《Adrian》15
Advertisement
"စာအုပ်လေးထဲကစာရွက်လေးတစ်ရွက်
လောက် ပေးပါလား...ငါလည်းစာရေးချင်လို့..."
အိပ်ရာပေါ်လှဲနေကာ စာရွက်နဲ့ဘောပင်ကိုင်
လျှက်စာရေးနေသော ရွယ်တူကောင်လေး
တစ်ယောက်ဆီကို ယဉ်ယဉ်ကျေးကျေး
စာရွက်လေးတစ်ရွက်လာတောင်းနေသောAdrian ။
"တံခါးခေါက်ပြီးမှ ငါကခွင့်ပြုမှအခန်းထဲကို
ဝင်လာမှပေါ့ Adrian....လုပ်ပြန်ပြီ...."
စိတ်ကျန်းမာရေးအတွက်စောင့်ရှောက်မှု
ပေးသောနေရာမို့ လူပေါင်းစုံ ဝေဒနာ
ပေါင်းစုံရှိနေကာ သူ့အခန်းလေးနဲ့သူ
သပ်သပ်ရပ်ရပ်ရှိနေရာမှ အခန်းတိုင်းကို
လိုက်လိုက်နှောက်ယှက်တတ်သော
မျက်လုံးပြာပြာလေးသည် ဝေဒနာသည်ချင်းအတူတူ
ဝေဒနာသည်တွေစိတ်ထပ်ညစ်ရသော
လူသားလေး။
"စာရေးချင်လို့ပါ....ပေးပါ တစ်ရွက်ပဲ...."
"ဒါကစာရွက်တွေမဟုတ်ဘူး
မှော်ပညာတွေနဲ့စီရင်ထားတဲ့အစွမ်းထက်တဲ့အရာတွေ"
"စာရွက်တွေဆိုတာသိသိသာသာကြီးကို
လျှောက်ပြောပြန်ပြီ...ပေးပါကွာ...."
အိပ်ရာပေါ်မှလူနာလေးက ခပ်နွမ်းနွမ်း
စာအုပ်ထဲမှစာရွက်လေးတစ်ရွက်Adrian
ကိုဖြဲပေးကာ အံဆွဲထဲက ဘောပင်တစ်ချောင်း
ထုတ်ပေးလိုက်သည်။
"ရော့....ငါ့အခန်းထဲနောက်မလာနဲ့
ငါမှော်ပညာအတွက် စမ်းသပ်မှုတွေရှိလို့
မင်းကို ထိခိုက်မှာစိုးလို့...."
"ကောင်းပါပြီ....မှော်ဆရာမြန်မြန်ဖြစ်ပါစေ..."
"ရော့ နောက်တစ်ရွက်ထပ်ယူAdrian
မင်းမဆိုးဘူး...."
မျက်လုံးလေးတွေပျောက်သွားတဲ့အထိ
ပြုံးရွှင်ကာသဘောကျသွားသော
Adrian ဟာ အညိုရောင်စာရွက်လေး
နှစ်ရွက်ကိုကိုင်လျှက် မှော်ဆရာလေးကို
ကျေးဇူးတင်စကားတွေအထပ်ထပ်ပြောပြီး
အခန်းပြင်ပြေးထွက်သွားခဲ့သည်။
အဖြူရောင်တွေကိုပဲနှစ်သက်တဲ့
Adrian အတွက်အဖြူရောင်
အသုံးအဆောင်တွေပဲစီရီထားသော
အခန်းလေးဟာ အချိန်တိုင်းမှာ လှပနေတတ်သည်။
စာရေးစားပွဲတွင် အကျအနထိုင်လိုက်ကာ
Adrian က Candle လေးကိုမီးထွန်းညှိလိုက်သည်။
ပန်းသီးနံ့လေးသင်းလာသောအခန်းလေး၏
မွှေးပျံ့မှုကို Adrian ကမျက်လုံးလေးမှိတ်ကာ
ခံစားလိုက်ပြီး စာရွက်နဲ့ဘောပင်ကို
အဆင်သင့်ပြင်လိုက်သည်။
Dear James.......။
ကျွန်တော် Adrian ပါ။ကမ္ဘာကြီးရဲ့လှပမှုတွေကို
နေ့တိုင်းလိုလိုခံစားရင်း စာတချို့ရေးချင်လာပါတယ်။
ကျွန်တော့်ကို Jamesဘယ်နေ့များမှာ
လာခေါ်မလဲဆိုတာသိချင်မိပါတယ်......။
နွေဦးလေတွေစတိုက်တော့ ကျွန်တော့်လက်ချောင်း
လေးတွေချိုးရင်း တစ်ရက်ပြီးတစ်ရက်
ရေတွက်နေပါတယ်.....။
James လက်ဖဝါးအကြီးကြီးတွေထဲ
Adrian လက်ဖဝါးသေးသေးလေးတွေ
အံဝင်ခွင်ကျ ဖြစ်တည်ဖို့ နွေဦးဘယ်နှခုများ
ထပ်မံစောင့်ဆိုင်းရအုန်းမလဲJames။
ဒါမှမဟုတ်ရင်...ဘယ်တော့မှလား.....။
ဆောင်းရာသီပြီးရင်...နွေဦးရာသီ
ရောက်လာတတ်တယ်....
