《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 8 )
Advertisement
လှပတဲ့ကံတရား မဟုတ်တဲ့ သူမနဲ့ တွေ့ဆုံမှုတွေကို မုသားတွေနဲ့ အတင်းလုပ်ယူတာကြောင့် တခါတလေ ကြောက်မိတယ်။မင်းကပါ ကိုယ့်အမေလိုမြင်ပြီး စွန့်ပစ်သွားမှကိုပေါ့။
နာရီဝက်ပဲ ရှိသေးတာတောင် မုကတော့ အတော်အိပ်မောကြနေသည်။ခုံနဲ့ကပ် အိပ်နေတာကြောင့် ပါးတခြမ်းပင်ရဲနေလေသည်။အချိန်ကိုလည်း ကြည့်လိုက်တော့ နေ့လည်စာစားချိန်ရောက်နေတာနဲ့ သူမကို နိုးရမည် ဖြစ်သောလည်း မနိုးရက်သေး။ အခုလိုပုံစံလေးကို နေ့တိုင်းမြင်ရဖို့ တောင်းဆိုမိလျှင် လောဘကြီးရာများကြမလား။ငါလိုလူက သူကို ပိုင်ဆိုင်ဖို့ တန်ရောတန်ရဲ့လား။ရင်ထဲမှာ စကားတွေ ေထာင်သောင်းမက ရှိနေပေမဲ့လည်း နှုတ်ဖျားကတော့ ကျောက်ရုပ်လိုသာဖြစ်နေခဲ့သည်။
စားပွဲမှာ ပြန်ထိုင်လိုက်ပြီး ခုံပေါ်က စာအုပ်ကို လက်ဖြင့်တိုက်ချလိုက်သည်။ဘုန်း ဆိုတဲ့ အသံကြားမှ သူမရဲ့ ကိုယ်လေးလည်း လိပ်ပြာလေးတစ်ကောင်လို လွင့်ပျံနိုးထလားတော့သည်။နိုးလာတာနဲ့ တန်းပြောလိုက်တဲ့ စကားမှာ တကယ်ကို စိုးရိမ်မှုအပြည့်။
" ဉီး....ဉီးဘာဖြစ်တာလဲ တစ်ခုခု ဖြစ်လို့လား"
" မဟုတ်ပါဘူး...တိုက်မိရုံပါ ကိုလင်းက နေ့လည်စားစာချိန်ရောက်ပြီလို့ ဖုန်းဆက်လို့ကိုင်ရင်း လက်နဲ့တိုက်မိသွားတာ "
မု ဉီးကို သိပ်သနားမိတယ်။ ငယ်စဉ်ကတည်းက မျက်မမြင်တစ်ယောက်မဟုတ်ပဲ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးကြောင့် ဉီးမှာအရာရာကို သူတပါးပေါ်ပဲ မှီခိုနေရတော့ တခါတလေတော့ အားငယ်မိမှာပါ။ဒါကြောင့် မုကပဲ သူအတွက် တခဏလေးပဲဖြဟ်ဖြစ် အဖော်ပြုပေးချင်မိတယ်။
" မု...သွားမယ်လေ နေ့လည်စားစာဖို့ "
လက်ကလေး တစမ်းစမ်းနဲ့ မေးနေတာကြောင့် မုလည်း ဉီးရဲ့ လက်ကိုပြေးတွဲလိုက်သည်။ဉီးနဲ့ ပတ်သက်ရင် ကိုယ်ရဲ့တုံ့ပြန်မှုက အမြဲ သတိလက်လွတ်ပင်။
