《Adrian》2
Advertisement
March......။သာယာတဲ့နွေဦးမနက်တစ်ခု.....။
"Mr Jeon ကတော့ အမြဲဂုဏ်ယူအားကျ
စရာကိစ္စတွေကို လုပ်တတ်လွန်းတာပဲ
Congratulations ပါ....."
ခြံဝန်းအလည်တွင်စျေးကြီးသောအရက်များ
ဝိုင်များဖြင့် NewYorkရဲ့အချမ်းသာဆုံး
သောသူဌေးတွေနဲ့အတူ Jeonဟာ
ရီမောနေတယ်....။
ထက်ထက်မြက်မြက်ဦးနှောက်တစ်ခုနဲ့
ကြီးမားသောလုပ်ငန်းပေါင်းများစွာ
ကိုဦးဆောင်နိုင်သူဟာ စျေးကြီးသော
ဝိုင်တစ်ခွက်ကိုကိုင်လျှက်ချီးကျူးစကားတွေ
အပေါ်အထူးကျေနပ်နေပါ၏။
ထိုအချိန်အိမ်ထဲမှပြေးထွက်လာသောပုံရိပ်
တစ်ခုသည် တောင်တောင်ရီရီမျက်လုံး
လေးများဖြင့်တစ်ခုခုရှာဖွေနေဟန်...။
ခြံအလည်တွင်ရီမောနေသောJeonကို
မြင်တဲ့အခါ ပြေးလာတော့သည်။
ပန်းရောင်နုနုOverSizeTShirtနှင့်
ပေါင်ရင်းအထိတိုကပ်နေသောဘောင်းဘီတို
ကိုတွဲဝတ်ထားလျှက်ခြေထောက်တွေမှာ
ဖိနပ်မရှိနေပါ။
အလျှင်အမြန်ပြေးလာပြီးJeonရှေ့ရောက်တဲ့အခါ
ရပ်တန့်သွားခဲ့သည်။Jeonကဘာဖြစ်လာတာလဲဆို
သောအဓိပ္ပာယ်တွေနဲ့အသံတိတ်မေးလိုက်တဲ့အခါ
"မနက်စာ မကြိုက်ဘူး..."
"စကားပြောနေတယ်လေ...
မကြိုက်ရင် ကြိုက်တဲ့အရာကို
လုပ််ခိုင်းလိုက်....."
"သူကမလုပ်ပေးဘူးတဲ့....."
"Adrian..!"
ဒီအိမ်မှာ ဘယ်သူကမှ သူခိုင်းသမျှ
မလုပ်ပေးရဲသောသူမရှိတာအမှန်တရားမို့
ဒါဟာပေါ်တင်လာလိမ်နေခြင်း။
"သွား......."
အနှင်ခံရခြင်းတွေကိုစာစီမယ်ဆို
ပျင်းစရာတကယ်ကောင်းပါလိမ့်မည်။
တဘဝလုံးအနှင်ခံနေရတာကြီးပဲကို...။
"မွေးနေ့မို့ မနက်စာအတူစားချင်တယ်...."
"ကဲ ကဲ....Mr Jeon ကျွန်တော်တို့ပြန်ချိန်တန်
ပြီထင်ပါရဲ့ ကလေးကိုအချိိန်ပေးလိုက်ပါအုန်း
မွေးနေ့ဆိုတာ အမှတ်တရပဲလေ...."
အလိုက်သိသောလူကြီးတွေသည်Jeonကို
လေးလေးစားစားနှုတ်ဆက်ကာ
ထပြန်သွားကြသည်။
အကျီစလေးလုံးချေကာ မတ်တပ်စုံရပ်နေသော
ခြေဗလာကောင်လေးနှင့်Jeonသာကျန်တော့၏။
"လာစမ်း!!!!"
လုံးချေနေပုံကိုကြည့်ရင်းတနုံ့နုံ့ဖြစ်လာပြီး
ဆွဲဆောင့်ခေါ်လိုက်တော့ပေါင်ပေါ်
ပြိုဆင်းလာသောခန္ဓာကိုယ်လေး...။
ပေါင်ပေါ်ထိုင်ချပြီးသည်နှင့်Jeon အင်္ကျီစတွေကို
ဆွဲထားပြီးသား...။
"ဘာမွေးနေ့လဲ....ဘယ်သူ့မွေးနေ့လဲ
ငါ့ကိုပြော....ဘာလို့ဖျက်လိုဖျက်စီး
လာလုပ်နေရတာလဲ....ဟမ်!!!!...."
"မနက်စာ အတူတူစားနေကြပဲလေ...
Jamesမရှိဘဲ ကျွန်တော်မစားတတ်ဘူး..."
"ရူးနေလို့လား....."
ဘေးတစောင်းထိုင်နေရာမှ မေးဖျားကို
မော့ကြည့်ကာ Jeonပေါင်အပေါ်
ခွထိုင်လိုက်တဲ့သူ။ Shirt အင်္ကျီဟနေရာ
တနေရာကို ခေါင်းတိုးကာ ငြိမ်ငြိမ်လေးနေနေသည်။
"မင်း ကလေးလေးမဟုတ်တော့ဘူးAdrian
ဒီလိုအနေအထိုင်တွေဟာ အရင်လို
အဆင်မပြေတော့ဘူး ဆင်း...."
