《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 24 (Uni) The End
Advertisement
တစ်နှစ်ခန့်ကြာသော်......
"မပေါင်းရတဲ့ဇာတ်သိမ်း"
ရှိုင်းကစာအုပ်လေးကိုကြည့်ပြီးပြုံးလိုက်မိသည်။
ညနေစောင်းနေဝင်ချိန်၏အလှတရားသည် ကောင်းကင်ကြီးကိုပန်းချီကားတစ်ချပ်သဖွယ်ဖြစ်နေစေသည်။ စကြဝဠာကြီးရဲ့ မြူတစ်မှုန်မျှစာလောက်သာရှိတဲ့ အပြာရောင်ကောင်းကင် အောက်ကမြက်ခင်းပြင်ကြီးမှာ ထိုင်နေကြသော အမျိုးသမီးနှစ်ယောက်။
"တိမ်ညိုမိလ္လာ တိမ်စူကာနှင့်
တိမ်ပြာရောယှက်၊ မရမ်းဖက်၍
တိမ်သက်တန့်ရောင် ၊ အဝါဘောင်ဝယ်
မှောင်ခဲ့တစ်ခါ၊ ပြာခဲ့တချို့၊
ညိုခဲ့တစ်လီ၊ ရီခဲ့တစ်ဖုံ
မှုန်ခဲ့တစ်ချက်၊ ယုဂန်ထက်က" တဲ့။
ဒီအတိုင်းပါပဲ။ တိမ်လေးတွေရဲ့အရောင်က ကြေးညိုရောင်၊ အပြာရောင်၊ မရမ်းရောင် အို.... အရောင်အသွေးစုံလင်စွာ လှပလို့နေပါသည်။
"ဒီစာအုပ်ကိုရေးဖို့တော်တော်ကြံဆခဲ့ရသလား"
အမျိုးသမီးငယ်၏အပြုံးလေးကတလက်လက်တောက်ပ၍နေလေသည်။
"စာအုပ်က ကောင်းကင်ပြာကြီးရဲ့အလှတရားနဲ့အစပျိုးထားပြီး တိမ်တွေရဲ့အိပ်တန်းတက်ချိန်အလှတရားနဲ့အဆုံးသတ်ထားတယ်.... စာအုပ်တိုင်းကိုတော့ ကိုယ်မခန့်မှန်းနိုင်ပါဘူး၊ ဒါပေမဲ့ ဝတ္ထုရေးတဲ့စာရေးဆရာတွေဟာ Image လို့ခေါ်တဲ့ နိမိတ်ပုံရိပ်တွေကို ဝတ္ထုရေးတဲ့အခါ ထည့်ရေးတတ်ကြတယ်၊ ကိုယ်သိသလောက်ပြောရရင်တော့ မှိုင်းညို့နေတဲ့ကောင်ကင်ကြီးကို နောက်ခံထားပြီး ရေးတယ်ဆိုတာ မကောင်းတဲ့အရိပ်အယောင်ကိုပြချင်တဲ့ သင်္ကေတပေါ့ ဝတ္ထုထဲမှာ မကောင်းတဲ့အခြေအနေတစ်ခုဖြစ်တော့မယ်လို့ပြချင်တာ၊ဒါဟာ နိမိတ်ပုံတစ်ခုလည်းဖြစ်တယ်၊ ဒါပေမဲ့ သင်္ကေတတိုင်းကတော့ နိမိတ်ပုံမဖြစ်နိုင်ပေမဲ့ နိမိတ်ပုံတိုင်းကတော့ သင်္ကေတတွေဖြစ်ကြတယ်၊ ဝတ္ထုရေးတဲ့သူတွေဟာ ဒီသဘောတွေကိုကြေညက်နေတဲ့လူဖြစ်တယ်လို့ ကိုယ်ထင်တယ်၊ ဒါမှလည်း ဘယ်နေရာမှာ ဘယ်လိုသင်္ကေတကိုသုံးပြီးအဲ့ဒီသင်္ကေတကိုနိမိတ်ပုံဖြစ်အောင် ပြောင်းယူမယ်ဆိုတာ ဝတ္ထုရေးတဲ့လူတွေကသိကြတယ်၊ ကောင်းကင်ပြာကြီးနဲ့စထားတယ်ဆိုတာ လှပစွာစတင်ခြင်းရဲ့ နိမိတ်တစ်ခုဖြစ်တယ်၊ ကြည်လင်နေတဲ့ကောင်းကင်ဟာ ကောင်းခြင်းလက္ခဏာအတွက် သင်္ကေတဖြစ်ပြီး ကောင်းတာကိုညွှန်ပြနေတဲ့ နိမိတ်ပုံဖြစ်တယ်၊ တိမ်တောက်ချိန်နဲ့အဆုံးသတ်ထားတာဟာ လှပစွာဇာတ်သိမ်းခြင်းလို့ ကိုယ်ယူဆတယ်"
မိန်းမငယ်လေးကနားထောင်ရင်းနှင့်ပင်ကျေနပ်ပီတိဖြာသောအပြုံးတစ်ပွင့်ကို ပြုံးပြလိုက်သည်။
"အဟား စာရေးသူဖြစ်တဲ့ ကာယကံရှင်တောင်မှ နိမိတ်ပုံနဲ့သင်္ကေတရဲ့အသုံးပြုပုံကိုအချိန်အကြာကြီး လေ့လာခဲ့ရတယ် စာဖတ်သူတစ်ယောက်က ဘယ်လိုလုပ်အလွယ်သိနေရတာလဲ"
"ဒါကတော့ ဘဝမှာ နိမိတ်လက္ခဏာပေါင်းများစွာနဲ့ကြုံတွေ့ဖူးလို့ထင်ပါရဲ့"
နေရောင်ရိပ်သက်ဖြာနေသောအမျိုးသမီးငယ်၏မျက်နှာပေါ်တွင် သန့်စင်ရှင်းပသောအပြုံးရိပ်တစ်ခုကိုတွေ့လိုက်ရသည်။ ရှိုင်းကမေ့ပျောက်ခဲ့သောဝေဒနာတို့ကိုဆက်လက်မျိုသိပ်ရင်း
"ဘာလို့ဝတ္ထုရေးဖို့သတိရခဲ့တာလဲ"
"ရှိုင်းသိလား နှုတ်တစ်ရာစာတစ်လုံးတဲ့၊ လူတွေမှာ အပြောဘာသာစကားနဲ့အရေးဘာသာစကားဆိုပြီး ဘာသာစကားနှစ်မျိုးရှိကြတယ်၊ အပြောနဲ့လည်း လူတွေဟာအချင်းချင်းဆက်သွယ်လို့ရရဲ့သားနဲ့ ဘာလို့အရေးကိုတီထွင်ခဲ့ကြတယ်ထင်လဲ"
ရှိုင်းကအပြုံးတစ်ပွင့်ခြွေလိုက်သည်။ ပြီးမှထိုအမျိုးသမီးငယ်၏မျက်နှာကိုစူးစူးရဲရဲပြန်ကြည့်လိုက်သည်။
"နှုတ်တစ်ရာစာတစ်လုံးဆို...."