ရာသီတစ်ခုဟာအမြဲတရားမှာရပ်တန့်နေမှာ
မဟုတ်ဘူးဆိုပြီး....Adrian ရာသီဥတုကျ
မရွေ့လျှားတော့တာ...ဘယ်သူကရပ်တန့်ထားခဲ့တာလဲ။
ဘယ်နေ့လာခေါ်မလဲ....ဘယ်နေ့လောက်ဖြစ်မလဲ
James ရေ....ဒီနေရာမှာသူစိမ်းတွေပဲမလို့...။
ကျွန်တော်ပန်းသီးစားချင်တာသူတို့မသိဘူး။
ကျွန်တော်မိုးတွေရွာရင်သိပ်ကြောက်တတ်တာ
သူတို့မသိဘူး။
ကျွန်တော် Jamesကို သိပ်လွမ်းနေတာလည်း
သူတို့မသိဘူး။
ရက်စွဲလေးတစ်ခုတော့အတိအကျပြောစေ
ချင်ပါတယ်.....။အတူတူနေလို့ရတယ်မလား။
အတူတူရှိလို့ ရတယ်မလား။
Jamesနဲ့ကျွန်တော် မောပန်းသွားတဲ့အထိ
ညတွေ ထပ်ဖန်တီးလို့ရသေးတယ်မလား...။
အနမ်းချိုချိုတွေနဲ့ Sunday အကြောင်း
စာရွက်လေးတွေများများစားစားရှိရင်
တော့ ကဗျာတွေရေးချင်မိပါတယ်....။
ကျွန်တော်စောင့်နေပါတယ်.....
ဒါဟာ လက်ရှိဘဝလား
နောက်ဘဝလား...ကမ္ဘာကြီးဟာဘာမှန်းကျွန်တော်
ဇာတ်ရည်မလည်တော့ပေမယ့်
ဟို......ကျွန်တော်Jamesလာခေါ်မှာကိုမျှော်နေပါတယ်။
Adrian...။
စာလေးပြီးဆုံးသွားတဲ့အခါရေမွှေးတချို့ယူ
လျှက်Adrian ကဖြန်းလိုက်ကာ
သေချာစွာခေါက်လိုက်သည်။
သဘောကျစွာပြုံးနေသောနှုတ်ခမ်းလေး
တွေမရပ်တန့်သွားခဲ့ပါ။
ထို့နောက်အခန်းပြတင်းပေါက်ဆီသွားကာ
တံခါးဖွင့်လျှက် စာခေါက်လေးကိုလွှတ်ချလိုက်သည်။
ကျေနပ်စွာအလုပ်တစ်ခုပြီးမြောက်သွား
သလိုမျိုး စိတ်အေးစွာနှင့်အိပ်ရာထဲ
ဝင်ကာ Adrian အိပ်စက်သွားပြန်သည်။
Adrian ဟာစာတစ်စောင်ထဲရေးခဲ့တာမျိုးမဟုတ်..။
စာရွက်လေးတွေမြင်တိုင်းလူတိုင်းကို
James ကိုစာပို့ချင်လို့ ဟု ဆိုကာ
လိုက်လံတောင်းတတ်ခဲ့သည်။
Seaက စာအုပ်လေးတစ်အုပ်လက်ဆောင်ပေးခဲ့သည်။
လုံလောက်တဲ့အနေအထားဖြစ်သွားတဲ့အခါ
Adrian ဟာ စာတွေမြောက်မြားစွာရေးသားခဲ့၏။
"Dear James Dear James နဲ့ Jamesက
ဘယ်သူလဲ မင်းနဲ့ ဘယ်လိုသက်ဆိုင်သလဲ..."
