《Adrian》1
Advertisement
Adrian....။
NewYork..............။
"ငါ့မှာအဖေရှိသေးတယ်
အဖေက ငါငါးနှစ်သားထဲက
နှစ်ရှည်ထောင်ကျနေတာ
ဒါပေမယ့် လာမယ့် လအနည်းငယ်မှာ
ပြန်လွတ်လာတော့မှာ..."
NewYork ရဲ့ အကောင်းဆုံးတက္ကသိုလ်
တစ်ခုရှိကျောင်းသားဖြစ်ဟန်ရှိိသည်။
တက္ကသိုလ်ထဲမှာတော့ရှိမနေဘဲ
ပျက်ဆီးနေသောကျောင်းသားတချို့စုဝေးရာ
ကျောင်းနားရှိလမ်းကြားတနေရာတွင်
စီးကရက်ဖွာကာ ခပ်Hot Hotအနောက်တိုင်းသူ
ကျောင်းသူလေးကို စကားပြောနေသည်။
"စိတ်မကောင်းပါဘူး...ဒါဆိုနင်က
ဘယ်သူနဲ့နေနေတာလဲ...."
ဖူးကြွသည့်နှုတ်ခမ်းကအရိုင်းဆန်သည်။
စီးကရက်ကိုတစ်ချက်ရှိုက်ကာ
ဘယ်သူနဲ့လဲဆိုတဲ့အဖြေကိုတွေးလိုက်ပုံရပြီး
ပါးပါးလေးပြုံးလာသည်။
"လူတစ်ယောက်နဲ့....."
"ကိုရီးယားကို မပြန်တော့ဘူးလား...."
"ငါတို့ ၁၈နှစ်ပြည့်နေပြီလေ...Honey...
အရေးမကြီးတာတွေက်ိုမေးမနေပါနဲ့တော့လား..."
"နင်နဲ့ငါ လူမျိုးချင်းမှမတူတာ
ငါ့က ချစ်ပြီး ငါ့ကိုပစ် ပြီး နင့်နိုင်ငံကို
ပြန်သွားရင်ဘယ်လိုလုပ်ပါ့မလဲ...."
"ကိုရီးယား မှာ ငါ့အိမ်မရှိလို့ ဘယ်တော့မှပြန်မှာ
မဟုတ်ပါဘူး.....ငါနင့်ကိုမထားခဲ့ပါဘူး..."
"မထားခဲ့ဘူးဆိုရင်တော့ငါနင့်ကိုတွဲမယ် Adrian
နင်သိပ်ကြည့်ကောင်းတော့ ငါလည်းသဘောကျပါတယ်..."
"နင်မငြင်းမှာကိုငါသိပါတယ်...."
ရွှေဝါရောင်ဆံနွယ်ကောက်ကောက်လေးတွေနဲ့
ကောင်မလေး၏
ခါးတွေအားမြန်ဆန်စွာသိမ်းဖက်လိုက်ကာ
မျက်နှာလှလှလေးအားသူကစေ့စေ့စပ်စပ်ကြည့်သည်။
"နမ်းလို့ရပြီမလား....."
"ရတာပေါ့....."
တခြားသောအတွဲတွေ....မိန်းကလေးချင်းစုံတွဲတွေ
ယောကျ်ားလေးချင်းစုံတွဲတွေ..လည်း
ပေါ်တင်ပဲချိိန်းတွေ့စကားပြောနေသည့်
အနောက်တိုင်းလူဖြူတွေကြား သူတစ်ယောက်က
တော့လူမျိုးကွဲပေါ့။
ဒီလမ်းကြားမှာ အရက် မိန်းမ ယောကျ်ား
ဆေး လောင်းကစားအရာအားလုံးလိုတရသည်။
ကောင်မလေးကို အကွယ်ထောင့်တစ်နေရာ
ဆီလျှင်မြန်စွာဆွဲခေါ်သွားတဲ့သူက
၁၈နှစ်အရွယ် ကိုရီးယားကောင်လေး....
။ဒါပေမယ့်အနောက်တိုင်းမှာကြီးပြင်းလာသူမို့အာရှရဲ့
၁၈နှစ်အရွယ်တွေနဲ့တော့အနည်းငယ်လေး
Version မြင့်နိုင်ပါသည်။
ကြယ်သီးနှစ်လုံးသာတပ်ထားသော
Shirtအင်္ကျီအရောင်နုနုနှင့်
ဂျင်းကျပ်ကျပ်ဟာ သူဝတ်တတ်သည့်
မလုံမခြုံဖရိုဖရဲဒီဇိုင်းဖြစ်ကာ
ဖိနပ်သည် ခြေအိတ်မပါ ဘယ်သောအခါမှ
ကြိုးလည်းသေချာစွာမချည်ခဲ့တဲ့သူ။
"နမ်းပြီးရင်ရော....."
