《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 21 )
Advertisement
ညက မုရင်ခွင် ငွေ့ငွေ့လေးထဲတွင် အိပ်ရသည်မှာမို့ ပြတင်းပေါက်မှ တဆင့် ဖြတ်သန်းလာသော နေရောင်ခြည်များကပင် နိုးယူရသည်အထိ အိပ်မောကြခဲ့သည်။နိုးနိုးချင်း တစ်ယောက်ထဲ ဖြစ်နေသည့် ခံစားမှုကြောင့် စောင်အောက်ဖယ်ကြည့်တော့မလည်း မရှိချေ။စိုးရိမ်ပူပန်မှုများက တောမီးရှို့လျှင်တောင်ရလောက်သည့် အပူရှိန်ဖြစ်နေခဲ့သည်။အပေါ်ဝတ်တောင် မဝတ်နိုင်တော့ပဲ အိမ်အောက်ထပ်ဆီ ကမန်းကတန်းပြေးဆင်းသွားလိုက်သည်။တအိမ်လုံး တိတ်ဆိတ်မှုများက နေရာအပြည့်ယူထားသည်မို့ မုနာမည်ကိုသာ ကျယ်လောင်စွာ အော်ခေါ်နေမိ၏ ။
" မုရေ....မု...မုဒြာ..."
" မုရှိပါတယ် ဉီးရဲ့ "
အသံလာရာ ထမင်းစာခန်းထဲကည့်လိုက်တော့မှ မီးဖိုနားတွင် ဟင်းခတ်ဇွန်းလေးနှင့် ခေါင်းလေးကုတ်ကာ မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်လုပ်ပြီး ကြည့်နေသော မုကို မြင်လိုက်ရမှ နေကိုးစင်းလို တောင်လောင်နေသော အပူမီးများ ငြိမ်းအေးသွားခဲ့သည်။သူမဆီသို့ ခြေလှမ်းကျယ်များဖြင့် ခပ်သွတ်သွတ်သွားပြီး ရင်ခွင်ထဲ သိမ်းဖက်လိုက်တော့မှ ပိန်ကပ်ကပ်မုမှာ ကျုပင်လေးလိုပင် ယိမ်းနွဲ့ကာပါသွားတော့သည်။သူမရဲ့ ရင်ဘတ်နှင့် နေရာလပ်မရှိအောင်ဖက်ထားပြီး ပခုံးနှင့်ခါးလေးကိုလည်း အတင်းဆုပ်ကိုင်ထားကြောင့် မု အောင်စစ်မှူးရဲ့ ဝမ်းနည်းမှုအရိပ်ယောင်တွေကို ခံစားမိသည်။အောင်စစ်မှူးသည် အခြားနေရာများတွင် ယုတ်မာရက်စက်သောလည်း မုနဲ့ ပတ်သတ်ရင်တော့ ဖန်သားမျက်နှာပြင်ကဲ့သို့ ထိခိုက်လွယ်လှသည်။
" ခဏလောက် လွတ်ပေးပါအုံး "
" မုက ဘာလို့ အရင်ထသွားတာလဲ နိုးနိုးချင်း လူကို စိတ်ပူအောင် "
" သိပါတယ်....မု မနက်စာပြင်ပေးနေတာပါ နွားနို့နဲ့ ဆန်ပဲတွေ့လို နို့ဆန်ပြုတ်ချက်ထားတယ် အီကာကွေလည်းမှာထားတာ ခဏနေလာပို့လိမ့်မယ် "
" မှာစားလို့ရတာကို "
" အမယ်လေး.... ဉီးရယ် ပြောတတ်တယ်နော် အမြဲမှာစားတာက ပိုက်ဆံကုန်တယ်လေ ရှိတာနဲ့ ကောင်းအောင်ချက်စားလို့ရတာကို သဘောပေါက်လား "
" ဟုတ်ပါပြီ....အိမ်ရှင်မလေးရယ် ကိုယ်ရှာသမျှ ပိုက်ဆံတွေကို မုကြိုက်သလို စီမံနိုင်ပါတယ်ဗျာ "
