《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 18 )
Advertisement
ကိုလင်း၏ တင်ပြမှုတွင် လေဆိပ်၌ စကားပြောနေသောပုံများက စိုင်းဝေ၏ မရိုးသားသော မျက်လုံးများကိုသက်သေပြနေသည်။ထိုပုံများက ရောက်ရောက်ချင်း သူတို့ရှိရာဆီကို ဆိုင်းမဆင့် ဗုံမဆင့်ရောက်လာစေခဲ့သည်။ Cafe ထဲမှ လူများကလည်း မုတို့ဝိုင်းကိုသာ ကြည့်နေကြသည်။အားလုံးရဲ့အမြင်တွင် ရည်းစားပြိုင်လုနေသော ပွဲပင်။မုလည်း ရှက်လို့ ခေါင်းတောင်မဖော်ရဲ။စိုင်းဝေကလည်း ပေစောင်းစောင်းအကြည့်ဖြင့် သားရဲတစ်ကောင်၏ အကြည့်အား မရှောင်လွှဲခဲ့ပါ။ထိုအခြေနေကို ဖြေရှင်းနိုင်မည့်သူမှာ မုကလွဲ၍ မည်သူမျှမရှိ။မု ခြေဖျားလေး ထောကျကာ အောင်စစ်မှူးရဲ့ နက်ကတိုင်ကို ဆွဲပြီး နားထဲသို့ တီးတိုးပေးလိုက်တဲ့ စကားသဝဏ်လွာလေးက သားရဲကောင်မှ အိမ်မွေးခွေးလေးလို အသွင်ပြောင်းပေးလိုက်သည်။
" ဉီးရယ်.....မိတ်ဆက်ပေးမှာမို့ထိုင်ပါနော် မုဘယ်လောက်ချစ်တယ်ဆိုတာကို ယုံရင်း ဒီမှာတင်ရပ် လိုက်ပါနော် "
မုစကားကြောင့် အောင်စစ်မှူး ရန်သူကိုတောင် လက်ကမ်းကြိုဆိုခဲ့သည်။
" တွေ့ရတာ... ဝမ်းသားပါတယ် ကိုယ်က အောင်စစ်မှူးပါ မုရဲ့ ချစ်သူပါ "
" ကျွန်တော်က စိုင်းဝေပါ မုမုက ကျွန်တော်ရဲ့...တစ်ဉီးတည်းသော...သူငယ်ချင်းပါ "
" နှစ်ယောက်လုံးထိုင်ကြလေ...ဉီး ဝေဝေက မုအတွက် ကျောင်းကိစ္စ လာကူပေးတာ ဟုတ်တယ်နော် ဝေဝေ "
" ဟုတ်ပါတယ်... ကျွနတော်က မုမုကို ခေါ်သွားမှာလေ "
" ကျောင်းသွားတတ်ဖို့ပါ ဉီးရယ် "
စိုင်းဝေရဲ့ အနှောင့်သွားမလွတ်တဲ့စကားတွေကြောင့် အောင်စစ်မှူးကလည်း ပညာသာပါပါ စကားဆိုခဲ့သည်။
" ကိုယ်က.... မုကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးပြီးသားပါ အချိန်တန်ရင်း ကိုယ်လှောင်အိမ်ကိုပဲ ပြန်လာမှာမို့လေ "
" ဉီး...ကအဲ့လိုပဲ ရုပ်တည်နဲ့ နောက်တာ...မု ဗိုက်ဆာပြီ မုန့်ဝယ်ကျွေး "
" ကျွေးရမှာပေါ့ ကိုယ့်မျောက်မလေးကို မုအတွက် Bubble Tea မှာပေးမယ် cakeကော "
" မုမုက....Bubble Teaသိပ်မကြိုက်ဘူး Green Tea ပိုကြိုက်တာ ဟုတ်တယ်မလား "
" ငါအခု Bubble Teaပဲ သောက်ချင်တယ် ဝေဝေ "
