《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 24 )
Advertisement
သရဖီ မျက်မှန်နှင့် Markကို ချွတ်ပြီး သူမရဲ့ ညိုမဲ ဒဏ်ရာတွေကို ပြခဲ့တယ်။အပေါ်ထပ် အင်ကျီကို ချွတ်ပြတော့လဲ ရိုက်နှက်ဒဏ်ရာအပြည့်။ဆွဲဆောင်မှုရှိသော သရဖီရဲ့ ကိုယ်တစ်ခုလုံးမှာ အခုတော့ ကိုင်ရိုက်ထားသလို စုတ်ပြတ်နေ၏ ။မုကတော့ တချက်မှ အံအားမသင့်ခဲ့။သရဖီကို မယုံကြည့်သော အကြည့်များဖြင့်သာ။
" ရှင်က ဒီဒဏ်ရာတွေက ဉီးလုပ်တာလို့ ပြောချင်တာလား "
" မယုံမှန်းသိလို့ ငါအိမ်က CCTV မှတ်တမ်းယူလာခဲ့တယ် ကြည့်ကြည့် "
မု ကြည့်ရင်း နှုတ်ခမ်းလေးကို လက်ဖြင့် အုပ်မသည်အထိ အံြ သမိသည်။အားနွဲ့သော မိန်းမတစ်ယောက်အား ညှာတာမှုကင်းမဲ့စွာ ဘီလူးသရဲစီးသလို ရိုက်နှက်နေသော ဉီးကိုကြည့်ရင်း မထိန့်လန့်စရာအကြောင်းမရှိ။ထိုရိုက်နှက်နေသောသူဟာ ဉီးမှဉီးဖြစ်သောလည်း မုမယုံနိုင်ခဲ့။မုကို အဲ့လိုရိုက်နှက်မယ်ဆိုတောင် ဆက်ချစ်ဖို့ သူမနှလုံးသားက မငြင်းဆန်ပြီ။
" ပြီးတော့... မင်းလုံးဝမထင်ထားတဲ့ ကိစ္စကြီးရှိသေးတယ် အောင်စစ်မှူးကို သာမန်စီးပွားရေးသမားတစ်ယောက်လိုပဲ သိထားတာမလား "
" ဘာမို့လို့လဲ "
" တကယ်တော့...သူက...ဇာမဏီ လက်နက်မှောင်ခိုဂိုဏ်းရဲ့ ခေါင်းဆောင် အောင်စစ်မှူးလေ Golden Companyက အယောင်ပြပဲ မင်းအပေါ်ကိုလဲ သိုးရေခြုံပြီး ကောင်းပြနေတာ "
" ယုံစရာလား အဲ့လိုအခြေမြစ်မရှိတဲ့ စကားတွေကို "
" ဒါတွေကိုရော မယုံဘူးလား ဒါမှမယုံရင်တော့ မင်းကတကယ့်ကို ခေါင်းမာတဲ့ ကလေးမပဲ "
မုရှေ့သို့ ဓာတ်ပုံအချို့နှင့် vedioဖိုင် တစ်ခုထိုးပြလိုက်သည်။ပုံတွေကိုကြည့်လိုက်တော့ လက်နက်ရောင်းဝယ်ရေးလုပ်နေသော အောင်စစ်မှူးမျက်နှာမှ ထင်းလို့။vedio ထဲတွင်လည်း အိမ်နားစတိုးဆိုင်က ကောင်လေးကို အမျိုးစုံ ညင်းပန်းနှိပ်စက်ထားသည်ပင်။ဓာတ်ပုံတွေကိုကြည့်ရင်း မုစောင့်တည်ရာမရတော့။လက်တွေလဲ တုန်ရီကာ ဉီးကိုအရမ်းကြောက်မိသည်။ကိုယ့်ရှေ့တွင်ပြုံးပြခဲ့သော နွေးထွေးမှုအပြုံးတွေဟာ ဟန်ဆောင်မှုသက်သက်များလား...။
" မဖြစ်နိုင်ဘူး ဉီးက... အဲ့လိုလူ...မဟုတ်ဘူး "
" အဲ့ကောင်လေးက ဘယ်သူကြောင့် ဖမ်းခံရတယ်ထင်လဲ "
" လုံးဝမယုံနိုင်ဘူး "
" မယုံရင်တောင် အောင်စစ်မှူးက သူကိုမင်းကြောင့် ဖမ်းခဲ့တာ မင်းကို ကြိုက်နေတာက သူအပြစ်မို့လို့လေ "
" ရှင်...ရှင် ဒါ..တွေကို.. ဘယ်လိုသိတာလဲ "
" အဲ့တာတွေကြောင့် ငါလိုမိန်းမမျိုးကပဲ သူဘေးနားမှာရှိနေနိုင်တာ သူမလိုချင်ရင်တောင် အချိန်တန်သူအလုပ်အတွက် ငါကိုပဲ ရွေးချယ်ရမှာ... မင်းလဲသူလက်ကလွတ်မယ်ထင်နေလား အောင်စစ်မှူးလို ယောကျာ်းမျိုးက သူကို စွန့်ပစ်ရင် အမေတောင် အလွတ်ပေးတာမဟုတ်ဘူးနော် "
" ရှင်တို့နှစ်ယောက်လုံးက သိပ်ကြောက်ဖို့ကောင်းတာပဲ "
" မင်းကြောက်ပြီး ခုနေပြေးရင် အချိန်မှီသေးတယ်နော် ကလေးမ "
သရဖီလဲ မုကို လှောင်ပြုံးပြုံးပြီး ဆိုင်ထဲကနေထွက်သွားခဲ့သည်။ ထိုအခြေနေကြောင့် မုအချစ်ရဆုံးသူမှာ အကြောက်ရဆုံးဖြစ်လာခဲ့သည်။ပထမ ဒဏ်ရာတောင် မကျက်သေးသည်ကို နောက်ဆိုးဝါးတဲ့ ဒဏ်ရာကပါထပ်ရလိုက်သည်မို့ ရင်ဘတ်တစ်ခုလုံးလဲ ရစရာမရှိတော့ပြီ။ဆိုင်ထဲကနေ မနည်းအားယူပြီ ထွက်လာခဲ့သောလည်း စိတ်ကပုံမုန်မရှိတော့။မုလမ်းသာလျှောက်နေတာ ဘယ်ကိုသွားရမှန်းလဲမသိ။ဒီလောက် နာကျင်နေရတာတောင် ဉီးကိုမမုန်းနိုင်သော ကိုယ့်ကိုကိုယ်လည်း ဒေါသထွက်မိသည်။ကိုယ်အတွေးနဲ့ကိုယ် ခြောက်ခြားနေသည်မို့ ပတ်ဝန်းကျင်တစ်ခုလုံးလဲဝေးဝါးနေခဲ့သည်။ကားဟွန်းသံတွေ ကားနေရပေမဲ့ အသိစိတ်ကတော့လွတ်နေခဲ့သည်။