Golden Company ဟာ နိုင်ငံရဲ့ ထိပ်တန်းထဲက တစ်ခုဖြစ်တာကြောင့် ဝန်ထမ်းလူဉီးရေးမှာလည်း မနည်းမနောပင်။နေ့လည်စာစားချိန်ဆို ပိုတောင်လူများသေးသည်။သို့သော် သူဌေးဆင်းလာတာမို့ အားလုံး လမ်းရှင်းပေးကြသည်။အမြဲတိုက်ခိုက်နေရသူမို့ bodyတောင့်တင်မှုကပြောစရာပင်မလို ။ သူရဲ့လူကောင်ကြီးမှုက မုနဲ့ယှဉ်သွားပါက တူရီးလိုပင် အာလုံးကတောင် အမျိုးလို့ပင် ထင်ကြေးပေးကြသည်။ တစိမ်းမိန်းကလေးကို အနားမကပ်ခံတာကြောင့်လည်းပါ၏ ။
Company အပြင်ရောက်တာနဲ့ တောင်ပြောင်မှုက မုပင် မှန်ကြည့်လို့ရအောင်လက်နေသော နိုင်ငံခြားထုတ် ဇိမ်ခံကားကြီးက ဆီးကြိုနေသည်။ဘယ်လိုနေနေ မုကတော့ ပြန်ပြောင်းဖြစ်နေပေမဲ့လည်း ဉီးကိုအရင် ကားထဲတွဲတင်ပေးခဲ့သည်။နောက်မှ မုကားပေါ်တတ်လိုက်သည်။အိမ်ကကားတောင် အခုကားနဲ့ယှဉ်ပါက ရွာက ထော်လာကြီးသာသာပင်။အထဲရောက်တာနဲ့ brownish အရောင် ကားထိုင်ခုံများက မုထိုင်လိုက်တာနဲ့ အိဝင်သွားသည်။မုကတော့ ကားထဲက အရာအားလုံးကို ကြည့်ရင်း တကယ်ကို မျောက်ကလေးပမာ။ စိတ်ဝင်တစား စပ်စုမိနေတာကြောင့် ဆိုင်ရောက်သွားတာတောင် မုသတိမထားမိခဲ့ပါ။
ဆိုင်ထဲရောက်တာနဲ့ အတွင်းရေးမှူးကိုလင်းက ဆက်မလိုက်တော်ပါ 1990အပြင်ဆင်များဖြင့် တခမ်းတနား ရှိလှသည်။ Classic ဆန်ပြီး High classဖြစ်တာကြောင့် မုပြင်အနည်းငယ်ရှိန်နေခဲ့သည်။အမေက စာဖိုးမှူးတစ်ယောက်ဖြစ်တာကြောင့် အဆက့်တန်းမြင့်အစားစာတွေ စားဖူးသောလည်း ဒီလိုနေရာကိုတော့ တခါမှ မလာဖူးတာအမှန်ပါ။မုလည်း ခုံမှာထိုင်တာတောင် Menu card ကိုကြည့်ရင်း ကြက်သေသေနေမိသည်။
" မု.. ဘာစားမလဲ "
" ရှင်...ဟမ် အော် Pastaပဲစားတော့မယ် "
" Okလေ....Stakeနဲ့ Pastaပေး Wine တော့မချပေးနဲ့တော့ "
" ဒါနဲ့လေ ဉီးဒီဆိုင်က စျေးကြီးမဲ့ပုံပဲနော် "
" စိတ်မပူနဲ့ မုကို မရှင်းခိုင်းဘူး "
" တကယ်...ကျေးဇူးတင်ပါတယ်နော် "
