《Adrian》16
Advertisement
4 Years Later.......။
December....။
"အန်တီ ကျွန်တော် ကလေး ဆီသွားဖို့
ဆုံးဖြတ်လိုက်တယ်....."
JEonကိုမနက်စာပြင်ပေးနေသော
အန်တီကြီးသည်ချက်ချင်းဆိုသလို
မျက်ရည်တွေဝဲသွားကာလှမ်းကြည့်လာသည်။
"ကောင်းတာပေါ့....သူJeonကိုစောင့်နေရှာမှာ..."
JEonက ခေါင်းငြိမ့်ကာ တည်ငြိမ်သော
မျက်လုံးတွေဖြင့်အဒေါ်ကြီးကိုကြည့်နေသည်။
"ပန်းစည်းလေးယူသွားချင်တာ...
Adrian နှင်းဆီဖြူဖြူတွေကိုတော့
သဘောကျလောက်မယ်မလား....."
"Adrian က Jeon ရွေးချယ်မှုပါပဲ....."
"ဟုတ်ပါရဲ့....."
"ပန်းသီးလေးတွေ တော့ မမေ့နဲ့အုန်း....Jeon.."
အန်တီကြီးလည်းသူမ လှီးထားခဲ့ပြီးစားမယ့်သူ
မရှိတော့သောပန်းသီးလေးတွေအတွက်
နေ့တိုင်းစိတ်ထိခိုက်ခဲ့ပုံရပါသည်။
၄နှစ်အတွင်းအရွယ်တော်တော်ကျသွားခဲ့ကာ
ဒီနေ့မှပြုံးရီတာမျိုးကိုပြန်တွေ့ရသည်။
JEon Adrian ကိုထားရှိရာကို
လေးနှစ်အတွင်းသွားနိုင်ဖို့အကြိမ်ကြိမ်
ကြိုးစားခဲ့ပါသည်။ဒါပေမယ့်အင်အားတွေ
မရှိခဲ့တာမို့အရှိန်တွေယူရင်းအချိန်တွေကုန်ခဲ့သည်။
Parkကိုဆက်သွယ်မှုတွေလုပ်ခဲ့ချင်ပေမယ့်
သူ့ဘက်ကကြည့်ရင် ဘယ်လိုဖြေသာပါ့မလဲ။
စိတ်ချစွာလက်ထဲထည့်ပေးခဲ့သော
သူရဲ့တစ်ယောက်ထဲသောကလေးလေးကို
ဒုက္ခမျိုးစုံကြုံဆုံစေခဲ့ပြီးနောက်ဆုံးအသက်ဆုံးရှုံးတဲ့
အထိဖြစ်စေခဲ့သောပြစ်မှုများသည်
Jeon အပေါ်အထပ်ထပ်....။
Adrian ကိုချစ်မိသွားသောအပြစ်တစ်ခုနဲ့
တင်မျက်နှာချင်းဆိုင်ဖို့အလွန်ခက်ကာ
ထိုအချစ်ကြောင့်ပဲ Adrian မရှိတော့ခြင်းသည်
အချစ်ဆုံးသူငယ်ချင်း၏မျက်နှာကိုကြည့်
ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ပါ။
JEonဟာ ဆက်သွယ်ဖို့သတ္တိတွေမရှိခဲ့ပေမယ့်
လိပ်ပြာမလုံခဲ့ပေမယ့် သူငယ်ချင်းဖြစ်သူ၏
ဖုန်းကိုလေးနှစ်မြောက်သောနေ့ရက်တစ်ရက်
တွင်ခေါ်ခဲ့ပါ၏။
တပ်ဆင်ထားခြင်းမရှိတော့ဘူးဟု
ဖြေကြားခြင်းမှာParkဟာ သူ့ကို
လုံးဝကို ဘဝထဲကထုတ်ပယ်ထားလိုက်တာ
သိသိသာသာရယ်။
"ဆက်သွယ်မရဘူးလားJeon..."
"ဆက်သွယ်လို့မရသင့်တာပဲကို...."
လူလတ်ပိုင်းမဟုတ်တော့သောJeonဟာ
လူကြီးတစ်ယောက်ဖြစ်လာသောကြောင့်
၄နှစ်လုံး ကျိုးကြေနေသောစိတ်အခြေအနေနဲ့
ရင်ကွဲနာကျခဲ့ရသောဖြစ်ရပ်တွေကြောင့်
စိတ်ထောင်းကိုယ်ကျေအခြေအနေမှာ
ဘေးတိုက်မြင်နေရသောပုံစံသည်
ခက်ထန်မှိုင်းပြနေသည်။
"ဒါပေမယ့်...ငါသွားမှာပါ...
သူ့ကိုဘယ်နေရာမှာထားသလဲဆိုတာ
ငါ့ကိုမပြောချင်ခဲ့တာတွေက
ငါနဲ့မဆက်နွယ်တော့ချင်တော့လို့ဆိုတာကို
နားလည်ပေမယ့် Adrian
ငါ့ကိုညတိုင်းအိမ်မက်တွေထဲမှာအော်ခေါ်နေတယ်"
"ငါသူသေဆုံးသွားတာကိုလက်ခံရတော့မယ်
ထင်ပါရဲ့ Agustd..."
"လက်ခံပြီးတဲ့နောက် ငါသွားသင့်ပြီလို့
ထင်တာပဲ....ငါ့ကလေးလေးကို
ငါအဆုံးအထိ ဒုက္ခတွေထပ်ပေးမိနေတယ်..."
"သဘောပဲ....."
"JEon...."
"အင်း....."
