《Adrian》9
Advertisement
December........အစ.......။
ပြန်မလာခဲ့တော့ဘူး...အရိပ်ကလေးတောင်
မှအစအနေလေးတောင်မှJeon
မမြင်တွေ့ရတော့ဘူး...။
ခြံထဲခေါင်းငိုက်စိုက်အသိစိတ်မကပ်နေတဲ့သူလို
ပန်းသီးလေးကိုက်ရင်းခြေဗလာနဲ့
လျှောက်သွားတတ်တဲ့ ပုံရိပ်လေးတွေဟာ
JEonကို အရူးအမူးနှိပ်စက်နေခဲ့တယ်...။
အင်အားတွေသုံးကာJeonဟာအိမ်ကိုပင်
ပြန်မလာတော့ Newyork မြို့ရဲ့လမ်းတွေ
အပေါ်အရူးကြီးလို ကမ္ဘာတွေပျက်ခဲ့တယ်...။
သွားတတ်သောနေရာတွေ ရှိနေမယ်ထင်သော
အရပ်ဒေသတွေ....ကျယ်ပြောလှသော
ကမ္ဘာ့မြို့ကြီးတွင် ယောက်ယက်ခတ်နေခဲ့သည်။
တစ်ခုခုများဖြစ်နေရင်ဆိုတဲ့စိတ်
သူမသိတဲ့ထောင့်တစ်နေရာမှာ
ဒုက္ခရောက်နေမလားဆိုတဲ့စိတ်...
ကိုယ့်အရိပ်အာဝါသမှာ လုံခြုံစွာ
ရှိခဲ့တာတောင် ရာခိုင်နှုန်းပြည့်စိတ်ချခဲ့တဲ့သူ
မဟုတ်ခဲ့ပါဘူး...။
အမှောင်ထုကိုသူကြောက်တယ်...
မိုးရွာရင် သူကြောက်တယ်....
အသံကျယ်ကျယ်အော်တာမျိုးတွေကို
သူသိပ်လန့်တတ်တယ်...
အဓိပ္ပာယ်မဲ့ ရီမောချင်ရင်ရီမောနေတတ်တယ်
အကြောင်းပြချက်မရှိဒေါသတွေလည်းထွက်
တတ်တယ်....။
ငယ်ရွယ်လွန်းတဲ့အချိန်မှာကြုံခဲ့ရတဲ့အဖြစ်အပျက်
ဆိုးတွေကြောင့် သာမာန်ကလေးတစ်ယောက်လို
Adrian ကကြီးပြင်းမလာခဲ့ဘူး....။
တောက်လျှောက်သိခဲ့ရတဲ့Adrian ရဲ့
အမူအကျင့် ဟန်ပန်တွေ သည်
အနည်းငယ်နားလည်ရခက်တတ်ပေမယ့်
သိပ်အဆိုးအဝါးကြီးမဖြစ်နေခဲ့တာဟာ
JEon ဘက်ကအစွမ်းကုန် ပြုစုယုယပေးခဲ့လို့
တိမ်းစောင်းလုနီးပါး ခပ်ယဲ့ယဲ့စိတ်အခြေအနေ
တွေကို နည်းပေါင်းစုံနဲ့ ထိန်းမတ်ပေးခဲ့လို့
ထိုကြောင့် ဒီကလေးဟာ ဘဝအစစ်ထဲ
လူ့လောကအစစ်ထဲ သူမပါဘဲ သူ့လက်တွေမရှိဘဲ
ဝင်ဆံ့လို့မရပါ...။ ဒါကအသေချာဆုံး။
အဆုံးထိပူလောင်နေသောရင်တစ်ခုလုံး
သည်မီးစနဲ့ထိုးနေသလို...။
နေထွက်လာလိုက် နေဝင်သွားလိုက်...
ကားပေါ်မှာ လဲပြိုကျရင်း..ရုပ်ပျက်ဆင်းပျက်
အော်ငိုနေခဲ့သည်။
"မတွေ့ဘူး.....Jeon...."
"အဲ့ဒီမှာမရှိဘူးတဲ့...."
"မသိခဲ့ရဘူး Jeon...."
"စုံစမ်းလို့မရခဲ့ဘူး ..."
ထပ်ခါ ထပ်ခါ စကားတွေနဲ့ Jeonဟာ
October နဲ့November တစ်လလုံးလမ်းပေါ်မှာ....။
"Sea.....ငါ့ကိုပြော....Adrian ဘယ်မှာလဲ...."
လမ်းဘေးတစ်နေရာကားရပ်ကာ
Platform ပေါ်ထိုင်လျှက်Jeonအသံဟာ
ကျယ်လောင်ပြီးအမိန့်ဆန်လွန်းသည်။
"မသိဘူး Jeon...ကျွန်တော့်ကို
တစ်ရက်ကိုဖုန်းဘယ်နှခါဆက်နေမှာလဲ....
ဒါအနှောက်အယှက်အရမ်းဖြစ်လွန်းတယ်..."
"ငါ့ကိုလိမ်ရင် မင်းကိုနုံ့နုံ့စင်းမှာနော်....."
ကျောက်ဆောင်ပေါ်ထိုင်ကာပင်လယ်ကို
စိုက်ကြည့်နေသောSeaသည်ခြိမ်းခြောက်မှု
တွေခံရလွန်းလို့ မဖြုံတော့။
"မသိပါဘူးဆို....အာရုံပဲ...."
"မိတဲ့နေ့ကတော့နှစ်ယောက်လုံး
သေပြီသာမှတ်....."
