《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 22 )
Advertisement
လူတစ်ယောက်ကို စိတ်ဝင်စားသဘောကျရတာ ဘယ်လိုလဲတော့မသိပေမဲ့ ငါကို အခါခါပစ်ချထားခဲ့တဲ့ မင်းရဲ့အကြောင်းကို အရမ်းသိချင်တယ်။ငါနဲ့ ပတ်သတ်ချင်တဲ့ မိန်းမထဲမှာမပါတဲ့ မင်းကိုမှပေါ့ ။
မဟာကတော့ မုပြောလိုက်တဲ့ ဆိုင်ကို လိုင်းပေါ်တွင်ရှာရုံသာမကပဲ လူကိုယ်တိုင်ဆိုင်ရှေ့တွင် ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည်။ဒါဒါဆီမှ လူပေါ်ကျော့ဆိုသည့်နာမည်ကို ကြားတိုင်းရှက်မိသည့်မို့ ဒီတခါ Business cardလေးပါ ယူလာလျက်။ဆိုင်ထဲသို့ ကြည့်ရင်း ခဏကြာတော့ ကောင်တာမှ ထွက်ကာ ကလေးတစ်ယောက်အား ပုံဆွဲကူးရင် ပါးလွှာတဲ့ နှုတ်ခမ်းပါးလေးနှင့်ပြုံးပြနေသော အပြုံးပိုင်ရှင် ဒါဒါကြောင့် မဟာပါ ငေးရင်းပြုံးမိတော့၏ ။မှန်ပြတင်းပေါက်ကနေ ရောင်စုံခဲတံလေးကိုင်၍ နားနောက် ဆံပင်လေးသိမ်းကာ ရေးဆွဲနေသောသူမှာ သူတွေ့ဖူးနေကျ ရေခဲတုံးပိုက်ထားသည့် ဒါဒါနှင့်ပင်မတူ။တခြားလူတွေပေါ် ရုပ်တည်နေသောသူမဆီမှ အပြုံးကိုမြင်ရရန် ကလေးတစ်ယောက်ပင် ဖြစ်ချင်လာသည်။ငေးနေသော မဟာအား ရုတ်တရက် ဝင်တိုက်ပြီး ဆိုင်ထဲဝင်သွားသည့် အမျိုးသမီးကြောင့် စိတ်တော်နည်းနည်း စနိုးစနောင့် ဖြစ်သွားသည်။
" သုတလေးက...ရေဆေး နဲ့တောင် သေချာဆွဲတတ်နေပြီပဲ"
" အဲ့တာ မမသွဲ့ဒါ သင်ပေးထားလို့လေ "
" သုတ..!!! မင်း English ကျုရှင်မသွားပဲ ဒီဆိုင်မှာ အရေးမပါတာတွေ လာဆွဲနေတယ်ပေါ့.. ဒီမှာကြည့်စမ်း မင်းကဲ့ အမှတ်စာရင်းတွေကို "
" ဒီက အစ်မက သုတလေး အမေလား "
" အဲ့တော့ "
" ကလေးတစ်ယောက်ကို ပတ်ဝန်းကျင်မှာဆူငြောင့်တာက စိ်တ်ထိခိုက်မှု ဘယ်လောက်ဖြစ်စေလဲဆိုတာ သိရဲ့လား အထူးသဖြင့် သားယော်ကျားလေးတွေပေါ့ "
" အခုမှပဲ တွေ့တော့တယ် ငါသားကို ဖျက်စီးနေတဲ့ တရားခံကို... သုံးစားမရတဲ့ ပန်းချီဆရာဖြစ်ချင်တဲ့အကြောင်းကို ရိုက်သွင်းတာမင်းမလား "
" လူတစ်ယောက် ရည်မှန်းချက်ကို သုံးစားရတယ်မရဘူးလို့ တိုင်းတာပိုင်ခွင့်မရှိဘူး "
" အောင်မာ! !! စာပွဲထိုးအဆင့်ကများ ပညာရှိစကားထွက်လို့ "
" အလုပ်တိုင်းက သူတန်ဖိုးနဲ့သူရှိတယ်...ဘာမှမလုပ်ပဲ ခင်ပွန်းသည်ရဲ့ လုပ်စာကို ကိုယ်ပေါ်ရွှေအပြည့်တင်ပြီး သားသမီးကို သေချာမပျိုးထောင်နိုင်ပဲ မိခင်တာဝန်ယူထားတဲ့ လူတွေထက်တော့ သာတယ် "