" အဖားကောင်းလို့ အထောင်းသက်သာသွားတယ်မှတ်... အခုတော့ မျက်နှာသွားသစ်တော့ "
" ဟုတ်ကဲ့ပါ...ဒါနဲ့ မုဒီနေ့ ဘာလုပ်ဖို့ planတွေရှိလဲ "
" အွန်း...မနက်ပိုင်း သင်တန်းတချိန်တတ်ပြီး ညနေပိုင်းမှာ Book store ကိုသွားပြီး စာအုပ်ဝယ်မယ် အဲ့တာပြီးရင်တော့ အိမ်ပြန်မယ် ဒါပဲလုပ်စရာရှိတယ်... ဘာလို့လဲ "
်" ကိုယ်...ဒီနေ့ မုစိတ်တိုင်းကျ Dateလုပ်မယ်လို့ ပြောရင်း ဘယ်လိုလဲ "
" Really... !!!! သချောပေါက် planတွေ အားလုံးပြောင်းပစ်မှာပေါ့ သင်တန်းကလဲ မု အမြဲအတန်းမှန်ခဲ့တော့ ကိစ္စမရှိဘူး...ဒီနေ့က ပိတ်ရက်ဆိုတော့ လည်ချင်တာတွေများလို့ ဘယ်လိုလုပ်ရမလဲ.."
မုကတော့ အောင်စစ်မှူးနှင့် လျှောက်လည်ရမည်ကို တွေးရင် ခုန်ပေါက်မြူးထူးနေတော့သည်။
" အဲ့တာဆို...ကိုယ် မုအတွက် အဝတ်စားတွေ ကိုလင်းကို ဝယ်လာခိုင်းလိုက်မယ် သွားပြန်မယူနဲ့တော့"
" သွားပြန်ယူရင်လဲ ဟိုသုံးကောင်ရန်က ကြောက်ရသေးတယ်...တော်လိုက်တဲ့ ငါရဲ့ Daddy ပေါက်စလေး လာပါအုံး အနားကို ဆုပေးချင်လို့ "
အစထဲက အခွင့်ရေးကို စောင့်နေသည့် မြေခွေးအိုကြီးလို့ တခြမ်းမဲ့ ရိသဲသဲပြုံးပြီး မုကို အနီးရှိ နံရံသို့ ကပ်မြှောက်လိုက်သည်။မုရဲ့ သဘာဝအတိုင်းစိုအိနေသော နှုတ်ဖျားလေးအား ဖွဖွလေးနမ်းလိုက်၏ ။မုကလည်း သူရဲ့ မတော်တရော Shirtအင်ကျီကြီးကို ဝတ်ထားသည်မို့ လည်ပင်အနည်းငယ် ဟိုက်နေသည်။အဖြူရောင် ပါးပါးလွှာလွှာလေးအောက်က သူမရဲ့ ရင်ညွှန့်လေးကိုလည်း ဗလာနတ်ထိမြင်နေရသည်။မြင်ရတိုင်း မစားပဲမနေနိုင်တာကြောင့် အင်ကျီပေါ်မှ သူမရဲ့ ရင်နုနုလေးကို စုပ်ကိုက်လိုက်ပြီး ခါးအောက်ပိုင်းအား သူမ ပေါင်တံလေးကြားထဲတိုးဝင်လိုက်သည်။မုလည်း တစ်ညလုံး ကားထားရသည့် ပေါင်တံများမှာ အခုထိတိုင် ထုံကျဉ်နေတာမို့ အောင်စစ်မှူး နှုတ်ခမ်းအားကိုက်ပြီး ရပ်တန့်ရန် သတိပေးလိုက်သည်။
" မု...ဆုချမယ်ပြောတာ အခုလို မဟုတ်ဘူးလေ အခုတောင် လမ်းမနည်းလျှောက်နေရတာကို မုကို အသေသတ်နေတာလား "
" Sorryပါ မုရယ် ကိုယ်မေ့သွားတာ "
" မေ့သွားတယ်ဆိုတော့...နားရွက်ဆွဲပြီး မှတ်ဉာဏ်ပြန်ခေါ်ပေးမယ်လာ အင်ကျီတွေလဲ ပေကုန်ပြီ "