မှော်ဆရာနဲ့Adrian စကားပြောတဲ့အခါ
မှော်ဆရာလေးက Adrian ကိုမေးလာခဲ့သည်။
"မသိဘူးလေ....လွမ်းလို့စာတွေပို့ပေးရုံပဲ
ငါမသိဘူး...."
"နေအုန်း မင်းမမှတ်မိရင်..ငါစာဖတ်ပြီး
ပညာနဲ့ ခန့်မှန်းပေးမယ်..."
"ကောင်းသားပဲ....."
မှော်ဆရာလေးကAdrian စာတွေကို
ဖတ်ကာ ခေါင်းတငြိမ့်ငြိမ့်နှင့်။
ဖတ်ပြီးတဲ့အခါစာကိုသေချာခေါက်ချိုးလျှက်
"ချစ်သူတွေပဲ Adrian....
နှစ်ပေါင်းများစွာသံယောဇဉ်အမှတ်တရတွေနဲ့
အခြေပြုပြီး ကြီးကြီးမားမားချစ်ခဲ့ကြတဲ့
ချစ်သူတွေပဲ....."
Adrian ဟာမှော်ဆရာကို ပင်လယ်လို
အဆုံးမရှိတဲ့မျက်ဝန်းအိမ်တွေဖြင့်ငေးကြည့်လာသည်။
"ဘာလို့ကွဲကွာခဲ့ရတာလဲ Adrian...."
မသိသောမျက်ဝန်းလေးတွေဟာမှောင်ဆရာ
လေးကို မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်
ဖြင့်ကြည့်နေသည်။
"ဒါလည်း မသိတဲ့ပုံပဲ......"
လူတွေကခံနိုင်ရည်ထက်ကျော်လွန်သွား
တဲ့နာကျင်မှုတွေကိုထုံထိုင်းသွားတတ်ကြတာသဘာဝ။
အချစ်ဆုံးလူရဲ့နောက်ဆုံးခရီးမှမျက်ရည်မကျ
နိုင်ခဲ့သော လူတွေလိုပေါ့။
Adrian မသိစိတ်ကအရာအားလုံးကို
အတင်းအကျပ်မေ့ပစ်လိုက်တဲ့ပုံပေါ်ပါ၏။
သူဘာမှပြန်မဖြေနိုင်ခဲ့ပါ။
"ရော့ ရော့ စာတွေကိုသေချာသိမ်းထား
ငါသွားအိပ်လိုက်အုန်းမယ်..."
"နေပါအုန်း ငါစဉ်းစားကြည့်နေပါတယ်..."
"တစ်ခါတလေကျရင်လေ..
တချို့အရာတွေက အမှတ်ရနေတာထက်
မေ့ပျောက်နေတာ ပိုကောင်းတယ်....Adrian.."
Adrian သည်လက်ထဲကို စာရွက်ခေါက်လေး
ထည့်ပေးခဲ့ကာ ထွက်ခွါသွားသော
ကျောပြင်ကိုလှမ်းကြည့်ပြီး
လက်ထဲက စာရွက်လေးကိုပြန်ငုံ့ကြည့်သည်။
စာရွက်ပေါ်ပေါက်ကနဲကျလာသော
မျက်ရည်စက်လေးတစ်စက်...။
ဒုတိယတစ်စက်နှင့်တတိယ နောက်
မျက်ရည်စက်ပေါင်းများစွာ.....။
Jamesဆိုတဲ့ ဖြစ်တည်မှုက သက်ရှိလား
သက်မဲ့လား...ဘယ်လိုအရာမှန်းတောင်
ပုံစံဖော်၍ မမှတ်မိနိုင်တော့ပေမယ့်
ငိုကြွေးနိုင်လေသော အင်အားမျိုးနှင့်
ဘယ်အရာကိုမှမသိတော့သောAdrian လေးအပေါ်
နွေဦးတွေများစွာ လွှမ်းမိုးနိုင်ခဲ့ပါ၏။
Adrian ဟာစာတွေရေးရင်း...။
Adrian ဟာ ဖိနပ်မပါသောခြေဖဝါးလေးတွေနဲ့
