《Adrian》13
Advertisement
April...........။နွေလည်ခေါင်တစ်မနက်......။
February ဆောင်းမကျတကျသောအချိန်မှ
ရက်တွေတဖြုတ်ဖြုတ်ကြွေဆင်းလာရင်း
သိပ်လှတဲ့Aprilလကိုရောက်လာခဲ့သည်။
Adrian ဟာ စျေးပေါတဲ့မသန့်လေသော
တိုက်ခန်းလေးမှာနေနေတုန်း..။
အချိန်တွေကြာလာလေလေ...နာရီတွေကုန်ဆုံး
လာလေလေ...ကမ္ဘာကြီးကပျင်းစရာ
ကောင်းလာလေလေပဲ....။
တစ်ယောက်ထဲသောနေ့တွေညတွေကို
Adrian ကဖြတ်သန်းခဲ့သည်။
Adrian ပြတင်းပေါက်မှာထိုင်ထိုင်နေတိုင်း
သေဆုံးပြီးသောဝိဥာဉ်တစ်ခုက
တရားလာလာပြသည်။မကောင်းဆိုးဝါးတွေက
မကောင်းသောလမ်းကိုသာပြတတ်ကြပေမယ့်
ဒီသရဲမလေးကတော့ အထူးအဆန်း....။
လူ့လောကကို အချိန်မတိုင်ခင်ကိုယ့်သဘောနဲ့ကိုယ်
အရှုံးပေးခြင်းဟာ အဘယ်မျှမကောင်းကြောင်း
ဘဝတစ်ခုကိုမကူးနိုင်ပဲ အစွဲအလန်းတွေနဲ့
ကပ်မှီနေရတဲ့ သူမဘဝရဲ့ လေလွင့်နေမှုကြီးကို
Adrian ကို အက်ကြောင်းထပ်စွာရှင်းပြတိုင်း
Adrian က ငါသေနေလို့လား ဟု ရန်ပြန်ဆောင်တတ်သည်။
အစပိုင်းတွေမှာအပြင်ထွက်တတ်ပေမယ့်
Adrian Februaryကုန်ပြီးထဲက
အိမ်ထဲကထွက်မလာတော့ပါ။
Adrian အခန်းဟာ အလင်းမှိန်မှိန်နဲ့
Sea လာပို့ရင် စားစရာများကိုစားတတ်ပြီး
မလာပို့ရင်မစားခဲ့...။
ပြက္ခဒိန်ကရက်တွေရွေ့လာတာနဲ့အမျှ
Adrian ဘဝနေထိုင်မှုဟန်ပန်တွေသည်
တစနဲ့တစ ရွေ့လျှားလာခဲ့သည်။
အညိုရောင်ပေါင်မုန့်တစ်ချပ်နှင့်ရေတစ်ခွက်
ကိုစားပွဲပေါ်တင်ထားကာ မှောက်နေဟန်
တူသော Adrian ကို Seaတံခါးဖွင့်တာနဲ့
တန်းမြင်လိုက်ရ၍ ပူပန်ကာပြေးလာခဲ့သည်။
"Adrian....."
တစ်ခွန်းခေါ်လိုက်သည်နှင့်ချက်ချင်းခေါင်းထောင်
ကြည့်လာတာကြောင့်Seaသက်ပြင်းကြီးကြီး
ချလိုက်ရသည်။
Adrian ပုံစံက ဒီတိုင်းကြည့်နေရင်းတောင်
သဲထိပ်ရင်ဖို...။ဘာမှမရှိအေးစက်နေတဲ့
ပုံစံကိုက ကြောက်စရာအတိ...။
Adrian အိပ်ပျော်နေရင်တောင်..Seaဟာ
အသက်ရှူမရှူ အလောတကြီးစမ်းသပ်ခဲ့သည်။
ဘာကြောင့်မှန်းကိုစိတ်လုံးဝချစရာမဟုတ်သော
ပုံမှန်မဟုတ်ခြင်းသော အငွေ့အသက်တွေဟာ
Adrian ကိုမြင်တိုင်း မအေးချမ်းစရာပါ။
"ဘယ်လိုဖြစ်လ်ို့ မှောက်အိပ်နေတာလဲ
လန့်လိုက်တာကွာ...."
"မအိပ်ပါဘူး...စားပွဲပေါ်မှောက်
နေတာ ဘာလန့်စရာရှိလို့လဲ..."
"စားပြန်ပြီ အဲ့ဒီ အရသာမရှိတဲ့ဟာတွေ...
မင်းကိုငါ စားလို့ကောင်းတာတွေ
အများကြီး ဝယ်ပေးထားတာကို..."
"ပျင်းလို့.....ဝါးရမှာတောင်ပျင်းလွန်းနေလို့..."
"ဝါးကျွေးရမလား..."
Adrian ကပါးစပ်လေးဟလာပေးသည်။
သိပ်ချစ်ဖို့ကောင်းတာပဲ....။
Seaဟာ သဘောကျစွာပြုံးလျှက်ကြည့်ပြီး
တဲ့နောက် ပေါင်မုန့်တဖဲ့ကို သူ့ပါးစပ်ထဲထည့်ဟန်
ပြုပြီးတဲ့နောက် Adrian ပါးစပ်ထဲကို
ခွံ့ကျွေးလိုက်သည်။
"တကယ်လည်းမဟုတ်ဘဲ....."
"ရွံစရာကြီးကို....ကွာ....."
"မင်း နမ်းတော့ မရွံဘူးမလား
အတင်းကို ပါးစပ်ထဲဝင်ချင်နေတာမလား..."
"မတူဘူးလေ သောက်ရူးလေးရ...."
နမ်းကြည့်မလားSea ဆိုကာ....