" ကောင်မ ညည်းကများ "
အရှိုက်ကိုထိသွားသည့် ထိုအမျိုးသမီးကတော့ လက်ကို ဝှေ့ယမျးကာ ဒေါသဂုဏ်မောက်ပြတော့သည်။ကဗည်းထောင်နေသော မြွေထက် သွေးအေးသောမြွေတို့က ပိုအဆိပ်ပြင်းသကဲ့သို့ သူမရှေ့တွင် ပါးပေါ်လာတင်တော့မည်လက်အား တုန်လှုပ်မှုအလျင်းမရှိပဲ ဒါဒါကတော့ ထိုအမျိုးသမီးရဲ့ မျက်လုံးကိုသာ စူးစိုက်ကြည့်နေ၏ ။ဖြစ်တဲ့လူထက် ဘေးကလူကပို၍ပင် စိုးရိမ်ကာ မဟာအလျင်အမြန်ဆိုင်ထဲ ပြေးဝင်သွားသည်။
' ဖြန်း ' ဆိုသော ရိုက်သံသာ ကြားလိုက်ရပေမဲ့ သူမရဲ့ပါးပြင်ကတော့ ထိတွေမှုကို မခံစားလိုက်ရ။သူမရဲ့ရှေ့တွင် မားမားမတ်မတ်ရပ်ခါ ကာပေးထားသော ကျောပြင်တစ်ခုကြောင့် ဒါဒါပင် ခြေတလှမ်းနောက်ဆုတ်မိသည်။ဆိုင်မှာအမြဲမနေတဲ့ ဒါဒါရဲ့ဆိုင်ပိုင်ရှင်တောင် ထိုမြင်ကွင်းကြောင့် ပြောစရာစကားမရှိ။ဆိုင်ပိုင်ရှင်မှာ Gay တစ်ယောက်ဖြစ်သောလဲ သူစဖွင့်ထဲက ဒါဒါကို လက်သက်မွေးထားတာကြောင့် သူမနဲ့အမြဲ လွှဲထားနေကျဖြစ်သည်။တခြားဝန်ထမ်းတွေထက် ဒါဒါကို ပိုချစ်ပြီး သူမကိုထိပါက ဝယ်သူတောင် ဂရုမစိုက်ပြန်ရန်တွေ့တော့သည်။
" ငါဆိုင်မှာဘာလို့...လာသောင်းကျန်းနေတာလဲ သမီးဒါဒါ အဲ့အစစ်မကို မောင်းထုတ်လိုက် ပြီးရင် ဒီသူငယ်လေးကို ဆေးလိမ်းပေးလိုက်ပါအုံး "
" သုတလား...မေမေနဲ့ အိမ်ပြန်မယ် "
" အဲ့တာမို့ မာမီ သမီးကို ပြောပါတယ် ကလေးတိုင်းကို သိပ်ဂရုမစိုက်ပါနဲ့လို့... ဒါနဲ့ ဒီသူငယ်လေးက သမီးနံပါတ်ပြားလေးလား "
" မ..မဟုတ် "
" ကျွန်တော်က မဟာပါ မုရဲ့ သူငယ်...ချင်းပါ "
" Ohm! !! မာမီသဘောပေါက်ပြီ ကြည့်ပါအုံး ပါးနုနုလေးရဲနေတာပဲ သမီး အလုပ်ဆင်းတော့ "
" မာမီရယ်...ညနေစောင်းပဲ ရှိသေးတာကို "
နှစ်ဉီးကြားထဲက အလုပ်ခွင်ဆက်ဆံရေးထက်ပိုတာမို့ မာမီနဲ့ သမီးလို့သာ ခေါ်ဝေါ်ကြသည်။ပါးတခြမ်းလုံး ရဲပလောင်းခတ်နေသောလည်း မဟာကတော့ ပါးချိုင့်ကြီးခွက်အောင်ပြုံးရင်း ဆုရလိုက်သလို။ဆိုင်ပိုင်ရှင်ကြီးကလည်း မဟာအကြည့်ကို သိတာမို့ ဒါဒါနှင့် ကောင်းကောင်း လှော်ပေးတော့သည်။ အဆင်းကို ဘီးတပ်ပေးလိုက်သော ဆိုင်ပိုင်ရှင်ကြီးကြောင့် ဒါဒါ မဟာနဲ့ လိုက်ခဲ့ရတော့သည်။ ကိုယ်အစားပါးရိုက်ခံပြီးတောင် ကူညီထားတဲ့အတွက် သူမသိပ်မငြင်းတော့။ရှုပ်ပွေတဲ့ လူပေမဲ့ ယုတ်မာပြီး အကျင့်ပျက်တဲ့စိတ် မရှိတာကိုတော့ ဒါဒါ လက်ခံသည်။
