《Adrian》6
Advertisement
"October 13ပြီးမှပဲပြန်တော့မယ်
Adrian မွေးနေ့Partyကိုကျွန်မ
ကူညီပေးချင်သေးတယ်....."
Lollipop တစ်ခုကိုပါးစပ်ထဲထည့်ရင်း
လှေကားတွေအတိုင်းဆင်းလာကာ
တော့ ထမင်းစားခန်းထဲတွင်ခြေရှုပ်နေကြသော
လူများ.....။
ခြေမရှုပ်သောအတွဲကတော့ ခုံတွင်ထိုင်နေကာ
မျက်နှာချင်းဆိုင်လျှက် အကြည်စိုက်နေကြဟန်။
မနက်စာ စားဖို့ဝင်လာသောခြေလှမ်းတွေဟာ
တိခနဲရပ်သွားကာ Lollipop ကို
သွားဖြင့်ခပ်နာနာကိုက်ချလိုက်မိသည်။
တစ်နေရာကိုထွက်သွား
ဖို့ဆုံးဖြတ်လိုက်ပြီးလှည့်ထွက်ဟန်ပြုတော့
ကိုရီးယားအမျိုးသမီးလေးရှေ့က
ပန်းသီးစိတ်တွေ...။
ပန်းကန်ထဲကပန်းသီးတွေကိုယူကာJeonကို
လှသောအပြုံးလေးတခုဖြင့်ခွံ့ကျွေး
ပေးနေတော့ ဒါဟာ သူ့ပစ္စည်းနဲ့မျက်နှာလုပ်
နေတာမျိုးပဲ....။
JEonကလည်းစားရဲနေသည်။
သူ့ပစ္စည်းလည်းမဟုတ်ပါပဲနဲ့လေ....။
မဆဲမိအောင်မနည်းထိန်းလိုက်ရသောစိတ်သည်
မလွယ်ကူလှ။
ထမင်းမဝရင် တော်သေးသည်။
ပန်းသီးကတော့ မဝ၍မဖြစ်။
ဘယ်သူဖြစ်ဖြစ် မကျွေးချင်ပါ....။
ParkJimin အတွက်လ်ို့တံဆိပ်ခပ်
ထားသမျှက ParkJimin ကလွဲ
ကျန်သူများနဲ့မဆိုင်...။
ဒါကစည်းမဲ့ဘောင်မဲ့ဖြစ်ရပ်။
မှုံတေတေအိပ်ရာထခါစမှာမျက်နှာ
လည်းမသစ်ရသေးပါ...။
မကြည်မလင်စွာထိုအနားကိုလျှောက်
သွားလိုက်ပြီး မိန်းကလေးလက်ထဲက
JEonနှုတ်ခမ်းနားရောက်တော့မယ့်
ပန်းသီးစိတ်ကို ဆက်ခနဲယူလိုက်သည်။
"ဒါ ငါ့ဟာ....."
"Jimin....နိုးလာပြီလား လာထိုင်လေ
တို့ မနက်စာပြင်ပေးမယ်..."
စကားကိုဂရုမစိုက်ဘဲ
ပန်းသီးပန်းကန်ကိုဆွဲယူလိုက်တဲ့အခါ
ထိုမိန်းကလေးကJiminကို
ပြုံးယဲ့ယဲ့စိုက်ကြည့်သည်။
"ပန်းသီး တွေက ပြဿနာရှိနေလို့လား ကလေး"
စားစရာတွေတပုံကြီးရှိရက်နဲ့ပန်းသီးကိုမှ
ရွေးချယ်ခြင်းသည်သောက်ပြဿနာစစ်စစ်ကြီး
ဖြစ်ကြောင်း Adrian က ထိုမိန်းကလေးကိုကိုင်ပေါက်ကာ
သက်သေပြချင်နေပါ၏။
ပန်းသီးပန်းကန်ကိုပြန်ဆွဲထားကာမိန်းကလေး၏
မေးသောဟန်တွင်
သူစိမ်းတွေနဲ့ပဲကျင်လည်ကြီးပြင်ခဲ့ရသူမို့
အစွယ်ဘယ်နှချောင်းထက်သလဲ
နားလည်လိုက်ပြီးပြီ...။
"ငါ့ဟာ....."
"Adrian ဘာ ကို ငါ လဲ...
စကားအသုံးအနှုန်းကအဆင်မပြေလိုက်တာ..."
"နေပါစေ...ဘာများနားလည်အုန်းမယ့်
အရွယ်မလို့လဲ..ကျွန်မအဆင်ပြေပါတယ်Jeon.."
"ကိုယ်တို့တစ်လုံးပဲယူစားတာ
ဒီနေ့ ချက်ချင်း အစားပြန်ထိုးပေးမယ်နော်..
မျက်နှာသွားသစ်တော့...."
"အဲ့လောက်အထိအလိုလိုက်နေစရာ
မလိုဘူးနော် Jeon...Adrian
တနေ့တခြားထိန်းမရတော့တာဒီလိုကိစ္စတွေ
လည်းအများကြီးပါတယ်..."
အမေဖြစ်သူ၏အသံသည်ခပ်တင်းတင်း
JEonကိုကြည့်နေတာမျိုးမဟုတ်။
ရော့တိရော့ရွဲ မှုံတေတေကောင်လေးကို
စိုက်ကြည့်ရင်းဆိုနေတာ....။
"နင်...သူ့ဒုက္ခတွေခံပြီးပြီး
သူ့အဖေပြန်ထွက်လာရင်ထည့်ပေးလိုက်
ရင်ဝဋ်လည်းကျွတ်ပြီ..
