《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 11 )
Advertisement
အချိန်စက်ဝိုင်းလည်ပတ်မှုကပဲ မြန်တာလား လူသားတွေရဲ့တစ်နေ့တာကပဲ တိုတာလားတော့မသိ မုတောင် အောင်စစ်မှူးဆီမှာ အလုပ်လုပ်တာ တစ်လတောင်ပြည့်ခဲ့ပြီ။မုရဲ့ တလအတွင်းဖြတ်သန်းမှုမှာ အခက်ခဲဆုံးအရာကတော့ အောင်စစ်မှူးကို ထပ်နမ်းပြီး သူမစိတ်ကို ဆန်းစစ်ရန်သာဖြစ်သည်။
မုကဲ့သို့ လွတ်တော်ရုံးမှာ အလုပ်သင်ဝင်နေတဲ့ ဒါဒါကလည်း နေ့စဉ်အမှု အခက်ခဲတွေကို ရင်ဆိုင်နေရသည်။အထက်လူကြီးတွေရဲ့ တောက်တိုမရလုပ်လိုက် နှစ်ချုပ် အမှုစာရင်းရေးရ နောက်ဆုံးနှစ်အတွက် စာလေ့လာရနှင့်သူမအတွက် နေ့ရက်ကုန်ဆုံးမှုကိုတောင် သေချာမတွေးမိ။ထိုမျှသာမက ညီမတော်အတွက် သင်တန်းကြေး အချိန်ပိုင်းအလုပ်ကိုလည်း ပြေးရသေးသည်။
အမြဲအလုပ်ဝန်ပိနေသောသူမဆီကို နောက်ဆုံးတော့ အကြီးဆုံးပြဿနာကြီး ရောက်ရှိလာတော့သည်။ဒါဒါတို့ ဌာနကိုရောက်တဲ့ အလုပ်သင်တိုင် အမြဲဖြေရှင်းပေးရတော့ ပြဿနာကတော့ အမတ်ကြီး ဉီးဝံသရဲ့ တဉီးတည်းသောသားဖြစ်သူရဲ့ ဘုံအရှုပ်ထုတ်တွေကို ဖြေရှင်းပေးရခြင်းသာဖြစ်သည်။ အလုပ်သင်ရှေ့နေပေါက်စတို့အတွက် အစမ်းစာမေးပွဲဆိုလျှင်လည်း ပိုမုန်မည်။
" သွဲ့ဒါရေ.....နင်ကို အမှူးဆောင်ရှေ့နေကြီးက သူရုံးခန်းကို ခဏလာခဲ့ပါတဲ့ "
" အေးအေး...ငါ ဒီအမှုပြန်လည်သုံးသပ်ချက်ရေးပြီးရင် သွားလိုက်မယ် "
" မြန်မြန်တော့..သွားလိုက်နော် နင်အတွက် အဇာဒသတ် mission လာတော့မယ် "
ဒါဒါလည်း သူအလုပ်ထဲပဲ အာရုံရှိတာမို့ ဝန်ထမ်းကောင်မလေးရဲ့ စကားကို အမှုမဲ့အမှတ်မဲ့သာ ထားလိုက်သည်။သုံးသပ်ချက် အမြန်ရေးပြီးတာနဲ့ အမှူးဆောင်ရုံးခန်းထဲကို သူမအမြန်သွားတော့သည်။သူမရုံးခန်းထဲ ဝင်သွားတာနဲ့ အထက်လူကြီးကပင် ခါတိုင်းထက်ပို မျက်နှာချိုသွေးနေတာမို့ ဒါဒါ မျက်လုံးခပ်လှုပ်လှုပ်ရှိတော့သည်။
" သွဲ့ဒါ...လာပါအုံး ဆရာ သမီးကို အထူးခိုင်းစရာရှိလို့ ဝင်တဲ့ အလုပ်သင်တွေထဲမှာ သွဲ့ဒါလောက် ယုံကြည့်ရတဲ့ သူကလည်းမရှိဘူးလေ "
" ဟုတ်ကဲ့...ဆရာ "