"မပင်ပန်းဘူးလား ၄နှစ်လုံးအိမ်ထဲမှာ
ဝမ်းနည်းနေရတာ အပြင်သွားကြည့်မလား..."
လူတွေက ချစ်သူကိုလက်လွတ်ဆုံးရှုံးလို့
ပြိုလဲခြင်းကိုပြန်ထူမတ်ရန်အချိန်တစ်ခု
ယူရမယ်ဆိုရင် Jeon ဒီလိုသူနဲ့စကား
ကောင်းကောင်းယူခဲ့ရသောအချိန်ဟာ
လေးနှစ်ကြာခဲ့တယ်။
JEon မပြောနဲ့ သူတောင်အံ့အားသင့်ခဲ့ရသော
Adrian သေဆုံးမှုကိုမယုံကြည်နိုင်ခဲ့သော်ငြား
ဖခင်ဖြစ်သူကိုယ်တိုင်ကဆိုတော့လည်း
လက်မခံ၍မရခဲ့ပါ။
တွေ့ချင်တယ်ပြေးသွားရအောင်လည်း
ဖြတ်ခဲ့သောအဆက်အသွယ်များသည်
အစအနပင်ရှာမရတော့။
တကယ်တမ်းသိလာရလည်းသွားနိုင်မယ့်
အင်အားမျိုးJeonဆီမှာအနည်းအကျဉ်း
တောင်မရှိနေသောကြောင့်သူဘာကိုမှ
မတိုက်တွန်းခဲ့ပါ။
ရှင်သန်နေတဲ့Adrian ကိုမဟုတ်ဘူးလေ
သေဆုံးနေတဲ့Adrian ကို ရင်ဆိုင်ရမှာ
ဒါဟာလွယ်ကူတဲ့ကိစ္စရပ်မျိုးမဟုတ်ဘူး။
"Christmas နီးပြီဆိုတော့ အ်ိမ်မှာ
ပြင်ဆင်မှုလေးတွေလုပ်ရအောင်ပေါ့..."
"Merry Christmas James....
ကျွန်တော် စီးကရက်စသောက်ပြီ
လက်ဆောင် ခွင့်ပြုပေးလိုက်တော့..."
"Adrian!!! ဘာကိုခွင့်ပြုပေးရမှာလဲ
လာစမ်း....."
"James သောက်သောက်ပြနေတာ
ကျွန်တော် မသောက်ကြည့်ရဘဲ
မနေနိုင်တော့ဘူး....နောက်ထပ်နောက်ထပ်
စမ်းသပ်ကြည့်ချင်တာတွေအများကြီးရှိသေးတယ်"
"မသောက်ရဘူးနော် ParkJimin..!!!"
"ParkJimin ကဘယ်သူလဲ...
ParkJimin လို့ခေါ်ချင်ရင် ကိုရီးယားပြန်..."
မြန်ဆန်စွာ အနက်ရောင်Shirtအင်္ကျီအောက်က
ကြွက်သားထုတွေကိုလာစမ်းသပ်တဲ့သူ။
"ဒါမျိုးတွေလည်းဖြစ်အောင်လုပ်အုန်းမှာ..."
ခရစ်စမတ်ညမှာ စီးကရက်တစ်လိပ်ဖြင့်
မျက်နှာပြောင်နေသော ကလေးလေးကို
ကောက်ပွေ့ချီလျှက် Jeonသိပ်အသဲယားခဲ့သည်။
ယောကျ်ားလေးတစ်ယောက်မို့နုနုယွယွလေး
တွေလုပ်ခွင့်မရှိတဲ့အခါ လက်သီးဖြင့်
မျက်နှာတစ်ခုလုံးထိရုံလိုက်ထိတော့သူက
သဘောကျစွာရီမောတော့သည်။
"JEon.....သွားမလား...."
"သတိမရတဲ့မိနစ်ဆိုတာရှိကိုမရှိနေတာပဲ.."
"ငါနားလည်ပါတယ်....
ဒါပေမယ့် ပြန်ပြုပြင်လို့မရတော့တဲ့ပြီးသွားပြီဖြစ်တဲ့
အရာတွေကို လက်ခံနိုင်အောင်ကြိုးစားပါ...
မင်းအချိန်ဘယ်လောက်ယူယူရပါတယ်..."
JEon ကခေါင်းငြိမ့်ပြသည်။ဒီနှစ်ရဲ့
Christmasကိုတော့ Jeonကို
Agustd က အပြင်သို့ခေါ်ထုတ်နိုင်ခဲ့သည်။
အချိန်တန်လာရင်လေ...အလိုလိုစီးမျော
သွားရမယ့်Plot တွေပဲ....။
အပြုံးအရီမဲ့သောမျက်နှာနှစ်ခုသည်
ပျော်ပွဲရွှင်ပွဲအတွက် ပစ္စည်းတွေဝယ်တယ်သာ
ဆိုတယ် အေးစက်တည်တံ့နေပြီး
နှစ်ယောက်စလုံးအနက်ရောင်တွေခညောင်းနေသည်။
"ကျွန်တော် Christmasလက်ဆောင်ဝယ်နေတာ...
နောက်နှစ်ခါကျ ပြန်လာမယ် မာမီရာ..."
"ဒီကို ကိစ္စလေးရှိလို့ ကျွန်တော်ခဏလေး
လာတာ ချက်ချင်းပြန်မှာ...
ကျွန်တော်ဒီမြို့မှာကြာကြာမနေချင်ပါဘူး..."