သူမနောက် တကောက်ကောက်လိုက်လာတဲ့ မဟာရဲ့ မျက်နှာကိုကြည့်ပြီး အပြစ်မကင်းဖြစ်ကာ ဆေးဆိုင်ထဲဝင်သွားလိုက်သည်။အရောင်ကျ လိမ်းဆေးတစ်ဘူးဝယ်ပြီး ဆိုင်ရှေ့ခုံတန်းမှာ ထိုင်ခိုင်းလိုက်သည်။
" ဒီမှာ...လာထိုင်ပြီး ဒါလိမ်းလိုက် "
" မြင်မှ မမြင်ရတာ "
" ရော့ မှန်နဲ့ ကြည့်လိမ်း "
" ကိုယ့်အပေါ်ကလေးလောက်တောင် မကြင်နာဘူး သူများက ပါးတောင်ကြိမ်းစပ်အောင် အရိုက်ခံလိုက်ရာတာကို "
" ပေး..ပေး တော်တော် စကားများတဲ့လူ "
မဟာမှာ ရင့်မာသော ယောကျာ်းသားတစ်ယောက်ပေမဲ့ အသားရည်နှုးညံမှုကတော့ မိ်နးကလေးများပင် ြ သချရလောက်၏ ။သူမ ဆေးလိမ်းပေးတာကို မျက်လုံးပေါက်ပိတ်၍ သွား32ချောင်း ပေါ်အောင်ရီနေသည်မို့ ဒါဒါ မျက်စောင်းတချက်ထိုးကြည့်လိုက်သည်။
" ကျစ်! !! အားလား စပ်လိုက်တာ "
" ရလား...ဖူး ဖူး.. ဖူး "
စိုးရိမ်ရောင်သန်းနေသော မျက်ဝန်းတို့ဖြင့် အနားသို့တိုးလာသော နှုတ်ဖျားမှ လေထုနွေးလေးကြောင့် မဟာရဲ့ ပါးပြင်နောက်တဖက်ပါ အနီရောင်ပြောင်းသွား၏ ။မိန်းမများနှင့် လိင်ဆက်ဆံနေချိန်တောင် ရှက်သွေးမဖြာခဲ့သူမှာ အခုတော့ အချစ်ရှုးလေးတစ်ယောက်ပမာ။
" ဘာလာလုပ်တာလဲ ဆိုင်ကို "
" Coffee လာသောက်တာ "
" ညံလိုက်တာ "
ဒါဒါ လှောင်ပြုံးလေးပြုံး၍ မဟာမျက်လုံးကို အကြည့်ချင်းဆုံကာ ပြောလိုက်ချေသည်။မဟာလည်း သူခိုးလူမိသလိုပင်။
Advertisement
" ဘာ...ဘာကိုပြောချင်.. တာ..တာလဲ "
" လိမ်တာလေ မလိမ်ဘူးဆိုရင် ကလေးဉီးစားပေး ဖွင့်ထားတဲ့ Kid' cafe ကို ဘာလို့လဲ မဟုတ်မလွဲရော ရှင်ဒီတခါ ကလေးတွေကို ချိန်နေတာလား "
" မဟုတ်ပါဘူး! !!! ရည်းစားများပေမဲ့ မုဒိန်းကောင်တော့ မဟုတ်ဘူး "
" Aww ဟုတ်လား ဘယ်သူပြောလိုက်တာလဲ ဒီမှာ ကျွန်မအလုပ်လုပ်တာကို "
" ဒေါ်လေး ဘာလဲ... လူကိုအမှုသည်လို စစ်မေးနေတာလား"
" ရှင်ကလဲ ဖြေနေတာပဲလေ "
" သက်သက်ညစ်တာ "
ဒေါ်လေးဆိုတာနဲ့ ဒါဒါ သဘောပေါက်သည်။ မဟာကို သတင်းဖြန့်လိုက်သူမှာ သူ့ဉီးလေးရည်းစား မုဆိုတာကို ။သူမ သက်ပြင်းလေး တချက်ချပြီး မျက်နှာချင်းဆိုင်က သစ်ပင်ကြီးကို ငေးကြည်ရင်း မဟာကို စကားတချို့ ပြောလိုက်သည်။
" ရှင်သိလား...ရှင်ဘယ်လောက် ကံကောင်းလဲဆိုတာ ဘဝကို ရှေ့ဆက်သွားလို့ရတယ် နောက်ပြန်ကြည့်စရာလဲမလိုဘူး အဲ့လိုဘဝလည်း ပြည်စုံတာ မဟုတ်မှန်းသိပေမဲ့ အားကျမိတယ် "