မုရဲ့ အပြောတွင် ပြတ်သားတဲ့ ရွေးချယ်မှုကို ခံစားမိသည်။ဆိုင်ထဲမှာ စားသောက်ပြီးတော့ အောင်စစ်မှူး ကားသွားထုတ်နေတာမို့ မု ဝေဝနှင့် နှစ်ယောက်ထဲကျန်ခဲ့သည်။ကားဆိုင်ရှေ့ရောက်မှ မုလက်ကိုဆွဲကာ အောင်စစ်မှူးမြင်အောင် တမင်လုပ်ပြလိုက်သည်။
" မုမု....နင် Bubble Teaကို တကယ်ကြိုက်တာလား"
" နင်ကလဲ လူတိုင်းအကြိုက်က ပြောင်းနေတာပဲကို "
" မု ကားပေါ်အခုတက် "
" ဉီး...မုပြောအုံးမယ် ဘာလို့ ဒေါသထွက်နေရတာလဲ"
စကားကို နားထဲသို့ မလုံးဝထည့်။စိုင်းဝေလက်ကို အတင်းလွတ်ချပြီး မုကို ကားထဲဆွဲသွင်းခဲ့သည်။ဘယ်ကိုသွားမလဲလို့လည်း မမေးနိုင်။ဉီးရဲ့ ရုပ်ပြောင်းရုပ်လွဲဇာတ်ထဲမှာ မုပါ ဝင်ကနေရတော့သည်။ခက်ထန်ကြမ်းတမ်းသော ရုပ်သွင်ပြင်ဖြင့် မောင်းသွားသော ဉီးတည်ရာမှာ အောင်စစ်မှူးအိမ်သာဖြစ်သည်။အိမ်တံခါးကို ဆွဲဖွင့်ကာ ဆုပ်ကိုင်ထားသော မုလက်အား လွှဲယမ်းလိုက်သည်။ရုတ်တရက် ဘာစကားမှ မပြောပဲ အင်ကျီကြယ်သီးများ ဖြုတ်ရင်းသူမအနားတို့လာသည်မို့ မု နောက်ဆုတ်ရင်းဖြင့် စားပွဲနဲ့ခါးတိုက်မိသွား၍ တုန့်ခနဲ့ ရပ်လိုက်၏ ။
" ဉီးဘာလို့.... အဲ့လိုကြီးလုပ်နေတာလဲ မုရှင်းပြမှာမို့ စကား....အင့် "
ပြောစရာ စကားများ ပျောက်ဆုံးသွားသည်အထိ ဉီးရဲ့အနမ်းများက ကြမ်းတမ်းလှသည်။ ချိုမြိန်ပြီး အသက်ကိုနှုတ်ယူနေသည့် အဆိပ်တခွက်လိုပင် အသက်တောင် ကောင်းကောင်းမရှုနိုင်တော့ပြီ။ကြမ်းတမ်းသော နမ်းရှိုက်မှုများကြောင့် မုနှုတ်ခမ်းပင် ရောင်ကိုင်းလာသည်။ဒီနေ့ မုက အဖြူရောင် ဘောင်းဘီစကတ်အတိုလေးကို Hoodie အပွလေးဝတ်ကာ စိုင်းဝေနှင့်ထိုင်နေသည်မှာ Dateလုပ်နေသည့် လူငယ်စုံတွဲလိုပင်။ထိုမြင်ကွင်းတို့က သူအား ထိုသို့ အရိုင်းစိတ်များကို နိုးထစေခဲ့သည်။မောလွန်းလို့ ခဏရပ်ပြီး နှုတ်ခမ်းလေးဟကာ အမောဖြေခွင့်တောင်မပေး ပူနွေးသောလျှာဖျားတို့က မုဆီ ခွင့်မတောင်းပဲ ဝင်ရောက်လာသည်။
အောင်စစ်မှူးလည်း မုရဲ့ ကိုယ်လေး စားပွဲပေါ်သို့ လဲကျသွားသည်အထိ မရပ်ခဲ့ ။သူမရဲ့ ပေါင်တံလေးကြား သူကိုယ်ကိုဝင်ပြီး တဆင့်တက်မယ်အလုပ်။ မုက လက်မောင်းအား အတင်းပုတ်ထုတ်တော့သည်။အစပိုင်းတွင် လက်ခံပေးသော သူမဆီကနေ အလန့်တကြားပုတ်ထုတ်လိုက်သည်မို့ ရပ်ပေးလိုက်သည်။မောလွန်းနေတာမို့ စကားပင် အတော်နှင့်မပြောနိုင်။