ဖုန်းပြောသံသဲ့သဲ့လေးကြားလိုက်ရသည်။
တဖက်ပစ္စည်းတန်းမှ ဝယ်ယူဖို့ပစ္စည်း
ရွေးနေရင်းဖုန်းပြောနေသောအသံ။
ဒီအသံ....Jeon သေချာသိတာပေါ့။
Adrian နောက်ဆုံးအချိန်မှာချီပိုးပြေးသွားတဲ့
သူဖြစ်ကြောင်းဦးနှောက်တွေထဲကမမေ့။
ဒီကောင်လေးလည်း ပျောက်ချင်းမလှကို
ပျောက်သွားခဲ့တာ...။
သူ့ကိုတော့ Agustd ကရှာဖွေခဲ့ပေမယ့်
သူ့အမျိုးတွေရှိရာနိုင်ငံတစ်ခုကို
ပြောင်းရွေ့ကျောင်းတက်နေကြောင်းသတင်းရခဲ့သည်။
Adrian မရှိတော့ဘူးဆိုတဲ့နောက်တော့
Seaကိုရှာဖွေ ပြီးလည်း ဘာစကားတွေပြောရမှာလဲ။
"လာမယ့်Christmas တော့အတူတူရှိပါ့မယ်
အဲ့ဒီအချ်ိန်ကျ Adrian လည်း
နေပြန်ကောင်းလောက်နေပါပြီ...."
မီးတောက်တစ်ခုတောက်သွားသလို
JEon မျက်လုံးတွေဟာ အခိုးအငွေ့တွေထသွားသည်။
ကိုင်ထားသော အနီရောင်ကြိုးလှလှလေး
တွင်လှုပ်ရှားနေသောလက်တို့တန့်ခနဲ။
"သူပြန်ကောင်းလာတာနဲ့သူနဲ့အတူ
ပြန်လာခဲ့ပါ့မယ်....ပြန်မကောင်းလာဘဲ
ပိုပိုဆိုးလာလို့ စိတ်ဓာတ်တောင်ကျချင်နေပြီ
၄နှစ်တောင်ရှိပြီကို......."
"အင်း...စိတ်ရှည်ရမှာပေါ့...
တစ်ခါတလေ ကျွန်တော့်ကိုတောင်
မမှတ်မိတဲ့အခါမျိုးကျ ငိုချင်တယ် မာမီရယ်..."
"နေပြန်ကောင်းလာအောင်ပဲ
ကျွန်တော်ဆက်စောင့်ရှောက်ချင်သေးတယ်
သူ့အဖေတစ်ယောက်ထဲနဲ့က
မလုံလောက်ဘူးလေ...."
Advertisement
"အင်းပါ မာမီလည်းဂရုစိုက်...ချစ်တယ်မာမီ...
မယ်ရီခရစ်စမတ်..."
Adrian ကြိုက်တတ်သောချောကလက်ဘူးပေါင်းများစွာ
ကိုSeaကယူလိုက်ကာဖုန်းချပြီးလှည့်ထွက်
လိုက်သောအချိန်တွင် ရှေ့မှပ်ိတ်ရပ်လာသော
လူနှစ်ယောက်.....။
Seaသည် Maskအနက်ရောင်ဦးထုတ်အနက်ရောင်
ငိုက်စိုက်နှင့်ဖြစ်တာကြောင့်မျက်နှာကို
သေချာမြင်တွေ့ဖို့ရန်မလွယ်ကူပါ။
တဖက်မှလူနှစ်ယောက်ကတော့နောက်သို့
လှန်ဖြီးထားသောနက်မှောင်သောဆံပင်တွေ
ကြောင့်တင်းမာပြတ်ရှလွန်းသည့်မျက်နှာတွေသည်
ရှင်းလင်းစွာခက်ထန်နေသည်။
ဘယ်သူဘယ်ဝါဆိုတာ သိသိသာသာရယ်။
Seaသည် အကာအကွယ်တွေကြားမှ
တစ်ချက်မျှကြည့်လိုက်တဲ့အခါ
ပြာကျမတတ်Jeon မျက်လုံးတွေနဲ့သွားဆုံတွေ့
သည်နှင့် ဘာမှစဉ်းစားမနေတော့ဘဲ
ချောကလက်တွေကိုလွှတ်ချကာ
ထွက်ပြေးတော့သည်။
............................။
Agustd အပြင်ထွက်ရန်ခေါ်ခဲ့သောဒီဇင်ဘာ
ညတစ်ညသည် Jeon အတွက်
အကြီးမားဆုံးလှုပ်ခတ်မှုတစ်ခုဖြစ်ပေါ်သွားခဲ့ပါ၏။
ခပ်ပိန်ပိန်Sea၏ခန္ဓာကိုယ်သည်Jeon
အတွက်နိုင်စားရာလိုထုံးစံအတိုင်းလက်တစ်ဖက်
ထဲဖြင့်ဆွဲမြှောက်ကာ နံရံတွင်ကပ်ထားသည်။
"ငါ့ကို ....ငါ့ကို ဝိုင်းလိမ်လည်ခဲ့ကြတာလား....."
"မလိမ်ဘူး....Adrian တကယ်သေခဲ့တာ
ခင်ဗျားအသိုင်းအဝိုင်းခင်ဗျားအဖေ
နှိပ်စက်လို့ တစ်ခါမကဘူး Adrian
အခါခါသေခဲ့တာ......"