မနမ်းခဲ့သော မျက်စိရှေ့က အလှတရားမှ
လွဲ ဘယ်အရာကိုမှထပ် မထိတွေ့ခဲ့ကြောင်း
Adrian သိမှာမဟုတ်ဘူး။
"ညစ်ပတ်တာတွေမပြောတော့ဘဲ
အရသာရှိတာတွေ ငါလုပ်ပေးမယ်
ဒါကိုမစားနဲ့တော့နော်...."
"အင်း....."
Seaဟာ ခြေရာလက်ရာမပျက်သူထားခဲ့
သောစားစရာတချို့ကိုကြည့်ကာ
Adrian ကိုပြန်လှည့်ကြည့်ချိန်တွင်
စားဖို့ပျင်းတိပျင်းရွဲစောင့်နေသည့်ဟန်။
"Adrian....ငါမင်းနဲ့အတူတူလာနေမယ်လေ...
မင်းထစားဖို့တောင်ပျင်းတယ်ဆိုရင်
ငါပြင်ဆင်ပေးပါ့မယ်...
ငါ့ကိုခေါ်ထားမလား..."
"မလာနဲ့...."
Seaဘယ်နှခါမြောက်ပြောခဲ့ပြီးသော
စကားတွေလဲမရေတွက်နိုင်။
မရတော့လည်းမပြောတော့ဘဲ
စားဖို့သောက်ဖို့သာပြင်ဆင်ပေးနေခဲ့သည်။
"April က ပျင်းစရာကောင်းတယ်Sea..."
"မင်း မပျင်းရိတဲ့ ရာသီ ရှိလို့လား...
ဘာလဲ ပြန်ချင်နေပြီလား ....
ပြန် ဖို့က သင့်တာထက်တောင် လွန်နေပြီနော်
JEonနဲ့ မင်းကြားဘာဖြစ်လာသလဲဆိုတာ
ငါသိရဖို့ လက်လျှော့လိုက်ပြီဆိုပေမယ့်
အဖေ ဖြစ်သူ နဲ့တော့ လေပေနေတာတွေရပ်ပြီး
အတူတူပြန်နေသင့်တယ်...."
"ငါတစ်ယောက်ထဲနေချင်တာ
လူတွေအတွက်ဒုက္ခတွေဖြစ်နေစေလို့လား..."
"မပြောတော့ဘူး Adrian....
စားကြရအောင်..."
Adrian မစားနိုင်ခဲ့ပါ....။အနည်းငယ်သာ
တို့ထိပြီးရေတွေပဲသောက်နေခဲ့သည်။
Seaကအရိပ်တကြည့်ကြည့်မို့
ထပ်စားရန်ပြောတဲ့အခါ ငြင်းတော့မငြင်း။
ဒါပေမယ့် Adrian အဆင်မပြေနေတာတော့
သိသိသာသာရယ်။
"ပေါင်မုန့်တွေကြောင့်...ထပ်မစားနိုင်တော့တာ
ငါ အိပ်လိုက်အုန်းမယ်...."
ခက်ရင်းကိုပစ်ချကာ ခုံမှထထွက်သွားသည်။
Seaသည် အိပ်ခန်းထဲဝင်သွားသော
ကျောပြင်ကိုလိုက်ကြည့်ကာပြန်ခေါ်လည်း
လာတော့မှာမဟုတ်တာသိ၍ သူလည်းမစားချင်
တော့ ခက်ရင်းကိုAdrian ထက်အသံကျယ်
စွာပစ်ချလိုက်သည်။
စားပွဲပေါ်မှာတွေ့ရသော သတင်းစာ
တစ်ခုကိုမြင်လိုက်ရတာမို့ အိမ်လည်းမပြန်ချင်
လုပ်စရာလည်းမရှိ၍ အပျင်းပြေ
ဟိုကြည့်ဒီကြည့် လိုက်ကြည့်နေလိုက်သည်။
ကိုရီးယားနိုင်ငံ၏အအောင်မြင်ဆုံးလုပ်ငန်း
ရှင် Jeon Group၏ သားဖြစ်သူ
JeonJungkook ၏ လက်ထပ်ပွဲသတင်း......။
ကမ္ဘာတဝန်းရှိ စီးပွါးရေးသမားတို့ကြား
ဆန့်ဝင်ပြီး လူတိုင်းစိတ်ဝင်စားကြသော
ဒီလုပ်ငန်းရှင်ကြီး၏ မင်္ဂလာသတင်းသည်
NewYorkမှာလည်းနှစ်ပေါင်းများစွာ
ခြေချထားသူမို့ ၂နိုင်ငံလုံးအတွက်
သတင်းခေါင်းစဉ်ဖြစ်ခဲ့ပါ၏။
Seaအလွန်အမင်းအံ့ဩသွားလျှက်
စာကိုသေချာစွာအလွတ်ရမတတ်တစ်လုံး
ချင်းထပ်ခါထပ်ခါဖတ်နေခဲ့သည်။
ပါတီညက သိပ်လှသော ကိုရီယားအမျိူးသမီး
နဲ့ပဲဖြစ်ပါလိမ့်မည်။သတို့သမီးကလည်း
ပေါ့ပေါ့တန်တန်မဟုတ် ဘယ်မိသားစု
ပိုင်ဆိုင်မှုပေါင်းအဘယ်မျှနှင့် ဘယ်လိုတောင်
လိုက်ဖက်ကြောင်း အကွန့်အညွှန့်တွေနဲ့
ရေးဖွဲ့ထားသော စာပိုဒ်တစ်ပိုဒ်....။
