《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 3 )
Advertisement
Bus ကားပေါ်မှ လေးလံသော ခြေလှမ်းများဖြင့် မုဒြာရဲ့ အိမ်ပြန်လမ်းဟာတော့ တတ်ကြွမှုမရှိ။ အမေကို လွမ်းတဲ့စိတ်နှင့် အိမ်ပေါက်ဝတောင် ရောက်မှန်းမသိ ရောက်ခဲ့သည်။
" မုမု..... ပြန်လာပြီလား အန်တီကိုရော သေချာလိုက်ပို့ရဲ့လား "
" Omm. ...ပို့လိုက်ပေမဲ့ ဒါဒါရယ် လမ်းမှာလူတစ်ယောက်ကို ကူညီရင်း မေမေကို သိပ်မနှုတ်ဆက်လိုက်ရဘူး "
ဒါဒါဆိုကတော့ မုရဲ့ အချစ်ဆုံးတွေထဲက တစ်ယောက်ပါ။8တန်းလောက်ထဲက မိဘတွေနဲ့ ခွဲပြီး မိန်းကလေးအဆောင်မှာနေရင်း တစ်ဉီးပေါ်တစ်ဉီး ကူညီရင်း သူငယ်ချင်းသံယောဇဉ်ထက်ပိုကာ ညီမလေးယောက်လိုပင်။
ဒါဒါ ရဲ့ နာမည်ကတော့ သွဲ့ဒါပါ သွဲ့ဒီဆိုတဲ့ အမြွှာညီမတစ်ယောက်ရှိပြီး ညီမရဲ့ Modelသင်တန်းအတွက် သူမရဲ့ အိမ်မက်ကို မကြည့်ဘဲ အချိန်ပိုင်းအလုပ်တွေနဲ့ပိနေသူပါ။မိသားစုအဆင်မပြေပင်မဲ့ အမြဲ အနစ်နာခံတတ်သူမို့ လေးယောက်ထဲတွင် မုရဲ့အချစ်ခံဖြစ်သည်။
" ဒီဒီနဲ့ သင်းသန့်ရော..... ပြန်မလာကြသေးဘူးလား "
" မလာသေးဘူး.....ငယ်လေးကတော့ သူဘဲနဲ့ dateနေတယ် သင်းသန့်ကတော့ ပြန်မလာသေးဘူး "
သွဲ့ဒီကိုတော့ မုတို့က ဒီဒီလိုပဲ ခေါ်ကြတယ်။ ဒီဒီက ရုပ်ခံလေးရှိတဲ့ အပြင် ဝတ်တတ်စားတတ်တော့ လူကြိုက်များ၏။ ဒါမဲ့သူမကတော့ ပိုက်ဆံရှိတဲ့လူနဲ့သာ တဲွြပီး ဘယ်တော့မှမမြဲပေ။သင်းသန့်ကတော့ မုတို့နဲ့တစ်နှစ်ထဲ ဆယ်တန်းဖြေခဲ့ပေမဲ့ အခုထိမအောင်သေး။မိဘတွေက ပိုက်ဆံတတ်နိုင်တော့International ကျောင်းကို ဆက်တတ်ခိုင်းထားသည်။Tomboyလိုဖြစ်နေပေမဲ့လည်း သူကတော့ အဖွဲ့ထဲတွင် လူကောင်အသေးဆုံးပါ။
ပုံစံမတူတဲ့ သူငယ်ချင်းတွေက ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ် ဆယ်တန်းပြီးတာတောင် မခွဲနိုင်၍ အတူတူနေကြလျက်။မုရဲ့ ဒုတိယမိသားစုဆိုလည်း မမှားပေ။
" ငါ အရွက်သုပ်လုပ်ထားတယ် အဝတ်စားလဲပြီး စားလိုက်"
" အရွက်မစားချင်ဘူး "
" မရဘူး မုမု နင်ဝလာတယ် dietလုပ်ရမယ် "
ဒါဒါက အဖွဲ့ထဲမှာ အကြီးဆုံးမို့ အငယ်များကို အမြဲဂရုတစိုက်ရှိသည်။မုလည်း အဝတ်စားလဲပြီး နာရီကို လှမ်းကြည့်လိုက်ရာ 8နာရီခွဲနေပြီ ဖြစ်သည်။
" ဟဲ့ ဒါဒါ ဟိုနှစ်ကောင် နောက်ကျတယ်နော် "
" ဟုတ်ပ နှစ်ယောက်သား အတူတူ ပြန်လာမယ်ဆိုပြီး "
" Hay girls... အိမ်ပြန်ရောက်ပါပြီ "