အဆောက်အဦးရဲ့ကော်ရစ်တာတွေတလျှောက်
ရီမောပြေးလွှားရင်း.....။
Adrian ဟာတစ်ခါတရံ..ညစ်ပတ်သွားသော
ခြေဖမိုးတွေအားငုံ့ကြည့်နေကာ
လက်ဖြင့်လိုက်လံထိရင်း တိုးတိုးလေးငိုကြွေးနေတတ်တဲ့
အခါမျိုးတွေလည်းရှိခဲ့တယ်.....။
ပန်းသီးစားရသောနေ့မျိုးတွေမှာပြတင်းပေါက်
ပေါ်မေးလေးထောက်လျှက် Adrian
တစ်စုံတယောက်နေ့တိုင်းစောင့်မျှော်နေခဲ့သည်။
ဘယ်သူ့ကိုစောင့်နေသလဲဟုမေးလျှင်
Adrian မသိဘူးဟုဖြေတတ်ပြီး
အဖြူရောင်ဝတ်စုံနဲ့ကလေးလေးဟာ
သတိရခြင်းတွေကို အခန်းကျဉ်းလေးထဲ
လှလှလေးမွေးမြူခဲ့တယ်.....။
ရင်ခွင်ထဲမှာ ညတိုင်းအနက်ရောင်Shirtအင်္ကျီကို
ပွေ့ပိုက်အိပ်တတ်သော ကလေးလေးရဲ့
ယောင်ယမ်းငိုကြွေးတတ်သော
သန်းခေါင်ယံတွေကို ကူညီဆောင်မပေးမယ့်
သူတစ်ယောက်မျှမရှိခဲ့...။
James ဆိုတဲ့ ရေရွတ်သံ တိုးတိုးလေးဟာ
ကမ္ဘာတစ်ခြမ်းက နှလုံးသားဆီ
သွားရောက်ထိစင်လိုက်တိုင်း အနက်ရောင်
ပုံရိပ်ဟာ မအိပ်စက်နိုင် ဆွဲဆုပ်ထားသလို
ခံစားရသော နှလုံးသားကို ဖိကိုင်ထားရင်း
မိုးလင်းခဲ့ရသည်။
အလွမ်းဆိုတာ ကြည်နူးဆွတ်ပျံ့ဖွယ်
နူးညံ့လေသော သတိရခြင်းကို
ထပ်ကွန့်ညွှန့်ထားတဲ့ စကားလေးတစ်လုံး..
အလွမ်း မှာ....ငြိမ့်ငြောင်းခြင်းသာရှိတတ်၏။
ဒါပေမယ့် ကမ္ဘာနှစ်ဖက်လုံး၏အလွမ်းတွေက
တော့ သိပ်ကြောက်စရာကောင်းခဲ့ပါသည်။
................။
"စာအုပ္ေလးထဲကစာရြက္ေလးတစ္ရြက္
ေလာက္ ေပးပါလား...ငါလည္းစာေရးခ်င္လို႔..."
အိပ္ရာေပၚလွဲေနကာ စာရြက္နဲ႔ေဘာပင္ကိုင္
လၽွက္စာေရးေနေသာ ရြယ္တူေကာင္ေလး
တစ္ေယာက္ဆီကို ယဥ္ယဥ္ေက်းေက်း
စာရြက္ေလးတစ္ရြက္လာေတာင္းေနေသာAdrian ။
"တံခါးေခါက္ၿပီးမွ ငါကခြင့္ျပဳမွအခန္းထဲကို
ဝင္လာမွေပါ့ Adrian....လုပ္ျပန္ၿပီ...."
စိတ္က်န္းမာေရးအတြက္ေစာင့္ေရွာက္မွု
ေပးေသာေနရာမို႔ လူေပါင္းစုံ ေဝဒနာ
ေပါင္းစုံရွိေနကာ သူ႔အခန္းေလးနဲ႔သူ
သပ္သပ္ရပ္ရပ္ရွိေနရာမွ အခန္းတိုင္းကို
လိုက္လိုက္ေႏွာက္ယွက္တတ္ေသာ
မ်က္လုံးျပာျပာေလးသည္ ေဝဒနာသည္ခ်င္းအတူတူ
ေဝဒနာသည္ေတြစိတ္ထပ္ညစ္ရေသာ
လူသားေလး။
"စာေရးခ်င္လို႔ပါ....ေပးပါ တစ္ရြက္ပဲ...."
