《Adrian》3
Advertisement
June.....🤍
June ဆို James အိမ်ပြန်တတ်တဲ့ စာမျက်နှာတွေဟာ
Adrian အတွက် တော့ပျင်းရိဖွယ်ရာပဲ....။
ဘာဖြစ်လို့လဲဆို ဒီအိမ်ကြီးထဲနှစ်ယောက်ထဲပဲ
နေတာမို့ တစ်ယောက်မရှိရင်တစ်ယောက်ပဲကျန်ခဲ့မှာ။
အလုပ်သမားတွေဟာလည်းသူ့တာဝန်သူပြီး
အိမ်ကိုယ်စီပြန်သွားကြသည်။
ဒီနေ့ဟာ Jamesအိမ်ပြန်လာရမယ့်နေ့။
Sunday....။
"တကယ်တော့ဒီနေ့ပြန်လာမလို့ပဲ
မိသားစုကိုအချိန်ပေးချင်သေးလို့
မနက်ဖြန်မှ..."
အပေါ်ပိုင်းဗလာဖြင့်
ရေကူးဘောင်းဘီတိုဝတ်ကာအဝါရောင်
ဆံပင်တွေနဲ့လိုက်ဖက်အောင်အစိမ်းနုရောင်
နေကာမျက်မှန်ကိုတပ်ထားသည်။
အကောင်းစားဝိုင်တစ်ခွက်ကိုဘေးချကာ
ခြေတစ်ဝက်ကိုရေပြာပြာထဲစိမ်ရင်း
ဖုန်းပြောနေသူသည် ဖုန်းကိုရေထဲသို့ပစ်ချလိုက်သည်။
Monday....။
"သူငယ်ချင်းဟောင်းတွေနဲ့ဆုံနေလို့
Adrian နောက်နေ့မှပဲ....."
မြက်ခင်းပေါ်ဖျာတစ်ချပ်ခင်းကာ
အရည်ရွှမ်းသောသစ်သီးတွေကို
တစ်ခုပြီးတစ်ခုစားနေရင်း ဖုန်းကိုသစ်သီး
ခြင်းထဲသို့ပစ်ထည့်လိုက်သည်။
Tuesday.....။
"အရွယ်ရောက်နေပြီပဲနေရဲတယ်မလား
ကိုယ်မရှိတော့ပိုလွတ်လပ်မှာပါ
ဒီမှာ အလုပ်တွေမပြတ်လို့....."
အိမ်ကြီး၏ဝရံတာမှာအဖြူရောင်Shirtတစ်ထည်
ဖြင့် ဖုန်းပြောပြီးတဲ့အခါအပ်ကျသံတောင်
မကြားရအောင်တိတ်ဆိတ်နေသော
အိမ်ကြီးထဲ ဟိုဟိုဒီဒီလျှောက်သွားမိသည်။
Juneလမို့ မိုးနံ့လေနံ့ နှင့်လွမ်းမောဖွယ်ရာ
ဖြစ်တည်နေသောရာသီဥတုအခြေအနေကို
မှန်ပြတင်းပေါက်မှစိုက်ငေးကြည့်ကာ
လက်ကအသားစတွေကိုတတိတိဖဲ့နေခဲ့သည်။
Wed day....။
မလာတော့သောဖုန်းတွင် Screen ကို
တစ်ချက်မျှကြည့်ကာ မနက်စာစားရန်
မီးဖိုခန်းထဲသို့ဆင်းလာသည်။
"Adrian Brakefastလား..."
အိမ်အကူအနောက်တိုင်းသူကြီး၏
တာဝန်ကျေမှုအပေါ် စူးခနဲစိုက်ကြည့်လိုက်တော့
ဘာမှဆက်မမေး။
စားပွဲပေါ်ကပေါင်မုန့်တွေကို ရေခဲရေခွက်ထဲ
အပြည့်ဖြည့်ကာရေထဲနှစ်ပစ်လိုက်သည်။
ထို့နောက်အေးဆေးစွာခုံမှာထိုင်လျှက်စားနေသည်။
"အရသာရှိမယ့်အရာမျိုးကိုစားပါလား...
အန်တီ ဘာလုပ်ပေးရမလဲ...."
"ကျောင်းသွားအုန်းမယ်...."
"ဟုတ်ပါပြီ....Jeonဘယ်နေ့ပြန်လာမယ်ပြောလဲ..."
"ပြန်လာမယ်လို့ အန်တီ့ကိုပြောသွားတာလား..."
"သူအားလပ်ရက်တွေ ရာသီအကူးအပြောင်း
တွေမှာ မွေးရပ်ကိုပြန်နေကျပဲလေ
အချိန်တန်ပြန်လာတာပဲဟာ...မင်းရှိနေသေးတာ
သူပြန်မလာလို့ဖြစ်မလား..."
"ကျွန်တော့်ကို မေ့နေရင်ရော....."
"မေ့စရာလား....ဒီအိမ်ကြီးမှာဒီကလေး
တစ်ယောက်ထဲကို သူထားရစ်ခဲ့တာ
ကြာကြာမနေလောက်ပါဘူး Jeonက
မင်းကိုသိပ်ဂရုစိုက်ပါတယ်..."
အနာပေါ်တုတ်ကျသလို...စူးခနဲစိုက်ခနဲ။
ဒီကလေးတစ်ယောက်ထဲ ......။
စကားလုံးအထားအသိုသည် ထိမိသက်ရောက်ပါ၏။
မိုးနံ့တွေပါတဲ့လေတွေအိမ်ထဲဝင်လာတဲ့အခါ
နေကာမျက်မှန်ကိုကောက်တပ်လိုက်ပြီး
အိမ်ထဲမှထွက်လာခဲ့တော့သည်။
မိုးအုံ့ပြီးနေရောင်မရှိတဲ့ ကောင်းကင်ကြီး
အောက် ပင်လယ်ပြာရောင်TShirt တစ်ထည်ရယ်
ဂျင်းအရောင်စိုစိုလေးဝတ်ကာ အနက်ရောင်
နေကာမျက်မှန်ကိုမိမိမိုက်မိုက်ကိုတပ်လိုက်သည်။
ကြိုးမချည်ထားသောခပ်ညစ်ညစ်ဖိနပ်နှင့်
ကျောပိုးအိတ်လေးရယ် ဆံပင်အဝါလေးကို
ဟိုဖွဒီဖွ ဖွရှုပ်နေရင်း ပြိုင်ကားဖြူဖြူလေး
ပေါ်တက်သွားခဲ့သည့်သူသည်
ကျော့ကော့နေသည်။
ကျောင်းသွားတက်ခဲ့တယ်ပေါ့။
.......