"Adrian နဲ့အတူတူသေရမယ်ဆိုရင်တော့
သေချင်ပါရဲ့....."
"သောက်ကလေး.....မင်းဘယ်မှာလဲ
မင်းဘယ်မှာလဲ ဆိုတာငါ့ကိုမပြောနိုင်ရတာလဲ
ငါ့ကိုလာတွေ့ဆိုလည်းဘာကိစ္စ
ရှောင်ဖယ်နေတာလဲ..."
"Mr Jeonကသာအားနေတာလေ
ကျွန်တော်ကမအားဘူး...အချိန်တန်ရင်
ပြန်လာပါလိမ့်မယ်....ဒါပဲ..."
"ဟေ့ကောင်!!!!!"
ဖုန်းချလိုက်ကာ
ခပ်ဝေးဝေးတွင်ကမ်းခြေကခရုခွံလေးတွေကို
လိုက်ကောက်နေသောပုံရိပ်ငယ်အား
Seaလှမ်းကြည့်လိုက်သည်။
ရက်တော့နည်းနည်းကြာနေပြီ....။
သူဘာလို့မပြန်သေးတာပါလိမ့်...။
နောက်တစ်ပတ်လောက်သာထပ်ဖွက်ထားပေးမိရင်
Newyork ဟာ သူ့ အုပ်ထိန်းသူကြီးလက်ချက်
နဲ့မြို့ပျက်ကြီးဖြစ်တော့မှာပဲ.....။
အပြာနုရောင် Shirt နဲ့အဖြူရောင်ဘောင်းဘီ
တိုလေးရဲ့ တွဲစပ်မှုဟာ သိပ်လှလေသော
ဖွဲ့စည်းမှုလေးရဲ့အပေါ်မှာ....။
ဖြူဖွေးနေတဲ့ပေါင်တံလေးတွေ...
လှလွန်းတဲ့ခြေသလုံးသွယ်သွယ်လေးတွေ...
ပင်လယ်ရေတွေလာလာနမ်းပြီးပြန်ပြေးဆင်း
သွားတဲ့ ပေါ်လာလေသော သဲတွေပေါ်က
ခပ်ရဲရဲခြေချောင်းလေးတွေ...
လေတိုက်နေတာမို့လွင့်နေသောအဝါရောင်
ဆံပင်နုနုလေးတွေ.....။
လှမ်းကြည့်နေတာသိသွား၍လှမ်းခေါ်နေသော
ပြုံးယဲ့ယဲ့မျက်နှာလေးကိုSeaစိုက်ကြည့်
မိခဲ့၏။
လူမျိုးတွေမတူ
ဘာသာတွေမတူ ယဉ်ကျေးမှုတွေမတူ
နိုင်ငံ့သမိုင်းကြောင်းတွေ ကွဲပြားလည်း
အချစ်က အချစ်ကပဲ.....
အချစ်မှာ...ကန့်သတ်ခြင်းစည်းဘောင်မရှိခဲ့ဘူး။
ချစ်တယ်....ငါမင်းကိုချစ်ခဲ့ပါတယ်...
အာရှတိုက်ရဲ့ရေတွေမြေတွေအကြောင်း
တစိုးတစိတောင် ငါမရင်းနှီးဘဲ....
အာရှ တိုက်ရဲ့ အလှဆုံးသော ဖြစ်တည်မှုလေး
ကိုတော့ အချစ်စစ်အချစ်မှန်နဲ့ငါချစ်ခဲ့ပါတယ်....။
"အိမ်မပြန်ဘူးလား Adrian ....ရက်တွေကြာနေပြီ....."
ပင်လယ်ဘက်မျက်နှာမူကာငြိမ်နေသော
လူဆီဘေးချင်းယှဉ်ရပ်ကာ မေးတော့
ခေါင်းဝါဝါလေးသည်
အောက်သို့အနည်းငယ်ငုံ့သွားခဲ့သည်။
"ငါက ဝန်ထုတ်ဝန်ပိုးဖြစ်နေပြီလား...Sea
အဖေ ထွက်လာတော့မှာပါ ပြီးရင်
ငါထွက်သွားပေးပါ့မယ်..."
"ဘာတွေဖြစ်ခဲ့တာလဲ....Jeonအရမ်းစိတ်ပူ
နေတယ်...တော်ရုံကိစ္စဆို အလျှော့ပေးပြီး
အိမ်ပြန်လိုက်ပါတော့လား..."
"မပြန်ချင်ဘူးဆိုလည်း...ငါ့ကိုတစ်ခုခု....."
"ငါ...အိမ်ပြန်လို့မရတော့လို့ပါကွာ...."
ဖြူဖတ်ဖြူလျော်မျက်နှာနှင့်အမြဲချိုင့်ဝင်
နေတဲ့မျက်လုံးတွေဟာ ဘယ်အချိန်ကြည့်ကြည့်
အားမရှိနေ။ သူဆွေးနေသလား လွမ်းနေသလား
သူဘာတွေဖြစ်နေလဲမခန့်မှန်းနိုင်နေသော်ငြား
တိုးရှရှ ဆိုလာဟန်ဟာ ဆို့နစ်မှုကိုဖြစ်စေပါ၏။
ထပ်မေးဖို့ရန်ကို ထပ်မေးချင်စိတ်မရှိတော့
အောင် သူသိပ်ကြည့်တတ်ပါ၏။
"Clubတစ်ခုခု သွားရအောင် Sea
ဒီလိုနေရတာ ပျင်းစရာကြီး....."
