《Adrian》4
Advertisement
Sunday လိုကျောင်းပိတ်ရက်တွေဟာ
နည်းနည်းပျော်စရာကောင်းတယ်..။
"စျေးဝယ်ထွက်ကြမယ် လိုက်ချင်လား..."
အိမ်တစ်အိမ်မှာအိပ်ခန်းအပြင်တကိုယ်စာလေး
နေထိုင်နိုင်ဖို့နေရာလေးတစ်ခုတော့
လိုအပ်သည်။Adrian အတွက်ကခြံထဲက
သစ်ပင်အိုကြီးအောက်သည်
ParkJimin နေရာဟု
ပြောစမတ်တွင်တဲ့အထိ အိပ်ခန်းပြီးရင်
ဒုတိယအနေတတ်ဆုံးနေရာ....။
အလုပ်အားသော
တစ်လတစ်ခါလောက်တော့ဒီကောင်လေးကို
ShoppingMallတွေဆီခေါ်ကာ လိုအပ်တာ
တွေဝယ်ပေးတတ်သည်။
Sundayမှာအလုပ်လည်းနားတာမို့
ရှိနေလိမ့်မယ်ထင်သောသစ်ပင်အောက်
ဆီသို့လာတဲ့အခါ ရုပ်ပြစာအုပ်တစ်အုပ်ဖတ်နေသည်။
"လိုက််ချင်တာပေါ့...."
"ဒါဆို ထ...သွားရအောင်...."
ဂျင်းဘောင်ဘီတိုတိုလေးတွေနဲ့ကြည့်ကောင်း
နေသူဟာ SportShirt
အဖြူရောင်ဖြင့် ပက်လက်လှန်နေရာမှထလိုက်သည်။
စာအုပ်ပိတ်ကာအပျင်းကြောဆန့်ဟန်
လက်နှစ်ဖက်ကိုမြှောက်လိုက်တော့
လှစ်ခနဲမြှောက်တက်သွားသောအင်္ကျီစ...။
အတွင်းခံအမှတ်တံဆိတ်ပေါ်နေအောင်
ဂျင်းဘောင်းဘီတိုတိုကခါးမှာတင်ရုံလေး...။
ပျော့ပျောင်းနူးညံ့လေသောအလှတရာတွေဟာ
New Yorkမြို့ရဲ့မနက်စောစောမှာ
စီစီရီရီ...။စားလက်စပန်းသီးကိုယူကာ
တစ်ကိုက်ကိုက်လိုက်ပြီးစိမ့်ထွက်လာသော
အရည်တွေဟာ နှုတ်ခမ်းဖူးဖူးပေါ်မှာ
လိုက်ဖက်စွာ စိုပြေနေသည်။
"Adrian ကိုယ်...အချိန်သိပ်မရှိဘူးနော်..."
စားလက်စပန်းသီးအားလက်ထဲထည့်ပေး
သွားကာအိမ်ထဲသို့လျှင်လျှင်မြန်မြန်ပြေးသွား
ခဲ့သည်။Jeonဟာ ကိုက်ရာများနှင့်
စားလက်စပန်းသီးကိုကြည့်နေကာ
သွားရာလေးတွေထင်နေသောနေရာတချိူ့အား
လက်ဖြင့်ခပ်ဖွဖွလေးလိုက်ထိနေသည်။
ပြင်ဆင်ဖို့ပြေးဝင်သွားတာမဟုတ်
ကျောပိုးအိတ်နှင့် မျက်မှန်တစ်လက်တပ်ကာ
ပြန်ဆင်းလာတဲ့သူ။
"စုတ်ပြတ်နေတာပဲ...ငါ့ကိုအားမနာဘူးလား
ပြန်လဲ...."
"လျှော်ပီးသားက ဒီတစ်စုံပဲရှိတယ်...."
"စိတ်ပျက်ဖို့ကောင်းလိုက်တာ..."
Jeonဟာ နက်မှောင်နေသောဝတ်စုံပြည့်ဖြင့်
ခမ်းနားစွာ စကားအရာမရောက်သော
ကောင်လေးကိုဘာမှဆက်ပြောချင်စိတ်မရှိတော့
စျေးဝယ်ထွက်ရန်ကားဆီသို့လျှောက်လာခဲ့သည်။
"James ကိုယ်တိုင်မောင်းမှာလား....."