ကျောင်းမှာ လူပေါင်းစုံကြားထဲ ရီမောစရာရှိတဲ့
အခါရီမောပြီး ဒေါသဖြစ်လိုက်ချင်စရာကျ
ဒေါသဖြစ်ကာ အိမ်ပြန်ရောက်ချိန်သည်
ညကိုးနာရီ.....။
ရှိသမျှသော မီးသီးမီးလုံးတွေအားတစ်လုံးမကျန်
လင်းထင်းနေအောင်ထွန်းလိုက်ကာ
အိမ်ပြန်ချိန်ရောက်၍လူတစ်ယောက်မှမရှိတော့သော
အိမ်ကြီးထဲ တစ်ယောက်ထဲ....။
မိုးသံတဖြောက်ဖြောက်ကြားရတဲ့အခါ
AirPodကို နားနှစ်ထဲထည့်လ်ိုက်ပြီး
မြူးမြူးကြွကြွ သီချင်းတွေဖွင့်လိုက်ကာ
ခုန်ပေါက်ကနေခဲ့သည်။
ရေချိုးပြီး ညစာစားဖို့စိတ်ကူးမရှိတာကြောင့်
ရေခဲသေတ္တာထဲမှ သရေစာ အားလုံးကို
လက်တပွေ့ထုတ်လာကာTitanic ကြည့်နေကျ
ဆိုဖာဆီလာခဲ့သည်။
စားပွဲပေါ်မုန့်တွေအားလုံးကို ပစ်ချလိုက်ကာ
ခြေထောက်ကိုပါတင်လိုက်သည်။
အဆမတန်ကြီးနေသော ညဝတ်အင်္ကျီ
ကြက်သွေးရောင်သည်သူ့Sizeမဟုတ်မှန်း
သိသာစွာ....ပုခုံးတစ်ဖက်ကိုလျှောကျနေပြီး
ပြန်ဆွဲတင်ခြင်းမရှိခဲ့။
ညှပ်ရိုးလှလှလေးသည် ထင်ထင်ရှားရှား...။
မိုးကပိုများလာတဲ့အခါအသံတွေသည်
ဆူညံလာခဲ့သည်။မှန်များဖြင့်အများဆုံး
အလှဆင်ထားသောအိမ်ဖြစ်တာကြောင့်
အပြင်သို့လှမ်းကြည့်လိုက်တဲ့အခါ
မှန်ကိုလာကပ်တွယ်နေသောမိုးစက်တွေ။
Remote က်ိုခပ်မြန်မြန်ယူကာ လိုက်ကာတွေကို
အားလုံးပိတ်ချလိုက်သည်။
နာမည်ကြီးရုပ်ရှင်တစ်ကားကိုဖွင့်ကာ
ညစာ ချိုချဉ် တွေကိုတစ်ခုပြီးတစ်ခုယူစား
နေသည်။ချောကလက်တွေစားတဲ့အခါတော့
လက်မှာပေကျံနေလျှက်...။
ပျင်းတိပျင်းရွဲပုံစံငယ်ဖြင့်တစ်ခုပြီးစားနေကာ
TVကိုကြည့်နေသည်...။
TVကရီစရာပြနေလည်း စိုက်ကြည့်ကာ
မျက်တောင်ပဲခတ်နေသည်။
TVကငိုစရာတွေလုပ်ပြနေလည်းစိုက်ကြည့်ကာ
အသက်ပဲမှန်မှန်ရှူနေသည်။
ပေါက်ပေါက်ဆုပ်ကိုပါးစပ်ထဲအပြည့်ထည့်ကာ
ဝါးနေရင်း ရက်ရက်စက်စက်လူသတ်နေတာ
ကို တစိမ့်စိမ့်ထိုင်ကြည့်နေသည်။
"ဒီလိုကလေးမျိုးကတစ်ယောက်ထဲ
မထားသင့်ဘူးလေ စိတ်ဒဏ်ရာတွေ
အများကြီးနဲ့....သူတစ်ယောက်ထဲနေရတာ
ဘယ်လောက်ကြောက်လန့်နေမလဲသိရဲ့လား
နွေးနွေးထွေးထွေးကြင်နာမှုတွေသူ့ကိုပေးကြစမ်းပါ...."
မိုးတွေသည်းထန်နေတဲ့ညတစ်ညမှာ
တုန်ရီစွာကြောက်လန့်ငိုယိုနေတဲ့ကလေးလေးကို
ချီကာ ဒေါသထွက်နေသော အမျိုးသမီး
တစ်ယောက်ရဲ့TVထဲကဇာတ်ကွက်...။
ပေါက်ပေါက်တွေကိုပါးစပ်ထဲအများကြီးထည့်လိုက်ကာ
TVကိုစိုက်ကြည့်နေသည်။
TVထဲကကလေးလေးဟာလက်ဖျားတွေအထိ
တုန်ရီပြကာ ပိရိသတ်ရင်ကိုထိစေရန်
ကျွမ်းကျင်စွာသရုပ်ဆောင်ပြနေသည်။
အလွန်သနားဖို့ကောင်းနေကာ အောင်မြင်မှုတွေ
ရလာမယ့်ပြကွက်လေးတစ်ခု...။
"သားအဆင်ပြေပါတယ်...အဆင်ပြေပါတယ်..."