မုက ဟန်ဆောင်တတ်သော သူမျိုးမဟုတ် ကြိုက်ရင်ကြိုက်တယ် မကြိုက်ရင်မကြိုက်ဘူး ငြင်းတတ်ကာ ပွင့်လင်းသည်။မကြိုက်တဲ့ အရာကို အောင့်ကာ နမ်းမဲ့ မိန်းကလေးမျိုးလည်းမဟုတ်။ထိုအချက်တွေကပဲ မုက ကျွန်တော်ရဲ့ အဓိကဖြစ်လာစေခဲ့သည်။စားပွဲထိုးလာချတဲ့ အစားသောက်တွေကိုလည်း သူမကြိုက်ပုံပေါ်သည်။ကျွန်တော်ကိုပင် မမြင်နိုင်လောက်အောင် အစားများက သူမကို ပိုဆွဲဆောင်နေသည်။သူမ Pasta ကို တဝက်လောက်စားပြီးမှ ကျွန်တော်ကို သတိရသွားတော့သည်။
" မေ့နေတာ ဉီးစားဖို့လုပ်ပေးရမှာကို မု ကတကယ်ကို တုံးတာပါ "
" ရပါတယ်.... ကိုယ်က မုစားပြီးမှ ပြောဖို့ "
မင်းကတကယ်ကိုတုံးတာပါ။မင်းရှေ့ကလူကြီးက မင်းကိုအရမ်းချစ်တယ်ဆိုတာတောင် မမြင်လောက်တဲ့ထိ။
အသားကို လက်ကလှီးပေးနေပေပဲ့လည်း စကားပြောနေတဲ့ နှုတ်ခမ်းလေးကလည်းမရပ်။
" ဉီးသိလား...မု ငယ်ငယ်ကဆို stakeစားရမှာ သိပ်ကြောက်တာ မေမကေသင်ပေးပင်မဲ့ ဓားကိုင်ပြီးလှီးရင် အသားကချော်ထွက်တတ်လို့ အခုတော့ အဆင်ပြေသွားပါပြီ မေမေကြောင့်လေ "
" ကိုယ်ကတော့ အဲ့လိုမသင်ပေးခံရဘူး အမေက သူကို အမေလို့ ခေါ်တာတောင်မကြိုက်လို့ "
ဉီးရဲ့ စကားကြောင့် မုရဲ့လက်တွေ ရပ်တန့်သွားခဲ့သည်။ဉီးရဲ့ မျက်နှာက လွမ်းဆွတ်မှုတွေအပြည့်နဲ့ ကလေးတစ်ယောက်လို။ မုလည်း ဉီးရဲ့ ပခုံးလေးတွေကို လှမ်းပုတ်ရင်း
" မိခင်တိုင်းက သားသမီးကိုမချစ်ရင်တောင် မမုန်းကြပါဘူး ဉီးမေမေမှာ ဘာအကြောင်းတွေရှိလဲ မသိပေမဲ့ သူဂုဏ်ယူမှာပါ ဉီးလိုပီးပြည့်စုံတဲ့လူက သူသားလေးဖြစ်နေတာမို့လေ "
" ကိုယ်ကို....နှစ်သိမ့်နေတာလား "
" နှစ်သိမ့်တာရော ဖားတာရော အစားကောင်းကျွေးလို့လေး တော်ပြီ...စကားပြောတာရပ်ပြီး ပါးစပ်ဟ မု အကူလုပ်နေချိန်မှာ ဉီးကျန်းမာရေးက မုအတွက်အရေးကြီးတယ် "
" ဟုတ်ပါပြီ...လူလည်မလေးရယ် "
မုကျွေးတဲ့ အလုတ်တိုင်းကို စားခဲ့မိသည်။ဒီလို မစားရတာတောင် ကျွန်တော်အတွက်နှစ်အတော်ကြာခဲ့ပြီ အဲ့လိုတောင်မဟုတ်လောက်ပါ မစားဖူးတာလဲဖြစ်နိုင်ပါတယ်။နွေးထွေးမှုရှိတဲ့ ထမင်းဝိုင်းလေးကိုပေါ့။
Advertisement
နှစ်ယောက်လုံး စားသောက်ပြီး စားသောက်ဆိုင်ထဲက အထွက်.........