"မူးရင်....ထွက်လာမှာပဲ ဘာတွေဖြစ်လာသလဲ
ဆိုတာသိရအောင်....မင်းကိုငါအမူးတိုက်ပြမယ်..."
"ဘာမှထွက်လာစရာမရှိဘူး...ဟေ့ကောင်
ကဲစရာ ရှိတာ ကဲမယ်...."
လက်ချောင်းတစ်ခုမှာဝတ်ဆင်ထားခဲ့သော
တန်ဖိုးကြီးလက်စွပ်တစ်ခုကို
သဲသောင်ပြင်ပေါ်ကိုပစ်ချလိုက်တဲ့သူ။
"သွားရောင်းလိုက်...ရသမျှအကုန်
လွင့်ပစ်မယ်...ငါကတိုင်းဆနေရရင်
မပျော်တတ်ဘူး...."
"ငါ့မှာပိုက်ဆံရှိပါတယ်...."
"မင်းပိုက်ဆံ နည်းနည်းလေးနဲ့...
အရာမဝင်ဘူး....ဖျော်လိုက်...."
Seaက သောင်ပြင်ပေါ်ကလက်စွပ်ကို
ယူလိုက်ကာဘောင်းဘီအိတ်ထဲသို့
ထည့်လိုက်သည်။
Foolsသီချင်းကိုငြီးကာ ကမ်းခြေတစ်လျှောက်
ပြေးလွှားသွားသောကောင်လေးသည်
တက်ကြွနေသော ခြေရာပေါင်းများစွာဖြင့်။
ပြေးလွှားနေရင်းရုတ်တရက်
ခွေခနဲ လဲကျသွားတဲ့အခါ Seaကပြေးထူတော့
ကမ်းခြေပေါ် လှဲချသွားခဲ့သည်။
Advertisement
အပြစ်တင်ဟန်Seaကိုပြုံးပြုံလေး
ကြည့်ကာ လက်နှစ်ဖက်ဆန့်တန်းပေးလာသည်။
"ခြေချော်သွားတာ....ခြေချော်သွားတာ ထူ ငါ့ကို.."
ပေးလာသောလက်ဖဝါးသေးသေးလေးအား
ဆွဲယူလိုက်ကာထူလိုက်တော့ထပ်မံယိုင်ခနဲ။
မထူးတော့ကျောပေါ်တင်လျှက် အိမ်ဆီပြန်ခဲ့ကြသည်။
ကမ်းခြေလေတွေသည်တဖြူးဖြူး......။
...............................။
"Cheer!!!!...."
ပျော်မြူးခဲ့ဖူးသောမြို့လည်ကောင်က
အဆင်မြင့်Clubတွေလောက်တော့
မမိုက်ပေမယ့် လက်ရှိကစရိုက်ပိုများကာ
စိတ်ရှိတိုင်းလွင့်၍ရနေ၏။
တီးလုံးတွေကြား
ခန္ဓာကိုယ်တစ်ခုလုံးရမ်းခါစွာကနေသော
သူသည် ဘာကိုမှဂရုမစိုက်....။
ဘာကိုမှစိတ်မဝင်စား....။
တစ်လောကလုံးတစ်ယောက်ထဲရှိနေသလို
အလွန်မြူးကြွနေသည်။
အဖက်ဖက်ကလည်းထူးခြားတဲ့လူမျိုးခြားကောင်လေး
ကိုယောကျ်ား မိန်းမအားလုံးကမျက်စပစ်
နေကာ သားကောင်လေးလိုဝိုင်းကြည့်နေကြသည်။
"ဒီနေရာတွေကိုစောစောကသိရမှာ
ငါက မကောင်းလေ ကြိုက်လေပဲ...."
"တစ်ညလုံးတော့မနေဘူးနော်Adrian သိပ်ပြီးမသန့်ဘူး
မင်းကို စားမတတ်ဝါးမတတ်ကြည့်နေကြတယ်
ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်...."
"ကြောက်တတ်လ်ိုက်တာ...မနေရဲရင်ပြန်
ငါကျန်ခဲ့မယ်...ဖြစ်နိုင်ရင် တစ်သက်လုံး
ဒီလိုမူးပြီးပဲ ကနေလိုက်ချင်တာ....."
ပိုတောင်ဆိုးလာသောကကွက်တွေဖြင့်
ပလပ်တော်တော်ကျွတ်နေသူကို
Seaကဘေးဘီနားတွင်နေပေးပြီး
မျက်ခြေမပြတ်ကြည့်နေရသည်။
ကခုန်နေရင်း...ကျန်ခဲ့သောရက်ပိုင်းက
မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့မှု
၏ပုံရိပ်တွေ....အေးစက်စက်စကားလုံးတွေ၊
ရင်ဆိုင်ခဲ့ရသောရွေးချယ်ခြင်းတွေဟာ
ဇာတ်ကွက်တွေလိုတစ်ခုခြင်းတရိပ်ရိပ်
ပြန်ပေါ်လာခဲ့သည်။တစ်ခုချင်းမြင်လာတိုင်း
ကြားလာတိုင်းမှာJiminဟာပို၍ပို၍
ထပ်ထပ်..ကခုန်လာခဲ့သည်။
တီးလုံးသံတွေ
ဆူညံနေလည်း...ရေမွှေးနံ့တွေမွှန်ထူနေလည်း
အာရုံကိုအလစ်အလပ်မဖြစ်ရအောင်
ထွက်ခွါလာခဲ့ပြီးထဲက ကြိုးစားနေထိုင်လည်း
နှာခေါင်းကရနေတာ အနံ့တစ်မျိုးထဲ....။
တစ်ကမ္ဘာလုံးက အဲ့ဒီရေမွှေးတစ်ခုထဲသုံးကြတာ
လားလို့ လိုက်မေးလိုက်ချင်သည်။
Clubရဲ့ကဖို့ ခုန်ဖို့ Beatတွေဟာလည်း
ကြားနေရတာ Titanic ဇာတ်ဝင်တီးလုံးကလွဲ၍
မရှိ....။ ဒီသံစဉ်နဲ့ ဘယ်လိုများကရမလဲ...။
ဒါပေမယ့်လည်း ကနေရမှာပဲ....။
အနီးနားကိုလူတစ်ယောက်လာပြီး
ရီသဲ့သဲ့ပြုံးပြလာတဲ့အခါ
ညွှတ်ကိုင်းသွားသောနှုတ်ခမ်းပါးတစ်စုံနဲ့
ထိုနှုတ်ခမ်းအောက်ကမှဲ့နက်လေးတစ်ခု....။
"F...........!!!!"
