《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She (Episode 33 )
Advertisement
1996ခုနှစ်၏ အမဲရောင်ဆေးခြယ်ထားသော ကောင်းကင်၌ ငွေရောင်လမင်းကြီး ထွက်ပေါ်နေချိန်တွင် မွေးကင်းစကလေးတစ်ယောက်ကတော့ လူ့လောကထဲ စတင်ရောက်လာတဲ့ အချိန်မှာပဲ အမိမဲ့ခဲ့ပြီ။ဖခင်လုပ်သူမှာ အရာရှိကားမောင်းရသူ ဖြစ်ပြီး မိခင်မှာတော့ အိမ်စေပေါ့။အလုပ်ကျွေးပြုရသော အိမ်တွင် သမီးလေးတစ်ယောက်ရှိသောလည်း အရာရှိကတော်ကတော့ သားရှုးဖြစ်သည်။ထိုညတွင် မွေးဖွားလာသော ကလေးမှာ သားယောကျာ်းလေး ဖြစ်တဲ့အပြင် မိခင်ကပါဆုံးတော့ အရာရှိကတော်မှာ ထိုကလေးအား အချစ်ပိုခဲ့၏ ။ကလေးတစ်နှစ်သား အရွယ်ရောက်တော့ ဖခင်ထံမှ မွေးစားရန် တောင်းခံကြသည်။အရှင်းဆုံးပြောရရင်တော့ ေငွယူ သားပေးပြီး အိမ်ပေါ်က နှင်ချခြင်းသာ။ဖခင်ဖြစ်သူမှာလည်း ကားသမားသားထက် အရာရှိသားဖြစ်တာ ပိုကောင်းသည့်အထင်ဖြင့် သဘောတူလက်ခံခဲ့သည်။
ထိုကံတရားရဲ့ အဓိကမျက်နှာသာပေးခြင်းကို ခံရသောကလေးမှာ ကိုလင်းပင်။အရာရှိကတော်က အရမ်းချစ်သလောက် သရဖီနှင့် ဉီးရန်နိုင်ကတော့ မဟုတ်ခဲ့။ဉီးရန်နိုင်တို့ လင်မယားမှာလဲ ကိုလင်းကို ခေါင်းတည်ပြီး ရန်ဖြစ်ပေါင်းလဲမနည်း။သို့သော် ကိုလင်းကတော့ ထိုလင်မဟားအား သူမိဘများလို့သာ တွေးနေချေသည်။အစ်မလုပ်သူ သရဖီမှလဲ အမေလစ်ရင်လစ်သလို အနိုင်ကျင့်သေးသည်။ဤကဲ့သို့ ကိုလင်းရဲ့ ကံကောင်းခြင်းနေ့ရက်များမှာ အနာဂတ်တွင် မရှိတော့ပြီ။သူဆယ်နှစ်သားအရွယ်မှာတော့ အရာရှိကတော် ကွယ်လွန်ပြီး မွေးစားသားဟူသော သရုပ်မှန်ကို သိရှိခဲ့ရသည်။နောက်ပိုင်းတွင် အစ်မရဲ့ အနိုင်ကျင့်မှုကို ခံရရုံသာမက ဆယ်တန်းအောင်တော့လည်း အောင်စစ်မှူးထံ သူလျိုအဖြစ် လွတ်ခံရတဲ့ အခါမှတော့ ကိုလင်းဟာ လုံးဝကို လူကြောက်တစ်ဉီးဖြစ်လာခဲ့သည်။တချိန်လုံး အောင်စစ်မှူး ယုံကြည်မှုကို ရဖို့ ကြောက်စရာလုပ်ရပ်တွေကိုတောင် သည်းခံခဲ့ရသည်မို့ နောက်ဆုံးတွင် စိတ်ခံစားမှုများ မတည်ငြိမ်ခဲ့ချေ။ထိုသို့ ခက်ခဲနေချိန်တွင် တွေ့လိုက်ရသော မုက သူအတွက် အစွဲလမ်းကြီး စွဲလမ်းရာဖြစ်လာသည်။