ငါတို့ဘာမှကောင်းတယ်ဆိုးတယ်မပြောတော့
တာလည်းအချိန်တွေသိပ်မကျန်တော့လို့
ဒါပေမယ့် အဲ့အချိန်တွေကိုမရောက်ခင်
ခုလိုနင့်အိမ်ထောင်ဖက်နဲ့နင့်ကြား
နှောက်နှောက်ယှက်ယှက်လုပ်တာမျိုးတွေကိုတော့
အစ်မ ထပ်သည်းခံနေမှာမဟုတ်ဘူးနော်..."
ဘာလို့ပန်းသီးပန်းကန်ကိုဆွဲထားတဲ့
လက်သည်းရှည်ရှည်နဲ့လက်တွေက
မလွှတ်တာလဲ...။ဘာပြောပြောJimin
ဘယ်သူ့စကားတွေကိုမှနားထဲမဝင်ထုံထိုင်း
ကာကြားဖူးနားဝတွေမို့စိတ်မဝင်စား။
လွှတ်မပေးသော လက်သည်းအရှည်တွေကသာ
အဓိကဒေါသတို့ဖြစ်တည်ရာ...။
"ပန်းသီးတွေကိုထားခဲ့ပြီးမျက်နှာ
သွားသစ်လိုက်တော့နော် ကလေး..."
"Adrian နင့်ကိုသွားတော့လို့ပြောနေတယ်လေ..
အရာအားလုံးကJeonပိုက်ဆံနဲ့
ဝယ်ထားတဲ့ပစ္စည်းတွေပဲ
နင့်အပ်ိုင်လို ပိုင်စိုးပိုင်နင်းလာလုပ်လ််ို့မရဘူး..."
"ဒါကို ငါ ပိုင် တယ်..."
သေးသွယ်သောလက်ညိုးလေးဟာ
ပန်းသီးပန်းကန်ကိုသေချာစွာမထိုးထား
JEonနဲ့ ပန်းသီးပန်းကန်ကြားကလေဟာနယ်ထဲမှာ။
JEonဆီကိုရည်ညွှန်းရာလေးအနည်းငယ်မျှ
ရွေ့သွားတဲ့အခါ
အစ်မဖြစ်သူ၏မျက်နှာသည်မှိုင်းပြသွားခဲ့သည်။
"နင်ကများ......"
စားနေရာမှ ချက်ချင်းဆိုသလိုထလာကာ
Jimin ဆီပြေးလာတော့ ပန်းသီးလှီးသော
ဓားက ဆက်ခနဲကောက်ယူပြီးတဲ့သူ။
"Adrian!!!"
ကြောင်ပေါက်လေးတွေမြင်တိုင်း
ပန်းပွင့်လှလှလေးတွေမြင်တိုင်း
မထိမကိုင်ရက်ထိတွေ့တတ်သော
လက်ကလေးတွေဟာ ဓားကောက်ကိုင်လိုက်
တော့လည်းသိပ်ကြောက်စရာကောင်းနေတာပဲ။
Adrian က နားလည်ရခက်၏။
"JeonJungkook....နင့်အရိုင်းအစိုင်းကို
နင်ကြည့်စမ်း နင်ကြည့်လိုက်စမ်းပါ..."
တကယ်ကိုပဲဓားနဲ့လှမ်းပေါက်လိုက်တဲ့သူ။
ပွတ်ခါသီခါရှောင်၍လွတ်သွားသူသည်
အလွန်လန့်သွားခဲ့သည်။
အပစ်ခံရသူထက်ပိုလန့်သွားခဲ့သူကJeon။
"နင်က ငါ့သမီးကို ......"
အမေဖြစ်သူသည်အပြေးအလွှားထလာကာ
Jiminဆီလက်ရွယ်လျှက်ပြေးဝင်လာတော့
JEonသည် Jiminအားနောက်သို့တွန်းပို့လိုက်သည်။
"မေမေ....မလုပ်ပါနဲ့....."
"ဘာကိုမလုပ်ရမှာလဲ...နင့်အစ်မကို
ဘာလုပ်လိုက်သလဲ နင်မမြင်တာလား ..."
"မြင်တယ်...အဲ့တာအတွက်သူ့ကို
ကျွန်တော် ဆုံးမမှာပါ...."
"ဆုံးမမနေဘဲတစ်နေရာရာ က်ို ပို့လိုက်စမ်းပါ....
ငါတို့ နင့်လက်ထက်ပွဲ ဖြစ်မြောက်ဖို့
သူက အတားအဆီးလို့ပဲမြင်နေတယ်
ခုကိစ္စကသက်သေပဲ...."
"ငါလုံးဝမကျေနပ်ဘူးနော်Jeon...
အဲ့ကောင်လေးတနေ့တခြားပိုပိုရိုင်းစိုင်းလာတာ
အရူးလိုပဲ....!!!!"
"ငါမရူးဘူး!!!!!"
ခန္ဓာကိုယ်နောက်သို့ပို့ထားရက်ကပင်
ရုန်းကန်ထွက်ကာအစ်မဖြစ်သူဆီ
ပြေးသွားသော ကောင်လေးအား
JEon ခက်ခဲစွာဖမ်းချူပ်ထားလိုက်ရကာ
ထမင်းစားခန်းထဲမှ ဆွဲထုတ်သွားခဲ့သည်။
"ParkJimin!!!!"