" ပန်းချီဆရာမ ဖြစ်ချင်တာမလား သွဲ့ဒါက ကလေးတွေနဲ့ ပုံဆွဲရတာကို ကြိုက်ပြီး ဆေးရောင်တွေမြင်ရင် စိတ်လှုပ်ရှားတယ်မလား "
သူမ နှုတ်ကမပြောပဲ သိလာတဲ့ အကြောင်းရာကြောင့် ဒါဒါ ရွှန်းလက်သော မျက်လုံးအသွင်သို့ပြောင်းလဲခဲ့သည်။မဟာကတော့ သူမကို မျက်ခုံးလေးပင့်ပြနေလျက်။
" မထင်ရဘူးမလား ရှေ့နေက ပန်းချီဆရာမဖြစ်ချင်တာ "
" သဘောကျမိတယ် သွဲ့ဒါကို တခြားမိန်းကလေးတွေလို သဘောကျတာမျိုးမဟုတ်ပဲနဲ့... သိလဲသိချင်မိတယ် ဘယ်လို မိန်းကလေးလဲဆိုတာ "
" ကျွန်မကို...သဘောကျတာထပ်မပိုဖို့ တောင်းဆိုပါရစေ ပြီးတော့ ကျေးဇူးလဲတင်ပါတယ် ကိုမဟာရေ "
ဒါဒါ သူမပါးလေးကို လက်ဖြင့်တို့ပြပြီး ပါးရိုက်ခံပေးလို့ ကျေးဇူးတင်ကြောင်း ပြော၍ ထိုနေရာမှာပင် မဟာကို ထားခဲ့လိုက်သည်။ပျံလွင့်နေသော သစ်ရွက်လေးတွေနဲ့ အတူ နောက်ဆုံးမျှော်လင့်မိသော ကလေးတွေကို ပြုံးပြသည့် အပြုံးအား မဟာရရှိခဲ့သည်။
°°°°°°°°°°
မုနှင့် စိုင်းဝေကတော့ Design Studio ခန်းတွင် နေ့ညကုန်ဆုံးရင်း အလုပ်တွေရှုပ်နေကြသည်။ကျောင်းအတွက် Formတင်ရန် ဝတ်စုံတစ်စုံပါနမူနာ ပြရမည့် ဖြစ်တာကြောင့် ပြင်ဆင်ရင်း ဉီးနဲ့မတွေ့ရသည်မှာ နှစ်ပတ်တောင်ရှိပြီ။နှစ်ပတ်လုံး ဉီးကတော့ ပန်းခြံက တားရော့ဆရာမကြီး ပြောသည်ကိုသာ စိတ်စွဲ၍ မုကို စိတ်မချချေ။မုလည်း တွေ့ချင်စိတ်ကြောင့် ကြိုးစားလုပ်ရင်း နောက်ဆုံးတော့ ထုပ်ပိုးပြီးသည်အထိ ပြီးဆုံးသွားသည်။လက်တွေ ပေါက်ပြဲပီး အသားမာတွေ တတ်နေပေမဲ့ မုလုံးဝမနာပါ။ဝတ်စုံချုပ်နေစဉ်တလျောက်လုံး ဉီးအကြောင်းတွေးနေပြီး စိတ်နှစ်ထားသည်မို့ အကောင်းဆုံးဖြစ်မယ်လို့လဲ ယုံကြည်ထားသည်။
" နောက်ဆုံးတော့... ငါလုပ်နိုင်ခဲ့ပြီ "
" ငါဒါကို Krisဆီ လှမ်းပို့ပြီး တင်ခိုင်းလိုက်မယ် result ကတော့ သုံးလလောက်စောင့်ရမယ် အောင်ရင် Emailကနေစာရောက်မယ် ပြီးတော့ ကျောင်းအပ်ဖို့ စာရွက်စာတမ်းတွေပါ ပို့လိမ့်မယ် "
" နင်နဲ့ အန်တီမြင့်ကို ကျေးဇူးတင်ရမယ် ငါလိုချင်တဲ့ ရက်ထည်ကို အမြန်ရက်ပေးလို့ "
အန်တီမြင့်ကတော့ စိုင်းဝေရဲ့ အဒေါ်ဖြစ်ပြီး အင်းထဲတွင် ရက်ကန်းရုံနှင့် ငွေထည်ဆိုင်ပိုင်သူ ဖြစ်သည်။အပျိုကြီးဖြစ်တာကြောင့် မုနှင့်စိုင်းဝေကို သားသမီးလိုပင် ။အခုလဲ မုဝတ်စုံအတွက် ဇာမဏီပုံကြာရက်ထည်ကို အမြန်ရက်ပေးလိုက်သည်။