ရွှေဝါရောင်ဆံနွယ်လေးတွေအားထိရင်း
အရွယ်ရောက်ပြီးသားလူငယ်တွေမို့
နားလည်နိုင်သောမေးခွန်းကိုမေးတဲ့အခါ
ကောင်မလေးက သူ့ရဲ့အင်္ကျီစတွေအား
ဆွဲယူလိုက်သည်။
"အချိန်တွေဆွဲလိုက်တာ...."
သဘောကျစွာပြုံးသွားခဲ့ပြီးနောက်
အနောက်တိုင်းသူလေးရဲ့ပါးနှစ်ဖက်အား
လက်ဖဝါးတွေဖြင့်အသာအယာထိကိုင်လိုက်သည်။
မျက်လုံးလှလှလေးတွေကိုကြည့်သည်။
နမ်းရတော့မယ့်နှုတ်ခမ်းရဲရဲလေးကိုကြည့်သည်။
နွေးထွေးနေသောပါးနှစ်ဖက်ကိုကိုင်ထားရင်း
ငြိမ်သက်နေသော ခန္ဓာကိုယ်ထဲက
နှလုံးသားဆိုတဲ့အရာကို လှုပ်နှိုးမိသည်။
ကျေးဇူးပြုပြီး.လှုပ်ရှားပေးပါ.....။
ထိန်းမရသိမ်းမရအောင်လှုပ်ရှားလာပြီး
သူမကိုပိုင်ဆိုင်လိုက်ချင်တဲ့ ပူလောင်ခြင်းမျိုး
ငါ့ကိုပေးသနားပါ......။
သောက်......။အော်ဆဲလိုက်ချင်သော
စိတ်ကိုထိန်းလိုက်ရကာ ကျပ်လာသော
အသက်ရှုခြင်းကို ဘယ်လိုဖြေရှင်းရမလဲ....။
သောက်တလွဲတွေနဲ့ဘဝက လွှတ်ပျော်စရာ
ကောင်း၏။
နေတတ်ရင် သေလိုက်ချင်စရာကြီးပဲ...။
"ဘာတွေဖြစ်နေတာလဲ....Adrian
ငါက နင်နမ်းဖို့အတွက် ဆွဲဆောင်မှုမရှိနေဘူးလား..."
လောကမှာရီစရာတွေရှိတာတိုင်း
ဘယ်ကစလို့ ဘယ်လိုရီပစ်ရမလဲမသိ။
ဆွဲဆောင်မှု....တဲ့လား....။
ကိုယ့်ကိုနမ်းချင်လာဖို့အတွက်
ဆွဲဆောင်မှုဆိုတာလိုအပ်နေသေးတာလား....။
သူ့ရဲ့ပျိုပျစ်နုနယ်ခြင်းတွေထက်
သူ့ရဲ့အတိုင်းအဆမဲ့သောလှပခြင်းထက်
ထပ်ပေါင်းထည့်ရမှာက
ဆွဲဆောင်မှုတွေကျန်နေသေးတာလား။
ဟာသ...သောက်လုပ်တွေရှုပ်လိုက်တာ။
"နမ်းမှာ.....ငါနင့်ကိုတကယ်နမ်းချင်နေတာပါ...."
ကြိုးထုံးတွေစုပြုံပြီးရှင်းလေရှင်းလေ
ရှုပ်လေသောလောကကြီးအကြောင်း
မတွေးတော့....။နမ်းလိုက်တာကောင်းသည်။
ဘယ်သူ့မှဂရုမစိုက်နေ....။
ကောင်မလေး၏နှုတ်ခမ်းနားကျွမ်းကျွမ်း
ကျင်ကျင်ပဲ တိုးကပ်ကာ ခိုနားလိုက်တော့မည့်
mmစိတ်လေးအနည်းငယ်မျှအလိုတွင်အင်္ကျီစမှ
ကြမ်းတမ်းစွာဆောင့်ဆွဲခံလိုက်ရတော့သည်။
အ!!!
ကောင်မလေး၏နှုတ်ခမ်းတွေဖြင့်
ကွာဟသွားခဲ့ကာဆွဲကာတွန်းလွှတ်ပစ်ခဲ့သော
အားကြီးလွန်းသည့်လက်တစ်စုံကြောင့်
မြေပြင်ပေါ်ပုံရက်သားလဲကျသွားသည်။
"Adrian!!!"
ဆွဲဆောင့်လွှတ်ပစ်ခဲ့သောလက်ပိုင်ရှင်
သည် အနက်ရောင်တောက်ပနေသော
ဒေါ်လာထောင်ချီတန်သည့်ဖိိနပ်ဖြင့်
ကြိုးပင်မချည်ထားသောခပ်ညစ်ညစ်
ဖိနပ်နားလေးဆီတဖြည်းဖြည်းတိုးကပ်လာသည်။
အနားက်ိုရောက်လာသည််နှင့်ဖြူဖွေးနေသော
ရင်ဘက်တွေကိုဖော်ကြူးထားသည့်
အင်္ကျီစ နှစ်ခုကို လက်တစ်ဖက်ဖြင့်
ဆောင့်ဆွဲယူကာ မျက်နှာနှစ်ခုကိုနီးကပ်ပစ်
လိုက်တဲ့သူ။
"ငါ့ကိုသွေးတိုးစမ်းလိုက်ပြန်ပီပေါ့...ParkJimin.."