" အစ်မ...နင်ဘယ်လိုလုပ်လိုက်တာလဲ ဆေး..ဆေးရုံသွားကြမယ် မုဒြာကို ဆေးရုံပို့ရမယ် "
" နင်ရှုးနေလား ဆေးရုံပို့ရင် ငါတို့ကို မိသွားမှာပေါ့ သူကိုကြည့် မရမ်းမနက်ဘူး မေ့တောင်မမေ့သေးဘူး အခုထူပြီး ကြိုးပြန်တုပ်ထား အောင်စစ်မှူးက သူနှုန်းနဲ့ဆို ငါတို့ဆီလာတော့မှာ ငါညှှိလို့ အဆင်ပြေရင် အချက်ပြလိုက်မယ် အဲ့ကျမှ ဆေးရုံခေါ်သွားလိုက် အခုတော့ လုံးဝမဖြစ်ဘူး "
" ဖြစ်ပါမလား "
" ဖြစ်တယ် ငါသွားလိုက်အုံးမယ် နင်သူကို ကြည်ထား"
" မုဒြာ...အောင်စစ်မှူး လာရင် ပြဿနာ အာလုံးရှင်းပြီးမို့ ခဏတော့ သည်းခံနော် "
သူပြောလိုက်တာ ဉီးလာမယ်တဲ့လား ငါနောက်ကျောက အရမ်းနာနေပေမဲ့ တောင့်ခံထားရမယ်။သူလာတဲ့ အချိန်ထိ အချိန်ဆွဲပြီး စောင့်နေရမယ်။စိတ်ထဲကသာတွေးနေပေမဲ့ ကိုယ်ကတော့ မလှုပ်နိုင်တော့ ။ရင်ဘတ်နား တဝိုက် ဓားဖြင့် ထိုးစိုက်ရမှ ပြန်ဆွဲထုတ်ခံရသလို နာကျင်လျက်။အမြင်တွေမှာလည်း မသဲကွဲတော့ပေမဲ့ သေချာအားယူပြီး လွတ်လမ်းများရှိလေမလားလို ကြည့်လိုက်မိသည်။သေချာတာကတော့ အလွယ်တကူ အသက်ပါနိုင်သော အဆောက်အုံသာ။ရှေ့တွင် ခြေထောက်အား ကြိုးပြန်တုပ်နေသော ကိုလင်းကိုကြည့်ပြန်တော့လည်း စိတ်ပျက်မိသည်။မုတောင် မထင်ထားတာ ဉီးသာသိရင် ဘယ်လောက်တောင် ဝမ်းနည်းလိုက်မလဲ။
" ဘယ်တုန်းထဲကလဲ ဉီးအပေါ် မကောင်းကြံချင်နေတာ ပြီးတော့ သရဖီနဲ့ကလဲ မောင်နှမတွေလား "
" အဲ့..အဲ့တာက အရင်းမဟုတ်ပါဘူး မွေးစားသားပါ "
" ဉီးဆီကိုရော ဘယ်လိုရောက်ခဲ့တာလဲ "
" ဒီတိုင်း...စောင့်ကြည့်ခိုင်းလို့ "
ကိုလင်းကတော့ သူကို မုအကောင်းမေးနေတယ်အထင်ဖြင့် အမှန်တိုင်းသာပြောနေတော့သည်။
" ယုတ်မာလိုက်ကြတာ ကိုလင်းရော သရဖီရော"
" ဗျာ !!! "
" အဲ့လောက်တောင် ယုတ်မာပြီး မိုက်ရှုးရဲဆန်ကြမယ်လို့ မထင်ခဲ့မိဘူး ရှင်တို့နှစ်ယောက်လုံးက ယဉ်ယဉ်လေး ရှုးနေကြတာပဲ "
" မုဒြာ ကျွန်တော်ပြောပြတဲ့အကြောင်းကို သိပြီးရင်အဲ့လို ပြောတော့မှာမဟုတ်ဘူး "
" ဘာအကြောင်းလဲ "
