《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 17 )
Advertisement
" ဟဲ့.... ဝေဝေ နောက်မှာ ဘာရပ်လုပ်နေတာလဲ သွားမယ်လေ "
" အေးပါ... ငါလာပါပြီ လေယာဉ်စီးရတာကြာတော့ ခြေထောင်ကျဉ်နေလို့ပါ "
" နင် ဒီမှာ ဘယ်လောက်ကြာကြာနေမှာလဲ "
" သုံးလလောက်ပေါ့ "
" နေစရာကရော..Hotel မှာပဲနေမယ်ဆို... တောင်ကြီးပြန် "
" မဟုတ်ပါဘူးဟာ ဟိုကမြန်မာသူငယ်ချင်းတစ်ယောက်က သူ့တိုက်ခန်းကို ခဏငှားပေးလိုက်တယ် "
" လိပ်စာရော "
" လိပ်စာက ဖုန်းထဲမှာမှတ်ထားတယ် အခန်းသော့လဲ ပေးလိုက်တယ် "
နိုင်ငံရပ်ခြားမှာ ပညာသင်နေသော ရွှေဇွန်းကိုင်မွေးသည့် သားသမီးများမို့ သူတို့အတွက် ငွေကြေးပြဿနာကို အပူလိုမမှတ်။မုကတော့ သာမန်မိသားစုလေးကမို့ ကိုယ့်အရည်အချင်းကို အားပြုပြီးသာ ကြိုးစားနေရသည်။မုရဲ့ အိမ်မက်က ကိုယ်ပိုင် Brand ထုတ်နိုင်တဲ့ Designerတစ်ယောက်ဖြစ်ဖို့ပါ။အိမ်မက်တွေက စျေးကြီးလွန်းတာမို့ ပညာတော်သင်ဖြေပြီး တတ်ဖို့ကိုသာ တတ်နိုင်သည်။ဟိုနိုင်ငံမှာ ကျောင်းတတ်နေတဲ့ စိုင်းဝေကို အကူညီတောင်းချင်သောလည်း စီးပွားရေးမေဂျာယူထားတဲ့ သူအတွက် အရှုပ်ထုပ်မပေးချင်တာလည်းပါ၏ ။
" နင်...ငါကို ဒီလောက်အကြာကြီး ဘာလို့ ပြစ်ထားတာလဲ ငါအစ်မတွေကိုတောင် ဆက်သွယ်ပြီ "
" နင်က... ငါအတွက် အရေးပါတဲ့သူမို့ ငါကြိုးစားနေတာ နင်နဲ့ တွေ့ရင် အဆင်သင့်ဖြစ်အောင် "
" လေကတော့ အပေါ်ကမဆင်းဘူးနော် "
" နင်လဲ ငါကို....မပြောဘူးနော် ကျောင်းတတ်ဖို့လုပ်နေတာ မလတ်ပြောမှသိတာ "
" နင်ကို အပူမကပ်ချင်လို့ပါ...ငါဟာငါကြိုးစားချင်လို့ "
" တော်တော့ အခုတော့ ငါကို လိုက်ပို့ပေး...နောက်နှစ်ရက်လောက်နေရင် ငါနင်ကို အရေးကြီး ပြောစရာရှိတယ် "
" အေးပါဟယ်...ငါTaxiငှား ထားတယ် "
မု စိုင်းဝေကို လိုက်ပို့ပေးပြီး အိမ်ပဲတန်းပြန်လာခဲ့သည်။ ဉီးကို ဖုန်းခေါ်ပေမဲ့ လေယာဉ်ပေါ်မှာပဲမို့လား မသိဖုန်းမကိုင်ချေ။မုလည်း တွေးရင်းဖြင့် မသွားခင်ပြောခဲ့သောပွဲအကြောင်း ခေါင်းထဲပေါ်လာသည်။လူချမ်းသာတွေရဲ့ ကျက်စားရာဆို မုရဲ့ အပြုမူတွေကြောင့် ဉီးထိခိုက်မည်ကို စိုးရိမ်တာကြောင့် တစ်ခုခုသိလိုသိငှား ကိုလင်းဆီ ဖုန်းဆက်လိုက်သည်။