"ဒါကစာရြက္ေတြမဟုတ္ဘူး
ေမွာ္ပညာေတြနဲ႔စီရင္ထားတဲ့အစြမ္းထက္တဲ့အရာေတြ"
"စာရြက္ေတြဆိုတာသိသိသာသာႀကီးကို
ေလၽွာက္ေျပာျပန္ၿပီ...ေပးပါကြာ...."
အိပ္ရာေပၚမွလူနာေလးက ခပ္ႏြမ္းႏြမ္း
စာအုပ္ထဲမွစာရြက္ေလးတစ္ရြက္Adrian
ကိုျဖဲေပးကာ အံဆြဲထဲက ေဘာပင္တစ္ေခ်ာင္း
ထုတ္ေပးလိုက္သည္။
"ေရာ့....ငါ့အခန္းထဲေနာက္မလာနဲ႔
ငါေမွာ္ပညာအတြက္ စမ္းသပ္မွုေတြရွိလို႔
မင္းကို ထိခိုက္မွာစိုးလို႔...."
"ေကာင္းပါၿပီ....ေမွာ္ဆရာျမန္ျမန္ျဖစ္ပါေစ..."
"ေရာ့ ေနာက္တစ္ရြက္ထပ္ယူAdrian
မင္းမဆိုးဘူး...."
မ်က္လုံးေလးေတြေပ်ာက္သြားတဲ့အထိ
ျပဳံးရႊင္ကာသေဘာက်သြားေသာ
Adrian ဟာ အညိဳေရာင္စာရြက္ေလး
ႏွစ္ရြက္ကိုကိုင္လၽွက္ ေမွာ္ဆရာေလးကို
ေက်းဇူးတင္စကားေတြအထပ္ထပ္ေျပာၿပီး
အခန္းျပင္ေျပးထြက္သြားခဲ့သည္။
အျဖဴေရာင္ေတြကိုပဲႏွစ္သက္တဲ့
Adrian အတြက္အျဖဴေရာင္
အသုံးအေဆာင္ေတြပဲစီရီထားေသာ
အခန္းေလးဟာ အခ်ိန္တိုင္းမွာ လွပေနတတ္သည္။
စာေရးစားပြဲတြင္ အက်အနထိုင္လိုက္ကာ
Adrian က Candle ေလးကိုမီးထြန္းညႇိလိုက္သည္။
ပန္းသီးနံ႔ေလးသင္းလာေသာအခန္းေလး၏
ေမႊးပ်ံ႕မွုကို Adrian ကမ်က္လုံးေလးမွိတ္ကာ
ခံစားလိုက္ၿပီး စာရြက္နဲ႔ေဘာပင္ကို
အဆင္သင့္ျပင္လိုက္သည္။
Dear James.......။
ကၽြန္ေတာ္ Adrian ပါ။ကမၻာႀကီးရဲ့လွပမွုေတြကို
ေန႔တိုင္းလိုလိုခံစားရင္း စာတခ်ိဳ႕ေရးခ်င္လာပါတယ္။
ကၽြန္ေတာ့္ကို Jamesဘယ္ေန႔မ်ားမွာ
လာေခၚမလဲဆိုတာသိခ်င္မိပါတယ္......။
ေႏြဦးေလေတြစတိုက္ေတာ့ ကၽြန္ေတာ့္လက္ေခ်ာင္း
ေလးေတြခ်ိဳးရင္း တစ္ရက္ၿပီးတစ္ရက္
ေရတြက္ေနပါတယ္.....။
James လက္ဖဝါးအႀကီးႀကီးေတြထဲ
Adrian လက္ဖဝါးေသးေသးေလးေတြ
အံဝင္ခြင္က် ျဖစ္တည္ဖို႔ ေႏြဦးဘယ္ႏွခုမ်ား
ထပ္မံေစာင့္ဆိုင္းရအုန္းမလဲJames။
ဒါမွမဟုတ္ရင္...ဘယ္ေတာ့မွလား.....။
ေဆာင္းရာသီၿပီးရင္...ေႏြဦးရာသီ
ေရာက္လာတတ္တယ္....