အမျိုးသမီး၏လက်ထဲမှအဆင်ပြေကြောင်း
သူကထပ်သရုပ်ဆောင်ပြနေခြင်းသည်လည်း
ထပ်မံသနားစရာကောင်းစွာ..။
မဝါးချင်တော့သောပေါက်ပေါက်ဆုပ်တွေအားပါးစပ်ထဲမှ
ထွီခနဲထွေးထုတ်လိုက်သည်။
"သောက်ပိုတွေ......"
Remoteယူကာထိုနေရာကိုကျော်နေချိန်
ဝုန်းခနဲရွာချလာသောမိုးသံသည်NewYork
မြို့ပေါ် သည်းသည်းထန်ထန်.....။
မိုးရောလေပါ ပါလာကာ မုန်တိုင်းတစ်ခု
အဖြစ်အခြေအနေပြောင်းလဲလာခဲ့သည်။
ရုတ်တရက်ကျယ်လောင်လွန်းသော
မိုးခြိမ်းသံတစ်ခုတွင် ခန္ဓာကိုယ်လေးတုန်ရီသွားကာ
Remote သည်ပြုတ်ကျသွားခဲ့ပြီး
ဆိုဖာပေါ်မှဆင်းလျှက်အပေါ်ထပ်လှေကား
တွေပေါ်ပြေးတက်သွားသည်။
အဖြူရောင်အခန်းလေးဆီဦးတည်ခြင်းမရှိသော
ခြေဖဝါးငယ်တွေဟာ ခမ်းနားသော
အခန်းကျယ်ကြီးဆီကိုပဲ...။
မသိစိတ်၏တောင့်တခြင်းတွေ
မသိစိတ်၏ လိုအပ်ခြင်းတွေ
မသိစိတ်၏လှုံ့ဆော်မှုတွေဟာ နှလုံးသားကို
အကြိမ်ကြိမ်လှီးဖြတ်နေသောအထက်ဆုံး
ဓားတွေ....။အနက်ရောင်အိပ်ရာပေါ်
ပြေးတက်လိုက်ပြီးစောင်ကိုခေါင်းအထိလုံအောင်
ခြုံလိုက်ကာ မုန်တိုင်းအလည်တစ်ယောက်ထဲပဲ..။
သစ်ကိုင်းတစ်ခုဟာလေအရှိန်ကြောင့်
ကျိုးကျပြီးဓာတ်ကျိုးပေါ်ဖြတ်တောက်ပစ်တဲ့အခါ
တစ်အိမ်လုံးအမှောင်ကျသွားခဲ့သည်။
ဇာတ်ကောင်တွေအလုပ်ရှုပ်နေသောTV
သည်လည်းငြိမ်သက်သွားလျှက်...။
"ဖေဖေ သူ့ကိုသတ်မိလိုက်တယ် Jimin...
တောင်းပန်ပါတယ်...ဖေဖေဘယ်လောက်
မွန်းကျပ်နေခဲ့လည်း သားသိတယ်မလား
တောင်းပန်ပါတယ်....."
မိုးရွာရင်သိပ်ကြောက်တတ်သော
ကလေးလေးဟာ အိမ်ထဲတစ်ယောက်ထဲ
တုန်ရီနေချိန် သွေးတွေမိုးရေစက်တွေအများကြီး
ဖြင့်အိမ်ပြန်လာသောဖခင်ကြောင့်သိပ်ပျော်သွား
ကာတင်းကျပ်စွာဖက်တွယ်တုန်းပြောထွက်လာ
ခဲ့သောစကားတွေ...။
"ဒါဆို ဘာဖြစ်မှာလဲ ဖေဖေ...."
အရည်လဲ့နေသောမျက်လုံးလေးတွေဖြင့်
ဒီလုပ်ရပ်၏အကျိုးသက်ရောက်မှုကို
သူအရမ်းသိချင်နေတဲ့ပုံ။
"အပြစ်တော့ခံယူရမှာပေါ့...ခွင့်လွှတ်ပါ
ကလေးရယ်...ဖေဖေ့ကိုခွင့်လွှတ်ပါ..."
"ခွင့်လွှတ်ပါတယ်...မငိုပါနဲ့...
ဖေဖေ ပင်ပန်းနေတာ နားလည်တယ်
ဘာတွေလုပ်ခဲ့လုပ်ခဲ့ခွင့်လွှတ်ပါတယ်
မေမေရော...မေမေရော အဆင်ပြေရဲ့လား.."
လက်သေးသေးလေးတွေဟာဖခင်ရဲ့
ပါးပြင်ပေါ်ကမျက်ရည်တွေအား
အလောတကြီးသုတ်ပေးရင်းထပ်မေးသော
မေးခွန်းကို ဖခင်က ထပ်မဖြေရက်ခဲ့...။
ရင်ခွင်ထဲပွေ့ဖက်ကာ အဖေဖြစ်သူ၏
အော်ငိုသံတွေကြားညတစ်ညသည်
အကျည်းတန်လွန်းပါ၏။
ရင်ခွင်ထဲက ကလေးငယ်၏မျက်လုံးလေး
တွေသည် မမျှော်လင့်ခဲ့သော အရွယ်နဲ့
မလိုက်ဖက်သော လောကဓံတွေကိုရင်ဆိုင်ဖို့
အတွက်အဆင်သင့်မဖြစ်သေးပါ။
အသက်မဲ့သလို ထုံပေပေပါပဲ...။
ဝုန်းဒိုင်းကြဲနေသောပတ်ဝန်းကျင်သည်
ရပ်တန့်သွားဖို့ရန်အစီအစဉ်မရှိ။
အမှောင်အမဲထဲ စောင်အနက်ရောင်သည်
တုန်ခိုက်နေကာ ကူရာကယ်ရာမဲ့နေခဲ့တော့သည်။
Newyork မြို့၏ မုန်တိုင်းသတင်းအခြေအနေ....။
Jeonသည် ဖုန်းScreen ကိုပိတ်လိုက်ကာ
မိခင်ဖြစ်သူ၏အခန်းတံခါးကိုခေါက်လိုက်သည်။
မကြာခင်ခပ်ကြိတ်ကြိတ်စကားပြော
ငြင်းခုံသံတွေနဲ့အတူ ရာသီဥတုသာယာနေသော
ဆိုးလ်မြို့၏မနက်ခင်းသည်
အနည်းငယ်တော့လှုပ်ခတ်သွားခဲ့၏။
.............။
"ညကတော့ ကြမ်းပြီး မနက်ကျတော့လည်း
သူမဟုတ်သလိုပဲနော် ရာသီဥတုက..."