" Hello "
" Hello.... ကိုလင်းလား မုပါ "
" ဟုတ်ကဲ့ မုဒြာပြောလေ "
" ကိုလင်းက.. ဉီးနဲ့ မလိုက်သွားဘူးလား "
" ဟုတ်တယ် ကျွန်တော်က ဒီကအလုပ်တွေကို တာဝန်ယူရမှာမို့လို့ "
" Aww. ..အဲ့တာကြောင့်ကို ကိုလင်း မုမေးစရာရှိလို့ဆက်လိုက်တာ ဉီးနဲ့တတ်ကမဲ့ ပွဲကဘယ်လိုမျိုးလဲဟင် သိတယ်မလား မုက အထက်တန်းစားနေထိုင်ပုံတွေ သိပ်မသိတော့ pressure ပိနေတာ "
" မစိုးရိမ်ပါနဲ့... ဆရာရှိပါတယ် ဒါမဲ့ မုကို ပြောပြလို့ဖြစ်ပါ့မလားနော် "
" ပြောပါကိုလင်းရယ်...မုသိချင်လို့ပါ "
" တ..တ..တကယ်တော့လေ ဆရာမွေးနေ့ပွဲပါ မုကို surprise လုပ်ချင်လို့ မပြောခိုင်းတာ "
" ဘယ်လို....သူမွေးနေ့ကို မုကို surprise ပြန်လုပ်မယ်...မရဘူး ကိုလင်း ဘယ်သူဘက်က ပါမလဲ "
" ဗျာ...!!! "
" မု ဉီးကို သီးသန့် မွေးနေ့လုပ်ပေးချင်လို့ ကိုလင်းကူညီရမယ် "
ကိုယ်ဆရာရဲ့ အသည်းကျော်ဖြစ်တဲ့ မုကို ကိုလင်း မလွန်ဆန်နိုင်ခဲ့။အောင်စစ်မှူးလိုလူကိုတောင် သူမကပြန်ပြီး အနိုင်ယူတာ သူလောက်ကတော့ စကားထဲတောင်မထည့်မပြောနိုင်ပါ။ အကူညီတောင်းသလိုနဲ့ အကြပ်ကိုင်နေသောမုအား ကိုလင်းလည်း အရှုံးပေးလိုက်ရသည်။
°°°°°°°°°°°°°
" မင်းတို့ကောင်တွေ...အလုပ်ကို ဘယ်လိုလုပ်နေတာလဲ... အဲ့ဘိုးတော် ဒီလောက် ငါခွင့်ပြုချက်မရှိဘဲ လက်နက်တွေ သူသဘောနဲ့ သူတင်နေတာကို မင်းတို့က လက်နက်တစ်တိုက်လုံးကုန်မှ တင်ပြမှာလား "
ဝီစကီတစ်ခွက်ကို လက်ကကိုင်ရင်း မေးရိုးများထောင်ကာ ဆေးလိပ်တံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် အောင်စစ်မှူး၏ ဒေါသအောက်တွင်မည်သူမျှ မလှုပ်ရဲ။ ဉီးရန်နိုင်သည် သမက်လောင်းရဲ့ နာမည်ကို အသုံးချကာ လက်နက်များအား စိတ်ကြိုက်ရောင်းချနေသည်ကို နောက်ကျမှ သိရသည့်အတွက် မြွေပွေးကို ငယ်ထိပ်ပေါ်တင်မိသလိုပင်။ခုံပေါ်မှ ဂဠန်မင်းလို သားကောင်းများအား ထိုးသုတ်တော့မည့် အကြည့်ကြောင့် လက်အောက်ငယ်သားများမှ ဒူးထောက်ရာမှ တချက်မလှုပ်ကြချေ။
