《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 13 )
Advertisement
ကျယ်ဝန်း၍ ခြံဝန်းနှင့်အိမ်အတော် သွားယူရသော 1910 ဗြိတိသျှအဆောအုံပုံစံ အိမ်တော်ကြီး၏ သခင်မှာ အောင်စစ်မှူးရဲ့ ဖခင်ဉီးဒီပသာဖြစ်သည်။အိမ်တော်ရဲ့ အပြင်ဆင်ခန်းနားရုံသာမက အစောင့်ကြပ်လည်းများ၏ ။သက်တော်စောင့်များအပြင် CCTVများကိုလည်း နေရာလပ်မရှိတပ်ဆင်ထားတဲ့ ချမ်းသာမှု စည်းစိမ်ကို ပြသနေသည့် ထိုအိမ်တော်ကြီးက အောင်စစ်မှူးအတွက်တော့ ငရဲခန်းတစ်ခုထပ်ပိုခဲ့......။အခုလည်း ဧည့်ခန်းထဲတွင် ရင်းနှီးမှု အလျှင်းမရှိဘဲ စကားပြောကြသည့်သူများမှာ အောင်စစ်မှူးတို့ သားအဖသာပေ။
" ခင်ဗျားက..... ကျုပ်ကိုခေါ်တဲ့အကြောင်းက ဇာမဏီအဖွဲ့ရဲ့ အထိမ်းမှတ်ပွဲအတွက်လား ဒီနေ့ကဘာနေ့လည်းဆိုတာ မေ့နေတာလား မေ့ချင်ယောင်ဆောင်ထားတာလား "
" ငါအတွက် ပြီးခဲ့တာတွေကို စိတ်မဝင်စားဘူး မင်းသာ မကာကွယ်နိုင်မဲ့ သူကိုဖက်တွယ်မထားနဲ့ အဲ့မိန်းကလေး အတွက်မကောင်ဘူး "
" အနည်းဆုံးတော့......ခင်ဗျားလိုတော့ မနှိပ်စက်ဘူး "
" မင်းယုံကြည်ချက်ရှိလား.....သူမင်းအကြောင်းကိုသိရင် မင်းအမေလိုမျိုး မထားခဲ့ဘူးလို့ အဲ့တာကြောင့် မဆိုင်တဲ့သူကို မင်းလိုဘဝထဲကို ဆွဲမထည့်နဲ့ သရဖီကိုသာ ကောင်းကောင်း ဆက်ဆံ "
" ခင်ဗျား! !!!! ......အမေကို မဟုတ်ဘူး ကျုပ်ကို မွေးပေးတဲ့ မိန်းမကို ချစ်ကောချစ်ခဲ့ရဲ့လား သူကိုချုပ်နှောင်ဖို့ပဲ တွေးထားတဲ့လူက အခုချိန်ထိ အသက်ရှင်နေတာ သိပ်ရွွှံဖို့ကောင်းတာပဲ "
အောင်စစ်မှူး ထိုအိမ်တော်ကို လာသည့်အခါတိုင်း စိတ်အေးချမ်းစွာပြန်သွားသောနေ့ တနေ့မှမရှိခဲ့ပါ။ယနေ့သူမိခင် နှစ်ပတ်လည်နေ့မှာတောင် ဖခင်လုပ်သူက သူမအတွက် တခွန်းမှ မဟတာကြောင့် အောင်စစ်မှူး ဒေါသပွဲ ဆင်နွှဲကာ ကားဖြင့် တဟုန်ထိုးမောင်းထွက်သွားခဲ့သည်။ကျန်ခဲ့သော ဉီးဒီပမှာလည်း သားလုပ်သူကို စိတ်ပျက်ဝမ်းနည်းမှုများဖြင့် ကြည့်ရင်း သူ့အိပ်ခန်းရှိရာဆီ သွားလိုက်သည်။ထိုအခန်းထဲတွင် ချိတ်ဆွဲထားသော အမျိုးသမီးတစ်ဉီးရဲ့ ဓာတ်ပုံကိုကြည့်ရင်း ဉီးဒီပတစ်ယောက် ငိုကြွေးခဲ့တော့သည်။