အားနည်းချက်တွေဆိုတာတစ်ဖက်သားကို
ဖွင့်ဟပြဖို့မှမဟုတ်ဘဲ....။
မုန်တိုင်းမှန်းသိရင် လာအိပ်ပေးပါတယ်လို့
မနက်ကျ စိတ်မကောင်းဟန်ဖြင့်လာပြောကြသော
အလုပ်သမားတွေကို ပါတီတစ်ခုသာ
စီစဉ်ခိုင်းလိုက်သည်။
တက္ကသိုလ်က ရွယ်တူအနောက်တိုင်းသူလေးတွေ
အနောက်တိုင်းသားလေးတွေရောက်နေကြကာ
ရေကန်ပြာပြာထက် အရောင်အသွေးစုံနေကြသည်။
ရေကူးဝတ်စုံကိုပဲအားလုံးကဝတ်ထားကြကာ
ဒါဟာ Newyorkမှာတော့ သိပ်ရိုင်းတယ်လို့
မခေါ်..Adrian အတွက်လည်းရိုးရိုးအီအီရယ်။
ကိုရီးယားမှာကြီးပြင်းလာရရင်တော့
သူရှိန်ကောင်းရှိန်နိုင်ပေမယ့်...
သူကြီးပြင်းခဲ့ရတာအနောက်တိုင်းမို့အေးဆေးပါပဲ။
ကိုရီးယားယဉ်ကျေးမှုနဲ့သူ့ကိုပြန်စမ်းစစ်
ရရင်တော့ လုံးဝသွေဖယ်နေပြီ။
ရိုင်းပြီးရဲတဲ့ကလေးတစ်ယောက်အဖြစ်
အလွယ်တကူသတ်မှတ်လိုက်ကြမှာပဲ။
"အင်းလေ...ဆဲချင်စရာပဲ..."
ပါတီပေးနေကြသည်။၁ရက် ၂ရက် ၃ရက်
ဆင်ခြေတွေနဲ့ ညက အတော်ဒုက္ခရောက်
သွားရ၍ မိုးလင်းတဲ့အခါလည်းမရှိပြန်ဘူး
ဆိုတဲ့အသိကို မလိုချင်...။
ပါတီပေးလိုက်တာအကောင်းဆုံး...။
လောကမှာ မပျော်နေရင် ပျော်အောင်ရှာဖွေနေထိုင်လို့
ရတဲ့နည်းတွေလမ်းတွေတပုံကြီး။
ရေကူးဝတ်စုံဖြင့်ကောင်မလေးနှစ်ယောက်
လောက်သည်အနားတွင်ထိုင်ပေးကာ
လက်ထဲကရှန်ပိန်ခွက်ထဲကိုရှိန်ပိန်ငှဲ့ပေးနေသည်။
အနီရဲရဲဘောင်းဘီတိုလေးတစ်ထည်ပဲ
ဝတ်ထားကာ ဆံပင်တွေသည်ရေကူးထား၍
ရေစိုနေပြီးနောက်သို့အားလုံးလှန်တင်ထားသည်။
ဒီနေ့အတွက် ဘောင်းဘီနဲ့လိုက်အောင်
နေကာမျက်မှန်က အနီရောင်နုနု...။
Adrianကအရောင်မှိန်လွန်းစွာတစ်ခါတရံ
မြေကြီးပေါ်လူးလိမ့်ညစ်ပတ်ပေရေနေတတ်
ပေမယ့်တစ်ခါတရံကျလည်းလူမှားသလား
ထင်ရလောက်တဲ့အထိ အလန်းဆုံး
ကလေးတစ်ယောက်ဖြစ်ခဲ့၏။
Adrian စိတ်အခြေအနေအပေါ်အရာအားလုံး
မှီခိုနေသည့်ဟန်။
သီချင်းသံသည်ဆူညံနေကာရေကန်ထဲတွင်
သူငယ်ချင်းတချို့ရှိနေပြီး ရေကန်ပတ်ပတ်
လည်တွင်လည်း ပျော်မြူးကခုန်နေကြသည်။
"နင်ဒီလို နေ့တိုင်းပါတီပေးနေရင်
ကောင်းမှာပဲ Adrian..အလွင့်ပဲ..."
"နင်ပေးစေချင်ရင် ငါပေးပေးမှာပေါ့...."
ပြုံးနေတယ်လို့ထင်လို့ရသလို မထင်ချင်ရင်
လည်းရသည့်မျက်နှာမျိုးဖြင့်
အနောက်တိုင်းသူလေး၏ရှိန်ပိန်ခွက်အား
တိုက်ကာပြောလာသောဟန်ပန်...။
"နင့်ပုံစံကတော့ ငါတို့ကိုအမြဲRelaxဖြစ်စေတယ်
နင့်ရဲ့ ပေါ့ပါးမှုတွေဟာ ငါတို့စိတ်တွေထဲအထိ
လိုက်လန်းဆန်းစေတာပဲ..
နင်အရမ်းမိုက်တယ် Adrian.."