ငါးနှစ်သားလေးကစ ဒီလိုမျိုးလေး
ပိုင်နိုင်စွာခွထိုင်ကာ လက်သေးသေးလေးတွေနဲ့
သိမ်းဖက်တိုင်းJeonသဘောကျခဲ့တာပေါ့။
မျက်နှာနုနုလေးကိုအနှံ့အပြားနမ်းတော့
ကလေးလေးကသဘောကျစွာရီမောခဲ့ဖူးသည်။
ဒါပေမယ့်တွေတိုက်စားလာတဲ့အခါ
လက်ရှိက ကလေးလေးမှမဟုတ်တော့တာ။
ဘယ်နေရာထိထိ ပန်းရောင်သန်းသွားစေသော
ယောကျ်ားတစ်ယောက်၏ဖြစ်တည်မှုအတူတူ
မှာ မထိရက်မကိုင်ရက်အောင် တမျိုးတဖုံ
နုနယ်လွန်းတဲ့ လှလှလေးဖြစ်နေပြီ။
အချစ်ဆုံးသူငယ်ချင်းရဲ့တစ်ဦးထဲသောသားလေး။
သူ့လက်ထဲစိတ်ချစွာအပ်နှံထားခဲ့သော
ကလေး...။ကိုယ်တိုင်ပြုစုပျိုးထောင်ထားခဲ့သော
ပန်းကလေးတစ်ပွင့်...။
ခုနှစ်ပိုင်းတွေမှာ Adrian နဲ့သူရဲ့ဆက်ဆံရေးသည်
အဆင်မပြေလာတော့သလို....
တချို့ ချိတ်ဆက်မှုတွေမှာလည်းပြဿနာ
အနည်းငယ်ရှိလာနေပြီဖြစ်သည်။
"ဒါက ထူးဆန်းနေလို့လား....."
"မသင့်တော်တော့ဘူး Adrian
မင်း အရွယ်ရောက်နေပြီ...
မင်းအရွယ်ရောက်နေမှန်းသိလို့
မိန်းမတွေတောင်ရှုပ်တတ်နေပြီပဲ
ပြောတာကိုသဘောပေါက်မှာပါ...."
အင်္ကျီကိုဆွဲထားသောလက်ကလေးတွေကို
တစ်ချောင်းချင်းဖယ်တော့စေ့စေ့စပ်စပ်သူကလိုက်
ကြည့်သည်။လက်ဆယ်ချောင်းလုံးနှင့်ဆုပ်
ကိုင်ထားတာမို့လက်ဆယ်ချောင်းလုံးပြုတ်ထွက်
သွားတဲ့အခါ ချက်ချင်းပြန်ဆွဲထားပြန်တဲ့သူ။
ပေကပ်ကပ်ဟန်ပန်တွေကိုJeonမကြိုက်
ပြောရင်နာခံတာကိုပဲသဘောကျသည်။
ခွထိုင်ထားရက်ပင်ကောက်ချီလိုက်ကာ
စားပွဲပေါ်တင်လိုက်တော့ မျက်မှောင်ကျုံ့စွာ
ကြည့်နေသော အပြာရောင်မျက်လုံးလေးတွေ...။
"မနက်စာသွားစား ကျောင်းသွားဖို့
လုပ်တော့ ကျောင်းပြေးပြီး
မဟုတ်တာထပ်လုပ်ရင် ဒီတစ်ခါရိုက်ပြီ...."
"ရိုက်လေ......"
"Adrian...!"
"Jamesရိုက်တာကို ကျွန်တော်ဝမ်းနည်း
နာကျင်နေလိမ့်မယ်ထင်နေတာလား...."
စားပွဲပေါ်ကJeonသောက်လက်စဝိုင်ခွက်အား
မျက်နှာပေါ်ကိုလောင်းချပစ်လိုက်ကာ
နှုတ်ခမ်းပေါ်စီးလာသောဝိုင်တွေအား
လျှာနှင့်သပ်ယူလိုက်တဲ့သူ။
"စျေးကြီးလို့လားမသိဘူး...
ဘယ်လိုပုံစံသောက်ရသောက်ရ
တကိုယ်လုံးအထိစိမ့်ဝင်အောင်မူးတယ်..."
စားပွဲခုံပေါ်မှဆင်းသွားကာဝိုင်ပုလင်းကိုထပ်ယူလိုက်
ပြီးအိမ်ထဲဝင်သွားရာတစ်လျှောက်လုံး
ခေါင်းပေါ်မှလောင်းချသွားခဲ့သည်။
သပ်ပြသွားသောနှုတ်ခမ်းထူထူတွေမှ
ဝိုင်စက်တွေဟာ Jeonလက်ဖျားတွေကို
လှုပ်ခတ်သွားစေလျှက်...။
NewYorkမြို့ရဲ့ မနက်ခင်းဟာ
JEon အတွက်တော့ ချက်ချင်းဆိုသလို
ထိုင်းမှိုင်းသွားခဲ့ရပါသည်။
JEonသက်ပြင်းအကြီးကြီးချလိုက်ရပါ၏။
............................။
"ငါနဲ့နမ်းကြည့်မလား Sea...."
Adrian လိုပဲပင်လယ်လိုပြာကြည်လှသောမျက်ဝန်းလေး
တွေပိုင်ဆိုင်၍ နာမည်အရင်းပင်ပျောက်ကာ
သူတို့အားလုံးSea ဟုခေါ်ဆိုသော
ရွယ်တူကောင်လေးနဲ့Newyorkမြို့၏
လမ်းကြားတနေရာရောက်နေပြန်သည်။
"မကြာခင်တုန်းပဲ
ဒီနေရာမှာမိန်းကလေးတစ်ယောက်နဲ့
မင်းနမ်းနေသေးတယ်မလား...
ပြတ်သွားကြပြီလား ......."
"အင်း.....ပြတ်သွားပြီ...."
"ငါ့ကိုဘာလို့နမ်းချင်နေတာလဲ...
ရင်ခုန်လာလို့လား..."
Sea နဲ့ နမ်းရင်ရော Seaလိုယောကျ်ားလေးနဲ့
ထိတွေ့ရင် တစ်စုံတခုများထူးခြားလားလေ
အုန်းမလားပေါ့။ လှုပ်လှုပ်ခတ်ခတ်တွေ
ဖြစ်မိလာရင်တော့ ထီပေါက်တာပဲ....။
၁၈နှစ်အရွယ်မှာဖြစ်တည်လာတဲ့စိတ်ခံစားချက်
တွေသည် သစ်လွင်လွန်းလို့ ထိန်းချူပ်ဖို့ရန်
အတွက်အလွန်ပင်ခက်နေခဲ့ပါ၏။
"အင်း...."