" ငါဘယ်လိုလုပ်ရမလဲ......မင်းသားကလည်း ငါလိုမင်းကိုရှုးပြီး မိုက်ခဲ့ရင် နောက်ဆုံးဒီအဖေလို နောင်တတရားတွေနဲ့ ရှင်သန်ရမယ်ဆိုတာ ငါဘယ်လိုရှင်းပြရမလဲ....မိန်းမရယ် "
အောင်စစ်မှူး ကားကို ဒုန်းဆိုင်းမောင်းပြီး ထွက်သွားသောနေရာမှာ သူမိခင်ရဲ့ အုတ်ဂူရှိရာဆီကိုသာဖြစ်သည်။ဖခင်ဖြစ်သူရဲ့ မျက်ရည်များကလည်း မိုးမျာအလား သွားတဲ့ လမ်းတလျှောက်မိုးရွာနေခဲ့သည်။အောင်စစ်မှူး မိခင်အုတ်ဂူသို့ ရောက်ရောက်ချင်း ဘေးက ပန်းစည်းကြောင့် ဉီးဒီပလည်း လာသွားသည်ကို သိလိုက်၏ ။ မိခင်ကြိုက်တဲ့ နှင်းဆီအဖြူပန်းခြင်းကြီးကို ချလိုက်ပြီး မိုးရွာထဲတွင် မတ်တပ်ရပ်ကြည့်နေမိသည်။
" ကျွန်တော်ကို မဖိတ်ခေါ်ရင်တောင်.....မိုးနဲ့တော့ မကြိုဆိုနဲ့လေဗျာ....အခု ကျွန်တော်မှာ ချစ်ရမဲ့မိန်းကလေးရှိနေပြီ သူကအ..မေလိုမျိုး ဖြူစင်ပြီး အရမ်းလှတဲ့ အပြုံးတွေရှိတယ် သူရော ကျွန်တော်ကို မုန်းသွားလောက်လား အမေ "
မိုးနှင့်ရောနေသော အောင်စစ်မှူးရဲ့ မျက်ရည်များကို မည်သူမှ မသိနိုင်။တစ်နှစ်တခါလောက် သူအမေဆုံးသည့်နေတိုင်း စိတ်ဒဏ်ရာကြောင့် အမြဲနေမကောင်းဖြစ်တတ်သည်။ ဆယ်နှစ်သားအရွယ် သူရှေ့မှာမြင်လိုက်ရသည့့် မိခင်ရဲ့ သေဆုံးမှုဟာ အောင်စစ်မှူးအတွက်တော့ ယနေ့တိုင် မပျောက်ကင်းနိုင်သည့် စိတ်ဒဏ်ရာလိုပင်။သူအမှားမဟုတ်သောလဲ သားတစ်ယောက်ရဲ့ အပြစ်တင်စိတ်ကတော့ သူစိတ်ထဲကနေ ထုတ်မပြစ်နိုင်သေးချေ။
°°°°°°°°°°°
" မုရေ.....ပြန်ရင် studio ကို သေချာသော့ခတ်ခဲ့နော် "
" ဟုတ်ကဲ့ မုလည်း ဒီပုံကြမ်းလေး လတ်စသတ်ပြီးရင် ပြန်တော့မှာပါ အစ်မတို့လည်း ဂရုစိုက်ပြန်ကြနော် "
" တာ့တာ မုရေ "
မုလည်း မနက်ကတည်းက Assignment တင်ပြီး ဒီနေ့ကလည်း စနေနေ့မို့ အလုပ်မသွားရတာနဲ့ သင်တန်းက Design studio ထဲမှာပဲ အချိန်ကုန်မိသည်။အပြင်က မိုးစက်လေးတွေကိုငေးရင်း ဉီးကိုပင် သတိရလာတော့၏ ။အမြဲ ဉီးကို ဘေးနားကနေ ကူလုပ်နေကျပေမဲ့ အခုချစ်မိနေတော့မှ မုအနားမှာပိုနေချင်မိသည်။
