《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 34 )
Advertisement
တေးသံသာတွေကို သယ်ဆောင်လာပေးတဲ့ အချစ်သီချင်းလေးတစ်ပုဒ်စတင်ချိန်မှာပြတင်းပေါက်ကို မျက်နှာမူပြီး စာအုပ်လေးထိုင်ဖတ်ရင်း ဉယျာဉ်ထဲက ပန်းတွေကြားမှာ မွေ့ပျော်နေတဲ့ လိပ်ပြာလေးတွေ ပတ်လည်ဝိုင်းထားသော သူမ ။လှည့်ကြည့်ပြီး နှုတ်ခမ်းဖျားလေး ပျော့ပျောင်းစွာ ကွေး၍ ပခုံးလေးတွန့်ကာ ရီပြနေသော ထိုပုံရိပ်လေးတွေကို လိုချင်မတာ တကယ်အမှားကြီးပါလား။အရင်အချိန်တိုင်း ပြုံးပြနေသူမှာ အခုချိန်ထိတောင် နှုတ်ခမ်းဖျားက အပြုံးမပြတ်ပေမဲ့ သူမရဲ့ မျက်ဝန်းထဲမှာတော့ ဝမ်းနည်းမှုဖုံးလွှမ်းလျက်။မဆီမဆိုင် ဝင်ပါပြီး ကိုယ့်ဘဝထဲ ဝင်လာတဲ့ သူမကအခုတော့ အသိမပေးပဲ ထွက်သွားတော့မည်။
" ဒေါက်တာ... ကျွန်မသမီးလေး ခွဲစိတ်မှုဘယ်လိုလဲမသိဘူး"
" ခွဲစိတ်မှုကတော့ 50%အောင်မြင်ပါတယ် ကျန်တာကတော့ အာမမခံနိုင်ဘူး စောင့်ကြည့်ရအုံးမှာပါ "
" အမယ်လေး...မေမေသမီးလေးရယ် မောင်ရင် ငါသမီးက မင်းကြောင့်အခုလိုဖြစ်ရတာ တသက်လုံး ကျန်းကျန်းမာမာနေလာတဲ့ ကလေးကို အမယ်လေး.."
" မေမေရယ် စိတ်ထိန်းပါ မုမု ဘာမှမဖြစ်လောက်ပါဘူး "
" အဖေနဲ့ အမေရယ် ကျွန်တော်တကယ် တောင်းပန်ပါတယ်"
" ထွက်သွား ငါတို့သမီးရှေ့မှာ နောက်ထပ်ပေါ်မလာနဲ့"
" အဖေ ကျွန်တော် တကယ်တောင်းပန်ပါတာမို့ မုကိုတွေ့ခွင့်ပေးပါ "
အောင်စစ်မှူး ဒူးဖက်တောင်းပန်းတာတောင် မုမိဘများက ခွင့်မလွတ်နိုင်ခဲ့။သမီးသတင်းကြားကြားချင်း မိသားစုလိုက် လေယာဉ်ဖြင့်ဆင်းလာပြီး အောင်စစ်မှူးအကြောင်းတွေ အားလုံးပါသိလိုက်ရတော့ ဘယ်လိုမှလက်ခံနိုင်ခဲ့ကြချေ။မုရဲ့ ခွဲစိတ်မှုကလည်း နာရီပေါင်း 7နာရီတောင်ကြာပြီ နှလုံးကို အနည်းငယ်ထိသွားတယ်လိုသာ သိရသည်။ဆရာဝန်တွေက မုမိသားစုနဲ့သာ ပြောဆိုကြတာမို့ ဘာမှသေချာ မပြောကြ။စိတ်ပူပေးမဲ့ အသက်မသေရုံနဲ့သာ ကျေနပ်ရသည်။ထိုနေ့က အားလုံးသွေးပူနေတုန်းမို့ အိမ်ကိုသာ ပြန်လာရသည်။မိဘများကလည်း သူတို့ရဲ့ သမီးလေး အခုလိုဖြစ်နေတာကို ဘယ်လက်ခံနိုင်ကြပါ့မလဲ။