" လွန်ခဲ့တဲ့ နှစ်နှစ်ကလေ အနိုင်ကျင့်ခံရတာတဲ့ ကျောင်းသားက ကျွန်တော်ပါ "
" စီနီယာကြီး! !! "
မု ဘယ်မှတ်မိနိုင့်ပါ့မလဲ ကိုလင်းက အရမ်းပြောင်းလဲသွားခဲ့တာကို ။ဆံပင်မျက်စိအုပ်ပြီး အသားရေ ခပ်မွဲမွဲနှင့် ချိတုန်ချတုန်ဖြစ်နေတဲ့ ကောင်လေးက အခု Company ရဲ့ အတွင်းရေးမှူးပီပီ တိကျပြတ်သား၍ ရုပ်ပိုင်းဆိုင်ရာမှာလဲ မတူတော့တာကြောင့် မုသတိတောင် မထားခဲ့မိပါ။ကံတရားကတော့ မျက်လှည့်ဆရာရဲ့ လက်ထဲက ဆော့ကစားပြနေတဲ့ ဖဲချပ်တွေလို မုတို့ကို လှည့်ဖျားနေတော့၏ ။တစ်ခုမှ ယောင်လို့တောင် မစဉ်းစားမိတဲ့ ကိုလင်းက အရာအားလုံးကို သူစိတ်ကြိုက် ခြယ်လှည်နေတာကို မုတို့က မသိခဲ့တာပါလား။
" ဟုတ်တယ် အဲ့တုန်းထဲက မုဒြာကို သဘောကျခဲ့ပေမဲ့ အောင်စစ်မှူးကြောင့်သာ မ.."
" ပါးစပ်ပိတ်ထား! !!! ရှင် ယုတ်မာတဲ့ ပါးစပ်က ဉီးနာမည်ကို မထွက်နဲ့ စောက်ရှုးရဲ့ "
မုလို အမြဲ ဒေါသစောင့်ထိန်းတတ်သော လူမှ မျက်နှာပြောင်တိုက်စွာ အရှက်မရှိပြောနေသော စကားများကြောင့် မုအသံကုန်ဟစ်အော်လိုက်မိသည်။အခန်းလွတ်ပြီး ဆောက်လက်စအဆောင်ဉီးဟောင်းမို့ အသံကလည်း ဟိန်းထွက်သွားတော့သည်။ပဲ့တင်သံများပင် ထွက်လာသော မုစကားကြောင့် ကိုလင်းမုကို ဒူးထောက်လျက်ကနေမော့ကြည့်လိုက်၏။
" မုဒြာ ကျွန်တော်... "
" မဟုတ်တမ်းတယာ ပြောတာတွေ ရပ်လိုက်တော့! !!! "
" မု...မု ဒြာ ကျွန်တော်ကို ခွင့်လွတ်ပေးပါနော် ပြီးရင် နှစ်ယောက်အတူ ထွက်ပြေးကြမယ်လေ "
" ရှင်ကို ပြောခဲ့မိလား ချစ်တယ်လို့ "
" အဲ့လို့ မပြောခဲ့ပေမဲ့ ကျွန်တော်တို့ "
" အဲ့တုန်းက ကိုလင်းအပေါ် သနားခဲ့မိတာ သူငယ်ချင်းမရှိပဲ အားငယ်နေတာမို့ စာလေးနဲ့ပဲ ဖြစ်ဖြစ် အားပေးခဲ့မိတာ "
" ဒါ...ဒါဆိုရင် မုဒြာကို အခုလုပ်တာတွေ ခွင့်လွတ်ပေးပြီး နောက်ပိုင်းချစ်လာအောင် ကြိုးစားမယ်လေ"
" တော်ပါတော့! !... တော်လိုက်ပါတော့ ကိုလင်း မုရဲ့စကားတွေက ရက်စက်ရာ ကျရင်ကျလိမ့်မယ် ဒါပေမဲ့ ခွင့်လွတ်မှုဆိုတာကတော့ လူတိုင်းအပေါ်မဟုတ်ဘူး ကိုချစ်တဲ့လူပဲ ကိုယ်ချစ်ရတဲ့ လူကိုပဲ ခွင့်လွတ်ပေးလို့ရတာ နားလည်ရဲ့လား "