" ကိုယ်ကို မုဒေါသပြေတဲ့ထိ ဆွဲရတယ်...နားရွတ်ပျက်ထွက်သွားပါစေ "
" တော်ပါ... မုကို ပြန်ချပေးတော့ နို့ဆန်ပြုတ်တွေ အိုးကပ်ကုန်လိမ့်မယ် "
" အဲ့တာဆို မျက်နှာသွားသစ်လိုက်အုံးမယ် "
အောင်စစ်မှူးလည်း မျက်နှာသစ်ရန် ထွက်သွားလိုက်သည်။မုလည်း မနက်စာပြင်နေရင်း ဖုန်း ringtone သံကြောင့် ကြည့်လိုက်တော့ စိုင်းဝေဆီမှ... ။
" Hello... ဝေဝေပြော "
" အေး နင်နဲ့ ကျောင်းကိစ္စ ဆွေးနွေးချင်လို့ တွေရအောင် "
" ငါလား "
" အေးလေ "
" ငါ ဒီနေ့တော့မအားဘူးဟ မနက်ဖြန်မှရောရလား "
" ရပါတယ်...ဒါမဲ့ ငါတို့ တတ်နိုင်သလောက် Form မြန်မြန်တင်နိုင်ရင်တော့ ကောင်းတာပေါ့ "
" ငါသိပါပြီ နင်က တကူးတကတောင် ကူညီပေးနေတာပဲ Design ပိုင်းတော့ confidenceအပြည့်ပဲ "
" Language ပိုင်းလဲ ကျင့်ထားအုံး ကျောင်းတတ်မှ ခွေးအကြီး လှည်းနင်းသလိုဖြစ်နေမယ် "
" ဝေဝေစုတ်...ငါယူထားတဲ့ မေဂျာကိုရောသိရဲ့လား "
" သိသားပဲ နင်မယုံလို့ပြောတာ "
" ဖုန်းချလိုက်တော့... ငါမအားဘူး "
" ByeBye အရှုးမ မုဒြာ "
ဖုန်းချပြီး လူခေါ်Bellရဲ့ အချက်ပေးသံကြားလို့ မုတံခါးကို ဖွင့်လိုက်တော့ ကိုလင်းက အထုတ်နှစ်ထုပ်ဖြင့်ရပ်နေသည်။ မျက်နှာလည်း သိပ်မကောင်း ခါတိုင်းဆို စက်ရုပ်လို အသက်မပါတဲ့သူက ဒီနေ့တွင် စိတ်အခြေနေသိပ်မကောင်းသိကို ဘေးကလူတွေပင် ရိပ်စားမိသည်။
" ကိုလင်းပါလား "
" ဆရာမှာထားတာတွေလာပို့တာ အိမ်ရှေ့မှာ... မုန်ပို့သမားတွေ့လို့ မုန့်ပါတခါထဲ ယူလာတာ "
Advertisement
" ကျေးဇူးပါ ကိုလင်း "
" ည...ည..က..ဒီမှာ အိပ်တာလား "
" ဟုတ်တယ်လေ ဒါနဲ့ မု နို့ဆန်ပြုတ်လုပ်ထားတယ် ကိုလင်းပါ တခါထဲ စားသွားပါလား "
" မစားတော့ဘူး ကျွန်တော် အလုပ်ရှိသေးလို့ "
" ပိတ်ရက်တောင်လေ "
" ဟုတ်ကဲ့ "
" ကိုလင်းလဲ...လူငယ်ပဲလေ အမြဲအလုပ်ပဲ လုပ်မနေပဲ ဘဝရဲ့ တန်ဖိုးထားရမဲ့လူကို ရှာကြည့်ပါလား "
" ကျွန်တော် တွေ့ပေမဲ့ နောက်ကျသွားပါပြီ "
" ဟမ် "
" ထားလိုက်ပါ...မုဒြာကို စကားတွေ အရမ်းပြောနေမိပြီ မြန်လိုက်အုံးမယ် "
" ဟုတ်ကဲ့ ဂရုစိုက်သွားပါနော် "
