《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 12 )
Advertisement
မု ညက အတွေးကောင်းခဲ့သမျှက အခုမှအစွမ်းတွေပြတော့သည်။ တင်ရမဲ့ Assignments လည်း တစ်မျက်နှာစာလောက် ကျန်သေးတဲ့အပြင် ညလုံးပေါက်မအိပ်ဘဲ စာကြည့်ခုံမှာ ထိုင်နေတာကြောင့် ခါးများပင် ညောင်းညိကာ အလုပ်ကိုသေချာမလုပ်နိုင်ဖြစ်နေ၏ ။မုတစ်ယောက် မပြီးသေးတဲ့ assignmentကြောင့် ခါတိုင်းကြွတ်ကတိုးလို ပြုံးနေတတ်သော မျက်နှာလေးမှာပင် မုဆိုးမရုပ်လုံးလုံး ဖြစ်နေသည်။
အောင်စစ်မှူးလည်း မုရဲ့ မျက်နှာကို နေ့တိုင်းအကဲခတ်နေသူမို့ သတိထားမိသည်။ မုလည်း စာကြည့်တိုက်ကို သွားပြီး စာကျန်လေး ထပ်လုပ်ချင်ပေမဲ့ သူ့ဉီးကို စိတ်လည်းမချ မတောင်းလဲ မတောင်းဆိုရဲပေ။ ဒါပေမဲ့ သူမရဲ့မျက်လုံးလေးကတော့ တစ်ခုခုတောင်းဆိုချင်ဟန် အပြည့်ဖြင့်။မတင်ရင်လည်း နောက်တနှစ်ပြန်တတ်ရမည်အထိ အရေးကြီးတဲ့ assignmentမို့ မုတစ်ယောက် အရဲစွန့်တောင်းဆိုမိတော့သည်။
" ဉီး...ဉီးလည်း သိမှာပါ ကျောင်းသားတွေအတွက် စာက ဘယ်လောက်ထိ အရေးပါလဲဆိုတာကို "
အောင်စစ်မှူး အနည်းငယ် သဘောပေါက်တော့သည်။ မုက စကားအတတ်မလေးမို့ သူကို လှည့်ပတ်ပြောနေသည်ကိုလည်း သိ၏ ။ သူလည်း Shares စာချုပ်တွေ စီစစ်ပြီးတာနဲ့ ကျန်အလုပ်များက အတွင်းရေးမှူးကိုလင်းနှင့် လွှဲလို့ရသည်မို့ မုကိုအချိန်ပေးချင်တော့သည်။
" သွားမယ်...."
" ဘယ်ကိုလည်း ဉီး "
" စာကြည့်တိုက်ကို..... ကျောင်းသားတွေအတွက် စာကအရေးပါတယ်ဆို စာသွားလုပ်ရမှာပေါ့ "
" တကယ်.....တကယ်လားဉီး မုတောင်မပြောရသေးဘူးလေ ဉီးရဲ့ IQကလေတကယ်ကို ဉာဏ်ကြီးရှင်ပဲ မုကိုသွားခွင့်ပေးလို့ ကျေးဇူးပါ "
" ဘယ်သူက မင်းကို တစ်ယောက်ထဲ ပေးသွားလို့လဲ "
" ဟမ် "
" ကိုယ်ပြောတာ သွားမယ်လို့ပြောတာ သွားလို့ပြောတာ မဟုတ်ဘူးလေ "
" ဉီးပါလိုက်မှာလား "
မုကတော့ သူမရဲ့ အပျော်တွေကို ဟန်ဆောင်မှုကင်းတဲ့ အပြုံးတွေဖြင့် ဖော်ပြလိုက်သည်။ သူမရဲ့ အပြုံးလေးတွေက နှုတ်ခမ်းတွင်သာမက မျက်ဝန်းထဲကပါ လှိုက်လှဲစွာဖြင့် ဝမ်းမြောက်မှုတွေကို တွေ့ရလေသည်။သူမရဲ့ အဲ့လိုပုံစံလေးကပဲ ကျွန်တော် နှလုံးသားကိုရော လိုချင်တပ်မက်စေတဲ့ စိတ်ကိုပါ နိုးထစေသည်။