JEonလက်တွေကြားကSeaဟာလွတ်မြောက်
သွားခဲ့သည်။ဘာကြောင့်လဲဆိုရင်
Seaက စကားပြောတတ်လွန်းသော
ကောင်လေးတစ်ယောက်မို့ လူကြီးတစ်ယောက်၏
နှလုံးအိမ်ကို ပထမဆုံးစကားနဲ့တင်
ထိမှန်သွားပြီထင်ပါသည်။
ကြမ်းပြင်ပေါ်ပြုတ်ကျသွားသော
Seaဟာ အံတွေကြိတ်ထားလျှက်။
JEonဟာ ဘယ်သူ့အလွန်ဘယ်သူအမှား
တွေဖြစ်ကြောင်းပြန်လည်သုံးသပ်နေဖို့
အချိန်မရှိ။စကားကိုမရှင်းမရှင်းလုပ်နေသော
ထိုကောင်လေးကိုပဲစိတ်ကဇောကြီးနေသည်။
"ငါ့ကို စကားကိုပဲရှင်းရှင်းပြောစမ်း!!!!
အဲ့ဒီက်စ္စတွေအတွက် မကျေနပ်ကြရင်
ကျေနပ်တဲ့အထိ မင်းတို့ကို ငါဦးတိုက်
တောင်းပန်ပေးမယ် ငါသိချင်တာကိုပဲပြော
ငါရူးတော့မယ်!!!!!"
Seaရဲ့ အင်္ကျီစအားဆွဲဆောင့်ကာအော်ပြော
နေသော Jeon မျက်နှာတစ်ခုလုံးနီရဲတောက်နေကာ
မျက်ရည်တွေရစ်သိုင်းလာခဲ့သည်။
"သေတာ တကယ်...တကယ်ပါလို့ပြောပြီးပြီပဲ
သူ့အဖေကိုယ်တိုင် ခင်ဗျားကိုပြောခဲ့တာပဲလေ..."
"မင်း ခုန ဖုန်းပြောတဲ့ သောက်စကားတွေက
ဘာလဲ!!!ဘာလဲ...ငါ့ကိုဖြေ...!!!"
"ဘာပြောလို့လဲ...Adrian ကကမ္ဘာပေါ်မှာ
တစ်ယောက်ထဲရှိတာမှမဟုတ်တာ...."
"မင်းနဲ့ငါရဲ့ Adrian က ဒီကမ္ဘာပေါ်မှာ
တစ်ယောက်ထဲပဲရှိတာလေ....
ထပ်လိမ်နေရင် ငါ တစစီ ဆွဲဖြဲပစ်မှာနော်...."
"ကျွန်တော် ဘာမှမပြောခဲ့ဘူး..JeonJungkook"
Agustd ပါ ပါဝင်လာကာနှစ်ယောက်
ပေါင်းလျှက် Seaဆီက စကားတွေမထွက်
ထွက်ကျလာအောင်နည်းအမျိုးမျိုးနဲ့
မေးတော့သည်။
"သေခြင်းတရားက လိမ်စရာလား!!!
ငါဘယ်လောက်အရူးတပ်ိုင်းဖြစ်ခဲ့ရလဲ
မင်းသိရဲ့လား...ငါ့က်ိုဘာလို့လုပ်ရက်တာလဲ"
"ခင်ဗျားအဖေ...."
"သေသွားပြီ....အိမ်ပြန်မလာတော့တဲ့ငါ့စိတ်နဲ့
တမိသားစုလုံးကိုခြေစုံကန်ခဲ့တဲ့
ငါ့စိတ်နဲ့ သေဆုံးသွားပြီ.....
ငါ့အမေ ငါ့အစ်မ ငါ့သွေးသားတွေလည်း
ဘယ်သူ့မှငါ့ရဲ့အနားကိုမလာရဲကြတော့ဘူး....
ငါ့မှာAdrian ကို နေ့တိုင်းတမ်းတခဲ့တဲ့
အလွမ်းတွေပဲရှိတော့တာ....."
Adrian အတွက်နဲ့မိသားစုအပေါ်နက်ခဲ့တဲ့
မိုက်တွင်းတွေအတွက် Jeonဟာနောင်တရှိဟန်မတူ။
အတ္တတွေနဲ့ခြယ်ချင်တဲ့မေတ္တာတွေအပေါ်
ဘယ်သူ့မှမခံယူချင်တာသဘာဝ။
အဖေ့ရဲ့သေဆုံးခြင်းမှာ အဖေဟူသောအသိနဲ့
အံကြိတ်နာကျင်ခဲ့ပေမယ့်ဟန်မပျက်ခဲ့သော
JEonကို အားလုံးကစိတ်နာခဲ့ကြသည်။
အမှန်တကယ်ကိုဖယ်ကျဉ်လိုက်ကြသည်။
JEon ကတော့Adrian သေဆုံးပြီဟုသိထဲက
အားလုံးကိုဖယ်ကျဉ်ခဲ့ပြီးသားပါ။
"ငါ...သူသေတာကို လက်ခံဖို့ ၄နှစ်အချိန်ယူခဲ့ရတယ်
သူဆုံးသွားပြီလို့ကြားလိုက်ရတဲ့ညနေက
ငါပါသေဆုံးသွားသလိုပဲ...ခုထိလည်းငါ့ကိုငါ
အသက်ရှင်နေတယ်လို့မထင်ဘူး"
"ငါ့ကိုအဖေဖြစ်သူကပါ
ထပ်ပြီးလိမ်တယ်....ငါနဲ့နေရင်Adrian
မပျော်ရွှင်ရလို့ မထားနိုင်ပါဘူးဆိုရင်လည်း
ငါ့ကိုဝေးဝေးမှာနေ အနားကိုမလာပါနဲ့ဆိုလည်း
နေပေးမယ့်ကောင်ပါ အသက်ရှင်နေတယ်
အန္တရာယ်ကင်းနေတယ်ဆိုတဲ့စိတ်ကလေးနဲ့တော့
နေချင်တာပေါ့...ဘာလို့ဒီလောက်တောင်
ဆိုးဝါးခဲ့ကြတာလဲ.....!!!!"