ခေါ်ဆောင်လာခဲ့တာကJeonရဲ့အခန်းအကျယ်
ကြီးဆီသို့ ။ရုန်းကန်နေသောခန္ဓာကိုယ်ကို
ခက်ခက်ခဲခဲဆွဲခေါ်လာပြီးကြမ်းပြင်ပေါ်
တွန်းလွှတ်တော့ ပုံရက်သားလဲကျသွားခဲ့သည်။
အင်္ကျီစနှစ်ခုကိုကြမ်းတမ်းစွာဆောင့်ဆွဲယူကာ
JEonက မျက်နှာချင်းဆိုင်လျှက်
"ဘယ်သူ့အားကိုးတွေနဲ့လဲ!!!
ဘယ်အားကိုးတွေရှိနေလို့ မင်းဒီလို
အရိုင်းအစိုင်းဖြစ်နေရသလဲ ငါ့ကိုပြောစမ်း!!!"
ဓားနဲ့လှမ်းပေါက်တဲ့လုပ်ရပ်သည်..
အစ်မအရှောင်မြန်လို့ မမြန်ရင်
မတွေးရဲ.....။ဒီကလေးရဲ့စိတ်အတွေး
ဒီကလေးရဲ့စိတ်ဝိဉာဉ်ကဒီလောက်ကြမ်းတမ်း
နေပြီလားဆိုတဲ့ခြောက်ခြားမှုသည်
JEonမျက်နှာပေါ်မှာဟန်မဆောင်နိုင်တော့။
အလွန်ကြောက်နေပါသည်။
ဒီလောက် ထိန်းသိမ်းယုယနေတဲ့ကြားက....။
"ပန်းသီးက ကျွန်တော့်ဟာလေ....."
တစ်လုံးချင်းရှင်းလင်းစွာဆိုလာလေသော
စကားသည် နှုတ်ခမ်းဖျားလေးကမဟုတ်
ရင်ထဲက တစ်လုံးချင်းစီတန်းကျလာသော
စကားတွေ.....။
"ဘယ်သူပြောလဲ....ဘယ်သူကသတ်မှတ်ခဲ့
လို့လဲ မင်းအပိုင်လုပ်နေရအောင်..."
"............."
"စိတ်လွတ်မှုက လူသေသွားနိုင်တယ်
မင်းသိရဲ့လားParkJimin...
မင်းက အဲ့ဒီလိုစိတ်ကြမ်းလူကြမ်း
ကလေးတစ်ယောက်လား ငါ့ကိုပြောစမ်းပါ...
ငါမွေးထားခဲ့တာ ဒီလိုကြီးပြင်လာခဲ့တာလား..."
Advertisement
"ပန်း သီး ကို သူ လု ယူ နေတာ
James...မမြင်လို့လား...."
"မြင်တယ်....ငါမြင်ပါတယ်...ဒါပေမယ့်..."
စူးခနဲသောအပြာရောင်မျက်လုံးတွေရဲ့ဒဏ်ကို
ခံနိုင်ဖို့ ဘယ်လိုလေ့ကျင့်ယူရမလဲဆိုတာ
JEonမသိတော့....။
"ငါ့ကို အဲ့လိုမကြည့်နဲ့ Adrian..."
"ဘာလို့လဲ...."
"ငါရိုက်ပစ်မိလိမ့်မယ်နော်...."
ကြည့်နေရင်းမှ နှုတ်ခမ်းတစ်ဖက်ထဲ
တွန့်ကွေးသွားအောင်ပြုံးပြနေပြန်သည်။
"ငါသူ့ကိုလက်ထပ်မှာ....
သူကငါ့မိန်းကလေး....
ငါ့အိမ်ထောင်ဖက်...
မကြာခင်မှာ ငါတို့မင်္ဂလာဆောင်ကြမှာ
ငါသူ့ကို ချစ်တယ် လိုချင်တယ်
ငါသဘောကျတယ်...
မင်းအဖေ ပြန်ထွက်လာရင်မင်းတို့အတူတူပြန်ဖြစ်
သွားရင် ငါတို့ဆိုးလ်ကိုပြန်ပြီး
တစ်ဘဝလုံးအတူတူနေသွားတော့မှာ...
ငါ့ဘဝကိုသေတဲ့အထိ မင်းကိုထိန်းကျောင်းရင်း
မကုန်ဆုံးနိုင်ဘူး ရှင်းလား....
အလိုလိုက်ထားတယ်ဆိုပြီး ကမ်းမတက်နဲ့.."
အင်္ကျီစကို စုတ်ပြဲတော့မတတ်ဆုပ်ကိုင်ကာ
မျက်လုံးတွေကိုတည့်တည့်ကြည့်၍
ရှင်းရှင်းလင်းလင်းဆိုလာသောစကားတွေသည်
နားကြားလွဲစရာတစ်ခုမှပင်မရှိ။
အသက်ရှူတွေမြန်လာရုံမှအပ တခြားသော
တစ်စုံတရာပြောင်းလဲမှုမျိုးတော့Adrian ထံမှာ
ရှာဖွေ၍မတွေ့ခဲ့ပါ။
"ငါ့ကို အဲ့ဒီမျက်နှာ အဲ့ဒီအချိုးမျိုးနဲ့
မဆက်ဆံနဲ့.....ငါလုပ်လိုက်ရင်တစစီ
ဖြစ်သွားလိမ့်မယ်နော် ...."
"ဘယ်နေ့ လဲ မင်္ဂလာဆောင်က...."
အေးစက်စက်အသံလှိုင်းနှင့်အတူ
ချွေးစတွေစို့နေသောမျက်နှာသည်
တုန်လှုပ်ခြင်းအရှင်းမရှိ။
"မင်းနဲ့ ဘာဆိုင်လို့လဲ....."