" ဆရာတို့က ဘယ်သူရဲ့ ရှေ့နေတွေဆို သမီးလဲ သိတယ်မလား "
" သိပါတယ်...ဆရာ "
ဒါဒါ သိပ်သိတာပေါ့ နိုင်ငံရဲ့ ဖြောင့်မတ်မှန်ကန်တ ဲ့ အုပ်ချုပ်မှုဆိုင်ရာအမတ်ကြီး ဉီးဝံသအကြောင်းကို...။
" အမတ်ကြီးမှာ သားတစ်ယောက်ရှိတယ် သူကအခု case လေးတစ်ခုကြောင့် လွန်ခဲ့တဲ့ တစ်နာရီလောက်က ရဲစခန်းကိုရောက်နေတယ်.... အဲ့ဒါကို သမီးက အမတ်ကြီးနာမည် မသုံးဘဲ ရှင်းပေးရမယ် လျော်ကြေးမပေးရရင် အကောင်းဆုံးပေးမဲ့ case ကလျော်ကြေးပေးမှရမဲ့ဟာမို့ သမီးမတတ်နိုင်လည်း ပြဿနာတော့မရှိပါဘူး "
" ဆရာ...သမီးက အခုမှ ကျောင်းတောင်မပြီး... "
" ကိစ္စမရှိပါဘူး... သွဲ့ဒါရယ်.. ဒီကဒ်လေးနဲ့ စကားလေးနည်းနည်းပြော လျော်ကြေးပေးပြီ လူထုတ်ပေးခဲ့ရုံပဲ "
" ဟုတ်...ဟုတ်ကဲ့ "
ရှေ့နေဆိုတဲ့ နာမည်ကဒ်လေးရသောလည်း ကောင်းသောပေးခြင်းမဟုတ်။မငြင်းလို့ကလည်းမရ ငြင်းလို့ကလည်းမရ။ခိုင်းတဲ့လူကိုယ်တိုင်က အမှုမနိုင်မှန်းသိရဲ့နဲ့ ခိုင်းနေတော့လဲ ဒါဒါတစ်ယောက် ဘာမှပြောစရာမရှိတော့၏ ။အထက်လူကြီးက ဖြေရှင်းပြီရင် အိမ်တန်းပြန်ခိုင်းလိုက်ပြီး ဒါဒါကို လာဘ်ထိုးလိုက်သေးသည်။
ဒါဒါလည်း ကိုယ်ဆွေမျိုးမဟုတ်တဲ့ လူတစ်ယောက်အတွက် ရဲစခန်းကို အမောတကော ပြေးသွားခဲ့သည်။ ရဲ့စခန်းရောက်တာနဲ့ တွေ့လိုက်ရသည်မှာ အမောဆို့စရာပင်။ရုပ်ခံလေးသာနာပြီး သောင်းကျန်းလွန်းလို့ အချုပ်ထဲမှာ လက်ထိပ်ဖြင့် ထိုင်နေရသောသူတစ်ယောက်။ ထုိသူကိုကြည့်ရင်း သူမသေချာသိလိုက်သည် သူမဖြေရှင်းရမဲ့ caseဆိုတာကို။
တာဝန်ရှိရဲရဲ့ ရှေ့မှာထိုင်နေပြီး အမျိုးမျိုးတိုင်တန်းနေကြတဲ့ လင်မယားနှစ်ယောက်ကို ကြည့်ကာ ဒါဒါကောက်ချက်ချလိုက်သည်။ထိုအမှုမှာ မယားခိုးမှုပင်။ဒါဒါ သက်ပြင်းလေးတချက်ချပြီး ကိုယ်ကိုကိုယ် ယုံကြည်ဖို့ရိုက်သွင်းရင် ထိုရဲဝန်ထမ်းရှေ့ကို လျောက်သွားလိုက်သည်။
" တွေ့ရတာ ဝမ်းသားပါတယ် ကျွန်မက ဟိုအချုပ်ခန်းထဲကလူရဲ့ ရှေ့နေပါ "
" ကဒ်ကလေးပြ လို့ရမလားဗျ "
" ဒီမှာပါရှင့်.....အမှုကိစ္စ အရင်မပြောခင် အကျဉ်းသားမမြောက်သေးတဲ့ ကျွန်မအမှုသည်ကို ထုတ်ပေးလို့ရမလား "