ရာသီတစ္ခုဟာအျမဲတရားမွာရပ္တန့္ေနမွာ
မဟုတ္ဘူးဆိုၿပီး....Adrian ရာသီဥတုက်
မေရြ႕လၽွားေတာ့တာ...ဘယ္သူကရပ္တန့္ထားခဲ့တာလဲ။
ဘယ္ေန႔လာေခၚမလဲ....ဘယ္ေန႔ေလာက္ျဖစ္မလဲ
James ေရ....ဒီေနရာမွာသူစိမ္းေတြပဲမလို႔...။
ကၽြန္ေတာ္ပန္းသီးစားခ်င္တာသူတို႔မသိဘူး။
ကၽြန္ေတာ္မိုးေတြရြာရင္သိပ္ေၾကာက္တတ္တာ
သူတို႔မသိဘူး။
ကၽြန္ေတာ္ Jamesကို သိပ္လြမ္းေနတာလည္း
သူတို႔မသိဘူး။
ရက္စြဲေလးတစ္ခုေတာ့အတိအက်ေျပာေစ
ခ်င္ပါတယ္.....။အတူတူေနလို႔ရတယ္မလား။
အတူတူရွိလို႔ ရတယ္မလား။
Jamesနဲ႔ကၽြန္ေတာ္ ေမာပန္းသြားတဲ့အထိ
ညေတြ ထပ္ဖန္တီးလို႔ရေသးတယ္မလား...။
အနမ္းခ်ိဳခ်ိဳေတြနဲ႔ Sunday အေၾကာင္း
စာရြက္ေလးေတြမ်ားမ်ားစားစားရွိရင္
ေတာ့ ကဗ်ာေတြေရးခ်င္မိပါတယ္....။
ကၽြန္ေတာ္ေစာင့္ေနပါတယ္.....
ဒါဟာ လက္ရွိဘဝလား
ေနာက္ဘဝလား...ကမၻာႀကီးဟာဘာမွန္းကၽြန္ေတာ္
ဇာတ္ရည္မလည္ေတာ့ေပမယ့္
ဟို......ကၽြန္ေတာ္Jamesလာေခၚမွာကိုေမၽွာ္ေနပါတယ္။
Adrian...။
စာေလးၿပီးဆုံးသြားတဲ့အခါေရေမႊးတခ်ိဳ႕ယူ
လၽွက္Adrian ကျဖန္းလိုက္ကာ
ေသခ်ာစြာေခါက္လိုက္သည္။
သေဘာက်စြာျပဳံးေနေသာႏွုတ္ခမ္းေလး
ေတြမရပ္တန့္သြားခဲ့ပါ။
ထို႔ေနာက္အခန္းျပတင္းေပါက္ဆီသြားကာ
တံခါးဖြင့္လၽွက္ စာေခါက္ေလးကိုလႊတ္ခ်လိုက္သည္။
ေက်နပ္စြာအလုပ္တစ္ခုၿပီးေျမာက္သြား
သလိုမ်ိဳး စိတ္ေအးစြာႏွင့္အိပ္ရာထဲ
ဝင္ကာ Adrian အိပ္စက္သြားျပန္သည္။
Adrian ဟာစာတစ္ေစာင္ထဲေရးခဲ့တာမ်ိဳးမဟုတ္..။
စာရြက္ေလးေတြျမင္တိုင္းလူတိုင္းကို
James ကိုစာပို႔ခ်င္လို႔ ဟု ဆိုကာ
လိုက္လံေတာင္းတတ္ခဲ့သည္။
Seaက စာအုပ္ေလးတစ္အုပ္လက္ေဆာင္ေပးခဲ့သည္။
လုံေလာက္တဲ့အေနအထားျဖစ္သြားတဲ့အခါ
Adrian ဟာ စာေတြေျမာက္ျမားစြာေရးသားခဲ့၏။
"Dear James Dear James နဲ႔ Jamesက
ဘယ္သူလဲ မင္းနဲ႔ ဘယ္လိုသက္ဆိုင္သလဲ..."
ေမွာ္ဆရာနဲ႔Adrian စကားေျပာတဲ့အခါ
ေမွာ္ဆရာေလးက Adrian ကိုေမးလာခဲ့သည္။
"မသိဘူးေလ....လြမ္းလို႔စာေတြပို႔ေပး႐ုံပဲ
ငါမသိဘူး...."
"ေနအုန္း မင္းမမွတ္မိရင္..ငါစာဖတ္ၿပီး
ပညာနဲ႔ ခန့္မွန္းေပးမယ္..."
"ေကာင္းသားပဲ....."
ေမွာ္ဆရာေလးကAdrian စာေတြကို
ဖတ္ကာ ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္။
ဖတ္ၿပီးတဲ့အခါစာကိုေသခ်ာေခါက္ခ်ိဳးလၽွက္
"ခ်စ္သူေတြပဲ Adrian....