"ငါနဲ့နမ်းလို့ရီစရာခံစားချက်တွေဖြစ်လာရင်တော့
မင်းတခြားသူတွေကိုပြန်မဖွနဲ့နော်Adrian."
"မင်းမျက်လုံးတွေသိပ်လှတယ်Sea...."
"ကျေးဇူး....."
တစ်ယောက်ကိုယ်တစ်ယောက်စိုက်ကြည့်ကြ
ရင်း Seaက အရင်ဆုံးတိုးကပ်လာခဲ့သည်။
သိပ်ကြည့်ကောင်းသောအနောက်တိုင်း
ဆန်ဆန်မျက်နှာလေးနဲ့ကော့ညွှတ်ညွှတ်
မျက်တောင်လေးတွေကြားကသူ့ထက်တောက်ပ
နေတယ်ဟုဆို၍ရသောမျက်လုံးပြာလေး
တွေက အမှတ်အများဆုံးရတဲ့အစိတ်အပိုင်းပေါ့လေ။
တဖြည်းဖြည်းနီးကပ်လာခဲ့ပြီး ထူအိနေသော
နှုတ်ခမ်းပေါ် တကယ်တမ်းထိရတော့မယ့်
အချိန်တွင် ကိုယ်ကိုယ်တိုင်တောင်မသိအောင်
နောက်သို့ဆုတ်မိသွားတော့ Seaက ထရီတော့သည်။
"စတန့်ထွင်တိုင်းမကောင်းတာသိပြီမလား
မလိုချင်ဘဲနဲ့ မတောင်းဆိုစမ်းပါနဲ့Adrian ရာ...."
လက်မြှောက်အရှုံးလိုက်ရတာရင်ဘက်ထဲက
ကိုယ့်နှလုံးသားကိုယ်...။အလံဖြူပေါင်း
များစွာဖြင့်...။အော်ဆဲလိုက်ချင်တာလည်း
ပြောမနေနဲ့...။
"F...."
"အဆင်ပြေပါတယ်...စိတ်တိုမနေပါနဲ့နောက်ကျနေပြီ
အိမ်ပြန်ကြမလား..."
"မပြန်ချင်ဘူး....ပြန်ရမယ်ဆိုရင်လည်း
ငါ့အိမ်အစစ်ကိုပဲပြန်ချင်တယ်...."
"ဘာတွေဖြစ်နေတာလဲ...ငါတို့သိလာတာ
ကြာပြီ မင်းမိသားစုအကြောင်းတစ်ခါမှ
ငါတို့ကိုမပြောပြဘူး ပြောပြချင်လား...."
"ဘာမှအထွေအထူးစိတ်ဝင်စားစရာမရှိပါဘူး"
"ရှိမှာပါ ပြောကြည့်လေ...."
"ငါ့အမေ ကဆုံးသွားပြီ...
ငါ့အဖေက ထောင်ထဲမှာ..."
"ဝမ်းနည်းစရာပဲ....."
"အမေအိမ်ထောင်ရေးဖောက်ပြန်လို့
အမေ့ချစ်သူကို အဖေက ဓားချက်တွေ
အများကြီးနဲ့ထိုးသတ်လိုက်တာ....."
အဝါရောင်ဆံပင်ပျော့ပျော့လေးနဲ့
ထူးဆန်းလှသည့် ကိုရီးယားကောင်လေးဟာ
ကျောင်းမှာတော့Popularပဲ။
ကျော်ကြားသလောက် ဘဝင်လေးကခပ်မြင့်မြင့်
အရုပ်ကလေးလိုလှလို့ သူ့ကိုအမျိုးမျိုး
တင်စားခဲ့ကြသည်။
သို့သော်ဒီလိုမမြင်နိုင်သောအခြမ်းက
ဆုံးရှုံးရခြင်းကိုတွေကို စီးကရက်ဖွာရင်း
အေးအေးလူလူပြောပြနေတော့
ဒီလိုလူသားမှာလည်းဒီလိုအတိတ်မျိုးတွေရှိ
နေတာပါလားဆိုတာ လုံးဝSuprise...။
"မေမေက စုတ်ပြတ်နေတဲ့ရုပ်အလောင်း
ကိုမြင်ပြီး သွေးပျက်ပြီး ဖေဖေသူမကိုပါ
ထပ်သတ်မှာစိုးလို့ ကားမောင်းပြေးရင်း
ကားမှောက်သေတာ..."
"အိမ်မှာ..ငါပဲ ကျန်ခဲ့တယ် ...."
ပုခုံးလေးကိုခပ်ဖွဖွဖက်ကာအားပေးဟန်ပြုတော့
တွေတွေဝေဝေပဲAdrian ကပြန်ကြည့်လာသည်။
"ဘယ်သူ့ကိုမှငါအပြစ်မတင်ပါဘူး
ငါတို့ဘဝတွေမှာ ဖောက်ပြန်ချင်တဲ့သူက
ဖောက်ပြန်ကြမှာပဲ.....
ငါတို့ဒါကိုဘယ်တရားပြပြမရဘူးSea..."
"အဖေ အချစ်မတတ်လို့ အမေအသစ်ရှာချင်ခဲ့တာ
အပြစ်ရယ်လို့တော့မဟုတ်ပါဘူး
အမေဖောက်ပြန်တော့လည်းအဖေလည်း
သတ်ချင်မှာပေါ့....အတ္တတွေနဲ့ကိုယ်ဖြစ်ချင်တာ
တွေကိုပဲရှေ့တန်းတင်ခဲ့ကြတဲ့အခါ
ငါတစ်ယောက်ထဲတော့ဖြစ်သွားတာပေါ့ကွာ...."