" မုမု...!!!! ဟဲ့ မုဒြာ ကား !!! "
အထိန်တလန့်အော်သံနှင့်အတူ မုလက်ကို အတင်းဆုတ်ဖမ်းလိုက်သောသူကြောင့် မု အသိစိတ်ပြန်ဝင်လာသည်။
" မုမု နင်ရှုးသွားပြီလား မီးနီကို ဖြတ်ဖို့လုပ်တဲ့အထိ စိတ်တွေ ဘယ်ရောက်နေတာလဲ ငါသာမဆွဲရင် ကားတိုက်တော့မှာ သိရဲ့လား "
" ဝေဝေ အင့်ဟင်း ဝေဝေရယ်...ဟင့် ဟင့် "
" ဟဲ့ ဘာဖြစ်တာလဲ ငါကိုပြောအုံး ဘာဖြစ်နေတာလဲ"
" မသိတော့ဘူး ငါဘာမှမသိတော့ဘူး ငါမှအခုလို လူနဲ့လာတွေ့ရတာလဲ ဘာလို့လဲ "
မု ငိုကြီးချက်မဖြင့် စိုင်းဝေရင်ခွင်ထဲတွင် အားပါးတရ ငိုတာကလွဲလို့ ဘာမှမပြော။အင်ကျီစကို အတင်းဆုတ်ပြီးတော့သာ ငိုနေသည်မို့ ဘာမှမမေးတော့ပဲ ခေါင်းလေးသာပုတ်ပေးခဲ့မိသည်။အရမ်းငိုနေသော မုကို လမ်းမပေါ်တွင် မြင်မကောင်းတာမို့ စိုင်းဝေ သူကားထဲခေါ်သွားခဲ့သည်။ကားထဲတွင်မုကတော့ သူမရင်ဘတ်ကိုသာဖိပြီးငိုနေတာမို့ စိုင်းဝေ ဘာစကားမှမပြောနိုင်။မိဘတွေဆူရင်တောင် အခုလို ငိုခြင်းမရှိသော သူမကိုကြည့်ရင်း သနားမိသည်။ မုလည်း စိတ်ကြိုက်ငိုပြီးမှ စိုင်းဝေကို ကြည့်ပြီးမေးလိုက်၏။
" ဘယ်လိုရောက်လာတာလဲ "
" ဝယ်စရာရှိလို့လာတာ...မီးပွိုင့်မှာ နင်မြင်လို့လာရင်း တွေ့တာ ဘာတွေများဖြစ်နေတာလဲ မုမု "
" မမေးပါနဲ့ ငါကို ဘာမှမမေးပါနဲ့ ကျေးဇူးပြုပြီး "
" ငါအိမ်လိုက်ပို့ပေးမယ် "
" ငါအိမ်ပြန်လို့မရဘူး "
" ဘယ်လို !!! "
" ငါနင်ကို အကူညီတစ်ခုလောက် တောင်းလို့ရမလား"
" ရတယ်ပြော "
" ငါနင့်အိမ်မှာ ခဏ လာရှောင်နေလို့ရမလား တခြားသူတွေတော့မသိပေမဲ့ နင်ကငါယုံကြည်ရတဲ့ ယောကျာ်းလေးမို့ပါဟာ "
" နင် လာနေလို့တော့ရပါတယ် ဒါမဲ့... "
" ဘာဖြစ်တာလဲတော့ မမေးနဲ့ ငါမဖြေချင်ဘူး "
" နင်သဘောပါပဲ မုမုရယ် "
°°°°°°°°°°
အခုဆိုရင် မုစိုင်းဝေအိမ်မှာ နေတာ တစ်လတောင်ရှိပြီ။ဒါဒါတို့ကိုတော့ တောင်ကြီးပြန်သွားတယ်လို့ ပြောထားပေမဲ့ မု တစ်လလုံး အိမ်ထဲကအိမ်ပြင်မထွက်ရဲ။အောင်စစ်မှူးအကြောင်းကို သိပြီးထဲက မုအရမ်းကြောက်နေမိသည်။ စိုင်းဝေကလည်း မုနေရခက်မှာဆိုး၍ မိုးလင်းတာနဲ့ အပြင်ထွက် မိုးချုပ်မှ ပြန်လာတတ်သည်။သူကတော့ စာကြည့်ခန်းထဲတွင်အိပ်ခါ မုကိုတော့ အိပ်ခန်းထဲတွင်ထားသည်။ သူမနေစဉ်အတွင်း စိုင်းဝေ အချစ်ကို ကောင်းကောင်းသဘောပေါက်ခဲ့သည်။
Advertisement
အချစ်ကချစ်နေရင်တောင် ချစ်ကြောင်းဖော်ပြခွင့်မရှိတာကိုပေါ့။မု နှုတ်ကမပြောပေမဲ့ အခုလိုတွေဖြစ်နေတဲ့ အကြောင်းမှာ အောင်စစ်မှူးကြောင့်ဆိုတာ စိုင်းဝေရိပ်မိသည်။တစ်လလုံး ကြိတ်ငိုပြီး အစားလဲသေချာမစား။တခါတလေ အခန်းထဲတွင် ကိုယ့်ကိုကိုယ် ပိတ်ထားတတ်သေးသည်။တခုသောညမှာတော့ စိုင်းဝေ မုကိုလုံးဝ လက်လွတ်ခဲ့သည်။သူမ နေမကောင်းတာကြောင့် အခန်းထဲသွားကြည့်တော့ နှုတ်ကနေ " ဉီး " ဆိုသော နာမ်စားကိုသာ တဖွဖွရွတ်နေသည်မို့ သူအသည်းများကွဲအက်ခဲ့သည်။သူအပေါ်မှာ မောင်လေးတစ်ယောက် ထက်မပိုသော မုကိုကြည့်ရင်း သနားလွန်းလို့ သူမသဘောအတိုင်းသာ အစ်မတစ်ယောက်လို စောင့်ရှောက်ပေးမိတော့သည်။