အင်္ကျီစတွေမှ Jeonလက်တွေကိုတစ်ချောင်းချင်း
ဆွဲဖြုတ်နေသောသူသည်စကားများများ
ပြောတတ်သူမဟုတ်...။ကြည့်နေရင်းနဲ့
ရဲတက်လာသောမျက်နှာနှင့်ပထမဆုံး
အကြိမ်မြင်ဖူးခဲ့သော မျက်အိမ်နီနီတွေ...။
မျက်ရည်စက်တွေတော့မရှိနေပါ။
Adrian ကမငိုတတ်ဘူး။
"မဆိုင်ဘူးလား....ဒါဆိုဒီလက်တွေကိုလွှတ်လိုက်လေ.."
အံကြိတ်ကာJeonလက်တွေကိုအားသုံး
ပြီးဆွဲဖြုတ်နေခြင်းတွင်မျက်နှာသည်
မြင်ခဲ့ဖူးသမျှသော ကကြိုးတွေထဲ
အခက်ထန်ဆုံး....။Jeonဟာလွှတ်မပေးနိုင်။
"လွှတ် လိုက်..လေ....James..
မဆိုင်ဘူးဆို.....လွှတ်...ခုလွှတ်လိုက်ပါ..."
မလွှတ်ပေးနေသောအင်အားကြီးသူသည်
မေးရိုးတွေတင်းသည်အထိ
ဒေါသလား တခြားဘယ်လိုအရာတွေများ
ပျော်ဝင်နေမလဲမခန့်မှန်းနိုင်သော
မျက်နှာရိပ်ဖြင့် အင်္ကျီစတွေကိုဆွဲထားဆဲ။
Adrian မျက်နှာထက်လှောင်ပြောင်သော
အပြုံးရိပ်လေးတစ်ခုမျက်နှာပေါ်ထင်လာကာ
"JeonJungkook က..ဟာသ...နော်..."
ရွဲ့စောင်းစောင်းတစ်ချက်မျှကြည့်ကာ
လှောင်ပြောင်ဟန်ပြောပြီးမျက်နှာကို
တစ်ဖက်သို့လှည့်သွားခဲ့တဲ့သူ။
၁၈နှစ်ရွယ်ကောင်လေး၏အရွဲ့အစောင်း
လေးတစ်ချက်သည်လက်တွေတုန်တဲ့အထိ
ဆက်ဆက်ခါနာသွားရသည်။
ဒုန်း.....။
လွှတ်ချလိုက်တဲ့အခါ စောင်းမြောင်းဆဲ
မျက်နှာအနေအထားနဲ့ပင်ကြမ်းပြင်ပေါ်
ခွေခနဲကျသွားခဲ့တဲ့သူ။
"နောက်ထပ် လူကြီးတွေအပေါ်
ထပ်ရိုင်းရိုင်းစိုင်းစိုင်းတွေပြောဆိုပြုမူရင်
မင်းငါ့အကြောင်းကိုကောင်းကောင်းသိမယ်...
ထွက်မလာနဲ့ ဒီအခန်းထဲက ....ဘာမှလည်းမစားနဲ့..."
ကြမ်းပြင်ပေါ်ပစ်ချရင်ပစ်ချတဲ့အတိုင်း
ပြိုလဲနေသူသည် ဘာတုံ့ပြန်မှုတစ်စုံတရာ
မှမရှိ။Jeonဟာ အမိန့်ချသလိုအသံခပ်မြင့်မြင့်
ဖြင့်ပြောဆိုပြီးတဲ့အခါ အခန်းထဲကထွက်သွား
ဖို့ဟန်ပြင်သည်။တံခါးဖွင့်လိုက်ချိန်တွင်
နောက်ဆုံးအနေနဲ့လှမ်းကြည့်တော့
ခန္ဓာကိုယ်လေးကွေးသွားပြန်တဲ့သူ....။
ကျယ်လောင်သောတံခါးပိတ်သည်
အိမ်ကြီးထဲသိမ့်ခနဲ......။
အိပ်ခန်းအကျယ်ကြီး၏ကြမ်းပြင်ပေါ်က
ကောင်လေး၏ ခန္ဓာကိုယ်လေးတုန်သွားခဲ့တော့သည်။
..................................။
October 13.......။
"လန်းနေတော့တာပဲ...Adrian..."
Sea၏ချီးကျူးစကားကိုသဘောကျစွာ
ခေါင်းငြိမ့်ပြကာSeaရဲ့ခါးသေးသေးလေး
ကိုသိုင်းဖက်လိုက်သည်။
"ဟေ့ကောင်...လူကြီးတွေနဲ့...."
October 13တိုင်း အကြီးမားဆုံးပါတီတွေကို
JEon က ကလေးဘဝထဲကဖန်တီးပေးတတ်
သည်။၁၉နှစ်ပြည့်ကိုလည်းခမ်းခမ်းနားနားပေါ့။
ဘဝရဲ့ဘယ်အခြေအနေတွေမှာဘယ်လို
ပြဿနာတွေတက်တက် လုပ်ပေးရမယ့်တာဝန်
ဝတ္တရားတွေကိုအနည်းငယ်မျှပင်အတိမ်းအစောင်း
မခံခဲ့ပါ....။
ပါတီသည်ခြံကြီးထဲလူမျိုးစုံဖြင့်အလွန်ပင်
စည်ကားနေပြီး မွေးနေ့ရှင်သည်
အတက်ကြွဆုံးဖြစ်နေသည်။
ဝိုင်တွေ ရှိန်ပိန်တွေလောက်တော့မထိတော့။
ဝီစကီခွက်လေးကိုင်ကာ ရေထဲက
ပျော်မြူးနေသောသူငယ်ချင်းတွေကို
Seaရဲ့ ခါးကိုဖက်တွယ်ရင်း လှမ်းစနေသည်။
"Happy Birthday Adrian Cheer!!!"