ႏွစ္ေပါင္းမ်ားစြာသံေယာဇဥ္အမွတ္တရေတြနဲ႔
အေျချပဳၿပီး ႀကီးႀကီးမားမားခ်စ္ခဲ့ၾကတဲ့
ခ်စ္သူေတြပဲ....."
Adrian ဟာေမွာ္ဆရာကို ပင္လယ္လို
အဆုံးမရွိတဲ့မ်က္ဝန္းအိမ္ေတြျဖင့္ေငးၾကည့္လာသည္။
"ဘာလို႔ကြဲကြာခဲ့ရတာလဲ Adrian...."
မသိေသာမ်က္ဝန္းေလးေတြဟာေမွာင္ဆရာ
ေလးကို မ်က္ေတာင္ေလးေတြပုတ္ခတ္ပုတ္ခတ္
ျဖင့္ၾကည့္ေနသည္။
"ဒါလည္း မသိတဲ့ပုံပဲ......"
လူေတြကခံနိုင္ရည္ထက္ေက်ာ္လြန္သြား
တဲ့နာက်င္မွုေတြကိုထုံထိုင္းသြားတတ္ၾကတာသဘာဝ။
အခ်စ္ဆုံးလူရဲ့ေနာက္ဆုံးခရီးမွမ်က္ရည္မက်
နိုင္ခဲ့ေသာ လူေတြလိုေပါ့။
Adrian မသိစိတ္ကအရာအားလုံးကို
အတင္းအက်ပ္ေမ့ပစ္လိုက္တဲ့ပုံေပၚပါ၏။
သူဘာမွျပန္မေျဖနိုင္ခဲ့ပါ။
"ေရာ့ ေရာ့ စာေတြကိုေသခ်ာသိမ္းထား
ငါသြားအိပ္လိုက္အုန္းမယ္..."
"ေနပါအုန္း ငါစဥ္းစားၾကည့္ေနပါတယ္..."
"တစ္ခါတေလက်ရင္ေလ..
တခ်ိဳ႕အရာေတြက အမွတ္ရေနတာထက္
ေမ့ေပ်ာက္ေနတာ ပိုေကာင္းတယ္....Adrian.."
Adrian သည္လက္ထဲကို စာရြက္ေခါက္ေလး
ထည့္ေပးခဲ့ကာ ထြက္ခြါသြားေသာ
ေက်ာျပင္ကိုလွမ္းၾကည့္ၿပီး
လက္ထဲက စာရြက္ေလးကိုျပန္ငုံ႔ၾကည့္သည္။
စာရြက္ေပၚေပါက္ကနဲက်လာေသာ
မ်က္ရည္စက္ေလးတစ္စက္...။
ဒုတိယတစ္စက္ႏွင့္တတိယ ေနာက္
မ်က္ရည္စက္ေပါင္းမ်ားစြာ.....။
Jamesဆိုတဲ့ ျဖစ္တည္မွုက သက္ရွိလား
သက္မဲ့လား...ဘယ္လိုအရာမွန္းေတာင္
ပုံစံေဖာ္၍ မမွတ္မိနိုင္ေတာ့ေပမယ့္
ငိုေႂကြးနိုင္ေလေသာ အင္အားမ်ိဳးႏွင့္
ဘယ္အရာကိုမွမသိေတာ့ေသာAdrian ေလးအေပၚ
ေႏြဦးေတြမ်ားစြာ လႊမ္းမိုးနိုင္ခဲ့ပါ၏။
Adrian ဟာစာေတြေရးရင္း...။
Adrian ဟာ ဖိနပ္မပါေသာေျခဖဝါးေလးေတြနဲ႔
အေဆာက္အဦးရဲ့ေကာ္ရစ္တာေတြတေလၽွာက္
ရီေမာေျပးလႊားရင္း.....။
Adrian ဟာတစ္ခါတရံ..ညစ္ပတ္သြားေသာ
ေျခဖမိုးေတြအားငုံ႔ၾကည့္ေနကာ
လက္ျဖင့္လိုက္လံထိရင္း တိုးတိုးေလးငိုေႂကြးေနတတ္တဲ့
အခါမ်ိဳးေတြလည္းရွိခဲ့တယ္.....။
ပန္းသီးစားရေသာေန႔မ်ိဳးေတြမွာျပတင္းေပါက္
ေပၚေမးေလးေထာက္လၽွက္ Adrian
တစ္စုံတေယာက္ေန႔တိုင္းေစာင့္ေမၽွာ္ေနခဲ့သည္။
ဘယ္သူ႔ကိုေစာင့္ေနသလဲဟုေမးလၽွင္
Adrian မသိဘူးဟုေျဖတတ္ၿပီး
အျဖဴေရာင္ဝတ္စုံနဲ႔ကေလးေလးဟာ
သတိရျခင္းေတြကို အခန္းက်ဥ္းေလးထဲ
လွလွေလးေမြးျမဴခဲ့တယ္.....။
ရင္ခြင္ထဲမွာ ညတိုင္းအနက္ေရာင္Shirtအကၤ်ီကို
ေပြ႕ပိုက္အိပ္တတ္ေသာ ကေလးေလးရဲ့
ေယာင္ယမ္းငိုေႂကြးတတ္ေသာ
သန္းေခါင္ယံေတြကို ကူညီေဆာင္မေပးမယ့္
သူတစ္ေယာက္မၽွမရွိခဲ့...။
James ဆိုတဲ့ ေရရြတ္သံ တိုးတိုးေလးဟာ
ကမၻာတစ္ျခမ္းက ႏွလုံးသားဆီ
သြားေရာက္ထိစင္လိုက္တိုင္း အနက္ေရာင္
ပုံရိပ္ဟာ မအိပ္စက္နိုင္ ဆြဲဆုပ္ထားသလို
ခံစားရေသာ ႏွလုံးသားကို ဖိကိုင္ထားရင္း
မိုးလင္းခဲ့ရသည္။
အလြမ္းဆိုတာ ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္
ႏူးညံ့ေလေသာ သတိရျခင္းကို
ထပ္ကြန့္ညႊန့္ထားတဲ့ စကားေလးတစ္လုံး..
အလြမ္း မွာ....ၿငိမ့္ေျငာင္းျခင္းသာရွိတတ္၏။
ဒါေပမယ့္ ကမၻာႏွစ္ဖက္လုံး၏အလြမ္းေတြက
ေတာ့ သိပ္ေၾကာက္စရာေကာင္းခဲ့ပါသည္။
................။
Advertisement
- In Serial7 Chapters
RUNIC WORLD