°°°°°°°°°°°°°
နေ့ရက်တွေသာ တပတ်ပြီးတပတ် တစ်ရက်ပြီးတစ်ရက်ပြောင်းလဲသွားသည်။ မုဆေးရုံကုတင်ပေါ်တွင် လှဲနေရသည်မှာတော့ ပြောင်းလဲမှုမရှိ။မုမိဘတွေက အတွေ့မခံပေမဲ့။သူမအစ်မနှစ်ယောက်ကတော့ လစ်ရင်လစ်သလို ခိုးပေးတွေ့သည်။သူတို့ပြောကြတာတော့ နှလုံးက ထိုးမိတဲ့အရှိန်နှင့် သွေးကြောတစ်ခုပေါက်သွားပြီး ဆေးရုံရောက်တဲ့အချိန် သွေးထွက်လွန်နေခဲ့၏ ။ဆိုးကျိုးအနေနဲ့ ခွဲစိတ်ပြီးသည်အထိ သူမကိုယ်က ကိုမာဝင်၍ သတိပြန်မလဲလားသေး။အရင်တုန်းက ပခုံးပေါ်တွင် ခေါင်းလေးတင်ပြီး သီချင်းတွေ သီကြူးပြတတ်တဲ့ သူမဟာ သူမအကြိုက်ဆုံး သီချင်းလေး ဖွင့်ပြထားသည်ကိုပင် မကြားနိုင်။သူမ သဘောကျတဲ့ Hellen Keller စာအုပ်ဖတ်ပြသည်ကိုလဲ အရင်လို စကားများ တီတီတာတာမပြောတော့ပါ။ခဏလေးတွေတိုင်း သူမလက်ကလေးကို အနွေးဓာတ်ပေးကာ နမ်းရှိုက်နေပေမဲ့ ရှက်သွေးဖြာတတ်သော မျက်နှာလေးမှာ အိပ်နေသော ပုံစံမှ မပြောင်းလဲခဲ့ချေ။
" မု...ကိုယ် မင်းအတွက် ပန်းဝယ်လာပေးတယ် ပြီးတော့ အမွှေးဖယောင်းတိုင်ရော ကိုယ့်ကောင်မလေးက အနံပြင်းတာတွေ မကြိုက်မှန်းသိပေမဲ့ ကျန်းမာရေးပိုကောင်းအောင် အနားမှာ ထားပေးရမယ်တဲ့ ပန်းကတော့...နှင်းပန်းလေ ကိုယ်အမြဲ မုကို မကိုင်ခိုင်းတဲ့ပန်း မုကြိုက်ပေမဲ့ ကိုယ်မကိုင်ခဲ့တာ နားလည်ပေးနော် "
အမြဲတစ်ယောက်ထဲ ဆေးရုံခန်းထဲမှာ စကားတွေပြောနေခဲ့တာ အခုဆိုကျင့်သားတောင်ရနေသည်။ ခုနေများ မှေးစက်နေတဲ့ သူမမျက်လုံးလေးတွေ ပွင့်လန်းလာပါစေလို့ ဆုတောင်းမိပေမဲ့လည်း အိမ်မက်အဖြစ်သာ။
" မုကို ပြောပြရအုံးမယ် သရဖီဒီနေ့ အယူခံဝင်တာ နောက်ဆုံးရက်လေ မဟာကပဲ တရားရင်ဆိုင်တာကို အကုန်လုပ်ပေးတာ ပြီးတော့ ရှေ့နေက သွဲ့ဒါလေ သူရဲ့ ပထမဆုံးတရားခွင်ပေါ့ သရဖီကတော့ ထောင်ခြောက်နှစ်ကျသွားတယ် ကို...ကိုလင်း ကတော့ ဒီနေ့ရက်လည် တစ်လပြည့်လေ ကိုယ်နဲ့ မဟာကပဲ အားလုံး စီစဉ်ပေးလိုက်တယ် ဆွေမျိုးတွေလဲမရှိတော့ အခုဆို မုပြောသလို ကိုယ် သဘောထားကြီးတဲ့သူ တစ်ယောက်ဖြစ်လာပြီ ထင်တယ် "