အသံကျယ်ကျယ်ဖြင့် အော်ကာ ရောက်လာသူမှာ သင်းသန့် ဖြစ်သည်။နောက်တွင် ဒီဒီလည်းပါ၏။
" ပြန်လာသေးတယ်နော် "
" နင်တို့လည်း ဘဲမရှိလို့ အိမ်ကပ်နေတာ "
သင်းသန်းရဲ့ ခနဲ့သော စနောက်မှုကို မုမုလည်း သူရဲ့ ငယ်ကျွမ်းကိုပြန်ဖော်ရင်း ခြေပခဲ့သည်။
" ဟုတ်ပါတယ်.. ..ငါတို့က ဘဲမရှိဘူး နင်ဘဲသာ နင်နဲ့တွဲပြီး အခြားသူကို ခိုးပြေးသွားတာ Haha. .haa "
" တော်ပြီ.... ရန်ဖြစ်ကြတော့မယ် တော်ကြတော့ "
ဒါဒါကတော့ လူကြီးဆန်စွာ တားလိုက်ပြီး ဒီဒီကတော့ ရည်းစားများသလောက် စကားနည်းသည်။
" ဟဲ့..... မုမုနဲ့ ငါ့မမကို ပြောပြလိုက်အုံး ကျောင်းပွဲအကြောင်း "
ဒီဒီ သတိပေးလိုက်ခါမှ သင်းသန့်လည်း သတိရသွားခဲ့သည်။
" အေး....အခုမှသတိရတယ် ငါတို့ကျောင်းမှာ ပွဲရှိတယ် "
" ဘာပွဲလဲ...နတ်ပွဲလား "
" အဆင်မပါတဲ့ ပွဲဆို noပဲ "
" ငါပြောလို့ရပြီလား...အစ်မတို့ "
သင်းသန့်ရဲ့ စကားကို မုနဲ့ ဒါဒါတို့လည်း မနှောင့်ယှက်တော့ပဲ ဆက်နားထောင်ခဲ့သည်။
" အေး....ကျောင်းဖွင့်ပွဲပုံစံဆိုတော့ ကျောင်းကလူကြီးတွေကော အရာရှိတွေကောလာကြမှာဆိုတော့ လူများတော့ အပြင်လူတွေပါ လာလို်ရတယ် ရောပြီးတော့ပေါ့ ဘယ်သူမှ သတိမထားမိလောက်ဘူး ကျောင်းကလူတွေလည်း အဲ့လို လုပ်မယ်ဆိုလို့ ငါနင်တို့ပါ ခေါ်မို့ "
" ငါနင်တို့ ကျောင်းမှာ အဆင်ပေါတာတော့သိတယ် "
" ဒီဒီလည်း လိုက်မှာ သူနဲ့ Lineပေါ်မှာ အီနေတဲ့ ကောင်လေးက ငါတို့ကျောင်းကမို့ နင်နဲ့ဒါဒါရော "
" အဆင်ငမ်းရမှာကို ငါကလက်လွတ်ခံစရာလား နင်ရောဒါဒါ "
" နင်တို့သွားမှတော့ ငါလည်းလိုက်ရတာပေါ့ "
" ဒါမဲ့ တစ်ခုတော့ရှိတယ် ငါကျောင်း Uniform ဝတ်ရမယ် ပြီးတော့ ငါတို့ ကျောင်းမှာ ဝဝနဲ့ ဆရာတစ်ယောက်ရှိတယ် သူကိုတွေ့ရင်ပြေးသားပြေး "
" ဘာလို့လဲ "
" သူက သိပ်စစ်မေးတတ်တာ နင်တို့ကိုဆို အသာလေးမိနိုင်တယ် "
" ok. ...ငါတော့လေ စိတ်ထဲမှာ မနက်ဖြန် ဖူးစာရှင်တွေ့ရမယ်လို့ ခံစားမိနေတယ် "
" မနက်ဖြန်ကျရင် ငါနားပဲကပ်နေ ဘာမှပြဿနာမရှာနဲ့ နော်မုမု "
မုမုရဲ့ ပြာတိပြာရာ အကျင့်ကြောင့် သွားသာသွားရမှာ ဒါဒါတစ်ယောက်တော့ စိတ်သိပ်မချချင်။
Advertisement
" ရပါတယ်.....မနက်ဖြန် ငါမုမု အဆင်တစ်ယောက်နဲ့ မငြိလာရင် ကြိုက်သလိုပြော "
" အေး..အဆင်နဲ့ငြိမလား ပြဿနာနဲ့ငြိမလား စောင့်ကြည့်တာပေါ့ "
" ဖတ်ဖတ်....လွဲပါစေဟယ် "