နားနှစ်ဖက်ပိတ် ငုတ်တုတ်ထိုင်ချအော်ဆဲ
လိုက်သော Jiminဟာ ရုတ်တရက်...။
တကယ်ကိုရုတ်တရက်...။
"Adrian!!ဘာဖြစ်တာလဲ......."
အရှိန်ပြင်းစွာစည်းလွတ်ဘောင်လွတ်မူးရူး
ကနေရင်းမှ အော်ဆဲလိုက်တာမို့
အားလုံးကသူလားငါလား ဒီကောင်လေး
ဘာအထာလဲဆိုတဲ့အကြည့်တွေကောင်လေးဆီ
စုပြုံရောက်ရှိလာခဲ့သည်။
လာချဉ်းကပ်သောလူသည်လည်းကြောင်အအ။
"Hey ...အဆင်ပြေရဲ့လား...."
Seaသည်ပြေးဝင်လာခဲ့ပြီးနားနှစ်ဖက်ပိတ်
ထားသောလူကိုဆွဲထူခေါ်တော့
မျက်နှာတစ်ခုလုံးနီမြန်းနေကာသူအရမ်းမူးနေပြီ
ဖြစ်ကြောင်းသိသာနေသည်။
"ပြန်မယ်...."
"နိုး....."
"မင်းလွတ်နေပြီ....မဖြစ်တော့ဘူး..."
ကခုန်နေရာမှအနည်းငယ်အသံတွေ
လျော့သောနေရာတစ်ခုဆီဆွဲခေါ်လာ
တဲ့အခါ သူဟာသဘောကျစရာမရှိဘဲ
တခိခိရီမောနေသည်။
"ငါ Taxi ခေါ်လိုက်အုန်းမယ်...
ခဏလေးနေအုန်း...."
Seaဟာ ဖုန်းထုတ်လျှက် အလာတုန်းက
အကောင်းမလို့ ဘယ်ဟာနဲ့လာလာ
ရောက်ပေမယ့် အပြန်ကတော့မဖြစ်တော့။
"Hello....Hello..!!!"
ဖုန်းလိုင်းသိပ်မသဲကွဲတာကြောင့်
အသံတွေနဲ့ပိုဝေးရာကိုအနည်းငယ်လျှောက်
သွားလိုက်ကာ Taxiကိုလှမ်းခေါ်လိုက်သည်။
အားလုံးအဆင်ပြေသွား၍ နောက်ပြန်လှည့်ကြည့်
တဲ့အခါ ထားသော နေရာတွင် မရှိတော့တဲ့သူ။
"Adrian!!!!"
တစ်ချိန်ထဲမှာပဲ
ပျော်ရွှင်သူများကြားထဲ အနက်ရောင်အရိပ်
တွေအများကြီးဝင်လာကာရုတ်ရုတ်သဲသဲ
တွေဖြစ်ကုန်ကြတော့သည်။
မှိုင်းပြနေသောအနက်ရောင်ဝတ်စုံပြည့်နှင့်
လူတစ်ယောက်သည် တင်းမာလွန်းသော
မျက်နှာဖြင့် ပေါ်လာတော့ အားလုံးဟာလန့်လန့်ဖျန့်ဖျန့်။
"Club ပိုင်ရှင် ဘယ်မလဲ....."
Seaသည်မသိမသာ ချောင်းမြောင်းကြည့်
လိုက်တဲ့အခါ နေရာတစ်ခုလုံးကို
ကစားနေသော Jeonမျက်လုံးတွေနဲ့
သွားဆုံတွေ့တော့သည်။
Clubပိုင်ရှင်မလိုအပ်တော့ပါ.....။
JEonသည် အနိုင်ကျင့်မေးနေသောလူကို
ကြမ်းပြင်ပေါ်တွန်းချပစ်ကာSeaဆီကို
ဦးတည်လျှောက်လာခဲ့သည်။
တွေ့တွေ့ချင်း Seaကို တစ်ဖက်ထဲသော
လက်ဖြင့် ဆွဲမြှောက်လိုက်ခြင်းတွင်
ခြေထောက်တွေပါ မြောက်တက်လာတဲ့အထိ။
"ဘယ်မှာလဲ.....သူ......"
"ခုနအထိရှိသေးတယ်...."
"ခု ဘယ်ရောက်သွားလို့လဲ...."
"ပျောက်သွားတယ် Jeon...."
"မင်းနဲ့ငါ တစ်ပွဲပြီးရင်တွေ့မယ်...."