အောင်စစ်မှူး ပြောဆိုရင်း ပန်းစည်ထဲမှ နှင်းပန်းများကို ကုတင်ဘေး ခုံပေါ်က အိုးထဲသို့ ထည့်လိုက်သည်။ပြီးနောက် ဝယ်လာသော အမွှေးဖယောင်းတိုင်ကို မီးညှိရင်း မုကို လှမ်းကြည့်လိုက်သည်။သူမ၏ စိတ်ပူပေးတတ်တဲ့ မျက်နှာ ဆူငြောင့်ပြီး ဆုံးမတတ်သော အမူအရာလေးတွေကို မြင်ယောင်ရင်း နဖူးလေးကို သပ်ပေး၍ ဖွဖွလေး နမ်းလိုက်သည်။နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအပ်ထားသော အောက်စီဂျင်ကိရိယာကို မြင်နေရပြန်တော့လည်း ရင်ထဲဆို့နှင်မိပြန်သည်။မုအစ်မနဲ့ သူငယ်ချင်းတွေတော့ အခန်းရှေ့တွင်စောင့်ပေးနေကြလို့ မုကို ထိုင်ငေးနေလိုက်သည်။
" ဖေဖေ... ခဏလေး ဆရာဝန်ဆေးစစ်နေလို့ ဝင်လို့မရသေးဘူး "
" ဖယ်ပေး သမီးလတ် "
" ဉီး...ဉီးလေး မုမုက "
" အထဲမှာ အောင်စစ်မှူးရှိတာသိတယ် အဲ့တာကြောင့် ငါးယောက်လုံး ဖယ်ပေးကြ "
" ဟုတ် ဟုတ်ကဲ့ "
တကယ်တော့ မုအဖေ အောင်စစ်မှူးလာ ခိုးတွေနေတာကို သိတာအတော်ကြာပြီ။မသိချင်ယောင်ဆောင်ပြီး နေခဲ့ခြင်းပင်။အခုတော့ ဆေးရုံးခန်းထဲသို့ဝင်၍ မုကုတင်ဘေးတွင် ထိုင်နေသော အောင်စစ်မှူးကို တည့်တည့်ကြည့်လိုက်သည်။အောင်စစ်မှူးလည်း ရုတ်တရက်ဝင်လာသောမုအဖေကို ကြည့်ပြီး ဘာလုပ်ရမယ်မှန်းမသိ။တစ်လလုံးခိုးတွေ့တာကို မမိပဲ အခုမှ ထိပ်တိုက်တွေ့တာဆိုတော့။
" ငါမင်းနဲ့ စကားပြောစရာရှိတယ် ငါနောက်လိုက်ခဲ့ "
" ဗျာ "
အောင်စစ်မှူးလည်း မုအဖေခေါ်တဲ့အတိုင်း ဆေးရုံဝန်းက ခုံတန်းမှာထိုင်လိုက်သည်။မုအဖေမျက်နှာကလည်း ဘယ်လောက်တောင်ငိုထားလဲမသိ မို့အစ်နေသည်။မုအမေကတော့ ဒီရက်ပိုင်း တောင်ကြီးခဏပြန်သွားတာကြောင့်မရှိ။မုအဖေ ပါးပေါ်က မျက်ရည်စီးကြောင်းကို သုတ်ပြီး သက်ပြင်းတစ်ချက်ချကာ လေးလေးနက်နက်ဖြင့် စကားဆိုလိုက်သည်။