တဖက်တွင်လဲ အောင်စစ်မှူးကတော့ မုပျောက်သွားသည်မို့ သည်းကြီးမဲကြီးလိုက်ရှာနေတော့သည်။သူမကို တပတ်လောက်နေတော့ ဆက်သွယ်သည်ကိုလဲ ဖုန်းမကိုင် သင်တန်းကိုလည်း မရောက်လာတာမို့ အခုလို အစဖျောက်သွားပုံထောက်ရင် သူအကြောင်း သိသွားပြီးဆိုတာကို သိသောလည်း လက်မလွတ်မပေး။သူမနှုတ်ကနေ ပြောမဲ့စကားကို ကြားချင်သေး၏ ။တောင်ကြီးက မိဘတွေဆီထိ တိတ်တဆိတ် လူလွတ်ပြီး ရှာတာတောင် မတွေ့ခဲ့။ သွေးပူပူဖြင့် ရှာနေတာကြောင့်လားမသိ စိုင်းဝေကိုတော့ သတိမထားမိခဲ့ချေ။
" ရှင်..ရှင်တို့ဘာလာ လုပ်တာလဲ "
" ဉီးအောင်စစ်မှူးက နန်းမုဒြာကို ရှာခိုင်းလိုက်လို့ပါ "
" မုမုမရှိဘူး တောင်ကြီးပြန်သွားတယ် "
" ကျွန်တော်တို့လဲ ညွန်ကြားတဲ့အတိုင်း လုပ်ရမှာမို့ပါ"
" ဒါဒါ လုပ်အုံး သူတို့ကလူမိုက်တွေ ငါတို့ ဘယ်လိုလုပ်ကြမလဲ "
" ဟုတ်တယ်မမ...မုမုကလဲ ဆက်သွယ်လို့မရဘူး "
" ခဏလေး ငါ ကိုမဟာကို မေးကြည့်အုံးမယ် "
" Hello ကိုမဟာလား "
" သွဲ့ဒါ ကိုယ်ဖုန်းကိုဆက်တယ် "
" ရှင် ဉီးလေး ဘာတွေလုပ်နေတာလဲ မုမုကို လူမိုက်တွေ လွတ်ပြီး လာရှာနေတယ် "
" တကယ် !!!ခဏလေးစောင့် ကိုယ် လာခဲ့မယ် "
ဒါဒါစကားကို ကြားတာနဲ့ မဟာ ပြဿနာတတ်နေပြီဆိုတာ သိလိုက်သည်။သူဉီးလေးကို မေးရင်လဲ အခြေနေမကောင်းတာကို သိတာကြောင့် ကိုလင်းကို သာလှမ်းမေးလိုက်သည်။
" ကိုလင်း... လေးလေးအောင် ဘာတွေလုပ်နေတာလဲ"
" မုဒြာက ဆရာအကြောင်းကို သိသွားပြီအစ်ကိုလေး"
" အဲ့တာကြောင့် မုဒြာထွက်ပြေးသွားတာလား "
" ခုချိန်မှာ ဆရာကို ဘယ်လိုမှ ရှင်းပြလို့ရမှာ မဟုတ်ဘူး အစ်ကိုလေး "
" ငါသိတယ် လေးလေးအောင် လူတွေကိုတော့ ဒုက္ခမပေးလောက်ဘူးမလား "
" အဲ့လိုတော့ သူမမှာထားဘူး ဆရာက မုဒြာသူငယ်ချင်းတွေကိုတော့ ထိဖို့ အစီစဉ်မရှိပါဘူး "
မဟာလဲ ကားကို ဒုန်းဆိုင်းမောင်းပြီး သွဲ့ဒါတို့်အိမ်ကို လိုက်သွား၏ ။ဟိုရောက်တော့ လူမိုက်ဆယ်ယောက်လောက် ဟိုရှာဒီရှာလုပ်နေသည်မို့ သူမတို့လည်း အတော်ကြောက်နေပုံရသည်။မဟာရောက်လာတာနဲ့ ထိုလူများကလည်း တရိုတသေဆက်ဆံကြသည်။
" အစ်ကိုလေး...ဒီကို ဘယ်လို ရောက်လာတာလဲ "
" ငါကဒီအိမ်ပိုင်ရှင် ငါလေးလေးအောင်ကို ပြောပြီးပြီမို့ မင်းတို့ပြန်လို့်ရပြီး "
" ခေါင်းဆောင်က ကျွန်တော်တို့ကို သေချာမှာလိုက်လို့ပါအစ်ကိုလေး မုဒြာကိုတွေ့တာနဲ့ ခေါ်ခဲ့ဖို့ "
" မင်းတို့က ငါစကားကို မယုံတာလား ခဏနေ ကိုလင်း ဖုန်းဆက်လိုက်မယ် အဲ့တာကြောင့် အခုချက်ချင်းပြန်ကြတော့ ဒါငါညွန့်ကြားချက်ပဲ "
လူမိုက်တွေလည်း အကြီးအကဲရဲ့ မြေးဖြစ်တဲ့အပြင် ခေါင်းဆောင်ရဲ့ တူဖြစ်တာကြောင့် ြ သဇာညောင်းကြသည်။လူမိုက်တွေပြန်သွားတာနဲ့ မဟာကို ဒါဒါ အကြည့်စူးစူးတွေဖြင့် စိုက်ကြည့်နေခဲ့သည်။သင်းသန့်နဲ့ ဒီဒီကို အိမ်မှာပဲ ထားခဲ့ပြီ ဒါဒါ မဟာနဲ့ နှစ်ယောက်ထဲ စကားပြောဖို့ ဆိုင်တဆိုင်ကိုထွက်လာခဲ့သည်။တလမ်းလုံး နှစ်ဉီးသား တိတ်ဆိတ်နေခဲ့ပြီး ဆိုင်ရောက်မှ ဒါဒါကစကားအရင်စလိုက်သည်။
" ရှင်တို့က ဘာတွေလဲ မု တောင်ကြီးပြန်သွားတာကို ရှင့်ဉီးလေးက ဘာလို့ လိုက်ရှာနေတာလဲ ပြီးတော့ လူမိုက်တွေရောပဲ "
" တကယ်တော့...မုဒြာက ထွက်ပြေးသွားတာ "
" ဘာပြောလိုက်တယ် "
" မုဒြာက ကိုယ့်ဉီးလေးနဲ့ ပြဿနာတတ်ပြီး ထွက်ပြေးသွားတာ "
" ဘာတွေ ဖြစ်သွားတာမို့ ကျွန်မ သူငယ်ချင်းက ထွက်ပြေးရတာလဲ "
" သူ..သူ..ကိုယ့် ဉီးလေးက မှောင်ခိုဂိုဏ်းခေါင်းဆောင်ဆိုတာ သိပြီးထွက်ပြေးသွားတာ "
" ဘာ....!!! "