Seaဟာ တံခါးပိတ်သွားသောအခန်းလေး
ကိုလှမ်းကြည့်လိုက်သည်။
JEonဟာ ဒီမိန်းကလေးနဲ့လက်ထပ်ဖို့အတွက်
Adrian ကို စွန့်ပစ်လိုက်တာလား။
ဒါဆိုရင် Clubတက်တဲ့ညက
ဘာလို့ မရမက အတင်းအကျပ်ခေါ်ဆောင်သွားမှာလဲ။
JEon မျက်လုံးတွေထဲမှာ Adrian ကို
စွန့်ပစ်ချင်ရိပ် တစ်ခုတောင် မခံစားမိခဲ့ပါ။
Advertisement
သတင်းစာကိုသေချာစွာပြန်ခေါက်
မသိကျုံးနွံ့ပြုကာ အခန်းတံခါးလေးကို
အသံမထွက်အောင် ဖွင့်ပြီးခိုးကြည့်လိုက်ချိန်တွင်
Adrian Shirtအင်္ကျီအနက်ရောင်တစ်ထည်
ကို လက်ဖျားလေးတွေနဲ့ လိုက်ထိနေသည်။
ခါးကအင်္ကျီကို ဆွဲချွတ်ကာထိုအင်္ကျီ
အနက်ရောင်ကို ဝတ်ဆင်လိုက်ပြီး
ဖုန်းယူကာ သီချင်းတစ်ပုဒ်ကိုဖွင့်လိုက်ပြီး
အိပ်ဖို့ရန် ပြင်ဆင်နေသည်။
ပေါ့ပါးတဲ့အင်္ကျီတစ်ထည်ကိုလဲပြီး
သက်တောင့်သက်သာအခြေအနေတစ်ခု
ကိုအေးဆေးစွာ ဖန်တီးနေပုံပဲ။
"Adrian ငါ့ကိုလိုအပ်နေလား...
ငါဝင်လာခဲ့ရမလား..."
"ပြန်တော့....."
တစ်ယောက်ထဲနေချင်နေမှာပဲလေ..ဆိုတဲ့
စိတ်အတွေးတွင် Seaက နားလည်စွာ
အခန်းတံခါးပိတ်သွားခဲ့သည်။
အထပ်မြင့်တိုက်ခန်းရဲ့လှေကားထစ်တွေကို
တစ်ထစ်ချင်းဆင်းသွားလျှက်
Seaအိမ်ပြန်ဖို့ရန်အစီအစဉ်ချ၍မရနေပါ။
မြေညီထပ်က လှေကားအုတ်ခုံပေါ်ထိုင်ကာ
စီးကရက်သောက်နေခဲ့သည်။
ကမ္ဘာလောကကြီးတစ်ခုလုံးပျော်ရွှင်စရာ
တွေမရှိတော့ကာ မကောင်းဆိုးဝါးတွေကို
စုတ်ယူနေကြသလို စိတ်ထဲတွင်
ဘယ်လိုမှမနေသာခဲ့.......။
............။
April...။..10:15PM.....။
ည၁၀နာရီိဆိုသောအချိန်တွင်အိပ်ရာပေါ်တွင်
ငုတ်တုတ်ထိုင်နေကာငြိမ်သက်နေသော
ပုံရိပ်လေးတစ်ခုရှိနေပါ၏။
မျက်တောင်မှန်မှန်ခတ်နေလျှက်
ဖွင့်ထားသောပြတင်းပေါက်ဆီကိုအကြာကြီး
လှမ်းကြည့်နေသည်။
ထို့နောက်အိပ်ရာမှ ပြတင်းပေါက်ဆီသို့
ထသွားခဲ့သည်။
"တွေ့လား နေ့တိုင်းပဲ...ဘယ်နေ့ပြုတ်ကျမလဲ
မသိဘူး တကယ်ကိုပဲ Adrian ကို
အဲ့အခန်းက သရဲမ ဝင်ပူးနေပြီ...."
Adrian ဆိုတဲ့အမည်နာမကြားလိုက်ရ
သည်နှင့်လှေကားရင်းမှမခွါသေးသော
Sea၏မျက်လုံးတွေပြူးကျယ်သွားကာ
ချက်ချင်း ထရပ်ကြည့်လိုက်တော့
Adrian တကယ်ပဲ ပြတင်းပေါက်ဘောင်ပေါ်မှာ။
"Adrian......!!"
"ဟဲ့!!ဟဲ့!! ခုန်ချတော့မှာနဲ့တူတယ်
လုပ်ကြပါအုန်း!!"
ထိုင်ရုံမကဘဲ Adrian ဟာခြေထောက်
နှစ်ဖက်လုံးကို အပြင်ဘက်သို့
ချလိုက်သည့်အချိန်တွင် Seaသည်
တိုက်ခန်းထဲသို့ပြေးဝင်ကာလှေကားတွေကို
ဘယ်နှထစ်လောက်ကျော်ခွတက်မိမှန်းတောင်မသိ။
နှလုံးသားတစ်ခုလုံးပေါက်ကွဲထွက်သွားတော့
မလိုပဲ....။အခန်းရှေ့သို့ရောက်တာနှင့်တံခါးဆွဲဖွင့်ကာ
လေအလျှင်လိုခြေလှမ်းများဖြင့်Adrian အခန်း
တံခါးဆွဲဖွင့်လိုက်သောအချိန်တွင်
Adrian လက်တွေပြတင်းပေါက်
ဘောင်မှလွတ်သွားပြီ...။
"Adrian!!!!!!!"