Advertisement
( ဝုန်း....ဒုန်း...ခွမ်း )
" အခြေနေမကောင်းတော့ဘူး မုဒြာကိုယ်နဲ့လိုက်ခဲ့ "
" ရှင်ဘယ်ခေါ်သွားမှာလဲ...လွတ်စမ်း လွတ် "
ကျယ်လောင်သော တိုက်ခိုက်သံတွေမှာ အဆောင်အုံ၏ အောင်ထပ်မှကြားနေရခြင်းပင်။သရဖီ အောင်စစ်မှူးနှင့် ညှိသော်လည်း အစထဲက မုကိုကယ်ရန်လာသော သူမှာ အမေးပြန်မရှိ တိုက်ခိုက်မှုဖြင့်သာ စတင်လိုက်သည်။ကောင်းသူဘက်တွင် ရပ်တည်သူရှိသလို မကောင်းသူထံတွင်လည်း ခစားသူရှိသည်ဆိုတဲ့ အတိုင်း ဉီးရန်နိုင်၏ လက်အောက်ခံတချို့ကတော့ သရဖီနှင့်အတူ လိုက်ရှုးပေး၏ ။အောင်စစ်မှူး အယောက်နှစ်ဆယ်သော လူများအား အရိုးအသား ခြားနားသည့်အထိ သတ်ပုတ်လျက်။ထိုလူများမှာ ပြဿနာတွင် မသက်ဆိုင်တာကြောင့် သေနတ်ကိုတော့ လုံးဝမသုံးခဲ့။ရှိသမျှအားရော ဒေါသပါအကုန်ထုပ်သုံး၍ ခြေင်သေ့တစ်ကောင် နန်းလုနေသည့် အလားတိုက်ခိုက်နေ၏ ။ ထိုနည်းတူ သရဖီလည်း ဘယ်လိုမှ မနိုင်နိုင်တာကို သတိပြုမိပြီး တစ်ယောက်ထဲ ကိုယ်လွတ်ရုန်းထွက်ပြေးမည် အလုပ်....။
" ဘယ်သွားမလို့လဲ အစ်မသရဖီရဲ့... လေးလေးအောင်ကိုတောင် မစောင့်တော့ဘူးလား "
မဟာနဲ့ နောက်လိုက်များက သူမကို ပိတ်ရပ်လိုက်တော့ သရဖီတစ်ယောက် နှုတ်ခမ်းကိုကိုက်ရင်း ကြုံရာမရတော့။မဟာ မေးငေါ့ပြလိုက်တာနဲ့ လူနှစ်ယောက်ကလည်း သရဖီရဲ့ လက်နှစ်ဖက်အား ချုပ်နှောင်လိုက်သည်။
" လေးလေးအောင် ဒီမှာ ကျွန်တော်တို့ ဆက်ရှင်းလိုက်မယ် မုဒြာကိုသာ သွားရှာလိုက် "
" အပေါ်ဆုံးထပ်မှာ ဖြစ်ဖို့များတယ် ငါခုနက မုအော်သံကြားလိုက်တယ် "
" အဖွဲ့ထဲက ငါးယောက်က လေးလေးအောင်နဲ့ လိုက်သွား ကျန်တဲ့လူတွေ ငါနဲ့နေခဲ့ "
အပေါ်ဆုံးထပ်သို့ ရင်တမမနဲ့ တက်သွားလိုက်တော့ အောင်စစ်မှူးအား အဆိုးဝါးဆုံးမြင်ကွင်းမှ စောင့်ကြိုနေသည်။ပြိုကျမတတ် ဟောင်းနွမ်းသော စက်ရုံဟောင်းမှ အကာရံများလည်း မရှိ။ အစွန်းဖျားများမှာလည်း လစ်ဟာ၍ ပြုတ်ကျတာနဲ့ အောက်သို့ဒါတိုက်။အသည်းသန် လှေကားမှ တတ်သွားရင်း မုအားတွေ့လိုက်ရသည်။မမျှော်လင့်ထားတဲ့ ပုံစံမျိုးနဲ့ပေါ့ ။ထိုမြင်ကွင်းကြောင့် ရင်ထဲတွင် မိုးကြိုးပစ်ခံလိုက်ရသလို။