" မု....မု..တို့ ရှေ့ဆက်လို့ မရတော့...ဘူး "
" မုက... ကိုယ်နဲ့ လမ်းခွဲချင်တာလား "
" အဲ့တာပြောတာမဟုတ်ဘူး... မုတို့ အခုလုပ်နေတဲ့ဟာ "
" ဘာလို့လဲ...မကြိုက်လို့လား "
" မ...မ..ဟုတ်ဘူး ဒါမဲ့ အခုတော့မရဘူး "
" ဘာလို့လဲ "
" မု...ရာသီလာနေတာ နောက်ဆုံးရက်မို့ ပြီးသွားပြီထင်ထားတာ အခုမှ ရုတ်တရက် စွန်းကုန်လို့ မုပြန်တော့မယ် "
" မပြန်နဲ့ ကိုယ်သွားဝယ်ပေးမှာမို့... မုဒီည ကိုယ်အိမ်မှာပဲ အိပ်ပါ "
" ဘယ်...ဘယ်လို ပြောလိုက်တယ် ဉီးက...မုအတွက် Padဝယ်ပေးမယ်...မလုပ်ပါနဲ့... အိမ်ပဲပြန်ပို့ပေးပါနော် "
" စိုင်းဝေနဲ့က တကယ်သူငယ်ချင်းလား "
" တကယ် "
" အဲ့တာဆို ကိုယ်အိမ်မှာအိပ်မှ ယုံမယ် "
" ဉီး....တကယ် ဝယ်နိုင်ပါ့မလား "
" ရတယ် ကိုယ်လုပ်နိုင်တယ် "
" အဲ့တာဆို Night တစ်ထုပ် ဘာတံဆိပ်ဖြစ်ဖြစ်ရတယ် "
မုလည်း စွန်းသွားတဲ့ စကတ်ကို အောင်စစ်မှူးရဲ့ အားကစားဘောင်းဘီအပွကြီးလဲပြီး စောင့်နေတော့ဘသည်။အောင်စစ်မှူးကတော့ အမျိုးသမီးလစဉ်သုံး အရောင်းတန်းဘက်တွင် Padထုပ်များဖြင့် တိုင်ပတ်နေတော့သည်။တသက်နှင့်တကိုယ် ထိုကိစ္စကို မကြုံဖူးသူမို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ရောဂါကြီးတစ်ခုလိုတွေးကာ မုကို စိတ်ပူလွန်းတာပဲ သိတော့သည်။
" ဝယ်သူရှင့်.....ဘာများ ကူညီပေးရမလဲ "
" ဟို...ဟိုလေ ကျွန်တော်ကို ပါးလဲပါးရမယ် ဝါဂွမ်းနဲ့လုပ်ထားပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အနံ့ဆိုးမထွက်ပဲ လူကိုလန်းဆန်းစေတဲ့ ဟာမျိိုး ပြီးတော့ သန့်ရှင်းပြီး ပိုးမွှားလဲကင်းရမယ် စုပ်ယူမှုကောင်းပြီး စွန်းထင်းတာလဲ မရှိချင်ဘူး အဲ့လိုဟာမျိုးပေါ့ "
Advertisement
" လစဉ်သုံးတိုင်းက အဲ့လို့ပဲ ထုတ်ထားတာပါ "
" ဗျာ....အဲ့လိုကြီးလား အဲ့တာဆို စင်ရဲ့ အစကနေဟိုအထိ တမျိုးစီထည့်ပေးပါ "
" ဟုတ်ကဲ့.... အစ်ကို စိတ်ဝင်စားမလားတော့မသိဘူး.... ဒါလေးက ရေနွေးအိတ် ပလာစတာ ဆီးခုံပေါ်မှာ ကပ်ထားရုံနဲ့ ကိုက်ခဲတာတွေ သက်သာစေတယ် "
" အဲ့တာပါ ထည့်ပေးပါ "
" ဟုတ်ကဲ့ "
အောင်စစ်မှူးလည်း ဖုန်းထဲမှ ရှာဖွေရင်း လိုအပ်တာတွေရော မလိုတာပါ အကုန်ဝယ်မိသည်။မုကတော့ အိမ်က အုပ်ထိန်းသူ သုံးယောက်ကို ဖုန်းဆက်အသိပေးရသည်။