Friday မှာ Relax ဖြစ်စေတဲ့သူတဲ့....။
ဘယ်နေရာမှလည်းRelax မဖြစ်နေဘဲနဲ့...။
အိမ်ကြီးကိုမော့ကြည့်လိုက်သည်။
ကားအကောင်းစားကြီးတွေကွေ့ဝင်လာ
တတ်သောအိမ်အဝင်လမ်းကိုလှမ်းကြည့်လိုက်သည်။
ထို့နောက်ရှန်ပိန်ကိုသောက်လိုက်ကာ
ရေပြာပြာကန်ထဲသို့ခုန်ချသွားပြန်သည်။
မျှော်လင့်ချက်မဲ့သလိုဖြစ်နေ၍
မမြင်ချင်တော့သောဖုန်းကို
မကိုင်မိတော့စေရန် သန့်စင်ခန်းထဲ
ပစ်ထည့်ထားလိုက်သည်။
Miss Callပေါင်းများစွာကို မကြားခဲ့ရတော့ပါ။
ပါတီကအချိန်ကြာရှည်ပါသည်။
မူးကြကကြ ပျော်ကြရင်းအားလုံးသည်
စည်းလွတ်ဝါးလွတ်ပဲ....။
"နင့်အခန်းထဲငါ အဝတ်အစားလဲရမှာ
တမျိုးကြီးပဲ ......"
"ငါလဲဖို့ အင်္ကျီယူပြီးရင်ထွက်သွားပေးမှာပါ
အေးဆေး..."
ကောက်ကြောင်းလှလှလေးနဲ့မိန်းမလှလေးသည်
ဗီရိုဖွင့်ကာအဝတ်အစားရွေးနေသော
ကောင်လေးကိုသဘောကျခြင်းကိုပြသော
မျက်ဝန်းတွေဖြင့်လှမ်းကြည့်နေသည်။
"နေလည်းရပါတယ်...ငါ့အတွက်ပြဿနာမရှိပါဘူး.."
အဝတ်အစားရွေးနေသောAdrian အနီးအနားဆီ
ရောက်လာသောကောင်မလေးသည်
ရဲရဲတင်းတင်း...။လှုပ်ခတ်ခြင်းအနည်းမျှတောင်
မရှိသောမျက်နှာမျိုးဖြင့်ပေါ့ပေါ့ပါးပါးပင်သူကဆိုလာ
သည်။
"ငါ့အတွက်လည်းနင်ကပြဿနာမရှိနေဘူး...
ငါနင့်ကိုမကြိုက်ဘူး....."
"ငါကနင့်ငါ့ကိုစိတ်ဝင်စားတယ်မှတ်နေတာ..."
"သူငယ်ချင်းပါပဲ...ငါတို့ရီစရာတွေ
မဖြစ်ကြရအောင်..."
"Sorry....Adrian..."
ပွင့်လင်းသောဖွင့်ဟမှုနဲ့ခပ်ရှင်းရှင်း
ငြင်းဆိုမှုမှာသာတယ်နာတယ် Dramaဆန်ဆန်
တွေနှစ်ဘက်လုံးကမတွေးခဲ့ကြ။
အနောက်တိုင်းတွေရဲ့အားသာချက်လို့လည်း
ပြောလို့ရပါသည်။
ကောင်မလေးသည် ဘာမှဆက်မပြောတော့ဘဲ
Shirt တစ်ထည်ကိုလက်ညိုးထိုးပြသည်။
"ဒါဝတ်လေ...."
"အင်း မဆိုး ဘူးနော်...."
"နင်က အရောင်နုနုလေးတွေနဲ့လိုက်တယ်..."
"ဒါဆို ဒါရွေးလိုက်မယ်...."
"နင်က ဒါဝတ်လိုက်...ဒီမှာစိတ်မလုံဘူး
ထင်ရင် သန့်စင်ခန်းထဲသွားဝတ် ငါစောင့်နေပေးမယ်."
"ငါ့ကိုမကြိုက်ဘူးဆိုတော့ ငါအိမ်သာထဲပဲ
သွားရတော့မှာပေါ့......"
"ဘာကြီးလဲ.....သွားစမ်းပါ ....Go Go..."
သိပ်လည်းမဆန်းကျယ်သောဖြစ်ရပ်များဖြင့်
အတူတူရီမောကြကာကောင်မလေးကို
သန့်စင်ခန်းဆီအင်္ကျီတစ်ထည်ပေး
တွန်းလွှတ်လိုက်သည်။
အိပ်ရာပေါ်ထိုင်ကာ ခန္ဓာကိုယ်ကရေတွေအား
သုတ်နေပြီး Shirtင်္အကျီကြယ်သီးတွေ
တပ်နေသောအချိန်တွင် တံခါးဖွင့်သံကြားလိုက်ရသည်။
"Adrian..."