" ဆရာ...ဆရာ ရှေ့တိုးလာတာနဲ့ ကျွန်တော် မုနဲ့အတူ ခုန်ချလိုက်မှာနော် "
" ကိုလင်း မင်းနောက်ထပ်မဆုတ်လိုက်နဲ့ "
အဆောင်အုံ၏ အပေါ်ဆုံးတွင် ခေါင်မိုးတောင်မတပ်ရသေး။ဟင်းလင်းပြင် ဖြစ်နေသော တိုက်ရဲ့ အစွန်းဖျားတွင် ကိုလင်း မုအား နောက်မှ ပခုံးသိုင်းဖက်၍ အောင်စစ်မှူးကို ခြိမ်းခြောက်လိုက်၏ ။ ပြုတ်ကျတော့မည်နေရာတွင် သွေးရှုးသွေးတန်းလုပ်နေသော ကိုလင်းကြောင့် မု ဒူးတွေပင်တုန်ကာ ကိုယ်ကိုတွေ့တာတောင် ဘာစကားမှမပြောနိုင်ချေ။ဒီလို အခြေနေမျိုးကို မတွေ့ဘူးသော သူမ ဘယ်လောက်တောင်ဘကြောက်နေမလဲဆိုတာ ပုံစံကြည့်ရုံနဲ့ သိနိုင်သည်။ကိုယ်လည်း အခုခြေနေမှာ တကယ်ကို ရှုးချင်နေပြီ။တစ်ချက်လေး တိမ်းဆောင်းသွားတာနဲ့ မုအသက်ပါပါသွားနိုင်တာမို့။ကြောက်လန့်နေသော ကိုယ်ရဲ့ အားနည်းချက်က ရန်သူဆီရောက်နေတော့ တစ်ခါမှ မတွေးခဲ့ဖူးသော အတွေးများက စိုးမိုးလျက်။မျက်လုံးထဲတွင်လည်း သေဆုံးသွားချိန်ရပ်နေသော အမေမျက်နှာအား မုဆီတွင် မြင်ယောင်မိပြန်သည်။ဘယ်လို အကြောင်းပဲရှိပါစေ ဒုတိယအကြိမ်တော့ ထိုအဖြစ်ပျက်မျိုးထပ်အဖြစ် အခံနိုင်တော့ပြီ။
" သေနတ်ပါလာတာသိတယ် ချလိုက် သေနတ်တွေအားလုံးချပြီး ဆရာလူတွေကိုပါ ထွက်သွားခိုင်းလိုက်"
အောင်စစ်မှူး မှ မတုံပြန်တာမို့ မုကိုယ်အား အနည်းငယ် လှုပ်ယမ်းကာ နောက်ခုန်ချမယ်လုပ်တော့....
" ထွက်သွား! !!! ထွက်သွား အားလုံး ငါအမိန့်မရမခြင်း မလှုပ်ရှားနဲ့ "
" ပြီးတော့ ဆရာလဲ ဒူးထောက်ထား "
" ဘာ! !! "
" ဒူးမထောက်ရင် "
" ထောက်...!!!!ထောက်မယ် ဒူးထောက်မှာမို့ မုကို မထိနဲ့ "
" တွေ့လား မုဒြာမင်းသာရှိရင် ကျွန်တော် အားလုံးကို ဖြတ်ကျော်နိုင်တယ် "
အရာအားလုံးကို အောင်နိုင်ခဲ့ပြီး မုကလွဲ၍ တခြားသူကို မအောက်ကျို့ဖူးသော သူမှ ဒူးထောက်ပြီး ပြားပြားဝပ်ဝပ်နေတာကို မြင်တော့ မုမျက်ရည်များ ကမ်းကုန်ကျမိတော့သည်။ထိုလူ ဒူးထောက်ပေးနေရတာ မုကြောင့်မို့ အရမ်းလည်း ဝမ်းနည်းရသည်။အခုလို ဆက်သွားလို့ကလည်း မဖြစ်ပြန်တော့ မုအကြောက်တရားကို တွန်းလှန်မှ ဖြစ်တော့မည်။