"ကျွန်တော် ပြတ်သားချင်လို့...
ခင်ဗျားလည်း စိတ်ရှင်းပြတ်အောင်
JEon မိသားစုနဲ့ Adrian ဘယ်လိုမှမဆက်စပ်
တော့အောင် အားလုံးဖြတ်တောက်လိုက်တာပဲ
ခုလည်း သေလက်စနဲ့သေတယ်ပဲ ဆက်မှတ်ယူလိုက်
သွားတော့မယ်....."
နာကျင်ရတာတွေကနာကျင်ရတာတစ်ပိုင်း
သေသေချာချာပြန်စဉ်းစားကြည့်ရင်
Adrian အသက်ရှင်နေသေးတယ်ဆိုတဲ့
စိတ်က ခန္ဓာကိုယ်ရဲ့သွေးတွေထဲကို
လည်ပတ်လာတဲ့အခါ ဒီခံစားမှုဟာ
နွမ်းလျနေသော ခြံဝန်းထဲကပန်းကလေးတွေ
ပြန်ပွင့်လန်းလာသလိုပဲ....။
ပျော်ရွှင်ခြင်းဆိုတဲ့စကားလုံး၃လုံးကို
Adrian Storyမှာ ရေးခွင့်ရှိလာပြီဖြစ်ပါ၏။
"Agustd ကြိုးတုတ်လိုက်....."
Seaက Adrian နဲ့ပတ်သတ်ပြီးကျေးဇူးတရားတွေ
အများကြီးရှိနေတဲ့ကလေးမှန်းJeon
သိနားလည်ပေမယ့်နောက်မှ ဒူးထောက်တောင်းပန်
ရမယ်ဆိုလည်းတောင်းပန်မည်
ကျေးဇူးတွေဆပ်ဆိုလည်းအကုန်ရင်းဆပ်
လိုက်မည်...။
အဓိကက အဓိကလေးဘယ်မလဲဆိုတာပဲ။
"Adrian ဘယ်မှာလဲ......."
"မပြောဘူး....."
"ငါမေးနေရင် ဖြေနော်...."
"ပြောပြလို့ ခင်ဗျားသွားတွေ့လည်း
သူခင်ဗျားကို မသိတော့ဘူး
သူ့အဖေတောင် သူသေချာသိတာမဟုတ်တော့ဘူး
သူ့ကိုယ်သူလည်းမေ့နေပြီ....
လေးနှစ်လုံး ကုခဲ့တဲ့ စိတ်ရောဂါက
နည်းနည်းလေးမှတောင်တိုးတက်မလာခဲ့ဘူး
Adrian သေတာနဲ့ မခြားနေပါဘူး...."
ခြေမခိုင်ချင်သောစိတ်ကိုအနည်းဆုံးတော့
အသက်ရှင်နေတာပဲဆိုတဲ့စိတ်နဲ့
ပြန်လည်ဖြေဖျောက်ယူကာ
JEon က လဲကျမသွားအောင်ထိန်းလိုက်သည်။
"ငါ...ရအောင် ကုမယ်...ငါ့ကိုနေရာ ခုပြော..."
"အဲ့လောက်လွယ်မနေဘူး...
ခင်ဗျားကိုမြင်လို့အခြေအနေပိုဆိုးသွားရင်ရော
ဘယ်လိုတာဝန်ယူပေးမလဲ
နှစ်ခါ မသေခိုင်းစမ်းပါနဲ့...."
"ငါနဲ့Adrian ကြားက ကြိုးတွေကိုယုံတယ်"
တစ်ခါတရံတော့ Seaလည်းတွေးမိခဲ့ဖူးသည်။
JEon ကိုမြင်ရရင်ရော ဘယ်လိုများ
နေမလဲလို့....။မသိမသာဖုန်းထဲက
ဓာတ်ပုံလိုဟာမျိုး မြင်သာအောင်Adrian
ကိုပြခဲ့ပေမယ့်လည်း သူမသိတဲ့လူတစ်ယောက်
လိုပဲ ထူးခြားတာမျိုးရှာမရခဲ့။
နောက်ဆုံးထွက်ပေါက်သည် Jeonဟု
သဘောထားခဲ့ပေမယ့် Adrian ဟာ
ရောဂါတကယ်ပင်ကျွမ်းနေခဲ့ပြီးဖြစ်နေသည်။
Seaသည် Jeonအား စိုက်ကြည့်ကာ
ခေါင်းထဲတွင်အတွေးတွေအများအပြားနဲ့
အလုပ်ရှုပ်နေသည်။လိမ်မရတော့သောအခြေအနေမှာ
ဗြောင်ငြင်းပြီးလည်း Jeonဆိုတာဘယ်သူမလို့လဲ။
မပြောရင် သူဒီည အသက်ရှင်လျှက်ပင်
ဒီအိမ်ကထွက်လို့ရမယ့်ဟန်မမြင်ပါ။
Adrian ၄နှစ်လုံး ပြတင်းပေါက်ဘောင်ပေါ်က
လွှတ်ချလာသောစာခေါက်လေးတွေထဲ
သူ့ကို ဘယ်နေ့မှာများ လာခေါ်မလဲ James။
ဆိုတဲ့စာကြောင်းလေးတွေသည်
ရင်ကိုလာလာစိုက်၏။
"ကြိုးဖြည်ပေး ပြောပြမယ်....."