ရုတ်တရက်ကြားလိုက်ရသောအသံ
သည်အေးစက်နေသည်။
ဒ်ိန်းခနဲသောရင်ခုန်သံတစ်ခုနဲ့
အားအင်တွေကုန်ခမ်းသွားခြင်းဟာ
သူ့ကိုနောက်တစ်ယောက်ကတော့မထားခဲ့သေးဘူး
ပဲဆိုတဲ့ စိတ်လျှော့လိုက်မှု.....။
Suitအပြည့်မဟုတ်ဘဲ အနက်ရောင်Coatကို
လက်မှာကိုင်ထားကာ Shirtအဖြူပေါ်က
JEon Necktie တွေဟာစမတ်တကျ။
ခေါက်တင်ထားသောအင်္ကျီလက်တွေကြောင့်
အရောင်တောက်နေသောတက်တူးတွေဟာ
ထည်ဝါနေသည်။မျက်ခုံးတန်းတွေတွန့်ချိုးနေကာ
ဒေါသရိပ်တွေသန်းနေသည်။
မမျှော်လင့်ဘဲရုတ်တရက်ပြန်ရောက်လာ
ခြင်းအပေါ် အိပ်ရာပေါ်ကအေးစက်စက်သာ
လှမ်းကြည့်နေခဲ့မိသည်။
မျှော်နေမိသလားဆိုတဲ့မေးခွန်းတွေအတွက်
Juneလကိုပြက္ခဒိန်ကနေ ထုတ်ချင်နေတာ
ကြာခဲ့ပြီ....။
ကြီးမားသောလောကကြီးအလည်ဆွေနီးမျိုးစပ်ဆိုတာ
ဘယ်သူမှမရှိ။ရုပ်ဆိုးလွန်းသောအဖြစ်အပျက်တွေ
ကိုအားလုံးကလက်ရှောင်ကာဒီကလေးအပေါ်
သိပ်ရက်စက်ခဲ့ကြသည်။
လက်သေးသေးလေးတွေဖြင့်ထောင်ထဲဝင်သွားတဲ့
ဖခင်ရဲ့လက်တွေကိုပဲလှမ်းဆွဲရတော့မလိုလို
သေဆုံးသွားတဲ့မိခင်ရဲ့ဝိဥာဉ်ရဲ့လက်တွေဆီ
ပဲလိုက်သွားရမလိုလို လမ်းမရှိတော့လွန်းလို့
နားနှစ်ဖက်ပိတ်လမ်းပေါ်အသံတိတ်ငိုနေတုန်း
ကမ်းပေးခဲ့တဲ့ တက်တူးတွေနဲ့ လက်ဖဝါးတစ်ဖက်။
ဘဝရဲ့ဘယ်အရပ်မျက်နှာကိုပဲတိုင်တည်ပါစေ
သေချာခြင်းမှာတက်တူးတွေနဲ့သာ
တည်ဆောက်ထားခဲ့တာကြောင့်နာရီပေါင်းများစွာ
နားနှစ်ဖက်ပိတ်ဒီမရှိမဲ့ရှိမဲ့လူကထပ်ထားခဲ့ရင်
ရင်ကွဲနာကျရအုန်းမှာလားဆိုတဲ့
အဖြစ်အပျက်ကို တစ္ဆေသရဲလိုပဲစောက်ရမ်းမုန်းပါသည်။
"ပြန်လာခဲ့ပြီပဲ......"
"ငါ့အိမ်လေ ငါပြန်လာရမှာပေါ့..."
ခြံထဲကားကွေ့ဝင်တာနှင့်မြင်လိုက်ရသော
ရေကူးကန်ကသရုပ်ပျက်မြင်ကွင်းတွေ...
အရက်တွေ ဆေးလိပ်တွေ မိန်းကလေးတွေ...
မျက်ကွယ်ရာမှာပျက်ဆီးနေတာမျိုးကိုတောင်
လက်မခံနိုင်တာ မရှိတာနဲ့ အိမ်ပေါ်ထိတက်
ဆိုးသွမ်းနေမှုသည် Jeonကိုအပြင်းအထန်ဒေါသ
ထွက်စေပါသည်။
"ဘာတွေလုပ်နေခဲ့တာလဲ ......"
မိန်းကလေးကိုသတိရသွားတာမို့အိမ်သာတံခါးဆီ
မျက်လုံးတွေရောက်သွားတော့
JEonကပါအိမ်သာတံခါးကိုလိုက်ကြည့်သည်။
"မင်းအပေါင်းအပါတွေအကုန်အောက်မှာ
လေ မင်းဒီအိပ်ခန်းထဲမှာဘာလုပ်နေတာလဲလို့..!!"
"ဘာမှမလုပ်ဘူး...."
ဘာမှမလုပ်နေတာ...ဘာမှမလုပ်ဘူးဆိုတဲ့
အဖြေကလွဲသူဘာဖြေရမှာလဲ...။
"Adrian နင့်အင်္ကျီက အရမ်းကြီးနေတယ်...
လာကြည့်ပေးပါအုန်း...."
သန့်စင်ခန်းတံခါးဖွင့်ကာထွက်လာသော
ကောင်မလေးသည် ယောကျ်ားလေး
Sizeမို့အနည်းငယ်ကြီးနေသော
အင်္ကျီကိုအဆင်မပြေကြောင်းငြီးတွားကာ
ထွက်လာခဲ့သည်။
တံခါးဝမှ Jeonကိုမြင်လိုက်ရတဲ့အခါ
ရုတ်တရက်မို့အလွန်လန့်သွားပြီး
Adrian ဆီပြေးသွားခဲ့သည်။
"ဘုရားသခင်...လန့်လိုက်တာ...
သူက ....သူက ဘယ်သူလဲ...."
"အင်္ကျီကအဆင်ပြေပါတယ်...
နင်စိတ်ထင်နေလို့ ဝတ်ပြီးပြန်လိုက်တော့လေ
ငါ မအားတော့ဘူး...."
"အော်...အင်း....ဒါ...ဆိုငါပြန်ပြီ...."
ကောင်မလေးသည်အိပ်ရာပေါ်က
သူမ ခေါင်းစည်းကြိုးရယ် ဖုန်းရယ်ကို
မြန်မြန်ယူလိုက်ပြီးဝါးစားမတတ်
ကြည့်နေသောJeonမျက်နှာကို
ပင်ရဲရဲမကြည့်ရဲအခန်းထဲမှထွက်ပြေးသွားခဲ့သည်။
ကောင်မလေးမရှိတော့သည်နှင့်ဂျိန်းခနဲ
ပိတ်ချလိုက်သောတံခါးသံသည်
တစ်အိမ်လုံးတုန်ခနဲ....။
အိပ်ရာပေါ်ထိုင်နေသောကောင်လေးဆီ
တစ်လှမ်းချင်းလှမ်းလာသောJeon၏
ဒေါသတွေသည်မျက်နှာထက်နီရဲနေစွာ..။
"ငါ့အိမ်ပေါ်အထိ မင်းက..အတင့်ရဲနိုင်နေပီပေါ့!!"
ပါးနှစ်ဖက်ကိုဆွဲဖျစ်ကာမျက်နှာချင်းဆိုင်
လိုက်တော့ သူ့မူပိုင် ခံစားချက်မဲ့သော
မျက်လုံးများဖြင့်ယှဉ်ပြိုင်ကြည့်လာသည်။
"ငါဒါမျိုးကိုမလုပ်ပါနဲ့ လို့မင်းကို
အကြိမ်ကြိမ်ငါဆုံးမခဲ့တယ်
အပြင်မှာထိတောင်အားမရလို့
အိပ်ခန်းထဲအထိ....."