" မု ဒီနေ့တော့ ဒီလောက်နဲ့ပဲ အလုပ်ဆင်းတော့ "
" ဘာလို့လဲ.... မုက စကားအများကြီး ပြောလို့လား "
" မဟုတ်ဘူး မုက အခုမှ အလုပ်စလုပ်တာဆိုတော့ ပင်ပန်းမှာဆိုးလို့ နားခိုင်းတာ "
" ပင်တော့ မပင်ပမ်းပေမဲ့ မုဆွဲရမဲ့ design ပုံကြမ်းတွေ ပုံနေပြီး ဟီးဟီး "
" နောက်ရက်ကျမှ ပိုကြိုးစားပြီး ကိုယ်ကိုကူပေးပေါ့ "
" ဟုတ်ကဲ့.....ဉီးက မုတွေ့ဖူးသမျှလူတွေထဲမှာ အကြင်နာတတ်ဆုံးပဲ "
မုရဲ့ အသံလေးမြင့်ပြီး အလှပဆုံးအပြုံးတွေနဲ့ ပြောလိုက်တဲ့ စကားကြောင့် ကို့ယ်ကိုတောင် မသိလိုက်ခင်ပဲ နှုတ်ခမ်းလေးမှာ လေးကိုင်းပုံစံပြောင်းကာ သွားပေါ်မတတ်ရီခဲ့မိသည်။မင်းပြောသလို့တော့ ကိုယ်က ကြင်နာတတ်တဲ့လူတော့ မဟုတ်ခဲ့ပါဘူး ။
ဆိုင့်ရှေ့မှာ အသင့်ဆောင်နေတဲ့ ကားထဲ ဉီးကို ပို့ပြီးတာနဲ့ မုကတော့ သူအမြဲနှုတ်ဆက်နေကြအတိုင်း
" ဉီးရေ....ByeBye ပါနော် "
ဆိုတဲ့ စကားလေးကတော့ သတိတရ ပြောတတ်သည်။
နှုတ်ဆက်ပြီးတာနဲ့ ကားထွက်တာတောင် မစောင့်ဘဲ မုကတော့ Busကားဂိတ်ဆီကို ချီတတ်ခဲ့သည်။
" ဆရာ ဘယ်ပို့ပေးရမလဲ "
" ဘယ်မှ မသွားဘူး...မုနောက်ကိုလိုက်မယ် သူမရိပ်မိစေနဲ့ "
" ဟုတ်ကဲ့ ဆရာ "
ပတ်ဝန်းကျင်ကို သတိမထားတတ်သူမို့ သတိမထားမိလောက်ပေမဲ့ လိုရမယ်ရသိတိပေးလိုက်သည်။မုကတော့ Busကားတတ်စီးပြီး အိမ်ကို တန်းမပြန်ပဲ စျေးဘက်ထဲကို ဝင်သွားသည်။ပျံကျစျေးမို့ အောင်စစ်မှူး တစ်ယောက်လိုက်မဝင်ဘဲ ကားထဲကနေသာ ကြည့်နေသည်။ မုကလည်း စျေးအတွင်းထဲထိမသွားပဲ စျေးထိပ်နားတင်မို့ သူမကို ကောင်းကောင်း မြင်ရသည်။
စျေးသည်များကတော့ စျေးသိမ်းချိန်လာတဲ့ မုကိုတွေ့တာနဲ့ ခေါင်းခဲနေကြသည်။မုက စျေးသည်များကို အပြောချိုချိုဖြင့်တမျိုး ညည်းညူသံဖြင့်တမျိုး အမျိုးမျိုး အကြောင်းပြကာ စျေးစစ်တတ်တာကြောင့်ပင်။စျေးထဲက တစ်ချို့ စျေးသည်များကပင် မုကို ချစ်လည်းချစ် ကြောက်လည်းကြောက်တာမို့ မယ်စျေးစစ်လေးလို့ပင်ခေါ်ကြသည်။
" ကြီးကြီးရေ....ရေချို ပုစွန်ပေးပါ "
" ခါတိုင်းလိုပဲလား "
" မဟုတ်ဘူး...နည်းနည်းပိုပေးပါ "
" အမယ့် ဒီနေ့စျေးမစစ်ပါလား မယ်စျေးစစ်လေး "
" ကြီးကြီးကလဲ...ကြက်သားပါ 50သားလောက် ထည့်ပေးပါနော် အသားပဲ "
" စျေးမစစ်တဲ့ အပြင် ပိုတောင်ဝယ်နေပါလား ရည်းစားကိုချက်ကျွေးဖို့လား "
" မ..မဟုတ်ပါဘူး "
" မဟုတ်ဘူးသာပြောနေတာ ညည်းမျက်နှာကတော့ ဟုတ်နေတယ်နော် "
" ကြီးကြီး ဆက်နောက်နေရင် သမီးစျေးစစ်တော့မှာနော် "
" တော်ပါတော့အေ မနောက်ဘူး ရပါ့လား "
မုလည်းစျေးထဲ လျှောက်ပတ်ဝယ်ပြီးမှ အထုတ်ပေါင်းသောင်းခြောက်ထောင်နှင့် ပြန်ထွက်လာခဲ့သည်။အထုတ်တွေဆွဲလားတဲ့ မုကိုကြည့်ရင်း အလွန်ပင်သဘောတွေ့နေမိပြီး ဘာတွေများ ဒီလောက်တောင် ဝယ်နေတာပါလဲလို့ တွေးမိသည်။မုကတော့ အိမ်ပေါ်ကို မနိုင်မနင်းနဲ့တတ်သွားသည်။မု အိမ်ကိုပြန်ရောက်မှ အောင်စစ်မှူးလည်း ပြန်သွားခဲ့သည်။အိမ်ရောက်တာနဲ့ အိမ်ရဲ့ကြိုဆိုသံတွေက တကယ်ကို တစ်ယောက်တပေါက်ပင်။