"အင်း....ဘာဖြစ်လို့လဲ အဆင်မပြေဘူးလား
တက်..."
"ခဏ ဖိနပ်ကြိုးချည်လိုက်အုန်းမယ်..."
ကခုန်နေသောခံစားချက်တွေကို
တ်ိုက်ရိုက်ဆန်စွာဖော်ပြ၍မဖြစ်နိုင်။
ဘာဖြစ်နေတာလဲဟုမေးတဲ့အခါ
ဖြေချင်တဲ့လူစားမျိုးမဟုတ်...။
ကြိုးတန်းလန်းနဲ့ဖိနပ်ကိုငုံ့ချည်ရင်း
လှသောနှုတ်ခမ်းလေးတွေသည်ညွှတ်ကိုင်းသွားခဲ့သည်။
ဖိနပ်တွေပဲတွေ့ပါစေ...။
ဖိနပ်ကလွဲပြီး တခြားသောအရာတွေအတွက်
သိပ်ပြီးအဆင်မပြေသေးလို့...။
ကားပေါ်တက်လိုက်ပြီးတဲ့နောက်ခါးပတ်ကို
သေချာတပ်လိုက်သည်။
ကိုယ်တိုင်ကားမောင်းခြင်း ဆိုတဲ့ခေါင်းစဉ်ဟာ
JEon ဘဝစာစဉ်တွေမှာအလွန်ရှားပါသည်။
ကားတံခါးပင်ကိုယ်တိုင်ဖွင့်စရာမလိုတဲ့
မီလီလျှံနာကြီး ကားမောင်းမယ့်အရေးဟာ
စိတ်လှုပ်ရှားစရာ....။
"မင်းနဲ့ဒီလို အပြင်တွေမသွားဖြစ်တာ
တောင်ကြာပြီ...အလုပ်တွေများလို့ပါ
နားလည်ပေးမယ်မလား..."
"အင်း...."
"လိုချင်တာမှန်သမျှဝယ်ပါနောက်တစ်ခါ
ဘယ်အချ်ိန်မှ ဒီလိုအချိန်ပေးနိုင်မှန်းမသိလို့
ပြောတာ နားလည်လား..."
နုနယ်သောမျက်နှာလေးအားစောင်းငဲ့ကြည့်ကာ
JEonက ချော့မော့ဟန်ပြုတော့
ခေါင်းငြိမ့်ပြသည်။
လက်ကနာရီလေးကိုတစ်ချက်ငုံ့ကြည့်ကာ
မျက်နှာလေးကိုကားမှန်ဘက်သို့ပို့လိုက်တဲ့သူ။
"Oh! Yes...စျေးကြီးလေ ကိုယ်ကတော့
ကြိုက်လေပဲ....အကုန်ယူမယ်နော်....
Adrian လာရွေးအုန်းလေ..."
ကမ္ဘာကျော်အမှတ်တံဆိတ်တစ်ခု၏
အဆင်အတန်းမြင့်လွန်းသောShowroom
တွင် Jeon ကို အားလုံးကပိုတောက်ပသထက်
တောက်ပအောင်တမျိုးပြီးတမျိုးပြကာ
ဆင်ယင်ပေးနေသည်။
"Black နဲ့ White ....ကြာပါတယ်
နှစ်ခု လုံးထည့်လ်ိုက်...."
ခမ်းနားသောဆိုဖာကြီးပေါ်တွင်
Jimin ကထိုင်နေသည်။
ခြေထောက်လေးတွေကိုတင်ထားကာ
ညစ်ပတ်နေသောဖိနပ်လေးသည်
ဆိုဖာကြီးနှင့်မလိုက်မဖက်...။
"Adrian ဒါဘယ်လိုနေလဲ..."