" မု..မကြောက်နဲ့ ကိုယ်ရအောင်ကယ်မယ် "
" ရှေ့တိုး ဉီး...မုဆီ ရှေ့တိုးလာ "
" မု ကိုယ်မလုပ်နိုင်ဘူး "
" မုစကား နားထောင် ရှေ့တိုး ခဲ့ "
" ကျွန်တော်ကို မခုန်ချရဲဘူးထင်နေတာလား မုဒြာ "
" ရှင်ရော မုမှာ ဉာဏ်မရှိဘူးထင်နေတာလား "
အောင်စစ်မှူး မုတို့အနီးနားကို ခြေလေးငါးလှမ်း လှမ်းလိုက်တာနဲ့ မု ကိုလင်းခြေထောက်ကို ဖနောင့်ဖြင့် အားကုန်ပေါက်၍ တွန်းလိုက်ပြီး လက်လွတ်လိုက်တာနဲ့ ပြေးလိုက်သည်။ဤသို့ တွေးထားသော်လည်း ကိုလင်းမှ မုကိုအလွတ်မပေး။တွန်းလိုက်တဲ့အားက သိမ်မပြင်းပေမဲ့ ကိုလင်းမှာ အနောက်တွင် အခံမရှိတာကြောင့် ယိမ်းယိုင်ကာ မုရဲ့ပခုံးကိုပါ လှမ်းဆွဲလိုက်သည်။ဝရုန်းသုန်းကာနှင့် ကိုယ်နေဟန်ထားများ မထိန်းနိုင်ကြပဲ နှစ်ယောက်လုံး ပြုတ်ကျတော့သည်။အောင်စစ်မှူးလည်း မုပါကျသွားတော့ အလျင်အမြန်အနားပြေး သွားလိုက်၏ ။
" မု...မုကိုယ်ကို သေချာကိုင်ထား လုံးဝမလွတ်လိုက်နဲ့"
" ဉီး ကို..ကိုလင်းက "
" မကြည့်နဲ့ အောက်ကို လုံးဝမကြည့်လိုက်နဲ့ "
" ဒါမဲ့ သူ...သူသေ "
" ကိုယ်ကိုပဲ ကြည့်ပေးပြီး လက်မလွတ်လိုက်ပါနဲ့ ကျေးဇူးပြုပြီး "
အောင်စစ်မှူး တိုက်တန်းတွင် ပြုတ်ကျလုနီးနီး တွဲလျားကျနေသော မုလက်ကို အချိန်မှီဆွဲထားနိုင်လိုက်၏ ။အထပ်မြင့်ဖြစ်ပြီး အောက်တွင် အပျက်စီးသံတိုင်များ ရှိလို့ ကိုလင်းကတော့ ရုပ်ပျက်ဆင်းပျက်။လေအေးများက တိုက်ခတ်ပြီး လက်အားမနည်းတောင့်ထားရတာမို့ မုအသက်ရှင်ပါ့တော့မလားဟု ကိုယ့်ကိုကိုယ် တွေးမိသည်။ဒါပေမဲ့ အဆုံးထိ မုလက်ကို ဖမ်းဆုပ်ထားပေးတဲ့ ထိုလူကို ကြည့်ပြီး မုယုံကြည့်တယ် အသက်ဆက်မရှင်နိုင်ရင်တောင်မှပေါ့ ။မု ယုံကြည့်တဲ့အတိုင်း ဉီးကရအောင် လုပ်နိုင်ခဲ့သည်။မုကို အံကြိတ်ခဲပြီး အတင်းလက်မောင်း တစ်ဖက်ထဲဖြင့် ဆွဲတင်လိုက်သည်။ဒါပေမဲ့ မုကသာ မတောင့်ခံနိုင်ခဲ့တာပါ ဉီးလာတဲ့ အချိန်ထိ ။
Advertisement
" ရား....ရပြီး မုဘာဖြစ်သွားသေးတယ် ကိုယ်နောက်ကျသွားတယ်မလား "
" ဟင့်အင်း ဘာမှ..."