Advertisement
" မင်း မုကို ဘယ်လိုကလေးမျိုးလို့ ထင်လဲမသိပေမဲ့ ငါအတွက်တော့ အစားထိုးလို့ မရနိုင်တဲ့ ကလေး သူမ ဆယ်နှစ်တုန်းက ငါကို ပြောတဲ့စကားကြောင့် ငါသိခဲ့တယ် မုက စိတ်ထားအရမ်းဖြူစင်တဲ့ သူလေးဆိုတာ သူပြောခဲ့တာက ဆရာဝန်လုပ်ပြီး လူတွေကို ကယ်ပေးရုံနဲ့ ကူညီတယ်မဟုတ်ဘူးတဲ့ အခြားအသေးအမွှားလေးတွေလုပ်ပြီးလဲ ကူညီလို့ရပါတယ်တဲ့ အဲ့လို စိတ်ထားကောင်းတဲ့ကလေးကိုမှ ဘာလို့ လူ့လောကကြီးထဲက ဆွဲထုတ်ချင်နေကြရတာလဲ "
" အဖေ ဘာကိုဆိုလိုတာလဲ "
" မင်းမှာလဲ အပြစ်မရှိမှန်းသိပါတယ် ဒါကြောင့်မို့ တပတ်လောက်ပဲ ဒီတပတ်ထဲပဲ ငါ့သမီးဘေးနားမှာ အဖော်ပြုပေးပါ "
" ဆရာဝန်တွေက...ဘာ..ဘာပြောလို့လဲ "
" ဒီတပတ်စောင့်ကြည့်ပြီးတာနဲ့ သတိပြန်မလည်သေးဘူးဆိုရင် သူတို့မုကို အောင်စီဂျင်ပိုက်ဖြုတ်တော့မယ်တဲ့ "
" ဘာ...!!!! သူတို့ လူနာကို သေခိုင်းနေတာလား မရဘူး မုကို နိုင်ငံခြားက ဆရာဝန်တွေနဲ့ကို ကုမယ် "
" ငါ...ငါလဲ ဆရာဝန်ပဲ မုအခြေနေကို နားလည်တယ် သူကိုယ်ရဲ့ ပင်မနှလုံးကို ထိထားတာ လူနာသတိလည်မလာရင်း အခြားရောဂါတော့ မသိပေမဲ့ နုလုံးဆိုရင်တော့ ဘာမှမတတ်နိုင်ဘူးကွ "
အောင်စစ်မှူး ကြားရသော အခြေနေကို လုံးဝလက်မခံနိုင်ခဲ့။သူအား အနာပေးလိုက် ဆေးပေးလိုက်လုပ်နေသော ကံတရားရဲ့ ရိုက်နှက်မှုတွေကြောင့် နလန်းတောင် မထူနိုင်တော့ပြီ။ခုံတန်းမှ အကြာကြီး ငိုပြီးခေါင်းတောင်မထောင်နိုင်ခဲ့။တစ်မိနစ်ပဲ ဖြစ်ဖြစ်သူမနားမှာ နေချင်သေးသည်။တကယ်လို့ မုကို ဆုံးရှုံးရမဲ့နေ့ရောက်ပါ ကိုယ်ပါလိုက်ပါသွားဖို့ ဆုံးဖြတ်လိုက်သည်။သူမကို ဆုံးရှုံးရမှာထက် အတူယှဉ်တွဲနိုင်ဖို့ကိုသာ လိုအပ်သည်။ထိုနေ့မှစပြီး မုအနားတွင် နေ့ညမပျက် နေလျက်။မုအမေကလည်း အပြစ်ရှိသူတွေက ထောင်ကျ သေဆုံးကုန်ကျပြီမို့ အောင်စစ်မှူးကို အရင်လောက် အပြစ်မတင်တော့။သူတို့ထက်တောင် အပူများနေသော သူကိုကြည့်ရင်းသာ သနားမိသည်။