"အဟား....ဟုတ်တာပေါ့ ကျွန်မခံစားရပါတယ်လို့ပြောရင် လူတွေဟာ ခံစားချက်လောက်ပဲသိမယ်၊ အလှူအတန်းတစ်ခုမှာ ကျွန်မဒီပစ္စည်းကိုလှူခဲ့ပါတယ်လို့ပြောရုံပဲပြောခဲ့ရင် ခဏနဲ့မေ့ပျောက်သွားမယ်၊ အလှူအတန်းကိုကမ္ဗည်းစာအဖြစ်ရေးထိုးလိုက်တဲ့အခါ ဒီအလှူအတန်းအကြောင်းလူတွေသိမှတ်ရမယ်၊ ခံစားချက်ကို စာအုပ်အဖြစ်ချရေးလိုက်ရင် လူတွေဟာ သိရုံလောက်နဲ့မဟုတ်ဘဲ ကိုယ်တိုင်တွေ့ကြုံခံစားကြရသလို စာနာသနားလာကြလိမ့်မယ်၊ ခိုင်မာတဲ့အရောင်းအဝယ်တစ်ခုဖြစ်ဖို့ ကတိသစ္စာစကားတွေထက် စာချုပ်ပေါ်မှာ ထိုးထားတဲ့ လက်မှတ်လေးတစ်ချက်ဟာ ပိုတန်ဖိုးကြီးတယ်၊ အချစ်ဟာလည်း ချစ်ခြင်းမေတ္တာချင်းညီတူပြိုင်ကြရင်တောင် လက်လွှတ်ပေးရသူဟာရှုံးနိမ့်ရတယ်၊ နှုတ်ကပြောနေတဲ့ချစ်ခြင်းမေတ္တာတွေ၊ဂရုစိုက်မှုတွေထက် လက်တွေ့လုပ်ဆောင်လိုက်တဲ့ချစ်ခြင်းမေတ္တာဟာ ပိုပြီးလက်တွေ့ကျတယ်၊ ပြောချင်တာက လူတွေဟာ ဟိုးအရင်နှစ်ပေါင်းများစွာကတည်းက သေချာဖို့၊ တိကျဖို့ တစ်နည်းအားဖြင့် သိပ္ပံနည်းကျဖို့အတွက် စူးစမ်းလေ့လာခဲ့ကြတယ်၊ ဒါပေမဲ့ ချစ်ခြင်းမေတ္တာကတော့ သိပ္ပံနည်းကျဖို့မလိုအပ်ပါဘူး စိတ္တဇနာမ်ကိုး၊ သို့ပေမဲ့လို့ လူသားနှစ်ဦးရဲ့မေတ္တာပြိုင်ပွဲမှာတော့ မောင်နှံသစ္စာတိုင်တည်ထားတဲ့ လက်ထပ်စာချုပ်လေးကအရေးကြီးသတဲ့...၊ လူတွေဘာကြောင့် စာအရေးအသားတီထွင်ခဲ့ကြတယ်ဆိုတာ ရှိုင်းသေချာခံစားမိလာပြီလား"
ရှိုင်းကပုဇွန်ဆီရောင်သမ်းနေသော နေမင်းကြီးကိုမော့်ကြည့်ရင်း မခို့တရို့ပြုံးလိုက်မိသည်။ ပြီးမှ နာနာကျင်ကျင်တစ်ချက်ပြုံးလိုက်သည်။
"သိပ်သိတာပေါ့.... သို့ပေမဲ့လို့ သူများပစ္စည်းခိုးထားဖူးရင်တောင် ကိုယ်တို့ဟာပိုင်ရှင်ဆီပြန်ပေးကြရတယ်၊ မပေးဖြစ်ခဲ့ရင်တောင် လောကကြီးမှာ သုံးနေကျစကားတစ်ခွန်းရှိတယ်မဟုတ်လား တရားကိုနတ်စောင့်တယ်တဲ့၊ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးလို့ဘယ်သူတွေဘယ်လိုပဲပြောပြော ကိုယ့်အတွက်တော့ ဒါဟာမတရားတဲ့လူတွေရဲ့လက်သုံးစကားလို့ပဲမြင်မိတယ်၊ လောကကြီးကအမှန်တရားအပေါ်မှီခိုရပ်တည်နေ တာဖြစ်ပြီး အမှန်တရားဟာအားလုံးအပေါ်အုပ်စိုးပေမဲ့အချစ်နဲ့စစ်အပေါ်မအုပ်စိုးဘူးဆိုတာမျိုး ကိုယ်လက်မခံဘူး အရာအားလုံးအပေါ် မှာ တရားသဖြင့် ဆုံးဖြတ်ပေးတဲ့
နတ်မင်းရှိတယ်လို့ ကိုယ်ယုံကြည်တယ်"
"ဒါဟာစကားစစ်ထိုးပွဲတစ်ခုတော့မဟုတ်ဘူးထင်တယ်နော် ရှိုင်း..."