" ဘာတွေလဲ နောက်ကျောမှ ဘာဖြစ်ထားတာလဲ "
ရင်ထဲ အပူမီးကို ငြိမ်းစေဖို့ မုကို အတင်းဖက်ထားလိုက်သည်။သူမကျောပြင်ကို ထိတွေ့လိုက်တော့ စိုစွတ်ပေါက်ပြဲနေသော နေရာမှ မိမိလက်တွင် ပေကျံလားသော သွေးများကြောင့် မျက်လုံးများမှ မယုံကြည်နိုင်ခဲ့။မျက်နှာမှာ ဖြူရော့ပြီး အားမရှိတဲ့ပုံပေါက်နေပေမဲ့ ဒဏ်ရာရထားမယ်လို့တော့ မထင်ခဲ့။အခုတောင် မုက ဘာမှမဖြစ်သလို အပြုံးလေးကတော့ မပျက်ချေ။အောင်စစ်မှူး ရောက်မလာခင် တစ်နာရီလောက်က သရဖီဇွတ်တိုးလိုက်တော့ မု အနောက်က သံချွန်တစ်ခုမှာ ဘယ်ဘက် ရင်ဘတ်ကို လာရောက်ထိုးစိုက်ခဲ့သည်။သရဖီနဲ့ ကိုလင်း အတင်းဆွဲထုတ်ခဲ့ကြပေမဲ့ သွေးထွက်လွန်နေခဲ့ပြီ။
" ဉီးကို...လိမ်လို့မရဘူးပဲ "
" ဆေးရုံ... ဆေး...ရုံသွားကြမယ် "
" ငိုနေတာလား "
" ကိုယ်တောင်းပန်ပါတယ် အခုလိုတွေ ဖြစ်ရတာ ကိုယ်ကြောင့် မုကိုပါဒုက္ခရောက်စေပြီ "
" ဟင့်အင်း..မဟုတ်ဘူး ပျော်ရွှင်ရတာပါ ဉီးနဲ့တွေ့ပြီး နောက်ပိုင်း မု အရမ်း အရမ်းကို ပျော်ခဲ့ရတာပါ "
" မပြောနဲ့တော့ ဘာမှမပြောနဲ့ ဆေးရုံပဲ သွားကြမယ်"
" ခဏလေးပါ မုအရမ်းတောင့်ခံခဲ့ရတာ စကားလေးတော့ပေးပြောမှပေါ့ "
" မရဘူး "
" မုပြောဖူးတယ်လေ အနားမှာ မရှိတော့ရင်တောင် နုလုံးသားထဲမှာ ဆက်ရှင်သန်နေမှာပါလို့ ပြီးတော့ မုကျေနပ်တယ် နောက်ဆုံးအချိန်မှာ အတွေ့ချင်ဆုံးလူက အနားမှာရှိနေလို့ ကောင်းကောင်းနေခဲ့ပါနော်....မုရဲ့ အချစ်ရဆုံး..ဉီး"
" အား...!! ဟာ့ မဟုတ်ဘူး မဟုတ်ဘူး မု.. မုမျက်လုံးဖွင့်ပါအုံး ကြည့်ပါအုံး ကိုယ့်ကို မု..မုရယ် ဘယ်လောက်တောင် ကြောက်ခဲ့မလဲ ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ ဆေးရုံကား ခေါ်ကြစမ်း မုရယ်... လုပ်ကြပါ မုကို ကယ်ပေးကြပါ အား..ဟားဟာ့ မု ကိုယ်နဲ့စကားပြောမယ်ဆို မု ရယ် "
တစ်တိုက်လုံး ဟိန်းနေအောင် အောင်စစ်မှူး အသံနက်ကြီးဖြင့် အော်ဟစ်ငိုကျွေးခဲ့၏ ။မုကို ရင်ခွင်ပိုက်ပြီး အရာအားလုံးလွတ်ချထားခဲ့သော သူမမျက်နှာလေးကို ကြည့်ရင်း အသည်းနှလုံးအား အစိမ်းလိုက်ခွဲထုတ်ခံရသည့်အတိုင်း။သေခြင်းတရားတွေကို မျက်တောင်မခတ် ကြည့်နိုင်ခဲ့ပေမဲ့ သူမကိုတော့ မဖြစ်ရဘူး လုံးဝမဖြစ်ရဘူး။အကယ်၍ ဝဋ်ကြွေးဆိုရင် ကိုယ်ကိုပဲ ဆပ်ခိုင်းပါ။မတူညီသော ဖြစ်တည်မှုများကြားက ပေါင်းစပ်ခဲ့ကြသည်မို့ ပန်းလေးကတော့ တောက်လောင်ပြာကျခဲ့၏ ။
🍂A Little Long Time🍂
Please Just Stay
🍂With Me🍂
Episode 34 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။🙏🙏🙏
#Zawgyi
" နင်ရှုးနေလား ဆေးရုံပို့ရင် ငါတို့ကို မိသွားမှာပေါ့ သူကိုကြည့် မရမ်းမနက်ဘူး မေ့တောင်မမေ့သေးဘူး အခုထူပြီး ကြိုးပြန်တုပ်ထား အောင်စစ်မှူးက သူနှုန်းနဲ့ဆို ငါတို့ဆီလာတော့မှာ ငါညှိလို့ အဆင်ပြေရင် အချက်ပြလိုက်မယ် အဲ့ကျမှ ဆေးရုံခေါ်သွားလိုက် အခုတော့ လုံးဝမဖြစ်ဘူး "
" ဖြစ်ပါမလား "
" ဗျာ !!! "
" ဘာအကြောင်းလဲ "
" စီနီယာကြီး! !! "
" မုဒြာ ကျွန်တော်... "
( ဝုန်း....ဒုန်း...ခွမ်း )
" ဘာ! !! "
" ဒူးမထောက်ရင် "
Advertisement
- In Serial35 Chapters
NEIGHBORS ✓ ⚠️ UNDER EDITING ⚠️
BOOK 1: NEIGHBORSWhen Xiao zhan Happens to be Wang Yibo's new Neighbor.STATUS: COMPLETED | uneditedBOOK 2: OBSESSIONENTRIES: Prologue, 32 ChaptersSTARTED: May 9, 2020ENDED: May 22, 2020
8 154 - In Serial45 Chapters
Devil's Affection [Affection Series 5] {Completed}