အတွေးတွေနဲ့ လွမ်းဆွေနေတဲ့ မုဆီကို ဖုန်းcallတစ်ခု ရောက်လာခဲ့သည်။
" မုဒြာ....နားရက်ကို နှောင့်ယှက်သလို ဖြစ်သွားရင် တောင်းပန်ပါတယ် ဆရာကလေ....သူအခုနေမကောင်းလို့ ကျွန်တော် ဖုန်းဆက်တာလဲမကိုင်ဘူး...ပြီးတော့ ဒီနေ့က သူအမေနှစ်ပတ်လည်နေ့ဆိုတော့ မုဆိုရင်တော့...သူ "
" ကိုလင်း......မုကို ဉီးအိမ်လိပ်စာ ပေးပါ "
ကိုလင်းရဲ့ မတည်ငြိမ်သော အသံအနေထား စိုးရိမ်စိတ်ပြည့်နေတဲ့ စကားလုံးများက မုကိုပို၍ပင် ပူပန်စေသည်။ကိုလင်းဆီက လိပ်စာရတာနဲ့ မုလည်း Taxi ငှားပြီး တခါထဲတန်းသွားလိုက်၏ ။အောင်စစ်မှူးကို မျက်မမြင်တစ်ယောက်လိုသာ သိထားတဲ့ မုအတွက် သူတစ်ယောက်ထဲဖြစ်နေတာကို တွေးရုံနဲ့တင် ရင်ကို အပူမီးတောက်လောင်စေသည်။
လူချမ်းသာတွေနေသည့် အထက်တန်းစား Villa အိမ်ရာဆိုသည့်အတိုင်း ဝင်းရဲ့ ဂိတ်ပေါက်ဝတွင် အတော်ကျယ်၏ ။မုလည်း အစောင့်အား အောင်စစ်မှူးနာမည်ကိုပြော၍ အိမ်ရာဝင်းထဲရောက်ခဲ့ပြီ။ ကိုလင်းပြောသော အိမ်နံပါတ်ကို တွေ့တော့ မုလူခေါ် Ballကို အသည်းသန်နှိပ်လိုက်မိသည်။
" ဉီးရေ...ဉီး တံခါးဖွင့်ပေးအုံး မုပါ... တစ်ခုခုဖြစ်နေတာလား...ဉီး "
တံခါးဖွင့်လိုက်တာနဲ့ မုပခုံးပေါ် လာတင်သော မျက်နှာလေးကြောင့် မုရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။သို့သော် အောင်စစ်မှူးရဲ့ တကိုယ်ကတော့ မီးကြီးခဲလိုပင်။မုကိုလည်း ဘာစကားမှ မပြောနိုင်သည့်အထိ နွမ်းလျနေလေသည်။မုလည်း အောင်စစ်မှူးကို တဲွဲပြီး အိမ်ထဲက ဆိုဖာပေါ်ကို လှဲချပေးလိုက်သည်။
Advertisement
အိမ်ကို လှည့်ပတ်ကြည့်လိုက်တော့လည်း လူနေသည့်အိမ်နှင်တောင်မတူ အသစ်အတိုင်း။အိမ်မည်ရအောင် ပရိဘောက အိမ်အသုံးဆောင်များကလည်း သိပ်မရှိ။မုလည်း မီးဖိုချောင်ထဲ ဝင်ကာ ရေဇလုံထဲ ရေထည့်ပြီး အဝတ်စတစ်ထည်ကောက်ယူကာ အဖျားကျဖို့ကိုသာ အရင် အာရုံစိုက်လိုက်သည်။နာရီဝက်လောက်ကျမှ အပူလည်း အနည်းငယ်ကျပြီး မှေးနေရာမှ မျက်လုံးများ ဖွင့်အကြည့်......။