လူသတ်လက်နက်မျိုးစုံဖြင့် ပြည့်နေသော အခန်းကျယ်ထဲတွင် သေနတ်မျိုးစုံကို သေချာသိမ်းဆည်းထားလျက်။ထိုကျယ်ဝန်းသော အခန်းကြီးရဲ့ အလယ်တွင် အနက်ရောင်ကတီပါ ဆိုဖာကြီးပေါ်၌ ပစ်စတိုသေနတ်အား ပိုးထည်ပုဝါဖြင့် တယုတယသုတ်နေရင်း အတွင်းရေးမှူးကိုလင်း တင်ပြသမျှကို အောင်စစ်မှူးတစ်ယောက် သွေးအေးစွာ နားထောင်နေခဲ့သည်။
"နန်းမုဒြာ ကယ်လိုက်တဲ့ သားကောင်ကို ဆေးရုံမှာ ဆေးသွင်းပြီး ရှင်းလိုက်ပါပြီ ဆရာ သူနဲ့့ကြံရာပါကိုလည်း ဖမ်းမိထားပါတယ် "
" ရှင်းလိုက်....သေနတ်နဲ့ မရှင်းနဲ့ ကျည်အလကား မရဘူး ပုဆိန်နဲ့ ရှင်းလိုက် ။ငါပြောတဲ့ အတိုင်းရောလုပ်ပြီပြီးလား "
" ဟုတ်.... အစ်ကိုလေး မဟာကိုလည်း ကဒ်ပိတ်ထားပြီးပါပြီ "
"ဒီကောင် ဒီလတင် သုံးတာ သိန်းရာကျော်နေပြီ။ဒါနဲ့ မုဒြာရော ဒီရက်ပိုင်း ဘာတွေလုပ်နေလဲ "
" နန်းမုဒြာကတော့ ခါတိုင်းလို သင်တန်းနဲ့အိမ်ပါပဲ "
" ငါကို မျက်မှန်နဲ့ မျက်မမြင်တုတ်ကောက် စီစဉ်ပေးထာအုံး"
" ဟုတ်ကဲ့... ဒါနဲ့ ဆရာ သရဖီရောက်နေပါတယ် FLY International School ပွဲအတွက်လို့တော့ ပြောတာပဲ "
" ကျစ်.....ဒီမိန်းမ ရောက်လာပြန်ပြီ "
အောင်စစ်မှူးအတွက် ဘယ်မိန်းမမှကိုမှ အလိုမရှိ သူကို မည်သူမည်ဝါမှန်း မသိသော မုဒြာကိုမှ လွဲ၍ပေါ့။
Episode 4 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏
#Zawgyi
" ငါ အရွတ်သုပ်လုပ်ထားတယ် အဝတ်စားလဲပြီး စားလိုက်"
" အရွက်မစားချင်ဘူး "
" ပြန်လာသေးတယ်နော် "
Advertisement
" ဘာပွဲလဲ...နတ်ပွဲလား "
" အေး....ကျောင်းဖွင့်ပွဲပုံစံဆိုတော့ ကျောင်းကလူကြီးတွေကော အရာရှိတွေကောလာကြမှာဆိုတော့ လူများတော့ အပြင်လူတွေပါ လာလိုရတယ် ရောပြီးတော့ပေါ့ ဘယ်သူမှ သတိမထားမိလောက်ဘူး ကျောင်းကလူတွေလည်း အဲ့လို လုပ်မယ်ဆိုလို့ ငါနင်တို့ပါ ခေါ်မို့ "
" ဘာလို့လဲ "
" သူက သိပ်စစ်မေးတတ်တာ နင်တို့ကိုဆို အသားလေးမိနိုင်တယ် "
" ok. ...ငါတော့လေ စိတ်ထဲမှာ မနက်ဖြန် ဖူးစားရှင်တွေရမယ်လို့ ခံစားမိနေတယ် "
" ဖတ်ဖတ်....လွဲပါစေဟယ် "
"နန်းမုဒြာ ကယ်လိုက်တဲ့ သားကောင်ကို ဆေးရုံမှာ ဆေးသွင်းပြီး ရှင်းလိုက်ပါပြီ ဆရာ သူနဲ့ကြံရာပါကိုလည်း ဖမ်းမိထားပါတယ် "
Episode 4 Coming Soon
Advertisement
- In Serial363 Chapters
Crazy Duke And Fallen Queen
She's the Queen who lost a war. And he's the man who won.