"မထင်ခဲ့ရဘူး Adrian မင်းကအမြဲတမ်း
ပျော်နေခဲ့တာပဲ...."
"ငိုနေရမှာလား....လူတိုင်းမှာဘဝတစ်ခုစီ
ကိုယ်ပိုင်ရှိနေတာဟာ..ကိုယ့်စိတ်ကြိုက်
ကိုယ်ပုံဖော်ဖို့လေ...မိဘတွေဒီလိုဖြစ်တာနဲ့
စိတ်ဒဏ်ရာရ အရှုံးသမားဖြစ်ပြနေဖို့ငါ့မှာ
အချိန်မရှိနေဘူး....ငါဝမ်းနည်းပြလို့
ငါဒါကိုနာကျင်ပြလို့လည်း ငါ့အပေါ်စိတ်ဝင်စား
ဂရုစိုက်ပေးဖို့အချိန်သူတို့၂ယောက်လုံးမှာ
မရှိခဲ့ဘူးလေ....ရန်ပွဲတွေပဲနေ့တိုင်း...."
ဖိနပ်ကိုချွတ်ကာ မြေကြီးပေါ်ညစ်ပတ်
သွားအောင်ဖုန်တွေထဲလိုက်ထိလျှက်
သူကသဘောကျစွာပြုံးရီနေပြန်သည်။
"ဘယ်အရေးမှာမှကံမကောင်းခဲ့ဘူးဆိုရင်တောင်
ဘုရားသခင်က လက်ဆောင်ပေးမယ့်
ချစ်ခြင်းမေတ္တာတစ်ခုကျရင်တော့
မင်းကံအကောင်းဆုံးဖြစ်မှာပါ..."
"ငါ့ကိုစိတ်ဓာတ်ခွန်အားတွေပေးဖို့မလိုဘူးSea..
မျှဝေခံစားပေးဖို့ပဲ အဆင်သင့်ဖြစ်ပေးပါ
တစ်ခါတလေ ငါတို့ဘဝတွေမှာ အားတက်စရာ
စကားစုတွေထက် ငါတို့အသံတွေကို
နားထောင်ပေးနိုင်မယ့်
နားတစ်စုံပိုလိုအပ်တယ်လို့ငါထင်တယ်...."
"ဟုတ်မှာပေါ့..."
"မင်းအချစ်ကို ရော..ဘယ်လိုထင်လဲ Sea...."
"ငါ့ဖုန်းထဲက ကိတ်လွန်းတဲ့မိန်းမလှလေးတွေပေါ့.."
"ပြအုန်းလေ..."
အချစ်ကဘာလဲဆိုတဲ့အဖြေထက်ဖုန်းထဲက
မိန်းမလှလေးတွေဆီအာရုံကူးသွားသူ
တို့သည် ဖုန်းScreen ကိုဖွင့်လိုက်ကြသည်။
Seaက Videoတစ်ခုကို Playလိုက်သည်။
အမျိုးသားနှစ်ယောက် ချိုမြိန်စွာ
နမ်းရှိုက်နေကြသောပုံရိပ်ကြောင့်
Adrian ကစက္ကန့်တချို့မျှ ကြည့်လိုက်ကာ
ချက်ချင်းမျက်နှာလွှဲသွားခဲ့သည်။
"မကြည့်ရဲဘူးလား ....မင်းDateOutနေသေးတာ
ပဲAdrian..."
Seaက မျက်စိရှေ့အတင်းထိုးပြနေတော့
လှည့်ပတ်ရှောင်နေသည်။
"မကြည့်ရဲလို့မဟုတ်ဘူးကွ....
ကြည့်ရဲနေလွန်းလို့...ငါအ်ိမ်ပြန်ရအုန်းမှာ...."
Seaကို ခြေဗလာဖြင့်ကန်ကျောက်ပစ်ကာ
ညမီးရောင်ဝါဝါအောက် ကျောပိုးအိတ်
တလုံးဖြင့် ပျော်နေဟန်ရှိနေသော ကောင်လေး...။
ညစ်ပေနေသောဖိနပ်လေးကိုပြန်စီးကာ
ကြိုးတွေကိုဖြစ်သလိုချည်ရင်း....