မြို့လည်းမှာရှိတဲ့ ကျောင်းသားတိုင်းရဲ့ ဗဟုသုတအသိုက်မြုံဖြစ်တဲ့ စာကြည့်တိုက်ဆီကို မု အောင်စစ်မှူးရဲ့ လက်ကလေးကိုဆွဲရင်း ဝင်လာခဲ့သည်။နေရောင်ဖြာကျနေတဲ့ ပြတင်းပေါက်နားက စားပွဲခုံလေးကို ရွေးပြီး မု အောင်စစ်မှူးကို အရင်နေရာချပေးလိုက်သည်။အောင်စစ်မှူးကတော့ နေကာမျက်မှန်အမဲကြီးကို တပ်ကာ မျက်မမြင် ဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နေတော့၏ ။မုကတော့ သူ့ဉီး လိုက်လာပြီး ပျင်းနေမှာစိုး၍ ကြိုတင်ပြင်ဆင်လာတဲ့ ဖုန်းနဲ့ နားကြပ်လေးကို ထုတ်ကာ တိုးတိုးလေးပြောလိုက်သည်။
" ဉီးရေ...စာကြည့်တိုက်လာတာဆိုတော့ ပျင်းနေမှာဆိုးလို့ Helen Keller ဘာသာပြန်စာအုပ်ကို မု record သွင်းထားတယ် ဉီးက စာအုပ်ဖတ်လို့မရတော့ နားကြပ်နဲ့ နားထောင်နော် ဉီးဖတ်သင့်တဲ့ စာအုပ်မို့နောက်ဖတ်လို့ရအောင်........ အသံသွင်းထားပေမဲ့ အခုကြုံတုန်း ဖတ်လိုက် မုညက စာမလုပ်ပဲနဲတောင် သွင်းထားရတာ "
" မုက.... အဲ့လိုစာအုပ်တွေလည်း ဖတ်တာပဲလား အချစ်အကြောင်းတွေပဲ ဖတ်မယ်ထင်တာ "
" မုက စာဆိုအကုန်ဖတ်ပါတယ်နော်.... ကျောင်းစာကလဲွဲပြီး "
" ကလေးမ...စာလုပ်မယ်ဆိုပြီး လေပေါမနေနဲ့တော့ "
" မုလည်း စာတကယ်လုပ်တော့မှာမို့ ဉီးလည်း လာမနှောင့်ယှက်နဲ့တော့နော် "
မုလည်း သူမရဲ့ အာရုံတွေကို စုစည်းဖို့ အိတ်ထဲက ဆံညှပ်လေးကို ထုတ်ပြီး ဆံပင်လေးကို လိမ့်တင်လိုက်သည်။ စာလုပ်ရင်း စဉ်းစားတာပါပါက နှုတ်ခမ်းဖဲ့တတ်တာသူမအကျင့်ပင်။တဖက်က စာရေး တစ်ဖက်က နှုတ်ခမ်းဖဲ့ရင် 5မိနစ်လောက်ကြာတော့ သူမ စာအုပ်စင်ဘက်မှ စာအုပ်တွေယူပြီး စာကို အာရုံရောက်သွားတော့သည်။မုသည် စာတော်သော ကျောင်းသူ မဟုတ်သောလည်း စိတ်ဝင်စားသော အရာများကို အကောင်းဆုံးလုပ်တတ်သူဖြစ်သည်။အောင်စစ်မှူးကတော့ ဖုန်းထဲက သူမဖတ်ပြထားတဲ့ Record ကိုနားထောင်ရင်း လက်နှစ်ဖက်ကို ပိုက်ကာ ခါးကို ခုံမှာမှီလိုက်၍ မျက်လုံးလေးကို မှိတ်ထားလိုက်သည်။သူမရဲ့ အသံလေးကြောင့် သူရဲ့ ပင်ပန်းမှုများ တဝက်လျော့ခဲ့ပြီ။
" နောက်ဆုံးတော့.... ငါဟာ တကယ်ကို ကြိုးစားသူလေးပါ ရေးရေး...ရေး "
မု စာပြီးသွားလို့ အပျော်လွန်ကာ သီချင်းပင် ထဆိုမိ၏ ။ အောင်စစ်မှူးကတော့ ကျောက်ရုပ်လိုပင် ငြိမ်နေတာကြောင့် သူမအိပ်နေသည်လို့ သတ်မှတ်လိုက်သည်။ထိုနောက်သူမ ခေါင်းထဲသို့ မကောင်းတဲ့ အတွေးများစတင် ဝင်ရောက်လာသည်။