မဟာ အောင်စစ်မှူးလို ဖုံးကွယ်ပြီး အဖြစ်မှန်သိရင် ထွက်ပြေးမှာမျိုးမလိုချင်၍ ဒါဒါကို အမှန်တိုင်းပြောပြလိုက်သည်။ဒါဒါကတော့ ကြားလိုက်ရသော သူမနားကိုပင်သူမ မယုံကြည်နိုင်ခဲ့။မု ဒီလိုပြဿနာ ကြုံနေတာကို မသိသော ကိုယ့်ကိုကိုယ်လဲ အပြစ်တင်မိ၏ ။မုသည် အပြင်ပန်းတွင်ကြည့်ပါက မာကျောသလိုဖြင့် အတွင်းစိတ်မှတော့ ထိခိုက်လွယ်သူဖြစ်သည်။အယုံလွယ်ပြီးသနားတတ်တာကြောင့် အောင်စစ်မှူး ကျော့ကွင်းတွင် လွယ်လွယ်မိသွားသည်ကိုလဲ ဒါဒါ သတိထားမိသည်။
"ဒါမဲ့ ကိုယ့်ဉီးလေး မကောင်းတဲ့ လူတော့မဟုတ်ပါဘူး အဲ့တာတော့ကိုယ် အာမခံနိုင်တယ် "
" အဲ့တာတွေ စိတ်မဝင်းစားဘူး သူဘာလို့ မုကို လိမ်ခဲ့ရတာလဲ "
" ချစ်မိသွားလို့...ကိုယ်လဲ အစက နားမလည်ပေမဲ့ အခုသိသွားပြီ လူတစ်ယောက်ကို ချစ်မိတာကို "
" အရမ်း တစ်ကိုယ်ဆန်တဲ့လူတွေ ချစ်တာနဲ့ပဲ လိမ်ရတယ်လို့ ဒီမှာ ကျွန်မသူငယ်ချင်း တစ်ခုခုဖြစ်လို့ကတော့ ရှင်တို့တွေဘာကြီးပဲဖြစ်နေပါစေ လွတ်မယ်မထင်နဲ့ "
" လိုက်ပို့ပေးမယ် "
" မလိုဘူး "
Advertisement
မဟာ ဒါဒါကို မလိမ်နိုင်ပဲ သူဉီးလေးလုပ်ရပ်တွေကိုကြည့်ပြီး သူချစ်တဲ့သူကို သေချာသဘောပေါက်သွားခဲ့သည်။မဟာကတော့ ဒါဒါအပေါ် သဘောကျတာထက် ကျော်လွန်ခဲ့သည်။ ယောကျာ်းတစ်ယောက်တကယ်ချစ်မိရင် မိန်းကလေးအချစ်တောင်လိုက်မမှီနိုင်။ထိုမိန်းကလေး၏ အသွေးသားကို ပိုင်ဆိုင်ပြီရင်တောင် လက်မလွှတ်နိုင်သည်အထိ ချစ်တတ်ကြသည်။တန်ဖိုးထားရသောသူဆို ပို၍တောင် အလိုကြီးကြ၏ ။မမေ့နိုင်လို့ ထွက်ပြေးတိမ်းရှောင်နေသော သူမကြောင့် အောင်စစ်မှူးကတော့ ကျားကြီး အစွယ်ချိုးခံလိုက်ရသည့်အတိုင်း နေ့နေ့ညညသူမကိုပဲ တမ်းတမိနေတော့သည်။ဒီတစ်လလုံး မုစိတ်နှင့် ရှုးနေသည်မို့ အမြဲဆေးပြင်းလိမ်နှင့် နှစ်ချို့ဝိုင်ကိုသာ အဖော်ပြုနေခဲ့သည်။အရင်ကထက်တောင် ပိုကြမ်းတမ်းလာသည့်အတွက် မုကသာ သူကို ထိန်းချုပ်ပေးနိုင်မည်။
အချစ်ကြီးလို့ အမြတ်ကြီးသည့်အတိုင်း မုကိုမတွေ့ပါက လူသတ်ဖို့လည်း ဝန်မလေးတော့ပြီ။လောကတွင် သူတန်ဖိုးအထားရဆုံး သူမအား တခဏလေးပဲ ဖြစ်ဖြစ် ပြန်တွေ့သည်ရှိသော လုံးဝလွတ်မြောက်ခွင့်ပေးတော့မည် မဟုတ်....။
Episode 25 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
သရဖီ မ်က္မွန္ႏွင့္ Markကို ခြၽတ္ၿပီး သူမရဲ႕ ညိုမဲ ဒက္ရာေတြကို ျပခဲ့တယ္။အေပၚထပ္ အင္က်ီကို ခြၽတ္ျပေတာ့လဲ ရိုက္ႏွက္ဒဏ္ရာအျပည့္။ဆြဲေဆာင္မႈရွိေသာ သရဖီရဲ႕ ကိုယ္တစ္ခုလုံးမွာ အခုေတာ့ ကိုင္ရိုက္ထားသလို စုတ္ျပတ္ေန၏ ။မုကေတာ့ တခ်က္မွ အံအားမသင့္ခဲ့။သရဖီကို မယုံၾကည့္ေသာ အၾကည့္မ်ားျဖင့္သာ။
" ရွင္က ဒီဒဏ္ရာေတြက ဉီးလုပ္တာလို႔ ေျပာခ်င္တာလား "
" မယုံမွန္းသိလို႔ ငါအိမ္က CCTV မွတ္တမ္းယူလာခဲ့တယ္ ၾကည့္ၾကည့္ "
မု ၾကည့္ရင္း ႏႈတ္ခမ္းေလးကို လက္ျဖင့္ အုပ္မသည္အထိ အံျ သမိသည္။အားႏြဲ႕ေသာ မိန္းမတစ္ေယာက္အား ညွာတာမႈကင္းမဲ့စြာ ဘီလူးသရဲစီးသလို ရိုက္ႏွက္ေနေသာ ဉီးကိုၾကည့္ရင္း မထိန့္လန့္စရာအေၾကာင္းမရွိ။ထိုရိုက္ႏွက္ေနေသာသူဟာ ဉီးမွဉီးျဖစ္ေသာလည္း မုမယုံနိုင္ခဲ့။မုကို အဲ့လိုရိုက္ႏွက္မယ္ဆိုေတာင္ ဆက္ခ်စ္ဖို႔ သူမႏွလုံးသားက မျငင္းဆန္ၿပီ။
" ၿပီးေတာ့... မင္းလုံးဝမထင္ထားတဲ့ ကိစၥႀကီးရွိေသးတယ္ ေအာင္စစ္မႉးကို သာမန္စီးပြားေရးသမားတစ္ေယာက္လိုပဲ သိထားတာမလား "
" ဘာမို႔လို႔လဲ "
" တကယ္ေတာ့...သူက...ဇာမဏီ လက္နက္ေမွာင္ခိုဂိုဏ္းရဲ႕ ေခါင္းေဆာင္ ေအာင္စစ္မႉးေလ Golden Companyက အေယာင္ျပပဲ မင္းအေပၚကိုလဲ သိုးေရၿခဳံၿပီး ေကာင္းျပေနတာ "