" Projector ပြင်ထားလိုက် ပြီးရင်ငါဖုန်းထဲကနေ အသစ်ထုတ်မဲ့ မိုင်းအကြောင်း ဆွေးနွေးမယ် ဒီ Productကို ဉီးရန်နိုင်သိသွားလို့ကတို့ မင်းတို့တင်မဟုတ်ဘူး မင်းတို့မိသားစုပါ အလောင်းကောင်အဖြစ်ပြောင်းပေးမယ် "
Asia နိုင်ငံတွေထိပါ တင်ပို့ရတာမို့ အောင်စစ်မှူးမှ ကိုယ်ပိုင်လက်နက်ကိုပင် အမြဲတီထွင်ထုတ်လုပ်ရသည်။ရွှေလီတွင် ထိပ်တန်းပညာသင် ဆယ်ယောက်လောက်ရွေးထားကာ လက်နက်တိုက်ဖြင့် မျိုးမျိုးသော တန်ဖိုးကြီးလက်နက်များကို ထုတ်လုပ်လေ့ရှိသည်။ဒါတွေ အားလုံးမှာ မုမှန်းဆထားခြင်းမရှိတဲ့ အောင်စစ်မှူးရဲ့ လက်တွေ့ဘဝသာဖြစ်သည်။
" ငါပြောတာတွေကိုသေချာလိုက်မှတ်ထား အပြစ်နာဆာပါလို့မရဘူး "
" စိတ်ချပါ....ခေါင်းဆောင် ကျွန်တော်တို့ သေချာလုပ်မှာပါ အကြမ်းထည်ကစပြီး လုံးဝအမှားမရှိစေရပါဘူး "
" အကုန်အဆင့်သင့် ဖြစ်ရင်စမယ် "
အစည်းဝေးခန်းအကျယ်ကြီးတွင် လူဆယ်ယောက်သာ အဝင်ခံပြီး အပြင်တွင်လည်း ခါးထဲသေနတ်များထိုးထားသော လူမိုက်များအပြည့်။အောင်စစ်မှူးလဲ တပည့်တွေရဲ့ အကြံပေးချက်တွေ လိုအပ်ချက်တွေကို ဆွေးနွေးရင်း မအားခဲ့။ဘယ်လောက်ပဲ မအားလပ်ပါစေ ဖုန်းထဲမှ massage ရဲ့ notice သံပိုင်ရှင်က မုဖြစ်ပါက သူဖုန်းကို projector နှင့် ချိတ်ထားသည်ကိုတောင် သတိမရတော့ပေ။
Advertisement
အရေးကြီးအစည်းဝေးလုပ်နေတာမို့ တည်တံသောမျက်နှာမှ ဖုန်းကိုကောက်ကိုင်ကာ ရှေ့ကလူများပင်မရှိသလို စာကိုကြည့်ပြီး ၇ရက်ထမင်းမားရင်တောင် ဗိုက်ဝနေသော မျက်နှာမျိုးအဖြစ် ရုတ်ချည်းပြောင်းလဲသွားသည်။
( ဉီးရေ....ရောက်ပြီလား မုဖုန်းကိုဘာလို့မကိုင်တာလဲ 🙄 အလုပ်မအားတာသိပေမဲ့ စာပြန်ပါနော် အရမ်းသတိရတယ်😍 )
( ကိုယ် ဖုန်းမကိုင်မိလို့ တောင်းပန်းပါတယ်နော် )
( အခုအားလာ...မု ဉီးကို Vedio Call ခေါ်ချင်လို့ 5 မိနစ်လောက်ပဲ ရလား )
( ရတယ် ခဏလေးနော် )
အောင်စစ်မှူး နဲ့မု ပြောနေသော massage များကို Projector ကနေမြင်နေရတဲ့ လက်အောက်ငယ်သားတသိုက်ကတော့.....