"Yes!!!!!....."
လှသောအမျိုးသမီးတစ်ယောက်၏
သွယ်လျလျလက်တစ်ဖက်အချိတ်ခံထားရသော
လက်မောင်းတွေနဲ့အတူ အိမ်ထဲမှထွက်လာ
သောJeonသည်ရေကန်ဆီအကြည့်ရောက်သည်နှင့်
ရပ်တန့်သွားသည်။
လွှတ်ချလိုက်တာကကြမ်းပြင်ပေါ်....။
လွှင့်စင်သွားခဲ့တာက မိုင်ပေါင်းကဋေကဋာ
ကိုချီလို့....သူဟာရုပ်နာမ်မရှိတော့သော
အငွေ့အသက်လို ရေကူးကန်ဘောင်ပေါ်က
၁၉နှစ်သားလေးက သေလူလိုနောက်ပိုင်းနေ့ရက်တွေမှာဆက်ဆံနေပါသည်။
မရှိတော့သလို မသိတော့သလို..
ဥပေက္ခာထက်ပိုအဆင့်မြင်သော
သောက်ဂရုလုံးဝမစိုက်တော့ခြင်းတွင်
မျက်လုံးချင်းပင်မဆုံတော့....။
လူကသာ ဖိနပ်စုတ်လေးကိုတမ်းတမ်းတတ
မိုးထိုးနေသောParkJiminရဲ့မာနလမ်းသည်
လုံးဝဖြောင့်ဖြူးနေပါသည်။
Adrian သူ့ကိုစကားလုံးဝမပြောတော့ပါ။
"Birthday Presents ပေးကြ ပေးကြ..."
"ခုန်ဆင်းလာခဲ့ ဝိုင်းနမ်းပေးမယ်...."
"ရွံဖို့ကောင်းလိုက်တာ...ဟာ...."
ရေကန်ထဲကလူတွေအားလက်ခလည်
ထောင်ပြကာ ခင်မင်မှုကိုပွင့်လင်းစွာ
ပြသနေသည်။
"Happy Birthday Adrian...."
Seaက ပြာလွင်လွင်မျက်ဝန်းလေးတွေနဲ့
ဆွဲကြိုးလေးတစ်ခုထုတ်လာကာဆွဲပေးသည်။
"မျက်တွင်းတွေကျနေတယ်
ညတွေမအိပ်ဘဲငါပို့တဲ့ဇာတ်ကားတွေ
ကြည့်နေတာလား...."
ခပ်ပါးပါးခန္ဓာကိုယ်လေးဟာသေးငယ်ရ
တဲ့ကြားထဲ ယူပစ်သလို ပိုပိန်လှီသွားတာ
မို့Seaက မေးလာသည်။
"ဆိုပါတော့....."
Sea၏မျက်ဝန်းတွေသည်မိန်းမလှလေး
တစ်ယောက်အားပိုင်နိုင်စွာတွဲထွက်လာကာ
ဧည့်သည်တွေကိုလိုက်လံနှုတ်ဆက်နေသော
JEonဆီရောက်သွားခဲ့သည်။
"ဇာတ်ကားတွေက တစ်ခါတလေကျရင်
ငါတို့အကြိုက်မတွေ့တာမျိုးလည်း
ရှိမှာပဲ....စိတ်မပူပါနဲ့Adrian
ဘာမှစိုးရိမ်ဖို့မလိုပါဘူး....
ဇာတ်ကားတွေကအများကြီးပါ...
မင်းအဆင်ပြေမယ့်အထိ ငါရှာပေးလို့ရတယ်..."
JEonတို့အတွဲကိုလှမ်းကြည့်ကာခေါင်းတငြိမ့်ငြိမ့်
ဖြင့်ပြောနေသော Seaဟာ ကြောင်တောင်တောင်။
"Sea....."
"အင်း....."
"ပျော်ပျော်နေကြမယ်လေ...
ကမယ် လွင့်မယ် အန်ထွက်တဲ့အထိသောက်ကြမယ်..
ဇာတ်ကားကိစ္စထားလိုက်တော့..."
"ထားလို့ရလား...."
"ရတယ် ရတာပေါ့...Don't Worry..."
ဆံပင်လေးတွေကိုJiminကထိုးဖွကာ
ဝီစကီခွက်ထိုးပေးတော့ယူကာCheerတဲ့သူ။
"Cheer !!"
"Congratulations Mr Jeon...
သတို့သမီးလောင်းက သိပ်လှတာပဲ...
ပါတီအကြောင်းပြပြီး ကြွားချလိုက်တာပေါ့လေ..."
"အဲ့လိုဖြစ်သွားလား..."
"မင်္ဂလာဆောင်ရင် ဖိတ်ပါအုန်း...
ကလေးမွေးနေ့ကိုတောင်ဒီလောက်ခမ်းခမ်းနားနား
ကျင်းပတာ Wedding ကျဘယ်လိုများ
ဖြစ်မလဲ စိတ်ဝင်စားနေပြီ...."
"ဆိုးလ်မှာဆောင်မှာပါ...အားလုံးကို
ကျွန်မဖိတ်ပါတယ်နော်..."