" ယုံစရာလား အဲ့လိုအေျချမစ္မရွိတဲ့ စကားေတြကို "
" ဒါေတြကိုေရာ မယုံဘူးလား ဒါမွမယုံရင္ေတာ့ မင္းကတကယ့္ကို ေခါင္းမာတဲ့ ကေလးမပဲ "
မုေရွ႕သို႔ ဓာတ္ပုံအခ်ိဳ႕ႏွင့္ vedioဖိုင္ တစ္ခုထိုးျပလိုက္သည္။ပုံေတြကိုၾကည့္လိုက္ေတာ့ လက္နက္ေရာင္းဝယ္ေရးလုပ္ေနေသာ ေအာင္စစ္မႉးမ်က္ႏွာမွ ထင္းလို႔။vedio ထဲတြင္လည္း အိမ္နားစတိုးဆိုင္က ေကာင္ေလးကို အမ်ိဳးစုံ ညင္းပန္းႏွိပ္စက္ထားသည္ပင္။ဓာတ္ပုံေတြကိုၾကည့္ရင္း မုေစာင့္တည္ရာမရေတာ့။လက္ေတြလဲ တုန္ရီကာ ဉီးကိုအရမ္းေၾကာက္မိသည္။ကိုယ့္ေရွ႕တြင္ၿပဳံးျပခဲ့ေသာ ႏြေးေထြးမႈအၿပဳံးေတြဟာ ဟန္ေဆာင္မႈသက္သက္မ်ားလား...။
" မျဖစ္နိုင္ဘူး ဉီးက... အဲ့လိုလူ...မဟုတ္ဘူး "
" အဲ့ေကာင္ေလးက ဘယ္သူေၾကာင့္ ဖမ္းခံရတယ္ထင္လဲ "
" လုံးဝမယုံနိုင္ဘူး "
" မယုံရင္ေတာင္ ေအာင်စစ်မှူးက သူကိုမင္းေၾကာင့္ ဖမ္းခဲ့တာ မင္းကို ႀကိဳက္ေနတာက သူအျပစ္မို႔လို႔ေလ "
" ရွင္...ရွင္ ဒါ..ေတြကို.. ဘယ္လိုသိတာလဲ "
" အဲ့တာေတြေၾကာင့္ ငါလိုမိန္းမမ်ိဳးကပဲ သူေဘးနားမွာရွိေနနိုင္တာ သူမလိုခ်င္ရင္ေတာင္ အခ်ိန္တန္သူအလုပ္အတြက္ ငါကိုပဲ ေ႐ြးခ်ယ္ရမွာ... မင္းလဲသူလက္ကလြတ္မယ္ထင္ေနလား ေအာင္စစ္မႉးလို ေယာက်ာ္းမ်ိဳးက သူကို စြန့္ပစ္ရင္ အေမေတာင္ အလြတ္ေပးတာမဟုတ္ဘူးေနာ္ "
" ရွင္တို႔ႏွစ္ေယာက္လုံးက သိပ္ေၾကာက္ဖို႔ေကာင္းတာပဲ "
" မင္းေၾကာက္ၿပီး ခုေနေျပးရင္ အခ်ိန္မွီေသးတယ္ေနာ္ ကေလးမ "
သရဖီလဲ မုကို ေလွာင္ၿပဳံးၿပဳံးၿပီး ဆိုင္ထဲကေနထြက္သြားခဲ့သည္။ ထိုအေျခေနေၾကာင့္ မုအခ်စ္ရဆုံးသူမွာ အေၾကာက္ရဆုံးျဖစ္လာခဲ့သည္။ပထမ ဒဏ္ရာေတာင္ မက်က္ေသးသည္ကို ေနာက္ဆိုးဝါးတဲ့ ဒဏ္ရာကပါထပ္ရလိုက္သည္မို႔ ရင္ဘတ္တစ္ခုလုံးလဲ ရစရာမရွိေတာ့ၿပီ။ဆိုင္ထဲကေန မနည္းအားယူၿပီ ထြက္လာခဲ့ေသာလည္း စိတ္ကပုံမုန္မရွိေတာ့။မုလမ္းသာေလွ်ာက္ေနတာ ဘယ္ကိုသြားရမွန္းလဲမသိ။ဒီေလာက္ နာက်င္ေနရတာေတာင္ ဉီးကိုမမုန္းနိုင္ေသာ ကိုယ့္ကိုကိုယ္လည္း ေဒါသထြက္မိသည္။ကိုယ္အေတြးနဲ႕ကိုယ္ ေျခာက္ျခားေနသည္မို႔ ပတ္ဝန္းက်င္တစ္ခုလုံးလဲေဝးဝါးေနခဲ့သည္။ကားဟြန္းသံေတြ ကားေနရေပမဲ့ အသိစိတ္ကေတာ့လြတ္ေနခဲ့သည္။
" မုမု...!!!! ဟဲ့ မုျဒာ ကား !!! "
အထိန္တလန့္ေအာ္သံႏွင့္အတူ မုလက္ကို အတင္းဆုတ္ဖမ္းလိုက္ေသာသူေၾကာင့္ မု အသိစိတ္ျပန္ဝင္လာသည္။
" မုမု နင္ရႈးသြားၿပီလား မီးနီကို ျဖတ္ဖို႔လုပ္တဲ့အထိ စိတ္ေတြ ဘယ္ေရာက္ေနတာလဲ ငါသာမဆြဲရင္ ကားတိုက္ေတာ့မွာ သိရဲ႕လား "
" ေဝေဝ အင့္ဟင္း ေဝဝေရယ်...ဟင့္ ဟင့္ "
" ဟဲ့ ဘာျဖစ္တာလဲ ငါကိုေျပာအုံး ဘာျဖစ္ေနတာလဲ "
" မသိေတာ့ဘူး ငါဘာမွမသိေတာ့ဘူး ငါမွအခုလို လူနဲ႕လာေတြ႕ရတာလဲ ဘာလို႔လဲ "
မု ငိုႀကီးခ်က္မျဖင့္ စိုင္းေဝရင်ခွင်ထဲတွင် အားပါးတရ ငိုတာကလြဲလို႔ ဘာမွမေျပာ။အင္က်ီစကို အတင္းဆုတ္ၿပီးေတာ့သာ ငိုေနသည္မို႔ ဘာမွမေမးေတာ့ပဲ ေခါင္းေလးသာပုတ္ေပးခဲ့မိသည္။အရမ္းငိုေနေသာ မုကို လမ္းမေပၚတြင္ ျမင္မေကာင္းတုမို႔ စိုင္းေဝ သူကားထဲေခၚသြားခဲ့သည္။ကားထဲတြင္မုကေတာ့ သူမရင္ဘတ္ကိုသာဖိၿပီးငိုေနတာမို႔ စိုင္းေဝ ဘာစကားမွမေျပာနိုင္။မိဘေတြဆူရင္ေတာင္ အခုလို ငိုျခင္းမရွိေသာ သူမကိုၾကည့္ရင္း သနားမိသည္။ မုလည္း စိတ္ႀကိဳက္ငိုၿပီးမွ စိုင္းေဝကို ၾကည့္ၿပီးေမးလိုက္၏။
" ဘယ္လိုေရာက္လာတာလဲ "