" အစ်မတော်မု....ပြန်ရောက်တော်မူပါပြီလား "
" အလုပ်အဆက်ပြေရဲ့လား "
" ဟိုလူကြီးကချောတော့....အလုပ်ထဲ စိတ်ကောရှိရဲ့လား "
" ကောင်မတို့ တစ်ယောက်ချင်းစီးမေးကျပါလား "
" အဲ့ဒါဆို ငါမမမေးတာ အရင်ဖြေလိုက်ပြီးရင်ငါမေးတာဖြေ "
" အလုပ်ကတော့ အရမ်းအဆင်ပြေတယ် အလုပ်ထဲစိတ်ကတော့လုံးဝ မရှိဘူး အမြဲရင်ခုန်နေလို့ "
" ငါထင်တယ်....သူအဲ့လို အဆင်ကြီးကိုမှ မဘူးရင် နှာဘူးမဘွဲ့ရမဲ့သူမဟုတ်ဘူး "
" ငါခံစားချက်တွေကို အမှောင်လို မတွေးနဲ့ တော်ပြီ ငါဝယ်လာတဲ့ မုန့်တွေ မစားကြနဲ့ "
" နင်ကလည်း မုန့်တွေ ဝယ်လာရင်တော့ မျှစားရမှာပေါ့ အချစ်ဆုံးတွေပဲ ဟာကို "
" ဟဲ့ နင်ဝယ်လာတဲ့ အသားငါးတွေက ဘာလဲ အိမ်မှာ ဟင်းစားတွေရှိသေးတာကို "
" အဲ့တာ အိမ်အတွက်မဟုတ်ဘူး ဉီးအတွက် သူက အစားသောက်သေချာမစားလို့ ငါထမင်းဘူးထည့်ပေးမလို့ "
မုရှက်ပြုံးလေးပြုံးကာ ပြောလိုက်ခြင်းပင်။
" မုနင် ဉီးအောင်စစ်မှူးကို သဘောကျနေပြီလား "
ဒါဒါရဲ့ စကားကြောင့် မုအနည်းငယ်တွေးဝေမိသည်။မုကိုဘောကျလားမေးရင် သဘောကျတယ်။ဉီးရဲ့ မုအပေါ်ကြင်နာပြီး ဂရုတစိုက်ရှိမှုတွေကို မုသဘောကျတယ်။ချစ်လားမေးရင်တော့ မုအဖြေမရှိပါ။မှန်းဆလို့မရတဲ့ ရင်ခုန်သံတွေက ဉီးကြောင့် ဖြစ်လာတာဆိုပေမဲ့ အချစ်ဟုတ်မဟုတ်တော့ မုသေချာမတွေးတတ်တော့ဘူး။ဉီးကို မြင်တိုင်း မုသနားပြီး အနားမှာရှိနေပေးချင်တဲ့စိတ်ကတော့ သေချာသည်။
" ငါ...ငါ..မသိဘူး "
" ဖြူဖြူ သီချင်းလို မိန်းကလေးတစ်ယောက် အသဲကွဲနေသည်ဖြစ်တော့မှာတော့ မြင်ယောင်နေပြီ "
" သင်းသန့်..... နင်ပါးစပ်ပုတ်ကြီးကို ရေသွားဆေးလိုက် "
သင်းသန့်လည်း မုကို ဆက်မစတော့ပဲ စာပဲလုပ်နေတော့သည်။ အားလုံးက ဝယ်လာတဲ့ မုန့်တွေစားနေကြပေမဲ့ မုကတော့မစားနိုင် မနက်အမှီချက်ဖို့ ပြင်ဆင်နေသည်။ ပုစွန်ကို အပ်မှိုနဲ့ ရောကြော်ပြီး ကြက်သားကို ပေါင်မုန့်ခြောက်လေးနဲ့ ကပ်ကြော်ရန် စီစဉ်ထားသည်။အတွင်းရေးမှူးကိုလင်းကိုလည်း တစ်ဘူးလုပ်ပေးမယ်လို့ တွေးထားသည်။ သူကဉီးအနားမှာ အမြဲ ကူညီပေးနေရသူမို့ သူလည်းမုမမေ့ပါ။အိမ်က ဝေသာလီ ဘီလူးလေး သုံးကောင်ကိုလည်း ချန်ခဲ့ရအုံးမည်။ဉီးကရော မုချက်တဲ့ ဟင်းတွေကို ကြိုက်ပါ့မလား။စိတ်ဓာတ်ကျစရာတွေကို မုမတွေးတော့ပဲ ဟင်းချက်ဖို့ကိုပဲ အာရုံစိုက်လိုက်တော့သည်။
Advertisement
မုကတော့ သူရဲ့ မသိစိတ်ကဖြစ်ပေါ်လာတဲ့ အမည်မတပ်နိုင်တဲ့ ခံစားချက် တစုံတရာကြောင့် တစ်နေ့သူမ ပျော်ရွှင်နိုင်ပါ့မလား.........။
Episode 9 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
" ဉီး....ဉီးဘာဖြစ်တာလဲ တစ်ခုခုနဲ့ ဖြစ်လို့လား"