တခါတလေ ဉီးတပည့်ကိုလင်းကလည်း ဉီးလိုပဲ ထူးဆန်းလွန်းသည်။မုလည်း အောင်စစ်မှူးနှင့် မနက်စာစားပြီး လျှောက်လည်ဖို့ ပြင်ဆင်လိုက်သည်။ လည်ပင်းပြည့် ခါးတို Crop Topနှင့် ဂျင်းဘောင်းဘီအကျပ်လေးကို ပြင်ဆင်ပေးထားတာကြောင့် မုပင် Fashion အမြင်ရှိသည်ဟု ကောက်ချက်ချမိသည်။ အဝတ်အိတ်ကို ကြည့်ရင်း မျက်လုံး အပြူးသားဖြစ်ခဲ့ရသည်။အကြောင်းမှာ အတွင်းခံကိုက အစ ဆိုဒ်အတိကျဝယ်ထားတာကြောင့်ပင်။
" ဟို...ဟိုလေ..ဉီး ဆိုဒ်ကို ဘယ်လိုသိတာလဲ "
်" တညလုံး ကိုယ်ကိုင်ထားတာပဲ ဆိုဒ်ကမှန်းစရာကို မလိုတော့တာ "
" နှာဘူးကြီး "
မုနဲ့ အောင်စစ်မှူးလည်း ပကာသနများ ယှက်နွယ်ခြင်းမရှိတဲ့ ချိုမြိန်တဲ့ Dateလေးကို စတင်ခဲ့ကြ၏ ။မုက ရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့ ကုန်တိုက်ကို လာခဲ့ကြပေမဲ့ ပွဲစဖို့ တစ်နာရီလောက်လိုသေးတာမို့ မျောက်မလေးက ကလေးပီပီ Game Town ဘက် သွားကစားဖို့အတင်း ပူဆာတော့သည်။ဟိုဟာကစားမယ် ဒီဟာ စကားမယ်ဆိုပြီး လက်ညှိုးတထိုးထိုး လုပ်နေသည်မှာ လူကို ကလေးထိန်းလို့တောင် ခံစားရစေသည်။
" ဉီး...!! "
" ဗျာ "
" မု သေနတ်ပစ်မယ်... အကြွေစေ့ထည့်လိုက် "
" ဟုတ်ပါပြီ မမလေး သဘောအတိုင်း ကျွန်တော်မျိုး လုပ်ပေးပါ့မယ် "
" ဒီလိုပဲ ဖြစ်ကမယ်လေ "
အထပ်ထပ် ပစ်ပေမဲ့ ပေးထားသော ကျည်ပင်ကုန်တော့မည် မုကတော့ တစ်ခုမှမထိ။ စိတ်အလိုမကျကာ မျက်နှာလေးတောင် ဇီးရွက်လောက်ပဲ ကျန်တော့သည်။အောင်စစ်မှူးလဲ သေနတ် ချိန်းထားသော မုရဲ့ လက်ကလေးအား နောက်မှ ဝင်ထိန်းရင်း ပစ်မှတ်ဆီကို ဉီးတည်လိုက်သည်။နောက်မှ နွေးထွေးသော ရင်ခွင်ရဲ့ လွှမ်းမိုးမှုကြောင့် မုနားတွေပင် နီရဲလာသည်။
" ဘယ်အရုပ်လိုချင်တာလဲ "
" အမှန်တော့... ဉီးကို အိမ်ခေါ်သွားမို့ "
" ဘယ်လို "
" ဟုတ်တယ် ဉီးနဲ့တူတဲ့ ဟိုထောင့်က အဘိုးကြီးရုပ်လေးကို ခေါ်သွားချင်လို့ "
မျက်ရည်လေး တစမ်းစမ်းဖြင့် နှုတ်ခမ်းလေးထော်ကာ ဆိုးနွဲ့ပြနေသည့် မုရဲ့ ချစ်စရာအပြုမူလေးကြောင့် ပါးဖောင်းဖောင်းလေးကို တချက်ဆွဲနမ်း၍ အားဖြည့်လိုက်သည်။ဘေးနားက အားဆေးလေးကြောင့်လားမသိ ရွေ့လျားနေတဲ့ ပစ်မှတ်အားလုံးကို ကျည်သုံးတောင့်ထဲဖြင့် အနိုင်ပိုင်းလိုက်နိုင်သည်။မုတောင် လက်ခုပ်လေးတီးကာ တအံ့တြ သကြည့်နေမိ၏ ။သာမန်လူတွေတောင် မထိနိုင်သည်ကို တည်ငြမ်စွာ ပစ်ခတ်လိုက်သည်မှာ သေနတ်တွေနှင့်ရင်းနှီးနေသလိုပင်။