" ဝယ္စရာရွိလို႔လာတာ...မီးပြိုင့္မွာ နင္ျမင္လို႔လာရင္း ေတြ႕တာ ဘာေတြမ်ားျဖစ္ေနတာလဲ မုမု "
" မေမးပါနဲ႕ ငါကို ဘာမွမေမးပါနဲ႕ ေက်းဇူးျပဳၿပီး "
" ငါအိမ္လိုက္ပို႔ေပးမယ္ "
" ငါအိမ္ျပန္လို႔မရဘူး "
" ဘယ္လို !!! "
" ငါနင္ကို အကူညီတစ္ခုေလာက္ ေတာင္းလို႔ရမလား "
" ရတယ္ေျပာ "
" ငါနင့္အိမ္မွာ ခဏ လာေရွာင္ေနလို႔ရမလား တျခားသူေတြေတာ့မသိေပမဲ့ နင္ကငါယုံၾကည္ရတဲ့ ေယာက်ာ္းေလးမို႔ပါဟာ "
" နင္ လာေနလို႔ေတာ့ရပါတယ္ ဒါမဲ့... "
" ဘာျဖစ္တာလဲေတာ့ မေမးနဲ႕ ငါမေျဖခ်င္ဘူး "
" နင္သေဘာပါပဲ မုမုရယ္ "
အခုဆိုရင္ မုစိုင္းေဝအိမ္မွာ ေနတာ တစ္လေတာင္ရွိၿပီ။ဒါဒါတို႔ကိုေတာ့ ေတာင္ႀကီးျပန္သြားတယ္လို႔ ေျပာထားေပမဲ့ မု တစ္လလုံး အိမ္ထဲကအိမ္ျပင္မထြက္ရဲ။ေအာင္စစ္မႉးအေၾကာင္းကို သိၿပီးထဲက မုအရမ္းေၾကာက္ေနမိသည္။ စိုင္းေဝကလည္း မုေနရခက္မွာဆိုး၍ မိုးလင္းတာနဲ႕ အျပင္ထြက္ မိုးခ်ဳပ္မွ ျပန္လာတတ္သည္။သူကေတာ့ စာၾကည့္ခန္းထဲတြင္အိပ္ခါ မုကိုေတာ့ အိပ္ခန္းထဲတြင္ထားသည္။ သူမေနစဥ္အတြင္း စိုင္းေဝ အခ်စ္ကို ေကာင္းေကာင္းသေဘာေပါက္ခဲ့သည္။
အခ်စ္ကခ်စ္ေနရင္ေတာင္ ခ်စ္ေၾကာင္းေဖာ္ျပခြင့္မရွိတာကိုေပါ့။မု ႏႈတ္ကမေျပာေပမဲ့ အခုလိုေတြျဖစ္ေနတဲ့ အေၾကာင္းမွာ ေအာင္စစ္မႉးေၾကာင့္ဆိုတာ စိုင္းေဝရိပ္မိသည္။တစ္လလုံး ႀကိတ္ငိုၿပီး အစားလဲေသခ်ာမစား။တခါတေလ အခန္းထဲတြင္ ကိုယ့္ကိုကိုယ္ ပိတ္ထားတတ္ေသးသည္။တခုေသာညမွာေတာ့ စိုင္းေဝ မုကိုလုံးဝ လက္လြတ္ခဲ့သည္။သူမ ေနမေကာင္းတာေၾကာင့္ အခန္းထဲသြားၾကည့္ေတာ့ ႏႈတ္ကေန " ဉီး " ဆိုေသာ နာမ္စားကိုသာ တဖြဖြ႐ြတ္ေနသည္မို႔ သူအသည္းမ်ားကြဲအက္ခဲ့သည္။သူအေပၚမွာ ေမာင္ေလးတစ္ေယာက္ ထက္မပိုေသာ မုကိုၾကည့္ရင္း သနားလြန္းလို႔ သူမသေဘာအတိုင္းသာ အစ္မတစ္ေယာက္လို ေစာင့္ေရွာက္ေပးမိေတာ့သည္။
တဖက္တြင္လဲ ေအာင္စစ္မႉးကေတာ့ မုေပ်ာက္သြားသည္မို႔ သည္းႀကီးမဲႀကီးလိုက္ရွာေနေတာ့သည္။သူမကို တပတ္ေလာက္ေနေတာ့ ဆက္သြယ္သည္ကိုလဲ ဖုန္းမကိုင္ သင္တန္းကိုလည္း မေရာက္လာတာမို႔ အခုလို အစေဖ်ာက္သြားပုံေထာက္ရင္ သူအေၾကာင္း သိသြားၿပီးဆိုတာကို သိေသာလည္း လက္မလြတ္မေပး။သူမႏႈတ္ကေန ေျပာမဲ့စကားကို ၾကားခ်င္ေသး၏ ။ေတာင္ႀကီးက မိဘေတြဆီထိ တိတ္တဆိတ္ လူလြတ္ၿပီး ရွာတာေတာင္ မေတြ႕ခဲ့။ ေသြးပူပူျဖင့္ ရွာေနတာေၾကာင့္လားမသိ စိုင္းေဝကိုေတာ့ သတိမထားမိခဲ့ေခ်။
" ရွင္..ရွင္တို႔ဘာလာ လုပ္တာလဲ "
" ဉီးေအာင္စစ္မႉးက နန္းမုျဒာကို ရွာခိုင္းလိုက္လို႔ပါ "
" မုမုမရွိဘူး ေတာင္ႀကီးျပန္သြားတယ္ "
" ကြၽန္ေတာ္တို႔လဲ ၫြန္ၾကားတဲ့အတိုင္း လုပ္ရမွာမို႔ပါ "
" ဒါဒါ လုပ္အုံး သူတို႔ကလူမိုက္ေတြ ငါတို႔ ဘယ္လိုလုပ္ၾကမလဲ "
" ဟုတ္တယ္မမ...မုမုကလဲ ဆက္သြယ္လို႔မရဘူး "
" ခဏေလး ငါ ကိုမဟာကို ေမးၾကည့္အုံးမယ္ "
" Hello ကိုမဟာလား "
" သြဲ႕ဒါ ကိုယ္ဖုန္းကိုဆက္တယ္ "
" ရွင္ ဉီးေလး ဘာေတြလုပ္ေနတာလဲ မုမုကို လူမိုက္ေတြ လြတ္ၿပီး လာရွာေနတယ္ "
" တကယ္ !!!ခဏေလးေစာင့္ ကိုယ္ လာခဲ့မယ္ "
ဒါဒါစကားကို ၾကားတာနဲ႕ မဟာ ျပႆနာတတ္ေနၿပီဆိုတာ သိလိုက္သည္။သူဉီးေလးကို ေမးရင်လဲ အေျခေနမေကာင္းတာကို သိတာေၾကာင့္ ကိုလင္းကို သာလွမ္းေမးလိုက္သည္။
" ကိုလင္း... ေလးေလးေအာင္ ဘာေတြလုပ္ေနတာလဲ "
" မုျဒာက ဆရာအေၾကာင္းကို သိသြားၿပီ အစ္ကိုေလး "
" အဲ့တာေၾကာင့္ မုျဒာထြက္ေျပးသြားတာလား "