" ငါတို့ ခေါင်းဆောင်က အဲ့လိုပြောတတ်တယ်ပေါ့ အစ်မသရဖီတော့ မဟုတ်လောက်ဘူး "
" ဖြစ်စရာလား....ဟိုတခါသူ ရွှေလီထိလိုက်လာတာတောင် ဆရာက မောင်းလွှတ်လိုက်တာလေ "
" ဘယ်သူပဲဖြစ်ဖြစ် ကျေးဇူးတင်ရမယ်...မဟုတ်ရင်ဒီနေ့တနေ့လုံး ဆူငြောက်နေမှာကွ "
" မင်းတို့...စောက်ပေါက်တွေ ပိတ်ထား ငါပြောနေတုံး အပ်ကျသံကြားတာနဲ့ ဒိုက်အခါ 500ထိုးရမယ် "
အောင်စစ်မှူးလည်း မုကို Vedio Callကို စကိုင်လိုက်သည်။Projector Screen ပေါ်တွင်ေပါ်လာတဲ့ မုမျက်နှာလေးက တကယ်ကို သဘာဝအတိုင်းလှနေ၏ ။သူမအာရုံစိုက်စရာ တခုခုရှိတိုင်း ဆံပင်လိမ့်တင်တတ်သည်မို့ သူမအလုပ်လုပ်နေသည်ကို အောင်စစ်မှူး မပြောလဲသိသည်။Shirt ကို ကြယ်သီးသုံးလုံးလောက် ဖြုတ်ထားတာမို့ လည်တိုင်သေးသေးလေးကို အပြတ်မြင်နေရသည်။ခါတိုင်းမျက်ကပ်မှန် တပ်ထားသောသူက ယခုသူနှင့် စတွေ့တုန်းက အတိုင်းမျက်မှန်အဝိုင်းလေးတပ်ထားသည်မို့ နီညိုရောင်မျက်ဝန်းလေးများဖြင့် ဆွဲဆောင်မှုရှိလှသည်။လက်အောက်ငယ်သားများကပင် မျက်နှာသေးသေးလေးနှင့် ဆံပင်လျော့ကျနေသော မုဆီမှအကြည့်မလွဲနိုင်ကြပေ။
မည်သူမျှမရှိဘူးအထင်ဖြင့် မုကတော့ သူအား အသည်းပုံလေးလုပ်ပြကာ ချွဲလိုက်သည်။သူမအား ငမ်းနေကြသောသူများကတော့ ပါးများပင်ရဲကာ ကိုယ့်ခေါင်းဆောင်မျက်နှာကိုပင် မမြင်နိုင်ကြ။
" ဉီးရေ...မုကို နည်းနည်း နောက်ဆုတ်ပြီး မတ်တပ်ရပ်ပြ "
" ဘာလို့လဲ "
" မမေးနဲ့.. မုအချိန်မရဘူး "
" ဟုတ်ပါပြီ... ကိုယ်ရပ်ပြပါ့မယ် ဒီလောက်ဆိုရပြီလား "
" Ok Prefect ပဲ "
" မု....Snacksတွေ colaတွေပဲ စားနေတာလား "
" နည်းနည်းပါ ideaတွေတိုးလာအောင် "
" ထမင်းလဲ စားပါအုံး မုရယ် "
" ဟုတ်ကဲ့ပါ... အဲ့တာဆို Bye ....မုကြောင့် နားတဲ့အချိန်ကုန်နေမယ် love you "
" ကိုယ်ရောပါပဲ "
" ဟေ့ရောင်ရေ...ခေါင်းဆောင်ရဲ့ ချစ်သူကတော့ ရှယ်လန်းပဲ ငါပိန်တဲ့သူတွေ စိတ်မဝင်စားတာတောင် ကြာကြာကြည့်ရင် ရှုးလောက်တယ်ကွ "
" အဲ့တာကြောင့်..ခေါင်းဆောင်က တမုထဲမုနေတာနေမယ် "
" ကြည့်တဲ့မျက်လုံးတွေရော.... ပြောတဲ့ ပါးစပ်တွေပါ အကုန် ပိတ်လိုက်ကြစမ်း! !!!! "
ခုနက တိုက်ခဲ့သောလေပြေတွေဟာ အခုတော့ မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။သူအယုံကြည်ရဆုံးသူတွေမို့ မုကို တဏှာမျက်စိဖြင့် ကြည့်ခြင်းမဟုတ်မှန်းသိသော်လည်း စိတ်ကမချုပ်တည်းနိုင်။ အားပါးတရ တချက်အော်ပြီး အစည်းဝေးကိုသာ ဆက်လိုက်သည်။