" ငါနင့်ကို မေးပါအုံးမယ် ဘာလို့ အမျိုးသားဝတ်စုံတင်တာလဲ "
" Fashion ဆိုတာ ကျားမမခွဲထားဘူး ဒါနဲ့ ငါဝတ်စုံကို နင်အမြင်ပြောကြည့်ပါလား "
" မဆိုးပါဘူး... pattern ချထားတာရော cuttingပိုင်းရော အသေးစိတ်တယ် နောက်ကျောပိုင်းကို ဇာမဏီငှက်ပုံ အပြည့်ထားထားတဲ့ ideaက တော်တော်မိုက်တယ် နင်ဘယ်လို စဉ်းစားမိတာလဲ "
" အဲ့တာ...အဲ့တာကလေ..ဉီးနှောက်ထဲကပေါ့ဟ "
မုစဉ်းစားရင်း နားရွက်တွေ နီလာသည်။သူမနဲ့ အောင်စစ်မှူးရဲ့ ပထမဆုံးညတုန်းက ကျောပြည့်ထိုးထားသော Tattooကို မြင်ပြီး idea ရလာတာဖြစ်သည်။
" ဟဲ့...နင်ငါကို တစ်ခုခုကျွေးသင့်တယ်နော် "
" ဘာစားမလဲပြော "
" Hotpot သွားစားမယ် "
" အခုဆိုရင်တော့ Cancel ပါ "
" Why? "
" ငါသွားစရာရှိတယ် "
" ဘယ်ကိုလဲ နင်ဘဲကြီးဆီကိုလား "
" သေချာတာပေါ့ "
မု အရမ်းတွေ့ချင်နေပြီမို့ ဉီးကို ကြိုအသိမပေးပဲ သွားရန်စီစဉ်လိုက်သည်။စိုင်းဝေလည်း ရင်နာရပေမဲ့ ဘာမှမသိပဲ အခုလို ပုံမုန်တိုင်းစကားတွေပြောရင်း ရင်းနှီးမှု မပျက်သွားတာနှင့်သာ ဖြေသိမ့်နေရ၏ ။သို့သော် မုတို့ အချစ်ရေး နည်းနည်းပဲ ဖြစ်ဖြစ်ယိုယွင်းလာပါက သူမုကို အချိန်မရွေးပြန်ယူရန် အသင့်။မုကတော့ စိုင်းေဝရဲ့ ခံစားချက်တွေကို တစိုးတစိလေးတောင်မခံစားမိ။
°°°°°°°°°°
ရုံးခန်းရဲ့ခုံပေါ်တွင် မည်သူမျှစောင့်မျှော်ခြင်း မရှိသော ဧည့်သည့်ကြောင့် အောင်စစ်မှူးကတော့ ပြဿနာနှင့် တိုက်ပွဲဝင်နေရသည်။ပွဲပြီးထဲက သရဖီရဲ့ ဘုံရန်သူမှာ မုဖြစ်လာပြီး အောင်စစ်မှူးကို တွေ့ရန်အကြိမ်ကြိမ်ချိန်းဆိုသောလည်း မရောက်လာခဲ့။ရင်ထဲမှ အစိုင်ခဲမှာ ပိုမိုကြီးထွားကာ တခါမှ မလာဖူးသည့် Company ကိုပင် ရောက်ချလာသည်။ဝင်မလာရန် တားြကသည့်ကြားက သူမကတော့ ကလေးသာသာ မိန်းကလေးကို ရှုံးခဲ့သည့်မို့ လုံးဝလက်ခံနိုင်ချေ။ရုံးခန်းထဲထိ သောင်းကျန်း၍ ရောက်လာခဲ့သည်။
" ဘာသဘောလဲ... ဘာကြောင့် သရဖီပေါ်အဲ့လိုလုပ်ကတာလဲ ဆယ်နှစ်လုံးစောင့်ခဲရတဲ့ လူကို လွယ်လွယ်ဖျက်ပစ်လို့ရမလား အခုလိုရှောင်နေရုံနဲ့ ပြီးရောလား ဘယ်သူပဲ ပေါ်လာပါစေ...ကျွန်မသည်သာ ရှင်ရဲ့ ပိုင်ရှင်ပါ "
" ဘာလဲ...မင်း စောင့်တာ ယောကျာ်းတကားနဲ့အိပ်ပြီးလား ဉီးရန်နိုင်ကို ငှဲ့ပြီး အဲ့ကိစ္စနဲ့ စောက်ရှက်မခွဲတာပဲ ကျေးဇူးတင် ငါမသိဘူးမထင်နဲ့ မသိချင်လို့ လျစ်လျူရှုထားတာ စုံစမ်းထားတယ်လို့လဲတွေးမနေနဲ့ ဒီအသိုင်းဝိုင်းမှာ မင်းကငါ့မိတ်ဆွေတွေနဲ့တောင် အိပ်ဖူးတာပဲ ငါမသိစရာလား "