"ဟုတ်ပါတယ် ဒါပေမဲ့ ကိုယ်အနိုင်ပေးခဲ့တဲ့ ပွဲအကြောင်းပြန်ပြောနေတာဆိုရင်တော့ ဟုတ်ပါတယ်"
"အနိုင်ပေးတယ်ဆိုတာက ကိုယ်ချစ်တဲ့မိန်းမတစ်ယောက်ကိုတခြားလူထံကျေနပ်စွာထိုးပေးလိုက်ခြင်းကိုဆိုလိုသလား၊ ဥပမာ အတိတ်မေ့နေတဲ့မိန်းမတစ်ယောက်ကိုပေါ့၊ အမှန်တရားဆိုတာဘာမှန်းမသိသေးတဲ့မိန်းမတစ်ယောက်ကိုပေါ့"
ရှိုင်းနဲ့ထိုအမျိုးသမီးကမျက်နှာချင်းဆိုင်လိုက်ကြသည်။ သူကလည်းရှိုင်းကိုကြည့်ပြီးရယ်သလိုရှိုင်းကလည်းသူ့ကိုကြည့်ပြီးရယ်သည်။
"ရင့်ကျက်တယ်ဆိုတာ ဘာများကောင်းလာလို့လဲ ရှိုင်းရယ်၊ နာကျင်စွာခံစားခဲ့ရတာတွေကို ပြက်ရယ်ပြုနိုင်လာတာကို ရင့်ကျက်တယ်လို့ ဆိုကြတာပဲကို...."
"အချစ်ကတော့ရင့်ကျက်လေလေပိုကောင်းလေလေပဲမဟုတ်လား"
"ဟုတ်မှာပါ..... ရှိုင်းရင်ထဲမှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ကိုယ့်ကိုဘယ်လောက်ပဲ ချစ်တယ်လို့ပြောခဲ့ပြောခဲ့ အခုချိန်မှာ အဲ့ဒီအရာတွေကဘယ်လိုမှယုံစရာမဟုတ်တော့ဘူးလေ၊ ဘာလို့လဲဆိုရင် ရှိုင်းရဲ့အချစ်ဟာ နှုတ်တစ်ရာနဲ့တူပြီး ကျော်ဇောကတော့ စာတစ်လုံးနဲ့တူတယ်၊ စာသိပ်ကြိုးစားဖူးတဲ့ဆယ်တန်းကျောင်းသားတစ်ယောက်စာမေးပွဲကျသွားသလိုပေါ့၊ လူတွေက မင်းဘယ်လောက်ကြိုးစားခဲ့သလဲဆိုတာထက် မင်းနောက်ဆုံးမှာ ဘာရလာဒ်ရလဲဆိုတာကိုပိုအရေးစိုက်ကြတယ်... တကယ်တော့ ရှိုင်း ကိုယ့်ကို လက်လွှတ်ခဲ့တယ်၊ နောက်ဆုံးမှာကျန်ခဲ့တဲ့အဖြေဟာဒါပါပဲ၊ ရှိုင်းဘယ်လောက်ချစ်ခဲ့ဖူးတယ်ဆိုတာမဟုတ်ဘူး ရှိုင်းဘယ်လိုလက်လွှတ်ခဲ့သလဲဆိုတာကိုပဲမြင်ရတယ်"
"ဒါတွေဟာအခုချိန်မှာ လူကြီးရှက်တော့ရယ်ဆိုသလို ရယ်ရယ်မောမောနားထောင်နေရမဲ့စကားသံတွေပဲလေ .... နေ့မှာလဲ ၆ လသားအရွယ်ကလေးတစ်ယောက်ကိုပိုင်ဆိုင်နေပြီးဖြစ်သလို ကိုယ့်မှာလဲ ကိုယ့်ကိုချစ်တဲ့ကလေးတစ်ယောက်ကိုပိုင်ဆိုင်ထားခဲ့ပြီ....နေ အခုလိုသတိရလာခဲ့တာပဲ ကျေးဇူးတင်လှပါပြီ မဟုတ်ရင် ကိုယ့်တစ်ယောက်ထဲ ကွက်မေ့ကျန်ခဲ့တာ ခံပြင်းစရာပဲ"