" ငါ....ဟိုမိန်းမပြောသလို လုပ်ကြည့်ရင်ကောင်းမလား.... မရဘူး မရဘူးနော် မုဒြာ နင်ကမိန်းကလေးနော် မိန်းကလေးလဲ ဘာဖြစ်လဲ သူသိတာမှ မဟုတ်တာ ဟဲဟဲ ဉီးရေ မုကို တခါလောက် ခွင့်ပြုပါနော် "
လက်အုပ်လေးချီကာ တောင်းပန်ပြီး မု အောင်စစ်မှူး နားကို ခါးလေးကုံးကာ ကပ်သွားလိုက်သည်။အောင်စစ်မှူး ရဲ့ မျက်နှာချင်းဆိုင် စာရေးခုံပေါ်မှာ တိတ်တိတ်လေးထိုင်၍ သူမမျက်နှာလေးကို အောင်စစ်မှူးဆီတိုးကပ်လိုက်ပြီး ညင်သားတဲ့ အနမ်းတစ်ပွင့်ကို အစပျိုးလိုက်သည်။ သူမရဲ့ နှုတ်ဖျားလေးဖြင့် အောင်စစ်မှူးရဲ့ နှုတ်ခမ်း အထက်အောက် မျက်နှာပြင်ကို ပွတ်တိုက်စုပ်ယူပြီး နမ်းရှိုက်လိုက်တော့သည်။အောင်စစ်မှူးကလည်း သူကိုလာရောက် စားသုံးနေသော မုရဲ့ နှုတ်ခမ်းလှုပ်ရှုားမှုကို သိသောလည်း လက်နှစ်ဖက်ကို အတင်းဆုတ်ကာ သည်းခံထားရသည်။ သူစိတ်လွတ်ပြီး သူမအနမ်းကို တုံ့ပြန်မိပါက မုသံသယဝင်နိုင်ခြင်းကြောင့်သာ....။
1မိနစ်လောက်ကြာတာတောင် မုသူမရဲ့ အနမ်းကို မရပ်နိုင်ခဲ့ ။ နောက်ဆုံးမှာတော့ သူမရဲ့ နှလုံးသာက တိကျတဲ့ အဖြေကိုရလိုက်သည်။ သူမရဲ့ နှလုံးသားအနက်ရှိုင်းဆုံးမှာ နေရာအပြည့်ယူထားတဲ့ သူက အောင်စစ်မှူးဆိုတာကိုပေါ့။
( တဆက်ဆက်တုန်ခါနေတဲ့ မုရဲ့ နှလုံးသားကတော့ ဉီးကို ချစ်ကြောင်း ဝန်ခံနေမိပြီ......မုရဲ့ အချစ်တွေကို မျက်မြင်မပြနိုင်ပေမဲ့ ဉီးမြင်နိုင်ဖို့ မုအချစ်တွေနဲ့ ဖော်ပြမှာမို့ ဉီးမြင်အောင် ကြည့်ပေးပါနော်.... )
မုလည်း သူမလက်လေးတဖက်ကို ရင်ဖက်ဖိပြီး နောက် တဖက်က နှုတ်ခမ်းများကို ထိရင်း သူမရဲ့ခံစားကြောင့် ပျော်ရွှင်နေမိတော့သည်။အောင်စစ်မှူးလည်း နမ်းနေစဉ်တလျှောက်လို ငြိမ်နေရတာကြောင့် မုလွတ်လိုက်မှ နိုးနေဟန်ဖြင့် အနည်းငယ် လှုပ်ရှားလိုက်၏ ။မုလည်း သူနိုးလာတော့မှာကို သိတာကြောင့် သူမခုံဆီပြန်သွားပြီး စာအုပ်တွေကောက်သိမ်းနေလိုက်တော့သည်။
Advertisement
" ဉီးရေ....ကောင်းကောင်းအိပ်ပျော်ရဲ့လား စာကြည့်တိုက်က လေကောင်းလေသန့်ရတော့ အေးချမ်းတယ်မလား "
" အိပ်ပျော်လွန်းလို့ အိပ်မက်တောင်မက်တယ် "
" ဘာအိမ်မက်လဲ ......ဟင် "
" မျောက်မလေးတစ်ကောင်....လာနမ်းတဲ့ အိမ်မက် "
" ဘာကြီး....မျောက်မ "
အောင်စစ်မှူးကတော့ သူမကို ပြုံးပြုံးကြီးသာ ကြည့်နေတော့သည်။ မုစိတ်ထဲမှာတော့....