8 6446 - In Serial9 Chapters
This Time, Her Turn
A bittersweet story of a couple in the modern day. While the man fell in love long ago, his partner seemed to think she could do without love. One incident changed that. Ramit knew it was time to give up and willed his rarely stubborn self to let her go, or if the need be, push her away. Only, Geetha's efforts to save their marriage would begin. This story offers angst etched in their untimely grovel, hurt/comfort and mini misunderstandings, and some light humour amid the grand plot of love.
8 317 - In Serial49 Chapters
The perfect timing | completed ✔
"Timing is always the key."These words always seem to be ringing in her head.Twenty-two year old Maddie struggles to find the correct time to tell him her true feelings...Dodging the heartaches and heartbreaks this man has caused her,Will she still be able to find the perfect timing? Before it is too late?*******PLEASE, DO NOT COPY MY BOOK!! ( ideas or something from it) Hope you guys enjoy my story. Written by: shimmery sunshineStarted: May 2, 2018Ended: October 31, 2019
8 159 - In Serial34 Chapters
Ever Since New York
Birdie Tomlinson, sister to Louis Tomlinson had just turned twenty-one. Her brother and his band mates have reunited in New York for few weeks to work on a new single. Louis has planned a party in honor of his sister and invited his friends and hers. While drinking and partying the night away, Birdie and Harry hit it off. After a drunken mistake and a one night stand, Birdie and Harry hide their secret from Louis. But with all of the time that the band and Birdie spend together only bring her and Harry closer. Will Harry and Birdie continue their romance or will family and friends drive them apart?
8 202 - In Serial74 Chapters
The Royal Contract || book one
ʳᵉʷʳⁱᵗⁱⁿᵍ ❝Tell yourself that I love you, that I'll do anything for you. The more you believe it, the more everyone else will.❞ ╚══ ❀•°❀°•❀ ══╝𝐏𝐑𝐈𝐍𝐂𝐄 𝐎𝐅 𝐀𝐑𝐂𝐇𝐃𝐀𝐋𝐄 is said to be heartless. He hates humans with a passion. No one wants to approach him since he's terrifying. One look at you with those piercing angered eyes and he'll send you spiraling away. However, when a rumor of the Prince impregnating a human girl starts sparking conversations, the chances of him becoming King hangs in the balance.𝐀𝐃𝐀𝐑𝐀 𝐃𝐄 𝐂𝐋𝐀𝐑𝐄 is shy and antisocial. Riddled with anxiety, she lives her semi-normal life with vampires all around her. She always hides in the shadows, not wanting to be seen. However, when a vampire attacks her on a lonely night it changes her life permanently. 𝐓𝐎𝐆𝐄𝐓𝐇𝐄𝐑 the Prince and Adara, have to fake-date in order to protect each other. And the best part? The whole world-including their parents-thinks it's real.The Prince who hates humans won't fall in love with one right? ⸻He's taller than me. At least a foot taller, if not higher. I always knew he was tall but I never knew how tall. My head reaches his chest. He looks down at me with those piercing light brown eyes. His body language gives nothing away about how he feels.❝Hold my hand, Adara.❞ .・゜゜・ ・゜゜・.*I do not own the photo. All rights go to the rightful owner on Pinterest*Started: April 15thEnded: July 7thediting and rewriting: July 14thended: 0.0.0Highest rankings (so far):#1- cleanromance#1- enemies#1- harsh#1- sixteen#2- contract#2- royal family#3- goodgirl #3- vampire#5- romance
8 169 - In Serial99 Chapters
Sent To The Past (Interracial Romance)
What would you do when out of nowhere you were sent to the past?? and not like Martin Luther King Jr days.Like the B.C past, yes before Jesus Christ his self days.what would you do? When you're sent to a place where you end up protecting someone from danger. Someone very special to his people but also wanted dead by some of his people.especially since that danger is being caused by someone who is suppose to love him but hates him and wants him dead. Knowing this person is a king from the past and you need his help to survive in this Era but what happens when you start falling? falling for someone in the past. someone who you have read in history books, what do you do when you know this person is going to be killed? what do you do when you start to love him? Would you change the past and save him? or let him die. But remember this, the past is never meant to change. So.... would you stay in the past or go back to the year you were living? ? Especially finding out you could go back home.Would You leave the people you have grown to protect and keep safe......Would you leave the man you have to learn to Love?#14 Brownskin #14/62
8 196