"ကျွန်တော်သူ့ကိုဘာမှမလုပ်ဘူး...."
ပါးကိုဆွဲဖျစ်ထားသောလက်တွေကို
သူကအားဖြင့်အတင်းဆွဲခွါနေသည်။
"နာတယ် James!လွှတ်ပေးပါ..."
"မပျော်ရလို့လား...မင်းကိုငါပျော်ရွှင်အောင်
မထားပေးခဲ့လို့ မင်းဒီလိုတွေထိန်းမရ
ဖြစ်နေတာလား..."
"နာတယ် လို့ပြောနေတယ်လေ!!!!"
ပါးကိုဆွဲဖျစ်ထားသောJeonလက်တစ်ဖက်
ကိုရအောင်ဆွဲခွါကာလက်ညိုးအား
ထိထိမိမိကိုက်ချလိုက်သည်။
သွေးထွက်တဲ့အထိကိုက်ချက်သည်ပြင်းလွန်းတာ
ကြောင့်Jeonနာကျင်စွာပြန်ရုန်းထွက်ခဲ့ချိန်တွင်
နှုတ်ခမ်းထူထူတွေမှာသွေးစတွေစွန်းထင်းလျှက်။
"မင်းက ငါ့ကို ပြန်အာခံတတ်နေပြီပေါ့
ဟုတ်လား ParkJimin!!!!
ငါ့ကျေးဇူးတရားတွေကို အစွယ်လေးထွက်ချိန်
ရောက်တော့ ဒီလိုမျိုးဆပ်လိုက်တာပေါ့လေ...."
"နာတယ်လို့ပြောရင် လွှတ်မှပေါ့...
နာပါတယ်ဆိုတာ ကို ...James နားမလည်နေတာလား
ကျွန်တော် ရက်တွေအများကြီးနာနေတယ်..."
"မိန်းမတွေနဲ့ရှုပ်ပွေနေတာ
ပါတီပေး မူးရူးပျက်ဆီးပြီးရင် ငါတွေ့ရင်
ဒါမျိုးဖြစ်လာမယ်ဆိုတာ မင်းမသိလို့လား..."
"ကျွန်တော် ဘာမှမလုပ်ပါဘူးလို့ပြောပြီးပြီ
အဲ့တာကြောင့်သောက်ဂရုမစိုက်နိုင်ဘူး"
"အရိုင်းအစိုင်း....မင်းကိုငါဒီလို
မွေးထားတာမဟုတ်ဘူး...
တနေ့တခြား ငါ့ကိုသတ်ချင်လာအောင်လုပ်နေတာ.."
"သတ်လိုက်....."
"ParkJimin....!!!"
အိပ်ရာပေါ်တွန်းချပစ်ကာလက်ကောက်ဝတ်
နှစ်ခုကိုတင်းကျပ်စွာဖိကပ်ရင်းအုပ်မိုးထားသော
JEonဟာ ဒေါသတွေအဆုံးအထိရောက်နေခဲ့ပြီ။
"သတ်လေ......"
"သတ္တိတွေရှိနေတာပေါ့....."
"သေဖို့ကသတ္တိလိုလို့လား...တစ်ယောက်ထဲ
နေ့တွေ ညတွေ ကို ကျွန်တော်မကြိုက်လို့
လူခေါ်နေတာ...ဘာဖြစ်လို့လဲ..."
ဖြတ်ခနဲအရိုက်ခံလိုက်ရသောပါးသည်
ဖျင်းခနဲ...။အရွယ်ငယ်ငယ်လေးနဲ့
တော်ရုံအရွယ်ရောက်သူတွေပင်အပြည့်အဝ
မလုပ်ဖူးသေးသောအလုပ်တွေကိုသူလုပ်လို့
မိန်းကလေးတစ်ယောက်အိပ်ခန်းထဲရောက်နေလို့
ဆုံးမနေတာ...။အုပ်ထိန်းသူတစ်ယောက်ပီပီသသ
လမ်းကြောင်းတည့်ပေးနေတာ...။
ဒီအမှန်တရားဟာ..အသွေးထဲအသားထဲအထိခါးသက်
လှ၏....။
ရဲတက်သွားသောပါးသည်ပြင်းထန်စွာမရိုက်တာ
တောင် မှတ်ရုံလေးရိုက်မိတာတောင်
လက်ချောင်းရာကအထင်သား...။
အရိုက်ခံရသူကတော့ ထုံပေပေရယ်။
လက်ကောက်ဝတ်ပေါ်ဖိထားသောနောက်လက်တစ်ဖက်
၍အားတွေအနည်းငယ်လျှော့ပါးသွားရသည်။
"ငါမရိုက်ချင်ဘူး...ငါသူများသားသမီးကို
ကိုယ်ထိလက်ရောက်တွေမနာကျင်စေချင်ဘူး
မင်းကိုငါလိမ္မာစေချင်တာ
မကြာခင်ပြန်လွတ်လာတော့မယ့်မင်းအဖေနဲ့
ပြန်ဆုံတဲ့အခါ အကောင်းဆုံးကလေး
တစ်ယောက်ဖြစ်စေချင်တာ..."
"ဖေဖေ လွတ်လာမယ့်အချိန်အထိ
Jamesမစောင့်ချင်လည်းရပါတယ်
ကျွန်တော့်ကို နှင်ထုတ်လိုက်ပါလား...."
"ငါ့ကို မင်းဘာစကားပြောလိုက်တာလဲ...."
"ဝန်ထုပ်ဝန်ပိုးဖြစ်နေရင်ကျွန်တော့်ကိုစွန့်ပစ်လိုက်ပါ..."