အံ့ဩခြင်းမရှိ..ကြောက်လန့်ခြင်းတွေမရှိ
ထုံပေပေကြည့်နေသောမျက်နှာသည်
အသွေးအသားထဲကဒေါသတွေကို
လှိမ့်ထွက်လာစေပါ၏။
"မင်းနဲ့ငါတွေ့ပြီ....."
လက်ချောင်းတွေအထိ ကျနစွာထိုးထားသော
တက်တူးအပြည့်နှင့်လက်တွေနှင့်
အကျီစကနေကြမ်းတမ်းစွာဆောင့်ဆွဲခေါ်ယူခြင်း
ခံလိုက်ရကာငါးစီးလောက်တန်းစီရပ်ထားသော
ကားအနက်တွေထဲက သုံးစီးမြောက်တံခါးပွင့်
လာတော့ကားထဲသို့တွန်းလွှတ်ခြင်းကိုခံခဲ့ရသည်။
အရုပ်လေးတစ်ရုပ်လိုလုံးထွေးပြုတ်ကျသွားပြီး
နောက်ကားအကောင်းစားကြီးသည်ငြိမ့်ငြောင်း
စွာမောင်းထွက်သွားခဲ့သည်။
..................
အခန်းတံခါးပိတ်သံအကျယ်ကြီးကြား
လိုက်ရပြီးနောက် ပုခုံးပေါ်ပါလာရသော
ခန္ဓာကိုယ်သည်အိပ်ရာပေါ်အရှိန်ဖြင့်ပစ်ချ
ခြင်းကိုခံလိုက်ရသည်။
"ဘာသောက်ချိုးချိုးတာလဲဆိုတာငါ့ကိုပြော..."
မြင်နေရတာက ခွေခွေခေါက်ခေါက်အိပ်ရာ
ပေါ်ပြုတ်ကျသွားခြင်းကိုပြန်ထထိုင်ကာ
ဘောင်းဘီအိတ်ထဲကစီးကရက်ဘူးကို
ထုတ်နေတဲ့သူ....။ထို့နောက်မီးငြိလိုက်ကာ
တစ်ချက်ဖွာလိုက်ရင်း...
"ရည်းစားထားတာလေ....."
အရွယ်ကလေးရောက်ခါစ...
မဟုတ်သေးပါဘူးအရွယ်ရောက်နေပြီ
လားလို့တောင်မသေချာနေသော
ဖြစ်တည်မှုတစ်ခုက စီးကရက်မီးညှိကာ
အိပ်ရာပေါ်ကအေးစက်စက်လှမ်းဖြေလာသောစကား။
မိန်းကလေးတစ်ယောက်ကိုနမ်းဖိုုကြိုးပမ်းနေတဲ့
ဟန်ပန်....။
"ဘာပြောတယ်...!!!!"
လုံးဝဒေါသထွက်စရာမို့စိတ်မထိိန်းနိုင်စွာ
ပြေးသွားပြီးသောက်နေသောစီးကရက်ကို
ဆွဲယူလွှတ်ပစ်ကာ လူကိုအိပ်ရာပေါ်တွန်းချပြီး
လည်တိုင်တွေကိုဖိထားလိုက်သည်။
"မိန်းကလေးတစ်ယောက်ကို
အဲ့ဒီလိုနေရာမှာ မင်းက သရုပ်ပျက်တဲ့
အပြုအမူတွေလုပ်ပြီး ပျက်ဆီးချင်တိုင်း
ပျက်ဆီးနေတာကို ပြီးပြီးရော...
ရည်းစားထားနေတာလို့ ငါ့ကိုခေါင်းစဉ်
မတပ်နဲ့ ParkJimin.."
ခပ်ရဲရဲမျက်နှာလေးသည်
ချွေးစတချို့သီးနေကာခေါင်းအုံးထဲနစ်ဝင်နေပြီး
မတုန်မလှုပ်အနိုင်ကျင့်နေသူအားစိုက်ကြည့်နေပုံက
ထပ်ထပ်ပြီး မျက်နှာလေးမဲ့သွားအောင်
ရိုက်ပစ်လိုက်ချင်စရာ။
"မင်းပွေလီနေတာတွေ ဒီတစ်ယောက်မက
နေတာလည်းငါသိပြီးပြီ...