Seaတို့ထိုင်နေရာနားလာရီမောဂုဏ်ယူနေကြ
သောလူများသည်မျက်နှာဖုံးတွေကိုယ်စီဖြင့်။
Jiminသည် ရေကန်ထဲက ကောင်မလေး
တစ်ယောက်ကိုစတော်ဘယ်ရီတွေတစ်လုံးပြီး
တစ်လုံးပစ်ပေးနေပြီးရီမောနေသည်။
ချိုင့်ဝင်နေသောမျက်အိမ်တွေနဲ့
ပိန်လာ၍ပေါ်နေသောညှပ်ရိုးတွေသည်
ထုံးစံအတိုင်းမလုံမခြုံဝတ်ထား၍အတိုင်းသား။
ဘေးတိုက်ကြည့်ကာ မွန်းကျပ်လာသည်။
"Adrian..."
"အင်း......"
"မပျော်နေဘူးမလား....."
"မူးနေရင် ရေဆင်းကူးလိုက်...Sea
အာရုံလာမစားနဲ့ စားချင်ရင်စတော်ဘယ်ရီစား.."
စတော်ဘယ်ရီတစ်လုံးကိုနှုတ်ခမ်းနား
သို့တေ့ပေးလာသည်။Seaသည်
နှုတ်ခမ်းလေးနဲ့ပဲယူလိုက်ကာဖြည်းဖြည်းချင်း
ဝါးနေသည်။
"ငါ့အသက်၂၀ မွေးနေ့ကျရင်...
စတော်ဘယ်ရီမရှိလည်း...မင်းတစ်ခုခုအဆင်ပြေတာ
စားလိုက်....အရက်တော့တအားမသောက်နဲ့Sea
မင်းကမူးလေ လှလာလေပဲ...
မျက်လုံးလေးတွေက
ငါရင်အခုန်ရဆုံး တွေ...ကြိုက်လိုက်တာ...."
ပါးနှစ်ဖက်ကိုလက်သေးသေးလေးတွေနဲ့
ဆွဲဖျစ်ကာအသဲယားဟန်ပြုသူသည်
ဟန်ဆောင်နေတာမျိုးမဟုတ်...။
သူသိပ်သဘောကျရကြောင်းသိသာနေသည်။
"ဖြုတ်ပေးလို့ရရင် ခုချက်ချင်းမွေးနေ့လက်ဆောင်
ငါမင်းကိုပေးလိုက်ချင်ပါတယ်...
မျက်လုံးဖြစ်နေလို့..ပေးလိုက်ရင်
ငါမင်းကိုမမြင်နိုင်တော့မှာစိုးလို့..."
"အဲ့လောက်မလိုပါဘူး...
မင်းနဲ့ပဲ ဒီအရာကလိုက်ဖက်တာကို..."
"ရေကူးမယ် လာ......"
Seaလက်ကိုဆွဲကာရေကန်ထဲပြိုင်တူခုန်ချ
လိုက်တဲ့အခါ ဖွင့်ထားသောမြူးကြွတဲ့
တီးလုံးတွေနဲ့စိတ်လွတ်ကိုယ်လွတ်
ရေပြာပြာထဲကခုန်နေခဲ့သည်။
မူးဝေနေပြီဖြစ်တဲ့Jiminဟာရေကန်ထဲတွင်
သိပ်အခြေအနေမဟန်တော့၍Seaက
ရေထဲမှ ဘောင်ပေါ် ဆွဲမြှောက်ချီကာ
တင်လိုက်တော့ ပါးစပ်ထဲမှရေတွေနဲ့
လိုက်ညစ်ပတ်နေသေးသည်။
Seaကရေထဲမှ Jiminအားမော့ကြည့်ရင်း
ဘာလုပ်လုပ်သည်းခံပေးနေသည်။
"Sea....ငါရေတွေဒီလောက်စိမ်နေတာတောင်
ပူနေတုန်း...ငါ့အသားတွေကျက်သွား
တော့မလိုပဲ အရက်သောက်လည်း
အရက်မမူးဘူး..."
"မင်းဘာလုပ်ချင်လဲ...."
"ငါထိုင်နေကျ အပင်အောက်သွားမလား
စကားပြောကြရအောင်..."
"ညဘက်ကြီးမှောင်လွန်းတယ်...."
"သရဲကြောက်လို့လား..."
"အထင်သေးလိုက်တာ...."
"လာစမ်းပါကွာ..."
ရေထဲကလူအားအတင်းဆွဲခေါ်ကာ
လက်ဖဝါးတွေကိုကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်လျှက် Jiminမူးမူးနဲ့ဦးတည်နေခဲ့တာက
နေ့ဘက်ကတော့နေ့အလင်းနဲ့အဆင်ပြေနေပေမယ့်
ညဘက်ကတော့အလင်းမဲ့သောသစ်ပင်ကြီးအောက်။
စီးပွါးဘက်တချို့ဖြင့်စကားပြောနေတုန်း
ရေကူးကန်ထဲ က အမြင်မသင့်တော်သော
နေထိုင်မှုနှစ်ခုသည် အမှောင်ထုထဲကိုလက်တွဲ
ကာဝင်သွားပြန်သည်။
"JEon....မေးနေတယ်လေ..တစ်ခုခုအဆင်မပြေလို့
လား..."
"Sorry..."
နားလည်မှုအပြည့်အဝဖြင့်သိမ်မွေ့သော
မျက်အိမ်လှလှလေးတွေသည်ခြယ်သထား
တာလည်းကျွမ်းကျင်မှုအပြည့်။
အရောင်ရင့်ရင့်တွေမပါဘဲ တည်ငြိမ်ရင့်ကျက်စွာ။
"JEonက စီးပွါးရေးကိစ္စတွေကိုအမြဲ
တွေးတောနေတော့တစ်ခါတလေအဲ့ဒီလိုပဲ..."