" မု.. ဘာစားမလဲ "
" ဒါနဲ့လေ ဉီးဒီဆိုင်က ဈေးကြီးမဲ့ပုံပဲနော် "
" ဉီးသိလား...မု ငယ်ငယ်ကဆို stakeစားရမှာ သိပ်ကြောက်တာ မေမကေသငျပေးပငျမဲ့ ဓားကိုင်ပြီးလှီးရင် အသားကချော်ထွက်တတ်လို့ အခုတော့ အဆင်ပြေသွားပါပြီ မေမေကြောင့်လေ "
" မိခင်တိုင်းက သားသမီးကိုမချစ်ရင်တောင် မမုန်းကြပါဘူး ဉီးမေမမှော ဘာအကြောင်းတွေရှိလဲ မသိပေမဲ့ သူဂုဏ်ယူမှာပါ ဉီးလိုပီးပြည့်စုံတဲ့လူက သူသားလေးဖြစ်နေတာမို့လေ "
" မု ဒီနေ့တော့ ဒီလောက်နဲ့ပဲ အလုပ်ဆင်သလိုက်တော့ "
" ဉီးရေ....ByeBye ပါနော် "
" ဆရာ ဘယ်ပို့ပေးရမလဲ "
" ဟုတ်ကဲ့ ဆရာ "
ဈေးသည်များကတော့ ဈေးသိမ်းချိန်လာတဲ့ မုကိုတွေ့တာနဲ့ ခေါင်းခဲနေကြသည်။မုက ဈေးသည်များကို အပြောချိုချိုဖြင့်တမျိုး ညည်းညူသံဖြင့်တမျိုး အမျိုးမျိုး အကြောင်းပြကာ ဈေးစစ်တတ်တာကြောင့်ပင်။ဈေးထဲက တစ်ချို့ ဈေးသည်များကပင် မုကို ချစ်လည်းချစ် ကြောက်လည်းကြောက်တာမို့ မယ်ဈေးစစ်လေးလို့ပင်ခေါ်ကြသည်။
" ခါတိုင်းလိုပဲလား "
" မဟုန်ဘူး...နည်းနည်းပိုပေးပါ "
" အမယ့် ဒီနေ့ဈေးမစစ်ပါလား မယ်ဈေးစစ်လေး "
" ဈေးမစစ်တဲ့ အပြင် ပိုတောင်ဝယ်နေပါလား ရည်းစားကိုချက်ကျွေးဖို့လား "
" မ..မဟုတ်ပါဘူး "
" ကြီးကြီး ဆက်နောက်နေရင် သမီးဈေးစစ်တော့မှာနော် "
" အလုပ်အဆက်ပြေရဲ့လား "
" ကောင်မတို့ တစ်ယောက်ချင်းစီးမေးကွပါလား "
" ငါ...ငါ..မသိဘူး "
Episode 9 Coming Soon
Advertisement
- In Serial35 Chapters
Keep Breathing
Keep Breathing follows lung cancer survivor Eury as she returns to her sleepy hometown, dreading coming home to her parents and the complicated past that still haunts her. Even with every amenity afforded to her by modern society, Eury has a hard time staying alive. But when the townspeople are driven insane and begin attacking one another at random, Eury is cut off from everything and everyone she holds dear, and left with a dwindling supply of oxygen. Hardships and heartaches, bloodshed and violence, once she’s through it all, will Eury be able to Keep Breathing?
8 152 - In Serial45 Chapters
Married But Single
"Mum, I can't marry him!" She exclaimed. "Didn't you see the way he looked at me the last time we had a meeting about this? He looked at me with disgust! That guy can never love me, mum.""He doesn't have to love you Annabelle," Monalisa replied. "Just focus on the money and fame his name will bring to us."Annabelle gasped, "What?" ***"If you