( ဘာလို့ မျောက်မလဲ ငါကဒီလောက်ရုပ်ဆိုးလို့ ဉီးအိမ်မက်ထဲမှာ မျောက်ဖြစ်နေတာလား..... ဒါမှမဟုတ် ဉီးသိသွားတာလား မဖြစ်နိုင်တာ ငါက ညင်ညင်သာသာလေးပဲ နမ်းတာကို ) သူမကတော့ အောင်စစ်မှူး အစထဲက အိပ်မနေခဲ့တာကို လုံးဝမသိခဲ့ချေ။
" ဒါမဲ့.....အိမ်မက်ဆိုးတော့ မဟုတ်ပါဘူး ချိုလွန်းပါတယ် ကိုယ့်အတွက် "
" ဟမ်....ဘယ်လိုတောင်လဲ ဉီးရယ် မျောက်နမ်းတာကို ချိုတယ်ဆိုတော့ ဟားဟား.. ...ဟား "
" ရီမနေနဲ့ စာလုပ်ပြီရင် ပြန်မယ် စာအုပ်တွေ သိမ်းတော့ "
" ဟုတ်ကဲ့ပါရှင့် စာအုပ်တွေ စင်ပေါ် သွားပြန်တင်လိုက်ပါအုံးမယ် "
မု စာအုပ်တွေကို ပိုက်ပြီး အောင်စစ်မှူး နှုတ်ခမ်းအားတချက် ကြည်လိုက်သည်။နီစွေးစွေး နှုတ်ခမ်းလေးက သူမအနမ်းကြောင့် ဖူးငုံနေတာမြင်တော့ အရမ်းတွေ အသည်းယားမိသည်။သဘောကျလွန်းလို့ စာအုပ်စင်လှေကားပေါ်ရောက်တာတောင် ထပ်လှည့်မိသည်။အပျော်လွန်းပြီး မုတစ်ယောက် သူမ စင်လှေကားအသေးလေးပေါ်မှာဆိုတာကို သတိမေ့ပြီး ခြေလေးကိုစောင့်မိရာ ခြေထောက်ခေါက်ပြုတ်ကျတော့၏ ။ လှေကားကလည်း အနည်းငယ်မြင့်လွန်းတာကြောင့် သူမအကြောက်လွန်၍ မျက်လုံးပင် ဖွင့်မကြည့်ရဲ ခေါင်းပေါက်ဖို့ကိုသာ အဆင့်သင်ပြင်ထားတော့သည်။
ရုတ်တရက် နွေးထွေးတဲ့ အငွေ့သက်များက မုကို ထွေးပွေ့လိုက်၏ ။မုကတော့ ရင်ခွင်ကျယ်ကြီးထဲတွင် ခွေခွေလေးကျ သွားတော့သည်။မု ထိုသူမျက်နှာကို မေ့ာကြည့်လိုက်ရာ စကေးဖြင့် တိကျစွာပုံဖော်ထားသည့် မေးရိုး ယောကျာ်းတို့ ဂုက်ကို ဖော်ပြနေသည့် လည်ဇလုတ် မုပင် ကလေးတစ်ယောက်လို ခံစားရသည့် ပခုံးကျယ် ထို အမျိုးသားများရဲ့ အရိုင်းဆန်တဲ့ အလှတရားကို ဖော်ပြနေသူမှာ အောင်စစ်မှူးသာဖြစ်သည်။
" အမယ်လေး..... တော်သေးတာပေါ့ ဉီးဖြစ်နေလို့ မု သေတော့မယ်တောင်မှတ်တာ "
" ပြာကလဲစိန်မလေး ဖြေထောက်ထိခိုက်နိုင်တယ်ဆိုတာ သိရဲ့လား "