" အဲ့တာကြောင့်ပါ....ဒါဒါရယ် "
" အေးပါ ဟိုနှစ်ကောင်ကိုတော့ နင် design pattern ချမှာမို့ ပြန်မလာဖြစ်ဘူးလို့ပဲ...ပြောထားလိုက်မယ် "
" ကျေးဇူး ကျေးဇူး အဲ့တာကြောင့် နင်ကငါ့ အချစ်ဆုံးဖြစ်နေတာ "
" ဘယ်သူကို.....အချစ်ဆုံးလို့ ပြောလိုက်တာလဲ "
" ပြန်ရောက်လာပြီလား....သူငယ်ချင်းတွေကို ပြောနေတာပါ မယုံရင်ဖုန်းကို ကြည့်ပေါ့ "
" ယုံတယ် နောက်ခါကျရင် အချစ်ဆုံးက ကိုယ်ပဲ ဖြစ်ရမယ်"
" အမယ်....ပိုလိုက်တာ လက်ထဲက ဝယ်လာတာတွေကများလိုက်တာ မုက တစ်ထုပ်ပဲလိုတာလေ "
" ကိုယ်လဲ အများကြီးတွေ့တော့...ဘာဝယ်ရမှန်းမသိတာနဲ့"
" ကောင်းတယ် ....အရမ်းတော်တယ် "
" တကယ်လား "
" ရွဲ့နေတာ... ဒီလောက်အများကြီးကို ပိုက်ဆံရှိရင်တောင် အသုံးနဲ့ အဖြုန်းခဲွဲခြားရမယ်လေ မလိုအပ်ပဲရှိတိုင်း လျှောက် "
" တော်ပါတော့.... ကိုယ်ကို မဆူပါနဲ့တော့ "
Sofarပေါ်မှာ ထိုင်နေသည့် မုရင်ခွင်ထဲသို့ အထုတ်လေးချကာ ပြစ်ဝင်လာသည်မို့ မုဘာမှမပြောနိုင်တော့။ကလေးတစ်ယောက်လို ခေါင်းတိုးပြီး ချွဲပြနေသည်မှာ 35နှစ်အရွယ်လူကြီးနှင့်တောင် မတူတော့သည်။သူရဲ့ ရင်ထဲက ခံစားချက်ပုံဖော်မှုလေးတွေကို မုတစ်ယောက်ထဲကိုသာ ပြတတ်သည်။မုလဲ ထိုအမူရာလေးကြောင့် ရင်ခွင်ထဲမှ ခေါင်းလေးကို ပုတ်ပေးလိုက်၏ ။သခင်က ခေါင်းလေးပုတ်ပေးတော့ ခါးကို အတင်းဖက်ကာ ပန်းလေးပမာ နှုးညံ့ပြနေတော့သည်။
" ဉီး...မနက်ဖြန်ပွဲက ဘာပွဲလဲဟင် "
" ဒီတိုင်း သိပ်အရေးမပါတဲ့ပွဲပါ မုစိတ်ထဲအရမ်းစိုးရိမ်မနေပါနဲ့ "
ဉီးရယ်....ဘယ်လိုတောင်ပြောနိုင်ရတာလဲ။ကိုယ်မွေးနေ့ပွဲကိုတောင် အဲ့လောက် အရေးမထားတဲ့ ဉီးက သိပ်မှန်းဆရခက်တာပဲ။ဇွတ်မမေးချင်ပေမဲ့ မုသိပ်သိချင်တယ်။လျို့ဝှက်ချက်များတဲ့လူကို မု မယုံပေမဲ့ ဉီးကတော့ မလှည့်စားဖို့ မုမျှော်လင့်ပါတယ် ။
" ဘာတွေတွေးနေတာလဲ "
" ထွေထွေထူးထူး မဟုတ်ပါဘူး မု ကိုယ့်လက်သန့်ရှင်းရေး လုပ်လိုက်အုံးမယ် "
ကိုယ်လက်သန့်စင်ပြီး ထွက်လာသည်အထိ မုအိပ်ရမဲဲ့ အခန်းကို မပြင်ပေးသေး။မုလည်း ဟိုကြည့်ဒီကြည့်ဖြင့် ဘေးခန်းကို ဝင်ရန် တံခါးလက်ကိုင်ကို အဖွင့်။
" ဘယ်သွားဖို့လဲ "
" မုဝင်အိပ်တော့မို့ လေ "