"ရယ်စရာဟာသတွေကတစ်ခါတစ်လေမှာတော့ သိပ်မရယ်ရဘူး၊ ရှိုင်းကိုသတိရလာချိန်မှာ အရာအားလုံးဟာ နေသားတကျဖြစ်နေခဲ့ပြီ ဒါကိုဟာသလို့ပြောပြရင် ကိုယ်ကလွဲပြီး အားလုံးကရယ်ချင်ကြမှာပဲ ၊ ကိုယ်ဟာ ကိုယ့်ချစ်သူကိုသိပ်ချစ်ကြောင်းပြောနေခဲ့တဲ့ကောင်မလေးတစ်ယောက်ရဲ့စကားကိုကြားပြီးချိန်မှာ ကယောင်ကတမ်းတွေဖြစ်ပြီး အချိန်ကာလတော်တော်များများ အိပ်ပျော်သွားခဲ့တယ် အဲ့ဒီအိပ်မက်ကလန့်နိုးလာချိန်မှာတော့ရှိုင်းဟာ မဟာပိုင်တဲ့ပန်းလေးတစ်ပွင့်ဖြစ်နေခဲ့ပြီ"
"နေကတော့ မူလပိုင်ရှင်ဆီပြန်ရောက်သွားတဲ့ ပန်းလေးပါ"
"မိန်းမတွေရဲ့စိတ်ကရှုပ်ထွေးတယ် ရှိုင်း၊ မိန်းမဖြစ်တဲ့ ရှိုင်းလဲသိမှာပါ၊ ကျော်ဇောကိုချစ်တယ်...... မဟုတ်ဘူး ချစ်ခဲ့တယ်၊ ရှိုင်းကြောင့်လည်းအသည်းကွဲမတတ်ခံစားခဲ့ရတယ်၊ ဒါပေမဲ့ ရှိုင်းကိုချစ်ခဲ့တယ်၊ ဘယ်လောက်ထိချစ်မိသွားသလဲမသိအောင် ချစ်ခဲ့တယ်၊ လျှပ်တပြက်မှာပါပဲ ကိုယ့်အတွက်တော့ လျှပ်တပြက်အခြေအနေတစ်ခုမှာပဲ ကျော်ဇောနဲ့ချစ်သူတွေအဖြစ်ပြန်တွေ့ခဲ့ရတယ် ကိုယ့်အဖြစ်က သိပ်ပြီးသွေးပျက်စရာကောင်းပေမဲ့ အခြေအနေတွေအပေါ် ကိုယ်လက်ခံတယ်၊ ရှိုင်းနဲ့လွဲခဲ့ရတာကလွဲရင် ကိုယ့်ချစ်သူနဲ့ပေါင်းဖက်ခွင့်ရတာကိုလည်း ကျေနပ်ပါတယ်၊ ဖူးစာဆိုတာ ဦးရာလူပါပဲ .... ကိုယ်ပြန်တော့မယ်"
နေသည်ရုတ်တရက်ထသွားသဖြင့်ရှိုင်းတစ်ယောက်ထဲကွင်းပြင်ကျယ်ကြီးထဲကျန်နေခဲ့သည်။ "မပေါင်းရတဲ့ဇာတ်သိမ်း"တဲ့။
"ကြည်လင်သာယာနေသောမိုးကောင်းကင်ကြီးရဲ့ အောက်မှာ ခက်ထန်ထန်ကောင်မလေးတစ်ယောက်ကို တွေ့ရှိခြင်း"တဲ့။
"တီ တီ တီ"
စာမျက်နှာအစလေးကိုလှန်ကြည့်ရုံရှိသေး ဖုန်းကဝင်လာသဖြင့် ဖုန်းလေးကိုထုတ်ကြည့်လိုက်သည်။
အသည်းရောင်လေးတွေမှတ်ထားသောဖုန်း contact လေးကိုကြည့်ပြီး ရှိုင်းကပြုံးလိုက်မိသည်။
ကိုယ့်ဘဝရှင်သန်ခဲ့ရပုံကစလို့ ၊ နေ့ကိုမေ့ပစ်ခဲ့ရဖို့အဆုံးဘယ်အရာကမှမလွယ်ကူခဲ့ဖူးဆိုရင်တောင်ဒီကောင်မလေးကို ချစ်မိသွားဖို့တော့လွယ်ကူခဲ့ပါသည်။
"တကယ်တော့အချစ်ဆိုတာကိုယ်တို့နာမည်တပ်ခွင့်မရှိတဲ့ တန်ခိုးရှင်တစ်မျိုးပါ"
Advertisement
- In Serial611 Chapters
Thrown Into A New World: Let The Punishment Begin!