ခဏအကြာပြေးလွှားဆော့ကစားပြီးနောက်
အိမ်ဆိုသောအရာဆီဦးတည်ခဲ့ရပြန်သည်။
................။
သန်းချီသူဌေးတစ်ယောက်မို့ များပြားလွန်း
သောစည်းစိမ်တွေနဲ့အတူ အလုပ်ပင်ပန်း
ရခြင်းတွေနဲ့တန်အောင်လည်းJeonက
ဇိမ်သိပ်ယူတတ်သည်။
နောက်ဆုံးပေါ်ပစ္စည်းတွေ Latest System
တွေနဲ့ပဲ ကျနစွာတည်ဆောက်ထားသော
Newyork မြို့စျေးအကြီးဆုံးအိမ်ရာက
အိမ်ကြီး၏အလည်ဧည့်ခန်းတွင်
ခြေထောက်တွေကို Service ခေါ်ထားသောဝန်ထမ်း
တချို့ကဆေးစိမ်
ပေးကာ တချို့ကသန့်စင်ပေးနေသည်။
ပကာသနလို့ဆိုလို့ရပေမယ့်Jeonက
သန်းကြွယ်သူဌေးတစ်ယောက်၏
အမှတ်တံဆိပ်အားလုံးကိုတစ်ခုမကျန်
အကုန်စည်းစိမ်ခံစားရတာမျိုးကိုသိပ်ကြိုက်တတ်၏။
ကြမ်းတမ်းသောတံခါးဖွင့်သံနဲ့အတူ
တက္ကသိုလ်ကျောင်းသားတစ်ယောက်၏
အိမ်ပြန်ဝင်ချိန်က ညဆယ်နာရီ....။
ကျောပိုးအိတ်ခပ်လျှော့လျှော့လွယ်လိုက်
တက်တက်ကြွကြွအိမ်ပြန်လာသော
ကောင်လေးသည် လေချွန်လျှက်...။
"Adrian တစ်ခါထဲ ခြေထောက်လုပ်ချင်သေးလား"
ညဝတ်အင်္ကျီကိုအနက်ရောင်ပိုးသားပျော့
ဖတ်ဖတ်ဖြင့် သူစီးကရက်သောက်တတ်
တာမှန်ပေမယ့် ဇိမ်ယူနေရင်းစီးကရက်
သောက်နေတဲ့သူဌေးကြီးလောက်တော့အထာမကျ
နိုင်ပါ။လုံခြုံအောင်မဖုံးအုပ်ထားသော
ရင်ဘက်တွေဟာတံခါးမရှိဓားမရှိကွဲပြဲနေပြီး
ကြမ်းပြင်ထက်အလုပ်လုပ်ပေးနေသော
ကောင်မလေးတွေကလည်းလှလှလေးတွေ။
JEon တစ်ကိုယ်လုံးကိုနင်းနှိပ်တယ်ခေါင်းစဉ်တပ်လျှက်
ပွတ်သတ်နေကြသည်။
ဘယ်လိုတောင်ကဗျာဆန်သောမြင်ကွင်းလေးလဲ။
ပိုက်ဆံ၏တန်ခိုးဟာ အတိုင်းအဆကိုမဲ့...။
ပြုံးယဲ့ယဲ့နှုတ်ခမ်းပါးတွေနဲ့ မျက်လုံးမျက်ခုံး
ချွန်မြမြမေးရိုးကအစ စီးကရက်ညှပ်ထားသော
လက်ချောင်းတွေအထိ အမှောင်အမိုက်။
"လာလေ...သူတို့မပြန်ခင်တစ်ခါထဲ
အနင်းအနှိပ်ပါခံလို့ရတယ်..."
ခေါ်နေသော်လည်းစိုက်သာကြည့်နေသော
ကောင်လေးသည် ခံစားချက််မရှိသော
မျက်နှာဖြင့်။ထို့နောက်စီးထားသော
ခပ်ညစ်ညစ်ဖိနပ်အားချွတ်ကာ
ပေကျံနေသော ခြေဖဝါးသေးသေးလေးကို
ထောင်ပြလာသည်။
"ညစ်ပတ်လာတယ်....လုပ်လို့်မရဘူး..."
"အိုကေ...ဒါဆိုနားတော့လေ..."
ချွတ်ထားခဲ့သောဖိနပ်ဖြူဖြူတစ်ဖက်ကို
ကောက်ကိုင်လိုက်ကာအပေါ်ထပ်လှေကား
တွေအတိုင်းတက်သွားခဲ့သည်။
"အဲ့ဖိနပ်အစုတ်ကိုဘယ်အချိန်အထိ
စီးနေမှာလဲ အကောင်းစားဖိနပ်တွေအများကြီး
ဝယ်ပေးခဲ့တဲ့ဟာ အရောင်အစင်းတောင်
မရှိတော့ဘူး...မနက်ဖြန်မစီးတော့နဲ့!!!"
လှည့်ကြည့်တာမျိုး ဂရုစိုက်တာမျိုး
သူ့မှာမရှိ။ဖိနပ်တစ်ဖက်ကိုင်ကာ
တထစ်ချင်းပဲလှမ်းတက်သွားသည်။
"တနေ့တခြား...အဆင်မပြေလာတော့
တာတော့အမှန်ပဲ....."
"သူ့အဖေ ပြန်လွတ်လာတော့မှာပဲ
သူအိမ်ပြန်ရတော့မှာပါ...Jeonကြာကြာ
စိတ်မညစ်ရတော့ပါဘူး...."
"ငါစိတ်ညစ်မနေပါဘူး....ငါညစ်နွမ်းနေတဲ့
မျက်နှာရိပ်များပေါ်နေလို့လား..."
"မဟုတ်..ပါဘူးရှင်..."