expect me to fulfill any obligation as a...husband, to you, then think again."He said coldly. "We are married on paper only and I will never look at you as my wife!" Tears were beginning to form in her eyes. "To me, you are just a housemate."Her life was doomed. But she had no choice but to embrace what fate had brought her way. Her hot husband could not even stand the sight of her and she was bound to him forever. Could her life get any worse...? OrCould there be hope for her?***Highest Rankings: #1 in Watty #1 in Africa, #1 in hatred, #1 in lovely, #1 in jealousy #1 in arranged marriage #1 in billionaire #1 in proud
8 781 - In Serial38 Chapters
Mr. Right? ✔
[BXB] in which a boy leaves his love letters in the wrong person's locker.↬Kairo Alden has been pining for fellow classmate Alexandria Miller for as long as he can remember. Finally, with some persuasion from his friends, he decides to step out of his comfort zone and leave love letters in her locker. Only problem? He ends up leaving them in Alexander Rhodes' locker instead.milestones:6/25/20 - #3 in bxb7/03/20 - #3 in QUESTIONING7/06/20 - #3 in LGBTQ7/06/20 - #2 in QUESTIONING
8 183 - In Serial30 Chapters
The Sacrificial Queen
Deep within the heart of Translyvannia lays the Barn Castle home to the Dulra, the Vilkros and the Malagi. The ruling Golden Oracle Council dictates the behaviours of all the supernatural creatures including the vampires, shapeshifters, witches and warlocks. Isabella O'Brien, the Queen of the kingdom must face a contentious decree set by the Council to procure an heir within a year. Levied with an impossible decision, she wrestles with her duties to her people, her responsibility to the Council and her own hopes for the future.
8 105 - In Serial30 Chapters
ethan dolan - imagines
wholesome imagines that make ur heart melt
8 190 - In Serial13 Chapters
You're Bittersweet (on hold)
Isabel is an average high school sophomore who crosses paths with the schools bad girl. What is this Bad Girl hiding? Isabel must find out for herself in "You're Bittersweet"WARNING: Violence, Abuse ⚠️ Explicit Language ⚠️ (gxg)
8 196