သူမမှီနိုင်ခဲ့သော်ငြား ဘယ်ကနေအစွမ်းတွေ
ပြည့်ဝခဲ့ရသလဲမသိ အသိပြန်ဝငိလာချ်ိန်တွင်
လေဟာနယ်ထဲရောက်တော့မည့်Adrian
ခါးတွေကို သိမ်းကျုံးမိသွားနိုင်ခဲ့သည်။
နှစ်ယောက်လုံးကြမ်းပြင်ပေါ်ပြိုလဲကျကာ
Seaတကိုယ်လုံးတုန်ရီနေပြီး မျက်ရည်စက်
တွေသည်ပါးပြင်ပေါ်မရပ်မနားစီးကျနေသည်။
သူ့အသိမှာ Adrianဟာ လွတ်ကိုထွက်သွားခဲ့ပြီ။
ဒါပေမယ့်ဖမ်းမိသွားန်ိုင်သောနှိုးဆော်ခြင်း
သည် ခန္ဓာကိုယ်ရဲ့ ဘယ်ထောင့်တနေရာက
စွမ်းအားတွေပါလိမ့်....။
(ချစ်ခြင်းတရားဖြစ်ကြောင်းSeaအခြေအနေ
ကောင်းတဲ့အခါ တို့တွေဝိုင်းရှင်းပြပေးကြတာပေါ့။)
"မင်း....မင်း...ဘာလုပ်လိုက်တာလဲ Adrian...
ဘာလုပ်လိုက်တာလဲလို့...."
Adrian ဟာ အခန်းထောင့်တစ်နေရာကိုချက်ချင်း
တိုးကပ်သွားကာဒူးနှစ်ဖက်ကိုပိုက်ထားရင်း
Seaလိုပဲ တကိုယ်လုံးတုန်ရီနေလျှက်....။
"Adrian....."
Seaဟာ အခန်းထောင့်ဆီပြေးသွားလျှက်
တုန်ရီနေသောခန္ဓာကိုယ်လေးအားရင်ခွင်ထဲ
သို့ထည့်လိုက်သည်။ချက်ချင်းသောတုံ့ပြန်မှုသည်
ပြင်းထန်စွာတွန်းလွှတ်ခြင်း။
"သွား!!!!! ခုထွက်သွား!!!!!...."
"ဘာလို့ထွက်သွားရမှာလဲ!!!!"
"ဘာလို့လဲ ဘာလို့ သေကြောင်းကြံရတာလဲ
ဘာကြောင့်လဲ Adrian....ငါ့ကိုပြောပါ..
ငါတောင်းပန်ပါတယ်...."
Adrian ဟာ အခန်းထောင့်မှSeaကို
ဘာမှပြန်မဖြေဘဲကြည့်နေသည်။
Adrian ကြည့်နေရင်းအသက်ရှူတွေမြန်လာ
ကြောင်းသိသာသည်။လူကသာတည်ငြိမ်ခဲ့
ပေမယ့်Adrian စိတ်ထိခိုက်ရင်
အသက်ရှူနှုန်းတွေကိုစမ်းစစ်ခြင်းဖြင့်
သိနိုင်ပါ၏။
"ပြောပါ....ပြောပါ ကွာ.....
ငါကူညီနိုင်တာဆို....မင်းကိုကူညီမှာပေါ့
ငါတို့က သူငယ်ချင်းတွေလေ Adrian ရယ်...."
ထူးဆန်းခြင်း....အလွန်ကိုမှထူးဆန်းအံ့ဩဖွယ်ရာ
Adrian မျက်လုံးအိမ်တွေထဲမှာ မျက်ရည်တွေ
ပြည့်နှက်လာသောမြင်ကွင်း။
ဖြူစုတ်နေသောမျက်နှာနှင့်နှုတ်ခမ်းတွေသည်
တုန်ရီနေကာစကားတိုးတိုးလေးထွက်ကျလာသည်။
"James......James ကိုလွမ်းလို့...."
ဘယ်ဘက်ပါးပေါ်စီးသွားသောမျက်ရည်
စီးကြောင်းသည် Adrian ဆီမှာတစ်ခါမှ
မြင်ရလိမ့်မယ်လို့မထင်ထားခဲ့သောအရာ.....။
"ငိုနေတာလား Adrian...."
သူ့ကိုတစ်စုံတခုကိုသွားအသိပေးလိုက်သလို
ဖြစ်သွားပြီးတဲ့နောက်Adrian ဟာ
ပါးပေါ်ကမျက်ရည်တွေကိုလက်တွေဖြင့်တို့ထိ
ကြည့်ကာ မျက်နှာချက်ချင်းပျက်သွားခဲ့သည်။
"မင်းမျက်နှာကိုငါမမြင်ချင်တော့ဘူး....
ငါ့အခန်းထဲက ခုထွက်သွားတော့...
ငါ့က််ို ဘာမှစွက်ဖက်နေစရာမလိုဘူး...
ငါ့သေခြင်း ရှင်ခြင်းဟာ မင်းနဲ့လည်း
ဘာမှမဆိုင်ဘူး....သွား!!!"
"Adrian!!!!!"
"ငါ့ကို အကျပ်ကိုင်တယ်......အဲ့ဒီလူ
ငါ့ကိုအကျပ်ကိုင်တယ်.....ငါ့ကို
သိပ်ခက်ခဲလွန်းတဲ့ရွေးချယ်မှုတွေကိုလုပ်ခိုင်းတယ်.."
အသိစိတ်က မသိစိတ်ရဲ့ ခက်ခဲစွာရင်ဆိုင်
နေရသော ဒုက္ခတွေကိုဖုံးထားချင်ဟန်
ရှိပြီး မသိစိတ်က ဒဏ်မခံနိုင်တော့တဲ့ပုံ
Adrian ဟာ တစ်ယောက်ထဲဖုံးကွယ်ပြီး
Adrian ကပဲ ထွက်အံလာကျလာခဲ့သည်။
သိပ်ကိုပင်ပန်းမှာ....မစဉ်းစားတတ်လောက်
အောင်မွန်းကျပ်နေခဲ့မှာ....။
"ငါဘာကိုမှမပိုင်ဆိုင်ခဲ့ရတာတွေက
ငါ့အပြစ်လား....ငါရွေးချယ်ခွင့်တွေရှိခဲ့
လို့လား....မိဘမဲ့ကံကြမ္မာ...