" How do this? ဉီးက စနိုက်ပါသမားလားဟမ် ဒါမှမဟုတ်ကြေးစားလူမိုက်လား ပစ်လိုက်တာမိုက်နေရောပဲ "
" ဒီတိုင်း ဝါသနာအရမို့ပါ "
မုရဲ့ ချီးကျုးထောပနာပြုမှုက အောင်စစ်မှူးအား မလုံမလဲဖြစ်စေသည်။သူ သရုပ်မှန်နှင့် ပတ်သတ်သည့် အနီးစပ်ဆုံးစကားတွေကို မု နှုတ်ဖျားက ထွက်ရုံနဲ့ပင် သွေးပျက်ခြောက်ခြားမိသည်။ရိပ်များ ရိပ်မိနေပြီးလား သိများသွားမလား စသည့်သဖြင့် အတွေးတို့ကြောင့် ချွေးများပြန်ကာ အကြောက်တရားကို ရင်ဆိုင်နေရသည်။
" ဉီး...ဘာဖြစ်တာလဲ ချွေးတွေလဲ ထွက်လို့ပါလား "
" ကိုယ်...ကိုယ်..အဆင်ပြေပါတယ် "
" ဟိုနားက အဘိုးကြီးရုပ်လေးပေးပါ "
" ဒီမှာပါ ခင်ဗျား "
" ကျေးဇူးတင်ပါတယ် "
" ဉီးက အရုပ်ရအောင်လုပ်ပေးတော့ မုကျွမ်းကျင်တဲ့ အရုပ်ကောက်စက်ကနေ အရုပ်ယူပေးမယ် ဘယ်အရုပ်ယူချင်လဲ ပြော...ဉီး... ဉီးအောင်စစ်မှူး ခေါ်နေတယ်လေ ဘာတွေးတွေနေတာလဲ "
" ဟမ်..ဟမ် ဘာမှမတွေးပါဘူး "
" သေချာလား "
" ဟုတ်ကဲ့ "
" ဘယ်ဟာလဲ "
" အဲ့ မျောက်ရှုံးလေး လိုချင်တယ် "
" ရစေရမယ် "
နှာခေါင်းလေးရှုံပြီး ပြုံးနေတဲ့ အပြုံးတို့ကြောင့် ကြောက်စိတ်တွေပျောက်ကာ ထပ်လောဘတတ်မိပြန်သည်။ ဒီကလေးမလေးကို ပိုင်ဆိုင်ချင်တာ အပြစ်လား။ရွေးချယ်လို့မရတဲ့ ဖြစ်တည်မှုကြောင့်သာ မဟုတ်ရင် မင်းကို စိ်တ်အေးချမ်းသာစွာ ချစ်ခွင့်ရှိမလား။ကိုယ်လို လူမျိုးသာမဟုတ်ရင် မင်းကို ပိုင်ဆိုင်ခွင့်ရမဲ့ ယောကျာ်းက ဘယ်လောက်တောင်ကံကောင်းလိမ့်မလဲ ။
" တွေ့လား..ရသွားပြီ ဟိုမိန်းမတွေနဲ့ အမြဲကောက်နေကျဆိုတော့ Proအဆင့်ဖြစ်နေပြီ "
" ဟုတ်ပါ့ တော်လိုက်တဲ့ မျောက်မလေး "
" ဟိုလေ...ကိုကြီးကို ခုနထဲက ကြည့်နေတာ သေနတ်ပစ်တာ အရမ်းတော်တာပဲ Ig acc လေးပဲဖြစ်ဖြစ် ပေးပါလား "
" ဟုတ်တယ် ပေးပါနော် "
စောနထဲက အောင်စစ်မှူးကို ကြည့်ပြီး ပိုင်ရှင်ရှိမှန်းသိရက်နှင့် စနိုက်ကြော်ချင်သော မိန်းကလေးတစ်စုက လက်ရဲဇက်ရဲဖြင့် အတင်းလာရောကျသည်။ဒီတိုင်းငြိမ်ခံနေပါက မုမဟုတ်တာတော့ပြီ။ဗိုက်ကလေးကို ပွတ်၍....