လွှတ်ပစ်လိုက်ခြင်းတွင်ထောင့်တစ်နေရာကို
ကပ်သွားရတဲ့အထိ မနာကျင်နိုင်။
Jiminတကယ်ဘယ်ရောက်သွားမှန်းကိုမသိတာ။
JEonဟာ လက်သီးကျစ်ကျစ်ဆုပ်လျှက်
Clubတစ်ခုလုံးကို ဝင်စီးခဲ့တော့သည်။
ပိုင်ရှင်က မကျေမနပ်ထွက်လာရန်ဆောင်တဲ့အခါ
ဒေါ်လာတွေကိုDancing Floorတစ်ခုလုံး
ပြည့်မတတ်Jeonကပစ်ပေါက်ခဲ့သည်။
သေးသေးနုတ်နုတ်ဒီလိုClubဆယ်ခုလောက်
တန်းဖွင့်လို့ရနေသောAmount ကြောင့်
ပိုင်ရှင်သည် ငြိမ်သက်ပေးလိုက်ရသည်။
"ကျွန်တော်....ကိုလွှတ်ပေးပါ....ကျွန်တော်
ဘာမှကိုစိတ်မပါနေလို့ပါ...."
ရွံရှာစရာ အတင်းတိုးကပ်နေသော
လူတစ်ယောက်ကို Adrian ကစိတ်မပါလက်မပါ
တွန်းလွှတ်နေခဲ့သည်။အပြစ်လည်းမတင်ချင်
စိတ်ကလေဟာနယ်လိုပဲ....။
ငြင်းရမယ်ဆိုတဲ့အသိတော့ သူသိသေးပေမယ့်
မလွတ်မြောက်တော့ရင်လည်းဘာမှမဖြစ်ဘူးဆိုတာက
ကပ်လျက်....။
"ခဏလေးပါ....လိမ္မာရဲ့သားနဲ့..."
"ဖယ်ပါဆို....."
မထိတထိ ရုန်းဖယ်နေခြင်းကို
တဖက်က မူနေခြင်းလို့ ထင်မြင်ကာ
ပိုပိုတိုးကပ်လာသည်။
နံရံမှာကပ်နေတဲ့ခန္ဓာကိုယ်လေးဆီမှ
ထိုလူဖယ်ခွါသွားဖို့လုံလောက်တဲ့
အင်အားတွေထိုကလေးလေးဆီမှာ
မရှိတော့တာ သူကိုယ်တိုင်တောင်သိနိုင်ခဲ့ဟန်
မတူဘူး...။
"ဘာလဲကွာ.....Sea....ငါ့ကိုလာခေါ်အုန်း...."
ဝိုးတိုးဝါးတားအမြင်အာရုံတွေနဲ့
အလင်းရောင်မှိန်မှိန်တစ်နေရာတွင်
အော်ခေါ်သံတိုးတိုးလေး...။
"ဘယ်သူမှမရှိဘူး...မခေါ်နေနဲ့တော့.တိတ်တိတ်နေနော်"
"James ......."
အသိစိတ်သည် Seaဆို....
ချောက်နက်နက်ထဲမလွတ်နိုင်တော့ဘူးဟု
မသိစိတ်သည်..Seaမဟုတ်တော့...။
အသံလေးကတိုးလွန်းခဲ့ပါသည်....။
Jiminလည်တိုင်တွေဆီတိုးကပ်လာသော
အထိအတွေ့တစ်ခုသည်မအောင်မြင်လိုက်..
ရုပ်ပျက်ဆင်းပျက်နိုင်စွာ
လွင့်စင်သွားသောသူစိမ်းလူ၏ခန္ဓာကိုယ်ကြောင့်
Jiminလွတ်မြောက်သွားခဲ့သည်။
စိတ်မရှုပ်တော့ရ၍ ကျေနပ်သွားကာ
နံရံမှကပ်နေလျှက် ထရီမောလိုက်ချိန်တွင်
ဆောင့်ဆွဲခံလိုက်ရတာမို့ အလွန်နာကျင်သွားသည်။
နာတာမို့အသိဝင်လာကာ မျက်လုံးတွေ
ကသေချာစွာစမ်းစစ်ကြည့်လိုက်ချိန်တွင်
ခက်ထန်လွန်းနေသောမျက်နှာသည်
ကြောက်စရာကောင်းစွာမျက်စိရှေ့တည့်တည့်မှာ။
Jimin ကမျက်တောင်မခတ်မတွေ့ဖူးမမြင်ဖူးခဲ့သော
လူတွေလိုစူးစိုက်ကြည့်နေခဲ့သည်။
"ငါပါ.....ငါပါ ParkJiminရဲ့...."
စကားဆုံးတာနှင့်
လက်တွေဆွဲဆောင့်ခေါ်လာတော့ လမ်းတစ်ဝက်တွင်
Seaနှင့်ဆုံခဲ့သည်။ဒေါသအထွက်လွန်သော
JEonပုံစံကြောင့် Adrian အခြေအနေမကောင်း
နိုင်ဘူးဆိုတာ သိသည်။
ထ်ို့ကြောင့် တကောက်ကောက်လိုက်လာခဲ့ပါသည်။
Clubအပြင်ဘက် ကားအနက်ကြီးရပ်ထားရာ
နားသို့ရောက်တဲ့အခါ Jeonဟာ
သိပ်ကိုစိတ်ဆိုးနေကြောင်းသိသာသော
တင်းမာလွန်းသည်မျက်နှာမျိုးဖြင့်Jiminကို
အနိုင်ကျင့်ကာစကြည့်လာခဲ့သည်။
"ဘာအချိုးလဲ....ဘာသောက်ချိုးလဲဆိုတာ
ငါ့ကိုပြောစမ်းပါ...ငါ့ကိုရှင်းစမ်းပါအုန်း.."