တစ်စုံတစ်ခုများမှားယွင်းသွားရင်
မင်းအဲ့ဒီမိန်းကလေးတွေရဲ့ဘဝကိုတာဝန်ယူရမှာ
အရာရာကိုလွယ်လွယ်လေးမှတ်မနေနဲ့..."
"အကောင်းဆုံးတက္ကသိုလ်မှာ
အကောင်းဆုံးပညာတွေကိုငါ့ဘက်က
သင်ပေးနေခဲ့လည်း မင်းစာသင်ခန်းထဲကို
ရောက်မလာတဲ့အကြောင်းတွေလည်းကြားပြီးပြီ...."
"မင်းအဖေ ပြန်လွတ်လာတဲ့အခါကျရင်
ယုံကြည်ပြီး အားကိုးပြီး
ငါ့လက်ထဲကိုထည့်ခဲ့တဲ့ မင်းက
သုံးစားမရအောင်ပျက်ဆီးနေတာကို
ငါ့သူငယ်ချင်းကို ငါဘယ်မျက်နှာနဲ့ပြောရမလဲ..."
အသက်ရှူလို့မရဘူး....လည်ပင်းကိုဖိထားတဲ့
Advertisement
လက်တွေကြောင့်မဟုတ်ဘူး....ပြောနေတဲ့စကားတွေ
ကြောင့်...။
"ပျက်ဆီးနေရတာကိုကျွန်တော်ကြိုက်တယ် James"
စကားဆုံးသည်နှင့်အိပ်ရာပေါ်မှတရွတ်တိုက်
ဆွဲသွားကာအခန်းပြင်ဆွဲခေါ်လာခဲ့တဲ့သူနောက်
ရုန်းကန်မှုမရှိလိုက်ပါလာလိုက်သည်။
ခြံဝန်းကြီးကဥယျာဉ်တမျှကျယ်ပြောလှသည်။
အရှိန်ပြင်းစွာ ပူလောင်နေသော
နေရောင်အောက် မြက်ခင်းပေါ်တွန်းလွှတ်လိုက်
တဲ့သူ၏ မျက်လုံးတွေသည်စူးရှနေလျှက်။
"ပျက်ဆီးချင်နေတယ်မလား
နေဝင်သွားတဲ့အထိ ငါ့အိမ်ထဲကို
ခြေတစ်လှမ်းယောင်လို့တောင်ဝင်မလာနဲ့
လောင်မြိုက်ပြာကျသွားတဲ့အထိနေနေလိုက်..."
နေတည့်တည့်ထိုးရာကောင်းကင်ကြီးဆီ
မျက်နှာမူကာလှဲအိပ်ပစ်လိုက်တဲ့သူ။
မျက်လုံးတည့်တည့်က်ိုထိုးနေသော
နေရောင်ပြင်းပြင်းတွေအားရှုခင်းတစ်ခုလို
သူကခံစားနေသည်။
"ငါက ရွဲ့လို့ ရတဲ့ ကောင်ထဲ မပါဘူးဆိုတာ
မင်းသိပါတယ်နော် ParkJimin..."
"ယောကျ်ားတစ်ယောက်က ရွဲ့တတ်ပါ့မလား..
နေရောင်ခြည်ကခံစားလို့ကောင်းတာပဲကို..."
ပက်လက်လှန်ကာ ကောင်းကင်ကြီးအား
ငေးစိုက်နေသော နားလည်ရခက်ခြင်း
မဟုတ်ဘူး တနေ့တခြားနားလည်၍
မရတော့သော အဖြေမဲ့ပုစ္ဆာလေးကို
တစ်ခုခုထပ်အပြစ်ပေးရန်ခြေလှမ်းလှမ်းတော့
မည့်ဆဲဆဲတွင်
"JEon...ဖုန်းလာနေပါတယ်...."