တိကျသေချာတဲ့ယောကျ်ားဆန်မှုတွေ
အလျှံအပယ်Jeonခန္ဓာမှာခေါင်းစခြေဆုံး
တလောကလုံးမက်မောလောက်စရာကြီးပဲ။
ပိုပိုကြည့်ကောင်းအောင်ကမ္ဘာကျော်
ဇိမ်ခံပစ္စည်းတွေနဲ့ တမျိုးပြီးတမျိုး
ဝတ်ကာ ထွက်လာပြသတော့
စီးကရက်သောက်ရတာ အီစိမ့်နေတော့တာပဲ...။
စီးကရက်ငွေ့တွေကိုမှုတ်ထုတ်လိုက်ကာ
အနက်ရောင် LongCoatအရှည်ကြီးနဲ့
JeonအားJiminစိုက်ကြည့်နေပုံက Jeonဟာ
ချစ်စရာကောင်းသော ပန်းလေးတစ်ပွင့်လို
အထင်တသေး....။
"မဆိုးပါဘူး...."
"အဖြေကိုမကြိုက်လိုက်တာPerfect
မဖြစ်နေဘူးလား....ပြော..."
"သိပ်မဖြစ်....."
စိတ်မြန်လက်မြန်ကအင်္ကျီတွေကိုဆွဲချွတ်ကာ
အတွင်းShirtကိုပါ ကြယ်သီးတွေ
ခပ်မြန်မြန်ဖြုတ်လျှက်ချွတ်ပစ်လိုက်သည်။
ထင်ခနဲ လင်းခနဲသော ခန္ဓာကိုယ်တည်ဆောက်
မှုမှာ ဘေးမှ ဝန်ဆောင်မှုပေးနေသော
ဝန်ထမ်းမလေးတွေ ဝန်ထမ်းကောင်လေးတွေ
မှင်သက်သွားကြသည်။
"Perfect....."
ဘယ်သူမှမကြားနိုင်တိုးရှရှလေးတစ်ယောက်
ထဲဆိုလျှက် ခိုးဝှက်ပြုံးကာကျောပိုးအိတ်
ထဲကတစ်စုံတစ်ခုကိုနှိုက်နေပြန်သည်။
James ရဲ့အင်္ကျီမရှိတဲ့ခန္ဓာကိုယ်ကချောကလက်
စားရင်းကြည့်ရင်ပိုမိုက်တတ်တယ်။
"မင်းကို ဘာကြိုက်လဲ
လို့မေးနေတယ်လေ လာရွေးလို့....
ခုဝတ်ထားတဲ့ပုံစံကို မကြိုက်လိုက်တာ..."
"James..ကြိုက်တာ ရွေးလိုက်လေ
ကျွန်တော်ပျင်းတယ်..."
ကျောပိုးအိတ်ထဲက ချောကလက်
တစ်ခုကိုဖောက်ကာစားနေပြန်သည်။
"ParkJimin က ဘယ်နေရာကိုပဲ
ခေါ်လာခေါ်လာ အသိစိတ်နဲ့ရေလိုက်ငါးလိုက်
နေမယ်မရှိဘူးနော်...အဲ့မုန့်ကအရေးကြီးနေလား.."
"ဒါကဘယ်လိုနေရာမလို့ ကျွန်တော်
ချောကလက်စားလို့မရရမှာလဲ...."
လူနေမှူအဆင့်အတန်းခွဲခြားတာတွေ
ပကာသနတွေကျော်ကြားမှု ချမ်းသာမှု
အောင်မြင်မှုတွေဟာ သူနဲ့က တစ်လမ်းစီ....။
ခပ်ခွါခွါနေချင်မိသော မတည့်အတူနေတွေလိုပဲ။
ပကာသနကြိုက်သည့် ဖြစ်တည်မှု၏
မျက်လုံးလှလှတွေဟာ အမြဲတမ်းမှာ
သူပေစုတ်စုတ်ဖြစ်တိုင်း အိမ်ခြေရာမဲ့လိုကြည့်တတ်သည်။
ပို၍ပင်စုတ်ပြတ်ချင်လာပြီးကြမ်းပြင်
ပေါ်တွေပါလူးလိမ့်ပြလိုက်ချင်သည်။
အဲ့ဒီSundayတုန်းက
Jamesက တောက်ပြောင်နေခဲ့ပြီး
Adrian ကပေတိပေစုတ်လေး...။
ခေါင်းစခြေဆုံးဘာတစ်ခုမှလိုက်ဖက်မနေခဲ့ကြပါ။
JEonဟာ လူရှေ့မှာတစ်ခွန်းမကျန်နေသော
ချောကလက်ပေပွနေသည့်
ကောင်လေးဆီလျှောက်လာကာ ခါးမှ
လက်တစ်ဖက်ထဲဖြင့်ဆွဲမြှောက်ကာ
အဝတ်အစားတွေဆီခေါ်သွားခဲ့သည်။
မကြာခင်မှာတော့ အရောင်အဝါတောက်တောက်
ပပဖြင့် ပေကပ်ကပ်လေးသည်အရုပ်လေး
တစ်ရုပ်လိုပြန်ထွက်လာတော့သည်။
"ဒီလိုမှမိမိုက်နေမှာပေါ့ကွာ....