သူစိမ်းလူတစ်ယောက်ကို မှီခိုအားထားပြုပြီး
အရွယ်ရောက်လာရတဲ့ ကံကြမ္မာက
ငါဖန်တီးခဲ့တာမဟုတ်ဘူးလေ...."
"ငါ့ကို အမှိုက်တစလိုနှိမ်ချခဲ့တယ်...
ငါ့သိက္ခာနဲ့မာနတွေကို တစစီရိုက်ချိုးတယ်
ငါ့ကို လူ့တန်ဖိုးတစ်စက်လေးမှမရှိတော့တဲ့
ကောင်လို နှိပ်စက်ခဲ့တယ်....."
Adrian ဟာ အကျယ်ဆုံးသော
အသံအနေအထားနဲ့ဒေါသတကြီးအော်ဟစ်
ပေါက်ကွဲခြင်းကိုSeaကငြိမ်သက်စွာနားထောင်
ပေးနေသည်။
တုန်ခါလှိုက်မောနေသော
ဟန်ပန်သည် သူ့ဘဝတစ်လျှောက်လုံးမှာ
Adrian တစ်ကြိမ်တစ်ခါသာပြခဲ့သော
ပေါက်ကွဲထွက်မှုကြီး.......။
"ငါ မနာကျင်ခဲ့ရဘူး လို့ မင်းထင်လား...
ငါမနာတတ်ဘူးလို့ မင်းထင်လား
အားငယ်လွန်းလို့ ငါအဲ့ဒီလူကြီးကို
ကြောက်လွန်းလို့ အော်ငိုချင်မိတဲ့အထိပဲ....
ငါ့လက်တွေက..ငါ့ခန္ဓာကိုယ်ကိုမပွေ့ပိုက်မိ
အောင်မနည်းထိန်းထားခဲ့ရတယ်..."
တွေ့ဆုံမှုတစ်ခုက နယ်နယ်ရရမဟုတ်ခဲ့မှန်း
Adrian ဖွင့်ဟမှ သိခဲ့ရတာ....။
ခုန်ချသွားခဲ့ရင်ဒီအရာတွေကိုဘယ်သူကမှ
သိနိုင်မည်မဟုတ်။
မုန်းသင့်သောဗီလိန်တွေကို လှိုက်လှိုက်လှဲလှဲ
မုန်းတီးပစ်နိုင်ပါသည်။
အမှန်တရားတွေမှာ လူသတ်တာထက်
စိတ်ကိုသတ်တဲ့ ယုတ်မာမှုတွေက
ပိုဆ်ိုးကြောင်း Adrian Storyလေးက
သက်သေပြပေးပါလိမ့်မည်။
JEonအဖေ ဟာ...လူ့လောကမှာ
အသက်မရှင်သင့်....။
Adrian အခြေအနေဟန်ရင်
တောင်ကိုရီးယားအထိသွားသတ်မည်။
"ငါ ငယ်ငယ်ထဲက မလုံခြုံခဲ့ဘူး
ကျောင်းမှာ...လည်းမလုံခြုံခဲ့သလို
လမ်းတွေမှာလည်းကြောက်ခဲ့တယ်
ငါ့မှာ လူသေလောင်းတွေနဲ့အိမ်မက်ဆိုးတွေရှိတယ်
ငါ့ကိုဂရုမစိုက်ခဲ့တဲ့ငါ့မိဘတွေက
ပြဿနာတွေရှာပြီး ကိုယ်စီကိုယ်စီ
လမ်းအမျိုးမျိုးနဲ့ ထွက်သွားကြတယ်...
လောကကြီးအလည် ငါတစ်ယောက်ထဲ
ကျန်ခဲ့ရတာကို ငါအရမ်းကြောက်ခဲ့တာ....."
"အတိတ်တွေရော လက်ရှိParkJiminရဲ့
ဆိုးဝါးလွန်းတဲ့ ဘဝကိုတောင်မေ့သွားတဲ့အထိ
ငါ့အပေါ် သိပ်နွေးထွေးပေးခဲ့တဲ့ သူ့ကို
ငါ အရူးအမူးထက်လွန်ပြီးကိုစွဲလမ်းချစ်ခဲ့မိတယ်...."
"အနံ့တစ်ခုအပေါ်တောင်ညစ်ပတ်နိုင်ခဲ့တဲ့ငါ
Jamesကို ဘယ်လောက်ရူးခဲ့ရသလဲ
ဆိုတာလေ.......ငါပြောတောင်မပြတတ်ဘူး
ငါ Jamesအပေါ်ထားတဲ့ အကန့်အသတ်လွန်
စွဲလမ်းခြင်းတွေကလေ...ဘဝရဲ့ငရဲပဲ....."
"နောက်ဆုံးတော့ ဝန်ခံပြီပေါ့....."
သူဝန်ခံမိသွားပြီဆိုတဲ့မယုံနိုင်ခြင်းတွေ...။
အသိစိတ်နဲ့မသိစိတ်ကြားAdrian
ဗျာများရင်း ကံကောင်းတာက
မသိစိတ်ကပဲအလေးပိုသာနေခဲ့တာမို့
ယောက်ယက်ခတ်နေသောမျက်လုံးတွေနဲ့
ပဲ စကားတွေဆက်သည်။
စကားလုပြောနေတဲ့သူမရှိဘဲAdrian
လုယက်ပြောနေပုံသည် ရင်နာစရာထက်
ပိုပိုသာသာရယ်...။
"စကားတွေကြောင့်သေအောင်နာရလည်း....