"နားလည်မှုပေးနိုင်တဲ့လက်တွဲဖော်နဲ့
တွေ့ရတာသိပ်ကံကောင်းတယ်Jeon..."
လက်မောင်းတစ်ဖက်ဆီချိတ်ကိုင်ထား
သောလက်သွယ်သွယ်တွေဟာပွဲစထဲက
လျှော့သွားတယ်ရယ်မရှိ....ပိုင်နိုင်စွာရှိလှသည်။
"Jeon သူတို့ကပြောနေတယ် ကျွန်မကို
တွေ့ရတာ ရှင်သိပ်ကံကောင်းတယ်တဲ့...
အဲ့တာဟုတ်လား....."
သိပ်လှတဲ့အမျိုးသမီးတစ်ယောက်၏
ချစ်စရာကောင်းစွာမေးဟန်တွင်
JEonကလူကြီးလူကောင်းပီသစွာ
ခေါင်းညိတ်ပြတော့ အားလုံးကသဘောတကျ။
"ပင်ပန်းနေတာလား Jeon
ခဏနားမလား..."
"ကောင်းသားပဲ...."
အတွဲညီညီနှစ်ယောက်လုံးပြုံးရီနေကြလျှက်
ဆူညံသောပါတီအလည်မှအိမ်ထဲသို့
ပြန်ဝင်ရန်ဆုံးဖြတ်လိုက်ကြသည်။
အပင်အိုကြီးရှိရာအမှောင်ထုကိုတစ်ချက်
လှမ်းကြည့်ပြီး Jeonဟာအိမ်ထဲသို့
ဝင်သွားခဲ့သည်။
"တစ်ခုခုဖြစ်နေတာလားJeon...
ရှင့်စိတ်တွေ ပစ္စုန်ပန်မှာမရှိတဲ့ပုံပဲ...."
JEon အိပ်ခန်းထဲကမေးသံသဲ့သဲ့လေးဟာ
ဒေါသတရားမရှိ ပကတိအေးအေးချမ်းချမ်းပဲ။
နှုတ်ခမ်းလေးတွေဟာပြုံးနေပြီး
အိပ်ရာထက်ထိုင်နေသောJeonဘေးတွင်
ပူပန်စိုးရိမ်နေသလို.....။
"ဘာမှမဖြစ်ပါဘူး....မင်းစိတ်ထင်နေလို့ပါ..."
"ကျွန်မတို့ရင်းနှီးတာမကြာသေးဘူး
ဆိုပေမယ့်ရှင့်ကိုနားလည်နေတယ်
လက်ထပ်ပြီးရင်ပိုပြီးနားလည်လွယ်နေမလား
မသိဘူး...."
မြန်မြန်ဆန်ဆန်ခေါင်းငြိမ့်လိုက်ရတဲ့
ဒီဖြစ်ရပ်မှာ...ဒီမိန်းကလေးဟာသိပ်လှလို့'..။
မြင်မြင်ချင်းမှာပဲကယ်တင်ရှင်တွေ့သွားခဲ့
သလို စိတ်တွေကိုကသောင်းကနင်းဆန်ခဲ့စေလို့။
သင့်တော်ရာ ထိုက်တန်ရာ ဒီလူနဲ့ဒီလူမှ
ဆိုတဲ့သတ်မှတ်ချက်တွေနဲ့ Jeonဟာ
ရွေးချယ်ခဲ့သည်။
ယဉ်ယဉ်ကျေးကျေး ကျော့ကျော့မော့မော့
နဲ့ဒီအမျိုးသမီးဟာ သူနဲ့ဘယ်လောက်တောင်
ရှေ့သွားနောက်လိုက်ညီကြောင်းမြင်သမျှ
သောလူတိုင်းကချီးကျူးထောပနာပြုခဲ့ကြသည်။
အသက်၂၃ကစ စကားကောင်းကောင်းပြော၍
အဆင်မပြေတော့သောမိသားစုဆိုတဲ့အရာနဲ့
အသိုက်ကွဲလိုမဖြစ်တော့ဘဲပြန်လည်ပေါင်းစည်း
နိုင်ခဲ့သည်။
သူမအဖေဟာ ရေနံသူဌေးတစ်ယောက်မို့
JEonခြေဆန့်ရမယ့်နောက်ထပ်စီးပွါးရေး
ခြေလှမ်းတွေဟာလည်းလျှမ်းလျှမ်းတောက်နေလျှက်။
ဇာတ်ညွှန်းဆရာတွေစိတ်ကူးယဉ်ပြီး
ရေးသားထားသောအလွန်အဆင်ချောသော
ဇာတ်ကောင်တွေထက်ပင်သူ့ဘဝက
သူ့အနာဂါတ်ကတောက်ပလွန်းနေပါသည်။
ဒီထက်ပိုအံဝင်ခွင်ကျဖြစ်စရာတော့ဘာမှမရှိတော့။
"မေးနေတယ်လေ Jeon..."
လက်ဖဝါးတွေကိုဆုပ်ကိုင်လျှက်
သူမကမျက်နှာနားကိုခပ်နီးနီးတိုးကပ်ကာ
တိုးဖွဖွလေးဆိုလာပြန်သည်။
ချိုမြိန်ပြီး မြင်ရသူအဖို့စိတ်အေးချမ်းသက်သာ
စေသောမျက်နှာလှလှလေးသည်
ချီးကျူးထိုက်ပါ၏။
"လက်ထပ်ပြီးရင်တော့ဘယ်သူမဆို
နားလည်သွားကြမှာပဲလေ...
ကိုယ်လည်းမင်းကိုနားလည်မှာပါ...."