Jamesရဲ့ Adrian က ဒီလိုလေးမှ....."
အဝါရောင်ဆံပင်လေးတွေကိုသဘောကျစွာ
နူးနူးညံ့ညံ့ထိတွေ့တော့မော့ကြည့်နေသော
မျက်လုံးပြာတွေသည်သိပ်လှလွန်းနေတာကြောင့်
JEon ကထိတွေ့နေခြင်းကိုရပ်ပစ်လိုက်သည်။
ပင်လယ်ပြာရောင်မျက်လုံးတွေလို့တင်စား၍
ရသည်..။အဲ့ဒီအရာက သွားစမိရင်
Advertisement
အဆုံးမရှိတတ်ကြဘူး....။
ဝယ်စရာရှိတာတွေဝယ်ကာShoppingMall
ထဲနှစ်ယောက်ယှဉ်တွဲကာလျှောက်လာကြ
ရင်းစကားကောင်းကောင်းပြောဖြစ်ခဲ့ကြသည်။
Jimin ဟာပန်းသီးဖျော်ရည်ဗူးလေးကိုင်ကာ
မြင်သမျှအားလုံးJeonကိုလက်ညိုးထိုးပြကာ
ရီမောနေသည်။
ပုံမှန်လမ်းမလျှောက်ဘဲ ခုန်ပေါက်ကာ
ပြေးလိုက် ရပ်လိုက် ပြန်လှည့်ကြည့်ကာ
ပြုံးပြလိုက်နှင့် Jeonသည် ထပ်တူထပ်မျှ
လိုက်ပြုံးခဲ့မိသည်။
"လူတွေကိုဝင်တိုက်မိမယ် Adrian
မပြေးရဘူးလေ....."
"ပြေးလို့လား....ခုရပ်လိုက်ပြီ....."
သူပျော်ချင်လာပြန်ရင်လည်းတားမရဆီးမရ
ဆန်စွာ လမ်းမှာတွေ့သမျှသူစိမ်းအားလုံး
ကိုလည်း မျက်လုံးလေးမပေါ်တော့တဲ့အထိ
လိုက်လံပြုံးပြနှုတ်ဆက်နေပြန်သောကောင်လေး။
ချစ်စရာသိပ်ကောင်းတဲ့အခါအားလုံးက
ဖော်ရွေစွာပြန်ပြုံးပြသွားကြသည်။
"မင်းအရူးလိုပဲ...."
အနက်ရောင်ပုံရိပ်ဆီကျောပိုးအိတ်လေး
လွယ်လျှက်နောက်ပြန်ပြန်လျှောက်လာပြီး
ပြေးတိုက်လိုက်ပြန်တဲ့သူ...။
JEonဟာ ခေါင်းခါလျှက် ကျောပိုးအိတ်လေး
ကိုပြန်တွန်းလွှတ်လိုက်သည်။
"အသက်၁၈ ၁၉ဆိုတာ ဘယ်အရာကိုမဆို
လိုချင်တဲ့အရွယ် လိုအပ်တယ်လို့ထင်နေတဲ့အရွယ်
ကိုယ့်မှာငွေတွေအများကြီးရှိလို့
မင်းကို အကောင်းဆုံးအရာတွေရွေးချယ်ခိုင်းနေတာ
ဘာလို့ ပေါ့တိပေါ့ပျက်လုပ်နေတာလဲ...."