တကိုယ်လုံးအစုန်အဆန်ကြည့်မိတော့
အနာတရလေးတစ်ခုမှမရှိ။အနည်းငယ်ပိန်တာ
ကလွဲ အထိအခိုက်မရှိပုံမှန်အတိုင်းလေးမို့
JEon ဟာ အသက်ရှူနိုင်ခဲ့သည်။
ထုံပေပေမျက်နှာဟာဘာမှပြန်မဖြေခဲ့ဘူး။
"ပြော...!!!ငါ့ကိုပြောစမ်း!!!!
ငါသေအောင်ရိုက်မိလိမ့်မယ်နော်....မင်း....!!"
အော်ဟစ်ဆူပူနေရင်းနဲ့ပင်
ခန္ဓာကိုယ်သေးသေးလေးကိုJeonဟာ
မျက်ရည်တွေကျလာရင်းမှအရူးအမူးပွေ့ဖက်
လာခဲ့သည်။ကျ်ိုးကြေမတတ်သော
လက်မောင်းတွေဟာ တင်းကျပ်လွန်းခဲ့သည်။
"ဘာကိစ္စ ဘယ်လိုပဲဖြစ်ဖြစ်...
ငါ့ ကို မင်း ပြောရမယ်လေ ...
တစ်အိမ်ထဲနေတာတောင် မင်းအသံပျောက်တာ
ကြာရင် လိုက်ရှာတတ်တဲ့ ငါ့ကို ဘာသောက်ချိုး
တွေချိုးသွားရတာလဲ...."
"အိမ်မှာမနေချင်တော့လို့လေ...."
ပွေ့ဖက်ထားသောလက်တွေရဲ့အရှိန်ဟာ
လျှော့ပါးသွားကာ Jeonကရင်ခွင်ထဲက
ထုတ်လျှက် မျက်နှာချင်းဆိုင်လိုက်သည်။
"ဘာပြောတယ်....."
"ကျွန်တော် ခွင့်တောင်းရင်James က
လွှတ်ပေးမှာမဟုတ်ဘူးလေ...
ဒီတိုင်းပဲထွက်လာလိုက်တာ..Sorry...."
"Adrian..."
"ကျွန်တော် တကယ်တော့မနေချင်နေတာ
ကြာပါပြီ...ကျွန်တော့်ကိုလွှတ်ပေးလိုက်တော့နော်"
ခပ်သာသာမျက်နှာဖြင့်Jeonကို
မော့ကြည့်ကာစကားပြောနှုန်းသည်
စိတ်လှုပ်ရှားနေ၍အနည်းငယ်မြန်နေလျှက်...။
JEonသည် ဒုတိယအကြိမ်ဖွဖွလေးထပ်ပွေ့ဖက်
လိုက်ကာ ဆံပင်နုနုလေးတွေကိုထိတွေ့ပေးရင်း
အကြာကြီးဖိကပ်နမ်းပြီးနောက်
"သူဘာတွေပြောခဲ့လဲဆိုတာကိုယ့်ကို
ပြော ကလေးလေး အများကြီးဒုက္ခ
ဖြစ်ခဲ့မှာကို ကိုယ်သိတယ်...
ဘာမှမဖြစ်ဘူး အဆင်ပြေသွားမှာ...
အဆင်ပြေသွားမှာပါ..."
"သူက သိပ်အရာဝင်တဲ့စကားတွေပြော
ခဲ့တာမျိုးမရှိခဲ့ပါဘူး....ဗရမ်းဗဒါပါပဲ
ဘောင်မဝင်ပါဘူး...."
ဟုတ်နိုင်ပါ့မလားလေ...။အဖေဆိုတာ
ဘယ်လိုအားသာချက်တွေနဲ့လူလည်း
JEonသေချာသိတာပေါ့....။
"ဘာတွေပြောခဲ့ပြောခဲ့ ဘာမှမဖြစ်ဘူး..
ဘာမှစိတ်ထဲထားဖို့မလိုတဲ့အတွက်
ကိုယ်နဲ့ အိမ်ပြန်လိုက်လာခဲ့နော်...
အရာအားလုံးဖြေရှင်းပေးမယ်
တို့တွေ ပွင့်လင်းခဲ့ပြီးပြီပဲဟာ......
ကိုယ်ပြောတာ မင်းနားလည်မှာပါ..."
Jimin ဟာ ရင်ခွင်ထဲက ပြန်ထွက်ခဲ့ပြီး
မျက်ရည်တွေနဲ့ Jeonမျက်လုံးတွေကို
သေချာစွာကြည့်ကာ...
"မတန်ဘူးတဲ့.....James နဲ့ ကျွန်တော်...."
"ကျွန်တော့်မှာ မိသားစုလည်းမရှိဘူး...."
"ကျွန်တော်က ကောင်းမွန်တဲ့မိဘတွေက
မွေးဖွားလာတဲ့ကလေးတစ်ယောက်မဟုတ်ဘူး..."
"Adrian ကမြေကြီးပေါ်က ဖုန်စသဲစ
James ကမိုးလောက်အထိ အဆင့်အတန်းမြင့်တယ်...."
"အုပ်ထိန်းသူဆို အုပ်ထိန်းသူပဲ....ဖြစ်သင့်ပါတယ်တဲ့..."