What do you think would happen when a mean and cranky bitch was suddenly thrown into a new world with no fault of her own? At least that is what she chose to believe.
8 2701 - In Serial54 Chapters
Seasick (yandere males x reader)
[[[ BEGAN: June 29, 2020 - __]]][[X READER VERSION]]You are a runaway princess, escaping your life as a caged up royal, sick of rules and the cruel reign of your parents.However, you are naive and sweet, too kind for the outside world, and had no idea that boarding a random ship was the worst mistake you could make.Little did you know, you boarded the Scorched Bones, the pirate ship of the Demon Crew. Onboard are four equally bloodthirsty demon pirates that have taken a liking to the mystery that is you. Imprisoned by the captain your life is now a wild journey of danger, mishaps, romance, oftentimes comedy, and fantasies you never thought you would see with your own eyes. As you battle your own inner conflicts, doing your best to keep your true identity hidden, you must keep up with your four vastly different captors.All while the pirates go from a slight liking to an obsessive seasick love rather quickly.Though, two men from your past are unwilling to just allow you to escape them and will stop at nothing to stand by your side again.Princess (Y/N), your adventure starts here. {* I do NOT own any of the photos or music that appear as references and backgrounds of this story unless otherwise said.*} Demon Yandere Pirates X PRINCESS reader+ TWO other yandere love interests that will remain anonymous for now :)
8 155 - In Serial23 Chapters
HIS •COMPLETED•
Ziara Ale, a normal teenage girl, well as normal as Ziara could get. She's short, clever, and curvy. If there is one thing to know about Ziara it's that she knows of the existence of werewolves. Little did she know that her acknowledgement of werewolves would change her life forever.Theodulus Isbrand, The Alpha King, the one and only. He's mean, ruthless, and handsome. He's lived been living for 2315 years without a mate. He gave up on finding a mate a long time ago. That caused his heart to grow hard, cold, and ruthless.What happens when he finds out that Ziara is his long awaited mate?
8 160 - In Serial20 Chapters
Stefano Russo
He goes by Russo. No one calls his real name because of his past. Russo is cold, emotionless and hell is calling for him. Anastasia the innocent naive girl comes to high school after been closed off from any communication outside.But what goes on when Anastasia stumbles into the male toilets after been pushed, and finds Russo who happens to be in there. What will go on after the coldest bad boy gets caught up with an innocent girl who calls him Stefano? Read to find out...
8 151 - In Serial33 Chapters
Hiding Places ✅
HIGHEST RANKING #116 in CHICKLIT (21/05/18)Genevieve 'Honey' Reynolds had the worst senior year of college imaginable. Once she moves to Boston with her twin brother Bas things start to look up. After last year Honey vowed to say no to every man who crossed her path but what will happen when sexy CEO Cameron Cunningham takes a fancy to her?Mature Language warning...Mature Chapters will be private so make sure you are following... ******** "Cameron..." "I love the way you say my name" his hand cups my face and his thumb traces my bottom lip slowly he brings his face closer to mine until our lips are touching. "I've been wanting to do this for a long time" he murmurs against my lips. I feel myself let go and I'm kissing him back.
8 505 - In Serial43 Chapters
Night and Neera: A Rejected Mate Story
On the morning of her 21st birthday, Neera awakens to find her mate brand marks her as the Destined One for none other than the Alpha of her pack. She is the Alpha's Howl.Night, however, wants his girlfriend of three years and publicly rejects Neera in a brutal, horrifying manner. Neera leaves the pack, refusing to accept her lowered status and looking for a way to escape the pain of what Night did to her.When she returns to the pack lands, her world shifts, and Night suddenly finds himself having to win back his Howl. But a sinister threat forces Night to accelerate his timetable for winning Neera back.And that's when he does the unthinkable.
8 128