" အစည်းဝေးပြီးရင် ဒီလူတွေအကုန်လုံး ဒဏ်ရာမရမချင်း ထိုးပွဲလုပ်ရမယ် မင်းတို့ကို မသတ်တာပဲ ကံကောင်းတယ်မှတ် "
္°°°°°°°°°°°°
မုလဲ ဉီးမွေးနေ့အမှီ သိုးမွှေးအနွေးထည်ထိုးရင်း ကိုယ်တိုင်းခန့်မှန်းလိုက်ပေမဲ့ တော်ပါ့မလားမသိ။မု Vedio Call ပြောနေတုန်း မလှမ်းမကမ်းကြည့်နေသော သင်းသန့်ပြောပြီးမှ အနားကိုလာသည်။
" မု.....အဲ့တာနင့် ဉီးလား "
" အေးလေ ဘာလို့လဲ "
" ငါသူကိုတွေဖူးသလိုပဲ ကျောင်းပွဲတုန်းကများလား ငါပြောတဲ့ သရဖီဆိုတဲ့ အမျိုးသမီးနဲ့ စေ့စပ်ထားတယ်ဆိုတဲ့ ဘဲကြီးလေ တော်တော်တူတာဟ "
" ဟမ့်....နင့်ဟာက သေချာလို့လား "
" ငါ .....ငါ စိတ်ထင်တာပဲနေမှာပါလေ အဲ့နေ့ကလဲ အဝေးကနေပဲ တွေးဖူးတော့ တခြားကောင်မလေးတွေပြောလို့ စေ့စပ်ထားတာဆိုပေမဲ့.....အထင်မှားတာလဲ ဖြစ်နိုင်တာပဲလေ "
" အဲ့လိုပဲ နေမှာပါ ဉီးကိုငါယုံတယ် "
နှုတ်ကသာ ယုံကြည်နေသောလည်း ရင်ထဲမှာတော့ ဗလောင်ဆူနေခဲ့သည်။သူမနဲ့လည်း အဲ့နေ့ကတွေ့ခဲ့တာကြောင့်ပင်။အဆုံးထိ သူမကတော့ အောင်စစ်မှူးကို ယုံကြည်မယ်လို့တွေးထားသည်။တုံးအလွန်းသော မိန်းကလေးမဟုတ်ပေမဲ့လည်း အချစ်စိတ်က အရာအားလုံးကို တွေးတောခွင့်မပြု ။ရင်ထဲတွင် မဖြစ်နိုင်ဘူးလို့သာ တင်းခံထားမိသည်။မိန်းကလေးများချစ်မိပါက မျက်မမြင်တစ်ယောက်နဲ့တူသည်ဆိုတာ တကယ်များပါလား။စတင်ခြင်းရဲ့ အဆုံးသတ်ကို ကံတရားအားပုံအပ်ရင်း ရင်ထဲကအဖြေကိုသာ မိုက်ရှုးရဲဆန်စွာ ရွေးချယ်မိတော့သည်။
ထိုညက မုတော်တော်နှင့် အိပ်မပျော် ဉီးကိုလွမ်းတဲ့ စိတ်ရော စေ့စပ်ထားသည်ဆိုသည့် အကြောင်းရာများကို မုခေါင်းထဲက ထုတ်မရတော့ပါ။ခေါင်းထဲတွင် အစွဲကြီးစွဲနေသော ထိုအကြောင်းရာက နောက်တနေ့ စိုင်းဝေနှင့် တွေသည်အထိ ဖျောက်မရချေ။
" မုမု....ဘာသောက်မလဲ မုမု... ဟေ့ "
" လန့်လိုက်တာဟယ် "
" နင် ဘာတွေတွေးနေတာလဲ "
" ဘာမှမဟုတ်ပါဘူး.... နင်ငါကို ပြောမဲ့ အရေးကြီးတဲ့ အကြောင်းကဘာလဲ "
" ရော့.....ဒီမှာ နင်အတွက် "
" ဘာစာအိတ်ကြီးလဲ "
" ဖွင့်ကြည့်ပေါ့ဟ "
မု စိုင်းဝေကမ်းပေးလိုက်တဲ့ စာအိတ်ကို ဖွင့်ကြည့်ပြီး ပျော်လွန်း၍ ထပင်ခုန်ပေါက်မိသည်။
" Wow. ...ဒါငါတတ်ချင်းတဲ့ ြ သစတျေးလျက ကျောင်းဝင်ခွင့်ဖောင်ပဲ "
Advertisement
" ဟုတ်တယ် ငါအဲ့အတွက်ပြန်လာတာ မုမု ငါနဲ့အတူလိုက်ခဲ့ပါနော် "
" ငါလိုက်... "