JEonဟာ မိနစ်ပိုင်းတွေရောက်တဲ့အထိ
ရင်ခွင်အောက်က ကောင်လေးကို
စိုက်ကြည့်ကာမျက်အိမ်တွေနီမြန်းလာခဲ့သည်။
ဝန်ထုပ်ဝန်ပိုးတဲ့.....သူဒီစကားဘယ်က
တတ်လာခဲ့တာလဲ....။
မေးမေးပြီးရိုက်ရင်လည်းပေစောင်းစောင်း
ဖြင့်သံသရာဟာဆုံးမှမဟုတ်။
"ဒူးထောက်ထား....ငါဒီအခန်းထဲကို
ပြန်ဝင်လာမှထ...."
"ကျွန်တော်အရမ်းပင်ပန်းနေတယ်..အိပ်ပါရစေ.."
"ငါ့စကားကိုဘယ်တုန်းကလွန်ဆန်လို့
ရခဲ့ဖူးလို့လဲ......"
အင်္ကျီစမှဆွဲကာကြမ်းပြင်ပေါ်တွန်းလွှတ်တော့
တစ်ချက်မျှလှမ်းကြည့်ကာဒူးထောက်လိုက်တဲ့သူ။
JEonဟာNecktie တွေကိုဖြေလျှော့လိုက်ပြီး
အခန်းအပြင်သ်ို့တံခါးဖွင့်ကာထွက်သွားခဲ့သည်။
.......
Advertisement
- In Serial77 Chapters
VOID EMPIRE: IMPERIAL MAGE
Eric Grayson was just a welder by day and fantasy junky by night. His free days were spent camping in the woods and reading. When he falls through a crack in the foundation of reality his life is going to get a lot more interesting. Making his way through the sea of chaos, he finds himself, with a little help from a Goddess, in a new universe, on a new planet. The exalted mage lords of the Empire have ruled for over two thousand years. Keeping the Empire safe from the tribes of beast kin and the void monsters that break into reality. A world on the edge of the great universal tree, a bastion against the ever-encroaching void. The realm of the dead and souls is far. The touch of the Gods and Goddesses is faint and growing weaker. This is a Litrpg / Gamelit where I am seeking to explore the idea where an Empire like Rome made it to the Edwardian/Victorian period. With all the decadence and kinky/bdsm stuff, Rome was known for, intact and evolved. Think pride and prejudice but the complete opposite of prudish. This story contains explicit scenes. This is not a collect slave women to bang story. This is not an endless struggle grind. The character is OP. The character is figuring out how to adapt his power to the world. Last, I will point out, glass is five hundred time sharper than steel and can be sharpened down to just a single atom in thickness. Please leave a review and rating as it helps me improve my writing. Feedback is always appreciated; I hope you enjoy. I am working on my grammar as well and hopefully it will improve, through editing. As It has never been a strong suit of mine. chapters Sat 7 pm... until the series is complete.
8 121 - In Serial8 Chapters
Folly of Heroes
Vella may have a Bloodline Quirk, but it doesn't mean that it would be all sunshine and rainbows in a magical new world. A new life means new possibilities, new relationships, but it also means starting over anew. No reputation, no status, no way to know if life would end up the same way, or worse. Some problems just can't be escaped, even with death. In a world constantly pushing against nature to expand human civilisation, Vella throws herself into the recently rediscovered magic of old. Being physically young, she finds herself constantly needing to prove her worth whether if it's to the Martial Arts Academy, the Guild, or her very own parents.
8 143 - In Serial15 Chapters
Mistakes Lead To Success
Mistakes were made and it led to the death of Natalie Freemen. Her soul was captured and cared for by an young god but such protection come with a cost. Instead of taking the original offer she decided to make a deal. She would rome the multiverse and steal the essence that thrives them. In return she could become a demigod. Updates at random Romance is not the focus but a major plot point. I will take suggestions and corrective criticism. *Important Note* This makes for sense as you read along. This story is created by the viewer but there is a twist. Some chapters are static, meaning that it is to propel the plot. Others have polls that will affect other chapters but without a question. This means you don't know what it effects or in which chapter. I wanted to added this effect to create a suspense, something I didn't feel as much in other reader interactive stories. Your vote could create fortune or misfortune for the main character. I know what it will effect because have a chart that tells me the possible routes. You just have to wait and see what your choice have done. I'll even write which poll effects the chapter in the authors note. Characters could die in the story and they won't be leads anymore. In comments you can ask for a detail chart for each poll but it will only be for one answer per poll. I will chose the most requested answer. I do not own the photo.
8 173 - In Serial7 Chapters
Supers Arena Solo
~~~Readers interact with the chapters to co-create a story in which a human is given succeedingly greater degrees of super powers depending on his ability to survive succeeding rounds of super gladiatorial combat.
8 79 - In Serial11 Chapters
Same Crap, Different World
A young man from early 21st century wakes up in a different world. This world is like a typical setting of an fantasy isekai novel. But it is also not. There is magic, alchemy, magical creatures, different non-human races, peasants and nobles, demons and dragons. But there is also politics, persecution, supremacism of every kind, entitlement, slavery and other unpleasant human tendencies. In short, this new world does not differ much from his old one. However, besides him, there may be others who have made such a strange trip, and awakened into this new world. There certainly have been others, in the past. But more than people and other living things, there have been items. All sorts of items, which are regarded as otherworldly artifacts with unknown danger and power. And he himself is an artifact as well, albeit a living one. Therefore he has use for the powers that be. He is also given a role and expectations to fulfill, to hide his real value. And in all that he still has to make sense of what has happened, what is happening, and find a way back, if possible. Author's note: I write this project mostly in (except chapter 1) in 60-100 page (40,000-70,000 word) chapters, edit them as such and later cut them down for publishing into 7-11 page segments (depending on natural breaks in the flow). Therefore, each chapter may be divided into 10-15 subchapters.
8 207 - In Serial19 Chapters
Angels Can Be Bad Too (Bendy X Alice fan fiction)
Literally read the title. :B I am a savage and will constantly kill off characters so you have been warned!!!! This is my first fanfic so please be nice
8 202