Advertisement
သရဖီရဲ့ နောက်ကွယ်က အပျော်ပါးကိစ္စများကို သိနေပြီဖြစ်၍ သူမဗျုဟာကို အနုနည်းဘက်သို့ ပြောင်းလွှဲလိုက်သည်။ခုံပေါ်တွင် ထိုင်နေသော အောင်စစ်မှူးပေါင်ပေါ်သို့ အတင်းတတ်ထိုင်ရင်း မိန်းမမာယာ လက်နက်ပြင်ကာ စတင် ထောင်ချောက်ဆင်တော့သည်။သို့သော် အောင်စစ်မှူး၏ စက်ဆုပ်ရွှံရှာနေသော အကြည့်ကတော့ ပြောင်းမသွားချေ။သရဖီကတော့ မျက်နှာပြောင်တိုက်ရမယ်ဆိုတောင် သူမရဲ့ နေရာမလွတ်ဖို့ကိုသာ အဓိက ဖြစ်နေသည်။
" ကိုယ်ရယ်...သရဖီက လုပ်ငန်းတိုးချဲ့အရပါ "
" ဟုတ်တာပေါ့ မင်းရဲ့ ဖာသာသာ လုပ်ငန်းတိုးချဲ့နည်းလေ"
" ကိုယ်သဝန်တို နေတာမလား "
" ရွံ ့ဖို့ကောင်းလိုက်တာ ငါတွန်းမချခင် ကိုယ်ပေါ်ကနေဆင်းလိုက်တော့ "
" ဟင့်အင်း နှုတ်ကငြင်းနေရင်တောင် လူကတော့မဟုတ်လောက်ဘူး သရဖီ အရိုင်းဆန်ဆန် စမ်းသပ်ပြရမလား "
" မသေချင်ရင် အခုဆင်းတော့ "
သူမခါးကို သေနတ်ထောက်ထားသောလဲ သရဖီကတော့ ကြောက်ပုံမပေါ်။ကိုယ်ကို အတင်းတိုးကာ အောင်စစ်မှူး နှုတ်ခမ်းဆီကိုသာ အာရုံစိုက်နေသည်။
" အဲ့..အဲ့..တာ ဘာလုပ်..နေကြ..တာလဲ "
အသံလာရာဘက်ကို ကြည့်ရင်း အောင်စစ်မှူး သေခြင်းတရားကို တွေ့လိုက်ရသည့်အတိုင်း စီးဆင်းနေသော သွေးများပင် ရပ်တန့်သွားသည်။သရဖီကတော့ အံြ သခြင်း လုံးဝမရှိ။လက်ကို ကျစ်နေအောင် ဆုပ်ကိုင်ရင်း မျက်စိရှေ့တွင်ကနေသော ပြဇာတ်တွင် မထင်ထားသော ပွဲကြည့်ပရိတ်သတ်တစ်ဉီးကတော့ ခေါင်းထဲတွင် ဘာကိုမှမတွေးတောနိုင်တော့ပြီ......။
Episode 23 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။
🙏🙏🙏
#Zawgyi
" အဲ့တော့ "
" ကလေးတစ်ယောက်ကို ပတ်ဝန်းကျင်မှာဆူငြောင့်တာက စိထိခိုက်မှု ဘယ်လောက်ဖြစ်စေလဲဆိုတာ သိရဲ့လား အထူးသဖြင့် သားယော်ကျားလေးတွေပေါ့ "
" ကောင်မ ညည်းကများ "
" သုတလား...မေမေနဲ့ဘအိမ်ပြန်မယ် "
" မ..မဟုတ် "
" မြင်မှ မမြင်ရတာ "
မဟာမှာ ရင့်မာသော ယောကျာ်းသားတစ်ယောက်ပေမဲ့ အသားရည်နှုးညံမှကတော့ မိနးကလေးများပင်ြ သချရလောက်၏ ။သူမ ဆေးလိမ်းပေးတာကို မျက်လုံးပေါက်ပိတ်၍ သွာ3း2ချောင်း ပေါ်အောင်ရီနေသည်မို့ ဒါဒါ မျက်စောင်းတချက်ထိုးကြည့်လိုက်သည်။
" ရလား...ဖူး ဖူး.. ဖူး "
" Coffee လာသောက်တာ "