ကြောက်စရာကောင်းသောအေးစက်စက်
အသံဟာ ဩဇာညောင်းလွန်းတယ်။
အမြဲတမ်းစူးရှ မာကျောနေသောမျက်နှာဟာ
JEonရဲ့ထင်ရှားတဲ့အမှတ်တံဆိပ်လိုပဲ...။
ပြုံးခဲတယ်....မာနကြီးပြီး ဘဝင်မြင့်ခြင်းမှာ
တဖက်ကမ်းခတ်...။
ထက်မြက်သလောက် ထူးချွန်သလောက်
ပညာတွေအများကြီးတက်သလောက်
လျှော်ညီတဲ့ ဘဝနေထိုင်မှုပုံစံမှာ
JEonဟာ ဘုရင်တစ်ပါးနီးနီးပဲ။
အပေါ်ထပ်ရောက်တဲ့အခါ
အိပ်ခန်းအကျယ်ကြီးရှေ့ဖြတ်လျှောက်လိုက်
တော့ခပ်ဟဟတံခါးကြောင့်အထဲသို့လှမ်း
ကြည့်လိုက်သည်။အနက်ရောင်အိပ်ရာပေါ်က
အနက်ရောင်Shirtတစ်ထည်....။
တစ်လှမ်းချင်းအခန်းထဲသို့လှမ်းဝင်သွားကာ
ထိုအနက်ရောင်Shirt ကိုယူလိုက်သည်။
ခေါင်းတငြိမ့်ငြိမ့်ဖြင့်တစ်ဖက်ကဖိနပ်တစ်ဖက်
တစ်ဖက်ကShirtအနက်ကိုကိုင်ဆောင်လာပြီး
တစ်ဖက်အခန်းထဲသို့တံခါးဖွင့်ကာဝင်သွားလိုက်သည်။
အခန်းထဲရောက်ရောက်ချင်းဖိနပ်ကိုအခန်းထောင့်
ဆီလွှတ်ပစ်လိုက်ပြီး နောက်တစ်ဖက်ကို
လည်းလွှင့်ပျံနေအောင်ချွတ်လိုက်ကာ
အိပ်ရာပေါ် အရှိန်ဖြင့်လှဲချလိုက်သည်။
ကျောပိုးအိတ်ကိုကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး
နောက် Shirtအနက်ရောင်အားရင်ခွင်ထဲ
ပွေ့ပိုက်လိုက်ကာသူ့မျက်လုံးလေးတွေကို
မှိတ်ချလိုက်သည်။
Seaပြခဲ့သောVideo အပိုင်းအစတစ်ခုရဲ့ရိုက်ခတ်မှု
အရှိန်တွေနဲ့ အနက်ရောင်စုတ်ချက်လှလှတွေ
သွားရောစပ်မိတဲ့အခါ ၁၈နှစ်အရွယ်နုနယ်ခြင်း
လေးအတွက်အခြေအနေဟာသိပ်ခက်ခဲသွားခဲ့ပြီ။
အနံ့တွေကိုခံစားတတ်တဲ့
အရွယ်ထဲကရင်းနှီးလာခဲ့သောပြင်းရှလှသော
အနံ့တစ်ခုဟာ အင်္ကျီထံမှအာရုံတွေထဲကို
အလုအယက်ဝင်လာတဲ့အခါ ညစ်ပေနေသော
ခြေချောင်းလေးတွေသည်လှုပ်လှုပ်ရွရွ....။
ပျိုပျစ်ခြင်းတွေဟာ အနက်ရောင်Shirt
တစ်ခုအောက် ဝပ်တွားစွာ.....။
နုနယ်ခြင်းတွေဟာ ပြင်းရှသောအနံ့အသက်အောက်
လှိုင်းတွေထန်စွာ.....။
ဖြူစင်ခြင်းတွေဟာ အနက်ရောင်တွေထဲ
ဇွတ်တိုးဝင်ချင်နေတာ...။
မိုက်ရူးဆန်ခြင်းများနဲ့ပျော်မွေ့တတ်တဲ့အရွယ်
အသစ်အဆန်းသောခန္ဓာဗေဒရဲ့
ပေးစွမ်းလာတဲ့ခံစားချက်တွေကို
အရူးအမူးသိကျွမ်းချင်လွန်းတဲ့အရွယ်
အဖူးအငုံလေးငယ်ရွယ်လွန်းပါ၏။
နှုတ်ခမ်းလေးတွေဟသွားပြီးတဲ့နောက်
ရနံ့လေးတစ်ခုထဲနဲ့ လား...ဆိုရင်
အချစ်က ဘာလဲဆိုတဲ့အဖြေကိုရမှာပဲ....။
အဲ့ဒီလောက်ထိတောင်ဆိုတဲ့စကားဟာ
သူ့ကိုသိပ်စော်ကားရာကျပါသည်။
ညစ်တိညစ်ပတ်နိုင်ပေမယ့်....
ရိုးသားခြင်းပြတဲ့ ဇာတ်ကွက်တွေပဲလေ။
အင်္ကျီကို အိပ်ရာတစ်နေရာစီလွှတ်ပစ်လိုက်ကာ
ရေချိုးဖို့ သင့်တော်နေပြီမို့ အဝတ်အစား
တွေချွတ်ကာရေချိုးခန်းထဲဝင်သွားလိုက်သည်။
Troye Sivanရဲ့ Foolsသီချင်းဟာ
အပိုင်နိုင်ဆုံး......။
ရေသံသဲ့သဲ့လေးတွေနဲ့ သီချင်းသံလေးဟာ
ဆူဆူညံညံရယ်.....။
......................။
"ဇိမ်ယူလို့ပြီးသွားပြီလား....ကျွန်တော်
ညစာ ကို..ရုပ်ရှင်ကြည့်ရင်းနဲ့ပဲစားလိုက်တော့မယ်
ပေါင်မုန့်ပဲစားမယ်...."
"ထွားမလာဘဲဖွံ့ဖြိုးမှုတွေရပ်နေတာ ပေါင်မုန့်တွေပဲ
စားလို့ထင်တယ်ထမင်းစားပါလား ..."
Titanic က မြုပ်တောင်မြုပ်တော့မည်...။
စားပွဲမှာထမင်းနဲ့ဟင်းသေချာသွားစား
လိုက်ပြီးမှကြည့်ရရင် ဇာတ်လမ်းကသိမ်းတော့မည်။
ဇာတ်လမ်းသိမ်းရင်းဘာဖြစ်မှာလဲ။
Remoteကိုင်ထားသောလူရှိမှာမဟုတ်တော့။
"ညစာအသားညှပ်ပေါင်မုန့်စားတာ
ပြဿနာရှိလို့လား..."
"နိုး နိုး...သဘော စားချင်တာစား..."
အိမ်အကူလာပို့သောညစာပန်းကန်ကို
ယူလိုက်ကာဆိုဖာပေါ်တက်ထိုင်လိုက်ပြီး
ခြေထောက်တွေကို ဇာတ်လမ်းထဲ
စျာန်ဝင်နေသူ၏ရင်ဘက်နားတွေအထိရောက်
အောင်လှမ်းတင်လိုက်သည်။
မျက်နှာချင်းဆိုင်ဆိုဖာအကြီးကြီး၏
ထောင့်ကိုယ်စီမှာကပ်ထိုင်နေခြင်းသည်
ခြေဆင်းပြီးထိုင်တတ်တဲ့သူရှိလို့။
JEon ဟာပေါင်ပေါ်ရောက်လာသောခြေဖဝါးလေး
နှစ်ဖက်ကိုသေချာနေရာချလိုက်ကာ
ဖောင်းဖောင်းအိအိလေးတွေသိပ်ကိုင်လို့
ကောင်းတာကြောင့်တစ်ချောင်းချင်း
လိုက်ထိတွေ့ကာရုပ်ရှင်ကိုကြည့်နေသည်။
"James..."