" ဒီနေ့တော့ သွားနားလိုက်တော့ "
" ကျွန်တော် မုနားမှာ နေလို့ရသလောက် နေချင်သေးတယ်"
" အဲ့လိုဆိုရင်တောင် ခဏတော့ပြန်နားလိုက်ပါ မင်းပါလဲရင် မုစိတ်ချမ်းသာမယ်ထင်လား "
မုအမေက မရမကပြောနေတော့ အောင်စစ်မှူး မငြင်းသာပဲ အိမ်ပြန်လာခဲ့ရသည်။အတင်းပြန်မလွတ်လို့လဲမရ ဒီနေ့မှာ မုကို အောင်စီဂျင်ဖြုတ်မည့်နေ့။သူရှိနေပါက အလွယ်နဲ့လည်း လက်မခံနိုင်ပဲ ဝမ်းနည်းကြွေကွဲရမှာမို့ မနေစေချင်။ဘာမှမသိပဲ အိမ်ပြန်လာသော အောင်စစ်မှူးမှာတော့ အိမ်ရှေ့အရောက် စာတိုက်ပုံးထဲက စာလေးကို တွေ့လိုက်ရသည်။မဖတ်ပဲ အိမ်ထဲဝင်လာပေမဲ့ မသိစိတ်ရဲ့ နိုးဆော်မှုကြောင့် စာအိတ်ကို လာပြန်ယူလိုက်၏ ။စာအိတ်ပေါ်က နန်းမုဒြာမှ ဆိုသော နာမည်ကြောင့် စာအိတ်အား ချက်ချင်းဖွင့်ဖတ်လိုက်သည်။
( အနာဂတ်မှ ချစ်ရသော မုရဲ့ဉီးဆီသို့
ဒီနေ့က မုနဲ့ဉီးရဲ့ First Date လေးလေ ဉီးက အလုပ်ရှိလို့ မုပြန်သွားရင်း လမ်းမှာစာတိုက် Promotion ဆင်းပွဲကနေ စာပို့လို့ရတယ်ဆိုလို့ စာရေးလိုက်ပါတယ်။မုရဲ့ အနာဂတ်မှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်နှစ်ခုရှိတယ် တစ်ခုကတော့ ဉီးသိပြီးသားပါ နောက်တစ်ခုကတော့ ခုနလေတင်မှ အတွေးထဲပေါ်လာတာ တကယ်လို့ ဒီစာလေး ဉီးလက်ထဲ ဒီစာလေးရောက်တဲ့နေ့ထိ ဉီးမုကို ချစ်သေးတယ်ဆိုရင် မုဉီးရဲ့ ဇနီးတစ်ယောက်ဖြစ်ခြင်းတယ် ဉီးနဲ့တူတဲ့ ကလေးလေးလဲ မွေးပြီး မိသားစုဘဝလေးလိုချင်တာမို့ ဒီစာလေးကို ဖတ်ပြီးရင် မုကိုလက်ထပ်ခွင့်တောင်းပါနော်
ဒီနေ့ရဲ့မုမှ )
ဖတ်ရင်း စာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်းရင် အသည်းများမှလည်း ကွဲခဲ့ပေါင်းမနည်းတော့ပြီမို့ ရစရာမရှိခဲ့။စာဖတ်ပြီးပြီချင်း ကားဖြင့် မုဆေးရုံသို့ အမြန်ပြေးတော့သည်။တဖက်တွင်လည်း မုကို အောက်စီဂျင်ပိုက် ဖြုတ်ရန် ပြင်တင်နေကြသည်။အောင်စစ်မှူး ရောက်သွားချိန်မှာတော့.....