" ဒါနဲ့ ဉီးက ဘယ်လိုဒီရောက်လာတာလဲ မြင်လည်းမမြင်ရတာကို "
" ကိုယ်လည်း ထိုင်ရတာညောင်းလာတဲ့ ဟိုစမ်းဒီစမ်းလျှောက်ရင်း ဒီနောက်ရောက်တော့ အသံကျတော့ရပ်လိုက်တာ မုကပြုတ်ကျလာတာပဲ "
အောင်စစ်မှူး အဖြေက သိပ်မဟုတ်လှပေမဲ့ မုကတော့ အချစ်စိတ်မွှန်၍ ဘာမှမတွေးတော့ခဲ့။
" ဆင်းတော့.. ကိုယ့်ပေါ်က "
" ဟို...ဟို..ဟိုလေ ဉီး မုခြေထောက်က အရမ်းနာပြီး ရောင်လာတယ် ခုနေများ လမ်းလျှောက်လိုက်ရင် ထော့နဲ့မ ဖြစ်သွားမလားမသိဘူး "
လူလည်မလေးတစ်ယောက်တော့ သူ့ကိုယ်ပေါ်က မဆင်းချင်းတာနဲ့ ဂွင်ဆင်နေပြီဆိုတာ အောင်စစ်မှူး သိလိုက်၏ ။ သူကိုယ်တိုင်ကလည်း သူမကို ပြန်မချပဲ ချီထားချင်တာလည်း ပါတာကြောင့် မုပြောတာကို လက်ခံလိုက်သည်။
" အဲ့တာဆို ကိုယ်ကိုပြော....မုအိတ်သွားယူဖို့ ခြေလှမ်းဘယ်နှလှမ်း လဲဆိုတာ "
" Ok. ..အင်း...ခြောက်လှမ်းလောက် ဉီးတစ်ခုခုနဲ့ ထိမိတော့မယ်ဆိုရင် မုဉီးရင်ဘတ်ကို ပုတ်လိုက်မယ် "
" ယူလို့ရပြီလား အိတ် "
" ရပြီ....ဉီးက တကယ်တော်လိုက်တာ မြင်နေရတဲ့ အတိုင်းပဲ ဒီတိုင်းပဲ စာကြည့်တိုက်ထဲက ထွက်ကြတာပေါ့ "
" ခဏလေး...ကိုယ့် အိတ်ကပ်ထဲက ဖုန်းယူပြီး ကိုလင်းကို ခေါ်လိုက် "
" ဉီး password ပြောအုံး "
" 112002"
" ဉီး password ကြီးကလည်း မုမွေးနေ့နဲ့တူလိုက်တာ မုက 1ရက်1လ 2002မှာမွေးတာလေ "
( တကယ်လဲ....မင်းမွေးနေ့ပြောင်းထားတာလေ အရှုးမလေးရဲ့)
" စကားမများနဲ့ ကိုလင်းကို ခေါ်လိုက်ပြီးရင်.....ဖုန်းကို ကိုယ့်နားနားကပ်ပေး "
" ဟုတ်ကဲ့ "
" Hello..... ကိုလင်း ရေခဲနဲ့ ဆေးပလာစတာ ဝယ်ထားပြီး ကားကို စာကြည့်တိုက်ရှေ့လာ ကြိုပေးပါ "
" ဉီးဆေးမှာတာ မုအတွက်လား "