"အဲ့လိုတော့ရမလား....သူက ကျုပ်မိန်းမကို လိင်စော်ကားတဲ့ကောင် "
" အိုး...အဲ့လို့လား ဒါဆို ရှင်မိန်းမ စော်ကားခံရ မခံရဆိုတာ ဆေးစစ်ရင် သိနိုင်တယ်လေ အခုလောလောဆယ် မရေးကြီးတာက ကျွန်မအမှုသည်ကို စစ်ဆေးချင်တာပါ ရှင်ဝင်မပါပါနဲ့ "
ရဲဝန်ထမ်းတွေလည်း ပြတ်သားတဲ့ သူမရဲ့ စကားကြောင့် အကျဉ်းသားနှင့် သီးသန့် ပေးတွေ့လိုက်သည်။မီးခိုးရောင်ဆံပင်ဘုတ်သိုက်နှင့် ကြယ်သီးသုံးလုံးလောက်ဖြုတ်ထားသော ကျားသစ်ကွက် အင်ကျီဖြင့် ဘောင်းဘီမှာလဲ ဟိုပြဲဒီပြဲ စတိုင်ဖြင့် ထိုသူမှာ အမတ်ကြီး ဉီးဝံသရဲ့ သားဆိုတာကြောင့် ဒါဒါ နည်းနည်းတော့ အံြ သမိသည်။ထိုသူကတော့ ဒါဒါကို သိသလိုလုပ်ကာ သွေးပေနေသော နှုတ်ခမ်းဖြင့် အပြုံးပန်းချွေ ပြနေသည်။
" အမတ်ကြီးရဲ့သားဆိုတာသိပေမဲ့... နာမည်လေး တချက်လောက်ပြောပြလို့ရမလား "
" ကိုယ်ကို...မမှတ်မိဘူးတော့ဘူးလား ကိုယ် မဟာလေ "
" ဟမ်...အိမ်ပိုင်ရှင်မဟာ "
" ဟုတ်တယ်လေ "
" ပုံစံတူပေမဲ့ တစ်ယောက်ထဲလို့တော့ မထင်ထားဘူး အဲ့တာအရေးမကြီးပါဘူး ကျွန်မမေးတာသာဖြေပါ "
" ရှေ့နေလား...အသက်ကော "
" မေးတာပဲဖြေ ပြန်မမေးနဲ့.....အဲ့မိန်းကလေးနဲ့ တွေ့တာဘယ်လောက်ကြာပြီလဲ "
" တပတ်လောက် "
" လိင်ရော... ဘယ်နှကြိမ်ဆက်ဆံဖူးလဲ "
" နေ့တိုင်းနီးပါးလောက် "
" သူရော...ရှင်ချမ်းသာတာသိလား နောက်ပြီး လိင်ဆက်ဆံတဲ့ဒဏ်ရာအပြင် အခြားရိုက်နှက်တာရောလုပ်သေးလား "
" ငါကိုသူက ချမ်းသာလို့ကပ်တာ ငါကမိန်းမလှလေးတွေကို ရိုက်တတ်သူလည်း မဟုတ်ပါဘူး "
" အဲ့လောက်ဆို ရပြီ သွားမယ် ရှင်ကိစ္စကို သွားရှင်ဖို့ "
Advertisement
မဟာကို အနည်းငယ်သာစစ်မေး၍ ဒါဒါကတော့ သူမရဲ့ ဆံပင်ကို အထက်သို့ ပင့်စီးလိုက်သည်။ထိုနောက် နဖူးတိဆံမြိတ်လေးကိုလည်း ဖွဖွလေးသပ်ရင်း ရင်ဘတ်မှာညှပ်ထားသော မျက်မှန်အဝိုင်းလေးကို တက်လိုက်ပြီး သူမကိုသူမ သေသပ်အောင်ပြင်နေတော့သည်။
" မင်း....ကိုယ်ကို ယုံတယ်ပေါ့ "
" ဟမ်..... မယုံဘူး ယောကျားတစ်ယောက်အနေနဲ့ ဒါမဲ့ အမှုသည်တယောက် အနေနဲ့တော့ ရှင်ကို ယုံတယ် "