" ကလေးလေးရေ... မင်းအဖေကတော့ စိတ်မချရတော့ဘူး ထင်ပါရဲ့ "
" တောင်းပန်ပါတယ် အစ်မရယ် တူရီးထင်လို့ "
Advertisement
" ဘယ်ကသာ...အစ်မက သူရဲ့မိန်းမ ကိုယ်ဝန်က သုံးလလေ "
" ဟုတ်တာပေါ့ ကိုယ့်မဟေသီလေးရဲ့ "
ပိုင်ရှင်သာမက မိန်းမပါဖြစ်နေတာမို့ ထိုမိန်ကလေးများလဲ ရှက်ရမ်းရမ်းကာပြေးတော့သည်။မုတို့ နှစ်ယောက်လဲ တယောက်မျက်နှာ တယောက်ကြည့်ကာ ကြိတ်ရယ်ရင်း ရုပ်ရှင်ရုံဘက်ထွက်လာခဲ့ကြသည်။ရုံထဲတွင် အောင်စစ်မှူးစနက်ကြောင့် မည်သူမှမရှိ။တရုံလုံး ငှားထားပြီး သရဲကားမို့ မုလန့်ပြီး ရင်ခွင်ထဲ ဝင်လာပါက အခွင့်ကောင်းယူမည်ဟု တွေးထားချေသည်။သို့သော်....
" မု..မု..လာနေပြီလား အား! !! What the fu**k🤬🤬🤬 ဘယ်လိုဟာကြီးတုန်း "
" Horror ကားကြည့်တာ သရဲလာတာ ဘာဆန်းလို့လဲ "
" သူက အနီးကပ်ကြီးလေ အသံကလဲ အနားမှာရှိသလို့ "
အခြေနေတွေမှာ ပြောင်းပြန်ဖြစ်ကုန်တော့ပြီ။မုက Horror Movie တွေကြိုက်သူမို့ ဘယ်လိုမှမနေပေမဲ့ အောင်စစ်မှူးကတော့ လူတွေသာသတ်တာ သရဲကားဆို သိပ်မကြည့်ဖူး ရုပ်ရှင်ရုံတွင်ကြည့်တော့ အသည်းငယ်သည့် ယုန်သူငယ်လေးလို မုလက်မောင်းကို အတင်းဆုတ်ကာ တစ်ယောက်ထဲ ကမ်ဘာပျက်နေတော့၏ ။
" အား...!!! သွေးတွေနဲ့... မုကိုယ်ကို ကာပေးထားပါ မလာပါနဲ့.. ကိုယ်ကို အဲ့ သရဲမကြီးက အသေသတ်နေတာ "
" ဘာမှမဖြစ်ဘူး...စိတ်လျော့ "
" လုပ်ကြပါအုံး...😱😱😱 ခေါင်မိုးပေါ်မှာ ဘာလို့မီးအမှောင်ချထားလဲ 😭😭😭 "
" ဉီးရေ ကြောက်နေတာသိပေမဲ့ ပေါက်ပေါက်ဆုပ်နဲ့ အအေးကို ထိလို့ကတော့ ထုမှာနော် "
" လူလဲမရှိဘူးဆိုတော့...မု အပေါ်က ဉီးဆောင်လေ "
" ဉီးအောင်စစ်မှူး လူကသာကြောက်နေတာ စိတ်ကမှောင်နိုင်သေးတယ်နော် "