ရူးနေအောင် နှလုံးသားတွေ နာကျင်ရလည်း
အားငယ်ဝမ်းနည်းရလွန်းလို့
ခြေမခိုင်တော့လည်း ငါJamesကို
လုံးဝလက်မလွှတ်နိုင်ကြောင်း ပြောင်ပြောင်တင်းတင်း
ပြောခဲ့တယ်"
"မင်းနဲ့တူသလားတန်သလား
လို့ပြောတိုင်း Jamesငါ့ခြေဖဝါးတွေကို
တူလို့တန်လို့ နမ်းတာပေါ့လို့ ငါရိုင်းပြခဲ့တယ်..."
ယုံပါတယ်....Adrian က ရှုံးပြမယ့်
ကောင်မဟုတ်ဘူးဆိုတာ သိသာနေတာပဲကို။
Adrian ဟာ ပြောရင်းပြောရင်းပို၍
တုန်ရီလာခဲ့သည်။
နှိမ်ချခံခဲ့ရမှုတွေ..မစာမနာအထင်သေးပြမှုတွေ
နာပါတယ်ဆိုတဲ့နေရာတွေကိုထပ်ခါထပ်ခါ
တက်နင်းခံခဲ့ရလို့သွေးထွက်ခဲ့တာတောင်
Adrian Jamesကို လက်မလွှတ်နိုင်ကြောင်း
အဆုံးအထိဆွဲထားခဲ့တဲ့ပုံ...။
"သူငါ့ကို ဘာထပ်ပြောလဲ မင်းသိလား...."
တိုးလျှသွားသောအသံလေးသည်
ရင်ကျိုးရတော့မယ့်ကိစ္စတွေ၏
အသက်ဖြစ်ပါလိမ့်မည်။
Adrian မျက်ရည်တွေပျောက်သွားကာ
မျက်လုံးသေတွေပြန်ရောက်လာခဲ့သည်။
"ငါက အခန်းကျဉ်းလေးထဲမှာ
နှစ်ရှည်လများဝဋ်ဒုက္ခခံပြီး
ပျော်ရွှင်စွာ ပြန်ထွက်လာမယ့် လူတစ်ယောက်ကို
လည်း ထွက်တဲ့နေ့မှာတင် သတ်ပစ်နိုင်တဲ့
နှလုံးသားမျိုးရှိတယ်ဆိုတာယုံလား...တဲ့......"
"Sea....သူငါ့ အဖေ ကို သတ်ပစ်ဖို့
ပြောနေတာ....မင်းအဲ့တာကိုသိလား....."
Adrian သည်အခန်းထောင့်မှSeaဆီကို
အလျှင်အမြန်ပြေးကပ်လာကာ
Seaဆီမှာအဖြေကိုစောင့်မျှော်နေသလို
စိုက်ကြည့်နေသည်။
"Jimin......."
ပုံမှန်မဟုတ်တော့သောအသံအနေအထားကြောင့်
Sea ယောင်ယမ်းကာနာမည်အစစ်ကို
ထွက်မိတဲ့အထိပဲ...။အသက်ရှူသံတွေသည်
အလွန်အမင်းပြင်းထန်လွန်းနေသည်။
"သူ တကယ် လုပ်မှာ က အကြားအမြင်
တွေကိုမေးနေစရာမလိုဘူးလေ...
ကမ္ဘာပေါ်မှာ ငါ့နဲ့သက်ဆိုင်ရာ
တစ်ယောက်ထဲသာကျန်တော့မယ့်
ငါ့အဖေကို ဒုက္ခတွေနှစ်ရှည်လများခံစားပြီး
လူ့လောကထဲ မျှော်လင့်ချက်တွေနဲ့
ပြန်လာမယ့် ငါ့အဖေ ကို ငါJamesကို
မစွန့်လွှတ်ရင်....ထောင်ကနေခြေတလှမ်းထွက်တာနဲ့
အသေသတ်ပစ်မှာ အသေအချာပဲတဲ့....."
"ငါ့အပေါ်မကောင်းခဲ့ပေမယ့်
တာဝန်မကျေခဲ့ပေမယ့် အဖေကတော့အဖေပဲမလား
ငါမသေစေချင်ဘူးလေ...."
"ငါJames နဲ့ပဲအတူတူနေချင်နေပြီး
အဖေနဲ့မနေရလည်း ဘာမှမခံစားရတော့တဲ့
စိတ်နှလုံးသားမျိုးကို ပိုင်ဆိုင်နေလည်း
ဖခင် ဖြစ်နေတယ်....အဲ့ဒီလူကတကယ်လုပ်မှာ
ငါသိတယ်...."
"သေခြင်းတရားက ဘယ်လောက်ကြောက်စရာ
ကောင်းလဲ ဘယ်တော့မှပြန်မတွေ့ရခြင်းတွေ
ဟာ ဘယ်လောက်နာကျင်ရမှန်းမင်းကောင်းကောင်း
သိမှာပါ...တဲ့....သိတာပေါ့....ငါ့ထက်ပိုပြီး
ဘယ်သူကပိုသိနိုင်မှာလဲ....မေမေသေသွားတဲ့
ခံစားချက်ကိုငါသိနေတယ် သိနေတယ်.."