This beautiful cover is by @Anoniem024Fate, it is a bittersweet thing. No one knows what is there inside the bag of Fate for one; every events you face links you up with something, all it takes is few times and few turns of events for the game to end. And....this is the game of Fate of Adriana and Devilin. The event that links them together is so strong that nothing can stop them to meet at the end. When the miracle enchants the Devil within the man, the devil himself cannot help but show his affection. This is the last installment of Affection series hopefully you will love it as you did others, happy reads :) Affection Series:- 1) Mate's Affection 2) Warrior's Affection 3) Restrained Affection 4) Sweet Affection 5) Devil's Affection
8 186 - In Serial33 Chapters
The Baby
GRAYSON ASTOR. New York City's most eligible bachelor was given an ultimatum-get married and earn the CEO position of his family company or remain single and lose an empire. An already difficult decision is made worse when a woman knocks on his door and claims she's having his baby.KALANI DEPRADINE. She lives the simple life of any average person in the city-perfect friends, perfect job, perfect family. But her life is flipped upside down when she discovers she's pregnant after a one-night stand and he drags her into his much more complicated life than he originally led on. •Interracial@itsmariammusa
8 211 - In Serial29 Chapters
Barron's Second Chance
*Story removed and currently being edited, with new parts added***Follow me on https://www.instagram.com/s.t.moors/ for updates Eden and Barron were highschool sweethearts until an unthinkable betrayal tore them apart. When these two meet again, will forgiveness be on the cards? Or will Eden always be the one who got away?
8 126 - In Serial7 Chapters
Scar ► Richie Tozier
You thought you were leaving everything behind when you moved to Derry. Turns out, you were wrong.Richie Tozier x Fem!Reader► soulmate au
8 198 - In Serial40 Chapters
Forever Together
A sweet, bubbly and childish girl named Keira Singhania is loved by all her family.Though childish but she is mature during times of need. She is the heart of her family members.An arrogant, rude and sophisticated buisness man named Abhiman Rajvansh who is the king of Business; is what every girl would dream of in their life partners. His life revolves around his work and no one can stop or change him.What will happen when Keira will try to bring up changes in Abhiman's lonely world?When she will brighten his family's gloomy atmosphere?Will he accept the changes or consume the light with his own darkness?
8 221