" မု...ဘယ်လို...ရောက်လာတာလဲ "
" ကိုလင်း ပြောလို့ရောက်လာတတာ.... ဉီးဘာလို့ ဒီလောက်တောင် မိုက်ရတာလဲ နေမကောင်းဖြစ်နေတာကို အနားမှာ တစ်ယောက်ယောက်ခေါ်ထားရမှာပေါ့ မုသာရောက်မလာရင် ဉီးဘယ်လိုလုပ်မလဲ..... ဘယ်လောက်စိတ်ပူရလဲသိလား "
မုလည်း စိတ်တပူတပင်ဖြစ်ခဲ့ရတာမို့ စကားသံတွင် အော်သံအနည်းငယ်ပါသွား၏ ။မုလည်း ရေဇလုံသွားသွန်းမည်အလုပ်။ သန်မာသောလက်နှစ်ဖက်နှင့် သူမခါးလေးအား ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။ နောက်ကနေဆံနွယ်တွေကြား တိုးဝှေ့နေတာကို သူမကောင်းကောင်းခံစားမိသည်။အောင်စစ်မှူး၏ ရင်ဘတ်နှင့်မုကျောပြင်လေးကြား ကြားခံနယ်မရှိလောက်သိအထိ ကပ်၍သိုင်းဖက်ထားသည့်သူလက်များက တကယ်ကို တင်းကြပ်လှသည်။
" စိတ်ပူပေးလို့.... ကျေးဇူးပါနော် မု...ကိုယ်ကို ထားမသွားပါနဲ့ "
" ထားမသွားပါဘူး...မုက ရေသွားသွန်းပြီး ဉီးကို ဆေးတိုက်မို့ပါ "
" သိပြီပြီးလား "
" ဘာကိုလည်း "
" ကိုယ့်အမေအကြောင်း "
" မသိသေးပါဘူး....ကိုလင်းက ဉီးအမေနှစ်ပတ်လည်နေ့မို့ နေမကောင်းတဲ့ အကြောင်းပဲပြောလိုက်တာ "
" သိချင်လား "
" သိချင်ပေမဲ့.... ဉီးနာကျင်ရမယ်ဆို မုမသိချင်ဘူး "
" တကယ်တော့ ကိုယ်အမေက အဖေရဲ့မယားငယ်လေ အမေကအမြဲထွက်ပြေးတယ် အဖေကပြေးတိုင်း နှိပ်စက်တယ် နောက်ဆုံးတော့အမေက လွတ်မြောက်ချင်လို့ ကိုယ်ကိုမွေးခဲ့တယ် ချစ်လို့မဟုတ်ဘဲ လွတ်မြောက်ဖို့ ကိုယ်ဆယ်နှစ်သားအရွယ်က ဒီလိုနေ့မှာ အမေလွတ်မြောက်သွားခဲ့တယ် အမေကသူကို အမေလို့ခေါ်ရင် မကြိုက်လို့ ကိုယ်မခေါ်ခဲ့ဘူး အဲ့နေ့ကကိုယ် ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် အမေလို့ခေါ်ခဲ့မိတယ် သူကိုယ်ကို လူသတ်သမားကောင်လို့ တခွန်းထဲခေါ်ပြီး တိုက်...တိုက်...ပေါ်ကနေ... ခုန်ချခဲ့တယ် ကိုယ်ကြောင့်....ကိုယ်ကြောင့်...တိုက်အမြင့်ကြီး....ကနေ သူခုန်ချခဲ့တယ်....ကိုယ်ကြောင့်......ကိုယ်ကြောင့်လေ ....ကိုယ်သာမခေါ်ခဲ့ရင်..."