..............................။
မထင်မှတ်ထားသောသေးသေးနုတ်နုတ်
မြို့လေးရဲ့ ခေါင်ခေါင်ဖျားဖျား
နေရာတစ်နေရာကို ဘယ်လိုများရှာဖွေ
တွေ့ရှိထားလဲဟု ဒေါသတကြီးအော်ဟစ်မေးလိုက်
ချင်ပါသည်။
ခုသွားနေတာ Adrian ဆီပဲဆိုတဲ့
စိတ်လေးနဲ့ပြန်ဖြေဖျောက်ကာJeonသည်
စိတ်လှုပ်ရှားလွန်း၍ လက်နှစ်ဖက်ကို
ဆုပ်ကိုင်ကာ ဆောက်တည်ရာမရနေ။
စိတ်ငြိမ်ဆေးပင်အနည်းအကျဉ်းသောက်
လိုက်ရကာAdrian ထက်ပင်ပို၍
ရူးခါသွားတော့မည့်အခြေအနေ။
၄နှစ်လုံးသေသွားပြီဟုသိထားခဲ့ရတဲ့
အသဲအညှာလေးကိုပြန်တွေ့ရမယ့်
ခံစားမှုဟာထိုင်နေရင်း ကိုယ့်ပါးတွေ
ကိုယ်ရိုက်မိတာလည်းခဏခဏ..
အိမ်မက်တွေဖြစ်နေမှာစိုးတာ...။
Adrian ကို အိမ်မက်မမက်တဲ့ညမျိုး
မရှိခဲ့လို့ Jeonဟာ အိမ်မက်ဖြစ်နေမှာကို
သိပ်စိုးရိမ်ခဲ့သည်။
၃ယောက်စီးလာသောကားထဲတွင်
Seaသည် Jeonကိုကြည့်နေကာ
Adrian ထက်ပင် အခြေအနေပိုဆိုးနေတာပါလားဟု
ကောက်ချက်ချနေခဲ့သည်။
"ခင်ဗျားက ပိုရူးနေသလိုပဲနော်....."
JEonသည် Seaကို ခပ်စူးစူးကြည့်လာတော့
မျက်နှာလွှဲလိုက်ရသည်။
Adrian အဖေနဲ့ ရွယ်တူသာဆိုတယ်
လေးနှစ်ကျော် စိတ်ထောင်းကိုယ်ကြေခဲ့တယ်သာ
ဆိုတယ်...စူးခနဲ အကြည့်တစ်ချက်၏
ယောကျ်ားဆန်ခြင်းတွေက Adrian
ရူးသွပ်ရာနယ်မြေတွေပဲ မှားစရာမရှိ။
မြင်ဖူးသမျှထဲ Adrian ပြီးရင်
အချောဆုံး အလှဆုံးယောကျ်ားတစ်ယောက်
အဖြစ်တိတ်တဆိတ်သတ်မှတ်လိုက်သည်။
အချိန်အတော်ကြာခရီးဆက်ပြီးတဲ့အခါ
အနက်ရောင်ကားအကောင်းစားကြီးသည်
ဂေဟာလိုနေရာလေး၏ခြံဝန်းထဲသို့
ကွေ့ဝင်လာခဲ့သည်။
အရင်ဆုံးဆင်းလာသူJeonသည်
မြန်ဆန်စွာ မျက်လုံးတွေဝေ့ကာရှာဖွေနေတော့
Seaသည် ဒီလိုအခြေအနေအထိကို
တကယ်ဆိုမတွေ့ပေးချင်နေပါ....။
ပိုများဆိုးသွားမလားဆိုတဲ့စိတ်နဲ့မတင်မကျဖြစ်နေသည်။
"Adrian ကိုစိတ်ပူနေတယ်ဆိုရင်
စိတ်ကိုလျှော့ထားပါ ငါအာမခံပါတယ်
ဘာမှမဖြစ်စေရပါဘူး Jeonကို
ပေးတွေ့ပေးလိုက်ပါ.....မင်းတို့က
ရှင်သန်မှုဆိုတဲ့အသိလေးနဲ့ ခံသာခဲ့ပေမယ့်
သူက သေဆုံးခြင်းနဲ့ အရူးတပိုင်းဖြစ်ခဲ့ရတဲ့သူမို့ပါ..."
အေးစက်စက်Agustd ၏ တည်ငြိမ်သော
အသံနှုန်းတွင် Sea ကခေါင်းငြိမ့်ပြသည်။
"ကျွန်တော့်နောက်လိုက်ခဲ့
သူဒီအချိန်ဆို ခုံတန်းတစ်ခုမှာထိုင်ပြီး
ငြိမ်နေတတ်တယ်...သူ့ကိုအတင်းအကျပ်
တွေသွားစကားပြောလို့မရဘူး....
သူမသိဘူးလို့ပြောရင် အတင်းတွေမမှတ်မိခိုင်းပါနဲ့
ပုံမှန်ဂေဟာ ကို လာတဲ့ ဧည့်သည်တစ်ယောက်လို
အရင်စကားပြောကြည့်ပါ.....
Adrian က ကြွေထည်လိုပဲ.....
စကားသံအကျယ်ကြီးတွေလည်းမပြောမိပါစေနဲ့...."
"ဘာတွေထပ်လိုက်နာဖို့ကျန်သေးတယ်
အကုန်ပြောထားပါ ငါမင်းပြောသလို
လုပ်မှာပါ...."
"စိတ်ကိုပြင်ဆင်ထားပါ.....
သူဘာမှကိုသိနေမှာမဟုတ်ဘူး...ဒီလောက်ပါပဲ..."