" ကျေးဇူးပါနော် ငါပြောတာကို ယုံပေးတဲ့ ရှေ့နေက မင်းတစ်ယောက်ပဲရှိလို့ လာဖြေရှင်းပေးတဲ့ ရှေ့နေတိုင်းက ငါကို သေချာမမေးကြလို့ပါ.....မင်းလိုပေါ့ "
ဒါဒါအတွက်လည်း ယောကျားတစ်ယောက်အပေါ် ပထမဆုံး သနားဂရုဏာသပ်မိခြင်းပင်။ သူမလည်း မဟာကို တချက်ပြုံးပြပြီး အခန်းထဲမှ ထွက်သွားသည်။မဟာကတော့ သူမရဲ့ အပြုံးကြောင့် ရင်ထဲပင် မီးဟတ်နေတော့သည်။ဒါပေမဲ့ သူကောင်းကောင်း နားလည်ပါသည်။ဒါဒါက သူကို လူပေါ်ကျော်တစ်ယောက်ထက် ပိုမတွေးတာကိုပေါ့.....။
" ဘယ်လောက်ပဲ....သူရှေ့နေဖြစ်ပါစေ သူတို့ လိမ်ဆက်ဆံတယ်ဆိုထဲက မယားခိုးမှုမြောက် ခင်ဗျား သိသင့်တယ်.... လျော်ကြေးသိန်းတရာက သူအတွက်များလို့လား "
" ရဲတစ်ယောက်ဖြစ်ပြီး ရှင်စကားကို ဘယ်လိုပြောလိုက်တာလဲ....ပိုက်ဆံတောင်းဖို့ပဲသိတာလား ပြီးတော့ ကျွန်မတို့နိုင်ငံရဲ့လူငယ် 80%လောက်က Living together နေကြတာချည်းပဲ ဒါကိုလက်ထပ်ထားတယ်ဆိုရင် သူတို့ရဲ့လက်ထက်စာချုပ်ဘယ်မလဲ လိင်စော်ကားတာကတော့ ဆေးစစ်ချက်ယူပြီးရှင်းကြတာပေါ့.... နောက်ပြီး ကိုမဟာရဲ့ ကိုယ်ကျင့်တရားကို ထိခိုက်ေစတဲ့အတွက် ကျွန်မတို့ဘက်ကလည်းပြန် တရားဆွဲမှာပါ "
ဒါဒါရဲ့ အသေးစိတ်ကျတဲ့ ထောက်ပြမှုတွေကြောင့် ရဲစခန်းရှိလူများပြင် ပါးစပ်အဟောင်းသားဖြစ်ရတော့သည်။ရဲဝန်ထမ်းနဲ့ အော်ကြီးဟစ်ကျယ် ငြင်းနေသူမှာ စကားပြောရင် အသံတိုးပြီး အနေအေးသော သွဲ့ဒါမှ မဟုတ်တော့သလို။သူမရဲ့ အသံကျယ်လောင်မှုကို အချုပ်ထဲက မဟာပင် အံအားသင့်ရသည်။
" အဲ့...အဲ့လို... ဆိုတော့လည်း သူကို လွတ်ပေးလိုက်ပါ့မယ် ဒါမဲ့ ခံဝန်ဂတိလက်မှတ်တော့ထိုးရမယ် အခုနက သောင်းကျန်းထားလို့ "
" ရဲမှူး...အဲ့လိုလုပ်လို့ မရဘူးလေ ဒါကျွန်မတို့ကို သပ်သပ်ခေါင်းပုံဖြတ်တာ "
" အဲ့လိုဆိုလည်း တရားရုံးမှာရင်ဆိုင်ကြတာပေါ့ "
ဒါဒါရဲ့ စကားကြောင့် ဘာမှအထွန့်မတတ်နိုင်တော့။သူမလည်း မဟာကိုထုတ်ပြီး စခန်းရှေ့ရောက်တာနဲ့ ထားခဲ့ပြီး အိမ်ပြန်ဖို့လှည့်ထွက်သွားလိုက်သည်။မဟာလည်း သူမလက်ကို အတင်းဖမ်းဆုပ်လိုက်၏ ။