" ဟုတ်လား....အိပ်ကြမယ်လေ "
ပြောပြောဆိုဆိုဖြင့် သူမကို ခါးလေးမှ မကာ ရင်ဘက်နားကပ်၍ မြှောက်ချီလိုက်သည်။ မုလည်း အောင်စစ်မှူး ပခုံးပေါ်သို့ လက်တင်ကာ ခြေထောက် နှစ်ဖက်မှာ ခါးကို အလိုက်သင့် ချုပ်နှောင်မိသည်။မု တင်ပါးလေးကို ပင့်ချီထားသည်မှာ တကယ်ကို သားအဖလိုပင်။သူမကို ချီပြီး အခန်းထဲ ဝင်သွားသောလည်း မုကတော့ မျက်ဝန်းများရဲ့ ဆွဲငင်မှုကြောင့် တုတ်တုတ်မျှ မလှုပ်ပဲပါသွားခဲ့သည်။နွဲ့နှောင်းတဲ့ သူမရဲ့ ကိုယ်လေးအား အိပ်ရာပေါ်သို့ ဂရုတစိုက်ချလိုက်မိသည်။ထို့နောက် သူမရဲ့ မျက်နှာလေးအား သူခိုးတစ်ယောက်လို ချင်းကပ်လာသည်မို့ မု မျက်လုံးစုံမှိတ်ခါ ခိုးယူခွင့်ပေးလိုက်၏ ။နှုတ်ခမ်းတွင် ထိတွေ့မှုမရှိတာကို သတိထားမိ၍ မျက်လုံးအဝိုင်းသားပြူးကြည်လိုက်တော့ အောင်စစ်မှူးက ဟက်ဟက်ပတ်ပတ် ထရီတော့သည်။
" အမှောင်မလေး.....ဘာတွေမျှော်လင့်နေတာလဲ ဒီလောက် နှုတ်ခမ်းတွေ ရောင်ကိုင်းနေတာတောင် နမ်းချင်သေးတာလာ "
" မဟုတ်တာ...ခဏ မျက်စိညောင်းလို့ "
" ဆေးလိမ်းပေးမယ် နှုတ်ခမ်းကို "
" အား...!!! စပ်လိုက်တာ "
" ရလား....ကိုယ် သေချာထည့်ပေးမယ် ငြိမ်ငြိမ်နေ "
" ဉီးမနက်ဖြန် မု အိမ်ခဏပြန်မယ် ပြီးမှပြန်လာမယ် ယူစရာရှိလို့ "
" မရဘူး ကိုလင်းကို ယူခိုင်းလိုက် ဘာယူစရာရှိလဲ ကိုယ်ပြောပေးမယ် "
" ရတယ် မုဘာသာပဲ ပြောလိုက်မယ် "
" နားရအောင် ....မုရေ.... ကိုယ်အိပ်ချင်နေပြီ "
အိပ်ရာပေါ်က မုပေါင်လေးကို ခေါင်းအုံးလိုက်တော့ တကယ်ကို သုခဘုံလိုပင် ခံစားရသည်။သူကို ငုတ်ကြည့်နေတဲ့ မုရဲ့ ဆံနွယ်လေးတွေကို လက်ညှိုးလေးဖြင့် လိမ်ရင်း သူမသာ နေမကောင်းမဖြစ်ခဲ့ရင် ကောင်းမယ်လို့ တွေးမိသည်။
" မု....ကိုယ်ကို ပုံပြောပြ "
" အိပ်ရာဝင်ပုံပြင်လား....ကလေးလဲမဟုတ်ဘဲနဲ့ "
" မုနဲ့ရှိရင်...ကိုယ်က ကလေးပဲ "
" အတော်တတ်နေပါလား ဉီး အဲ့တာဆိုမုပြောပြမယ် အလကားတော့မရဘူး "
" ဘာပေးရမလဲ ကြိုက်တာပြော "
" မုနဲ့ dateပေးရမယ် မုကြိုက်တဲ့နေရာသွားမယ် သဘောတူလား "
" တူပါတယ်ကွယ် "
" တခါက လိမ်တတ်တဲ့ သိုးကျောင်းသားလေးတစ်ယောက်ရှိတယ် သူက အမြဲ မြေခွေးကြီး သိုးတွေကို လာစားပြီလို့ လိမ်ပြီး လူတွေကို စနောက်တတ်တယ် ......"