" ခုခ်ိန္မွာ ဆရာကို ဘယ္လိုမွ ရွင္းျပလို႔ရမွာ မဟုတ္ဘူး အစ္ကိုေလး "
" ငါသိတယ္ ေလးေလးေအာင္ လူေတြကိုေတာ့ ဒုကၡမေပးေလာက္ဘူးမလား "
" အဲ့လိုေတာ့ သူမမွာထားဘူး ဆရာက မုျဒာသူငယ္ခ်င္းေတြကိုေတာ့ ထိဖို႔ အစီစဥ္မရွိပါဘူး "
မဟာလဲ ကားကို ဒုန္းဆိုင္းေမာင္းၿပီး သြဲ႕ဒါတို့္အိမ္ကို လိုက္သြား၏ ။ဟိုေရာက္ေတာ့ လူမိုက္ဆယ္ေယာက္ေလာက္ ဟိုရွာဒီရွာလုပ္ေနသည္မို႔ သူမတို႔လည္း အေတာ္ေၾကာက္ေနပုံရသည္။မဟာေရာက္လာတာနဲ႕ ထိုလူမ်ားကလည္း တရိုတေသဆက္ဆံၾကသည္။
" အစ္ကိုေလး...ဒီကို ဘယ္လို ေရာက္လာတာလဲ "
" ငါကဒီအိမ္ပိုင္ရွင္ ငါေလးေလးေအာင္ကို ေျပာၿပီးၿပီမို႔ မင္းတို႔ျပန္လို့္ရၿပီး "
" ေခါင္းေဆာင္က ကြၽန္ေတာ္တို႔ကို ေသခ်ာမွာလိုက္လို႔ပါအစ္ကိုေလး မုျဒာကိုေတြ႕တာနဲ႕ ေခၚခဲ့ဖို႔ "
" မင္းတို႔က ငါစကားကို မယုံတာလား ခဏေန ကိုလင္း ဖုန္းဆက္လိုက္မယ္ အဲ့တာေၾကာင့္ အခုခ်က္ခ်င္းျပန္ၾကေတာ့ ဒါငါၫြန့္ၾကားခ်က္ပဲ "
လူမိုက္ေတြလည္း အႀကီးအကဲရဲ႕ ေျမးျဖစ္တဲ့အျပင္ ေခါင္းေဆာင္ရဲ႕ တူျဖစ္တာေၾကာင့္ ျ သဇာေညာင္းၾကသည္။လူမိုက္ေတြျပန္သြားတာနဲ႕ မဟာကို ဒါဒါ အၾကည့္စူးစူးေတြျဖင့္ စိုက္ၾကည့္ေနခဲ့သည္။သင္းသန့္နဲ႕ ဒီဒီကို အိမ္မွာပဲ ထားခဲ့ၿပီ ဒါဒါ မဟာနဲ႕ ႏွစ္ေယာက္ထဲ စကားေျပာဖို႔ ဆိုင္တဆိုင္ကိုထြက္လာခဲ့သည္။တလမ္းလုံး ႏွစ္ဉီးသား တိတ္ဆိတ္ေနခဲ့ၿပီး ဆိုင္ေရာက္မွ ဒါဒါကစကားအရင္စလိုက္သည္။
" ရွင္တို႔က ဘာေတြလဲ မု ေတာင္ႀကီးျပန္သြားတာကို ရွင့္ဉီးေလးက ဘာလို႔ လိုက္ရွာေနတာလဲ ၿပီးေတာ့ လူမိုက္ေတြေရာပဲ "
" တကယ္ေတာ့...မုျဒာက ထြက္ေျပးသြားတာ "
" ဘာေျပာလိုက္တယ္ "
" မုျဒာက ကိုယ့္ဉီးေလးနဲ႕ ျပႆနာတတ္ၿပီး ထြက္ေျပးသြားတာ "
" ဘာေတြ ျဖစ္သြားတာမို႔ ကြၽန္မ သူငယ္ခ်င္းက ထြက္ေျပးရတာလဲ "
" သူ..သူ..ကိုယ့္ ဉီးေလးက ေမွာင္ခိုဂိုဏ္းေခါင္းေဆာင္ဆိုတာ သိၿပီးထြက္ေျပးသြားတာ "
" ဘာ....!!! "
မဟာ ေအာင္စစ္မႉးလို ဖုံးကြယ္ၿပီး အျဖစ္မွန္သိရင္ ထြက္ေျပးမွာမ်ိဳးမလိုခ်င္၍ ဒါဒါကို အမွန္တိုင္းေျပာျပလိုက္သည္။ဒါဒါကေတာ့ ၾကားလိုက္ရေသာ သူမနားကိုပင္သူမ မယုံၾကည္နိုင္ခဲ့။မု ဒီလိုျပႆနာ ႀကဳံေနတာကို မသိေသာ ကိုယ့္ကိုကိုယ္လဲ အျပစ္တင္မိ၏ ။မုသည္ အျပင္ပန္းတြင္ၾကည့္ပါက မာေက်ာသလိုျဖင့္ အတြင္းစိတ္မွေတာ့ ထိခိုက္လြယ္သူျဖစ္သည္။အယုံလြယ္ၿပီးသနားတတ္တာေၾကာင့္ ေအာင်စစ်မှူး ေက်ာ့ကြင္းတြင္ လြယ္လြယ္မိသြားသည္ကိုလဲ ဒါဒါ သတိထားမိသည္။
"ဒါမဲ့ ကိုယ့္ဉီးေလး မေကာင္းတဲ့ လူေတာ့မဟုတ္ပါဘူး အဲ့တာေတာ့ကိုယ္ အာမခံနိုင္တယ္ "
" အဲ့တာေတြ စိတ္မဝင္းစားဘူး သူဘာလို႔ မုကို လိမ္ခဲ့ရတာလဲ "
" ခ်စ္မိသြားလို႔...ကိုယ္လဲ အစက နားမလည္ေပမဲ့ အခုသိသြားၿပီ လူတစ္ေယာက္ကို ခ်စ္မိတာကို "
" အရမ္း တစ္ကိုယ္ဆန္တဲ့လူေတြ ခ်စ္တာနဲ႕ပဲ လိမ္ရတယ္လို႔ ဒီမွာ ကြၽန္မသူငယ္ခ်င္း တစ္ခုခုျဖစ္လို႔ကေတာ့ ရွင္တို႔ေတြဘာႀကီးပဲျဖစ္ေနပါေစ လြတ္မယ္မထင္နဲ႕ "
" လိုက္ပို႔ေပးမယ္ "
" မလိုဘူး "
မဟာ ဒါဒါကို မလိမ္နိုင္ပဲ သူဉီးေလးလုပ္ရပ္ေတြကိုၾကည့္ၿပီး သူခ်စ္တဲ့သူကို ေသခ်ာသေဘာေပါက္သြားခဲ့သည္။မဟာကေတာ့ ဒါဒါအေပၚ သေဘာက်တာထက္ ေက်ာလြန္ခဲ့သည္။ ေယာက်ာ္းတစ္ေယာက္တကယ္ခ်စ္မိရင္ မိန္းကေလးအခ်စ္ေတာင္လိုက္မမွီနိုင္။ထိုမိန္းကေလး၏ အေသြးသားကို ပိုင္ဆိုင္ၿပီရင္ေတာင္ လက္မလႊတ္နိုင္သည္အထိ ခ်စ္တတ္ၾကသည္။တန္ဖိုးထားရေသာသူဆို ပို၍ေတာင္ အလိုႀကီးၾက၏ ။မေမ့နိုင္လို႔ ထြက္ေျပးတိမ္းေရွာင္ေနေသာ သူမေၾကာင့္ ေအာင်စစ်မှူးကတော့ က်ားႀကီး အစြယ္ခ်ိဳးခံလိုက္ရသည့္အတိုင္း ေန႕ေန႕ညညသူမကိုပဲ တမ္းတမိေနေတာ့သည္။ဒီတစ္လလုံး မုစိတ္ႏွင့္ ရႈးေနသည္မို႔ အၿမဲေဆးျပင္းလိမ္ႏွင့္ ႏွစ္ခ်ိဳ႕ဝိုင္ကိုသာ အေဖာ္ျပဳေနခဲ့သည္။အရင္ကထက္ေတာင္ ပိုၾကမ္းတမ္းလာသည့္အတြက္ မုကသာ သူကို ထိန္းခ်ဳပ္ေပးနိုင္မည္။