သူမရဲ့ စကားကို အဆုံးထိနားမထောင်ပဲ မုကို သူရင်ခွင်ထဲပစ်သွင်းလိုက်သည်။မုကလည်း သူမအတွက်ဝမ်းသာပေးသည်အထင် အငယ်တုန်းကလဲ ထိုသို့ ပြုမူဖူးသည့်မို့ အံအားသင့်ခြင်းမရှိ။သူမရဲ့ လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ဖမ်းယူလိုက်သည့် အမည်မဖော်နိုင်သည့် လက်တစုံကြောင့် မုကိုယ်လေး စိုင်းဝေဆီမှ လွင့်ပြယ်သွားပြီး ထိုလူ၏ ရင်ခွင်ဝသို့ မျက်နှာမူတော့သည်။မုမော့တောင်မကြည့်ရဲခဲ့ ထိုသူရဲ့ အသံကတကယ်ကို ဒေါသတောင်ထိပ်ရောက်နေသည်။
" မင်း....ဒါဘာလုပ်တာလဲ "
ရောက်လာသူမှာ မုရဲ့ အချစ်ဆုံး အောင်စစ်မှူးသာ။ ကိုလင်းရဲ့ တင်ပြမှုကိုကြားကြားချင်း အလုပ်အပြီးသတ်ကာ ပြန်လာခဲ့သည့် အောင်စစ်မှူး သူမှန်းထားသလိုပင်။စစ်ပြိုင်ကြမည့် ထိုသူနှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုကတော့ လျော့သွားကြမည်မဟုတ်။မင်းသားယောင်ဆောင်ထားတဲ့ အချစ်နှင့် သံယောဇဉ်ကို အရောင်ပြထားသော အချစ်တို့ကြား အကျိုးသတ်ရောက်မှုရဲ့ အဆုံးသတ်တားကတ်ကတော့ မုတစ်ယောက်ထဲသာ........။
Episode 18 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
" သုံးလလောက်ပေါ့ "
" လိပ်စာရော "
" နင်ကို အပူမကပ်ချင်လို့ပါ...ငါဟာငါကြိုးစားလျင်လို့ "
" Hello "
" Hello.... ကိုလင်းလား မုပါ "
" ဟုတ်ကဲ့ မုဒြာပြောလေ "
" ဗျာ...!!! "
( အခုအားလာ...မု ဉီးကို Vedio Call ချေါခငျြလို့ 5 မိနစ်လောက်ပဲ ရလား )
( ရတယ် ခဏလေးနော် )
" ဘာလို့လဲ "
" မမေ့နဲ့.. မုအချိန်မရဘူး "
" Ok Prefect ပဲ "
" ကိုယ်ရောပါပဲ "
" မု.....အဲ့တာနင့် ဉီးလား "
" အေးလေ ဘာလို့လဲ "
" ငါသူကိုတွေဖူးသလိုပဲ ကျောင်းပွဲတုန်းကများလား ငါပြောတဲ့ သရဖီဆိုတဲ့ အမျိုးသမီးနဲ့ စေ့စပ်ထာတယ်ဆိုတဲ့ ဘဲကြီးလေ တော်တော်တူတာဟ "
" လန့်လိုက်တာဟယ် "
" နင် ဘာတွေတွေးနေတာလဲ "
" ရော့.....ဒီမှာ နင်အတွက် "
" ဘာစာအိတ်ကြီးလဲ "
" ဖွင့်ကြည့်ပေါ့ဟ "
" ငါလိုက်... "
" မင်း....ဒါဘာလုပ်တာလဲ "
Episode 18 Coming Soon
Advertisement
- In Serial1453 Chapters
Her Eternal Mr.Right
The famous Bai family's fourth youngest in North City was slept with by a dumb little white rabbit? The fourth young man forcibly married the person home in a fit of rage, "Little thing, how dare you run away after messing with me?" "You are the big bad guy, I don't want to marry!" "Master wants to marry, you dare to say no?" Four young peach blossom eyes narrowed, wolf light, directly pounced on the little white rabbit, eat dry.