မုက သူဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း ပြောနေတဲ့ ပုံပြင်ကို အောင်စစ်မှူး သုံးနှစ်သားလေးလို ငြိမ်နားထောင်ခဲ့တယ်။ သူမရဲ့ ပုလဲလုံးသီထားတဲ့ အပြုံးလေးတွေ လမင်းလို ကြည်လင်နေတဲ့ မျက်နှာလေးရယ်ကြောင့် သူမကို ငေးကြည့်ရင်း တွေးမိခဲ့သည်။ အချစ်က ငါအတွက် ဘာမှန်းမသိပေမဲ့ မုကြောင့် ဖြစ်လာတဲ့ ခံစားချက်တွေကသာ အချစ်ဆိုရင် ကိုယ်မင်းကို ချစ်တာထက်တောင်ကျော်နေပြီထင်တယ်။
Advertisement
" မု..."
" ရှင့် "
" တကယ်လို့....ကိုယ်သာ လိမ်ညာတဲ့ သိုးကျောင်းသားလေးသာဆို ကိုယ်လိမ်ခေါ်တိုင်း မုလာမှာလား "
" အွန်း..... မုသာဆိုရင်....အမြဲလာလိမ့်မယ် လိမ်မှန်းသိရင်တောင် ချစ်တာမို့ မုလာမှာ ဒါမဲ့ လိမ်တဲ့ သိုးကျောင်းသားလေးကလဲ သူရဲ့ လိမ်ညာမှုကြောင့် ဆုံးရှုံးမှုတွေ ရှိနိုင်တယ် "
" မုရေ....မစဉ်းစားပဲ အိပ်ကြရအောင် မနက်လဲ ပွဲအတွက် ပြင်ဆင်ရမယ် "
စကားလုံးတွေရဲ့ ဆိုလိုရင်းက ရင်ဘတ်ကိုနာကျင်စေတာမို့ ဆက်နားမထောင်နိုင်ခဲ့။ မုကတော့ သိပ်တောင်မကြာဘူး အိပ်ပျော်သွားသည်။ရင်ကိုလာ ရိုက်ခတ်လာသည့် သူမရဲ့ အသက်ရှုငွေ့ငွေ့လေးက ကိုယ်စိတ်ကို ကြွစေသည်။အိပ်ရာမှခဏထပြီး ဝရန်တာဘက်တွင် ဆေးလိပ်ဖွာရင်း သူမပြောသော ဆုံးရှုံးမှုကိုတွေးမိသည်။ပြီးတာနဲ့ ကိုယ်ကိုလည်းပြန် ကြိမ်းဝါးမိသည်။
" ချမ်းသာမှု စည်းစိမ်တွေ ဆုံးရှုံးရမယ်....ဆိုရင်တောင်...အဲ့ထဲမှာ မုကိုတော့ ....အပါမခံနိုင်ဘူး မုအသက်မဲ့သွားရင်တောင်... ကိုယ်မုကိုပိုင်တယ်...မင်းကိုယ်တိုင် ကိုယ်အပိုင်ဖြစ်ဖို့ ရွေးချယ်ခဲ့တာမို့ "
Episode 19 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
" မု ကားပေါ်အခုတက် "
" ဘာလို့လဲ "
" တကယ် "
" ဟို...ဟိုလေ ကျွန်တော်ကို ပါးလဲပါးရမယ် ဝါဂွမ်းနဲ့လုပ်ထားပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အနံ့ဆိုးမထွက်ပဲ လူကိုလန်းဆန်းစေတဲ့ ဟာမျိုး ပြီးတော့ သန့်ရှင်းပြီး ပိုးမွှားလဲကင်းရမယ် စုပ်ယူမှုကောင်းပြီး စွန်းထင်းတာလဲ မရှိချင်ဘူး အဲ့လိုဟာမျိုးပေါ့ "
" အဲ့တာပါ ထည့်ပေးပါ "
" ဟုတ်ကဲ့ "
" ကောငျးတယျ....အရမ်းတော်တယ် "
" တကယ်လား "
" ဘာတွေတွေးနေတာလဲ "
" ဘယ်သွားဖို့လဲ "
" မုဝင်အိပ်တော့မို့ လေ "
" ဟုတ်လား....အိပ်ကြမယ်လေ "
" အား...!!! စပ်လိုက်တာ "
အိပ်ရာပေါ်က မုပေါင်လေးကို ခေါင်းအုံးလိုက်တော့ တကယ်ကို သုခံဘုံလိုပင် ခံစားရသည်။သူကို ငုတ်ကြည့်နေတဲ့ မုရဲ့ ဆံနွယ်လေးတွေကို လက်ညှိုးလေးဖြင့် လိမ်ရင်း သူမသာ နေမကောင်းမဖြစ်ခဲ့ရင် ကောင်းမယ်လို့ တှေးမိသညျ။
" မု....ကိုယ်ကို ပုံပြောပြ "
" တူပါတယ်ကွယ် "
" မု..."