"ဂုဏ်သိက္ခာကြီးမားတဲ့Jeonမိသားစု
ရဲ့အရှက်ကို ကျွန်တော့်ကိုပြုစုပျ်ိုးထောင်ထားတဲ့
ကျေးဇူးတွေကိုထောက်ပြီး နောက်ဆုတ်ပေးပါတဲ့..."
"ကျွန်တော်နဲ့James အားလုံးတူနေလို့
ပေါင်းဖက်လို့မရဘူး....
သားအဖြစ်သာ မဖြစ်သာလို့လက်ခံနိုင်မယ်
သားမက်အဖြစ်တော့ မရပါဘူးတဲ့....
James ကမိန်းကလေးတစ်ယောက်က််ိုပဲ
လက်ထပ်ပြီး မျိုးဆက်ထပ်ရှိပေးရမယ်တဲ့.."
"နောက်ဆုံးကတော့...ကျွန်တော်ကရူးနေလို့တဲ့..."
နာကျင်ဖွယ်ရာစကားတွေကိုအလွတ်ကျက်ထား
သောစာတစ်ပုဒ်ပြန်နေသလို သူက
တစ်လုံးချင်းပြောသွားခဲ့သည်။
ကလေးတစ်ယောက်ကိုပြောရမယ့်စကား
တွေလား..အဖေဟာ ခွင့်မလွှတ်နိုင်စရာ။
"ကိုယ်ပြောမယ်....Adrian.."
"သောက်အာရုံဘယ်လောက်နောက်ခဲ့ရလဲ
James သိလား...ကျွန်တော်ကအဲ့ဒီလောက်
အထိကြီးကြီးကျယ်ကျယ်တွေခေါ်ပြောခံရမယ့်
ကိစ္စကိုလုပ်ခဲ့တာမဟုတ်ဘူးလေ....
ဘာတွေ လောင်လွန်းသွားကြတာလဲ..."
"မင်းနဲ့ကိုယ်..ချစ် .နေကြတာ..ကိစ္စကြီးတယ်လေ
Adrian...."
နားနားကပ်ကာဆိုတော့ ခပ်စူးစူးပြန်ကြည့်
လာတဲ့သူ။
"ဘယ်နေရာက ချစ်နေကြလို့လဲ....
မချစ်ပါဘူးနော်. ကျွန်တော်ချစ်ပါတယ်လို့ပြောမိတာမျိုးရှိခဲ့လို့လား...James ကစ James အဖေအထိ
အလွဲကြီး လွဲနေကြတာပဲ...."
"ဘာ!!"
ဆောင့်ဆွဲလိုက်မိသောအင်္ကျီနှင့်အတူ
ပေတိပေကပ်ပါလာသောခန္ဓာကိုယ်လေး။
"စမ်းကြည့်ချင်တာ...လိုက်စမ်းသပ်ကြည့်ချင်ခဲ့တာ
Jamesက..ဘယ်လိုလဲလို့
သိချင်မိရုံပဲ...တွေ့တိုင်းစိတ်လှုပ်ရှားသလို
ခံစားမိလို့ Jamesကို စိတ်ကူးယဉ်မိရုံ
ညစ်တိညစ်ပတ်တွေတွေးမိရုံပဲ....
ကျွန်တော့် ခန္ဓာကိုယ်ပြောင်းလဲခြင်းတွေရဲ့အစမှာ
Jamesကလည်းသိပ်မိုက်ခဲ့တယ်မလား...."
"နမ်းခဲ့တာပဲ ဟိုမှာရပ်နေတဲ့Seaနဲ့လည်း
နမ်းခဲ့တယ်..ကောင်မလေးတွေ...
ကောင်လေးတွေ...အများကြီး အများကြီး...
မနမ်းကြည့်ရဖူးတာ Jamesပဲရှိတော့တာလေ..."
"မိန်းမယူမယ်ဆိုတော့ ဂျေကိုက်လာတယ်...
အဲ့တာကြောင့် အနည်းအပါးရုပ်ပျက်ခဲ့တာ
တကယ်တမ်း တကယ်တမ်း နမ်းခဲ့ကြပြီးတော့
အချိန်တွေ ကြာလေ ကြာလေ
ကျွန်တော် အကြိုက်မတွေ့ဘူးဆိုတာနားလည်လာတာပဲ.."
"ဒါပေမယ့် ဒါကအမှားကြီးလိုဖြစ်ပြီး
ကျွန်တော် မနှစ်သက်ဘူးဆိုတာလည်း
Jamesကိုမပြောရဲဘူး...ဘူနေတုန်း
James အဖေ ကဖုန်းဆက်ပြီး
သောက်ကြီးသောက်ကျယ်တွေပွါးတော့တာ..."
"အိမ်ကထွက်သွားတဲ့....ကျွန်တော်လည်း
တစ်ညလုံးနမ်းပြီးမှ မကြိုက်ဘဲ
ပြန်မျက်နှာချင်းဆိုင်ရမှာ ခက်နေလို့
အိမ်ကပဲထွက်လာလိုက်တယ်....
ပြန်မခေါ်နဲ့....ကျွန်တော် ပြန်မလိုက်တော့ဘူး....
အရွယ်လည်းရောက်နေပြီပဲ ကိုယ့်ဘဝကိုယ်ပဲ
တည်ဆောက်တော့မယ်..."
ဖျင်းခနဲသောပါးပြင်ဟာ တကယ်နာသင့်ပါတယ်။
ဒါပေမယ့်ထင်သလောက်မနာခဲ့။
မနာအောင်ရိုက်တာကို...။
"မင်းငါ့ကို သောက်ပေါက်ကရတွေ
မပြောတော့နဲ့ Adrian.....!!!"