ဖုန်းနံပါတ်ကိုကြည့်လိုက်တဲ့အခါ
စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်၏ဖုန်း။
လိုအပ်လာပြီထင်၍ ဆက်သွယ်ထားလိုက်တာ။
ဘယ်သူ့အတွက်လည်းမေးလာရင်တော့
နေပူပူမြက်ခင်းပေါ်လှဲအိပ်ကာသီချင်းတချို့ပင်
ငြီးနေပြီဖြစ်သော ကောင်လေးဆီလှမ်း
ကြည့်ရလိမ့်မည်.....။
ParkJimin.....။သူ့နာမည်ParkJimin...။
ဒီဘက်နိုင်ငံရဲ့နာမည်ကAdrian ။
အဖေကကိုရီးယားအစစ် အမေကအနောက်တိုင်းသူ။
ဒီကောင်လေးကအရောအစပ်လေး...။
မျက်နှာကျက ကိုရီးယားနဲ့တူသော်ငြား
မျက်လုံးအိမ်တွေက အပြာရောင်လေးတွေ...။
အဝါရောင်တောက်တောက်ဆံပင်လေးတွေရှိတယ်
ကော်ပတ်ရုပ်ကလေးအသက်သွင်းထားသလို
ထူးထူးခြားခြားသောဖြစ်တည်မှုလေး...။
ကျွန်တော့်လက်ထဲသူ့အဖေကျွန်တော့်အချစ်ဆုံး
သူငယ်ချင်းထည့်သွားတာငါးနှစ်သားလေး။
ကျွန်တော်ပြုစုပျိုးထောင်ခဲ့တာ၅နှစ်သား
ကလေးပိစိလေးAdrian ကနေ၁၈နှစ်သား
Adrian ဖြစ်လာခဲ့ပြီ။အဖေနေရာ...အစ်ကိုနေရာ
ဦးလေးနေရာ..ကြိုက်တဲ့နေရာယူလို့ရတဲ့
အငှါးအုပ်ထိန်းသူလို့ဆိုလို့ရတာပေါ့။
Newyork မှာAdrian နဲ့၂ယောက်ထဲအတူတူ
နေခဲ့တာ ၁၃နှစ်ရှိနေပြီ....။
ကျွန်တော်က သူ့ရဲ့နှစ်ဆသောအသက်မှာ
၃၆နှစ်အရွယ်လူလတ်ပိုင်းတစ်ယောက်။
သူက ကျွန်တော့်ကို ကိုရီးယားနာမည်သိပ်ခေါ်လိမ့်
မရှိဘူး..။James ဆိုတာ သူရဲ့တစ်ဦးဆိုင်နာမ်။
Adrian တစ်ယောက်ထဲသာလျှင်ခေါ်တဲ့နာမည်ပေါ့။
ကလေးဘဝလေးကနေကျန်ခဲ့သော
နှစ်ပိုင်းတွေအထိ
ပြောဆိုရလွယ်ကူလိမ္မာခဲ့သော
သူဟာ အရွယ်ရောက်လာသည်နှင့်
ဆန်းကြယ်လာသည်။အကောင်းဆုံးဖြစ်
အောင်ထုဆစ်ပေးနေရင်းကနေ
တစစီပျက်ဆီးယိုယွင်းလာခဲ့သော
ရုပ်ထုလေးလိုပဲ.....။
"ဟုတ်ကဲ့ Doctor ကျွန်တော်JeonJungKookပါ..."
ဘယ်ဖုန်းတွေလာလာ သူ့ကိုမကြားစေ
ချင်ခဲ့သော ကျောပြင်အကျယ်ကြီးဟာ
တလှမ်းချင်းသူ့အနားကထွက်သွားခဲ့သည်။
ပြောင်လက်နေသောအနက်ရောင်ဖိနပ်၏
လှမ်းသွားရာကိုမြက်ခင်းပေါ်လှဲနေလျှက်ပင်
လှမ်းကြည့်နေသည်။
ရေကန်ပြာပြာနားမတ်တပ်ရပ်ကာဖုန်းပြောနေသည်။
အနက်ရောင်Shirtသည်ယောကျ်ားတစ်ယောက်
၏ပြီးပြည့်စုံသောခန္ဓာကိုယ်ဟုစံနမူနာပြထိုက်
သောအချိုးအစားကျမှုတွင်ထည်ဝါစွာတည်ရှိ
နေသည်။ အင်္ကျီလက်တွေကိုလက်မောင်းက
အလွန်လှသောတက်တူးတွေပေါ်လွင်စေရန်
ခေါက်ယူထားသည်။
နက်မှောင်သောဆံပင်တွေကိုနောက်သို့
အားလုံးလှန်တင်ထားကာရှင်းလင်းနေသော
မျက်နှာ၏ခန့်ညားမှုဟာနေရောင်အောက်
ထည်ထည်ဝါဝါရယ်....။
မော့ကြည့်ရသောအရပ်အမောင်းနှင့်
လိုက်ဖက်အောင် ဘောင်းဘီအနက်ရောင်
ကိုခါးသိမ်သိမ်နှင့်စမတ်တကျဆင်းမြန်းထားခြင်း
သည် နေ့ခင်း၁၂နာရီနေထက်ပူ၏။
Adrian ဟာမြက်ခင်းပေါ်ပက်လက်လှန်နေရာမှ
ခန္ဓာကိုယ်ကိုမှောက်ပစ်လိုက်ပြီး
မေးထောက်ကာ သီချင်းတချိူ့ငြီးလျှက်
လှမ်းကြည့်နေကာပြုံးယဲ့ယဲ့လေး...။
ဖုန်းပြောပြီးတဲ့အခါJEon
သူ့ဆီပြန်လျှောက်လာတော့
အကြည့်တွေကိုလွှဲပစ်လိုက်သည်။
"လုံးဝအထဲကို ဝင်မလာနဲ့နော်....
အပြစ်ကိုနားလည်လာပြီဆိုတာသေချာမှ
ငါ့မျက်စိရှေ့ကိုပေါ်လာ...."