JEon ကိုမော့ကြည့်လာပြန်သည်။
JEonရဲ့ခေါင်းစခြေဆုံးကိုသူအပြန်ပြန်အလှန်လှန်
ကြည့်နေကာ မျက်နှာလေးကတော့
မသိမသာညိုးငယ်သွားလျှက်....။
"အကောင်းဆုံး စျေးအကြီးဆုံး
မင်းအကြိုက်ဆုံးတစ်ခုရွေးAdrian
စျေးဝယ်ထွက်လာတာ အဓိပ္ပာယ်ရှိအောင်တော့
လုပ်ရမယ်...."
တောက်ပနေသောအနက်ရောင်ဆံပင်တွေဟာ
အကောင်းစားခေါင်းလိမ်းဆီနံ့ကြောင့်
တိပကျော့မော့နေလျှက်...။
ရင်ခွင်မှီအရပ်ထက်အနည်းငယ်ပိုသာသော
အနေအထားတွင်Jeonမေးဖျားနားအထိတော့
မှီခဲ့ပါသည်။အပြစ်အနာတစ်ခုမျှမရှိသောမျက်နှာ
ခပ်ပါးပါးနှုတ်ခမ်းတွေနဲ့ မှဲ့ကလေးတစ်ခု...။
ပြင်းရှတဲ့ရေမွှေးနံ့ကနီးကပ်နေတာကြောင့်
မွှန်ထူစွာရနေကာ အနက်ရောင်Shirtနှင့်
ခန္ဓာကိုယ်နဲ့တသားထဲ ဘောင်းဘီကျပ်ကျပ်ဟာ
စျေးအကြီးဆုံးကိုရွေးခိုင်းမှ
အကောင်းဆုံးကိုရွေးခိုင်းမှ
အကြိုက်ဆုံးဆိုမှ......။
ရွှန်းလဲ့နေအောင်ကြည့်နေသော
မျက်လုံးလှလှလေးတွေသည်
မျက်နှာတစ်ခုလုံးကိုစေ့စေ့စပ်စပ်ငေးစိုက်
နေတာမို့ Jeon မျက်လုံးတွေလွှဲလိုက်ကာ
စီးကရက်ရှာဟန်ပြုသည်။ထို့နောက်
"မြန်မြန်ရွေးလို့....အဲ့တာဝယ်ပေးပြီး
အိမ်ပြန်ကြရအောင်..."
စကားဆုံးသည်နှင့်
လက်ဖဝါးတစ်ဖက်ကိုဆုပ်ကိုင်လာသော
လက်ကလေးတစ်ဖက်၏အထိအတွေ့။
JEonချက်ချင်းငုံ့ကြည့်လိုက်တဲ့အခါ
လက်ချောင်းကြားတွေထိ အံဝင်ခွင်ကျဖြစ်
အောင်သူ့ရဲ့လက်ချောင်းသေးသေးလေးတွေကို
သွပ်သွင်းနေသည်။
ခပ်တင်းတင်းဆုပ်ကိုင်လိုက်တာကြောင့်
အသက်မှန်မှန်ရှူနေရာမှ ပိုမိုအသက်ရှူနှုန်း
မြန်လာသူက Jeon.....။
".ကျွန်တော့်ကို.ရေခဲမုန့် ဝယ်ကျွေးပါ James!"
ဆက်ခနဲဆောင့်ဆွဲခံလိုက်ရသော
လက်ဖဝါးသေးသေးလေး၏အားကြောင့်
Jeonဟာ ဆွဲခေါ်ရာနောက်
ပါသွားခဲ့ရတော့သည်။
ရေခဲမုန့်ဆင်တူလိုက်စားရကာ
Shopping Mallမှပြန်ထွက်လာကြပြီး
အနီးအနားက အဆောက်အဦးအဟောင်းတွေ
ရဲ့ လမ်းလျှောက်၍ကောင်းသော
အလွန်လှသောနေရာတွေဆီကောင်လေးက
ထပ်ပြေးသွားပြန်သည်။
"ပေကုန်ပြီ....."
အပေါ်နှုတ်ခမ်းထူထူလေးမှာပေကျံသွား
သောရေခဲမုန့်Creamတချို့ကိုJeon က
ကြင်ကြင်နာနာသုတ်ပေးတဲ့အခါ
ကွေးညွှတ်နေသောနှုတ်ခမ်းလေးတွေ....။
အားလုံးကုန်စင်အောင်သုတ်ပေးပြီးသွားတဲ့အခါ သူက
ရေခဲမုန့်ကို ထပ်ပေအောင်နှုတ်ခမ်းတွေပေါ်
ထိလိုက်ပြန်သည်။
"ကဲလိုက်ရမှ...."