" ရှင့် "
Advertisement
- In Serial25 Chapters
The Girl With The Cellphone
There are only two types of people: people who can hack and the other. I am a hacker. I'm here to discover their secrets in order to destroy them. I'm talking about men. Those disgusting creatures who are only here to make fun of you, to play with you, to throw you away when not needed anymore. They are those kinds of people.I'll discover your secret.You can't hide from me.My name is Suzuki Amy, and I'm here to make your life miserable. Fear me and disappear forever before I'll come and get you. Had this idea through this music: https://www.youtube.com/watch?v=bZHiGLt7g8E&list=PL9VUbOfVqUpps-4FLtmm2lUGoe4027FRa&index=36&shuffle=15245
8 164 - In Serial12 Chapters
Have a Little Faith
Faith Cox did not expect to get a divorce for Christmas, but there it is. So instead of taking her second honeymoon with her husband, she finds herself on the beach. Crystal clear water isn't all she finds in the Caribbean. A reverse harem Christmas romp, with three alpha males who want nothing more than to make their mate happy, and steamy bits that are intended for adult audiences only, that ends in a Christmas sized HEA.
8 94 - In Serial68 Chapters
Renee's River | √
"Does he know your name?""Nope," I shook my head. "But hey, it was like love at first sight," I said dreamily before snapping back to reality and looking at my best friend who gave me a weird look. "You have to help me," I said."We're not going to the clothes store with me disguised as a girl again.""No," I groaned. "I want you to help me get him to notice me."My best friend's mouth opened then closed again before his eyes dropped to my boobs, "I mean, we can always start with that.""What? No!" I crossed my arms over my chest while he laughed like the idiot he was and I rolled my eyes, then let out a breath, "Come on, just do this for your Firefly." ▬▬▬▬▬There was only one reason Renée McCann enjoyed her job at the bakery. To see the guy who had made her stomach flutter at the first sight.
8 134 - In Serial26 Chapters
The Improper Companion
It was the time of Prince Regent's rule on England when in the relatively small village of Bedfordshire, an impoverished companion-the daughter of an inconsequential vicar fell in love. But here was the catch. Who she fell in love with was no ordinary lad. He happened to be a grand Duke. This Duke was not only above her station and her employer but was also betrothed. She can neither act on her attraction towards him nor can she put the man out of her mind. So what will happen to this improper companion? Will she have her very own fairytale or will reality crush her dreams and hopes?
8 246 - In Serial27 Chapters
Wolfs Bride(bwwm)
An Alpha like no other... Born into the Bellamy family, Laticia "Argo" Bellamy had no illusions that her family wasn't like others. As a changeling born into the wolf tribe she was unfortunately the lowest of the low. An omega, but born into the leading family she was luckily treated more like a house keeper, and ignored. The only thing keeping her going was the hope of graduation. The one thing that would lead her to freedom. As long as she wasn't more useful than for cleaning the house, she could live her last year in high-school in peace. ...Till she became useful. With a sudden alliance with a purist family of wolves. Laticia's simple life is cast aside for a ceremony that would serve her father more than she. And in the icy eyes of Ewan McKillan she finds her life now derailed. Will she fight against the destiny, or will she become...The Wolfs Bride. An new exciting romance, written by LB Keen. *Do not copy, or print for purchase*
8 261 - In Serial10 Chapters
PRACTICE | j.jk
"noona..... will you practice that- scene- with me?" jungkook questioned you nervously as he pulled you to a private spot.since you were working with him in that acting business, it was only fair for you to help him. "sure, kookie.. what scene did you need practice with?" with an assuring smile, you replied.he nervously looked down, and scratched the back of his head before giving you an answer. "that-" he paused and lifted his eyes up to meet your lips, "kiss scene." || short ff|| jungkook!actor|| low caps intended|| completed
8 200