အော်ဟစ် ခုန်ပေါက်ကာ ရုပ်ရှင်ရုံထဲတွင် သောင်းကျန်းခဲ့သည့်မို့ လေကောင်းလေသန့်ရှုရန် ပန်းခြံဘက်လမ်းလျှောက်ထွက်ခဲ့ကြည်သည်။
" ခုနက အရမ်းကြောက်သွားလာ...ဉီး "
" နည်းနည်းပါ ကြောက်တယ်လို့လဲ မဟုတ်ပါဘူး "
ဉီးရှေ့တွင် ခြေစုံရပ်ကာ ခြေဖျားလေးထောက်၍ ဖူးသစ်စ နှုတ်ခမ်းလေးကို ငုံထွေးရှိုက်နမ်းလိုက်တော့ လူမြင်ကွင်းတောင် မရှောင်နိုင်ပဲ အနမ်းနေဖလှယ်မိပြန်တော့သည်။ပြုံးရယ်ကျရင်း လက်ကလေးနှစ်ခုကို ခိုင်မြဲစွာ တွဲရင်း နေဝင်ဆည်းဆာအလှတရားအောက်တွင် ပျော်ရွှင်ခဲ့ကြသည်။ဘယ်သူသိနိုင်မလဲ မုတို့ရဲ့ အချစ်တွေကိုပေါ့ ။လျှောက်လာရင်း လမ်းဘေးတစ်နေရာရောက်တော့ တားရော့ကတ်တွေချပြီး အလှူခံခွက်ချထားသော အမျိုးသမီးကြီးကိုတွေ့တော့ မု အိတ်ထဲမှ ပိုက်ဆံထုတ်ပြီး သွားထည့်လိုက်သည်။
" မိန်းကလေး...သတိထားပါ မင်းဆီမှာ သေခြင်းတရားကိုရော ရှင်သန်ခြင်းကိုပါမြင်နေရတယ် "
" ကျွန်မ ဗေဒင်မမေးတော့ပါဘူး ပိုက်ဆံပဲလှူတာပါ"
" ခဏလေး မင်းရဲ့ ကံတရားကို အဲ့လူကပဲ ရွေးချယ်ပေးလိမ့်မယ် သတိထားပါ သူရဲ့ကြီးမားတဲ့ လောဘအင်အားက မင်းအသက်ကိုပါ နှုတ်ယူသွားလိုက်မယ် သေဆုံးချိန်ထိအပြစ်မမြင်ပဲ အချစ်ကြောင့်နဲ့ ရှင်သန်ခြင်းကို မစွန့်လွှတ်လိုက်ပါနဲ့ ကလေး...မင်းကတော့ သူမကို လူလောကမှာ ဆက်ရှိနေချင်တယ်ဆိုရင် လောဘတွေကို လွတ်ချလိုက်ပါ "
အောင်စစ်မှူး သူအားတည့်တည့်ကြည့်ကာ ပြောလိုက်တဲ့စကားတွေကြောင့် လက်များ တုန်ရီကာ မုမျက်နှာလေးကိုသာကြည့်နေမိသည်။ငယ်ရွယ်မှုတွေနဲ့ လှပစွာပွင့်လန်းနေသော ပန်းလေးတပွင့်နားသို့ မီးတောက်မီးလျှံတွေရောက်လာပါက မီးနှင့်ပန်းတို့၏ မအပ်စက်သော သဘောတရားအရ မီးကပန်းကို ဝါးမြိုတတ်စမြဲ....။
Episode 22 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
" မုရေ....မု...မုဒြာ..."