" ရှင်ဒါဘာလုပ်တာလဲ "
" မင်းခုနကပြောတော့.....ကိုယ်ရှေ့နေဆို "
" ခဏပဲ အထက်လူကြီးလွှတ်လိုက်လို့ "
" ကိုယ်.... အဖေဆီမှာ အလုပ်လုပ်နေတာလား "
" ဟုတ်တယ် "
" လာ....အိမ်ပြန်လိုက်ပို့ပေးမယ် "
" ရှင်လိုနေ့တိုင်း... နေစားအိပ်ပျော်ပါးနေပြီး ဘဝအတွက် နာမည်ခေါင်းစဉ်တပ်စရာမရှိတဲ့လူနဲ့ ကျွန်မအချိန်တွေ အကုန်မခံနိုင်ဘူး "
" ဟူး....မင်းပြောသလို ငါက တဏှာရှုးနော် လူတွေရှိလဲ ငါမလုပ်ရဲတာဘာမှမရှိဘူး "
ဒါဒါရဲ့ နားသို့ကပ်ပြီး ဆွဲငင်မှုအပြည့်ပါတဲ့ တီးတိုးစကားသံက သူမရဲ့နားလေးကိုပင် ရဲတတ်လာစေကား ငြင်းဆန်နိုင်စွမ်းများမရှိ။ကားတံခါးဖွင့်ပေးတဲ့ မဟာကလည်း သူမကို မျက်လုံးဖြင့် ကားထဲဝင်ရန် အချက်ပြလိုက်သည်။ဒါဒါလည်း ကားရှေ့ခန်းမှာဝင်ထိုင်လိုက်၏ ။ကားမှာ ခရမ်းနက်ရောင်ပြိုင်ကား ဖြစ်ပြီး ကားထိုင်ခုံများကို ဇိမ်ခံတတ်သူပီပီ သားမွေးပွများခင်းထားသည်။မိန်းမလိုက်စားသူလို့ သက်သေပြနေသည်အရာများကလည်း ကားထဲအပြည့် ။ကားနောက်ခုံတွင် အမျိုးသမီးဘရာ ပွင့်ရက်ဖြစ်နေသော ကား locker ထဲတွင် အမျိုးစားစုံသော ကွန်ဒုံများအပြည့်။
မဟာလည်း ဒါဒါမျက်နှာပျက်နေခါမှ သူရဲ့ အရှုပ်တွေကို ကမန်းကတန်းကောက်ရှင်းနေတော့သည်။ သူရှင်းနေတာကြောင့် ကားတောင်တော်တော်နှင့်မထွက်နိုင်။
" ရှင်သိလား.....တချို့ကွန်ဒုံတွေကလည်း အရည်သွေးမကောင်းလို့ မလုံခြုံဘူးဆိုတာ "
" ဘာလဲ မင်းကစိတ်ပူနေတာလား "
ဒါဒါလည်း မဟာစကားကို ပြန်မဖြေဘဲ အိမ်ရောက်သည်ထိ အသံတိတ်နေတော့သည်။တိုက်ရှေ့ရောက်တော့ ဒါဒါကားပေါ်ကဆင်းတာနဲ့ သူကပါလိုက်ဆင်းသည်။ မကြာပါဘူး သူငယ်ချင်းအမျိုးသားတစ်ယောက်ကားပေါ်က ဆင်းလာတာကို ကြိုအနံ့ရနေသည့်အလား မုရောက်ချလာသည်။
" ဒါဒါ.....နင် ရည်းစားလား "
" သေလိုက်ပါလား...ဒါငါတို့ အိမ်ရှင် ကိုမဟာတဲ့ "
" အိမ်..အိမ်ရှင်လား တွေ့ရတာဝမ်းသာပါတယ်နော် နန်းမုဒြာ လို့ခေါ်ပါတယ် အစ်ကိုအိမ်ငှားထဲက တစ်ယောက်ပါ အခုတော့ Golden Company မှာလုပ်နေပါတယ် "
" မုမု.....နင်မွေးထဲက အကြောင်းတွေပါပြောပြလိုက်ပါတော့လား "