"အင်း...."
"နှိပ်ပေး....ခုန လူတွေနှိပ်သလို..."
ပေါင်မုန့်ကိုပါးစပ်ထဲထည့်ကာလက်ပေသွား
၍သုတ်စရာမရှိ။ဆိုဖာကိုသုတ်နေကာ
ပြောလာသောစကား...။
အနက်ရောင် Shirtင်္အကျီကို
အိမ်မှာနေတိုင်းဝတ်နေကျဘောင်းဘီတိုနဲ့
ဝတ်ထားကာကြယ်သီးတစ်လုံးသာတပ်ထားသည်။
"အားနဲ့နှိပ်ရင် မင်းခြေချောင်းသေးသေး
လေးတွေကျိုးကုန်လိမ့်မယ်..."
"ကျိုးအောင်မနှိပ်မှာကျွန်တော်သိတယ်...."
"မကောင်းတဲ့နေရာတွေ ပျက်ဆီးနေတဲ့
အပေါင်းအသင်းတွေ နဲ့တွေ့တွေ့နေတော့
လည်းညောင်းရှာမှာပေါ့....နှိပ်ပေးပါ့မယ်..."
"James..အင်္ကျီ ယူဝတ်ထားတယ်..
ခဏငှါးမယ်မလား..."
"အဝတ်အစားမျှမဝတ်တတ်ဘူး
မင်းအပိုင်ယူလိုက်တော့...
နောက်တစ်ခါ ခွင့်တောင်း...."
"အင်္ကျီက ဘယ်လောက်တန်လို့လဲ...."
"လူ့ကျင်ဝတ်လေ ....."
"ဟာသ...."
"Adrian...!!"
ညစာစားပြီးတဲ့အခါပန်းကန်ကို
စားပွဲပေါ်လှမ်းပစ်တင်လိုက်သည်။
နှိပ်ပေးနေသော လက်ချောင်းတွေကြားထဲက
ခြေဖဝါးတွေကိုပြန်ဖယ်လိုက်ပြီး
ပြောင်းပြန်ပြန်ပြောင်းလိုက်ကာ
အနက်ရောင်ဖဲသားတွေနဲ့ပေါင်ပေါ်ကို
ခေါင်းအုံးလိုက်ရင်း....
"အတ္တန္တိတ်သမုဒ္ဒရာရဲ့ရေကအဲ့လောက်အေးတာ
လား...သူတို့အဲ့လောက်ရေအေးနေတာ
ဘာလို့ခရီးထွက်ကြတာလဲ...မသိကြဘူးလား.."
"ရှူးး ....."
"သင်္ဘောပဲတိုက်ရင်မြုပ်မှာပေါ့...."
"James ရေခဲတောင်ကိုတိုက်တဲ့နေရာပြန်ရစ်အုန်း..."
တစ်ပတ်ကိုနှစ်ခါလောက်တော့ဒီMovie
ကိုJeonက စွဲလန်းစွာကြည့်တတ်သည်။
ဇာတ်ဝင်သီချင်း၏တီးလုံးကြားရုံနဲ့
မကြည့်ဘဲမနေနိုင်လောက်အောင်
ဒီရုပ်ရှင်က Jeonကိုလွှမ်းလွှမ်းမိုးမိုးရယ်...။
Titanic ကြည့်တိုင်းပေါင်ပေါ်မှာအိပ်ပြီး
လိုက်ကြည့်ပေးတတ်သော ကလေးလေးကနေ
ခုလက်ရှိအရွယ်တစ်ခုရောက်သွားခဲ့သော
ကောင်လေးကလည်းကြည့်တိုင်းမှာ
တူညီတဲ့ အဓိပ္ပာယ်မရှိသောမေးခွန်းတွေကို
မေးနေတတ်မြဲ...။
"ဒါပဲကြည့်နေတာ
မင်းပျင်းရင် မင်းအခန်းထဲကြိုက်တာ
သွားကြည့်လေ...."
လက်ညိုးသေးသေးလေးက
သူ့ခန္ဓာကိုယ်လေးပေါ်တင်ထားသော
Jeon လက်မောင်းကသွေးကြောစိမ်း
တွေပေါ်ဖြတ်သွားဖြတ်လာလုပ်နေရင်း
"မပျင်းပါဘူး...Titanic ကဘယ်တော့မှ
ပျင်းစရာကောင်းလာမှာမဟုတ်ဘူး..."
JEonက TV Screen မှ ပေါင်ပေါ်က
ဖြစ်တည်ခြင်းလေးဆီငုံ့ကြည့်တဲ့အခါ
ရှားပါးစွာ စိတ်လိုလက်ရပြုံးပြနေပြန်သည်။
မက်မွန်သီးလေးလိုပန်းရောင်နုနုပါးနှစ်ဖက်
သည်ယောကျ်ားလေးတစ်ယောက်ဆီမှာ
ရှိနေစရာလားလေ။မကျေနပ်သလို
သဘာဝမဆန်နေသလိုခံစားရတာမို့
ကြည့်ရင်းမျက်မှောင်တွေကျုံ့လာကာ
Jeon က ထိုပါးနှစ်ဖက်ကိုလက်တစ်ဖက်နှင့်
အကြောင်းပြချက်မဲ့ဆွဲဖျစ်လိုက်သည်။
"အ...James!!"