" ညံလိုက်တာ "
" ရှင်ကလဲ ဖြေနေတာပဲလေ "
" သက်သက်ညစ်တာ "
" ငါဒါကို Krisဆီ လှမ်းပို့ပြီး တင်ခိုင်းလိုက်မယ် result ကတော့ သုံးလလောက်စောင့်ကမယ် Emailကနေစာရောက်မယ် ပြီးတော့ ကျောင်းအပ်ဖို့ စာရွက်စာတမ်းတွေပါ ပို့လိမ့်မယ် "
" မဆိုးပါဘူး... pattern ချထားတာရော cuttingပိုင်းရော အသေးစိတ်တယ် နောကျကြောပိုငျးကို ဇာမဏီငှက်ပုံ အပြည့်ထားထားတဲ့ ideaက တော်တော်မိုက်တယ် နင်ဘယ်လို စဉ်းစားမိတာလဲ "
" ဘာစားမလဲပြော "
" Hotpot သွားစားမယ် "
" Why? "
" ငါသွားစရာရှိတယ် "
" သေချာတာပေါ့ "
Advertisement
- In Serial40 Chapters
The Fake Young Miss Who Got The City Quaking In Her Boots
Lydia, who grew up with her grandmother in a remote village, was finally taken back to the wealthy mansion.
8 335 - In Serial6 Chapters
To Muse
Life is simple for Davinci McCaskill, he has a doting girlfriend, a place of his own, and all his bills are paid by wealthy parents. Change is coming, however, demanding success or failure. He is expected to make something of his degree in the physical arts. But, he's lost his muse. When he finds it, everything will change. Reality is amiss when he begins painting a woman he's seen in his dreams. As his career takes off, Davinci realizes that the woman is not only his muse. She leads him across the world, on a journey of self-discovery, to meet people who aren't strangers and remember things that feel more like fantasy. As his two realities collide, an ultimatum will present itself. What will he choose?
8 102 - In Serial18 Chapters
Love's Mayhem (Hiatus)
Chii, an office woman, encounters 3 heterochromatic men. These 3 men turn Chii's boring and dull life into a hectic and mayhem paradise. The story is written in broken up short stories to add to the chaos that ensues in the story
8 93 - In Serial29 Chapters
Married to My High school Crush