Seaခေါ်ရာနောက်ကိုJeonမှားယွင်းလွန်းသော
ခြေလှမ်းတွေနဲ့ လိုက်သွားခဲ့ကာ
နေရာလေးတစ်ခုသို့ရောက်သွားခဲ့သည်။
"ဟိုးမှာ...Adrian.....မှတ်မိလား
ခုံမှာထိုင်နေတယ်..."
JEon ဟာ လက်ညိုးလေးထိုးရာသို့
လှမ်းကြည့်လိုက်တဲ့အခါ ခုံတန်းပေါ်က
ဖြူဖြူလေး....။
ဖိနပ်မပါသောခြေထောက်လေးတွေယမ်းနေကာ
သွေးပျက်မတတ်လွမ်းခဲ့ရသောမျက်နှာ
လှလှလေးသည် ပြုံးရွှင်နေသည်။
မသွားရဲခဲ့....။အိမ်မက်ဖြစ်နေမှာစိုး၍
ခြေတစ်လှမ်းပင်မရွှေ့နိုင်ခဲ့ပါ။
ထိုင်ချကာ ပါးစပ်ကိုလက်ဖြင့်ပိတ်လျှက်
သည်းထန်စွာငိုချမိခဲ့သည်။
"နောက်မှငိုလေ.....ခဏနေရင်
သူထသွားတော့မှာ...Adrian ကအချ်ိန်မှန်တယ်"
ချက်ချင်းဆိုသလို
ခြေလှမ်းတွေကိုတစ်လှမ်းချင်းထိန်းလှမ်း
ကာအဖြူရောင်ပုံရိပ်လေးဆီတိုးကပ်သွားခဲ့သည်။
နီးလာလေ ခုန်လွန်းသောနှလုံးသားတွေ
ပေါက်ကွဲထွက်တော့မလိုပဲ....။
အဖြူရောင်လေးနဲ့အနီးဆုံးကိုရောက်သွားတဲ့အခါ
လူတစ်ယောက်အနားကပ်လာခြင်းကို
သိ၍လားမသိ ပြုံးနေသော မျက်နှာလေးနဲ့ပင်
JEon ကိုမော့ကြည့်လာသည်။
ထို့နောက် ကြည်ကြည်လင်လင်လေးပင်ပြုံးပြလာသည်။
Adrian သူ့ကိုကြည်လင်စွာပြုံးပြနေခြင်းသည်
အဖြေတွေအားလုံးကိုထွက်သွားစေပါ၏။
ကြိုပြောထားသောအခြေအနေတွေကြောင့်
JEonဟာစိတ်ကို ထိန်းလိုက်ရသည်။
"Hello......"
ပေါ့ပါးစွာလက်ကလေးပြနှုတ်ဆက်မှုသည်
ဖော်ရွေတတ်သောကလေးလေးပါပေါ့။
Adrian လေးအရွယ်ရောက်လာခဲ့တာပဲ။
JEonဟာ ချုံးပွဲချငိုချချင်နေသောစိတ်နဲ့
မျက်နှာပေါ်တွင်အပြုံးတစ်ခုမရရအောင်
ဖန်တီးကာပြန်ပြုံးပြရင်း Adrian
ထိုင်နေရာ ခုံတန်းအောက်ကမြေကြီးပေါ်
ဒူးထောက်ချခဲ့သည်။
"ဒီဘက် တိုးပေးပါ့မယ်...မြေကြီးကညစ်ပတ်တယ်.."
ခုံတန်းမှာနေရာတွေရှိရက်နဲ့မြေကြီးမှာ
ဒူးထောက်နေတာမို့Adrian မနေတတ်တဲ့ပုံ။
JEon လွမ်းလွန်းအားကြီး၍ဘာစကားမှ
မပြောနိုင် နုနုထွေးထွေးအဖြူရောင်လုံးလုံးလေး
ကိုစိုက်ငေးကြည့်နေသည်။
ပင်လယ်လိုမျက်ဝန်းပြာတွေကလည်း
JEonကို တအံ့တဩလေးပြန်ကြည့်နေသည်။
ဘယ်သူကရူးတယ်လို့ခေါင်းစဉ်တပ်တာလဲ။
Adrian မျက်လုံးတွေ က အရင်အတိုင်းပဲကို။
ဒါပေမယ့်စကားပြောကြည့်ဖို့တော့လိုတာမို့
JEon ကစကားလေးတစ်ခွန်းစဆိုခဲ့သည်။
"နေကောင်းတယ်မလား...ကလေးလေး..."
ပါးဖောင်းဖောင်းလေးတွေကိုတယုတယ
ထိကိုင်ရင်းမေးတော့ ပြူးကြည့်နေသည်။
"ဟုတ်ကဲ့...ကောင်းပါတယ်...."
"ဒီကို ပစ္စည်းတချို့လာလှူတာလေ
ကလေးလေး ရှိနေတယ်ဆိုလို့..."
"ကျေးဇူးတင်ပါတယ်...."
ပြာလွင်လွင်မျက်အိမ်လေးတွေထဲကို
JEonဟာ စူးစိုက်ကြည့်ကာ
တစ်စုံတခုများထူးခြားလာဖို့ကြိုးစားနေခဲ့သည်။
အရောင်အသွေးတစ်စုံတရာတောင်မရှိသော
မျက်ဝန်းအိမ်လေးတွေနဲ့ရေပြင်ညီလို
JEon ကိုပြန်ကြည့်နေသည်။
"ဝမ်းနည်းနေတဲ့ပုံပဲ...အလှူလာလုပ်ပြီး
အဆင်မပြေနေဘူးလား..."