တုန်ရီနေတဲ့ အသံတွေနဲ့ မုကျောပြင်ပေါ်က စိုရွှဲနေတဲ့ ဉီးရဲ့မျက်ရည်တွေက အဲ့အချိန်တုန်းက သူဘယ်လောက်ကြောက်ရွံခဲ့တယ်ဆိုတာကို သက်သေပြနေသည်။ကလေးတစ်ယောက်ရဲ့ အသက်နဲ့ယှဉ်ပါက ဉီးကြုံခဲ့ရတာတွေက တကယ့်ကို မတွေးဝံစရပါ။ မုပင် ဉီးပြောတာကို နားထောင်ရင်း မျက်ရည်များဝဲက ဆက်နားထောင်ဖို့ အင်အားမရှိတော့ပြီ....။
" ဉီးရယ်.....တော်ပါတော့..ဆက်မပြောပါနဲ့တော့နော် "
" မုတောင်....ကြားရတာ စိတ်ပျက်တယ်မလား "
" မဟုတ်ပါဘူး "
" ကိုယ်က အဲ့လို အချစ်ခံခဲ့ရတယ်လူမဟုတ်ဘူး ကိုယ်ဘဝ....ကစိတ်ပျက်ဖို့....ကောင်းတယ်မို့လား "
မု အခုချိန်မှာပဲ ဖြစ်ဖြစ် သက်သေပြချင်မိသည်။ဉီးအချစ်ခံရတယ်ဆိုတာကိုပေါ့။နွေးထွေးမှုလည်း ပေးချင်မိသည်။ ဖွင့်ပြောဖို့ မတွေးထားပေမဲ့ အခုဉီးပုံစံကြောင့် သူကိုချစ်ကြောင်းဝန်ခံဖို့ မုဆုံးဖြတ်လိုက်သည်။မုလည်း သူမှကျောပေးထားရာမှ အောင်စစ်မှူးရှေ့သို့လှည့်ကာ သူလက်လေးနှစ်ဖက်ကို ဆုပ်ကိုင်းပြီး အလှပဆုံး ချစ်စကားကို မုဖွင့်ဟလိုက်တော့သည်။
" မဟုတ်ဘူး......ဉီးအချစ်ခံရပါတယ် မုဆီကနေ "
" မုကိုယ်ကို ဘာပြောလိုက်တာလဲ "
" မုချစ်တယ်.....မုဉီးကို သိပ်ချစ်တယ် သိပ်မကြာသေးပေမဲ့ မုခံစားချက်တွေ သေချာတယ် မုက အရမ်းလှပြီး လူကြီးဆန်တဲ့သူမဟုတ်ပေမဲ့ ဉီးသဘောကျမယ်ဆို မုပြုပြင်ပါ့မယ် "
" မင်းသိလားမု.....ကိုယ်လည်းမင်းကို အရမ်းချစ်လွန်းလို့ မျက်မမြင်တယောက်လို ဟန်ဆောင်ခဲ့တယ်ဆိုတာ "
" ဟမ်....!!! ဉီးက အကုန်မြင်ရတယ်ပေါ့ "
" ကိုယ်မင်းကို ဆေးရုံမှာ စတွေ့ထဲက ချစ်ခဲ့တာ မင်းကကိုယ့်ရင်ထဲကို အနာကတ်ပလာစတာတစ်ခုထဲနဲ့ ဝင်လာခဲ့တယ်ဆိုတာ "
" ဉီးမုကို လိမ်ထားတာလား...မုကိုအယုံလွယ်တဲ့သူဆိုပြီး လှည့်စားတာလား မုကဉီးကိုချစ်မှန်းသိလို့ မုကိုလှောင်ချင်တာလား "
မုလည်း အောင်စစ်မှူးရဲ့ ရုတ်တရက်ဆန်လွန်းတဲ့ ဝန်ခံမှုကြောင့် သူမဘယ်လိုမှ မယုံကြည်နိုင်ခဲ့ပေ။သူမတလျှောက်လုံး မျက်မမြင်လို့သိထားတဲ့သူက သူမကိုချစ်နေတဲ့အပြင် မျက်လုံးလည်းမြင်ရတယ်ဆိုတော့ ဘယ်လိုမှမယုံရဲချေ။မုလည်း အောင်စစ်မှူးရဲ့လက်တွေကို လွတ်ခါ အနည်းငယ်နောက်ဆုတ်မိသည့်အထိ သူမအံြ သမှုကို အပြီးမသတ်နိုင်သေး။အောင်စစ်မှူးလည်း သူမကိုယ်လေး နောက်ရွေ့သွားသည်ကို သတိထားမိလိုက်သည်။
ထို့နောက် သူမခါးလေးကို လက်တစ်ဖက်ဖြင့်ပြန်ဆွဲယူပြီး ကျန်တဖက်က ပါးမို့မို့ကိုကိုင်ရင်း သိမ့်မွေ့ပျော့ပျောင်းသော အနမ်းကို ချွေကာသက်သေပြလိုက်သည်။သူမရဲ့ မက်မွန်းပန်းရနံ့ နှုတ်ခမ်း၏ ညှင်းဆဲမှုကြောင့် ထိန်းချုပ်ထားခဲ့သမျှဟာ အခုတော့ အထိန်းကွပ်မရှိတော့ပေ။မု တုံ့ပြန်အနမ်းများမပေးနိုင်လောက်သည်အထိ မရပ်မနား စုပ်ကာနမ်းရင်း အလုပ်ရှုပ်နေသော အောင်စစ်မှူးကြောင့် မုနှုတ်ဖျားလေးပင် ထုံကျင်လာသည်။မုလည်း အောင်စစ်မှူးရဲ့ အနမ်းကျွမ်းကျင်မှုကြောင့် မရုန်းနိုင်တော့ပေ။သူပေးသမျှ အနမ်းကို ကျေကျေနပ်နပ်ကြီးသာ ခံယူမိတော့သည်။