8 555 - In Serial6 Chapters
Hypotheticals
In 1953 a lonely bible salesman travels down a deserted cliffside road, stopping for little, living for the same. When he stumbles upon a cozy little shack on a cliff by the sea he discovers a beautiful waitress, a handsome chef, a mysterious little town and the best Italian he's ever tasted.
8 215 - In Serial98 Chapters
Stay with me
This story is about hope and devotion. About loyalty to yourself and your feelings. About true friendship and family values. About a difficult choice. About forgiveness. The fact that a good person can commit a bad deed and endure all the troubles that life will give as a punishment.This story is about love ...This story is about a miracle ...* The author is Marina Victoria, I am only a translator
8 275 - In Serial72 Chapters
HER REPLACED GROOM
What happen when you are getting married but your groom ran away from the wedding and you are waiting for him in your bridal attire, in place of groom a letter came and you have to marry your long time crush, just to protect your family reputation.What will you do?What will she do?Ishika Sharma, well known fashion designer, and top of that billionaire. 26,cute, intelligent, independent.Ranveer Kapoor, our not so sweet businessman. Never dated anyone because he loves only one girl since childhood. For which he did something, no one can expect. 27 sweet and innocent only for loved ones and ruthless for everyone. What he did?Will it affect their relationship?After knowing the secret will she accept him or will leave him in middle?There was love, romance, and everyone favorite twists and a sweet secret.To know about the secret do read it.
8 162 - In Serial65 Chapters
The Devil I Love | Jikook Smut |
WARNING: THIS BOOK IS ONLY FOR AGES 18+ PLEASE DO NOT READ IF YOU ARE YOUNGER THAN THAT. I AM NOT RESPONSIBLE FOR YOUR DECISION. THIS IS A WARNING. "In everyone's eyes, I'm seen as a perfect little angel... they must be blind."Park Jimin; a twenty-five year old model who is loved by many and known as the most perfect celebrity alive. No one could really give one reason for it... Maybe it was the way he spoke; a careful cluster of words that were cherry-picked to suit the tone of his voice, his reputation; a perfect angel that was loved by the whole world, or maybe it was the way he always had people wrapped around his own finger, including an indie photographer himself; Jeon Jungkook. Unlike Jimin, the young twenty-three year old worked hard each and every day to have it all! Jeon Jungkook had a team for his business, and a very simple photography studio to showcase his love for art and express it through the lens of a camera. Even if he wasn't well-known, the quality in his work were mesmerizing. His life was simple until, Park Jimin chose 'The Golden Closet Studios' to hold his next photoshoot."It's just business right...?" At least, Jungkook believed so until he began to catch onto such an unusual tension he shared with the 'innocent angel'. Leading into a whole new world for the young photographer to explore in once he began a special relationship with the devil disguised as an angel. Along the way, he starts to see the truth behind the innocent image Jimin portrayed to the world aside from the sensual behavior he would display behind closed doors.This book contains:DramaRomance ComedyJikook (top JK)Smut (HIGH) *CHAPTERS WITH SMUT WILL HAVE THIS SYMBOL "~" AS A WARNING*Start: May 6, 2021End: July 14, 2021
8 84 - In Serial40 Chapters
Rescuing the World's Fate 【BL】【Haitus】
『Rescuing the World's Fate』【Haitus】Because of a rare disease. He stayed inside the basement which also became his room for 18 years. And died unexpectedly because of an earthquake that squashed him to death and led him to a place of just darkness.he saw a bright light opening up and it shocked him when he saw many mythical creatures surrounding him. Many years passed by. He finally get to start his own adventure that he didn't get to do in his past life. Saying his farewell to the creatures who raised him. He starts to walk away from the forest and heads to the near kingdom.Only to find out that he got reincarnated into the cringe novel that he really hated so much. He thought that fate seems to be playing with him so he took the challenge and decided that he'll change the fate of this world.-----------------------"My love... i finished getting rid of those damn organization's base on the mountain... Can i have my reward now?"'I don't remember him being one of the casts so how is he--... nevermind..' he sighed as he let the man drag him into an empty room.『CREDITS TO THE OWNER OF THE ART: @Chien_xx 』
8 153