မြက်ခင်းပေါ်က ဘယ်သူလွှင့်ပစ်ထား
မှန်းမသိတဲ့ စီးကရက်တိုကို
ကောက်ယူနေကာ လှမ်းအော်ခြင်းကို
ဂရုမစိုက်နေ။
ခပ်မြန်မြန်လျှောက်လာရပြန်ကာ
ပါးစပ်ထဲထည့်တော့မည့်စီးကရက်တိုကို
လုယူလိုက်ရပြန်သည်။
"သတ်ရင်လည်းသေတာပဲရှိမှာ
ငါမင်းကို တစ်စက်ကလေးမှစိတ်မရှည်တော့
ဘူးဆိုတာ မင်းသိထားတော့ ParkJimin..
မင်းအဖေထွက်လာတာနဲ့ မြန်မြန်ပြန်တော့..."
မျက်တောင်မှန်မှန်ခတ်ကာငေးကြည့်နေပြန်သည်။
အရွယ်ရောက်လာလေ...နီမြန်းမှဲ့ဝင်းလာသော
ပန်းသီးလှလှလေးတစ်လုံးလိုပဲ.....။
အရည်လဲ့နေသောမျက်လုံးလေးတွေသည်Jeonကို
တစ်ခဏလေး ငေးခနဲကြည့်ပြီးနောက်
ကောင်းကင်ကြီးဆီကိုပြန်ရောက်သွားသည်။
နှင်လွှတ်သူသည်ပြောလို့ပြီးသည်နှင့်
မြက်ခင်းနုနုကိုကြမ်းတမ်းစွာနင်းချေသွားပြီး
အိမ်ထဲသို့ဝင်သွားခဲ့သည်။
Adrian ဟာ TroyeSivan ရဲ့ Foolsသီချင်းလေး
ငြီးဆိုလျှက်.....။
.........................
တစက်စက်ကျနေသောနှာခေါင်းသွေးတွေ
ကိုခါးကဝတ်ထားသောShirtကို ချွတ်လိုက်ပြီး
ဖိထားလိုက်သည်။
အဝါရောင်တောက်နေသောဆံပင်တွေကို
ရှုပ်ပွနေအောင်ဖွပစ်လိုက်ကာသွေးစက်တွေ
အိပ်ရာဖြူဖြူပေါ်ကျနေ၍ စိတ်ရှုပ်ပါသည်။
"Adrian ညစာစားမယ်...."
တနေကုန်နေပူထဲ မျောနေပြီးနေဝင်မှ
အခန်းထဲပြန်ဝင်ကာ အိပ်ဖို့ကြံရွယ်ချိန်တွင်
အခန်းတံခါးပေါက်ဝ လက်ပိုက်ကာ
လောကွတ်လာလုပ်နေပြန်တဲ့သူ။
စိတ်ပြေလည်သွားရင် ကိုရီးယားနာမည်တွေသည်
ဒီနယ်မြေမှာ သိပ်ခေါ်ဝေါ်လေ့မရှိတတ်ကြပါ။
JEonက Adrian လို့ခေါ်ဆိုရတာကိုပို၍သဘောကျခဲ့သည်။
ဘာမှပြန်မပြောဂျင်းဘောင်းဘီကိုဆွဲချွတ်လိုက်သည်။
တိုနှံ့နှံ့ဘောင်းဘီတိုလေးနှင့်သွယ်လျှလျှ
ပေါင်တံတွေ ဖြူနုနေသောခြေသလုံးလှလှလေး
တွေဟာ ထင်ခနဲလင်းခနဲ...။
အနေအထိုင်မတတ်တာမျိုးမဟုတ်...။
သူ့ပုံစံကိုကဒီလိုမျိုးစေ့လေး....။
ကလေးတုန်းထဲက ဒီလိုမြင်ကွင်းမျိုးဟာ
ရိုးအီနေပေမယ့်...ဒီကလေးလေးအရွယ်ရောက်နေပြီဆိုတာလောကွတ်လုပ်သူ လူကြီးငြင်း၍မရအောင်
မျက်လုံးတွေကိုခပ်မြန်မြန်လွှဲလိုက်ရသည်။
"ဗိုက်မဆာဘူး....အိပ်မလို့...."
"အိပ်ချ်ိန်မဟုတ်ဘူး...."
"ကျွန်တော်အိပ်ချင်တဲ့ အချိန်က အိပ်ချိန်ပဲ..."