" နင်ကလည်း ငါက ဉီးCompanyက နာမည်ကြီးမို့ နည်းနည်းကြွားချင်ရုံပါ "
" အဲ့တာ....အစ်ကို ဉီးလေး Companyလေ ဉီးအောင်စစ်မှူးက ကိုယ်ဉီးလေး "
" Wow. ...တကယ်လား ဉီးကတစ်ခါမှ မပြောဖူးတော့ "
" လေးလေးအောင်ကအဲ့လိုပဲ ခုတောင်အစ်ကိုကို ပြစ်ထားတာ ဒါနဲ့ အစ်ကိုပြန်လိုက်ပါအုံးမယ်နော် "
" ဟုတ်ကဲ့ "
" Bye Bye နော် သွဲ့ဒါရေ "
ဒါဒါလည်း မဟာဆီမှ သူမရဲ့နာမည်ကို ကြားလိုက်ရတော့ ကြောင်တောင်တောင်ဖြစ်သွးသည်။မဟာလို့ မိန်းမရှုပ်တဲ့လူက သူမနာမည်ကို မှတ်မိနေတာကတကြောင်း သူမနာမည်ကို ခေါ်သံက အရမ်းနှုးညံ့နေတာကတကြောင်း သူမရဲ့ကိုယ်ကတော့ မလှုပ်မယုတ်သာရပ်နေတော့သည်။
" အမယ်....ဒါဒါဆီကနေ ငါတော့ အချစ်သတင်းတွေကြားရတော့မယ် ထင်တယ် "
" တော်ပါအိမ်ပေါ်တတ်မယ်..... နင်သာ သဘက်ခါတင်ရမဲ့ assignment တွေပြီးပြီလား "
" ဟုတ်ပ....သေပါပြီ ငါတော့ဒီည ဇီးကွတ်စိန်ဖြစ်ရတော့မယ်ထင်တယ် "
Advertisement
" မုမု နင်သိလား ကိုမဟာက.... ဘယ်သူရဲ့ သားဆိုတာကို "
" ငါကဘာလို့ သိရမှာလဲ "
" သူက အုပ်ချုပ်မှုဆိုင်ရာအမတ်ကြီး ဉီးဝံသရဲ့ သားလေ "
" အဲ့တာဆို ဉီးဝံသနဲ့ ဉီးက ညီအစ်ကိုတွေပေါ့ ငါထင်တောင်မထင်ထားဘူး "
" အဲ့တာပြောတာ....သူမှာ ဒီလောက်နောက်ခံ အင်အားကောင်းတာတောင်မသိရတာ နင့်ဉီးက သိပ်ကိုလျိုဝှက်တတ်တဲ့သူနေမယ် "
ဒါဒါဆီက သတင်းကြောင့် မု တစ်ညလုံး assignment ရေးရင်းတွေမိတော့သည်။ဉီးက သူဆွေမျိုးတွေကိုတောင် သိပ်အဖက်မလုပ်တာ ဘာအကြောင်းကြောင့်များပါလဲ။ ဉီးရဲ့ မိသားစုဝင်တွေကရော ဘယ်လိုမျိုးများပါလိမ့်ပေါ့။မုက အောင်စစ်မှူးကို စိတ်ဝင်စားနေသူမို့ သူအကြောင်းတွေကို တစတစသိချင်လာတော့သည်။သူမရဲ့ အတွေးထဲမှာတော့ အောင်စစ်မှူးရဲ့အကြောင်းဟာ တကယ်ကို လျိုဝှက်နက်ရှိုင်းလွန်းတဲ့ ချောက်နက်ကြီးလိုပင်......။
Episode 12 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။🙏🙏🙏
#Zawgyi
" ဟုတ်ကဲ့...ဆရာ "
" သိပါတယ်...ဆရာ "