ပါးတစ်ဖက်ဆီလာထိသောလက်ဖဝါးလေး။
အစဖော်မရအောင်မေ့စမ်းလိုက်ပါစေ
James ရဲ့ နာကျင်မှုဟာ Adrian
အတွက်အမြဲတမ်းတရားမှာ
မျက်ကွယ်မပြုနိုင်စရာတွေ.....။
"ဟုတ်တယ်...ကိုယ်အရမ်းပျော်နေပြီး
ယူကျုံးမရအောင်လည်းဝမ်းနည်းနေတယ်"
မထိန်းနိုင်သောမျက်ရည်တွေဟာJeon
ပါးပေါ်ပိုးပိုးပေါက်ပေါက်စီးကျလာတော့
ဝိုင်းစက်သွားသောမျက်လုံးလေးတွေနဲ့အတူ
ဖွဖွလေးသုတ်ပေးလာသည်။
"မငိုပါနဲ့....ငိုတာမကောင်းဘူးလေ...."
"အင်း....မငိုတော့ဘူး...."
JEon ဟာ လက်ဖဝါးလေးနှစ်ခုကို
သူ့လက်ဖဝါးကြီးကြီးတွေထဲစုစည်းကိုင်လျှက်
Adrian ပေါင်ပေါ်ကိုမျက်နှာအပ်ကာ
ကျောပြင်တွေတုန်လာတဲ့အထိလှိုက်လှဲစွာငိုကြွေး
နေခဲ့သည်။
Advertisement
- In Serial25 Chapters
Accused: The KC Warlock Weekly, Book One
My name is Levi. I’m a journalist, I’m autistic, I’m bad at magic, and I swear I didn’t kill her.Research for the paper usually falls into a few basic patterns. Someone in the city says there’s a troll under Buck O'Neil Bridge, or they’ll call just so a friendly ear will listen to them complain about a pixie infestation.That sort of content carries me through slow news weeks. It’s rare that I uncover a murder.Being framed for murder, though? That’s a first.With the Wizard’s Council hunting me for a crime I didn’t commit, I’ve got no choice but to solve the murder and clear my name. If I don’t unravel this case, nobody will, and I’ll go down for it so hard I might never see the light of day again.
8 127 - In Serial66 Chapters
Witches of the North Book 1: Winter Journey
Things look bleak for Christopher Hawks this year – not only is Chris nearing the stresses of the end of his high school education, but last September he shattered the legendary sword of the kingdom of Northland, became the accidental heir to its Throne and is now being tracked down by the elite Hunters – all events being a result of a few unfortunate choices made in order to help a Witch named Winter (who, in turn, also received help from a Witch named Ian).Now, Chris, following Winter’s lead and dragging along a few others with him, is on his way to (reluctantly) reach the current Queen and challenge her to a duel. But it seems that Winter is more than impatient – could there be a deadline to their mission? And why does everything seem a little too easy? +++ NOW HOLDING A FUNDRAISER to publish this book more officially! more info on my website!
8 209 - In Serial32 Chapters
The Young Lord Is A Prodigy (Dropped)
One day, with a bang, I left the world after bleeding to death from a gunwound. 'Eh?' Why did I woke up in a small boy's body? Did I reincarnate? I'm a Count's son? Since it seems that I got a head start in this new life, let's aim for the top! Magic? Swordsmanship? Martial Arts? I'll become the best in all of them! A story of a young noble's journey to become the strongest; Starts here! _________________________________ Unfortunately this series had been dropped. Thank you for all of your support.
8 176 - In Serial27 Chapters
The Evil Banishing Ghost
Exorcists, a term held in honest contempt in modern society because of how many fakes exist but what happens when someone chances upon the real thing. Mark Black discovered what happens. A hobby that blossomed into his life, he wanted to be world renown but found the wrong side of a mishappened exorcism and died in the process. That said, that did not end his desire. A ghost with the regret of having his name remembered in history as the greatest exorcist, as a ghost, he will continue to live his life as an exorcist to achieve his dream and now his regret of that was never achieved. However, things might never move at your own pace and he will have to discover the hardway.
8 153 - In Serial14 Chapters
Jared's Daughter {Book 1}
First Book in the Jared's Daughter SeriesAllison Padalecki is the adopted daughter of Jared Padalecki and his wife, Genevieve. She has been in and out of foster homes for 11 years. She is now 17 and was about to go to another foster home when Jared and Genevieve adopted her. She soon meets their sons Thomas and Shepherd who love Allison immediately. Then she meets Jared's best friend, Jensen Ackles who is a single father to his 2 year old daughter, Justice. Then she meets Jared's other best friend, Misha Collins and his wife, Victoria and his son West. Sparks fly between Allison and Jensen. They start a relationship until Jared, Genevieve, Misha and Victoria find out. Will Jared allow them to be together? Will they send her back? What if Allison finds out that there's a secret reason for her being adopted?
8 165 - In Serial60 Chapters
The Demon King (The Demon King, #1) - Completed
The Demon King, Dimitri Rae the most dangerous and brutal demon you could ever come across has been ruling over Rovana for a very long time. Life tends to get boring so Dimitri results to torturing and killing humans as a form of entertainment. This has been going on for more than a century and the humans are too weak to fight back. A prophecy states that The Demon King can be stopped by one thing and one thing only. A girl who will be eighteen years of age when she meets the King. The prophecy doesn't state how she will stop him, just that the demon King can be stopped. So every year, the humans send twenty girls who are eighteen years of age, down to Rovana, hoping one of them will be able to kill him. Read this extraordinaire tale of love and hatred as they come together in one epic bang. Highest Ranking: #1 in Paranormal (Thank you all so much!!!)Completed.
8 208