အောင်စစ်မှူးလည်း အမေးမြန်းထူလွန်းတဲ့မုကို ဘာမှပြန်မပြောတော့ပေ။မုလည်း စာကြည့်တိုက်ထဲ ထွက်မဲ့ လမ်းကိုသာ ပြောနေလိုက်သည်။ စာကြည့်တိုက်ထဲရှိ မိန်းကလေး ယောကျာ်းများကတော့ မုကိုအားကျမဆုံး။ဗလတောင့်ပြီး ရုပ်ရည်ပြေပြစ်တဲ့ လူရဲ့ ရင်ခွင်ထဲက မုနေရာကို လူတိုင်းမဝင်ချင်သူမရှိ။မုကလည်း အားလုံးရဲ့ အကြည့်တွေကြောင့် ငါကွဆိုတဲ့ မျက်နှာမျိုးဖြင့် မျောက်အုန်းသီးရလိုက်သည်အတိုင်း။
နောက်ဆုံးတော့ ခက်ခဲမရှိကားဆီရောက်ထဲတော့သည်။ မုကို ကားထဲမှာထိုင်ခိုင်းပြီး ကားတံခါးဖြင့် ကွယ်ကာ အောင်စစ်မှူး မုရှေ့မှာ ဒူးထောက်လိုက်၏ ။ အတွင်းရေးမှူးကိုလင်းကတော့ ခပ်လှမ်းလှမ်းမှာ သွားရပ်နေသည်။သူမရဲ့ ခြေဖဝါးလေးကို သိမ်းယူလိုက်ပြီး ရဲနေတဲ့ နေရာကို ရေခဲကပ်ပေးလေ၏ ။မုလည်း အောင်စစ်မှူးရဲ့ အပြုမူကြောင့် မျက်လုံးအပြူးသားသာ ကြည့်နေမိသည်။
" ဉီးရယ်......မုကို ငရဲကြီးအောင် လုပ်နေတာလား ကိုယ်ဘာသာ လုပ်လိုက်ပါ့မယ် "
" ဘာလို့ ငရဲကြီးရမှာလဲ..... ကိုယ်ကြိုက်လို့ ကိုယ်လုပ်ပေးတာကို "
ဉီးစကားကြောင့် မုပင်ရှုးရတော့မည်။မုကို ချစ်နေပြီလာဟုလည်း မတွေးဝံ။ အဲ့လို့ မမျှော်လင့်ဘူး ပြောပြန်လဲ လိမ်နေလို့သာ ဉီးဆီကနေ မျှော်လင့်လျက်လမ်းလေးတွေပြီလို့သာ တွေးမိလိုက်သည်။အောင်စစ်မှူးလည်း မုကို သူကိုယ်တိုင်းဆေးလိမ်းပေးပြီး တိုက်ရှေ့ထိလိုက်ပို့ပေးသည်။ခြေထောက်လေး ထော့နဲ့ ထော့နဲ့ဖြင့် တိုက်ပေါ်တတ်သွားသော မုကိုကြည့်ရင်း အောင်စစ်မှူး သက်ပြင်းရှည်ကြီး ချမိတော့သည်။ သူစိတ်တွေကို ထိန်းထားသမျှ အခုမှပင် လွတ်မြောက်သွားသလို....။
" ကောင်မတို့ ငါကြော်ငြာစရာရှိတယ် "
Advertisement
အိမ်ရောက်တာနဲ့ အိမ်တောင်မချပဲ မုကတော့ သူအကြောင်းကို ဆော်အော်ချင်ပေမဲ့ သူငယ်ချင်းမများကတော့အဖက်မလုပ်။TV ကြည့် စာလုပ် skin care မပျက်ကြလို့ မု အသားကုန် ဟစ်အော်လိုက်တော့သည်။
" ငါ ဉီးကိုချစ်မိနေပြီ အချိန်ကိုက်တာနဲ့ ငါဖွင့်ပြောတော့မယ်! !!!! မသာမတို့ရေ..... "