JEonကရီမောကာထပ်မံသုတ်ပေးနေပြန်သည်။
ကျောပိုးအိတ်လေးတစ်လုံးဖြင့်
Newyork မြို့ရဲ့ရှေးဟောင်းအဆောက်အအုံတွေ
ကြားလန်းဆန်းနေသောကောင်လေးဆီမှာ
ဖြူစင်မှုတွေရှိခဲ့သည်...။
နုနယ်မှုလေးတွေအပြည့်...ထိလွယ်ရှလွယ်
ပန်းရိုင်းလေးတစ်ပွင့်လို...ရနံ့များသည်
သစ်သီးနံ့လေးတွေသင်းလျှက်...။
၃၆နှစ်အရွယ် လူကြီးတစ်ယောက်ကို
အပျော်ရွှင်ရဆုံးသော တောက်ပမှုတွေ
တလက်လက်နှင့်မျက်လုံးလှလှတွေဖြင့်
တစ်ချိန်လုံး နှစ်လိုဖွယ်ရာ စိုက်ငေးကြည့်ရင်း
ကျောင်းပိတ်လေးကိုဤသို့ဤဖုံသူဖြတ်သန်း
ခဲ့သည်။
ကျောပြင်ပေါ်ခုန်ပေါက်တက်လာသော
သေးငယ်မှုလေးအားဖမ်းထိန်းလိုက်ကာ
JEonသည်လည်းအလုပ်တွေ ပူပင်စရာ
တွေကိုဘေးချိတ်ထားတာမို့လွတ်လွတ်လပ်လပ်ပါပဲ။
"နောင်ဘယ်နှနှစ်နေရင်
ကျွန်တော့်ခန္ဓာကိုယ် ကို မနိုင်တော့ဘူးလဲ
ဆိုတာကျွန်တော်သိချင်လိုက်တာ...."
နှစ်တွေအများကြီးအထိ ခရီးတွေသွားချင်
သေးတာ...။အနာဂါတ်နဲ့ကံကြမ္မာကိုသာ
ပိုင်ရင် Sunday တွေကြီးပဲထပ်ခါထပ်ခါ
ရေးခြစ်မိပါပဲ.....။
အတ္တကြီးတယ်...လောဘလည်းကြီးတယ်...
အရွယ်ငယ်ပေမယ့် ပိုင်ခဲ့ဖူးတယ်လို့ခံစားရတာ
သိုင်းဖက်ထားသောခမ်းနားတဲ့ဖြစ်တည်ခြင်း
တစ်ခုသာရှိလို့ ....။
"မင်းခန္ဓာကိုယ်လေးကို ဘယ်အသက်အရွယ်
ရောက်ရောက်မနိုင်စရာဘာအကြောင်းမှ
ကိုမရှိဘူး....."
"ကျွန်တော်က ထွားလာအုန်းမှာ...."
"ပေါင်မုန့်တွေပဲစားရင်မထွားလာဘူး.."
ကျောပေါ်မှခုန်ဆင်းပြန်ကာလက်မောင်းကြီး
တွေကိုတွဲခိုရင်း သူဆော့ကစားပြန်သည်။
တစ်လတစ်ခါမှမကတော့ခုတောင်ဘယ်နှလ
နေမှသူ့ကိုဒီလိုအချိန်ပေးဖြစ်လဲပြန်မရေတွက်ချင်။
အရမ်းကြာညောင်းနေပြီမို့ပျော်နေမယ်ဆိုတာ
နားလည်နေတဲ့အခါJeonက ဘယ်လိုဆော့ဆော့
အဟန့်စကားတစ်ခွန်းမထွက်ခဲ့။
ဒီအချိန်လေးတွေ
ဒီလိုအားလပ်ရက်လေးတွေ....
ပုံရိပ်လေးတွေ ရီမောသံလေးတွေ....
ပျိုပျစ်နုနယ်မှုလေးတွေ...