Pooja was a strong girl. When her parents decided to marry her off, she didn't expect her husband to be in love with someone else. She is hell bent on making him fall in love with her. But when things start falling in place it was also a start for everything falling out.#1 - indian (as on 17/10/2020)#1 - marriage (as on 18/10/2020)#23 - romance (as on 21/10/2020)
8 492 - In Serial62 Chapters
The Chapstick Girl
"Who is she?" Damien asks, pointing at the girl who's smile instantly stood out to him. He hasn't seen her before, but even from afar, her smile was contagious. Maybe it was the way her lips curved upward, or how her eyes brightened in the dullness of the boxing arena.His friend follows the direction of his eyes to the girl sitting across the room, "Coach's daughter?" He asks.Damien nods his head, "That my friend, is the Chapstick girl." ~~~~~~~~~Amber is just your average girl trying to survive through her junior year of highschool. Well, let's elaborate on that average part, there is just a small little detail that was left out.That she is known as the Chapstick girl. Why? No one hates her, in fact, everyone adores her kind, happy nature. Always willing to put others before herself. Or maybe it was because no matter where she goes, she always has HER chapstick. It defined her.A lot of people bypass the reason why she always has it, but maybe it has a deeper meaning than what other people see.Well, except one person.Damien.~~~~~~~~~~~~~Book three in the T.B.B.B (The Bad Boy Boxer) Series.Cover by @_broken_chords
8 127 - In Serial83 Chapters
My step brother is a stripper
"I can give you a lap dance, but mom can't find out." "W-what?""Well? Do you want one or not?""I- um- you-"{Where Jungkook falls in love with a stripper, and Taehyung falls in love with his step-brother}
8 113