" အမတ်ကြီးမှာ သားတစ်ယောက်ရှိတယ် သူကအခု case လေးတစ်ခုကြောင့် လွန်ခဲ့တဲ့ တစ်နာရီလောက်က ရဲစခန်းကိုရောက်နေတယ်.... အဲ့ဒါကို သမီးက အမတ်ကြီးနာမည် မသုံးဘဲ ရှင်းပေးရမယ် လျော်ကြေးမပေးရရင် အကောင်းဆုံးပေးမဲ့ case ကလျော်ကြေးပေးမှရမဲ့ဟာမို့ သမီးမတနိုင်လည်း ပြဿနာတော့မရှိပါဘူး "
" ဆရာ...သမီးက အခုမှ ကျောင်းတောင်းမပြီး... "
" ဟုတ်...ဟုတ်ကဲ့ "
" ဒီမှာပါရှင့်.....အမှုကိစ္စ အရင်မပြောခင် အကျဉ်းသားမမြောက်သေးတဲ့ ကျွန်မအမှုသည်ကို ထုတ်ပေးလို့ရမလား " အဲ့လိုတော့ရမလား....သူက ကျုပ်မိန်းမကို လိမ်စော်ကားတဲ့ကောင် "
" ဟမ်...အိမ်ပိုင်ရှင်မဟာ "
" ဟုတ်တယ်လေ "
" ရှေ့နေလား...အသက်ကော "
" တပတ်လောက် "
" သူရော...ရှင်ချမ်းသာတာသိလား နောကျပွီး လိင်ဆက်ဆံတဲ့ဒဏ်ရာအပြင် အခြားရိုက်နှက်တာရောလုပ်သေးလား "
" ဘယ်လောက်ပဲ....သူရှေ့နေဖြစ်ပါစေ သူတို့ လိမ်ဆက်ဆံတယ်ဆိုထဲက မယားခိုးမှုမောက်တာ ခင်ဗျား သိသင့်တယ်.... လျော်ကြေးသိန်းတရာက သူအတွက်များလို့လား "
" ရဲတစ်ယောက်ဖြစ်ပြီး ရှင်စကားကို ဘယ်လိုပြောလိုက်တာလဲ....ပိုက်ဆံတောင်းဖို့ပဲသိတာလား ပြီးတော့ ကျွန်မတို့နိုင်ငံရဲ့လူငယ် 80%လောက်က Living together နေကြတာချည်းပဲ ဒါကိုလက်ထပ်ထားတယ်ဆိုရင် သူတို့ရဲ့လက်ထက်စာချုပ်ဘယ်မလဲ လိင်စော်ကားတာကတော့ ဆေးစစ်ချက်ယူပြီးရှင်းကြတာပေါ့.... နောက်ပြီး ကိုမဟာရဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စတဲ့အတွက် ကျွန်မတို့ဘက်ကလည်းပြန် တရားဆွဲမှာပါ "
" ရဲမှူး...အဲ့လိုလုပ်လို့ မရဘူးလေ ဒါကျွန်မတို့ကို သပ်သပ်ခေါင်းပုံတ "
" ရှင်ဒါဘာလုပ်တာလဲ "
" ဟုတ်တယ် "
" ဒါဒါ.....နင် ရည်းစားလား "
" ဟုတ်ကဲ့ "
" Bye Bye နော် သွဲ့ဒါရေ "
" ငါကဘာလို့ သိရမှာလဲ "
Episode 12 Coming Soon
Advertisement
- In Serial6 Chapters
YOUR MY LAST (GAYXGIRL)
ATTENTIONNNNNN!!!!! MAYBE YOUR NOT MY FIRST! BUT YOUR MY LAST FOREVERRRRR!!!!""LEFT RIGTH! LEFT! LEFT RIGTH LEFTT!! RIGTH ! LEFTTT!!!! AHHH PINAPANA AKO NG MGA PUSOOO!!!!