အခ်စ္ႀကီးလို႔ အျမတ္ႀကီးသည့္အတိုင္း မုကိုမေတြ႕ပါက လူသတ္ဖို႔လည္း ဝန္မေလးေတာ့ၿပီ။ေလာကတြင္ သူတန္ဖိုးအထားရဆုံး သူမအား တခဏေလးပဲ ျဖစ္ျဖစ္ ျပန္ေတြ႕သည္ရွိေသာ လုံးဝလြတ္ေျမာက္ခြင့္ေပးေတာ့မည္ မဟုတ္....။
Episode 25 Coming Soon
ပထမဆုံးေရးတာမို႔ အမွားပါရင္ သည္းခံေပးၾကပါ။ 🙏🙏🙏
Advertisement
- In Serial28 Chapters
His Majesty's Personal Trainer
As if the life of an orphan was not hard enough already, Baek Yoo Na receives the unfortunate news that instantly puts a stop to all her ambitions and dreams. A drunken night stroll to the Han river turns into a bizarre adventure - she is mistakenly summoned to another dimension where she actually has a chance to pursue her dreams. Will she now be able to live the life she always wanted?
8 219 - In Serial13 Chapters
VegasPete (Fanfic)
This is just a fanfic for those who are supporting VegasPete.
8 76 - In Serial18 Chapters
A Royal Mess (MxM)
A classic love story of a servant and a Prince.His hand loosened and moved up and down Rahis' arm. "You go down to the servant's quarters every night to sleep, right?" Rahis nodded. "How about instead of doing that, you just come to spend your nights with me in my room?" "The other servants would suspect something is up." "Let them suspect, not in a hundred years would they guess what you were doing with me."
8 81 - In Serial66 Chapters
The Devil's Dance
I was her student. She was my teacher. Always being the focus of her critique, I believed she disliked me. I've never been more wrong.
8.33 117 - In Serial38 Chapters
Boy Meets Girl / Criminal Minds Fanfiction.
A spilled drink, a ruined jacket, and a love for books. Who knew that was all it took to change some ones life forever? .
8 94 - In Serial40 Chapters
Scarlet Wolf
She's called the Scarlet Wolf. No one knows much about her, other than that she has flaming red hair. People say she'll take any job, and fulfill it effortlessly, no matter how high the stakes are. But who is she? And why would a girl as young as she seems live in the shadows as the world's deadliest assassin?Note: because I keep getting questions/comments about this, I'm putting in this note. This is not a smut story. Do not leave comments asking me to make smut for this because the answer is no. Thank you and I hope you enjoy!
8 96