အဖက်မလုပ်ခဲ့သော မျက်လုံးများဟာ အခုတော့ တယောက်မျက်နှာ တယောက်ကြည့်နေမိတော့သည်။ မု အောင်စစ်မှူးဆီ စိတ်ရှိနေတာ သိပေမဲ့ အတည်ကြီးမှန်းမရိပ်မိ။မုက အရမ်းလှတဲ့ထဲမပါပေမဲ့ အကြည့်ခံတဲ့ မျက်နှာလေးကြောင့် လူကြိုက်များသူဖြစ်သည်။အမြဲ အဆင်ငမ်းတတ်ပေမဲ့ မည်သူကိုမှ ချစ်သည်လို့ မကြာဖူး ။ရည်းစားဆိုမစဉ်းစားတဲ့ သူက ကြိုက်တော့လဲ သူမထက် 15နှစ်တောင်ကြီးတဲ့သူဖြစ်တဲ့အပြင် မသန်စွမ်းတယောက်ပါ ဖြစ်တာမို့ သူတို့ သူငယ်ချင်းကို လုံးဝသဘောမတူချင်ကြပေ။ ထိုသူက သူကိုယ်တိုင်တောင် မမြင်ရတာ မုကို ဘယ်လိုများ ကာကွယ်ပေးမလဲဆိုပြီး စိတ်ပူတာလဲပါသည်။
" နင်တို့က....ဘာမှမပြောတော့ ငါအားငယ်လာပြီ "
" ကြိုးစားထားနော် မုမု "
" နင်ရုပ်ကို မမြင်ရတော့လက်ခံမှာပါ "
" နင်ကို ငြင်းလို့ကတော့ သင်းသန့် ဆိုတဲ့ ငါကိုယ်တိုင်သူကို သွားသတ်မယ် "
" ဟားဟာ.... နင်တို့ကလည်း "
ဘယ်လောက်ပဲ သဘောမတူပါစေ မုရဲ့ မျက်နှာလေးကို ငဲ့ကာ အားပေးခဲ့ကြသည်။တစ်ယောက်ကို တစ်ယောက် အကြံပေးပြီး အေးတူပူမျှ မိသားစုနှင့် ထပ်တူခံစားပေးတဲ့ သူတို့လေးတွေကြောင့် မုဘဝရဲ့အခက်ခဲတဝက်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။သူငယ်ချင်းကောင်းရင် ဆွေမျိုးမလိုဘူးဆိုတဲ့ စကားကို မုနှင့်သူမ သူငယ်ချင်းတွေက သက်သေပင်......။
Episode 13 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
Raaderလေးတို့လည်း Crushကြီးကို မုလို့ဂွင်ဖမ်းနိုင်မှရမယ်နော်🤭🤭🤭
#Zawgyi
" သွားမယ်...."
" ဘယ်ကိုလည်း ဉီး "
" ဟမ် "
" ဉီးပါလိုက်မှာလား "
" ဉီးရေ....ကောင်းကောင်းအိပ်ပျော်ရဲ့လား စာကြည့်တိုက်က လေကောင်းလေသန့်ရတော် အေးချမ်းတယ်မလား "
" ဘာအိမ်မက်လဲ ......ဟင် "
" ဘာကြီး....မျောက်မ "
အောင်စစ်မှူးကတော့ သူမကို ပြုံးပြုံးကြီးသာ ကြည်နြတော့သည်။ မုစိတ်ထဲမှာတော့....