"ကျွန်မကို ချစ်တယ်မလား Jeon
ကျွန်မရပ်တည်မှု ကျွန်အနေအထားနဲ့
ထုတ်မေးရတာ နည်းနည်းကသိကအောက်
နိုင်ပေမယ့် သိချင်မိလို့ပါ...."
"ကိုယ်တို့အသက်အရွယ်တွေက
အချစ်အကြောင်းကိုဆွေးနွေးနေရအုန်းမှာလား...."
"ကျွန်မလက်ထပ်မယ့်ယောကျ်ားက
ကျွန်မကိုချစ်မချစ်တော့သိချင်တယ်လေ
အချစ်မှာ အသက်အရွယ်မလိုပါဘူး"
"ကိုယ်ပြောရမှာရှက်နေတယ်...
ကိုယ်ချစ်သူရည်းစားလည်းမထားခဲ့ဖူးလို့
Adrian ကိုပဲ တစ်ချ်ိန်လုံး စောင့်ရှောက်ခဲ့ရတော့
အဲ့ဘက်ပိုင်းတွေမှာ မရဲတင်းဘူး..."
ကုန်နေသောအရှက်တွေကိုနောက်ထပ်
တော့ထပ်မကုန်မခံနိုင်တော့။
JEonဟာဘယ်လိုယောကျ်ားမျိုးမလို့လဲ..။
သည်းခံပေးရလိမ့်မည်။
"လက်ထပ်ပြီးရင်ရော အဲ့ဒီကလေးက...
ကျွန်မတို့နဲ့အတူတူရှိနေမှာလား..."
စိတ်သက်သာရာရနေတဲ့မျက်နှာလှလှလေး
ကိုJeonကဒီတစ်ခါတော့စူးစူးရှရှကြည့်လာသည်။
စေ့စေ့စပ်စပ်ကြည့်လာတဲ့အခါ
အကြည်ဓာတ်လေးဟာ တရားခံတစ်ယောက်
လိုမနေတတ်မထိုင်တတ်လာတော့။
ယောကျ်ားတစ်ယောက်ရဲ့ကြိုက်လို့
စိုက်ကြည့်နေသောအကြည့်မျိုးမဟုတ်
လိုက်ဖမ်းဆီးနေသလိုပဲ....။
"အတူတူရှိနေရင်ရော မင်းကအဆင်မပြေဘူးလား.."
Advertisement
- In Serial244 Chapters
The Reincarnation of Alysara [Progression LitRPG]
After being reincarnated as a fox-like race in a fantasy world filled with magic and mysteries Alysara finds herself blinded after reaching too far for something she should not have. Now she must train her ability to sense the mana around her and discover what mana and magic really is to see. This story has been inspired by Azarinth Healer with a similar system yet changed enough to be new and interesting.WARNING!!! This will feature a lot of progression, and discovery, this will feature a lot of grinding and in-depth explanations of magic and other discoveries.
8 235 - In Serial30 Chapters
P I G S
A man awakes one day on an unfamiliar island with unfamiliar things. It seems to be inhabited by strange human-like creatures that on a second look don't seem to be human. A strange man in a bathrobe who helps those who end up here. A strange church that keeps him safe. Mysteries unfold as he learns about the island. However, he must remember one thing. Never trust pigs.
8 148 - In Serial7 Chapters
Archive of James: Origins.
*** Official start of Project is on the 16th October 2016 *** Summary Prologue and any released chapters/informational links are subject to change This is a fan fiction based on the works of Skada88 (permission was granted), This story is written to contain events that occur in his world but should not necessarily be considered “In canon” with his story. 2101 years ago a mass exodus of all species occurred from a bounteous large continent to a confined continent of sparse resources, Kingdoms of humans gathered in the center of continent, protected by high natural walls yet also damned by them for the lack of space, many of them living in fear of larger forces taking control. The Kingdom of Vonai has been standing at its precipice for many years, coerced and convinced by outside they decided to perform a ritual capable of tearing souls from other worlds to serve as soldiers. However the torch lit by man’s light reaches only so far before shadows come watching and waiting… each with its own cunning plans to manipulate power that could shatter even the heavens. ============================================ AOC - Origins. 1-2 releases per week Evolution tree dynamics Limited stats/Game style mechanics Mature language/Graphic Violence Varying paces between action/adventure and information based chapters
8 167 - In Serial45 Chapters
The Lonely Wanderer
Shenzi walks this world cursed. On a fateful night that will forever change Shenzi's life, Shenzi enter's the "God's Game" Interrupting the god's game, Shenzi is branded as the damned. As a young disciple of the village's Temple Head. Shenzi learns about the beauty of the outside world, as well as the corrupt and foul play. As a young teenager with a wild imagination. Shenzi writes a story called "The Lonely Wanderer" Fate would twist in the way his book serves as the "Foundation" Shenzi's life will follow from this fateful night onward.
8 215 - In Serial16 Chapters
Another Ending ( BNHA x Child reader/Oc)
Chihoko is trapped in this prison.Ever since Eri left, the routine has been...-Wake up-Eat the tiniest amount of food-Blood extraction-Reset 3-4 times a week-Get thrown back into your cellThe heroes have no idea Chihoko exists until more cases of a quirk erasing bullets show up.Will things finally turn around?I do not own 'Boku No Hero Academia'I only own the OC ChihokoChihoko can be replaced with (Y/N)
8 85 - In Serial44 Chapters
Clato
Ever wondered what was happening over at the careers? Maybe you never quite understood why Cato was crying at Clove's death? What if there was a whole story behind it? The start's a little slow but just keep reading, it gets better c:
8 66