"ငါရွေးချယ်ဖို့အချိန် မိနစ်ပိုင်းတောင်မရခဲ့ဘူး
ငါ အဲ့ဒီည အိမ်ကိုပြန်လာတာနဲ့
Jamesနဲ့ ထပ်တွေ့တာနဲ့ အဖေ့ရဲ့သေဆုံးခြင်းက
ငါ့ကိုကြိုဆိုနေလိမ့်မယ်လို့ငါ့ကိုသူပြောတယ်
ဒါတွေကို တစ်ယောက်ယောက်ကိုသာ
ဖွင့်ဟခဲ့ရင် အဖေ့ကို ထွက်လာခွင့်တောင်မရှိ
အောင် လုပ်နိုင်တဲ့ အရည်အချင်းမျိုးသူ့မှာ
အပြည့်တဲ့....."
ငယ်လွန်းသေးတဲ့Adrian ဖြစ်ကြောင်းမေ့ထား
လို့မှမရခဲ့တာ။၁၉နှစ်ဆိုတဲ့အရွယ်မှာ
ရင်ဆိုင်ရခဲ့သောကြောက်လန့်စရာတွေကို
သွေးပျက်လွန်းနေပြီး ကလေးပီပီ အဖေဖြစ်သူ
မသေဆုံးဖို့ပဲ ထ်ိန့်လန့်စွာသူရွေးချယ်ခဲ့မှာပဲ။
မိုးသံလေသံကိုတောင်တုန်ရီနေအောင်
ကြောက်တတ်တဲ့နှလုံးသား
Jamesအော်တိုင်း လန့်လန့်သွားတတ်တဲ့
နုနုနယ်နယ်လေးက ကြောက်လန့်သွားတာပဲသိခဲ့သည်။
အိမ်ကိုပြန်မလာရဲတော့ဘဲ
ပင်လယ်ကမ်းခြေက Seaရဲ့ အိမ်ဆီ
ပြေးလာခဲ့တယ်ဆိုပါတော့.....။
Adrian ဘယ်လောက်ပြိုလဲကြေကွဲ
လဲClubက ပုံရိပ်တွေကိုပြန်မြင်ယောင်ရင်း
သိနိုင်ပါ၏။
"ငါ ခက်လွန်းခဲ့တယ်...Jamesကို
စွန့်လွှတ်ဖို့က သေမတတ်ပဲ...
ဒါပေမယ့် သေခြင်းတရားကိုလည်းငါကြောက်တယ်
ငါ ဝေဒနာတွေကိုမေ့ဖျောက်စေတုန်း
သူ ရောက်လာခဲ့ပြန်တယ်...."
"သိပ်ချစ်တဲ့သူက ချစ်ချင်လို့
အတင်းအကျပ်ခေါ်နေတာကို
စကားကြမ်းကြမ်းတွေနဲ့ငြင်းနေရတဲ့
ငါ့ရဲ့ ခက်ခဲမှုတွေ....."
"James က အလိုက်မသိဘဲ အချစ်တွေကို
အကောင်အထည်ဖော်တဲ့အချ်ိန်
ငြင်းရမယ်ဆိုတာသိနေရက်နဲ့ မရုန်းထွက်နိုင်ခဲ့ဘူး
ငါ့ကိုယ်ငါမရုန်းနိုင်လ်ို့ဖြစ်တဲ့ဒေါသတွေဟာ
လက်တွေတုန်တဲ့အထိပဲ......"
"ဒီလူ ကို ထိတွေ့ခွင့်...ဒီလူကိုပိုင်ခွင့်..မရှိတော့ဘူးဆိုမှ
Jamesက တစ်ညလုံး သူအချစ်တွေကို
စကားလုံးလှလှလေးတွေနဲ့ ဖွင့်ဟနေခဲ့တယ်
ငါ နာကျင်လွန်းလို့ ......
အဲ့ဒီနာကျင်မှုကို ငါဘာနဲ့မှတိုင်းတာမပြတတ်ဘူး..."
" အရူးတပိုင်းချစ်ခဲ့ရတဲ့ ငါ့ရဲ့James ကို
Sorry ဆိုတဲ့ စာတစ်ကြောင်းနဲ့
ဖိနပ်စုတ်လေးတစ်ရံပဲ ထားရစ်ခဲ့ရတဲ့ ဘဝက
ရူးချင်စရာပဲ......ခုတော့ James က
လက်ထပ်သွားခဲ့ပြီလေ....James ကိုတခြားသူ
ပိုင်ဆိုင်သွားခဲ့ပြီ........သေဖို့လုံလောက်ပါတယ်...."
ကြမ်းပြင်ပေါ်ပြိုလဲသွားကာခန္ဓာလေး
ကွေးကာAdrian ငိုတော့ သည်။
Seaသည်ဘယ်လိုမျိုးအားပေးနှစ်သိမ့်ပေးရမှန်း
တောင်မသိခဲ့တော့ပါ။
ယုတ်မာခြင်းနက္ခတ်သမားတွေဟာ
လျှော့တွက်လို့ဘယ်တော့မှမရလေသော
နှလုံးသားပိုင်ရှင်များဖြစ်ကြသည်။
JEonရဲ့ ဖခင်ဟာ Adrian အဖေကိုသတ်လို့
မအောင်မြင်ခဲ့ရင်တောင်လောဘနဲ့ဥစ္စာတွေအတွက်
Adrian ကိုပါ လက်စဖျောက်ဖို့စဉ်းစားနေမှာမဟုတ်။
Adrian အတွက်အန္တရာယ်ဟာသူသိပ်မက်မော
လှတဲ့ ခြံဝန်းလှလှလေးထဲက ခက်ခဲ့စွာ
မွေးဖွားခဲ့ရသောအချစ်တစ်ခုဖြစ်နေပါ၏။'
"အဖေ ဘေးကင်းသွားတယ်.....