" ဆင်းတော့.. ကိုယ့်ပေါ်က "
" ယူလို့ရပြီလား အိတ် "
" ခဏလေး...ကိုယ့် အိတ်ကပ်ထဲက ဖုန်ယူပြီး ကိုလင်းကို ခေါ်လိုက် "
" ဉီး password ပြောအုံး "
" 112002"
" ဟုတ်ကဲ့ "
Advertisement
- In Serial185 Chapters
Onyx Lycan Nightclub
[18+] A Lycan's favourite meal is a fresh virgin mortal. If you dare visit the Onyx Lycan Nightclub in Dire Wolf City, it's just a matter of time before you fall to a Lycan's deadly wolf charm.Contract to Entry: Onyx Requirements. No panties, dispose of them at the front. Swallowing isn't optional. If you die it's not our fucking fault. Signed, Lycans of Dire Wolf City. Your signature, blank space.WARNING:HEAVY ADULT CONTENTHORROR-ROMANCEEROTICA
8 410 - In Serial44 Chapters
The Whispered War
"The Salian Nobility; they'll embrace you with the right hand, then stab you with the left."When Leon, the heir to the Renart Duchy, realized he was falling in love with his stepmother he knew the secret was one that could tear the whole family down. Long has he detested the games of lies, blackmail, secrets, and assassinations that the lords of his homeland play, but now he must learn to play the game as well as his father does if he wishes for his family to survive. There are enemies everywhere, and every masquerade ball is secretly a battle fought in shadows and lip-service.
8 161 - In Serial70 Chapters
teen wolf imagines ⭐️
smut, fluff and sometimes preferences .all from tumblr unless I can be bothered to write one myself.#22 lemons - 7th May 2020#11 scott - 17th May 2022
8 193 - In Serial6 Chapters
Zoom Proposal || ✔️
The day you came into my lifeI became The Luckiest BoyEvery time I look into your eyesIt's like looking at the blue sky
8 141 - In Serial49 Chapters
Project You
Adrienne Faye's life was a mess. A big mess. A 22 year old struggling college student who was not only financially struggling, she was emotionally struggling too, a girl with no friends other than her novels and thoughts which unfortunately did not make for good company. She had so much to pay for, always had so much to do, helping her mother, her grandmother and herself all at once. She was drowning, sinking so damn low, and she wasn't sure if she wanted to swim back up anymore.That is until she's paired up with her antithesis, Karsen Krist, for an assignment that will cost them most of their grade in their final year of college. Unlike Adrienne, Karsen was rich, happy, the college's star football player who as she spends more time with realizes, is not as horrible as she thought he'd be, and actually, is just as human as she is. Except that he is much too talkative, too flirty, too smart, too sweet and unfortunately, a little too... desirable, but when you've been in a box so long, it becomes your new home, whether its comfortable or not, will he be able to get her out of that box? Or will all their potential end up going in vain?***#1 in collegeromance#1 in player#1 in forcedproximity#2 in sexualtension#2 in friendstolovers
8 223 - In Serial55 Chapters
The Woman In The Palace
Highest rank #1 in Historical He glared at me with irritation. "Come inside!" ...And I did. He pointed to the stack of books on the floor. "Pick them up and arrange them the way they're supposed to."With trembling hands, I did what he asked quickly. Fret in the way I moved, picking up the books into my arms and lap one by one only for them to fall back on the floor over and over. I was a mess, upset, and it was obvious. This wasn't the kind of first meeting I dreamed of.The second prince was mean, and he was irritable. He had no clue who I am which made me resent it even more.He scowled as he watched me made mistakes after mistakes and after a while, he grew frustrated and bent over, picking the books himself."Forgive me, I didn't mean to snarl at you the way I did. I'm not used to being distracted. No one ever walks in my office unless they have my permission. I don't even know how the guardsmen let you in." I wanted to say because unlike you, they recognized who I am. But I kept my mouth shut in fear of aggravating his anger. His voice took a lot gentler tone, I imagined he must've realized how upset I was and felt bad about it.I said nothing.When we're done, I rose up to my feet, couldn't wait to get out of this room. This man was so impolite to me that I couldn't wait to get away from him."I apologize, your highness. I didn't mean to distract you in your private office." I stepped back getting ready to leave when a sliver of sunlight struck highlighting my face. "Wait!" He murmured and I turned back to look at him."You're beautiful." He said breathlessly.I would have blushed, but he was so mean and rude to me that his compliment lost its impact long ago."I need to go," I told him."Wait." A wave of panic rose in the tide of his voice. The prince was afraid to lose me. "What's your name, girl?" He asked quickly. "Jasmine, my name is Jasmine, your highness.""My Jasmine?" He murmured hopeful.
8 530