ဂျင်းဘောင်းဘီသည်အခန်းကြမ်းပြင်ပေါ်
ပြန့်ကျဲသွားကာ နှာခေါင်းကအဝတ်ကိုဖယ်
လိုက်တော့သွေးစတွေဟာစီးနေတုန်း...။
အဝါရောင်တောက်တောက်ဆံနွယ်ပျော့ပျော့လေး
တွေ....သွေးစတချို့ ပေကျံနေသောမျက်နှာနုနု
လေး ခန္ဓာကိုယ်တစ်ခုလုံးမှာလုံခြုံရာကဘောင်းဘီ
လေးမှလွဲ၍ကျန်တာဘာမှမရှိ။
အိပ်ရာဖြူဖြူလေးထဲကနေ ခပ်အေးအေးလှမ်းဆိုသည်။
"နှာခေါင်းသွေးလျှံနေတာ ဆရာဝန်ခေါ်လိုက်မယ်
မအိပ်သေးနဲ့အုန်း...."
စကားသည်ပေါက်ရောက်ပါ၏။ဘုန်းခနဲလှဲချ
သွားတဲ့သူ။Jeonဟာသိပ်စိတ်မရှည်တတ်တဲ့သူမို့
ချော့မော့ခြင်းလည်းမတတ်ပါ။
တံခါးဝမှ တဖြည်းဖြည်းချင်း
အိပ်ရာဆီလျှောက်လာပြီးစောင်ကိုယူကာ
လွှမ်းခြုံပေးလိုက်သည်။
"ဆိုးလွန်းတယ်......"
မှတ်ချက်သည်...တစ်ခုထဲပဲ....။
ပြင်းရှတဲ့ရေမွှေးနံ့ရတိုင်းမူးမေ့မတတ်
စိတ်အာရုံတွေကိုပိုင်ဆိုင်နေရတဲ့
သူ့အတွက်မှတ်ချက်ဟာ လူဆိုးလူမိုက်
မိုက်ရိုင်းတဲ့ကောင်.....။
တစ်ခါတလေ ဟာသဆန်စွာ စိတ်ကျန်းမာရေး
တွေလည်းစစ်ဆေးခိုင်းနေတယ်..။
ရူးနေတယ်လို့သူ့ကိုသတ်မှတ်နေခြင်း......။
ရူးမရူး ကိုယ်တိုင်ထက်ဘယ်သူကများပိုသိနိုင်မလဲ။
သေချာခြင်းမှာ သူမရူးပါဘူး...။
ပူပြင်းလှတဲ့ နွေဦးရာသီမှာ ခြုံပေးသွားသော
စောင်ကို တကိုယ်လုံးလုံအောင်
လေဝင်ပေါက်မရှိအောင်တင်းတင်းကျပ်ကျပ်
ခြုံလိုက်သည်။
အေးတယ်...အရမ်းကိုအေးပြီး
လေဟာနယ်ထဲလွင့်နေရသလိုပဲ....
ချွေးစက်တွေနဲ့ နစ်ဝင်လာတဲ့အထိ...
ခံစားမှုတွေဟာကောင်းနေတုန်းပဲ.........။
စောင်ဖြူဖြူလေးအောက်ကခန္ဓာကိုယ်ငယ်
သည်ကောက်ကြောင်းလေးလှလွန်းစွာ
ကွေးညွှတ်သွားတော့သည်။
.......................။
စာအုပ်တစ်အုပ်လို ခံစားပြီးမဖတ်ဘဲ
ရုပ်ရှင်ကားတစ်ခုလို ခံစားကြည့်ရင်ပိုအဆင်
ပြေနိုင်လိမ့်မယ်...
အရှည်ကြီးတွေရေးမပြဘဲ Movie တစ်ခုလို လိုအပ်တဲ့
ဇာတ်ကွက်တွေကိုပဲတစ်ကွက်ချင်းပြထားလို့ပါ။
တိုက်ရိုက်ရေးထားတဲ့အသုံးအနှုန်းတွေမပါဘဲ
ဘာကိုပြောပြချင်နေလဲ ဘာကိုသိစေချင်လဲဆိုတာကို
အရင်တုန်းကရေးဟန်တွေနဲ့မတူဘဲ
ပြောင်းလဲထားလို့ ပျင်းစရာကောင်းနိုင်လိမ့်မယ်...။
အကုန်ပြီးမှ တဖြေးဖြေးပြန်တွေးပြီး
သဘောပေါက်လာရတဲ့ Feeling လေးကို
ကိုယ်သဘောအကျဆုံးမို့ ဒါလေးကိုဖန်တီးခဲ့တာ
ကောင်းတယ်ဖတ်ပါလို့တော့ အကြံမပေးရဲပါဘူး
ကိုယ့်အတွက်ကတော့ ဒါကကိုယ်သွားနေတဲ့
Ongoing အတွက် Moodပြန်ခေါ်ထားရတဲ့
Story လေးမို့ ကိုယ်လုပ်ချင်တာတွေပဲလုပ်ထားတယ်။
ခပ်တွေးတွေးသမားတွေတော့အဆင်ပြေလောက်မှာပါ။
James +Adrian ❤️
..........San🪴
Adrian....။
NewYork..............။
"ငါ့မှာအဖေရှိသေးတယ်
အဖေက ငါငါးနှစ်သားထဲက
နှစ်ရှည်ထောင်ကျနေတာ
ပြန်လွတ်လာတော့မှာ..."