အရာခပ်သိမ်းဟာ တစ်ချိန်ကျ အတိတ်စာမျက်နှာ
တွေအဖြစ်ပြောင်းလဲသွားမှာသေချာနေတာမို့
လက်ပိုက်ကာနံရံတစ်ခုမှာမှီလျှက်
လွတ်လပ်ပျော်ရွှင်နေသောပျိုပျစ်နုနယ်ခြင်းလေး
ဟာစိုက်ငေးနေခဲ့သည်။
"ပြန်ကြရအောင် Adrian"
ပုခုံးလေးတစ်ဖက်အားရင်းနှီးစွာ
ဖက်ကာအိမ်ပြန်ရန် ပြောတော့
မငြင်းခဲ့ပါ။ခေါင်းညိတ်လျှက်
လိမ္မာစွာ အိမ်အပြန်လမ်းဦးတည်ခဲ့တဲ့သူ။
နာရီသံတစ်ချက်ချက်နှင့် အိမ်ပြန်ချိန်
တန်တဲ့ ရှားပါးSundayလေး၏
နှုတ်ဆက်ချိန်ရောက်တော့လည်း
မတတ်နိုင် Jimin ဟာ ခေါင်းငိုက်စိုက်ဖြင့်
အိမ်ပြန်ခဲ့ရတာပဲ....။
"မပြန်ချင်ရင် ဒီလမ်းတွေမှာပစ်ထားလိုက်ရမလား.."
ပုံမှန်ဖက်ထားသောပုခုံးလေးမှ
ပို၍နီးကပ်သွားအောင်Jeonကဆွဲဖက်လိုက်ကာ
စနောက်သလိုလိုမေးတော့
အေးစက်စက်မျက်နှာလေးပြန်ဖြစ်နေပြီးတဲ့သူ။
ဒီမျက်နှာဆိုစကားတွေမပြောချင်တော့ဘူး။
ခံမပြောနားမထောင်...ရေခဲရိုက်မျက်နှာနှင့်
ပေစောင်းစောင်းကောင်လေးကို
အနိုင်ကျင့်ဖက်ကာကားဆီပြန်ခေါ်လာခဲ့ရတော့သည်။
Newyork မြ်ို့ကြီးကတော့စည်ကားလို့နေဆဲ။
"ဈေးဝယ်ထွက်ကြမယ် လိုက်ချင်လား..."
လိုအပ်သည်။Adrian အတွက်ကခြံထဲက
ParkJimin နေရာဟု
ဒုတိယအနေတတ်ဆုံးနေရာ....။
အလုပ်အားသော
တွေဝယ်ပေးတတ်သည်။
"လိုက်ချင်တာပေါ့...."
"ဒါဆို ထ...သွားရအောင်...."
နေသူဟာ SportShirt
သွားရာလေးတွေထင်နေသောနေရာတချို့အား
ပြန်ဆင်းလာတဲ့သူ။
ပြန်လဲ...."
ဈေးဝယ်ထွက်ရန်ကားဆီသို့လျှောက်လာခဲ့သည်။
တက်..."
တိုက်ရိုက်ဆန်စွာဖော်ပြ၍မဖြစ်နိုင်။
ဖိနပ်တွေပဲတွေ့ပါစေ...။
သေချာတပ်လိုက်သည်။
စိတ်လှုပ်ရှားစရာ....။
နားလည်ပေးမယ်မလား..."
"အင်း...."
ဘယ်အခ်ျိန်မှ ဒီလိုအချိန်ပေးနိုင်မှန်းမသိလို့
ပြောတာ နားလည်လား..."
ခေါင်းငြိမ့်ပြသည်။
"Oh! Yes...ဈေးကြီးလေ ကိုယ်ကတော့
Adrian လာရွေးအုန်းလေ..."
ဆင်ယင်ပေးနေသည်။
နှစ်ခု လုံးထည့်လိုက်...."
Jimin ကထိုင်နေသည်။
"Adrian ဒါဘယ်လိုနေလဲ..."
တိကျသေချာတဲ့ယောက်ျားဆန်မှုတွေ
ဝတ်ကာ ထွက်လာပြသတော့
အထင်တသေး....။
"မဆိုးပါဘူး...."