အားပါတာကြောင့် အလွန်နာကျင်သွားကာ
လက်တွေဖယ်ပစ်လိုက်သောအချိန်တွင်
ကျန်ခဲ့သော ပန်းနုရောင်သမ်းနေသော
ပါးပြင်ပေါ်ကအနီရောင်အရာတွေ...။
"Titanic ထဲပါသွားရမယ့်ကောင်...."
Advertisement
- In Serial14 Chapters
Universe Online
(Thank you Drakannon for the Cover Art!) My name is Allec Renn, and I was born with ALS. For those of you who don't know what that is, it stands for Amyotrophic Lateral Sclerosis. It basically means that I lost the ability to control my muscles. Its just like Lou Gehrig and Stephen Hawking. By the time I was 6 years old, I was living in a hospital, and from there things progressively got worse. I cannot walk, talk, eat or even go to the bathroom by myself. But there is one thing I can do. Playing games. The advent of Virtual Reality during my early teens greatly alleviated my problems. In the games I can be who I want, what I want. A mighty warrior, a powerful spellcaster, the charming rogue. The crafter. The builder. All sorts of games have come and gone over the years, rising and falling with each advance in VR technology and the ever-increasing power of the Artificial Intelligence's that control them. But now a new actor has taken to the stage. Solar Dynamics, Inc. has unveiled not only the first fully immersive 'deep' Dive Pod, but their flagship game puts all other VR games to shame. Universe Online. No longer are players stuck on a single large world to explore. No longer is there a limit to what you can do, what you can be. Fly spaceships across the universe, conquer planets, create custom technology. Mine, Build, Destroy. Explore. Rule. Do you have what it takes the control the Universe? I'm going to do my best to find out! -NOTE: This story is MATURE, and such has graphic fight scenes, blood and gore. Also cursing. Quite a bit of that in some cases. Sex may also be involved. -NOTE: Like my other story, UO is a work in progress. The storyline, characters, and other things are still in the drafting stages. Also, excuse my spelling and grammar errors!
8 90 - In Serial41 Chapters
Long Island
Long Island was not the first virtual reality game or to say a VRMMORPG. Not the one which changed the world and became a legend. No, it was made when there were lots (quite a few) of virtual reality games already on the market. Each game had its own unique AI feature, its own unique adventure, promising everyone a chance to become King, if not a God. In such a time Long Island was made. Just a little different, just a little unique. A normal guy was starting his own adventure, in life and in game.Note - Adding a cover made by someone I connected through wattpad: @DameCarnelian. Just a warning, it is not an accurate representation. The ship is not Raka's ship so avoid any confusion in that regard.
8 171 - In Serial27 Chapters
His Will Thrice Reborn
Truth is fractured. What urges a person is the small fragment they carry of it, believing it is whole. My family disowned me, and I - the genius cultivator of a generation - was banished from the Falling Star Sect. Make no mistake. No one but I was to blame for the plight I brought upon myself. After being cast out, there was nowhere left for me to go. I applied for a license from the Guild of Independent Cultivators, but I was rejected every time I tried. It seemed the world had no need for a person like me. I thought it was the end. Until I met Mei. The runaway girl in whom I sought refuge - an escape from the past. She was a crutch that kept me going, but our journey together was one far too short. The girl left behind a legacy, although she'd never intended for it. Her life shaped the course of the world more than any emperor could ever dream of, in ways the immortal could never fathom. In the shadow of her history was I. A boy without a cause. Lost, save for that one vow he swore to himself when he stood at the abyss of his life. This is the story of where that vow has led me, and how it first came to be. It begins the day before I met her. *** - An epic xianxia story with lofty ambitions. - Updates twice a week. - Chapters average out on 2k+ words, sometimes varying in length.
8 124 - In Serial22 Chapters
Convergence Series
Eulisses Malinor is a prodigious and somewhat reclusive wizard with an unconventional outlook on life itself. The latter may or may not be related to him shedding the burdens of mortality some time ago. He claims that every wizard that takes pride in themself needs to reside in a tower in the middle of nowhere. It definitely has nothing to do with the Addia fanatics that continue to seek him out. Successfuly, much to his discontent. Ever out to ‘cleanse’ him, or bloody murder him if you'd ask the lich himself. But soon, that will no longer be a problem, as Eulisses has finally gathered every reagent - magical or otherwise he needs. He will tear open and stabilize a miniature Rift, essentially creating his very-own pocket realm in which even Addia’s gaze will no longer be able to reach him. Everything has been carefully planned out in advance, so there is no possibility of failure. You can maybe then imagine his bafflement, when instead of the nothingness of his successfully created pocket realm, Eulisses finds himself in a quite holy looking hall, amidst quite too-baffled looking fellows, in the centre of a gigantic summoning circle - allegedly, he cannot read the runes that make it up - and facing a young and quite fair maiden that stares at him quite wide-eyed.
8 98 - In Serial28 Chapters
✔️Prince's Museum
What happens when you impersonate the World famous Archeologist and land inside the palace Museum... all done in order to analyse the rare historical treasures possessed by the Royal Family ? And what if you end up hiring someone "helpless" who turns out to be the Prince? Enjoy the sweet and hilarious journey of Zeel, a cheerful and fun loving girl taking the biggest risk of her life for the sake of her career... and (forcefully) pulling everyone along with her
8 159 - In Serial53 Chapters
THE FORGOTTEN DAD
When an unexpected child comes to bring two broken hearts together...The moment she knew that she has been pregnant of her boyfriend's child, Jungkook, she thought it might bring happiness for both of them. Unfortunately, she's the only one who felt this way. For Jungkook, his love for Y/N already died a long time ago.Will both of them back together for their child's sake?Highest ranked #2 in ANGSTY on 12 Sept 2019#1 in SADQUOTES on 27 Sept 2020#1 in YOUNGWRITERS on 27 Sept 2020#1 in BOOKOFPOEMS on 16 Jan 2021#1 in POEM on 2 May 2021Started on: 10 July 2017[O N G O I N G]
8 124