" မုကို ဘာလုပ်နေကြတာလဲ "
ဆေးပိုက်များ ဖြုတ်နေသော ဆရာဝန်နှင့် သူနာပြုသုံးလေးယောက် မူးမေ့လဲမတတ်ငိုနေသော မုရဲ့ မိသားစုဝင်များကိုကြည့်ရင် အခြေနေက သိသားနေသည်။အောင်စစ်မှူး ခံပြင်းလွန်းလို့ ဆေးရုံအခန်းတံခါးအား လက်ဖြင့် သုံးလေးချက်ဆင့်ထိုးလိုက်ပြီး အူလှိုက်သည်းလှိုက်ငိုကြွေးတော့သည်။တစ်နေ့ ကြုံတွေ့ရမည့် ဒီနေ့အချိန်ကို ကြိုသိပါသော်လည်း တကယ်ကြုံတွေရတော့ လက်ခံဖို့ အင်အားမရှိ။
" အချိန်...အချိန် ခဏလောက်ပေးပါလား ကျွန်တော် မုကို လက်ထပ်ခွင့်တောင်းချင်လို့ "
ခွဲခွာရမယ်ဆိုတောင် မုကိုတော့ လက်ထပ်ခွင့်တောင်းချင်သေးသည်။အားလုံးကလည်း အောင်စစ်မှူးကို ကြည့်ရင်း သနားကာ အခန်းထဲမှ ရှောင်ထွက်ပေးကြသည်။မုဆီသို့ ခြေလှမ်းဖြေးဖြေးချင်း လှမ်းပြီး သူမ ဘေးတွင် ဒူးထောက်လိုက်သည်။ငိုနေရင်း တုန်ရီသော အသံများဖြင့် ပြောခွင့်မရခဲ့သော စကားများအား ဖွင့်ဟလိုက်၏ ။
" ကိုယ်တို့ စစတွေ့တုန်းက မုကို တကယ့်အရှုးမလေးလို့ တွေးမိတာ ဒါမဲ့ အဲ့နေ့ကစပြီး မုကိုမေ့လို့မရတော့တာ ဒုတိယအကြိမ်တွေ့တဲ့ အခါမှာတော့ ကိုယ်သေချာသိလိုက်တယ် ကိုယ်မုကို ချစ်နေတယ်ဆိုတာ အနားရောက်အောင်ကြိုးစားခဲ့တယ် ပြီးတော့အနားမှလည်းထားခဲ့တယ် ဒါပေမဲ့ နောက်ပြန်လှည့်လို့ရမယ်ဆို ကိုယ်မုကို အဝေးကနေပဲ ချစ်တော့မယ် ဒါပေမဲ့ မုကတော့ ကိုယ့်ရင်ထဲမှာ ထာဝရမပြောင်းလဲမဲ့ သတိုးသမီးလေးပါ အဲ့တာကြောင့်မို...ကိုယ့်နဲ့... ကိုယ်
ကိုယ့်နဲ့ လက်ထပ်ပေးပါ မုရယ် "
အောင်စစ်မှူးတုန်ရီစွာနှင့် မလှုပ်မယှက်နှင့် မေ့မြောနေသော သူမလက်သန်းကြွယ်လေးအား လက်စွတ်စွတ်ပေးရင်း လက်ကလေးပေါ်တွင် ခေါငျးတငျကာ ငိုမိပြန်သည်။
Advertisement
" အဲ့နေ့က မုကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားခဲ့တာ အခုထိလဲ လက်စွတ်လေးကို အမြဲဆောင်ထားမိတယ် မုနိုးလာရင် ချက်ချင်းလက်ထပ်ခွင့် တောင်းလို့ရအောင် ဒါမဲ့ ကိစ္စမရှိပါဘူး မုကိုယ်ကို ထားခဲ့ရင် ကိုယ်ပါ မုနောက်လိုက်ခဲ့မှာမို့ "
" လူကို... အဖြေတောင်မမေးဘဲ အတင်းလက်စွတ်ဝတ်ပေးနေတော့တာပဲနော် ဉီးအောင်စစ်မှူး "
Episode 35 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
" ဖယ်ပေး သမီးလတ် "
" ဉီး...ဉီးလေး မုမုက "
" ဟုတ် ဟုတ်ကဲ့ "
" ဗျာ "
" အဖေ ဘာကိုဆိုလိုတာလဲ "
ဒီနေ့ရဲ့မုမှ )
" မုကို ဘာလုပ်နေကြတာလဲ "
Episode 35 Coming Soon
Advertisement
- In Serial53 Chapters
Going For The Goal
Savannah White. The amazing soccer girl with the dead mom. Or at least that's what people think of her what you don't see is the constant bruises and cuts and scars from her dad. Her life was going smoothly until the death of her mother and that's when her dad became her worst nightmare. Nathaniel Court. The rich hot soccer player with a slight players streak. What you don't see is that behind his cool rude play boy type attitude he actually cares for those around him. When Savannah's dad is put in jail she is sent to live with her mom's best friend's family, the Courts. When Savannah and Nate meet things don't go as planned when they end up hating each other. Ever heard of love at first sight? For these two the saying is a little backwards with hate at first sight. But can their love for soccer bring them together?