Svend a young woodcutter who buried his past behind just started his new life. When one day while wandering in a deep forest, he stumbled upon an incident which will change him for the better and worst. Captured and humiliated the past he once buried was now unsealed to the eyes of public. But all of this changed when he met an old man who opened him to new possibilities, now emitting runic power inside him and new skills at his disposal, he conquered his demons and made his former self a vessel, finally accepting who he is. And hoping to clear his name he must seek justice and redemption, venturing in the world of Ru’Nesia where he meets friends, allies and foes alike. As the journey continue, the realization made him aware that vengeance is not the only key to what he seeks but the magic that makes this world wonderful and unique.
8 164 - In Serial62 Chapters
Dark Chronicles
A 15 year old boy named Kaito has a dark and painful past he gets summoned to a different world but not as a hero or a demon lord but as something different Authors note:first fiction so please give as much support as possible and i am bad at grammar the only thing i am good at is coming up with a good story so please forgive me and enjoy my fiction
8 86 - In Serial18 Chapters
The Great Hero
A story of a hero being summoned to another world and defeating the evil demon king!A story of bravery.A story of chivalry as the good great and merciful hero exterminates the vile demons! Warning: Depiction or reference to graphic scenes will be in this fiction.Read at your own risk.website: http://tgh.rizza.zz.vc
8 101 - In Serial42 Chapters
Temporary Alliance
They used to be inseparable as they grew up together. Now, she doesn't even want to look at his face, much less be in his presence. She had successfully avoided him for the last 4 years, but when her safety becomes gravely compromised and her parents go missing, she has no choice but to turn to him for help.He's willing to help. The only problem is, it's not for free.
8 146 - In Serial44 Chapters
Reborn As Future Trunks
A anime fan reincarnates as Future Trunks with a few special abilitiesNote I don't own dragon ball, bleach or garden of sinners
8 151 - In Serial15 Chapters
Evolution of the Lazy Gamer by Bruticus
It had been five years since the game Royalroad first appeared. A new expansion had been released and one person was assigned by his company to review it. That was the beginning of the story of a lazy, unheroic character who would meet others just as lacking in the heroism department as he was. Still life (or virtual life) throws you curve balls and you never know what will happen.
8 248