" ကိုယ်ကို....ယုံပြီးလားမု မယုံသေးဘူးဆိုရင် ဒီညမင်းကို ပေးမပြန်ဘူး အရမ်းချစ်တယ်.... မုရယ် "
" မုလည်း ....ဉီးကို အရမ်းချစ်တယ် ဒါပေမယ့် မုတို့ ပတ်သက်မှုက မြန်လွန်းလို့ မရင်းနှီးသေးဘူးလို့ ခံစားရလို့ ဖြည်းဖြည်းချင်း ရင်းနှီးမှုယူကြမယ်လေနော် "
Advertisement
ကျွန်တော်ရင်ခွင်ထဲ မုကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားမိသည်။ရင်ထဲမှာလည်း ကြိတ်ပြောနေမိ၏ ။ကိုယ်ရင်ခွင်ထဲဝင်လာတဲ့ မင်းကို ကိုယ်ဘယ်တော့မှ ပြန်မလွတ်ပေးတော့ဘူး လို့ပေါ့ ......။
Episode 14 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
" ခင်ဗျား! !!!! ......အမေကို မဟုတ်ဘူး ကျုပ်ကို မွေးပေးတဲ့ မိန်းမကို ချစ်ကောချစ်ခဲ့ရဲ့လား သူကိုချုပ်နှောင်ဖို့ပဲ တွေးထားတဲ့လူက အခုချိန်ထိ အသက်ရှင်နေတာ သိပ်ရွှံဖို့ကောင်းတာပဲ "
" တာ့တာ မုရေ "
" မုဒြာ....နားရက်ကို ေနှာင့်ယှက်သလိုဖြစ်သွားရင် တောင်းပန်းပါတယ် ဆရာကလေ....သူအခုနေမကောင်းလို့ ကျွန်တော် ဖုန်းဆက်တာလဲမကိုင်ဘူး...ပြီးတော့ ဒီနေ့က သူအမေနှစ်ပတ်လည်နေ့ဆိုတော့ မုဆိုရင်တော့...သူ "
" မု...ဘယ်လို...ရောက်လာတာလဲ "
" သိပြီပြီးလား "
" ဘာကိုလည်း "
" ကိုယ့်အမေအကြောင်း "
" သိချင်လား "
" မဟုတ်ပါဘူး "
" မုလည်း ....ဉီးကို အရမ်းချစ်တယ် ဒါပေမယ့် မုတို့ရဲ့ပတ်သက်မှုက မြန်လွန်းလို့မရင်းနှီးသေးဘူးလို့ခံစားရလို့ဖြည်းဖြည်းချင်းရင်းနှီးမှုယူကြမယ်လေနော် "
Episode 14 Coming Soon
Advertisement
- In Serial49 Chapters
Reckless Entitlement
*COMPLETED* Fresh out of foster care Maya Scott is finally ready to live life on her own terms, she has her own apartment, a job that she loves, and three great friends she's ready to crush her senior year. Not one for attention or affection, she's content with being alone and doesn't need, or want anyone. Or at least she thought she didn't until she met Nick. With two absent parents and a mansion all to himself, Nick Ainsworth has learned to live alone. He's found solace in fixing cars and hanging out with his two best friends. Surrounded by people who are only focused on material possessions and their social status, he feared that he would never meet someone who understood him. Until he met Maya.*This is a standalone novel, but for an introduction to other characters, you may want to read East Chapel Academy first.