8 92 - In Serial34 Chapters
Alone (Werewolf Story)
At our orphanage, when you turn 16 you 'graduate.' This pretty much means that the leaders think you can take care of yourself enough to go to school. They provide us with a small apartment and enough money for food and water each month. But other than that we are all alone.Today was my 16th birthday. Today I would be leaving this prison forever. I would start school at Montgomery Prep next week and move in tonight. I would leave all of my friends behind in this small crammed cabin and try to survive off of the measly amount of money given to me by the leaders. To say I'm scared is an understatement.
8 196 - In Serial7 Chapters
The Kissing Booth [SAMPLE] - Coming to Netflix May 11
Meet Elle Evans. Pretty, popular - and never been kissed. Meet Noah Flynn. Badass, volatile - and a total player. And also Elle's best friend's older brother...When Elle decides to run a kissing booth for the school's Spring Carnival, she locks lips with Noah and her life is turned upside down. Her head says to keep away, but her heart wants her to draw closer - this romance seems far from fairy tale and headed for heartbreak. But will Elle get her happily ever after?[This book has been published by (Penguin) Random House and is now available as a paperback in the UK, USA, Philippines, Australia, New Zealand, Singapore and more, AND in several languages, including Spanish and Greek. The ebook is also available online. Check out your local Amazon to see if you can grab a copy! THIS IS A SAMPLE ONLY.]This book has also been adapted as a Netflix Original Movie, available worldwide from 11th May 2018.
8 110 - In Serial83 Chapters
Crossing the Zerg Doting Wife Unlimited
Novel: 穿越蟲族寵妻無度Author: 阿慕z (Amu Z)Feng Zao, the Earth pharmacist who somehow traveled to the Zerg, reluctantly accepted the fact. Met the other half who wants to start a family and want to be together forever. Then started the road of romantic love wife. The Zerg native resident Hughes is tall and tall. Because his appearance is not the type that male insects like and his personality is dull, he always thought that he would be assigned to the male insect by the main brain system. The first time I saw Hughes, Feng Zao's eyes lit up: This is the sportsman I like, ah, damn it! How can I get in touch with him. The first time Hughes saw the wind, his ears were red, and he pretended to be calm, but his heart kept beating: This male is so cute, I want to rua~ "Hugh, let's have an egg, shall we? If you give birth to a baby bug, it is best to look like you." "...Listen to the hero." I meditated in my heart: it's better to look like the hero. The miniature version of the hero must be cute and cute. One day, Hughes received another call from the Bug Cub Academy. "The hero, the little bug cub is in trouble again" Content label: Birth of a child, interstellar sweet text Search keyword: Protagonist: Feng Zaoxius ┃ Supporting role: Kodak Anwen ┃ Others: Gentle inferiority sweet pet One sentence introduction: I just want to be sweet and sweet Life idea: A happy little romance can always be found in a plain and simple life.cover photo not mineMachine translated (not edited)For offline purposes
8 82 - In Serial9 Chapters
Kyle
I couldn't believe what I see in the back wall of my closet. . .
8 208 - In Serial40 Chapters
Her Song (Florence Pugh)
Y/N is twenty-something and living the simple life in NYC. She owns her own record store, where she sells music, coffee, and books; she even hosts live entertainment once in a while. It's every gay girl's dream.Having grown up watching Marvel movies with her dad, she nearly passes out when Florence Pugh strolls into her record shop one rainy afternoon. When the actress becomes a regular customer, Y/N eventually stops fangirling, but that doesn't mean she's any less awestruck by the beautiful blonde.(Florence Pugh x Reader slowburn)
8 184