မဖြစ်နေဘူးလား....ပြော..."
"သိပ်မဖြစ်....."
မှင်သက်သွားကြသည်။
"Perfect....."
"မင်းကို ဘာကြိုက်လဲ
ကျွန်တော်ပျင်းတယ်..."
အဲ့ဒီSundayတုန်းက
ချောကလက်ပေပွနေသည့်
ရသည်..။အဲ့ဒီအရာက သွားစမိရင်
အဆုံးမရှိတတ်ကြဘူး....။
ရီမောနေသည်။
လိုက်ပြုံးခဲ့မိသည်။
မပြေးရဘူးလေ....."
"မင်းအရူးလိုပဲ...."
Advertisement
- In Serial8 Chapters
ToTo's Strange Journey: Underground Delivery
Brian Law Korn was an average guy living an average life until one day he met his friend, Brender who entrusted him with a strange box and a toaster to be delivered to an unknown location. Little did he know this will change his life forever.This is part 1 of the (hopefully) 3 parts long ToTo's Strange Journey series. This is a parody based on the action-adventure manga/anime JoJo's Bizarre Adventure by Hirohiko Araki
8 93 - In Serial16 Chapters
An Otherworldly Tale: The Ark Saga
The Ark Saga. A tale of a contest between mages, and a group of friends who get thrown into the fray.
8 185 - In Serial12 Chapters
The New Zeitgeist
Awana was the ruler of the sky, the God of clouds and weather before almost all of his power and divinity were stripped away and his body forced into an unending slumber. It was not until millenniums later when a tribe of elves who worshipped him in the ancient past awoke him. He was awakened into a new era where ten gods who also stripped away the divinity from other gods like him abuse their powers. They ruled the world with tyranny; only keeping some kingdoms and mortals who worship them safe while marginalizing others. As it turned out, Awana still has a sliver of his previous powers. Now filled with thoughts of anger and revenge, he plans to create a kingdom of heretics cast away by the gods, revive other fallen gods like him to join forces, and finally kill all of the ruling gods. Kingdom Building (a Floating kingdom in the skies and a diverse population) Author's Note: Grammar might be messy. Yes, I am a non-native speaker but I'm not trying to use that as an excuse. I am going to try to improve. Also, I am currently in University so there are times where I might be gone for an extended period of time and other times where I am quite free and able to write chapters. Cover Art from https://www.deviantart.com/kvacm/art/God-Of-Thunder-727825324. If you are the artist and wishes to remove it, please contact me.
8 81 - In Serial25 Chapters
The Rules of Dungeoneering
The First Rule of Dungeoneering: This will kill you Sylvester Bayes, the 4th son of a small baron, has suddenly had his head filled with the memories and work of someone who had dedicated their life to memorizing every dungeon they could find and designing a new RPG system. Not about to waste these gifts, Sylvester quickly sets out to get rich quick and discover the reasons behind his sudden knowledge. (Please note, this is dressed up actual play from my testing of a tabletop RPG. It is actually how the game has gone and there is a very real chance that anyone, including Sylvester, could die in any encounter. To help make my job easier I am using dungeons written by other people, which is why I have listed this as a fanfiction. I put links to all of them in the chapters where they are relevant.)
8 199 - In Serial37 Chapters
Master's Vampire (Book 1 of The OutCaste Series)
Evelyn, a Disabled vampire, slowly learns about feelings after being bought by her Master as a gift for his human mistress........"Hate to break it to you when you're smiling like that, but Evie, you're awful at dancing," he said bluntly as he goes in for a dip.I follow his lead and bend a bit backwards. "Dancing requires trust.""Then I guess we have a lot of improving to do together," he said with a grin as he pulled me back up.Delusional.But I can't help grin. And I also can't help but get used to his toothy one.
8 191 - In Serial50 Chapters
Aot x reader (book #1)
A single soul who is watching aot. Wake up, wake up, she's in the freaking anime!Also, I might accidentally add a manga spoiler in this fanfic. Not only aot but maybe kny too. So, if you wanna read, go on and enjoy. This is actually my first ever fanfic. 😁😁Attack on titan belongs to Hajime Isayama.Demon Slayer belongs to Koyoharu Gotouge.乃ㄖㄖҜ 1 ✔︎
8 179