8 146 - In Serial49 Chapters
Desire ✓ - OLD VERSION
Lydia Cruz was the average girl , with a steady job as a waitress and sharing an apartment with her best friend Olivia and living in manhattan .Seth Madden was a powerful cold man , the man meant business when it came to his powerful company . Seth never had time for girls nor did he ever want to get involved in one .But when his mother throws a ice ball at his building and Lydia stumbles in wearing a blue beautiful dress . Seth can't help but feel captivated by the beautiful woman behind the mask .WARNING: I am in the process of rewriting this book , this book is an old draft that I wrote three years ago and I am in the process of rewriting as of now.
8 135 - In Serial45 Chapters
Satin on the Slopes
Penelope is ready to stop living in her ex-fiance's shadow. Sure, he's one of the best players in the NHL, but she's one of the best photographers in the hockey industry. After an ugly break up she finds herself trying to stitch her career back together by taking odd jobs. This time she's keeping one rule in mind: no romantic contact with the talent. Not even when the talent is a pair of handsome snowboarders.
8 190 - In Serial20 Chapters
No Fear Shakespeare-Merchant Of Venice
ALL CREDIT TO SPARKNOTESCrowther, John, ed. "No Fear The Merchant of Venice." SparkNotes.com. SparkNotes LLC. 2005. Web. 16 May 2016.
8 243 - In Serial50 Chapters
WOLF CHASE
"Cease your mindless touching, woman." Sebastian glared down at her, but she merely giggled. He looked so adorable when he was angry."I don't think I want to." Her fingers rose to his cheeks, where there was a shadow of stubble. She wondered what he would look like with a full-grown beard.Fed up with her wandering, Sebastian bit her index finger. Massie yelped and brought the injured digit to her chest, he didn't bite it hard enough to bleed, but it hurt her momentarily nonetheless. "What was that for!""I have low tolerance for disobedience," he said darkly.--Cover by: chatoyants- thank you for the lovely cover :D---Summary: In a town known as Dark Falls, Massie is a new girl excited to start anew. What she didn't expect is to be irrevocably drawn to an enigmatic group of handsome strangers--more specifically their silent leader, Sebastian Pierce, who seems bent on avoiding her at all costs. Massie always loved a good challenge, she just didn't know it'd end up being a wolf chase.
8 125 - In Serial24 Chapters
A Complete Crossing To Rebirth
Luo Mingli was a genius in martial arts and could learn everything easily. He was known as a refined and gentle person who had mastered the six arts.His master had also made Luo Mingli read many novels to his dismay.After reading through many novels, his master came to him and said, "You will face the most life changing tribulation and if you succeed, you will prosper with a fortuous life. But if you fail, a path of thorns and hardships, equivalent to heaven's obtrusion, will become your new life."When the day of his birthday arrived, Luo Mingli was struck to death by lightning and transmigrated as a cannon fodder of the novel his master made him read. What's more, the cannon fodder he was in was so insignificant, his name wasn't even mentioned!Now, he was married to a Prince who was the villain but it seems like he would end up dead before even getting to see the so called villainous prince's face! | |[Reversable couple]||~Disclaimers~。Cover is not mine, credits to the creator, I only edited it.。Any pictures used is not mine unless I say otherwise.。sporadic updates。Story is currently in RE-WRITING
8 231