"ကျွန်တော် မလိမ်တတ်ဘူး James
ဟန်လည်းမဆောင်တတ်ဘူး...
အရှိကိုအရှိအတိုင်း ပြောပြတာ...
ကျွန်တော် မကြိုက်ဘူး အဲ့တာကကျွန်တော့်ကို
မသာယာစေဘူး...စိတ်တိုင်းမကျဘူး...
ကိုယ်လည်း သိပ်စိတ်မဝင်စားဘဲ
ဒါကြီးကို အကြီးအကျယ်ပြဿနာတွေရှင်းနေရမှာ
လည်းအာရုံနောက်တယ်....အတူတူလည်းနေချင်စိတ်
မရှိတော့ဘူး...."
သူ..မလိမ်နေတာအမှန်ပဲ....။လေသံမှန်မှန်ပဲ
စိတ်ရှုပ်နေသောဟန်ပန်တွေနဲ့ Jeonကို
အရှုပ်ထုပ်ကြီး လစ်တော့ဆိုတဲ့ အချိုးမျိုးကို
လှလှပပလေးချိုးခဲ့တာ....။
"အဓိကတော့...အသက်နည်းနည်းကြီးနေတာပေါ့...
အဆင်မပြေဘူးလေ....နော်..."
မူးနေသောအရှိန်လေးနဲ့သူ့လက်သန်း
သေးသေးလေးကလက်ဆစ်လေးကို
ထိုးပြကာ မခန့်လေးစား ကကြိုးတွေဟာ
ဒေါသကိုဟုန်းဟုန်းတောက်လာစေပါ၏။
"ငါ့ကိုမင်းကစိတ်တိုင်းမကျဘူး ပေါ့ဟုတ်လား..."
"နည်းနည်းပါ...."
"တောက်!!"
အင်္ကျီစမှဆောင့်ဆွဲခေါ်ကာ ကားတံခါးဖွင့်
အတင်းထိုးထည့်တော့ လျှင်မြန်စွာထွက်ပြေး
သွားတဲ့သူ...။Jeonကပြေးလိုက်ကာ
ဖမ်းမိတာနဲ့ ပွေ့ချီလျှက် ကားဆီပြန်လာတဲ့အခါ
ကိုယ်ပေါ်မှာအားအကုန်သုံးရုန်းကန်ထွက်နေသည်။
"မလိုက်ဘူး!!!! မလိုက်ချင်ဘူး!!!!..."
"ပါးစပ်ပိတ်ထားစမ်း...!!!"
ကားထဲရောက်၍အောင်မြင်ပြီဟုJeon
တွေးမိရုံပဲရှိသေးသည် မရမက ပြန်တွန်းလွှတ်ကာ
ထပ်မံပြေးထွက်သွားပြန်သည်။
"ParkJimin!!!!!"
Advertisement
- In Serial27 Chapters
Shine (Mass Effect AI SI)
A Mass Effect Self Insert, except about three hundred years before the games. And the SI has replaced the Geth. Help.
8 399 - In Serial76 Chapters
My Supers Online
My Supers Online - DarkCX Robtic Heroes - DragonsunXX Super Delivery - GoblinFister The Left Behind - OmegaDusk Alex stood where he felt to be on the top of the world. Blamed for something that obviously, obvious to him, was not his fault Alex's world came crashing down around him when he was forced to take blame. Everyone blames him, and after seeking opportunities elsewhere his only choice is to go back to the game that condemned him using a new avatar and starting from the bottom. As Alex starts to dig in at a city where he feels he can attain fast progression things don’t seem to be right. The game just feels off. Stuck Alex has to work hard to get more powerful, find out what’s going on, and survive. *Author's Note* This story is an anthology that is a collaberaive effort. Right now the release schedule is as follows. Our schedule will be on a as completed basis for the time being. Thanks for reading! Thursday - My Supers Online (Darkcx) Friday - Super Delivery (Goblinfister) Saturday - Robotic Heroes (Dragonsunxx) Sunday - The Left Behind (OmegaDusk) Even though these stories are not directly related to each other they all take place in the same world and the events build upon each other. Some of you might recognize a few characters from DragonsunXX’s Dungeon Robotics. **The Chapters published for Robotic Heroes contain spoilers for Dungeon Robotics**
8 179 - In Serial10 Chapters
Our Dear Introverted Hero
When smile-chan is hit by a bus, it propels her life in many new and unwanted directions. She is thrust into a new world, and due to an unspecific dying wish she made, she is expected to be the next world’s savior. Through a series of adventures, smile-chan is able to discover more about the power hidden within herself, and the secrets of her new world.
8 100 - In Serial7 Chapters
Shell Theories: The Broken Magician
Violet Lancaster, crippled and scorned, pursues her own mysterious purpose as the rest of the world bears witness to her own unique path to the heights of magic. This is the story of a soul finding itself.
8 240 - In Serial18 Chapters
Library Magic
Isaiah a world of magic. The current state of world is a battle of the races, which the demons and humans that co-exist are winning. There, a human who is gifted by God with a strange power. A human that can do the what was known as the impossible and is changing the world within. But what is his goal? To become a God? Or is it more deeper than that? Find out as this is the story of that human.
8 150 - In Serial20 Chapters
Hate But Love
Shiva and raavi were madly in love with eachother and wanted to get married but at the end raavi got married to dev and Shiva married Shruti (raavi's bestfriend) Both the couple left Somnath after marriageTo know more peep in!!
8 161