အဖေ ခု ကောင်းကင်ပြာပြာတွေ
လူနေအိမ်တွေ သစ်ပင်ပန်းမန်တွေကိုခံစားခွင့်
ရသွားတယ်....ငါက နှုတ်ကသာအေးစက်တတ်တာပါ
ငါချစ်ပါတယ်...ငါချစ်တတ်ခဲ့ပါတယ်
လူအားလုံးကိုနာကျင်မှုမရှိ အသက်ရှင်စေချင်တဲ့
ဆန္ဒတွေငါ့မှာရှိပါတယ်....
ရှင်သန်မှုတိုင်းကိုငါတန်ဖိုးထားခဲ့ပါတယ်..."
Adrian ကြမ်းပြင်ပေါ်မှာပဲခွေခေါက်ငို
နေရက်နဲ့ စကားတွေဆက်ပြောနေသည်။
"မင်းရှင်သန်မှုကျတော့ဘာလို့တန်ဖိုးမထား
တတ်ခဲ့တာလဲ.....အဆိုးအသွမ်းကောင်ရဲ့..."
ငိုသံသဲ့သဲ့နဲ့Sea၏မေးခွန်းသည်Adrian
အတွက်ခက်ခဲတဲ့ပုံမပေါ်ပါ။
ချက်ချင်းအဖြေပေးလာခဲ့ပါ၏။
"James မရှိတဲ့ Adrian ရဲ့ရှင်သန်မှုကျ
အဓိပ္ပာယ်ရော တန်ဖိုးရော မရှိတော့လို့လေ....
ငါ့ရဲ့အသက်က JeonJungkook..."
တိုးရှသွားသောစကားလေးဆုံးသည်နှင့်
Adrian ငြိမ်သက်သွားခဲ့သည်။
မြင်နေရသောလက်ချောင်းလေးတွေမှာ
ချွေးစလေးတွေသီးနေပြီး နည်းနည်းမျှပင်
မလှုပ်တော့....။
"Adrian.....Adrian....."
Advertisement
- In Serial18 Chapters
Slip Hero
Slipping into another world, a normal hospital lab worker is reborn into a fantasy world; monsters, magic, and loot are in ample supply. However, the reincarnation has stripped the hero of his memories, leaving only a degree of comprehension about his past knowledge and interests. Soon, into his new life he begins experimenting with magic and training his skills. Will he be able to revolutionize this new world with his creativity?
8 231 - In Serial82 Chapters
Psy
Jessamine Baxter has grown up in a peaceful society where parapsychs and non-parapsychs - widely known as ‘laterals’ - are treated equally, but when Jessa’s own parapsych abilities begin to strengthen in unforeseen ways, she starts to suspect that parapsychs and laterals might be more different than anyone could have imagined. As she grapples with the responsibility of her increasing power, Jessa’s abilities lead her to discover mysterious activity within the parapsych world. She teams up with her best friends and a history teacher to investigate further, and when they unearth the identity of the perpetrator, they learn that his intentions could have utterly devastating consequences. Ultimately, Jessa and her friends are left with only one option - to bring down their new and dangerous adversary. If they can, a great tragedy will be prevented. If they can’t, the age-old peace between parapsychs and laterals will swiftly unravel.
8 159 - In Serial9 Chapters
Lone Alpha.
A normal person stop beign normal since he reincarnated and stop beign a person since he become a Wolf. In a Fantasy world as you can see in the tag, the forests have wills, the mountains have wills, the desert have wills. Every focking shit has a will and its very disturbing. From these wills, Godlike beigns get born and have the wills of their creators, they will dominate and conquer everything growing stronger until they conquer the whole world and become the most powerful thing alive. Our Mc was born as an underling of one of this wills but later he wont bow to anyone anymore and become the strongest beign alive ever. (Or he hope so) Oh also going with the bullshit along the way at snail pace.
8 150 - In Serial17 Chapters
Tales of Light
These are a collection of short stories following different narratives. It's more like a playground and experimenting with ideas or subjects I don't want to write a complete story about. It's also a place to test my skills as a writer. Think of it as a notebook of un/finished ideas. Feel free to pick and choose which chapters to read. They aren't related unless specifically said otherwise. Just relax, enjoy, and cringe at goofy stories. There may be a timeline of events, or not... who knows?
8 202 - In Serial10 Chapters
Monster Girls... in Space?!?
When a lazy lamia finds a strange button near her home, she does the obvious: she presses it. Now, due to her curiosity, she finds herself halfway across the universe with several other non-human girls aboard an abandoned spaceship. Now they have to deal with space travel, space battles, mega-corporations, insidious experiments, and hostile nations, all in the vain hope of getting home. [Participant in the Royal Road Writathon challenge]
8 183 - In Serial19 Chapters
After All
This is not my story. My story was of a world I forged by my raw will, and of you, my children, forged of my dreams. That story has long since ended. Our world was not alone. Another deity came from beyond my sight, and despite our resistance rent our world asunder. In the end, all was lost and you were gone. That I survived your passing is a testament to the cruelty of existence; I cannot forgive existence for the monstrous crime of making me go on without you. This is the story of a new world, forged by the hands of fools. That it is made from the bones of that which I most hated will bring this place no absolution. In the fullness of time, I will seize the reins of this new narrative, and I shall end it. You are lost to me, my children. I will make a funeral pyre of all reality for you, and be with you in oblivion after all. --- DocSumac here. This is a story that has been rattling around in my head for years. It's not complete, but I'm not going to let it haunt me anymore. I'm uploading what is ready, and I'll add more as I can. --- Addendum May 20, 2020: I've added the Sex tag. Not because of actual smut, but becuase of what will probably devolve into an ongoing parade of dick jokes. No point denying my nature.
8 280