တစ်ခုရှိကျောင်းသားဖြစ်ဟန်ရှိသည်။
ဘယ်သူနဲ့နေနေတာလဲ...."
ပါးပါးလေးပြုံးလာသည်။
"လူတစ်ယောက်နဲ့....."
အရေးမကြီးတာတွေကိုမေးမနေပါနဲ့တော့လား..."
ကောင်မလေး၏
"နမ်းလို့ရပြီမလား....."
"ရတာပေါ့....."
ယောက်ျားလေးချင်းစုံတွဲတွေ..လည်း
ပေါ်တင်ပဲချိန်းတွေ့စကားပြောနေသည့်
တော့လူမျိုးကွဲပေါ့။
ဒီလမ်းကြားမှာ အရက် မိန်းမ ယောက်ျား
"နမ်းပြီးရင်ရော....."
ဆွဲယူလိုက်သည်။
"အချိန်တွေဆွဲလိုက်တာ...."
ငါ့ကိုပေးသနားပါ......။
သောက်......။အော်ဆဲလိုက်ချင်သော
ကောင်း၏။
ဆွဲဆောင်မှု....တဲ့လား....။
ထပ်ပေါင်းထည့်ရမှာက
ဘယ်သူ့မှဂရုမစိုက်နေ....။
အ!!!
"Adrian!!!"
ဒေါ်လာထောင်ချီတန်သည့်ဖိနပ်ဖြင့်
အနားကိုရောက်လာသည်နှင့်ဖြူဖွေးနေသော
လိုက်တဲ့သူ။
လှိမ့်ထွက်လာစေပါ၏။
"မင်းနဲ့ငါတွေ့ပြီ....."
..................
ခြင်းကိုခံလိုက်ရသည်။
တစ်ချက်ဖွာလိုက်ရင်း...
"ရည်းစားထားတာလေ....."
အရွယ်ကလေးရောက်ခါစ...
မိန်းကလေးတစ်ယောက်ကိုနမ်းဖိုကြိုးပမ်းနေတဲ့
ဟန်ပန်....။
"ဘာပြောတယ်...!!!!"
လုံးဝဒေါသထွက်စရာမို့စိတ်မထိန်းနိုင်စွာ
Advertisement
- In Serial7 Chapters
New Gam3+
Level up. Get stronger. Kill hostile aliens with the help of a friendly AI. Alan’s done it all before. Yet Earth is facing an impending invasion, and it might be his fault the government has already surrendered. Given another chance to find his path in the Game, Alan needs to do better. If he doesn’t he faces a lifetime of servitude—or worse. New Gam3+ is a sequel, but reading The Gam3 is not required. Updates weekly on Saturday.
8 196 - In Serial7 Chapters
The Second Try at the Cataclysm (Apocolyptic Gamelit)
The last of the world burns around Kal, the last surviving member of humankind. The cataclysm started over twenty years ago, and today humanity lost. Being the last one to die, Kal was given a gift by the gods to go back to the start of it all and change the course of humanity.
8 82 - In Serial18 Chapters
Heir
Fourteen years ago, the world changed forever. The eternal rivalry between demons, archangels and humans ended, and the surviving races were unified in one land. Years passed, and a new society emerged along with an era without gods or religions. However, Noir, an orphan boy from the kingdom of Trinity, has not been so fortunate. Since his birth, and even before, the consequences of millennia of war have condemned him to a miserable life. The heritage of a weakened race and the legacy of a superior being have forced him to become a hero he didn't want to be.
8 248 - In Serial9 Chapters
I'll try this cultivation thing
Life is the biggest mystery of all. Magic is fascinating when depicted in a book but it becomes a normal thing when it's used for daily chores. A young soul like many other in the vast ocean of souls was reborn in a new world where new life and adventure waits for him. Cultivation, magic, laws, gods, heaven, hell. How will this young soul deal with the things that cross the boundary of one's imagination? A prologue or few chapters may look same but the plot might thicken and plotholes might shorten. Let's find out after few feedbacks.
8 162 - In Serial34 Chapters
The Oldest Game Among the Stars - SSB fanwork
Summary: A crew of misfits and exiles venture forth into unknown space, for the glory of the Shil'vati Imperium, forming a bond of sisterhood between themselves. If only they knew what awaited them in the darkest depths of the void. Finished!
8 145 - In Serial38 Chapters
Pureblood [ᴇᴅᴡᴀʀᴅ ᴄᴜʟʟᴇɴ]
Dumbledore is dead, the golden trio are planning on hunting horcruxes, and Aquila Callisto Black is sent to her muggle uncle, Charlie Swan, to hide and be as far away from her deranged relatives as possible. Her safety is paramount yet it is jeopardized by the presence of a bronze haired vampire and a very nosy and jealous cousin.
8 251