" မုရှိပါတယ် ဉီးရဲ့ "
" မှာစားလို့ရတာကို "
" သွားပြန်ယူရင်လဲ ဟိုသုံးကောင်ရန်က ကြောက်ရသေးတယ်...တော်လိုက်တဲ့ ငါရဲ့ Daddy ပေါကျစလေး လာပါအုံး အနားကို ဆုပေးချင်လို့ "
" Hello... ဝေဝေပြော "
" ငါလား "
" အေးလေ "
" Language ပိုင်းလဲ ကျင့်ထားအုံး ကျောင်းတတ်မှ ခှေးအကွီး လှည်းနင်းသလိုဖြစ်နေမယ် "
" ByeBye အရှုးမ မုဒြာ "
" ကိုလင်းပါလား "
" ကျေးဇူးပါ ကိုလင်း "
" ည...ည..က..ဒီမှာ အိပ်တာလား "
" ပိတ်ရက်တောင်လေ "
" ဟုတ်ကဲ့ "
" ဟမ် "
" နှာဘူးကြီး "
" ဉီး...!! "
" ဗျာ "
" ဒီလိုပဲ ဖြစ်ကမယ်လေ "
" ဘယ်အရုပ်လိုချင်တာလဲ "
" ဘယ်လို "
" ဒီမှာပါ ခင်ဗျား "
" ကျေးဇူးတင်ပါတယ် "
" သေချာလား "
" ဟုတ်ကဲ့ "
" ဘယ်ဟာလဲ "
" ရစေရမယ် "
Advertisement
- In Serial17 Chapters
Elves Of Old Series : Unforeseen Events
Luna is living a normal life in the 21st century. Then one night at a party, her life changes forever.
8 204 - In Serial39 Chapters
Fated to the Moon and You | TaeKook |
Being a rare male Omega, Taehyung's life has been nothing but miserable. Despite being harassed, bullied, and treated lowly, he always been a kind-hearted omega waiting for his mate to find him. Alpha Jungkook has everything. Money, love from his family and friends, girls also surrounding him trying to court him. However, he just miss something: his mate.
8 115 - In Serial107 Chapters
The Male Protagonists Want To Sleep With Her
Not mine.#Credit to author and cover owner.Author:water northSummary A group of men with different thoughts and strong possessiveness tried their best to lure the female protagonist into the wolf's den step by step and eat it clean. The female protagonist is petite and soft, super beautiful, and the men around her want to sleep with her. Female lead: Newborn male lead: ① Huo Tingyu - the indifferent and noble and domineering president ② Chu Zhengzheng - a very possessive uncle ③ Chu Yanmo - the younger brother who turned into a little wolf dog ④ Shen Shi - cold belly and black belly The university professor ⑤Fu Yancheng--the anti-drug captain who is loyal and submissive to the heroine ⑥Lin Chen--a gentle and handsome university school girl who has taboos, blood, teachers and students, np, the male lead is everywhere, and will not abuse. ps: 1. The heroine has always been a soft girl, and there will be no plot to become stronger
8 118 - In Serial3 Chapters
Danny Phantom Oneshot
Just a one shot about my old otp.Dash x Danny
8 152 - In Serial9 Chapters
7 Days
Conner wasn't sure if a week's time was enough to successfully make Bree blush. But he would do whatever it took, to win the heart of his girl.Conner is determined to make Bree blush by the end of seven days. Set at the end of the sixth book, so spoilers may apply. Slight AU. Cross posted on fanfiction.net.✧・゚: *✧・゚:* ☆ *:・゚✧*:・゚✧A story ofhope,patience,wooing, and love𝟳 𝘿𝘼𝙔𝙎‼
8 137 - In Serial78 Chapters
Spectrum
Natalia Zamora is a driven young adult trying to work her way up the corporate latter. The only problem is that she is working in a man's world. With the determination and dedication for her love for Computer Engineering, she refuses to give up her dream of creating her own app design. Grayson Parker is the head of GRIP, a startup company in California. Grayson is quiet and one of the smartest men in LA. His social anxiety and inability to read social cues keeps him stuck in his office most days. As he tries to cope with his Asperger's Syndrome in the work place, he finds comfort in Natalia quickly.As feelings grow for one another, Natalia soon realizes the struggles she faces in their blossoming relationship. Being complete opposites, she finds herself having both nothing in common with Grayson, but having everything in common at the same time. She must now face the difficulties that she will face in the workplace as well as in her own home when being involved with Grayson. For Natalia, the question remains: Does love truly conquer all?
8 161