8 151 - In Serial64 Chapters
Softest Lips | on hold
𝐒𝐩𝐢𝐧-𝐨𝐟𝐟 𝐭𝐨 𝐈𝐧 𝐇𝐞𝐫 𝐌𝐢𝐧𝐝-"I just kissed the softest lips that god has ever madeAnd I am so in love with the girl to whom these lips he gave." Orianne was a lover girl, whom some considered a hopeless romantic, but she wouldn't dare let the opinions of others knock her off her pivot. She was a young woman who knew what she wanted, and to her, there was nothing wrong with that. She desired the husband, children, dates, random gifts, trips, family outings, and so on.Some would say the reason she can't keep a man is because her standards are high. Which is a ridiculous take. Yes, her standards may be "high," but that's because her father set the tone. She knows what she wants and how she's supposed to be treated, and if you're not giving her that, then you have to go. Out of the few men she has dealt with, she lets them know beforehand what she wants, and it's not her fault that they choose to lead her on under the impression that they wanted the same thing. Another reason men tend to leave her alone is because she's a woman of status, a woman of her word, and a woman about her business. She handles her own and has her own which tends to bruise a man's ego. When asked what she brings to the table, she has a solid answer. She doesn't just bring herself or her body-that's the bonus-she brings communication, trust, comprehension, stability, submission, commitment, and so on. The main question of the matter is, how will Miss. Orianne react when a 19 year old wants to sweep her off her feet and give her everything she wants and more?𝐜𝐨𝐯𝐞𝐫 𝐛𝐲: me
8 116 - In Serial26 Chapters
my roommate, seo 'binnie'? changbin x reader
"wow you look terrible." i was greeted by my lovely roommate. a changbin x reader story in which two university students who share the same art class have to share a dorm.y/n hates her roommate, her incredibly hot roommate, that is until she has to do a favour for him.but is her mental health strong enough to keep her going?what will happen?
8 86 - In Serial11 Chapters
Boy For Rent
Welcome to Boy For Rent a business where you can find the type of guy that you are looking for all at a special price. Can you pay it? This is a fanfiction loosely based on the Thai Series Boy For Rent and because this is me AKA Boys love that we're talking about it will be a series of short story Bl's based on your favorite characters. 2 moons, Sotus, and a few more. I will include one or two straight couples as well. This includes the Original 2 moons cast. I have nothing against the new guys I just have grown accustomed to picturing the old cast when I write and I will not use their real names out of respect for the actors. Sotus 2moons and any other BL characters do not belong to me but to Chiffon Cake and Bittersweet.Cover done by @sheismathilda
8 181 - In Serial64 Chapters
Lord Day and Lady Night
The rich. The powerful. Those are the men Amy has always despised, because the only thing they've ever done is use her.So...what is she doing with HIM?Lord Patrick Day, descendant of a noble line, with enough arrogance for ten kings and the looks to go with it, is exactly the kind of man Amy hates the most. And yet, now he is the only hope she has.A sinister conspiracy. A young woman, hurt and broken. And a powerful man, who was never, ever meant to be with the likes of her. Together, can they take on the darkest depths of the London underworld?
8 535 - In Serial20 Chapters
Tendou's Ship (Ushijima Wakatoshi x Male!Reader)
Being a manager at Shiratorizawa isn't an easy task. But after finding out a little secret, a certain red head will do everything it takes to make sure that his ship between the captain and the manager sails.
8 182