friend Stella Hayes.Her and Stella have been friends ever since kindergarten when Amelia fell off the monkey bars and Stella helped her up afterwards.Stella has a brother named Easton Hayes and he has always teased Amelia since she was seven.They both agreed that they thought he was a heartless prick who treats girls like rubbish.One Friday night Amelia decided to go to a party.At the party Amelia ends up slipping and falling into her worst enemies lap, but what makes the situation worse is the fact that some drunk dude accidentally stumbles into her causing her to slide forward and lock lips with none other than Easton Hayes.Oh how Amelia's life couldn't be anymore ruined.•••••••••••••••••••••••••••••••••I lean in so that our noses are touching which causes us to close our eyes as our breaths become more harsher."I can't stand being friends with you. Everytime I see you all I want to do is push you against a wall and kiss you" he whispers out which makes me smile a little"So, what are you going to do about it?" I ask him teasingly with a breathless voice"This" he says before he connects our lips which makes me reach up and place my hands on his cheeks.
8 225 - In Serial64 Chapters
Want you Back
Highest rankings:Ex-boyfriend: #1 (6th Feb 2020)Follow my instagram for any updates and if you wanna ask me anything-@nikki_k123Mia Stewart is dealing with heartbreak after her now, ex-boyfriend, broke up with her after being together for 3 years. She's hiding the fact that she still likes him and is doing great, keeping in mind that she has to hang out with him every single day since all their friends are common. At the end of the summer party, she ends up kissing him for a dare and learning that he wants her back... How will he get her back and how will they survive the whole reason for the break-up?....."God, Ryder! Why did you kiss me? You can't just do things whenever you feel like it! I-" she was shouting but I cut her off. "I want you back, Mia."ALL RIGHTS RESERVED
8 194 - In Serial53 Chapters
Crystal Academy || BxB
Book 1 of the Zelquestria SeriesCrystal Academy, one of the most prestigious academy in Zelquestria. Divided by five houses namely; Alpha, Beta, Gamma, Delta and Omega.Dymitri Villacroixe, 16 year old transferee will lived (almost) a happy and peaceful life in Crystal Academy. He's shy and soft and his House really admired him for being cute. Despite of these, Dymitri had kept a secret to himself, a secret that only his family and few of his friends know. He can't control his powers and little by little, he's urging himself to learn and control it not until he crossed paths with the intimidating, dominant and deadly male student in their school, Theodore Coltrane. A very powerful and the strongest student in the whole Crystal Academy.What will happen to the both of them?•☽︎ 𝐃𝐚𝐭𝐞 𝐒𝐭𝐚𝐫𝐭𝐞𝐝 ☾︎• || 𝑭𝒆𝒃𝒓𝒖𝒂𝒓𝒚 08, 2021❀ 𝐃𝐚𝐭𝐞 𝐄𝐧𝐝𝐞𝐝 ❀|| 𝑶𝒄𝒕𝒐𝒃𝒆𝒓 24, 2021
8 92

